← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

Chapter 61

~

အခန်း ၆၁

~

ဝမ်စုန့်ဟဲ၏ ဆေးပညာဖြင့်ဆိုလျှင် ချောင်မူ၏ အပြင်ဒဏ်ရာများ ပျောက်ကင်းရန် တစ်လလောက်သာ အနားယူရမည်ဖြစ်သော်လည်း အတွင်းဒဏ်ရာများက ပြဿနာရှိနေ၏ ။

" ခင်ဗျား သွေးကြောတွေက ပျက်ဆီးကုန်ပြီ ..အတွင်းအားလည်း မရှိတော့ဘူး.. သိုင်းပညာလမ်းစဥ် ပြီးဆုံးသွားမှာကိုပဲ ကျုပ်စိုးရိမ်မိတယ်.. "

ဝမ်စုန့်ဟဲက ခေါင်းခါပြီး သက်ပြင်းချလိုက်၏ ။ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်း၏ ဘေးထွက်ဆိုးကျိုးများကို ဆေးပညာဖြင့် ကုသရန် မလွယ်ပေ ။ ထို့ကြောင့်သာ ဤသိုင်းပညာက နာမည်ကြီးနေခြင်းဖြစ်သည် ။

သို့ရာတွင် ဝမ်စုန့်ဟဲအား အံ့အားသင့်စေသည်က ချောင်မူ၏ တည်ငြိမ်နေသော အမူအရာပင် ။

" ကိစ္စမရှိဘူး. . "

ချောင်မူက...

" ကုံးယန်ကို သတ်နိုင်ခဲ့တာပဲ.. ဒီလောက် ပေးဆပ်ရတာ ဘာမှ မဖြစ်ဘူး.. "

ချောင်မူက ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏ ။ သူ တစ်ခါသေလိုက်လျှင် အကောင်းအတိုင်း ဖြစ်သွားမည်ဖြစ်၍ စိတ်မပူချေ ။

သိူ့သော်လည်း ထိုသို့ စိတ်အေးလက်အေးဖြစ်နေသည့် ချောင်မူ၏ အမူအရာကြောင့် ဝမ်စုန့်ဟဲနှင့် ဓားပြများ ပို၍ပင် လေးစားသွားကြသည် ။ သွေးကြောများ ပျက်ဆီးပြီး အတွင်းအား ပျောက်ကွယ်သွားသည်က သာမန်သိုင်းပညာရှင်တစ်ယောက်ဆိုလျှင် သတ်သေသွားနိုင်၏ ။

" တကယ်တော့.. ကုသနည်း ရှိတယ်.. "

ဝမ်စုန့်ဟဲက ခဏစဥ်းစားလိုက်ပြီး...

" ခင်ဗျား ဒဏ်ရာတွေက တစ်ညထဲနဲ့ ကုလို့မရပေမဲ့ ဆယ်စုနှစ်တစ်ခုလောက် ဆေးစွဲသောက်ရင် ပျောက်ကင်းနိုင်တယ်.. ကျုပ် ဆေးညွှန်း ရေးပေးလိုက်မယ်.. "

" ဒါပေမဲ့ ပြဿနာတစ်ခုက ဆေးညွှန်းထဲမှာ ပါတဲ့ ဆေးတွေက မြို့ကြီးတွေမှာပဲ ရနိုင်လိမ့်မယ်.. ယန်မြို့မှာ မရှိလောက်ဘူး.. "

" မြောက်ဘက်မှာရှိတဲ့ ဟဲရန်မြို့ မှာဆိုရင်​တော့ ဝယ်လို့ရနိုင်တယ်.. "

' ဟဲရန်မြို့လား..'

ချောင်မူ စိတ်လှုပ်ရှားသွား၏ ။ ဆေးညွှန်းကြောင့် မဟုတ်ဘဲ သူ ဟဲရန်မြို့သို့ သွားချင်၍ပင် ။

ယန်မြို့တွင် မြို့စားသေပြီးနောက် သူ့အား ရန်စရဲသူ ရှိမည် မထင် ။ ထို့အပြင် သူ၏ လက်ရှိအင်အားဖြင့်ဆိုလျှင် အဆင့်မြင့်မြင့် သေချင်ပါက အင်အားကြီးမားသည့် ရန်သူကို လိုက်ရှာရပေမည် ။

မြောက်ဘက်ရှိ ဟဲရန်မြို့တွင် ဆိုလျှင်တော့...

