အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း (၂၀၇) - လွယ်ကူစွာ သိမ်းပိုက်ခြင်း
ကျဲ့ခုံ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ဗုဒ္ဓအလင်းတန်းများ တောက်ပလာပြီး သူ၏အရှိန်မှာ ရုတ်တရက် မြင့်တက်သွားသည်။
အံ့ဩစရာကောင်းစွာဖြင့် သူက ကျောက်တုံးသေတ္တာကို အရင်ဆုံး လုယူလိုက်နိုင်သည်။
ဤ တာ့ရှန်းကော် ဘုရားကျောင်းမှ ဘုန်းကြီးမှာ အပြင်ပန်းကြည့်လျှင် အေးဆေးတည်ငြိမ်သော်လည်း အမှန်တကယ်တွင် အလွန်ရက်စက်သော သူဖြစ်သည်။
လမ်းတစ်လျှောက်တွင် လူပေါင်းမည်မျှ သတ်ဖြတ်ခဲ့သည်ကို မသိနိုင်ပေ။
ချွတ်
ရှောင်စဲ့က ဓားတစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်
အမြန်ဓားအတတ်
ကျဲ့ခုံဘုန်းကြီးပင် ရှောင်တိမ်းရန် အချိန်မမီတော့ဘဲ ဗုဒ္ဓနာမတော်ကိုသာ ရွတ်ဆိုကာ ရှောင်စဲ့၏ဓားကို အသားကုန် ခံလိုက်သည်။
ခလောက်
ကောင်းကင်နှင့် မြေကြီးကြားတွင် ကြီးမားသော ခေါင်းလောင်းသံကဲ့သို့ အသံထွက်ပေါ်လာသည်
"ဗုဒ္ဓဘာသာ၏ ခန္ဓာကိုယ်ပဲ "
"ကောင်းပြီ၊ မင်း ငါ့ဓားချက်တွေကို ဘယ်လောက်အထိ ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့ "
ရှောင်စဲ့၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လီယန်ချူသည် ဤလူသည် နတ်ဘုရားအခွင့်အရေးအတွက် လာခြင်းမဟုတ်ဘဲ ရန်ဖြစ်ဖို့ အကြောင်းရှာလာခြင်းသာ ဖြစ်သည်ဟု သံသယရှိနေသည်။
ကျဲ့ခုံကိုယ်တော် မှာ အလွန်တည်ကြည်သော အသွင်ရှိပြီး သူ၏နောက်ကျောတွင် ရွှေရောင်အရိပ်တစ်ခု ပေါ်လာသည်။
ဗုဒ္ဓဘာသာ၏ ကာကွယ်ရေးမှာ ပြိုင်ဘက်ကင်းသည်။
ရှောင်စဲ့၏ အမြန်ဓားအတတ်မှာ ရှောင်တိမ်း၍ မရပေ
ထန် ထန် ထန်
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားချက်ပေါင်း တစ်ဆယ်ကျော် အထိုးခံလိုက်ရသည်
မြန်ဆန်ပြီး လေးလံလှသည်
မော်ရှန်းမှ သခင်လေး ဟုန်ပိုင်ဝေနှင့် တရားရုံးတော်မှ စစ်ဘက်ဆိုင်ရာ အရာရှိ ချန်ယန်တို့ကလည်း အသီးသီး တိုက်ခိုက်လာကြပြီး ကျဲ့ခုံးဘုန်းကြီးကို ရက်စက်စွာ ဝိုင်းဝန်း တိုက်ခိုက်ကြသည်။
ဤကျန်းထင်ရှန်း နတ်ဘုရားနယ်မြေအတွင်းတွင် လုံးဝ စိတ်ချရသော မဟာမိတ်ဟူ၍ မရှိပေ။
အရာအားလုံးမှာ နတ်ဘုရားအခွင့်အရေးအတွက်သာ ဖြစ်သည်
ကျဲ့ခုံဘုန်းကြီး ရုတ်တရက် ခေါင်းမော့လိုက်ရာ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"အလိမ်ခံလိုက်ရပြီ ဒီကျောက်တုံးသေတ္တာက အယောင်ဆောင်ပစ္စည်းပဲ "
စကားဆုံးသည်နှင့်။
သူ့လက်ထဲရှိ ကျောက်တုံးသေတ္တာမှာ သာမန် ကျောက်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လူတိုင်း၏ မျက်နှာမှာ ပျက်သွားကြသည်။
ထိုအချိန်တွင် ဒဏ္ဍာရီလာ ကြောက်မက်ဖွယ်ကောင်းသော ကျောက်စိမ်းနဂါးက ထပ်မံ ရောက်ရှိလာပြီး သူတို့အားလုံးကို ဝိုင်းရံလိုက်သည်။
အားလုံးကို တစ်ခါတည်း ရှင်းပစ်ရန် ရည်ရွယ်ထားပုံရသည်
နေရာတွင် ရှိနေသူ အားလုံးကို သတ်ဖြတ်ရန် ဖြစ်သည်။
ခဏတာအတွင်းမှာပင် ရောင်စုံအလင်းတန်းများ၊ ရွှေရောင်ဗုဒ္ဓအလင်းတန်းများ၊ ခရမ်းရောင် ရွှေစွမ်းအားများနှင့် အစိမ်းရောင် အလင်းများ တောက်ပလာသည်။
