← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

Chapter 63

~

အခန်း ၆၃

~

ချောင်မူ သတိလစ်နေသည့် သုံးရက်အတွင်း ဝမ်စုန့်ဟဲသည် ပစ္စည်းမခွဲသေးသော်လည်း ကျင့်စဥ်များအား လက်ရေးမိတ္တူ ကူးထား၏ ။

ထို့ကြောင့် ဝမ်စုန့်ဟဲသည် ခန္ဓာပြောင်းသိုင်းကျမ်းအား အနည်းငယ် နားလည်နေသည် ။

" နားလည်လွယ်အောင် ပြောရရင် ဒီကျင့်စဥ်ကို သိုင်းကျမ်းလို့တောင် ပြောလို့မရတော့ဘူး.. "

ဝမ်စုန့်ဟဲက...

" ဒီကျင့်စဥ်က အဆင့်တွေအများကြီးခွဲထားတယ်လို့ ပြောလို့ရတယ် .."

" အစပြုသူ အဆင့်မှာ မိတ်ကပ်..ရုပ်ပြောင်းခြင်းနဲ့ အရိုးကျုံ့တာ ရှိတယ်.. ကနဦးအဆင့်အထိ ကျင့်ရင်တော့ အရိုးကျုံ့ပြီး ခန္ဓာကိုယ်အသွင်အပြင်ကို ပြောင်းနိုင်တာပေါ့.. "

' ဟမ်.. ဒီလောက်ပဲဆို ရှေးဟောင်းသိုင်းတွေနဲ့ အတူတူပဲလေ.. '

ချောင်မူ တွေးသည် ။ ဤမျှ အဆင့်ဖြင့် ဝူတန်ဂိုဏ်း၏ ထိပ်တန်းသိုင်းကျမ်းများအား ယှဥ်နိုင်မည်မဟုတ်ချေ ။

ဝမ်စုန့်ဟဲက ဆက်ပြော၏ ။

" ရုပ်ပြောင်းတာနဲ့ အရိုးကျုံ့တာက သိုင်းလောကမှာ အသုံးများတဲ့ လှည့်ကွက်တွေလေ.. ဒါကို ခေတ်သစ်ကျင့်စဥ်လို့ ပြောလို့မရဘူး.. အဓိက အကျဆုံးအချက်က ကျွမ်းကျင်အဆင့်ရောက်မှ ပေါ်လာတာ.. လူတစ်ယောက်ရဲ့ စိတ်ဝိညာဥ်နဲ့ ခန္ဓာကိုယ် အသွေး.. အသား တွေကိုပါ ပြောင်းလဲ ထိန်းချုပ်နိုင်ဖို့အထိ ရှင်းပြထားတယ်.. ပြောရရင် ကျွမ်းကျင်အဆင့်အထိရောက်ရင် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်လိုချင်သလို ပြောင်းလဲလို့ ရတာပေါ့.. "

" ဒါပေမဲ့ ကံမကောင်းတာက သိုင်းသူတော်စင်က အစောပိုင်း အဆင့်ထိပဲ ဖန်တီးရသေးတာ.. နောက်ပိုင်းတွေက သူမျှော်မှန်းထားတဲ့ အဆင့်ပဲ ရှိသေးတယ်.. "

ချောင်မူ အံ့သြသွားသည် ။ ဤသည်က လူတစ်ယောက်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲနိုင်ခြင်းပင် ။ သူ မျှော်လင့်ထားသည်က ရုပ်ပြောင်းရုပ်လွဲနည်းလောက်သာဖြစ်သည် ။ ယခုတော့ ဒဏ္ဍာရီထဲတွင်သာ ရှိသည့် လူ့ဖွဲ့စည်းပုံတစ်ခုလုံး စိတ်ကြိုက်ပြောင်းလဲနိုင်သည့် ကျင့်စဥ် ဖြစ်နေ၏ ။