ချောင်မူက မြောက်ဘက်သို့ ကြည့်လိုက်သော်လည်း သစ်တောများနှင့် တောင်တန်းများကိုသာ မြင်နေရသည် ။

" အကိုဝမ်.. ဒီဘက်ခြမ်းက မြောက်ဘက်လား.. "

ချောင်မူက လက်ညိုးထိုးပြီး မေးလိုက်၏ ။

" ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ.. "

ဝမ်စုန့်ဟဲက ပြန်ဖြေသည် ။

ချောင်မူ စိတ်လှုပ်ရှားနေရခြင်းမှာ အကြောင်းရှိ၏ ။ သူ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း တက်မြောက်ပြီးကတည်းက မြောက်ဘက်အရပ်မှ တစ်ခုခု ဆွဲဆောင်နေသလို ခံစားနေရ၏ ။

' မြောက်ဘက်မှာက ဟဲရန်မြို့လား.. '

' ချောင်စန်းရွှယ်ရဲ့ ဇာတိလည်း ဟုတ်တာပဲ.. '

" ကျုပ် ဟဲရန်မြို့ကို သွားဖို့ ဆုံးဖြတ်လိုက်ပြီ.."

ချောင်မူက ခေါင်းညိတ်၍ ပြောလိုက်သည် ။ သို့ရာတွင် သခင်လေးကုံး ပြောခဲ့သည်ကို သူ မမေ့သေး ။ ယန်ဧကရာဇ် လာနိုင်သည်ဖြစ်၍ သူ ယန်မြို့သို့ ပြန်လာရပေအုံးမည် ။

ဝမ်စုန့်ဟဲက စာရွက် တစ်ရွက်ပေါ်တွင် ဆေးစာအမြန်ရေးလိုက်ပြီး ချောင်မူကို ပေးလိုက်၏ ။ ထို့နောက်...

" အကိုချောင် ဟဲရန်မြို့ကို သွားမှာဆိုရင် ကျုပ်အကြံပြုစာ ရေးပေးလိုက်မယ်.. "

" အကိုချောင် ဟဲရန်မြို့ကို ရောက်လို့ အသိမရှိရင် ဒုက္ခသည်အဖြစ် သတ်မှတ်ခံရလိမ်မယ်.. ဟဲရန်မြို့မှာ ကျုပ်အသိ အရာရှိ တစ်ယောက် ရှိတော့ သူ့ဆီကို စာရေးပေးလိုက်မယ်.. အဲ့တာဆို အလုပ် တစ်ခုရဖို့ မခက်တော့ဘူး.. "

ဝမ်စုန့်ဟဲ၏ အမြင်အရ ချောင်မူသည် ဒုက္ခိတ သာသာ ဖြစ်သွား၍ ရှင်သန်ရပ်တည်နိုင်ရန် ကူညီပေးလိုခြင်း ဖြစ်သည် ။ ယခု ချောင်ဆန်းအတွက် အရေးကြီးဆုံးမှာ ဆေးကုရန်နှင့် အလုပ်တစ်ခု ရရန်ပင်ဖြစ်သည် ။ ကုံးယန်အား ရှင်းလင်းပေးခဲ့သည့် ကျေးဇူးကို သူတက်နိုင်သမျှ ပြန်ဆပ်ရပေမည် ။

ချောင်မူက ငြင်းဆန်မရ၍ လက်ခံလိုက်သည် ။ သူတစ်ခါသေပြီးလျှင် ပြန်ကောင်းလာနိုင်သော်လည်း ဟဲရန်မြို့တွင် အဆက်အသွယ် ရှိခြင်းက တချို့အခက်အခဲများအား ဖြေရှင်းနိုင်၏ ။

