← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

Chapter 65

~

အခန်း ၆၅

~

အိမ်တော်ဧည့်ခန်းတွင်...

ရှန်းချင်ဟယ်က ချောင်မူအား ရှုပ်ထွေးဟန်ဖြင့် ကြည့်နေ၏ ။

ချောင်မူသည် မြို့အတွင်းသို့ မဝင်မီက ခန္ဓာပြောင်းကျင့်စဥ်ကို အသုံးပြု၍ ရုပ်ဖျက်ခဲ့၏ ။ ထို့အပြင် မျက်ခုံးမွှေးနှင့် ဆံပင်ပုံစံပြောင်းပြီး မုတ်ဆိတ်ရိတ်ထားသဖြင့် ချောင်ဆန်းနှင့် လုံးဝ မတူတော့ပေ ။

ယန်မြို့၏ မြို့စားအား လုပ်ကြံခဲ့သဖြင့် ချောင်ဆန်း၏ ဆုကြေးပုံမှာ မြို့တိုင်းသို့ ပြန့်နေလေပြီ ။ သူသာ ရုပ်မဖျက်လျှင် ဟဲရန်မြို့ထဲသို့ပင် ဝင်ခွင့်ရလိမ့်မည်မဟုတ်ချေ ။

ချောင်မူက အဖမ်းခံရပြီး ကွက်မျက်ခံရမည်ကို ကြောက်၏ ။ တိုက်ပွဲတွင် သေဆုံးပါမှ အဆင့်မြင့်သေဆုံးမှု အကဲဖြတ်ချက် ရမည်ဖြစ်သည် ။

' ချောင်ပိုင်ဖူတဲ့လား.. ငါ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး.. ဒါပေမဲ့ ဝန်စုန့်ဟဲကိုယ်တိုင် လေးစားရတဲ့သူဆို​တော့ ခေသူတော့ မဟုတ်ဘူးဘဲ ..'

ရှန်းချင်ဟယ်က မျက်မှောင်ကြုတ်ပြီး တွေးနေ၏ ။

' ဒီလူက အဆင့် ၆ မှာ ရှိပြီး ဒေါင်ဒေါင်မြည် ကျန်းမာနေတာ သိသာပါတယ်ဟ.. ဘာလို့ ဝမ်စုန့်ဟဲက ဒီလူ အားနည်းနေတယ်လို့ ပြောတာပါလိမ့်...'

' ဝမ်စုန့်ဟဲကတော့ ငါ့ကို လိမ်မှာ မဟုတ်ဘူး.. ငါတွေ့မတွေ့ရတာ​တောင်ကြာနေပြီပဲ .. ပြီးတော့ အကြောင်းပြချက်မရှိ ဒီလူကို ငါ့စီကို လွှတ်မှာ မဟုတ်ဘူး.. '

ရှန်းချင်ဟယ်က တွေးတောရင်း အကြောင်းပြချက်အား စဥ်းစားမိသွား၏ ။

' ချောင်ပိုင်ဖူရဲ့ ဒဏ်ရာက ခန္ဓာကိုယ်မှာ မဟုတ်ဘဲ ဝိညာဥ်မှာများလား.. "

' သိုင်းပညာရှင်တွေက ရုပ်ပိုင်းဆိုင်ရာပဲ တိုက်ခိုက်ကြတာဆိုတော့ စိတ်ဝိညာဥ် ဒဏ်ရာ ဆိုရင် ကျင့်ကြံသူနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာ ရတာပဲ ဖြစ်ရမယ်.. '

ရှန်းချင်ဟယ်သည် အမြင်အာရုံကောင်းသော်လည်း စိတ်ဝိညာဥ်ဒဏ်ရာများကို မြင်နိုင်စွမ်းမရှိ ။ ဝမ်စုန့်ဟဲ ကိုယ်တိုင်က ဒဏ်ရာ ပြင်းထန်သည်ဟု ပြောထားသဖြင့် စိတ်ဝိညာဥ်တွင်သာ ဖြစ်ရမည် ။