ဤကျင့်စဥ်သည် အဆုံးသတ်အထိ ဖန်တီးထားခြင်း မရှိသော်လည်း ရှေးဟောင်းကျင့်စဥ်များကို ကျော်လွန်နေလေပြီ ။ သိုင်းသူတော်စင်စိတ်ဝိညာဥ် ကျမ်း မှ ခန္ဓာပြောင်းကျင့်စဥ်အထိ ကြည့်လျှင် သိုင်းသူတော်စင်ဟူသည့် နာမည်က ထိုက်တန်နေပေသည် ။

ချောင်မူက သိုင်းကျင့်စဥ်များကို ဂရုတစိုက် သိမ်းစည်းလိုက်သည် ။

အရိပ်ပြောင်းလဲခြင်းဓားသိုင်းက သူ၏ လှံသိုင်းထက် အဆများစွာသာလွန်၏ ။ အဆင့်မြင့် အတွင်းအားကျင့်စဥ် ဖြစ်သော အဆုံးမဲ့သန့်​စင်သောယန်ကျင့်စဥ် နှင့် ရုပ်ဖျက်ရန်အတွက် ခန္ဓာပြောင်းကျင့်စဥ် ရရှိထားသည် ။

သူအရင် ရထားသော သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းစာပါ ပေါင်းလျှင် ပြည့်စုံနေလေပြီ ။

ချောင်မူ ရှုပ်ထွေးသွား၏ ။ သူ ကုံးယန်အား သတ်ရန် ကြိုးစားခြင်းက ဆုလဒ်ဤမျှ ကြီးမားနေမည်ဟု မမျှော်လင့်ခဲ့ချေ ။

" ဒီကျင့်စဥ်တွေကို ကျုပ်တို့ နှစ်ဖက်လုံး ခွဲမှရမယ်.. "

ဝမ်စုန်ဟဲက့ ရုတ်တရက် ပြောလိုက်၏ ။

" အထူးသဖြင့် ဒီ ခန္ဓာပြောင်းကျင့်စဥ်ပဲ.. ဒါကို ကျုပ်တို့ တကယ်လိုအပ်နေတာ.. ဒီသုံးရက် အတွင်းမှာ မိတ္တူတစ်စောင်ဆီ ကူးထားတယ်.. "

" ရပါတယ် ကိစ္စမရှိဘူး.. ခင်ဗျားတို့ ဓားပြတွေကို ဆုကြေးအထုတ်ခံထားရတာဆို​တော့ ဒီကျင့်စဥ်နဲ့ဆို ရုပ်ဖျက်စရာမလိုဘဲ မြို့ထဲသွားလို့ရပြီ.."

ချောင်မူက ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည် ။

" အဲ့လို​တော့ မဟုတ်ဘူး.. ကျုပ်တို့မှာ ရည်ရွယ်ချက် တစ်ခု ရှိလို့ပါ.. "

ဝမ်စုန့်ဟဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး...

" တောင်ပေါ်မှာ ခံတပ်ဆောက်တာက လူနည်းနည်းပဲ ကယ်နိုင်တာလေ.. ကျုပ်တို့ ကြီးကြီးမားမား အောင်မြင်ချင်ရင် တောထဲမှာ ပုန်းနေလို့မရဘူး.. ဒီကျင့်စဥ်ရှိရင် ကြိုက်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားလို့ရပြီ.. "

" ကျုပ်တို့ လုပ်မယ့်ကိစ္စကြီးက ဘာလဲ သိချင်လား.. "

ဝမ်စုန့်ဟဲက ပြောပြီးသည်နှင့် ကျုပ်ကို​မေးခွန်းမေးတော့ဟူသည့် အကြည့်မျိုးနှင့် ကြည့်နေလိုက်သည် ။

" အရမ်းအရေးကြီးတဲ့ လျှို့ဝှက် ကိစ္စ တစ်ခုဖြစ်မှာပေါ့.. ကျုပ်မမေးတော့ပါဘူး.. "