သို့ရာတွင် ချောင်မူ နားမလည်သည့် ကိစ္စတစ်ခုရှိနေသည် ။

" ဒါနဲ့ ခင်ဗျားက ဓားပြ ဖြစ်ပြီး အရာရှိတွေနဲ့ အဆက်အသွယ် ရှိတယ်လား.. တခြားသူတွေကို ကူညီဖို့တောင် စာပေးနိုင်သေးတာလား.. "

" အဲ့လူက ကျုပ်ငယ်ငယ်လေးထဲက ခင်လာတဲ့ မိတ်ဆွေတစ်ယောက်မို့ပါ.. "

ဝမ်စုန့်ဟဲက အသေးစိတ်မရှင်းပြဘဲ မြန်မြန်ပြန်ဖြေလိုက်၏ ။

ဘေးတွင် ရပ်စောင့်နေသည့် ကျန်းခွေက စိတ်မရှည်တော့ ...

" အကိုဝမ်.. အကိုချောင်လည်း နိုးပြီဆိုတော့ ပစ္စည်း ခွဲကြမယ်လေ.. "

" ဟုတ်တယ်.. ဟုတ်တယ်.. ခွဲကြမယ်.. "

ချောင်မူက အမြန်ထောက်ခံလိုက်ပြီး ...

" ကျုပ်က ရွှေငွေ ရတနာတွေ သိပ်စိတ်မဝင်စားဘူး .. ကျုပ်သေရင် ယူသွားလို့မှ မရတာ.. သိုင်းကျမ်းတွေကိုပဲ ​ပိုပြီး စိတ်ဝင်စားတယ်.. "

ထို့နောက် ဝမ်စုန့်ဟဲ အမိန့်ပေးလိုက်ရာ ဓားပြများက ရတနာများ သယ်လာကြ၏ ။

လက်ဝတ်ရတနာများ တလက်လက်တောက်ပနေသော်လည်း ချောင်မူက မကြည့်ဘဲ သိုင်းကျမ်းများကိုသာ လှန်လှောရှာဖွေနေသည် ။

" အကိုချောင် သိုင်းကျမ်း စိတ်ဝင်စားရင် ဒီမှာ ထိပ်တန်းရှေးဟောင်းကျင့်စဥ် တစ်ခုတော့ ရှိတယ်.. "

ကျန်းခွေက စာအုပ်တစ်အုပ်ကို ကောက်ယူပြီး စိတ်အားထက်သန်စွာ ပေးလိုက်၏ ။

မာကျောသော စာအုပ်အဖုံးတွင် စာလုံးငါးလုံး ရေးထားသည် ။

" အဆုံးမဲ့သန့်စင်သောယန်ကျင့်စဥ်.. "

" ဒါက တော်တော်လေး မိုက်တယ် .."

ကျန်းခွေက စာအုပ်ကို ချီးကျူးဟန်ဖြင့် ပြောလိုက်သည် ။

" ဒီကျင့်စဥ်က ဝူတန်ဂိုဏ်းရဲ့ ထိပ်တန်း ကျင့်စဥ်လေ.. အတွင်းအားရော စိတ်ဝိညာဥ်စွမ်းအားပါ လေ့ကျင့်နိုင်တယ်.. ဒါကို ဝူတန်ဂိုဏ်းရဲ့ သူတော်စင် ကျန်းစန်းဖုန်း ကိုယ်တိုင်တီထွင်ခဲ့တာလို့ ပြောကြတာပဲ... ဒီကျင့်စဥ်က ​တော်တော်လေးထူးခြားတယ် .. ကံဆိုးတာက တဝက်ပဲ ရှိတာ.."

" ကုံးယန် ရဲ့ အဆင့်နဲ့ ကျင့်စဥ် တစ်ဝက်လောက် ရနိုင်တာကပဲ အံ့သြစရာကောင်းနေပြီ.. "

" ဝူတန်ဂိုဏ်းရဲ့ ထိပ်တန်းကျင့်စဥ်က ဘယ်လိုလုပ် ကုံးယန်လက်ထဲ ရောက်နေတာလဲ.. "

ချောင်မူက အံ့အားသင့်စွာ မေးလိုက်ပြီး...