လူတိုင်း မိမိတို့၏ နည်းလမ်းများကို သုံးကာ နဂါး၏ တိုက်ခိုက်မှုနယ်ပယ်မှ ကပ်သီးကပ်သတ် လွတ်မြောက်သွားကြသည်။
"ဒီမိစ္ဆာရဲ့ အရှိန်အဝါက ပိုပြီး ပြင်းထန်လာတယ်"
ချန်ယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
အကယ်၍ ခုနက ကျောက်စိမ်းနဂါးကို သူတို့ အတူတူ ရင်ဆိုင်နိုင်ခဲ့လျှင် ယခုအခါတွင်မူ ထိုနဂါးသည် အလွန်အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိနေသည်။
နေရာတွင် ရှိနေသူများမှာ ကံတရားကို ပိုင်ဆိုင်ထားသူများ ဖြစ်ပြီး ထူးချွန်သူများ ဖြစ်သည်။
သေခြင်းရှင်ခြင်း အကြားရှိ အာရုံခံစားမှုမှာ အလွန် ထက်မြက်လှသည်။
အားလုံးက နဂါး၏ ပြင်းထန်မှုကို ရှောင်ရှားလိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့်
ဤကျောက်စိမ်းနဂါးမှာ အသက်ရှင်လျက် ရှိနေသည်မဟုတ်ဘဲ၊ အစီရင်တစ်ခုနှင့် ဆင်တူသော တားမြစ်ချက်တစ်ခု ဖြစ်သည်။
သူတို့သည် အတိုင်းအတာတစ်ခုအထိ နောက်ဆုတ်သွားသောအခါ နဂါးသည် နောက်ထပ် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။
ဝေါင်းးး
ရက်စက်သော ကျောက်စိမ်းနဂါးသည် အော်ဟစ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လိုဏ်ဂူထဲသို့ ပြန်ပျံသွားသည်။
ကြီးမားသော လိုဏ်ဂူတစ်ခုလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်
တောင်ကုန်းတစ်ခုလုံးမှာ အပျက်အစီးများအဖြစ် ပြောင်းလဲသွားသည်။
ဆိုလိုသည်မှာ ထိုနေရာရှိ နတ်ဘုရားအခွင့်အရေးမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ချန်းယန်သည် မွေးရာပါ စွမ်းအားငါးပါးကို ရရှိထားသဖြင့် အမြင်အာရုံ အလွန် ထက်မြက်သည်။
"အဲဒီ ဝတ်ရုံနက် လူအိုကြီး ပျောက်သွားပြီ "
ကျဲ့ခုံး လက်ထဲရှိ ကျောက်တုံးသေတ္တာမှာ အယောင်ဆောင်မှန်း သိလိုက်ရချိန်တွင် ထိုဝတ်ရုံနက် လူအိုကြီးကသာ အမှန်တကယ် လက်သည် ဖြစ်ကြောင်း သိလိုက်ရသည်။
ကျဲ့ခုံး ကျောက်တုံးသေတ္တာကို လုယူလိုက်ချိန်မှစ၍ လူအများ နဂါးကို ရှောင်ရှားသည်အထိ။
အမှန်တကယ်တွင် အလွန်တိုတောင်းသော အချိန်အတွင်း၌ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
ဟုန်ပိုင်ဝေ၏ ခေါင်းပေါ်ရှိ ခရမ်းရောင် ရွှေဦးထုပ်မှ အလင်းတန်းများ ထွက်ပေါ်နေပြီး သူ၏ မျက်လုံးများမှာလည်း ခရမ်းရောင်ရွှေရောင်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူက ပြင်းထန်သော မှော်အတတ်တစ်ခုကို ပစ်လွှတ်လိုက်သည်။
ညဉ့်အမှောင်ထဲတွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
၎င်းမှာ တစ်ကိုယ်လုံးမှာ ခန္ဓာကိုယ် တစ်ဝက်သာ ကျန်ရှိတော့သည့် ဝတ်ရုံနက် လူအိုကြီး ဖြစ်သည်။
သူ၏ ရင်ခွင်ထဲတွင် ကျောက်တုံးသေတ္တာ တစ်ခုကို ပိုက်ထားသည်။
ထိုလူသည် မည်သည့် အင်အားစုမှ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့် မှော်အတတ်ကို ကျင့်သုံးသည်ကိုလည်းကောင်း မသိရပေ။
ခါးပိုင်းမှ ပြတ်တောက်သွားသော်လည်း မသေဘဲ ညဉ့်အမှောင်ထဲတွင် ပုန်းကွယ်နေသည်။
"လူအိုကြီး၊ မင်းရဲ့ အကြံအစည်က နက်နဲလှချည်လား ဟင်း ဟင်း.... "
"ကျောက်တုံးသေတ္တာကို ပေးလိုက် မင်းအသက်ကို ငါ ချမ်းသာပေးမယ် "
ဟုန်ပိုင်ဝေက အေးစက်စွာ ပြောလိုက်သည်။