' အင်း..အဲ့လို ဆိုရင် အကုန်ကျိုးကြောင်းဆီလျော်သွားပြီ.. '

ရှန်းချင်ဟယ်၏ ​ကျုံ့ဝင်နေသော မျက်ခုံးနှစ်ဖက်က ပြေလျော့သွားသည် ။

' စိတ်ဝိညာဥ် ဒဏ်ရာဆို​တော့ ပြန်ကောင်းဖို့ ဆယ်စုနှစ်တစ်ခု​​လောက်ကြာတက်တာ ပုံမှန်ပါပဲ.. '

သူ တွေးတောနေသည်ကို ရပ်လိုက်တော့သည် ။ သို့သော်လည်း အဆင့် ၆ သိုင်းပညာရှင် တစ်ယောက်အနေဖြင့် သူ့လက်အောက်အား ဝင်လိုသည်က ထူးဆန်း၏ ။ မည်သည့်အတွက်ကြောင့် ရာထူးကြီးကြီး မလိုချင်ပါသနည်း ။ မြို့၏ ဥပဒေဌာန အောက်ရှိ လူဆိုးထိန်း ဖြစ်ရသည်ထက် စစ်တပ်ထဲသို့ ဝင်ပြီး အဆင့် ၆ အရာရှိ ဖြစ်ရသည်က ပိုကောင်းမည်မဟုတ်လော ။

" ခင်ဗျား နာမည်က ချောင်ပိုင်ဖူ နော်.. "

ရှန်းချင်ဟယ်က ရေနွေးကြမ်းငှဲ့ရင်း နောက်ခံအကြောင်း မေးလိုက်သည် ။

" ဆရာဝမ်ကိုယ်တိုင် ထောက်ခံလိုက်တာဆို​တော့ ကျုပ် မျက်နှာသာ ပေးမှာပါ.. ဒါပေမဲ့ ရမယ့်ရာထူးကတော့ ခင်ဗျားရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်.. "

ချောင်မူက သူ၏ စစ်မှန်သည့် ​နေက်ခံကို ထုတ်ပြောမည်မဟုတ်ပေ ။ ဓားပြ​ခေါင်းဆောင်၏ သူငယ်ချင်းဖြစ်နေ၍ ရှန်းချင်းဟယ်အား ပုန်ကန်မည့်သူ စာရင်းထဲ ထည့်ထားလိုက်တော့၏ ။

ချောင်မူက လေးနက်ဟန်ဖြင့်...

" ကျုပ်နာမည် ချောင်ပိုင်ဖူ ပါ.. ဒီဒေသက မဟုတ်ဘူး.. တခြားဒေသကပါ ..ကျုပ်တို့ဒေသက အနိုင်ကျင့်တဲ့ ဒေသခံလူဆိုးတွေကို သတ်ပြီး ကျုပ် ခြေဦးတည့်ရာ သွားနေတာ ငါးနှစ် ခြောက်နှစ်လောက် ရှိပြီ.. "

' သြော်.. ပြစ်မှု လုပ်မိလို့ ပြေးနေရတဲ့သူကိုး.. '

ရှန်းချင်းဟယ် နားလည်သွား၏ ။ အဆင့် ၆ သိုင်းပညာရှင်တစ်ယောက်သည် အရာရှိ အလွယ်တကူ ဖြစ်နိုင်သော်လည်း အခြေအနေအချို့ ရှိနေဆဲပင် ။ ရှင်းလင်းသည့် နောက်ခံရှိရန် ပိုအရေးကြီး၏ ။ တောင်ပေါ်ဓားပြနှင့် ရာဇဝတ်ကောင်များ အရာရှိ ဖြစ်လာမည်ဆိုပါက ဟာသဖြစ်သွားပေမည် ။

" အနိုင်ကျင့်တက်တဲ့ ဒေသခံလူဆိုးတွေကို ရှင်းလင်းပစ်တာ ကောင်းပါတယ်.. "

