အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း (၂၀၅) - ထိတ်လန့်၍ ထွက်ခွာခြင်း
လီယန်ချူသည်လည်း ကျဲ့ခုံဘုန်းကြီးကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။
ထို လူငယ်ဘုန်းကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားမှာ ကျောက်စိမ်းကဲ့သို့ ဖြစ်နေပြီး အလွန် တောက်ပလှသည်။
"အမိတဘ ဒီနေရာမှာလည်း နတ်ဘုရားအခွင့်ရေး ရှိနေလို့ ကိုယ်တော် ဒီကို ရောက်လာတာ ဖြစ်ပါတယ် "
ကျဲ့ခုံဘုန်းကြီး စကားဆုံးသည်နှင့်။
လီယန်ချူသည် ချက်ချင်းပင် မျက်မှောင် ကြုတ်လိုက်သည်။
နတ်ဘုရား အခွင့်ရေး
ဟုန်ပိုင်ဝေက လှောင်ပြောင် ရယ်မောလိုက်သည်
"ဘုန်းကြီး မင်းကတော့ ရိုးသားလှချည်လား "
"ဟုန်သခင်လေး ကိုယ်တော်ရဲ့ မျက်နှာကို ငဲ့ညှာပြီး ဒီမှာပဲ ရပ်လိုက်ကြရအောင် မဟုတ်ရင် အဲဒီ လိုဏ်ဂူထဲက တည်ရှိနေတဲ့ အရာကို သွားထိမိရင် အကုန်လုံး ပျက်စီးသွားလိမ့်မယ် "
ကျဲ့ခုံဘုန်းကြီးက ပြောလိုက်သည်။
ဟုန်ပိုင်ဝေ၏ မျက်လုံးများမှာ ပြင်းထန်နေပြီး ကျဲ့ခုံဘုန်းကြီး၏ စကားကြောင့် စိတ်လှုပ်ရှားသွားပုံရသည်။
"ကောင်းပြီ၊ မင်းပြောမှတော့ ဒီကောင့် ရဲ့ အသက်ကို ငါ သက်ညှာပေးလိုက်မယ် "
ပြောပြီးသည်နှင့်
ဟုန်ပိုင်ဝေသည် လက်ချောင်းများကို ဖြေလျှော့လိုက်ပြီး ထို ပြိုင်ဘက်ကင်းသော အရှိန်အဝါမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
အဓိကအချက်မှာ သူသည် ဤအချိန်တွင် ကျဲ့ခုံဘုန်းကြီးကို အမြတ်ထုတ်ခွင့် မပေးချင်ခြင်း ဖြစ်သည်။
လီယန်ချူက လှောင်ပြောင် ရယ်မောလိုက်သည်။
"တိုက်မယ်ဆိုရင် တိုက်၊ မတိုက်ဘူးဆိုရင် မတိုက်နဲ့ မင်းမေလင် မင်းကိုယ်မင်း အမြင့်ဆုံး သခင်လေး လို့ ထင်နေတာလား "
တစ်ကွင်းလုံး ဆူညံသွားသည်။
ဟုန်ပိုင်ဝေ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေသည်။
"ကောင်လေး၊ မင်း ဘာပြောလိုက်တယ် "
ကျဲ့ခုံဘုန်းကြီးက နူးညံ့စွာ ပြောလိုက်သည်
"ဒီက ဒကာ ကိုယ်တော် ခုနက ပြောခဲ့သလိုပဲ ဒီနေရာမှာ နတ်ဘုရား အခွင့်ရေး ပေါ်လာလိမ့်မယ် "
"လူတိုင်း ပူးပေါင်းပြီး အခက်အခဲကို ကျော်ဖြတ်နိုင်တယ် ဘယ်သူ့မှာ ဒီ အခွင့်ရေး ရှိမလဲဆိုတာ ကြည့်ရအောင် ဆက်တိုက်ခိုက်နေရင် အကျိုးမရှိပါဘူး ဒီမှာတင် ရပ်လိုက်တာက နှစ်ဦးနှစ်ဖက်လုံးအတွက် အကောင်းဆုံး နည်းလမ်းပဲ "
တိုက်နေတာ ကြာပြီ မင်းက မထွက်လာဘူး၊ အကြီးကျယ် ဖြစ်တော့မယ်ဆိုမှ ထွက်လာပြီး ဝင်တားတာပဲ. လီယန်ချူ၏ မျက်နှာမှာ အနည်းငယ် အေးစက်သွားသည်။
"ကောင်းပြီ၊ မင်းပြောတာလည်း ဟုတ်တာပဲ"
လီယန်ချူက အလေးအနက် ပြောလိုက်သည်။
ထို့နောက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ ဆယ်ပေကျော်အထိ ကျော်ဖြတ်သွားပြီး၊ ပျံသန်းနေသော ဓားကို ထိန်းချုပ်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
ထျန်းကန်း လက်ဝါး
တောင်ကို ခွင်းသည့် လက်