ထိုဝတ်ရုံနက် လူအိုကြီး၏ ခန္ဓာကိုယ်မှာ မှိုင်းပျပျ မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး မျက်နှာမှာ အလွန် အိုမင်းကာ အစက်အပြောက်များ ပြည့်နှက်နေသည်။
သို့သော် မျက်လုံးတစ်စုံမှာမူ အလွန် တောက်ပနေပြီး ခုနကလို အသက်မဝင်သည့် ပုံစံမျိုး မဟုတ်တော့ပေ။
"နိ့နံ့မစင်သေးတဲ့ ကလေးက ငါ့ကို လှည့်စားချင်တာလား နောက်ဘဝမှပဲ လာပေးတော့ "
စကားဆုံးသည်နှင့် သူသည် အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်သွားသည်။
ကျဲ့ခုံးက လမ်းပိတ်လိုက်သည်။
လက်သီးတစ်ချက်ဖြင့် ထုလိုက်သည်
ကြီးမားသော ဗုဒ္ဓဘာသာ စွမ်းအားများ ထွက်ပေါ်လာပြီး အလွန် တောက်ပလှသည်
"မအေဘေး ထိပ်ပြောင်တဲ့ကောင်၊ အပြင်ပန်းတော့ ကရုဏာသက်သယောင်ဆောင်ပြီး စိတ်ထဲမှာတော့ ရက်စက်ကြမ်းကြုတ်လှချည်လား မင်းရဲ့ အစွမ်းနဲ့ ငါ့ကို တားနိုင်မယ်ထင် နေလား "
ဝတ်ရုံနက် လူအိုကြီးက ဆဲဆိုလိုက်သည်။
ခန္ဓာကိုယ်မှာ ရုတ်တရက် အမည်းရောင် မြူခိုးတအုပ်အဖြစ် ပြောင်းလဲသွားပြီး ကျောက်တုံးသေတ္တာကို ပိုက်ကာ အပြင်ဘက်သို့ ထွက်ပြေးသွားသည်။
ကျဲ့ခုံး ၏ တိုက်ခိုက်မှုကို ရှောင်ရှားသွားသည်။
သူ့မျက်နှာမှာ အနည်းငယ် မကောင်းမွန်ပေ။
ခြေလှမ်းကို တိုးမြှင့်ကာ အမှီလိုက်သွားသည်။
လူတိုင်း လိုက်လံ တိုက်ခိုက်ကြပြီး နောက်ကျမကျန်စေရန် ကြိုးစားကြသည်
ထိုဝတ်ရုံနက် လူအိုကြီးမှာ အကြံအစည် အလွန် နက်ရှိုင်းသည်။
ခုနက သူ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ လူတိုင်းမှာ ထွက်ပြေးသွားပြီဟု ထင်ခဲ့ကြသည်။
သို့သော် သူသည် အသက်ရှုသံကို ဖုံးကွယ်ကာ ညဉ့်အမှောင်ထဲတွင် ပုန်းခိုနေခြင်း ဖြစ်သည်။
ဤနည်းလမ်းမှာ အလွန် ထူးဆန်းလှသည်။
ကံကောင်းစွာဖြင့်
နေရာတွင် ရှိနေသူများမှာ ထူးချွန်သူများ ဖြစ်ကြပြီး၊ တစ်ယောက်စီတွင် နည်းလမ်းများ ရှိကြပြီး စိတ်ကူးဉာဏ်များမှာလည်း အလွန် ကောင်းမွန်ကြသည်။
ဝတ်ရုံနက် လူအိုကြီးမှာ ဟုန်ပိုင်ဝေ၏ ခရမ်းရောင် ရွှေမျက်လုံးများဖြင့် အဖမ်းခံလိုက်ရသည်။
ယခုအခါတွင်မူ အလူးအလဲနှင့် ထွက်ပြေးနေရတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ မြူခိုးများထဲတွင် ဖုံးလွှမ်းနေပြီး အလွန် မိစ္ဆာဆန်လှသည်။
ရူးသွပ်စွာ ထွက်ပြေးနေသည်။
နောက်တွင် ကျဲ့ခုံးဘုန်းကြီး၊ ဟုန်ပိုင်ဝေ၊ ချန်ယန်၊ ရှောင်စဲ့ တို့မှာ အမှီလိုက်နေကြသည်
သို့သော် ဝတ်ရုံနက် လူအိုကြီး၏ နည်းလမ်းမှာ ထူးဆန်းနေသဖြင့် ခဏတာတွင် သူ့ကို မနိုင်နိုင်သေးပေ။
လီယန်ချူမှာ ထိုကဲ့သို့သော အလုပ်များတွင် ပါဝင်ခြင်း မရှိပေ။
ဘေးမှသာ အေးအေးဆေးဆေး ကြည့်ရှုနေသည်။
သို့သော် သူသည် ဘာမှ မလုပ်ဘဲ နေရန် ရည်ရွယ်ထားခြင်း မဟုတ်ပေ။
သူသည် စိတ်ကြည်လင်သော ကျောက်စိမ်းပြား နှင့် လင်ကွမ်းဖိတ်ခေါ် အဆောင် အချို့ကို အသုံးပြုကာ မိမိ၏ တာအိုကျင့်စဉ်ကို ပိုမို အားကောင်းအောင် လုပ်ဆောင်လိုက်သည်။
"အောင်မြင်မလား ဆိုတာ ဒါကိုပဲ ကြည့်ရမှာပဲ "
သူ၏ အကြည့်များထဲတွင် မျှော်လင့်ချက်များ ပေါ်နေသည်။
နတ်ဘုရား ပေးအပ်သော ကောင်းချီး ကို ရရှိပြီးနောက် သူ၏ ဝိညာဉ်မှာ ဒုတိယအဆင့် အလယ်အဆင့်သို့ ရောက်ရှိသွားပြီး အလွန် တည်ငြိမ်လှသည်။