" ပြီးတော့ ရှေးဟောင်းကျင့်စဥ်ဆိုတာ ဘာကိုဆိုလိုတာလဲ.. "

" အဲ့တာ သိုင်းသူတော်စင်ကြောင့်ပဲ.. "

ဝမ်သုန့်ဟဲက ခေါင်းယမ်းရင်း ပြောလိုက်သည် ။

" လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဝူတန်နဲ့ ရှောင်လင်ကို နာမည်ကြီး သိုင်းဂိုဏ်းတွေ ရှိသေးတယ်လေ.. ခုတော့ အတိတ်မှာ ကျန်ခဲ့ပြီ.. "

" သိုင်းသူတော်စင် ပေါ်မလာခင်က သိုင်းကျမ်းတွေ ကျင့်စင်တွေကို ရှေးဟောင်းလို့ ခေါ်တယ်.. ခု​နောက်ပိုင်းက ခေတ်သစ်နည်းတွေ ဖြစ်ကုန်ပြီပေါ့.. "

" သိုင်းသူတော်စင် ပေါ်လာ​တော့ မဟာရန်အင်ပါယာ မှာရှိတယ့် ထိပ်တန်း သိုင်းဂိုဏ်းတွေ မိသားစုကြီး တွေ အကုန်လုံးနီးပါး အဖျက်ဆီး ခံခဲ့ရတယ်.. "

" ရှောင်လင်.. ဝူတန်..ဟောင်တုန်း.. ဟွာရှန်း တို့လို ဂိုဏ်းတွေ အပြင် ဟဲရန်မြို့က ချောင်မိသားစုလိုမျိုး သူတို့ရဲ့ သိုင်းပညာကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ ဂိုဏ်းတွေ အကုန် မရှိတော့ဘူး.. "

" ကုံးယန်က ဒီကျင့်စဥ်ကို ဝူကျိအသင်းကနေ ရတာဖြစ်မယ်.. "

" တကယ်ဆို ဒီကျင့်စဥ်မျိုးက ဝူတန်ဂိုဏ်းရဲ့ အဓိကတပည့်တွေပဲ သင်ခွင့်ရတာ.. "

Chapter 62

~

အခန်း ၆၂

~

ဝူကျိအသင်း၏ ရည်ရွယ်ချက်မှာ သိုင်းလမ်းစဥ်၏ ကန့်သတ်ချက်ကို ဖောက်ထွက်နိုင်ရန်ဖြစ်သည် ။

သိုင်းသူတော်စင်သည် သူ၏ ခွန်အားဖြင့် ထိပ်တန်းဂိုဏ်းများနှင့် မိသားစုကြီး များစွာကို ဖျက်ဆီးခဲ့ပြီး သိုင်းကျမ်းများစွာ သိမ်းပိုက်ခဲ့၏ ။

ဝူကျိအသင်း၏ အဖွဲ့ဝင်များသည် ထိပ်တန်းကျင့်စဥ်များအား ကုန်ကျစရိတ်သက်သာစွာ ရရှိနိုင်သည် ။

ကုံးယန်ကဲ့သို့ အဆင့် ၆ သိုင်းပညာရှင် တစ်ယောက်ပင် အဆုံးမဲ့သန့်စင်သောယန်ကျင့်စဥ် ရနိုင်လျှင် ထိပ်တန်း အဖွဲ့ဝင်များဆိုပါက ဆိုဖွယ်ရာမရှိတော့ ။ အတိတ်တွင် ဤသို့ သိုင်းကျမ်းများ လွယ်လင့်တကူ ရနိုင်သည်ဟု ပြောပါက ဟာသတစ်ပုဒ်သာ ဖြစ်နေပေမည် ။

ချောင်မူက သိုင်းကျမ်းအား ဂရုတစိုက်ဖတ်ကြည့်ပြီးနောက် ထူးဆန်းသည့် အရာတစ်ခုကို သိရှိသွား၏ ။