ထို သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မျက်လုံးရှေ့တွင် တစ်စုံတစ်ခု ဖြတ်သွားသည်ဟု ခံစားလိုက်ရပြီး လီယန်ချူမှာ သူ့ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ခရက်
သူ့ရင်ဘတ်ရိုးမှာ တိုက်ရိုက် ကျိုးသွားပြီး၊ အတွင်းအင်္ဂါများမှာ ပြင်းထန်သော စွမ်းအင်ကြောင့် အသားမုန့်အဖြစ် ပေါက်ကွဲသွားသည်။
ချက်ချင်းပင် သေဆုံးသွားသည်
"အခု ရပ်လို့ ရပါပြီ "
လီယန်ချူက တည်ငြိမ်စွာ ပြောလိုက်သည်။
ဤမျှ ပြင်းထန်သော စိတ်ဓာတ်မှာ မော်ရှန်း ဂိုဏ်းသားများကို တုန်လှုပ်သွားစေသည်။
ဟုန်ပိုင်ဝေ၏ မျက်လုံးများထဲမှ ကြောက်စရာကောင်းသော အေးစက်သည့် အလင်းများ ထွက်ပေါ်လာသည်။
"မင်း သေချင်နေတာပဲ"
ဤသည်မှာ လူအများရှေ့တွင် သူ့မျက်နှာကို ရိုက်လိုက်ခြင်း ဖြစ်သည်
ဟူး
ဘုန်းဘုန်းဘုန်း
ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး၊ ဤတစ်ကြိမ်တွင် ကျန်းထင်ရှန်း ဘက်မှ မဟုတ်ဘဲ အနီးအနားမှ ဖြစ်သည်။
အခြေအနေကို သိရှိသူများမှာ မျက်နှာပျက်သွားကြသည်။
"တစ်ယောက်ယောက်က အဲဒီ လိုဏ်ဂူထဲကို ဝင်သွားပြီ "
ကျဲ့ခုံဘုန်းကြီးက ပြောလိုက်သည်
"အမိတဘ ကိုယ်တော် အရင်သွားပြီ "
ကျဲ့ခုံဘုန်းကြီးမှာ ကရုဏာသက်သော အမူအရာ မရှိတော့ပေ။
သူသည် လှုပ်ရှားလိုက်ပြီး တစ်နေရာသို့ အမြန်ဆုံး သွားလိုက်သည်။
မမြင်ရသော နတ်ဘုရား အလင်းတန်း တစ်ခုက သူ့ကို ဖုံးအုပ်ထားပြီး၊ ထိုအရာမှာ တာအိုနန်းတော်၏ မှော်ပစ္စည်းမှ အကာအကွယ် ဖြစ်သည်။
ဟုန်ပိုင်ဝေ၏ မျက်လုံးထဲတွင် တွေဝေမှုများ ပေါ်လာသည်။
ဤမျှ ကြီးမားသော လှုပ်ရှားမှုဆိုလျှင် လိုဏ်ဂူထဲ ဝင်သွားသူ၏ စွမ်းအားမှာ အလွန် ပြင်းထန်လိမ့်မည်။
သူသာ အရင် အောင်မြင်သွားပါက နတ်ဘုရား အခွင့်ရေးမှာ တစ်ပါးသူ၏ လက်ထဲသို့ ရောက်သွားလိမ့်မည်။
"သူ့ကို သတ်လိုက်ကြ "
"ဘယ်သူမဆို ဒီလူရဲ့ အသက်ကို ယူနိုင်ရင် ငါ မော်ရှန်း ရွှေဆေးလုံး ကို ချီးမြှင့်မယ် "
ဟုန်ပိုင်ဝေက အေးစက်စွာ ပြောလိုက်သည်။
ခန္ဓာကိုယ်မှာလည်း အပြင်ဘက်သို့ ပျံသန်း ထွက်ခွာသွားသည်။
မူလက လူတိုင်းမှာ လီယန်ချူ၏ စွမ်းအားကို ကြောက်ရွံ့နေကြသော်လည်း၊ မော်ရှန်း ရွှေဆေးလုံးကို ကြားလိုက်ရသောအခါ အားလုံးမှာ မနေနိုင်ဘဲ စိတ်လှုပ်ရှားသွားကြသည်။
ထိုအရာမှာ အသက်ရှည်စေသော ဆေးကောင်း ဖြစ်သည်။
မော်ရှန်း ရွှေဆေးလုံး တစ်လုံးသည် အသက်ကို ဆယ်နှစ် ရှည်စေနိုင်သည်ဟု သတင်းစကား ရှိသည်။
အဖြူရောင် ဝတ်စုံရှိ ဓားသမား တစ်ယောက်က ဦးစွာ တိုက်ခိုက်သည်။
သူသည် မူလက တောင်ပိုင်းမှ ထင်ရှားသော ဓားသမား သုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ဓားအရှိန်အဝါမှာ အလွန် ပြင်းထန်သည်။
သူသည် မော်ရှန်း ရွှေဆေးလုံးကို ဆုလာဘ်အဖြစ် ပေးမည်ဟု ကြားသောအခါ။
ချက်ချင်းပင် မနေနိုင်တော့ဘဲ ဓားဖြင့် ထိုးစိုက်လိုက်သည်
ထက်မြက်လွန်းသော ဓားအရှိန်အဝါမှာ လီယန်ချူ၏ လမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
"ဖယ်စမ်း"
"လမ်းမပိတ်နဲ့"