ထိုအရာက သူမည်သည့် တာအိုအတတ်ကို သုံးသည်ဖြစ်စေ တူညီသောအဆင့်ရှိသူများထက် များစွာ ပိုမို ပြင်းထန်စေသည်။
သေချာစေရန် အတွက်
သူသည် စပျစ်သီး ခုနစ်လုံး သို့မဟုတ် ရှစ်လုံးကို တစ်ဆက်တည်း စားလိုက်သည်။
ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ပြည့်ဝနေသည်။
သူသည် တာအိုအတတ်ကို သုံးတော့မည်
အဝေးမှ ပစ္စည်းကို လုယူခြင်း
ဝတ်ရုံနက် လူအိုကြီးသည် အစွမ်းကုန် အပြေးလွှားပြီး မြူခိုးအဖြစ် ပြောင်းလဲသွားသည်
ဟုန်ပိုင်ဝေ၏ မျက်လုံးများမှာ ပြင်းထန်လှပြီး၊ မော်ရှန်းဂိုဏ်း၏ သခင်လေး တစ်ယောက်အနေဖြင့် သူ၏ နောက်ခံနှင့် ပါရမီတို့ကြောင့် သူသည် မည်သည့်အခါမျှ အရှုံးမပေးခဲ့ဖူးပေ။
ယခုတစ်ခေါက် ကျန်းထင်ရှန်း သို့ ဝင်ရောက်လာခြင်းမှာလည်း အလားတူပင်၊ အနီးတွင် ကျွမ်းကျင်သူများစွာ ရှိနေပြီး ထူးခြားသူများကိုလည်း လက်အောက်ခံအဖြစ် သိမ်းသွင်းထားသည်။
အင်အားအကြီးဆုံးဟု ဆိုနိုင်သည်
ကုန်းရှူးမိသားစု၏ စက်ယန္တယား များကို သိရှိသူမှာလည်း သူ့ရှေ့တွင် မခံမရပ်နိုင် ဖြစ်ကြသည်။
သို့သော် ယနေ့တွင်မူ လူငယ် တာအိုဆရာ တစ်ယောက်ကြောင့် လူအများရှေ့တွင် အရှက်ကွဲခဲ့ရသည်။
ထိုနေရာရှိ နတ်ဘုရားအခွင့်အရေးကို လုယူရန်အတွက် သူသည် မော်ရှန်း ဂိုဏ်းသားများကို ထိုတာအိုဆရာကို သတ်ပစ်ရန် စေခိုင်းခဲ့သည်။
မော်ရှန်း ရွှေဆေးလုံးကိုပင် ဆုလာဘ်အဖြစ် ပေးခဲ့သည်။
သို့သော် ခုနက သူသည် ထို ရွံရှာဖွယ်ကောင်းသော လူငယ် တာအိုဆရာမှာ ဘေးမှနေ၍ ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူ့လက်အောက်ခံများမှာ အသက်ရှင်ဖို့ ခက်ခဲတော့မည်မှာ သေချာသည်။
ထိုနေရာရှိ နတ်ဘုရားအခွင့်အရေးကို ရရှိရန်အတွက် သူ အလွန်ပင် ပေးဆပ်ခဲ့ပြီးဖြစ်ရာ ဤလူအိုကြီးကို လုယူခွင့် မပေးနိုင်ပေ
"ခွေးအိုကြီး မင်း သေချင်နေတာပဲ "
ဟုန်ပိုင်ဝေက အေးစက်စွာ ပြောလိုက်သည်။
သူသည် ရင်ဘက်ထဲမှ လက်ဝါးအရွယ်အစားရှိသော နီရဲသည့် ကြိုးချည်ထားသော မြက်ရုပ် တစ်ခုကို ထုတ်လိုက်သည်။
"မော်ရှန်းဂိုဏ်းရဲ့ အဆင့်တန်း တွေကို ငါ့ရှေ့မှာ လာမပြောနဲ့ ငါက မင်းလို သောက်ကလေးကို ဂရုမစိုက်ဘူး"
ဝတ်ရုံနက် လူအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော်။
သူ့စကားဆုံးသည်နှင့်၊ မမြင်နိုင်သော ဆက်သွယ်မှုတစ်ခု ရှိနေသကဲ့သို့ သူနှင့် မြက်ရုပ်ကို ချည်နှောင်ထားလိုက်သည်။
ဟုန်ပိုင်ဝေက အပ်တစ်ချောင်းကို ချက်ချင်း ထိုးစိုက်လိုက်သည်။
အား
ထို အမည်းရောင် မြူခိုးထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်
ဝတ်ရုံနက် လူအိုကြီးမှာ သူ့ဦးခေါင်းထဲတွင် သံချောင်းပေါင်း သိန်းနှင့်ချီ ထိုးစိုက်ခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
နာမ်ဝိညာဉ်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားသည်
ထိုအချိန်တွင် အဝေးရှိ လီယန်ချူသည် အဝေးမှ ပစ္စည်းကို လုယူခြင်း တာအိုအတတ်ကို ချက်ချင်း စတင်လိုက်သည်။
တကယ်ကိုပဲ
နှမ်းစေ့ကို အပ်ပေါက်ထဲ ထည့်သလိုပဲ တိုက်ဆိုင်လိုက်တာ