ချောင်မူက မမြင်ချင်ယောင်ဆောင်ကာ အကြည့်လွဲလိုက်သည် ။ သူ ဝမ်စုန့်ဟဲနှင့် မပက်သက်ချင် ။ ဤခေတ်မျိုးတွင် ပုန်ကန်သူအားလုံးမှာ အဆုံးသတ်မကောင်းကြပေ ။ မြန်မြန်သေတက်၏ ။

ချောင်မူ သေလမ်းရှာနေသော်လည်း ဝမ်စုန့်ဟဲနှင့် မပက်သက်ချင်သည့် အဓိကအကြောင်းမှာ ခွင့်ပြုချက် မရှိဘဲ လူကယ်ချင်သည့် ဆေးဆရာ ဖြစ်နေသောကြောင့်ပင် ။ ဤလူနှင့် သူ အတူတူ နေရပါက တနေ့နေ့တွင် ထရိုက်မိပေတော့မည် ။

ထို့ကြောင့် ချောင်မူသည် ပစ္စည်းခွဲဝေ ပြီးသည်နှင့် ဓားပြခံတပ်မှ တွန့်ဆုတ်ချင်းမရှိ ချက်ချင်း ထွက်ခွာရန် ဆူံးဖြတ်လိုက်သည် ။

နောက်တနေ့....

ချောင်မူက လမ်းလျှောက်နိုင်သည်နှင့် ခံတပ်မှ ထွက်ခွာလာခဲ့၏ ။ အတွင်းအား အမြန်ပြန်ရရန် သေလမ်းရှာရအုံးမည် ။

ဝမ်စုန့်ဟဲက တဖြည်းဖြည်း ပျောက်ကွယ်သွားသော ချောင်မူ၏ ပုံရိပ်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည် ။

" တကယ့်ကို လေးစားစရာ ကောင်းတဲ့ လူပဲ.. "

" အဲ မဟုတ်ဘူး.. သူတို့ သားအဖ သုံးယောက်လုံးက အတူတူပဲ.. "

အနားတွင် ရပ်နေသော ကျန်းခွေက ခေါင်းညိတ်၍ ထောက်ခံလိုက်သည် ။

ချောင်ဆန်းသည် မြို့အတွင်းသို့ ဝင်၍ ကုံးယန်အား အလွယ်တကူသတ်ပြီး အေးဆေးပြန်ထွက်လာနိုင်သည့်အတွက် သူတို့၏ အမြင်တွင် အလွန်လေးစားစရာ ကောင်းနေသည် ။ ဤမျှ သူရဲကောင်း ဆန်နေသူအား မလေးစားလျှင် မည်သို့သော သူမျိုးအား လေးစားရမည်နည်း ။

ချောင်ဆန်းသာ မရှိလျှင် မြို့အတွင်းသို့ ဝင်လုရဲမည်မဟုတ်ချေ ။

" အကိုဝမ်.. သူကို ခေါ်ထားဖို့ မကြိုးစားတော့ဘူးလား ဒီလို လွယ်လွယ်နဲ့ လက်လွှတ်လိုက်တော့မှာလား.. "

ကျန်းခွေက မေးလိုက်၏ ။

" သူတို့ သားအဖတွေက ခေါင်းမာတာ အတူတူပဲ နေဖို့ ပြောလည်း နေချင်မှာ မဟုတ်ဘူး .."

ဝမ်စုန့်ဟဲက တည်ငြိမ်စွာဖြင့်...

" အခု ခေါ်ဖို့ မဖြစ်နိုင်ပေမဲ့ နောက်ဆယ်နှစ် ဒါမှမဟုတ် ရှစ်နှစ်လောက်အတွင်း သူနဲ့ ပြန်တွေ့ဖို့ အခွင့်အလမ်းရှိလိမ့်မယ်.. "

" ချောင်ဆန်းက မကောင်းမှုကို မုန်းတီးပြီး စိတ်ဓာတ်ခိုင်မာတယ်.. ဒါပေမဲ့ ခေါင်းမာလွန်းတော့ အရေးကြီး ကိစ္စတွေမှာ သုံးလို့မကောင်းဘူး.. ဒါကြောင့်မို့ ရှန်းချင်ဟယ် ဆီကို လွှတ်လိုက်တာပေါ့.. "

" ငါသူ့ကို တရားဝင်အရာရှိ ရာထူးအတွက် ထောက်ခံပေးလိုက်တာ မဟုတ်ဘူး အဆင့်နိမ့်ရဲမက် ရာထူးအတွက်ပဲ ​ထောက်ခံပေးလိုက်တာ .."