' ဒီကျင့်စဥ်က အသုံးမပြုရသေးတဲ့ ယန်ဓာတ်နဲ့ ကျင့်ကြံမယ်ဆိုရင် တိုးတက်မှု နှစ်ဆ ပိုမြန်မယ် ဆိုပါလား.. ဒါ လူပျိုစင် ချီကုန်း တွေကို အဆင့်မြှင့်ထားတဲ့ 4k ဗားရှင်းလို့ ပြောရမှာပေါ့.. '

အဆုံးမဲ့ သန့်စင်သောယန်ကျင့်စဥ်သည် လူပျိုစင် မဟုတ်လျှင်ပင် ကျင့်ကြံနိုင်သည် ။ သို့ရာတွင် လူပျိုစင်များထက် တိုးတက်မှုနှုန်း နိမ့်ကျနေမည်ဖြစ်သည် ။

ချောင်မူသည် ဓားပြများ စိတ်မဝင်စားခြင်းကို နားလည်သွား၏ ။ ဤသိုင်းကား နှစ်တစ်ထောင် fa များအတွက်သာ သင့်တော်နေသည် ။

" ဒီသိုင်းက ငါနဲ့ သင့်တော်တာပဲ. "

ချောင်မူက တိုးတိုးလေး ပြောမိလိုက်၏ ။

သို့သော်လည်း ကျန်းခွေနှင့် ဓားပြများက သူ့အား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသည် ။ ဤသိုင်းသည် လူပျိုစင်များအတွက် သင့်တော်သော်လည်း ကလေးနှစ်ယောက်အဖေက မည်သည့်အတွက်ကြောင့် သင့်တော်ပါမည်နည်း ။

ချောင်မူက ရှင်းမပြ ။ သူ၏ ငယ်ရွယ်မှုကို သူသာလျှင်သိသည် ။ ယခု အသက်လေးဆယ်ကျော်နေသော်လည်း သူ၏ အသက်အစစ်အမှန်မှာ ၁၅ နှစ်ကျော်သာ ရှိသေးသည် ။

" ကျုပ်သွေးကြောတွေ ပျက်ဆီးနေပြီဆို​တော့ မလေ့ကျင့်နိုင်တော့ဘူးလေ.. ကျုပ်တို့ ချောင်မိသားစုက ကလေးတွေ အတွက်ပါ.. "

ချောင်မူက ခပ်တည်တည်ဖြင့် လိမ်ပြောလိုက်၏ ။

ဝမ်စုန့်ဟဲတို့ အဖွဲ့က ချောင်မိသားစုအား ပို၍ပင် လေးစားသွားကြသည် ။

" ဒါပေမဲ့ ကျုပ်တစ်ခုတော့ မေးအုံးမယ်.. "

ချောင်မူက...

" ဝူတန်ဂိုဏ်းရဲ့ သူတော်စင် ကျန်းက ရှေးခေတ် သိုင်းလောက ခေါင်းဆောင်လို့တောင် ပြောလို့ရတယ်လေ.. သူ ဖန်တီးခဲ့တဲ့ ကျင့်စဥ်က ထိပ်တန်းအဆင့်တွေ .."

" သိုင်းသူတော်စင်ကရော... ပြီး​တော့ ရှေးဟောင်းကျင့်စဥ်တွေနဲ့ သိုင်းသူတော်စင် ဖန်တီးထားတဲ့ ခေတ်သစ်နည်းလမ်းတွေကို ဘယ်လို ခွဲလို့ရလဲ.. "

ချောင်မူသည် သိုင်းသူတော်စင်နှင့် ပက်သက်လျှင် အမြဲစုံစမ်းချင်နေ၏ ။ ချောင်စန်းရွှယ်က သူမဘာသာ လက်စားချေမည်ဟု ပြောသော်လည်း သူ မကူညီဘဲ မနေနိုင် ။

" အကိုချောင်က သိုင်းသူတော်စင်ကို လျော့တွက်ထားတာပဲ.. "