လီယန်ချူက ဒေါသတကြီး အော်ဟစ်လိုက်ရာ၊ အဖြူရောင် ဓားသမား၏ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားပြီး ထိုးစိုက်ထားသော ဓားမှာ လေထဲတွင် ရပ်တန့်သွားကာ ရှေ့သို့ မတိုးနိုင်တော့ပေ
ဗုန်း
လီယန်ချူက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အဖြူရောင် ဓားသမားမှာ ချက်ချင်း သေဆုံးသွားပြီး ရင်ဘတ်ရိုးများ တစ်စစီ ကျိုးသွားသည်
ဤမျှ ပြင်းထန်သော စိတ်ဓာတ်မှာ လူကိုပင် ထိတ်လန့်စေသည်
သို့သော် မော်ရှန်း ရွှေဆေးလုံးမှာ ဆွဲဆောင်မှု အလွန် ရှိလွန်းသည်
နောက်ထပ် လူနှစ်ယောက် ထပ်မံ ဝင်ရောက် တိုက်ခိုက်လာကြသည်။
တစ်ယောက်မှာ ကြေးဝါ မျက်နှာဖုံးကို တပ်ထားပြီး ဆံပင်များ ရှုပ်ပွနေကာ အလွန် အစွမ်းထက်သော မိစ္ဆာပညာရှင် တစ်ယောက် ဖြစ်သည်။
တစ်ယောက်မှာမူ မော်ရှန်း ဂိုဏ်းသားဖြစ်ပြီး၊ သစ်သားဓားကို ကိုင်ဆောင်ကာ မျက်နှာမှာ အေးစက်နေသည်။
ဗုန်း ဗုန်း
ကျယ်လောင်သော အသံနှစ်ခု ထွက်ပေါ်လာပြီး၊
ထိုလူနှစ်ယောက်မှာ ချက်ချင်း သေဆုံးသွားသည်။
ကြေးဝါ မျက်နှာဖုံးရှိသူ၏ အပေါ်ပိုင်းမှာ ပေါက်ကွဲသွားသည်။
မော်ရှန်း ဂိုဏ်းသား၏ ဦးခေါင်းကို ဖြတ်တောက်ခံလိုက်ရသည်။
"မော်ရှန်း ဂိုဏ်းသားတွေ အမှိုက်သရိုက်တွေ စုနေတာပဲ၊ မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ဒါဆိုရင် မင်းတို့ မိစ္ဆာတွေကို ငါ အကုန် သတ်ပစ်မယ် "
လီယန်ချူ၏ အရှိန်အဝါမှာ အလွန် ပြင်းထန်လှသည်။
မူလက ဟုန်ပိုင်ဝေနှင့် ကျဲ့ခုံဘုန်းကြီးကို လိုက်ရန် ပြင်ထားခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ ထို မော်ရှန်း ဂိုဏ်းသားများမှာ မျက်လုံးနီရဲကာ လမ်းပိတ်နေကြသည်။
ဘုန်း
လီယန်ချူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ မြေပြင် တုန်ခါသွားပြီး အစီရင်ဝတ်စုံ၏ စွမ်းအားကို အတင်း အကျပ် ထုတ်သုံးလိုက်ရာ သွေးစွမ်းအင်များ ချက်ချင်း ပွက်ပွက်ဆူလာသည်။
အရှိန်အဝါများ တဖြည်းဖြည်း မြင့်တက်လာပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။
ခဏတာအတွင်းမှာပင် လူသုံးယောက် သေဆုံးသွားပြီး အားလုံးမှာ တစ်ချက်ချင်းစီဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ဤမျှ ကြောက်စရာကောင်းသော စွမ်းဆောင်မှုကြောင့် နေရာတွင် ရှိနေသော မော်ရှန်း ဂိုဏ်းသားများမှာ၊
ချက်ချင်းပင် သတိဝင်လာကြသည်။
မော်ရှန်း ရွှေဆေးလုံး၊ အသက်ရှည် ဆယ်နှစ်
တကယ့်ကို တန်ဖိုးကြီးသော ဆေးကောင်း ဖြစ်သည်
သို့သော် အသက်ရှင်မှသာ ခံစားနိုင်မှာ ဖြစ်သည်
ဤလူသည် အင်အားကုန်ဆုံးနေသူ မဟုတ်ဘဲ၊ တောင်ပေါ်မှ ဆင်းလာသော ကျားရဲကြီး တစ်ကောင် ဖြစ်နေသည်။
လီယန်ချူသည် ခုနက မြင်ခဲ့ရသည့် အလောင်းသယ်သူကို ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီးနောက်၊ ကျန်ရှိနေသော မော်ရှန်း ဂိုဏ်းသားများမှာ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးသွားကြသည်။
ဗုန်း
ဗုန်း
ဗုန်း
သူ၏ ကိုယ်ခံပညာမှာ လေကဲ့သို့ မြန်ဆန်ပြီး၊ ဝေဝါးသော အရိပ်များသာ ကျန်ရစ်ကာ လူသုံးယောက်ကို အမြန်ဆုံး လိုက်လံ သတ်ဖြတ်လိုက်သည်။