" ချောင်ဆန်းရဲ့ လက်ရှိ ဒဏ်ရာက ဆယ်နှစ်လောက်ကြာမှ ပြန်ကောင်းနိုင်တာဆိုတော့ ..မြို့ထဲမှာ ဖြစ်ပျက်နေတဲ့ မကောင်းမှုတွေကို သူ့ကို မြင်ခိုင်းလိုက်တာ အကောင်းဆုံးပဲ.. သူအားနည်းနေပြီး ဘာမှ ပြောင်းလဲလို့ မရမှန်း သိသွားရင် သည်းခံတက်လာလိမ့်မယ်.. ဘာပဲဖြစ်ဖြစ် သူက ချောင်လင်းလို ငယ်တော့တာ မဟုတ်ဘူးလေ.. "

" အခု ချောင်ဆန်းက ကုံးယန်ကို သတ်နိုင်ဖို့ စတေးရဲတယ်.. သူစွမ်းအားမဲ့တာကို ဆယ်နှစ်လောက်ကြုံလိုက်ရင် လိုက်လျောညီထွေ နေတက်သွားလိမ့်မယ်.. အဲ့အချိန်ကြမှ စုဆောင်းရင် သူငြင်းမှာ မဟုတ်ဘူး.. "

" ဆယ်နှစ်က မကြာလွန်းဘူးလား.. "

ကျန်းခွေ အံ့သြနေ၏ ။

ဝမ်စုန့်ဟဲက ရယ်လိုက်ပြီး..

" ဟီးဟီးဟီးးး ...ငါတို့ ဓားပြတွေ ဘယ်လို ဖြစ်လာလဲမေ့နေပြီလား.. "

" မဟာယန်အင်ပါယာကြီးကို ပုန်ကန်ဖို့နဲ့ မျိုးနွယ်ခြားတွေကို တိုက်ခိုက်နိုင်ဖို့ဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာနိုင်တဲ့ ကိစ္စမဟုတ်ဘူး.. ဆယ်နှစ်လောက် မကြိုးစားဘူးဆိုရင် ကပ်ဘေးကျနေတဲ့ ဒီလောကကြီးကို ဘယ်လို ကယ်တင်နိုင်မှာလဲ.. "

" ​ငြိမ်ငြိမ်လေးသာ စောင့်နေလိုက်ပါ.. "

ဝမ်စုန့်ဟဲက မျက်လုံးကို မှေး၍ ပျောက်ကွယ်သွားသော ချောင်မူဘက်သို့ ကြည့်လိုက်ကာ...

" အကိုချောင်ဆန်း... "

" ဆယ်နှစ်ကြာပြီး ခင်ဗျား အဆင့် ၇ အထိပြန်ကောင်းလာတဲ့အခါ ကျုပ်တို့နှစ်ယောက် ကိစ္စကြီးတစ်ခုကို အတူတူ လုပ်နိုင်လောက်မယ်လို့ ကျုပ်မျှော်လင့်တယ်.. "

Chapter 64

~

အခန်း ၆၄

~

" ဘုန်း... "

ချောင်မူက အတွင်းအား သုံးပြီး လက်သီးတစ်ချက်တည်းဖြင့် လူဦးခေါင်းလောက် တုတ်ခိုင်သော သစ်ပင်တစ်ပင်ကို နှစ်ပိုင်း ချိုးလိုက်သည် ။

" ဟားဟားဟား.. ပြန်သန်မာလာပြီကွ .. အားနည်းနေတုန်းက နေလို့မကောင်းလိုက်တာ.."

သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို ခံစားရင် သဘောကျနေ၏ ။ စိတ်ထဲသို့ အာရုံခံကြည့်လိုက်လျှင် သက်ရှည်သော့က အလင်းဖျော့ဖျော့ ​တောက်ပနေသည် ။

ယခုအခါသည် ဝမ်စုန့်ဟဲက သူ့အား ကယ်ခဲ့သည့်အချိန်နှင့်မတူ ။ ကုံးယန်အား လုပ်ကြံခဲ့သည့် ချောင်ဆန်းသည် အသက်ရှင်ထွက် ထွက်သွားသည်ကို လူတိုင်းမြင်လိုက်ကြ၏ ။

ထို့ကြောင့် သေဆုံးမှုအကဲဖြတ်ချက် အမှတ်များက စုပုံနေခဲ့သည် ။ ယခု သေဆုံးခဲ့သည့် အသက်တွင် ထိုရမှတ်များအား ထုတ်ပေးခြင်းမရှိသေးပေ ။

သူ၏ အရင်ခန္ဓာကိုယ်သည် ရှစ်မီတာခန့် အဝေးရှိမြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး မီခိုးရောင် ဝံပုလွေတစ်ကောင်က ပွဲတော်တည်နေ၏ ။

ချောင်မူက သူ့အလောင်းကို ဂရုမစိုက် ဝံပုလွေ မြန်မြန်စားပြီးရန်သာ စုတောင်းနေ၏ ။

သူ ဓားပြခံတပ်မှ ထွက်လာပြီးနောက် သေနေကြ ချောင်ရှိရာသို့ ထွက်ခွာလာခဲ့၏ ။

သို့သော်လည်း သူတောင်ပေါ်သို့ မတက်မီ ထူးဆန်းသော မီးခိုးရောင် ဝံပုလွေတစ်ကောင်နှင့် တွေ့ဆုံခဲ့သည် ။

ထိုဝံပုလွေ၏ အရောင်ကထူးဆန်းပြီး ဟက်စကီးခွေးတစ်ကောင်နှင့် တူနေသော်လည်း ဝံပုလွေရိုင်းတစ်ကောင်သာဖြစ်သည် ။ ဝံပုလွေ ၏ ခန္ဓာကိုယ်မှာ ဝဝဖီးဖီး အဖြူရောင်သန်းနေသော အမွှေးများ ရှိသည် ။ သူက ချောင်မူကို မြင်သည်နှင့် မကြောက်ဘဲ လက်ကို လာယက်နေ၏ ။

ချောင်မူက လိမ္မာသည့် ဝံပုလွေတစ်ကောင်နှင့် တွေ့နေသည်ဟု ထင်လိုက်သော်လည်း ထိုဝံပုလွေက သူ့လက်ကို ယက်ရင်း ကိုက်လိုက်သည် ။

ချောင်မူသည် အားနည်းနေသော်လည် ဝံပုလွေ တစ်ကောင်၏ အနိုင်ကျင့်ခံရခြင်းကို သည်းမခံနိုင် ။ နှုတ်သီးအား ဖြတ်ရိုက်လိုက်၏ ။

ပို၍ ထူးဆန်းသည်မှာ ထိုဝံပုလွေက အရိုက်ခံရပြီးနောက် ချောင်မူအား သရဲတစ်ကောင်မြင်လိုက်ရသလို ကြည့်နေ၏ ။ မည်သည့်အတွက်ကြောင့် ​သူ့အား ရိုက်လိုက်ပါသနည်း ။

ချောင်မူက ထိုသည်ကို ကြည့်ပြီး ငတုံးဝံပုလွေအား မတိုက်ခိုက်တော့ချေ ။ သူ ရုတ်တရက် မိမိကိုယ်ကို လှူတန်းသည့် အလှူဒါနကို သတိရမိသွား၏ ။ ထို့ကြောင့် ဝံပုလွေကို ဘူဖေးလာစားရန် လက်ယက်ခေါ်လိုက်သည် ။ ထို့နောက်ကျန်ရှိနေသော ခွန်အားကို အသုံးပြု၍ လက်ညိုးတစ်ချောင်းဖြင့် သူ့​မျက်ခုံးနှစ်ဖက်ကြားကို ထိုးလိုက်ပြီး သတ်သေလိုက်၏ ။