ရှန်းချင်းဟယ်က စကားပြောနေရင်း တစ်ခုခုမှားနေသလို ခံစားမိလိုက်၏ ။ ချောင်ပိုင်ဖူ၏ စကားအရ တရားမျှတမှုကို မြတ်နိုးသည့် သူရဲကောင်းဟု ထင်ရသော်လည်း ဒေသခံလူဆိုး ဆိုသူများက သာမန်လူများ ဟုတ်ပုံမရ ။ အဆင့်၆ သိုင်းပညာရှင်နှင့် တိုက်ခိုက်နိုင်သူများက မည်သို့ သာမန်ဖြစ်နိုင်ပါမည်နည်း ။ စိတ်ဝိညာဥ် ဒဏ်ရာ နှင့် ပေါင်းစပ်၍ တွေးကြည့်လျှင် ကျင့်ကြံသူများပင် ဖြစ်နိုင်လေသည် ။

မဟာယန်ရုံးတော်က ကျင့်ကြံသူများအား မျိုးနွယ်ခြားဟူ၍ သမုတ်ထားသောကြောင့် ချောင်ပိုင်ဖူက ဒေသခံလူဆိုးဟူပြီး နာမည်တပ်ထားသည်က ဖြစ်နိုင်သည် ။ ကျင့်ကြံသူများအား အပြစ်ပြုမိပါက မည်သူမှ ထုတ်ပြောရဲမည် မဟုတ်ပေ ။

" ဒါကို ခဏထားလိုက်ပါအုံး.. ခင်ဗျားကို စာပေးလိုက်တဲ့ ဆရာဝမ်က ခုဘယ်မှာ နေနေတာလဲ.. သူနဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ.. "

ရှန်းချင်းဟယ်က မေးလိုက်၏ ။ သူ၏ မျက်နှာအမူအရာမှာ မပြောင်းလဲသော်လည်း ချောင်မူပြန်ပြောသည့်စကားကို နားထောင်ရန် ရှေ့သို့ အနည်းငယ် ကိုင်းလိုက်မိ၏ ။

ချောင်မူက ထိုသည်ကို သတိထားမိသွားသည် ။

' သူက ငါ့အကြောင်းထက် ဝမ်စုန့်ဟဲ ဘယ်မှာလဲ ဆိုတာကို ပိုစိတ်ဝင်စားနေတာပဲ.. သူတို့နှစ်ယောက်က သာမန်မိတ်ဆွေတွေ ဟုတ်ပုံမရဘူး.. ဘာလို့ ဝမ်စုန့်ဟဲအကြောင်း သိချင်နေတာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ.. '

' သူပြောပုံအရဆိုရင်.. ဝမ်စုန့်ဟဲ ဘာလုပ်နေတာလဲဆိုတာကို သူ မသိဘူးထင်တယ်.. '

ချောင်မူက ခဏတာ စဥ်းစားပြီးနောက် အမှန်အတိုင်းမပြောရန် ဆုံးဖြတ်လိုက်၏ ။

" ဆရာဝမ်ရဲ့ နေရာက ကျုပ်လည်းသေချာမသိဘူး.. တောင်တွေပေါ်မှာ ထင်တာပဲ.. ကျုပ်နဲ့ တွေ့ချင်ရင် နေရာတစ်ခုမှာ ချိန်းတာဆိုတော့.. "

ဝမ်စုန့်ဟဲက ပြဿနာအကြီးကြီး ဖန်တီးနေ၍ ချောင်မူက ရှန်းချင်းဟယ် ၏ အကြောင်းကို မသိသဖြင့် အမှန်အတိုင်းပြောမည် မဟုတ်ချေ ။

" တောင်တွေထဲမှာလား.. သူဘယ်မှာပုန်းနေတာလည်း .."

ရှန်းချင်းဟယ်က အကြိမ်များစွာ ဆက်မေးသော်လည်း ချောင်မူက မရေမရာများကိုသာ ဖြေနေသဖြင့် လက်လျော့လိုက်တော့၏ ။

" ဒါ ထားလိုက်ပါတော့.. "

ရှန်းချင်းဟယ်က...