သို့သော်လည်း သုံးလေးယောက်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး တောင်ကမ်းပါးများတွင် ရူးသွပ်စွာ ခုန်ပျံနေကာ မိစ္ဆာများကိုပင် မမှုတော့ပေ။
ဤနေရာမှ ဝေးဝေး ထွက်ပြေးလိုသည်
သူတို့၏ အမြင်တွင်၊ အပျက်အစီးများထဲတွင် အကြောက်စရာ အကောင်းဆုံး မိစ္ဆာမှာလည်း ဤမျှသာ ဖြစ်လိမ့်မည်။
အလွန် ထိတ်လန့်စရာ ကောင်းလှသည်
ဓားချက်များကို မခုခံနိုင်၊ မှော်အတတ်ဖြင့်လည်း မထိခိုက်နိုင်။
သွေးစွမ်းအင်မှာ နေမင်းကဲ့သို့ တောက်ပနေပြီး၊ နာမ်ဝိညာဉ် တိုက်ခိုက်မှုကိုလည်း မကြောက်ပေ။
ထိုကဲ့သို့သော လူတစ်ယောက်သည် စွမ်းအား အများစုကို အသုံးပြုပြီးသား ဖြစ်သော်လည်း သူတို့ မနိုင်နိုင်ပေ။
ပူးပေါင်း သတ်ဖြတ်ဖို့ ဆိုတာကတော့ အတူတူ သေဖို့ သွားတာပဲ
လီယန်ချူသည် ကမ်းပါးထိပ်တွင် လွတ်လပ်နေသည်ကို ကြည့်လိုက်ပြီး လိုက်မသွားတော့ပေ။
အနည်းငယ်သာ ရယ်မောမိသည်။
"ဟုန်ပိုင်ဝေက လူတွေကို အရမ်း အထင်သေးတာပဲ ဒါ ငါ့ကို အသုံးချပြီး မော်ရှန်း ဂိုဏ်းကို သန့်စင်ခိုင်းနေတာလား "
လီယန်ချူက တွေးတောမိသည်။
ဟုန်ပိုင်ဝေသာလျှင် သူ၏ အတွေးကို သိလျှင်၊ နတ်ဘုရား အခွင့်ရေး ကိုပင် တိုက်ခိုက်တော့မည် မဟုတ်ပေ
လီယန်ချူနှင့် သူသေကိုယ်သေ အသက်သေဆုံးသည်အထိ တိုက်ခိုက်ရမည်မှာ သေချာသည်။
မော်ရှန်း ဂိုဏ်းသားများကို သတ်ဖြတ်ပြီးနောက် လီယန်ချူသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သော နာကျင်မှု ခံစားချက်တစ်ခု ရောက်လာသည်။
ထိုသည်မှာ သွေးစွမ်းအင်နှင့် အစီရင်ဝတ်စုံကို အတင်းအကျပ် ထုတ်သုံးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်သည်။
သူသည် ဓားကို ကိုင်၍ ရပ်နေပြီး တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသည်။
သေချာသည်မှာ အားလုံးမှာ တစ်ခြားသူ၏ သွေးများ ဖြစ်သည်။
"ဒီလို တစ်ယောက်တည်း ရပ်တည်နေရတဲ့ အချိန်မျိုးမှာ ဘယ်သူမှ မမြင်လိုက်ရတာ တကယ့်ကို နှမြောဖို့ ကောင်းလိုက်တာ "
သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ လက်ထဲတွင် စပျစ်သီး တစ်လုံး ပေါ်လာသည်။
တိုက်ရိုက် ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
စပျစ်သီးကို စားသုံးပြီးနောက် ပြင်းထန်သော အသက်စွမ်းအင်များမှာ သူ့ခန္ဓာကိုယ်ထဲသို့ ပြည့်နှက်သွားပြီး၊ အတွင်းအင်္ဂါများကို ပြန်လည် ကုသပေးသည်။
တစ်ဆက်တည်း ငါးလုံးအထိ စားသုံးလိုက်သည်။
သူ၏ ကုန်ဆုံးသွားသော သွေးစွမ်းအင်နှင့် ခွန်အားမှာ ပြန်လည် ပြည့်ဝသွားပြီး၊ တစ်ကိုယ်လုံးမှာ သန်မာကာ မျက်လုံးများမှာ တောက်ပလာသည်။
ထိုသည်မှာ သူသည် နတ်ဘုရား အဆောင်နှင့် မိုးကြိုးငါးပါးအဆောင်ကို မသုံးဘဲ၊ အစီရင်ဝတ်စုံနှင့် ကျန်ကျောင်းဓားကိုသာ အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။
ဘယ်လောက်ပင် ကုန်ခမ်းပါစေ ငါ စပျစ်သီး စားလိုက်မယ်
ဘယ်သူ ပိုခံနိုင်မလဲ ကြည့်ကြတာပေါ့။