ဝမ်စုန့်ဟဲက ပြုံးလိုက်၏ ။ သိုင်းသူတော်စင်အကြောင်းပြောရင်း သူ့မျက်ဝန်းများက တောက်ပလာသည် ။

" သိုင်းသူတော်စင်က ရှေးခေတ်က သူတော်စင်တွေနဲ့ ကွန်ဖြူးရှပ် ဝါဒရဲ့ သူတော်စင် နာမကို ယူပြီး သူ့ကိုယ်သူ သိုင်းသူတော်စင်လို့ နာမည်ပေးထားတာ.. "

" ကွန်ဖြူးရှပ် ပညာရှင်တွေက လူတွေကို ညဏ်အလင်းပေးပြီး လမ်းမှန် ပြတက်လို့ လူတွေက လေးစားကြတယ်.. "

" ဆိုလိုတာက.. သိုင်းသူတော်စင်က သူ့ကိုယ်သူ သူတော်စင်လို့ ခံယူပြီး သိုင်းပညာရဲ့ အကန့်အသတ်ကို ချီုးဖျက်နိုင်ဖို့.. သိုင်းပညာမျိုးဆက်သစ်တစ်ခု ဖန်တီးနိုင်ဖို့ နဲ့ မျိုးနွယ်ခြားတွေကို တိုက်ခိုက်နိုင်ဖို့ အမြဲကြိုးစားနေတာပေါ့.. "

" အဲ့တာကြောင့် ဝူကျိအသင်းဝင်တွေက ထိပ်တန်းသိုင်းကျမ်းတွေကို လွယ်လွယ်ရနိုင်တာ.. "

" သူ ဖန်တီးထားတဲ့ သိုင်းကျင့်စဥ်တွေက ရှေးဟောင်းကျင့်စဥ်တွေထက်တောင် ဆန်းကြယ်သေးတယ်.. ဒါက​တော့ အကိုချောင် တွေ့ဖူးရင် နားလည်သွားလိမ့်မယ်.. "

ချောင်မူက သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျင့်စဥ်ကို စဥ်းစားမိပြီး ခေါင်းညိတ်လိုက်၏ ။

ဝမ်စုန့်ဟဲက ဆက်ပြောသည် ။

" သိုင်းသူတော်စင် ရှေးခေတ်မှာ မွေးလာရင် အဲ့ခေတ်ရဲ့ နံပါတ် ၁ ဖြစ်နေမှာ သေချာတယ်.. "

ဝမ်စုန့်ဟဲသည် စကားပြောရင်း ချောင်မိသားစုသည် သိုင်းသူတော် ရှင်းလင်းသည့်အထဲတွင် ပါဝင်နေမှန်း သတိရသွား၏ ။ စကားလမ်းကြောင်းကို လျင်မြန်စွာ ပြောင်းလိုက်သည် ။

" ဒါပေမဲ့ သိုင်းသူတော်စင်က မရေမတွက်နိုင်တဲ့ လူတွေကို ဘဝပျက်စေခဲ့တာ.. သူက ခွင့်လွှတ်လို့မရတဲ့ မကောင်းဆိုးဝါး တစ်ကောင်ပဲ .."

" အတားအဆီးများကို ချိုးဖျက်ခြင်းဆိုပြီး အသံကောင်းလွှင့်နေပေမဲ့ တကယ်က သူ့လက်အောက်မဝင်တဲ့ သူတွေကို အကုန်ရှင်းပစ်နေတာပဲလေ.. "

ဝမ်စုန့်ဟဲက ချောင်မူ၏ ရှေ့တွင် သိုင်းသူတော်စင်အကြောင်း ပြောရသည်ကို ရှက်လာသဖြင့် စာအုပ်ပုံထဲမှ သိုင်းကျမ်းအချို့ကို ရွေးထုတ်လိုက်၏ ။

" အရိပ်ပြောင်းလဲခြင်းဓားသိုင်း .. ဒါ ကုံးယန်သုံးတဲ့ ဓားသိုင်းလေ.. ရှုပ်ထွေးပြီး အမြန်နှုန်းကို ဦးစားပေးတဲ့ ဓားသိုင်းပဲ.. အကိုချောင် ကြုံဖူးမှာပေါ့.. "