" နောက် နှစ်ရက်လောက်အတွင်း တံခါးခြောက်ပေါက်ဌာန ကိုလာပြီး အစီရင်ခံလိုက်ပါ . ခင်ဗျား အရည်အချင်းနဲ့ဆို စုံထောက် လုပ်လို့ရမယ်.. "

ရှန်းချင်းဟယ်က တရားသူကြီးဖြစ်ပြီး စုံထောက်များက စုံစမ်းစစ်ဆေးရန် တာဝန်ရှိ၏ ။ အဆင့် ၇ တရားသူကြီးသာ ဖြစ်သော်လည်း စုံထောက်တစ်ယောက်ကိုတော့ ခန့်အပ်နိုင်သေးသည် ။

စုံထောက်များအား တရားဝင် အရာရှိများဟူ၍ပင် မသတ်မှတ်နိုင်ဘဲ လက်ထောက်အရာရှိ အဆင့်များသာ ဖြစ်ကြ၏ ။

ရှန်းချင်းဟယ်သည် လာဘ်စားပြီး နေရာပေးသူ မဟုတ်ပေ ။ ဖြောင့်မတ်သူ ဖြစ်၏ ။ အလုပ်ရရန် အဆက်အသွယ်အား အသုံးပြုသူများသည် အရည်အချင်းမရှိသော်လည်း ချောင်မူ၏ သိုင်းအဆင့်ဖြင့်ဆိုလျှင် ဤတာဝန်ထမ်းဆောင်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည် ။

' ဆရာဝမ်မှာ ရည်ရွယ်ချက်တစ်ခုခုတော့ ရှိရမယ်.. ကံမကောင်းတာက သူစာထဲမှာ ထည့်ရေးမထားတော့ဘူး ..သူ ပြောလို့မရလို့များလား ..'

ရှန်းချင်းဟယ်က ထရပ်လိုက်ပြီး ချောင်မူကို အပြင်သို့ လိုက်ပို့လိုက်သည် ။

ချောင်မူက စုံထောက် လုပ်ရမည်ကို ဂရုမစိုက်ချေ ။ သူ ကိုယ်တိုင်ကပင် ရုံးတော်မှ ဆုကြေးထုတ်ထားသည့် ရာဇဝတ်သား ဖြစ်၏ ။ သူ၏ ယခုရည်မှန်းချက်မှာ အဆင့်မြင့် သေလမ်းရှာရန်သာ ဖြစ်သည် ။ ဤသည်က ရေတိုအတွက် ရည်မှန်းချက်ပင် ။ အဓိက ရည်မှန်းချက်မှာ ယန်မြို့သို့ ပြန်ပြီး ဧကရာဇ်အား လုပ်ကြံရပေမည် ။

' သခင်လေးကုံး ပြောသလိုဆို တစ်လအတွင်း ငါယန်မြို့ကို ပြန်ရမယ်.. ဒီတာဝန်ကို ကြာကြာလုပ်စရာ မလိုဘူး.. "

………

ရှန်းချင်းဟယ်က ချောင်မူကို တံခါးအပြင်သို့ ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည် ။

သို့သော်လည်း သူထွက်သွားသည်နှင့် အိမ်တော်ထိန်းက ဧည့်ခန့်အတွင်းသို့ တိတ်တဆိတ်ဝင်လာ၏ ။

သူက စားပွဲပေါ်မှ ထောက်ခံစာကို ကောက်ယူကာ မြန်မြန်ဖတ်ကြည့်လိုက်ပြီး မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွား၏ ။ ထို့နောက် စာအိတ်ကို မူလနေရာမှာ ဂရုတစိုက် ပြန်ထားလိုက်သည် ။