အခန်း (၂၀၆) - ကျောက်စိမ်းနဂါး
သူသည် အသက်ရှုထုတ်လိုက်ပြီး ဟုန်ပိုင်ဝေနှင့် ကျဲ့ခုံး ကိုယ်တော် နောက်သို့ အမြန်လိုက်ရန် မပြုလုပ်ဘဲ၊ တိုက်ပွဲတွင် ကျန်ရှိနေသူများ၏ မှော်ပစ္စည်းနှင့် ရတနာများကို အကုန် အစအနမကျန်အောင် လိုက်လံ သိမ်းယူလိုက်သည်။
"နတ်ဘုရား အခွင့်အရေး၊ နတ်ဘုရား အခွင့်အရေး ဆိုတာကတော့ ကံတရားနဲ့ ဆိုင်တာပဲ အရင်ရောက်တဲ့သူ ပိုင်တယ်ဆိုရင် ဒါက နတ်ဘုရား အခွင့်အရေး မဟုတ်တော့ဘူးလေ "
လီယန်ချူသည် တစ်ယောက်တည်း ရေရွတ်လိုက်သည်။
သူ့တွင် ထင်ရှားသော နောက်ခံမျိုးရိုး မရှိသဖြင့် အရာအားလုံးကို မိမိကိုယ်ကိုယ်သာ အားကိုးရသည်။
သူ့အမြင်တွင် နတ်ဘုရား အခွင့်အရေးကို လုယူရမည် ဖြစ်သော်လည်း လောဘကြီး၍ မဖြစ်ပေ။
ဥပမာအားဖြင့် ယခုအချိန်တွင် ဒီနေရာတွင် ရှိနေသော တာအိုနန်းတော်မှ မှော်ပစ္စည်းများနှင့် ကျွမ်းကျင်သူတို့၏ လက်နက်များမှာလည်း မသေးငယ်သော ရလဒ်ပင် ဖြစ်သည်။
သူ့တွင် သိုလှောက်အိတ် ဟုခေါ်သော မှော်ပစ္စည်း ရှိသဖြင့် သယ်ဆောင်ရသည်မှာလည်း မခက်ခဲပေ။
ထို့ကြောင့် ဤနေရာတွင် သိမ်းယူနိုင်သမျှ အကုန်သိမ်းယူလိုက်ပြီးမှ အေးအေးဆေးဆေးပင် သူတို့ပြောနေသော လိုဏ်ဂူဆီသို့ ခရီးဆက်ခဲ့သည်။
ဝုန်းး
ညဉ့်အချိန်တွင် ကြီးမားသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
လီယန်ချူအနေဖြင့် ခြေရာခံသော တာအိုအတတ်ကို သုံးစရာ မလိုဘဲ အသံလာရာဆီသို့သာ လိုက်သွားရန် လုံလောက်သည်။
ညဉ့်အချိန်တွင် မိစ္ဆာများ ပုန်းကွယ်နေသည်။
ဤအချက်မှာ သံသယဖြစ်စရာ မလိုပေ။
လီယန်ချူသည် မိမိ ကံဆိုးနေသည်လား သို့မဟုတ် အခြားအကြောင်းကြောင့်လား မသိရ။
လမ်းတစ်လျှောက်တွင် မိစ္ဆာ လေးကောင်နှင့် တွေ့ဆုံလိုက်ရသည်
မြေပြင်ပေါ်မှ တွားတက်လာပြီး အလွန် ကြောက်စရာကောင်းလှသည်။
ချွင်
တောက်ပသော ဓားအရှိန်အဝါ တစ်ခု ဖြတ်သွားသည်
မိစ္ဆာများ သေဆုံးသွားသည်
လီယန်ချူသည် ကုသိုလ်မှတ် လေးထောင် ရရှိလိုက်သည်။
ဤမျှ မြန်ဆန်သော ရလဒ်ကြောင့် သူသည် တာအိုနန်းတော်မှ မှော်ပစ္စည်းကိုပင် သိမ်းလိုက်ပြီး ညဉ့်အမှောင်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာရန်ပင် စိတ်ကူးမိသည်။
သို့သော်။
ဤတာအိုနန်းတော် အပျက်အစီးများထဲမှ မိစ္ဆာများမှာ ကျပန်း ပေါ်လာခြင်း ဖြစ်သည်။
ထို့ပြင် အရေအတွက်နှင့် စွမ်းအားများမှာလည်း တူညီမှု မရှိပေ။
အကယ်၍ အားကြီးသော အကောင်ကြီး တစ်ကောင်သာ ပေါ်လာပါက လီယန်ချူအတွက် အခက်တွေ့ပေလိမ့်မည်။
ထို့ကြောင့် သူသည် ပေါက်ကွဲသံများ ထွက်ပေါ်နေသည့် နေရာသို့သာ အမြန်ဆုံး သွားလိုက်သည်။
သူရောက်ရှိသွားသောအခါမှသာ ၎င်းမှာ မြစ်ကမ်းဘေးမှ ငါးမိုင်ခန့် ဝေးသော တောင်ကုန်းငယ်တစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။
တောင်ကုန်းငယ်ဟု ဆိုသော်လည်း ချန် မြို့အနီးရှိ တောင်ကုန်းများနှင့် မခြားနားပေ။
သို့သော် ထိုကြီးမားသော အပျက်အစီးများကြားတွင်မူ အနည်းငယ် သေးငယ်နေခြင်း ဖြစ်သည်။