သေဆုံးမှုအကဲဖြတ်ချက်: D ( ဆင်းရဲသော ဝံပုလွေတစ်ကောင်အား မိမိကိုယ်ကို လှူတန်းခြင်း)

သက်တမ်းသုံးစွဲမှု: ၁ နှစ်

လက်ရှိအသက်: ၄၃ နှစ်

သိုင်း: ခန္ဓာပြောင်းကျင့်စဥ် ( အစပြုသူ) ၊ အဆုံးမဲ့သန့်စင်သောယန် ကျင့်စဥ် ( အစပြုသူ) ...........

…………….

' ဒါဆို ဝံပုလွေကို အစာကျွေးတာက အကျိုးရှိတာပဲ.. '

ချောင်မူ ကျေနပ်သွား၏ ။ သူ့ ဒန်တျန်ကို စစ်ဆေးကြည့်လိုက်လျှင် အဆင့် ၆ သို့ ရောက်နေသည်ကို တွေ့လိုက်ရသည် ။

ဤတစ်နှစ်အတွင်း အဆင့် ၆ သိုင်းပညာရှင် ဖြစ်လာရုံသာမက ကျင့်စဥ်နှစ်ခုပါ အစပြုသူအဆင့်သို့ ရောက်နေသည် ။

' ဒီဝံပုလွေငတုံးက ငါ့အတွက် ကံကောင်းတဲ့ ကြယ်ပွင့်လေးပဲ.. အလကားသေရမယ့်အစား အကျိုးရှိသွားပြီ.. '

ချောင်မူသည် အဆင့်၆ သို့ ရောက်သွားသဖြင့် ကျေနပ်နေပြီး သူ့အလောင်းကို စားနေသည့် ဝံပုလွေကို မသတ်တော့ဘဲ ထွက်လာခဲ့သည် ။

သို့သော်လည်း သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဝံပုလွေက အမြီးနှံ့၍ သူ့​နောက်သို့ ပြေးလိုက်လာ၏ ။

သူလှည့်ကြည့်လိုက်လျှင် ဝံပုလွေက စိတ်လှုပ်ရှားစွာဖြင့် လူးလိမ့်ပြလိုက်ပြီး ဝမ်းဗိုက်အား လှန်ပြထားသည် ။

ချောင်မူက ဝံပုလွေအား ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သော်လည်း ဝံပုလွေက သူလက်ကို လျက်ရန်သာ ကြိုးစားတော့သည် ။

" သွားတော့ဟ.. ငါ့မှာ မင်းစားဖို့ အလောင်းမရှိတော့ဘူး.. "

ချောင်မူက ဝံပုလွေ၏ နှုတ်သီးကို လက်ဖြင့် ဆုပ်ကိုင်ထားလိုက်၏ ။ ထို့နောက် လျစ်လျူရှု၍ သူထွက်လာခဲ့သည် ။

( ဒီ ဝံပုလွေက ချောက်ထဲမှာ ချောင်မူရဲ့အလောင်းကို စားပြီး ဝတုတ်နေတဲ့ကောင်ဗျ အဲ့တာကြောင့် ချောင်မူကို တွေ့တော့ သူ့အစာလို့ သတ်မှတ်ထားတာ.. )

ဝမ်စုန့်ဟဲက ထောက်ခံစာ ရေးပေးရုံသာမက ဟဲရန်မြို့သို့ သွားသည် ​မြေပုံကိုပါ ထည့်ပေးလိုက်သည် ။

………………..

ရက်အနည်းငယ်အကြာတွင်...