အခန်း (၂၀၈) - သေမျိုးရန်ငြိုး
လီယန်ချူ၏ မျက်လုံးများမှာ ချက်ချင်းပင် ဝမ်းမြောက်သွားပြီး လက်ထဲတွင် ရှေးဟောင်း ကျောက်တုံးသေတ္တာ တစ်ခု ပေါ်လာသည်။
ထို့နောက်တွင်တော့ သိုလှောင်အိတ် ထဲသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။
ဘာကျောက်တုံးသေတ္တာတဲ့လဲ။
လုံးဝ မမြင်လိုက်ရပေ
သူသည် အရှိန်ဝါကြည့် အတတ် ကို အသုံးပြု၍ ထိုနေရာ၏ ကံကြမ္မာကို စောင့်ကြည့်ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားသည်ကို မတွေ့ရှိခဲ့ပေ။
ယခု ကျောက်တုံးသေတ္တာ လက်ထဲသို့ ရောက်သွားသောအခါ သူသည် ကိုယ်ခန္ဓာကို ချက်ချင်း လှုပ်ရှားလိုက်ပြီး အဝေးတစ်နေရာသို့ လျင်မြန်စွာ ထွက်ပြေးသွားသည်။
စိတ်ထဲတွင်မူ အလွန် ကျေနပ်နေသည်။
အခြားတစ်ဖက်တွင်မူ ဝတ်ရုံနက် လူအိုကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး ကိုယ်တစ်ပိုင်းသာ ကျန်ရစ်တော့သည်။
ခုနက ခဏတာအတွင်းမှာပင် သူသည် သတိလစ်သွားခဲ့သည်
"မင်းလို သောက်ကလေးက တကယ်ကို ရက်စက်တာပဲ အပ်ခေါင်းထိုးစိုက်တဲ့ အတတ်မဟုတ်လား "
ဝတ်ရုံနက် လူအိုကြီးမှာ အလွန် မုန်းတီးသွားသည်
ပတ်ဝန်းကျင်ရှိ ကျဲ့ခုံး နှင့် အခြားသူများမှာ ဟုန်ပိုင်ဝေကို ကြည့်လိုက်ကြရာ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်
သိသာသည်မှာ ထိုအပ်ခေါင်းထိုးစိုက်တဲ့ အတတ်မှာ အလွန် မိစ္ဆာဆန်လှသည်
စွမ်းအားမှာလည်း အလွန် ကြီးမားလှသည်
ဝတ်ရုံနက် လူအိုကြီးမှာ လျှာဖျားကို ကိုက်ဖြတ်ကာ သွေးထွက်လာပြီးနောက် ထပ်မံ၍ အမည်းရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားသည်။
ထိုတစ်ကြိမ်တွင် သူသည် အသက်ကို ပဓာနမထားတော့ပေ
အကယ်၍ ထိုကျောက်တုံးသေတ္တာထဲမှ နတ်ဘုရားအခွင့်အရေးမှာ သူ့၏သက်တမ်းကို မတိုးမြှင့်ပေးနိုင်လျှင် သို့မဟုတ် ကံကြမ္မာကို မပြောင်းလဲပေးနိုင်လျှင်။
ထိုအခါ သူသည် ဒီတစ်ခေါက်တွင် အရှုံးကြီး ရှုံးတော့မည် ဖြစ်သည်။
သူသည် ထိုကျောက်တုံးသေတ္တာထဲမှ တားမြစ်ချက်ကို ဖွင့်လှစ်ကြည့်ရန်နှင့် ထိုနတ်ဘုရားအခွင့်အရေးကို ကြည့်ရန် နေရာတစ်ခု ရှာဖို့ လိုအပ်နေသည်။
ဝတ်ရုံနက် လူအိုကြီးမှာ ဤတစ်ကြိမ်တွင် ပို၍ မြန်ဆန်လာပြီး အမည်းရောင် အလင်းတန်းတစ်ခု ဖြတ်သွားသည်နှင့် သူသည် လုံးဝ ပျောက်ကွယ်သွားတော့သည်
"မေဘေးတွေ ငါ့ရဲ့ နတ်ဘုရားအခွင့်အရေးကို ရအောင်ယူပြီး ကံကြမ္မာကို ပြောင်းလဲလိုက်တာနဲ့ မင်းတို့လို သောက်ကလေးတွေကို အရှင်လတ်လတ် အရေခွံခွာပြီး အကြောထုတ်ပစ်မယ် "
ဝတ်ရုံနက် လူအိုကြီးမှာ စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
ရုတ်တရက်။
သူသည် အနည်းငယ် တုန်လှုပ်သွားသည်။
"ဟင် "
"ငါ့ရဲ့ ကျောက်တုံးသေတ္တာ ဘယ်ရောက်သွားတာလဲ"
သူ့ကိုယ်ပေါ်တွင် ကျောက်တုံးသေတ္တာ မရှိတော့ဘဲ လုံးဝ ကင်းမဲ့နေသည်။
"အားးးး"
ဝတ်ရုံနက် လူအိုကြီးမှာ အော်ဟစ်လိုက်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်
ဟုန်ပိုင်ဝေမှာ အနည်းငယ် တုန်လှုပ်သွားသည်။
သူသည် အပ်ခေါင်းထိုးစိုက်တဲ့ အတတ်ကို ထပ်မသုံးရသေးဘူးလေ
ထို့နောက် သူ၏ မျက်လုံးများမှာ သတိ ရှိလာသည်။