သူသည် ပေါက်ကွဲသံများ ထွက်ပေါ်လာသည့် နေရာသို့ ရောက်သွားသည်။
ထိုအခါ အလွန် ကြောက်စရာကောင်းပြီး ခန့်ညားလှသော ကျောက်စိမ်းနဂါး တစ်ကောင်ကို တွေ့လိုက်ရပြီး၊ တစ်ကိုယ်လုံးတွင် စိမ်းပြာရောင် အကြေးခွံများ ဖုံးအုပ်ထားကာ ပါးစပ်ကို ဟလိုက်သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာသည်။
လူအချို့ကလည်း ထိုနဂါးကို ဝိုင်းဖွဲ့ တိုက်ခိုက်နေကြသည်။
နဂါးမှာ အလျား ပေနှစ်ဆယ်ခန့် ရှည်လျားပြီး အေးစက်သော အရှိန်အဝါကြောင့် ကြည့်ရုံနှင့်ပင် ကြောက်ရွံ့ရသည်။
လီယန်ချူက သေချာ ကြည့်လိုက်ရာ ကျဲ့ခုံးဘုန်းကြီးနှင့် ဟုန်ပိုင်ဝေတို့ကို တွေ့လိုက်ရသည်။
ထို့ပြင် အခြားလူနှစ်ယောက်ကိုလည်း သူရင်းနှီးသည်။
၎င်းတို့မှာ တရားရုံးတော်မှ စစ်ဘက်ဆိုင်ရာ အရာရှိ ချန်ယန် နှင့် ဓားနှစ်လက်ကို ခါးတွင် ချိတ်ထားသည့် မာနကြီးသော လူငယ် ရှောင်စဲ့ တို့ ဖြစ်ကြသည်။
ကျန်တစ်ယောက်မှာမူ အသက်အရွယ်ကြီးရင့်ပြီး အရေပြားပေါ်တွင် အစက်အပြောက်များ ပြည့်နှက်နေသော ဝတ်ရုံနက် ဝတ်ဆင်ထားသည့် လူအိုကြီး တစ်ယောက် ဖြစ်သည်။
အကြောင်းရင်းကို မသိရသော်လည်း လီယန်ချူသည် ထိုလူအိုကြီးကို မြင်သောအခါ အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသည်။
ကျောက်စိမ်းနဂါး၏ နောက်ကွယ်တွင် လိုဏ်ဂူတစ်ခု ရှိပြီး၊ ဝင်ပေါက်မှ အလင်းရောင် အားအင်များ ထွက်ပေါ်နေသည်။
မတူညီသော ကြောက်မက်ဖွယ် စွမ်းအားများ လေထဲတွင် ပေါက်ကွဲနေပြီး ထိတ်လန့်စရာ အရှိန်အဝါများ ထွက်ပေါ်နေသည်။
လီယန်ချူ အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။
ချန်ယန်၏ ကိုယ်ခံပညာကို သူသိသည်၊ သို့သော် ခွဲခွာသွားသည်မှာ မကြာသေးခင်ကပင် ဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှထိ ပြောင်းလဲသွားရသနည်း။
"သူ ဟိုနေ့က တစ်ယောက်တည်း ထွက်သွားပြီး နတ်ဘုရား အခွင့်အရေးကို ရှာတွေ့သွားတာလား"
လီယန်ချူ စိတ်ထဲတွင် တွေးလိုက်သည်။
လက်ရှိ ချန်ယန်၏ တစ်ကိုယ်လုံးမှာ ရောင်စုံ အလင်းတန်းများ ဖုံးလွှမ်းနေပြီး လက်ထဲရှိ လှံရှည်မှာလည်း ယခင်ကထက် များစွာ ပိုမို အစွမ်းထက်နေသည်။
၎င်းမှာ ကောင်းချီးတစ်ခု ရရှိသွားခြင်းပင် ဖြစ်သည်
လီယန်ချူသည် သူ့နောက်ကို မလိုက်ခဲ့မိသည့်အတွက် နောင်တ မရပေ၊ ချန်ယန်၏ ကံတရားအရ ဤကဲ့သို့သော အခွင့်အရေး ရရှိခြင်းမှာ မထူးဆန်းပေ။
မိမိကိုယ်ကိုယ်မှာမူ ကံကောင်းသူ တစ်ယောက် မဟုတ်ဘဲ၊ ကောင်းကင်ဘုံက ကျွေးမွေးစောင့်ရှောက်သည့် ကံကြမ္မာရှင်လည်း မဟုတ်ပေ။
ရိုးရိုးရှင်းရှင်း ပြောရလျှင် မိမိမှာ ကံတရားကို တိုက်ခိုက်နိုင်စွမ်းရှိပြီး၊ ဇွဲကောင်းသူ တစ်ယောက်သာ ဖြစ်သည်။
"ကွန်ဂန် မိစ္ဆာနှိမ်နင်းရေး "
ကျဲ့ခုံး ကိုယ်တော်က အော်ဟစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာ ရွှေရောင် တောက်ပလာပြီး အလွန် ခန့်ညားတည်ကြည်သွားသည်။
ဗုဒ္ဓဘာသာမှ မိစ္ဆာနှိမ်နင်းသူ တစ်ပါးနှင့် အလွန်တူလှသည်