ချောင်မူသည် တောင်များနှင့် မြစ်များကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် ဟဲယန်မြို့သို့ ရောက်ရှိခဲ့၏ ။ ညအချိန်တွင် ကြုံရာနေရာတွင်အိပ်ပြီး ခရီးနှင်လာသော်လည်း ဟက်စကီးနှင့်တူသည့် ဝံပုလွေမှလွဲ၍ ထူးခြားသည့်အဖြစ်အပျက် မကြုံခဲ့ရချေ ။

ဟဲရန်မြို့သည် ဤဒေသရှိ အကြီးဆုံး မြို့ဖြစ်၍ ခရီးသွားများနှင့် စည်ကား အသက်ဝင်နေသည် ။ အငတ်ဘေးကြုံခဲ့သည့် ယန်မြို့နှင့် တစ်ခြားစီပင် ။

ချောင်မူက မြို့ထဲလျှောက်လည်ရန် စိတ်မဝင်စားသဖြင့် သာမန်တည်းခိုခန်းတစ်ခုတွင်အနားယူပြီးနောက် ဝမ်စုန့်ဟဲ ထောက်ခံပေးလိုက်သော ရှန်းချင်ဟယ်အား လိုက်ရှာတော့သည် ။

ရှန်းချင်ဟယ်သည် အဆင့်မြင့် အရာရှိတစ်ဦးမဟုတ်ချေ ။ အဆင့် ၇ အရာရှိတစ်ဦးဖြစ်ပြီး မြို့နယ်အဆင့် တရားသူကြီး တစ်ယောက်သာ ဖြစ်၏ ။

ယန်မြို့တွင် ဆိုပါလျှင် ထင်ရှားသည့်လူတစ်ဦးဖြစ်နေမည် ဖြစ်သော်လည်း ဟဲရန်မြို့ကဲ့သို့ အဆင့်၄ မြို့စားမင်း အုပ်ချုပ်သည့် နေရာတွင် အောက်ခြေအဆင့် အရာရှိတစ်ဦးသာ ဖြစ်သည် ။

ရှန်းချင်ဟယ်၏ အိမ်သည် မြို့အ​နောက်ဘက်တွင် ရှိပြီး သိပ်မကြီးပေ ။

ချောင်မူသည် ရှန်းချင်ဟယ်၏ အိမ်ကို ရှာရန် အချိန်အတော်ကြာခဲ့၏ ။ သူ ရှာတွေ့လျှင် အိမ်တံခါးမှ အစောင့်အား ထောက်ခံစာပေးလိုက်သည် ။

" ထောက်ခံစာလား.. ကျုပ် သခင်ကြီးကို အကြောင်းကြားလိုက်အုံးမယ်.. စံအိမ်အပြင်မှာပဲ စောင့်နေပေးပါ.. "

အစေခံက ချောင်မူကို အထင်သေးသည့်အပြုံးဖြင့် ကြည့်လိုက်ပြီး အိမ်တော်အတွင်းသို့ ဝင်သွားသည် ။

သူတို့၏ သခင်ဖြစ်သူ ရှန်းချင်ဟယ်သည် အဆင့် ၇ အရာရှိတစ်ယောက်သာဖြစ်သော်လည်း ခေါင်းမာ၍ ဒေါသကြီးသည့် စရိုက်ရှိ၏ ။ အဆက်အသွယ်ကို အသုံးချပြီး အမြင့်တက်ချင်သူများအား ကြည့်မရချေ ။ ထို့ကြောင့်သာ အဆင့် ၇ အရာရှိ အဆင့်မှ မတက်လှမ်းနိုင်ဘဲ ဟဲရန်မြို့သို့ အပို့ခံထားရခြင်းဖြစ်သည် ။

" သခင်ကြီး.. ဒီမှာ မိတ်ဆွေဟောင်း တစ်ယောက်ဆီက ထောက်ခံစာဆိုပြီး လူတစ်ယောက်က လာပို့ပါတယ်.. "