"ဒီလူ သုံးယောက်ထဲမှာ ဒီလိုမျိုး နည်းလမ်းရှိတဲ့သူ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး "
ထိုကျန်းထင်ရှန်း နတ်ဘုရားနယ်မြေ၏ နက်နဲမှုမှာ အလွန်ပင် ကြီးမားလှသည်
ကျဲ့ခုံး နှင့် အခြားသူများမှာ အနည်းငယ် မျက်မှောင် ကြုတ်လိုက်ကြသည်။
"ဟုန်ပိုင်ဝေရဲ့ အပ်ခေါင်းထိုးစိုက်တဲ့ အတတ်က တကယ်ပဲ ရက်စက်တယ် ဒီလူကို အခွင့်အရေးရရင် အရင်ဆုံး ရှင်းပစ်ရမယ် မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိလိမ့်မယ် "
ဝတ်ရုံနက် လူအိုကြီး၏ အသံမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဟုန်ပိုင်ဝေ မင်းရဲ့ အဖွားကို အယိုးးခံလိုက်စမ်း "
ထိုလျှို့ဝှက်စွာ ကျင့်ကြံနေသော လူအိုကြီးမှာ တိုက်ရိုက်ပင် ဆဲဆိုလိုက်သည်
သူသည် ခုနကမှ တိုက်ခိုက်ခံလိုက်ရပြီးနောက် ဟုန်ပိုင်ဝေက လုယူသွားသည် သို့မဟုတ် ပြုတ်ကျသွားသည်ဟု ထင်လိုက်ခြင်း ဖြစ်သည်။
ဟုန်ပိုင်ဝေမှာ အံ့အားသင့်သွားပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်
လက်ထဲရှိ ရွှေရောင်အပ်ကို မြက်ရုပ်ပေါ်သို့ ရက်စက်စွာ ထိုးစိုက်လိုက်သည်။
"ခွေးအိုကြီး မင်းကို ဝိညာဉ်ပျက်သုဉ်းသွားအောင် လုပ်ပစ်မယ် "
ဝတ်ရုံနက် လူအိုကြီးမှာ သံချောင်းပေါင်း သိန်းနှင့်ချီ၍ ဝိညာဉ်ထဲသို့ ထိုးစိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ဖန် ပြန်၍ သတိလစ်သွားသည်။
သို့သော် ထိုတစ်ကြိမ်တွင်။
သူသည် မိမိကိုယ်ကိုယ် မနိုင်နိုင်ကြောင်း သိရှိသွားပြီး ဟုန်ပိုင်ဝေဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
ဝုန်းး
မိစ္ဆာအတတ်ကို ဖျက်ဆီးလိုက်ပြီး ဝိညာဉ်မှာလည်း အစအနမကျန်အောင် ပျက်စီးသွားသည်။
သူသည် တိုက်ရိုက်ပင် မိမိကိုယ်ကိုယ် ဗုံးခွဲလိုက်ပြီး ကိုယ်ခန္ဓာနှင့် နာမ်ဝိညာဉ်ကို တစ်ခါတည်း ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
စွမ်းအားမှာ အလွန် ကြီးမားလှသည်
ကျဲ့ခုံးတို့ သုံးဦးစလုံးမှာ ထိုစွမ်းအားကြောင့် နောက်သို့ ဆုတ်ခွာလိုက်ရပြီး ခေါင်းများမှာ ကိုက်ခဲနေသည်။
ဟုန်ပိုင်ဝေမှာ တိုက်ရိုက် ရင်ဆိုင်ရသူ ဖြစ်သည်။
အမည်းရောင် မြူခိုးအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ကိုယ်ပေါ်ရှိ ခရမ်းရောင် ရွှေစွမ်းအားများမှာ အလွန် မှိန်ဖျော့သွားသည်။
မျက်နှာမှာ ဖြူရော်နေသည်
ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်မှာ သေချာသည်။
လူတိုင်း၏ အမြင်အာရုံ ပြန်လည် ကောင်းမွန်လာသောအခါ ဟုန်ပိုင်ဝေ၏ နတ်ဘုရားကဲ့သို့ ခန့်ညားမှုမှာ အနည်းငယ် နွမ်းနယ်နေသည်။
လူတစ်ယောက်မှာ ထိုနေရာတွင် ရပ်နေသည်။
ဝတ်ရုံနက် လူအိုကြီးမှာ သေဆုံးသွားပြီး ဝိညာဉ်မှာလည်း လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။
ဟုန်ပိုင်ဝေမှာ ဒေါသကို မထိန်းနိုင်တော့ပေ
ဤတစ်ခေါက် ကျန်းထင်ရှန်းသို့ ဝင်ရောက်လာခြင်းမှာ အဘယ်ကြောင့် ဤမျှထိ အဆင်မပြေ ဖြစ်ရသနည်း
ကျဲ့ခုံး က အကြည့်ကို လျှော့ချလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"ဟုန်ပိုင်ဝေ၊ အဲဒီ ကျောက်တုံးသေတ္တာကို ထုတ်ပေးလိုက်စမ်း "