ရှန်းချင်းဟယ်သည် ဧည့်ခန်းသို့ ပြန်ရောက်လျှင် စာအိတ်ကို မြင်ပြီး လန့်သွား၏ ။ သူသတိလက်လွှတ် ထားခဲ့မိလေသည် ။ သူ ချက်ချင်း ထိုစာအိတ်ကို ဖယောင်းတိုင်မီးဖြင့် ရှို့လိုက်သည် ။ ပြာကျသွားမှသာ စာကြည့်ခန်းထဲဝင်ပြီး စာဖတ်နေတော့သည် ။

' သိုင်းပညာရှင်တစ်ယောက်ရဲ့ သိုင်းအဆင့်ကို မထိခိုက်ဘဲ အားနည်းသွားစေတယ့် ဒဏ်ရာမျိုးကို ရှာကြည့်ရမယ် ..'

ချောင်ပိုင်ဖူ၏ ဒဏ်ရာအကြောင်း စစ်ဆေးရန် စာအုပ်အတွင်းရှာဖွေရန် သူဆုံးဖြတ်လိုက်၏ ။

သို့သော်လည်း သူလုပ်သမျှ အရာအားလုံးကို စောင့်ကြည့်နေသည့် မျက်ဝန်းတစ်စုံကိုတော့ သူ သတိမထားမိ ။

………………..

နေ့တစ်ဝက်ကြာပြီးနောက်..ဟဲယန်မြို့၏ အရှေ့ဘက်..

ရှန်းအိမ်တော်၏ အိမ်တော်ထိန်းသည် မှောင်မည်းနေသော လမ်းကြားတစ်ခုကို ဖြတ်ပြီး သာမန်ခြံဝင်းတစ်ခုအတွင်းသို့ ဝင်လာ၏ ။ ထိုအိမ်ထဲတွင် နားထင်များဖောင်းကားနေသည့် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက် ရှိနေသည် ။

" ဆရာချူး.. အရေးကြီး ကိစ္စတစ်ခု ပေါ်လာပါတယ်.. "

အိမ်တော်ထိန်းက အစီရင်ခံလိုက်သည် ။

" ရှန်းချင်းဟယ်က သူများတွေကို အကူအညီ မပေးတက်ပေမဲ့ ဒီတစ်ခါတော့ ကူညီပေးလို့ ကျုပ်အခြေအနေကြည့်ပြီး ထောက်ခံစာကို ခိုးဖတ်လိုက်တာ.. "

" ထောက်ခံစာမှာ ပါတဲ့ လက်မှတ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဝမ်စုန့်ဟဲရဲ့ လက်မှတ်နဲ့ တူနေတယ်.. "

" ဟမ်..."

အိမ်တော်ထိန်း၏ အစအဆုံး ပြောကြားချက်ကို နားထောင်ပြီးနောက် ချူးရှင်း၏ အမူအရာက ပြောင်းလဲသွား၏ ။

ဒဏ်ရာပြင်းထန်စွာ ရရှိထားသောလည်း ခွန်အား အပြည့်ရှိနေသည်လော ။ ကျင့်ကြံသူများ ၊ စိတ်ဝိညာဥ်နှင့် ပက်သက်သည့် အကြောင်းများကို ဖတ်ရန် စာကြည့်ခန်းထဲ ဝင်သွားသည်လော ။

ချူးရှင်းက အကြောင်းအရာများကို သေချာစွာ သိနိုင်ရန် ချောင်ပိုင်ဖူအား ကိုယ်တိုင် စောင့်ကြည့်ရမည်ကို သိလိုက်၏ ။

ချူးရှင်း၏ စိတ်ထဲတွင် အတွေးအမျိုးမျိုး ပေါ်လာတော့သည် ။

' သြော်.. ရှန်းချင်းဟယ်.. ရှန်းချင်းဟယ်.. မင်း နှစ်တွေအကြာကြီး ငြိမ်နေတာ ခုတော့ လှုပ်ရှားတော့မယ်ပေါ့.. '

' ချောင်ပိုင်ဖူ ..ရှန်းချင်းဟယ်.. ဝမ်စုန့်ဟဲ.. အရှင်မင်းကြီး စိုးရိမ်နေတာက ဘယ်သူ့ကိုလဲ.. ဒီကိစ္စအရေးကြီးတယ်.. ငါ အရှင့်ဆီကို ချက်ချင်း အကြောင်းကြားရမယ်.. '

ချူးရှင်းက ခဏစဥ်းစားပြီး အမြန်ထွက်သွား၏ ။

Chapter 66

~

အခန်း ၆၆

~

မြို့အနောက်ဘက်ရှိ နတ်ယစ်မူး စားတော်ဆက်နှင့် တည်းခိုခန်း...

ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုအတွင်းတွင် အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က ပြတင်းပေါက်ဘေးတွင်ရပ်၍ လူစည်ကားနေသော လမ်းမကြီးအား ငေးနေ၏ ။

ဟဲရန်မြို့သည် တောင်ပိုင်းဒေသ၏ မြို့ကြီးတစ်မြို့ ဖြစ်သဖြင့် လမ်းကြီးပေါ်တွင် လူအများ ပျားပန်းခပ်လှုပ်ရှား အသက်ဝင်လျက်ရှိသည် ။

သို့သော်လည်း လျို့ဝှက်ဆန်းကျယ်သော ပုံရိပ်တစ်ခု ဖြတ်လာသည့်အခါတိုင်း လမ်းသွားလမ်းလာများက တိတ်တဆိတ် လမ်းဖယ်ပေးကြသဖြင့် နေရာလွတ်တစ်ခုလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည် ။

ထိုအချိန်တွင် အဝါရောင်ဝတ်စုံနှင့်လူ၏ နောက်တွင် ဒူးတစ်ဘက်ထောက်ထိုင်နေသော ချူးရှင်းက အဖြစ်အပျက်များအား လျောက်တင်နေ၏ ။

အဆင့်၇ တရားသူကြီး ရှန်းချင်းဟယ်သည် တချိန်က ထူးချွန်မှုများကြောင့် မြို့တော်တွင် တာဝန်ထမ်းဆောင်ဖူးသည် ။

နှစ်များစွာ တာဝန်ထမ်းဆောင်ဖူးပြီး အမြင့်ဆုံးအဆင့်မှာ တရားရေးဌာန၏ ဒုတိယဝန်ကြီး အဆင့် ၅ အရာရှိ ရာထူးဖြစ်သည် ။ နောက်ပိုင်းတွင် အဖြစ်အပျက်အချို့ကြောင့် အဆင့်နိမ့်အရာရှိအဖြစ် ရာထူးအချခံရပြီး အဝေးသို့ နှင်ထုတ်ခံခဲ့ရ၏ ။

ယခု သူ့အား ငါးပျံအစောင့်တစ်ယောက်မှ အိမ်တော်ထိန်းအသွင်ယူပြီး စောင့်ကြည့်ခံနေရခြင်းမှာ ဝမ်စုန့်ဟဲကြောင့်ပင် ။

" နောက်ဆုံးတော့ ဝမ်စုန့်ဟဲ ပေါ်လာပြီပေါ့.. "

အဝါဝတ်လူက ​နောက်သို့ လှည့်ကြည့်လိုက်၏ ။ သူ၏ မျက်လုံးထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ သိသာစွာ ပေါ်လွင်နေသည် ။

" မှန်လှပါ.. ဝမ်စုန့်ဟဲက ချောင်ပိုင်ဖူ ဆိုတယ့်သူကို အကြံပြုခဲ့ပါတယ်.. သူ ရာထူးက နှုတ်ထွက်ပြီးနောက်ပိုင်း သူ့တပည့် ရှန်းချင်းဟယ်ကို ဆက်သွယ်တာ ဒါပထမဆုံး ​အကြိမ်ပါ.. "

ချူရှင်းက ရိုသေစွာ ပြောလိုက်၏ ။

" ဝမ်စုန့်ဟဲ.. ဝမ်စုန့်ဟဲ.. တော်တော် စိတ်ရှည်တဲ့လူ.. သူ ပျောက်နေတာ နှစ်သုံးဆယ်လောက် ရှိပြီမှတ်လား.. "