အိမ်တော်ထိန်းက ရိုသေလေးစားစွာ ပြောလိုက်သည် ။

" ဟားဟားဟား.. ငါ ရှန်းချင်ဟယ် ကို သုံးပြီး ရာထူးလိုချင်တဲ့သူ ရှိသေးတာလား.. "

ရှန်းချင်းဟယ်သည် မုတ်မိတ်မွှေးတိုတို ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည် ။ သူ၏ မျက်လုံးများက စူးရှထက်မြက်ပြီး သြဇာအပြည့်ဖြင့်ပင် ။

" ဒီ ထောက်ခံစာကို ပြန်ပေးလိုက်ရမလား.. "

အိမ်တော်ထိန်းက မေးသည် ။

" နေဦး.. ငါ့ဆီ ထောက်ခံစာပို့ရဲတယ့် မိတ်ဆွေက ဘယ်သူလဲ ဆိုတာ ဖတ်ကြည့်လိုက်အုံးမယ်.. ဒီလူ သတ္တိတော့ တော်တော်ကောင်းသား.. "

ရှန်းချက်ဟယ်က စာကိုဖွင့်လိုက်ပြီး အလေးအနက်မထားဘဲ လှန်လှောကြည့်လိုက်သော်လည်း ထောက်ခံသူ၏ အမည်ကို တွေ့လျှင် မျက်နှာအမူအရာ ပြောင်းလဲသွား၏ ။

သူက စာကိုချလိုက်ပြီး ချောင်မူကို ကြိုဆိုရန် တံခါးဆီသို့ အမြန်ထွက်လာခဲ့သည် ။

" မင်းကို ထောက်ခံစာရေးပေးတာက.. ဝမ်စုန့်ဟဲလား.. "

ရှန်းချင်ဟယ်က မျက်မှောင်ကြုတ်ပြီး ချောင်မူအား ခေါင်းစခြေအဆုံး သေချာစွာ အကဲခတ်နေ၏ ။

စာအရ ဤသူသည် ရဲရင့်၍ တရားမျှတမှုကို လိုလားသော သူရဲကောင်းတစ်ဦးဖြစ်ပြီး ​ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် သိုင်းအဆင့် လျော့ကျသွားသူ တစ်ဦးဖြစ်သည် ။ ခေါင်းမာတက်သူဖြစ်သဖြင့် အဆင့်နိမ့်ရဲမက် ရာထူးဖြင့် တာဝန်ထမ်းဆောင်စေလိုပြီး လိုက်လျောညီထွေ နေတက်စေရန် ကူညီပေးစေလိုကြောင်း ဖော်ပြထား၏ ။

ရှန်းချင်ဟယ်၏ မျက်ခုံးများက ချောင်မူကို ကြည့်ပြီး ပို၍ တွန့်ကွေးလာ၏ ။

ထောက်ခံစာသည် ကျိုးကြောင်းဆီလျော်၍ ယုတ္တိရှိသော်လည်း သူ့ရှေ့တွင် ရပ်နေသည့် လူနှင့် တွဲလိုက်လျှင် ပြသနာကြီးတစ်ခု ဖြစ်နေလေပြီ ။

' ဒီလူက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး အဆင့်ကျသွားတာလား.. '

ရှန်းချင်ဟယ်၏ မျက်ခုံးနှစ်ဖက်က ကွေးလွန်းသဖြင့် ထိလုနီးပါး ဖြစ်နေ၏ ။

' ခု အဆင့်၆ သိုင်းပညာရှင်လေ.. ဒါကို ဒဏ်ရာရပြီး အဆင့်ကျသွားတာဆိုတော့ သူ့အရင်က အဆင့်က ဘယ်မှာ ရှိနေတာလဲ.. ပြီးတော့ အဆင့် ၆ သိုင်းပညာရှင်ကို ငါ ဘယ်လိုလုပ်ပြီး အဆင့်နိမ့်ရဲမက် လုပ်ခိုင်းရမှာလဲ.. "

ရှန်းချင်ဟယ် ရှုပ်ထွေးနေ၏ ။

All Chapters