ဟုန်ပိုင်ဝေမှာ ဒေါသထွက်ပြီး ရယ်မောလိုက်သည်။
အရင်က သူ အဘယ်ကြောင့် မမြင်မိသနည်း၊ ထို တာ့ရှန်းကော် ဘုရားကျောင်းမှ ကိုယ်တော်က နတ်ဘုရားအခွင့်အရေးအပေါ် ထိုမျှအထိ လောဘကြီးနေသည်ကို
"ထွက်သွားစမ်း"
"ငါ့ကို မနှောင့်ယှက်နဲ့"
ဟုန်ပိုင်ဝေက အေးစက်စွာ ပြောလိုက်သည်။
ကျဲ့ခုံး မှာ မျက်နှာပျက်သွားပြီး လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ထုလိုက်သည်။
ငါတို့ တာ့ရှန်းကော် ဘုရားကျောင်းက မင်းရဲ့ မော်ရှန်း ဂိုဏ်းကို မကြောက်ဘူး
ဝုန်းး
နှစ်ဦးစလုံးမှာ လေကဲ့သို့ မြန်ဆန်စွာ တိုက်ခိုက်နေပြီး ခဏတာအတွင်းမှာပင် ရင်ဆိုင်မိကြသည်။
လီယန်ချူမှာ သူ၏ "အဝေးမှ ပစ္စည်းကို လုယူခြင်း" တာအိုအတတ်ကြောင့် ဤမျှလောက်အထိ ဖြစ်ပျက်သွားသည်ကို မသိရှိပေ။
သူသည် ထိုတာအိုအတတ်မှာ ယနေ့ညတွင် အောင်မြင်မှုနှုန်း အလွန် မြင့်မားနေသည်ဟုသာ ခံစားရသည်။
ဝတ်ရုံနက် လူအိုကြီးကဲ့သို့သော ကျွမ်းကျင်သူ၏ လက်ထဲမှပင် လုယူနိုင်ခဲ့သည်။
သူ၏ ကိုယ်ခံပညာမှာ အလွန် မြန်ဆန်ပြီး ထိပ်ဆုံးနေရာသို့ ရောက်ရှိနေပြီဖြစ်ကာ အရင်က တောင်ကမ်းပါးပေါ်ရှိ တာအိုနန်းတော်သို့ ပြန်မသွားတော့ပေ။
ထိုအစားတွင် တောက်ပသော အလင်းတန်းကို ရှာဖွေပြီး အခြား တာအိုနန်းတော်ဆီသို့ ခရီးဆက်ခဲ့သည်။
အမှောင်ဖုံးအတတ် က သူ၏ ကံကြမ္မာကို ကောင်းစွာ ဖုံးကွယ်ပေးနိုင်ပြီး၊ အသက်ရှုသံကိုလည်း ထိန်းချုပ်ပေးသည်။
တည်ရှိမှု လျော့နည်းစေသည်။
ယုတ္တိအရဆိုလျှင် သူသည် မိစ္ဆာများနှင့် တွေ့ဆုံနိုင်ခြေ နည်းပါးပြီး လမ်းတစ်လျှောက်တွင် အန္တရာယ်ကင်းစွာ သွားလာနိုင်ခဲ့သည်။
တာအိုနန်းတော်ထဲသို့ အောင်မြင်စွာ ရောက်ရှိသွားသည်။
သူ ဝင်လိုက်သည်နှင့်
တာအိုနန်းတော်ထဲတွင် လူနှစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဘယ်သူလဲ"
လီယန်ချူ၏ အရှိန်မှာ အလွန် မြန်ဆန်လွန်းသဖြင့် တာအိုနန်းတော်ထဲတွင် ရှိနေသူများမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ
ရန်သူဟု ထင်မှတ်ပြီး မိစ္ဆာများ ဝင်ရောက်လာသည်ဟု ထင်လိုက်သည်။
လာရောက်သူမှာ ခန့်ညားပြီး ထူးချွန်သော လူငယ် တာအိုဆရာ တစ်ယောက် ဖြစ်ကြောင်း မြင်လိုက်ရသောအခါ စိတ်အေးသွားသည်။
သို့သော် စိတ်ချမှု အပြည့်အဝ မရှိသေးပေ။
လီယန်ချူ အနည်းငယ် တုန်လှုပ်သွားပြီး ထိုတာအိုနန်းတော် အပျက်အစီးထဲတွင် လူများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူသည် စိတ်အားထက်သန်နေသည်။
ထို ကျောက်တုံးသေတ္တာထဲတွင် မည်သည့် ရတနာများ ရှိနေသည်ကို ကြည့်လိုသည်။
"မိတ်ဆွေတို့ အထင်မမှားပါနဲ့ ကျုပ်က ဒီနေရာမှာ ခဏနားဖို့ပါပဲ မကောင်းတဲ့စိတ်နဲ့ လာတာမဟုတ်ပါဘူး"
ထိုသူများမှာ ထိုစကားကို ကြားသောအခါ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် လီယန်ချူကို မတိုက်ခိုက်ဘဲ တစ်နေရာစီတွင် နေရာယူလိုက်ကြသည်။
လီယန်ချူ၏ ကိုယ်ပေါ်တွင် အပိုပစ္စည်း မရှိဘဲ ကျန်ကျောင်းဓားကိုသာ ခါးတွင် ချိတ်ထားပြီး အဝတ်အစားများမှာ သွေးများဖြင့် ပြည့်နှက်နေသည်။
သေချာသည်။
ဒါတွေက အကုန်လုံး တခြားသူတွေရဲ့ သွေးတွေပဲ။