ခလောက် ခလောက် ခလောက်
သူသည် ထို ကျောက်စိမ်းနဂါး၏ ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။
အခြားသူများလည်း မိမိတို့၏ နည်းလမ်းများကို သုံးကာ ဤ နတ်ဘုရား ပစ္စည်းကို တိုက်ခိုက်နေကြသည်။
ဝေါင်းးး
ကောင်းကင်ကို တုန်လှုပ်စေသော အော်ဟစ်သံနှင့်အတူ။
နဂါးသည် ပါးစပ်ကို အကြီးအကျယ် ဟလိုက်ပြီး ချန်ယန်ကို တစ်ချက်တည်း မျိုချလိုက်သည်။
ဤဖြစ်ရပ်မှာ လီယန်ချူအတွက် အလွန်မြန်ဆန်လှသဖြင့် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။
"ကံကြမ္မာ ကောင်းမွန်လှတဲ့ အဲဒီ တော်ဝင်မိသားစုဝင် တစ်ယောက် ဒီလိုပဲ ပြီးဆုံးသွားတာလား "
လီယန်ချူ အံ့ဩသွားသည်။
သို့သော် နောက်တစ်ခဏတွင် သူ ထိတ်လန့်သွားပြန်သည်။
ဗုန်း
ချန်ယန်သည် လှံရှည်ကို ကိုင်ဆောင်ကာ နဂါး၏ ဝမ်းဗိုက်ထဲမှ တိုက်ရိုက် ထွက်လာသည်
တစ်ကိုယ်လုံး ရောင်စုံ အလင်းတန်းများ ဖုံးလွှမ်းနေသည်။
နတ်ဘုရား တစ်ပါးကဲ့သို့ပင်
"ကောင်းလိုက်တာ မွေးရာပါ စွမ်းအားငါးပါး ကို ရရှိထားတာ တကယ်ပဲ မယုံနိုင်စရာပဲ "
ရှောင်စဲ့ က ချီးကျူးလိုက်သည်။
ထိုကိုယ်ခံပညာကို စွဲလမ်းသူ လူငယ်မှာ ရိုးသားပြီး ပြတ်သားလှသဖြင့် လူတိုင်းကို နှစ်သက်စေသည်။
သို့သော် ကျန်သူများ၏ မျက်လုံးထဲတွင်မူ မနာလိုခြင်း၊ အားကျခြင်းများ ပေါ်နေသည်။
ဟုန်ပိုင်ဝေ၏ မျက်နှာမှာ မှောင်မိုက်နေသည်။
ကျဲ့ခုံးကိုယ်တော် က ဇိုဂိုသစ်သီးကို ရရှိသွားပြီး၊ ထိုလူငယ်ကလည်း မွေးရာပါ စွမ်းအားငါးပါးကို ရရှိသွားပြန်သည်။
သို့သော် သူကိုယ်တိုင်မူ နတ်ဘုရား အခွင့်အရေးကို တစ်ခုမှ မရရှိသေးပေ။
ရရှိလိုက်သည့် နတ်ဘုရား မှော်ပစ္စည်း အချို့မှာလည်း ဟိုကောင့် လက်ချက်ဖြင့် ပျက်စီးသွားခဲ့သည်။
သူသည် အင်အားအကြီးဆုံးဖြစ်ပြီး လူအင်အားလည်း အများဆုံး ဖြစ်ပါလျက်
သူသည် အဝေးတွင် ရပ်နေသည့် လီယန်ချူကို ချက်ချင်းပင် မြင်လိုက်ရသည်။
သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။
"အသုံးမကျတဲ့ လူတွေ ဒီကောင့် ကိုတောင် မသတ်နိုင်ကြဘူးလား "
ဟုန်ပိုင်ဝေ ဒေါသတကြီး ပြောလိုက်သည်။
လီယန်ချူသည်လည်း ဟုန်ပိုင်ဝေကို မြင်လိုက်ရပြီး ရန်စသည့် အမူအရာဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မအေဘေး "
ဟုန်ပိုင်ဝေက နားမလည်သော်လည်း လီယန်ချူက သူ့ကို ဆဲဆိုနေမှန်း သိသာသည်။
သတ်ပစ်ရမည်
သူသည် တိုက်ပွဲမှ ထွက်ခွာပြီး လီယန်ချူကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ကျောက်စိမ်းနဂါးက ကြောက်စရာကောင်းသော စွမ်းအားကို သူ့ဆီသို့ ပစ်လွှတ်လိုက်သည်။
ခလောက်
ဟုန်ပိုင်ဝေ၏ ခေါင်းပေါ်ရှိ ခရမ်းရောင် ရွှေဦးထုပ်မှာ တောက်ပသော အလင်းတန်းကို ထုတ်လွှတ်ပြီး ထိုတိုက်ခိုက်မှုကို တိုက်ရိုက် ခုခံလိုက်သည်။
လူတိုင်း နဂါးကို ဝိုင်းဖွဲ့ တိုက်ခိုက်နေကြစဉ်။
ဝတ်ရုံနက် ဝတ်ဆင်ထားသည့် လူအိုကြီးသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် လိုဏ်ဂူထဲသို့ အမြန်ဆုံး ဝင်သွားသည်။