ချောင်မူက ခေါင်းညိတ်လိုက်၏ ။ ကုံးယန်၏ ဓားသိုင်းသည် ရှုပ်ထွေးလျင်မြန်လှသဖြင့် ချောင်မူကိုယ်တိုင်ပင် ခံစားခဲ့ရဖူးသည် ။ ကုံးယန်သာ အသက်စွန့်တိုက်ခိုက်ရန် သတ္တိရှိပါက မည်သူ အသက်ရှင်နိုင်မည်ကို ပြောမရပေ ။ ကုံးယန်၏ ခွန်အားသည် သူ၏ ဓားသိုင်းအပေါ် မူတည်နေသည် ။

" သိုင်းသူတော်စင်က သိုင်းပညာရှင်တွေကို နန်းတော်အရာရှိ စနစ်အတိုင်း အဆင့် ကိုးဆင့်ခွဲလိုက်တာ.. အရင်က ဒီလို မဟုတ်ဘူး.. ဝူကျိအသင်းမှာ သိုင်းကျမ်းလိုချင်ရင် အသင်းကို ကူညီတဲ့အမှတ် စုဆောင်းရပြီး အလှူငွေလည်း ပေးရတယ်.."

" အဆုံးမဲ့သန့်စင်သောယန်ကျင့်စဥ်ကို တဝက်ပဲရှိတယ်ဆိုပြီး အထင်မသေးနဲ့.. ဒီတဝက်တောင် ထိပ်တန်းကျင့်စဥ်လို့ သတ်မှတ်လို့ရတယ်.. "

" အရိပ်ပြောင်းလဲခြင်းဓားသိုင်းကို သိုင်းသူတော်စင်က အဆင့် ၄ လို့ သတ်မှတ်ထားတာ.. ကုံးယန်က အဆင့် ၆ ပေမဲ့ တန်ဖိုးကြီးကြီးမားမား ပေးပြီး လဲထားတာထင်တယ်.. ကျုပ်တို့ ပွသွားတာပေါ့ ဟားဟားဟား.. "

ဝမ်စုန့်ဟဲက သိုင်းကျမ်းများအား လှန်လှောကြည့်ရင်း သူစကားမှားပြောခဲ့သည်ကို ဖာထေးရန် ပါးစပ်ထဲ တွေ့ကရာ လျောက်ပြောနေသည် ။ သူက စာအုပ်များကို လှန်ကြည့်ရင်း စာအုပ်တစ်အုပ်ကို တွေ့သွားပြီး ပြုံးလိုက်ကာ...

" အကိုချောင် ဒီမှာကြည့်.. ခန္ဓာပြောင်းကျင့်စဥ်.. ဒါက သိုင်းသူတော်စင် ဖန်တီးထားတဲ့ ခေတ်သစ်ကျင့်စဥ် .."

ချောင်မူ အံ့သြရပြန်သည် ။ သိုင်းသူတော်စင် ဖန်တီးထားသည့် ကျင့်စဥ်များ၏ နာမည်မှာ ရှေးဟောင်းကျင့်စဥ်များနှင့် ကွာခြားနေသည် ။ ဝူကျိအသင်းသည် အမှန်ပင် ရတနာသိုက်တစ်ခုပင် ။

' ဒီနေ့ ရလိုက်တာ များသားပဲ.. '

ချောင်မူ ကျေနပ်သွား၏ ။ ချောင်စန်းရွှယ်ကြောင့် ဝူကျိအသင်းကို ပစ်မှတ်ထားခဲ့သော်လည်း သိုင်းကျမ်းများစွာ ရလိုက်သည် ။

" ဒီကျင့်စဥ်အကြောင်း ကျုပ်ကို ရှင်းပြအုံး.. "

ချောင်မူက မလှုပ်ရှားနိုင်သဖြင့် ဝမ့်စုန့်ဟဲအား အကူအညီ တောင်းလိုက်သည် ။

All Chapters