တစ်ဖက်လူမှာလည်း ထိုလူငယ် တာအိုဆရာမှာ ပြင်းထန်သော စစ်ပွဲတစ်ခုကို ဖြတ်သန်းလာသည်မှာ သေချာသည်ဟု ယူဆသည်။
သူ့၏ တည်ငြိမ်သော အမူအရာကို ကြည့်ပါ။
မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။
ထိုအခါ သူ၏ သွေးများမှာ ရန်သူရဲ့ သွေးများ ဖြစ်သည်မှာ ထင်ရှားသည်။
"ဒီလူက ရက်စက်တဲ့သူပဲ "
လီယန်ချူသည် တာအိုနန်းတော်တွင် တစ်ယောက်တည်း နားနေသည်။
ခုနက သူသည် စပျစ်သီး ခုနစ်လုံး သို့မဟုတ် ရှစ်လုံးကို စားလိုက်ရပြီး အင်အားများ အပြည့်အဝ ရှိနေသည်။
အကယ်၍ အမှောင်ဖုံး အတတ်သာ မရှိပါက
ယခုအချိန်တွင် သူ၏ ပြင်းထန်သော သွေးချီစွမ်းအင်မှာ မည်သူမဆို မြင်နိုင်သည်မှာ သေချာသည်။
ဝုန်းးး
အဝေးမှ ကြီးမားသော တိုက်ခိုက်သံများ ထွက်ပေါ်လာသည်
အခါအားလျော်စွာ မီးတောက်များ ထွက်ပေါ်လာသည်
တာအိုနန်းတော်အတွင်းရှိ လူများသည် ကြောက်လန့်နေကြပြီး မည်သူက ဤမျှ ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်ကို မသိကြပေ။
"ဒီ နတ်ဘုရားနယ်မြေက တကယ်ကို ထူးခြားတာပဲ၊ ဘယ်လောက်တောင် အန္တရာယ်တွေ ပုန်းကွယ်နေလဲ မသိနိုင်ဘူး "
"ဟုတ်တယ်၊ ငါတို့ အားလုံး စုစည်းပြီး အဲဒီ တာအိုဆရာတွေ၊ ဘုန်းကြီးတွေဆီကနေ နတ်ဘုရားအခွင့်အရေးကို လုယူရမယ် "
"အဲဒီလိုပဲ လုပ်ကြစို့"
လူသုံးဦးမှာ အတော်လေး သဟဇာတ ဖြစ်ကြပြီး အင်အားကြီးမားသော အဖွဲ့အစည်းများထံမှ နတ်ဘုရားအခွင့်အရေးကို လုယူရန် စီစဉ်နေကြသည်။
လီယန်ချူ အနည်းငယ် ပြုံးလိုက်သည်။
သို့သော် သူ၏ အကြည့်မှာ အမှောင်ထဲသို့ ရောက်ရှိနေသည်။
"အဲဒီ ဝတ်ရုံနက် လူအိုကြီးက တကယ်ပဲ အသက်ပြင်းတာပဲလား "
သူသည် ထိုအတွေးကိုသာ တွေးလိုက်ပြီး ထပ်မံ ဂရုမစိုက်တော့ပေ။
တိုက်ခိုက်သံများမှာ တစ်ညလုံး ပျံ့နှံ့နေပြီး ရလဒ်မှာ မည်သို့ ဖြစ်မည်ကို မသိရှိရပေ။
ထိုသူသုံးဦးထဲတွင် မျက်နှာ အသားအရေ မည်းနက်ပြီး မုတ်ဆိတ်မွေး ထူထပ်သော လူကြီးတစ်ယောက်မှာ လီယန်ချူကို တိုက်ခိုက်ရန် ကြိုးစားသည်။
လူဦးရေ အားသာချက်ကို အသုံးချပြီး သွေးများဖြင့် ရွှဲနစ်နေသော ထိုလူငယ် တာအိုဆရာကို သတ်ပစ်ရန် ဖြစ်သည်။
သို့သော် သက်လတ်ပိုင်းအရွယ် ပညာတတ် လူကြီး တစ်ယောက်က တားဆီးလိုက်သည်။
"ဒီလူရဲ့ စွမ်းအားကို မသိရသေးဘူး ပြီးတော့ မနေ့ညက မငြိမ်သက်မှုတွေကြားက ရောက်လာတာ ဖြစ်နိုင်တယ်၊ အဆင်အခြင်မဲ့ မလုပ်ကြနဲ့ "
သက်လတ်ပိုင်းအရွယ် ပညာတတ် လူကြီးမှာ သတိထားတတ်သူ ဖြစ်ပြီး သူ့အပေါင်းအဖော် နှစ်ယောက်နှင့်အတူ ထို တာအိုနန်းတော်မှ ထွက်ခွာသွားသည်။
သူတို့ ထွက်ခွာသွားသည်အထိ။
လီယန်ချူမှာ မျက်လုံးကို ဖွင့်လိုက်ပြီး တရားမှတ်ခြင်းမှ ထွက်လာသည်။
"ဒီလူသုံးယောက် ဘာလို့ ဒီလောက်အထိ အဝေးကို ရောက်လာနိုင်တာလဲ ဆိုတာ အံ့ဩစရာပဲ "
သူ အနည်းငယ် ပြုံးလိုက်သည်။
ကျောက်တုံးသေတ္တာကို ထုတ်လိုက်သည်။
ကျောက်တုံးသေတ္တာပေါ်တွင် တားမြစ်ချက် တစ်ခု ရှိပြီး အလွန် ပြင်းထန်ခြင်း မရှိပေ၊ အချိန်ကြာမြင့်မှုကြောင့် အားနည်းသွားပြီ ဖြစ်သည်။
လီယန်ချူက လက်ကို အပေါ်တင်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ စွမ်းအားများမှာ ကျောက်တုံးသေတ္တာထဲသို့ အဆက်မပြတ် စီးဝင်နေသည်။