"ဒီလူအိုကြီး ဘာလုပ်တာလဲ "
"ဒီကောင် အခွင့်အရေးကို တစ်ယောက်တည်း လုယူဖို့ လုပ်နေတာလား "
ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်သော်လည်း လူအိုကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အမှောင်စွမ်းအားများ တက်ကြွလာပြီး လိုဏ်ဂူထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ဝေါင်းးး
နဂါးသည် အော်ဟစ်လိုက်ပြီး လူတိုင်းကို ကြောက်မက်ဖွယ် စွမ်းအားဖြင့် တိုက်ခိုက်လိုက်ရာ ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။
ဤသည်မှာ အလွန် ပြင်းထန်သော စစ်ပွဲကြီး ဖြစ်သည်။
နေရာတွင် ရှိနေသူ မည်သူမျှ တစ်ယောက်တည်းဖြင့် ထိုပြင်းထန်သော ကျောက်စိမ်းနဂါးကို မနိုင်နိုင်ပေ။
သို့သော် ယခုအချိန်တွင် ကျွမ်းကျင်သူများစွာ စုဝေးနေသဖြင့်သာ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
မဟုတ်ပါက ကျဲ့ခုံး ပြောသကဲ့သို့ပင် ထို ကြောက်စရာကောင်းသော တည်ရှိမှုကို သွားထိမိပါက အားလုံး ပျက်စီးသွားလိမ့်မည်။
ဝတ်ရုံနက် လူအိုကြီး၏ ခန္ဓာကိုယ်မှာ ခဏအကြာတွင် ထွက်ပေါ်လာသည်။
ရင်ခွင်ထဲတွင် ကျောက်တုံးသေတ္တာကြီး တစ်ခုကို ပိုက်ထားပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေကာ ကြောက်စရာကောင်းသော တိုက်ပွဲကို ဖြတ်သန်းလာပုံရသည်။
သို့သော် သူသည် ထွက်ပြေးနိုင်ခဲ့သည်။
"လူအိုကြီး မပြေးနဲ့ "
"အမိတဘ ဒကာကြီး လောဘမတက်ပါနဲ့ကွာ "
သူတို့အားလုံးသည် လူအိုကြီးကို တိုက်ခိုက်လိုက်ကြသည်။
အမှောင်စွမ်းအားများ ပျံ့နှံ့သွားပြီး လူအိုကြီးက လေကို ရှိုက်သွင်းလိုက်သောအခါ မျက်နှာပေါ်ရှိ အသက်အရွယ် အစက်အပြောက်များ လျော့ပါးသွားသည်။
သူ၏ အိုမင်းနေသော ခန္ဓာကိုယ်မှာလည်း ပြန်လည် နုပျိုလာသည်။
ဗုန်း
သူသည် လူအများ၏ ဝိုင်းဝန်းထားမှုကို ဖောက်ထွက်ပြီး ညဉ့်အမှောင်ထဲသို့ အမြန်ဆုံး ထွက်ပြေးသွားသည်။
လီယန်ချူ သဘောပေါက်သွားသည်။
ဤနည်းလမ်းမှာ ယခင်က ဖန် မိသားစုသို့ ဝင်ရောက်ကာ ကျောက်စိမ်းကို လုယူသွားသည့် ဝတ်ရုံနက် လူအိုကြီးနှင့် အတူတူပင် ဖြစ်သည်။
"ကျန်းထင်ရှန်း ပေါ်လာတာနဲ့တင် ဖုံးကွယ်ထားတဲ့ နတ်ဆိုးကြီးတွေ အကုန်လုံး ထွက်လာကြတာပဲ "
လီယန်ချူ စိတ်ထဲတွင် တွေးလိုက်သည်။
ဝတ်ရုံနက် လူအိုကြီး၏ ခန္ဓာကိုယ်မှာ ညဉ့်အမှောင်ထဲတွင် ပျောက်ကွယ်တော့မည် ဖြစ်သည်။
ဟိန်း
ထို ကြောက်စရာကောင်းသော ကျောက်စိမ်းနဂါးက ရုတ်တရက် အော်ဟစ်လိုက်ပြီး အဖြူရောင် လျှပ်စီးကဲ့သို့ သူ၏ နောက်သို့ လိုက်သွားသည်။
"အား"
လူအိုကြီး၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ ပြင်းထန်သော စွမ်းအားဖြင့် ရိုက်ခတ်ခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။
သူသည် အော်ဟစ်လိုက်ပြီး လေထဲမှ ပြုတ်ကျလာသည်။
သူနှင့်အတူ ကျဆင်းလာသည်မှာ ထူးခြားသော အရှိန်အဝါရှိသည့် ကျောက်တုံးသေတ္တာပင် ဖြစ်သည်။
လူတိုင်း၏ မျက်လုံးများမှာ တောက်ပသွားသည်။
နတ်ဘုရား အခွင့်အရေး