အဝါဝတ်လူ၏ မျက်လုံးထဲတွင် စိတ်ခံစားချက်များ ပေါ်လာ၏ ။

" အတိတ်တုန်းက သူအခေါင်းထမ်းပြီး အရင်ဧကရာဇ်ကို မျိုးနွယ်ခြားတွေကြောင့် လောကကြီးက ရှုပ်ထွေးနေတာလို့ တိုက်ရိုက် လျောက်တင်ဖူးတယ်.. အရင် ဧကရာဇ်က အစောင့်ခေါင်းဆောင် ကျန်းကုန်းကို မြားနဲ့ ပစ်ခိုင်းတာပေါ့.. အဲ့လူက သိုင်းပညာရှင် မဟုတ်ပေမဲ့ မြားတွေအများ​ကြီး စိုက်ဝင်နေတာတောင် ဧကရာဇ်ဆီကို တွားသွားနေတုန်းပဲ ..အဲ့တုန်းကဆို ငါ ငယ်ငယ်လေးပဲ ရှိသေးတာ.. သူက တော်တော်လေး အထင်ကြီးစရာ ကောင်းခဲ့တယ်.. "

" နောက်ပိုင်းတော့ သူ ရာထူးကနှုတ်ထွက်ပြီး အင်မော်တယ်ဂိတ်တစ်ခုထဲ ဝင်သွားတယ်လို့ သတင်းတွေ ထွက်လာရော.. ဒါပေမဲ့ ဒါကိစ္စက မဖြစ်နိုင်ဘူးလေ.. သူအမုန်းဆုံးက အင်မော်တယ်တွေကိုပဲကွ.. သူ ကျင့်ကြံသူ ဖြစ်လာမယ်လို့ ငါမယုံခဲ့ဘူး... ခုတော့ သူ့သတင်း ကြားလိုက်ရပြီ.. "

ယခင်ဧကရာဇ် အုပ်စိုးသည့် အချိန် ၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာယန်အင်ပါယာတွင် စွန့်လွှတ်အနစ်နာခံတက်သော သူရဲကောင်းများနှင့် အရည်အချင်းပြည့်ဝသော အမှူထမ်း များစွာ ပိုင်ဆိုင်ခဲ့သည် ။

သို့သော်လည်း မျိုးနွယ်ခြားစစ်ပွဲအဆုံးတွင် မဟာယန်၏ စစ်သေနာပတိကိုယ်တိုင် ထွက်ပြေးခဲ့ရပြီး လူတိုင်း ကျင့်ကြံသူများအား ဦးညွှတ်ခဲ့ရ၏ ။

ကျင့်ကြံသူများအား ခေါင်းမာစွာ ဆန့်ကျင်နေသည့် အဆင့်မြင့်အရာရှိအားလုံး ဝမ်းနည်းဖွယ်ရာ အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည် ။

ထိုအချိန်က စစ်သူကြီး ဖြစ်ခဲ့ဖူးသော သိုင်းသူတော်စင်သည် စစ်မက်ရေးရာဘက်တွင် အတောက်ပဆုံး ဖြစ်ခဲ့သလို ဝမ်စုန့်ဟဲသည်လည်း အရပ်ဘက်ရာထူးတွင် ဒုတိယအမြင့်ဆုံးသော ရာထူးကို ပိုင်ဆိုင်ထားပြီး နန်းတော်အတွင်း အရေးပါသူတစ်ဦး ဖြစ်ခဲ့၏ ။

စစ်သူကြီးသည် ပြင်းထန်သော တိုက်ပွဲမှ လွတ်မြောက်လာပြီးနောက် ရာထူးနှင့် ဘွဲ့အမည်အား စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည် ။

ဝမ်စုန့်ဟဲသည်လည်း ဧကရာဇ်အား အသက်စွန့်၍ မေးခွန်းထုတ်ခဲ့ပြီး နန်းတော်အတွင်းမှ သေအံ့မူးမူး အခြေအနေနှင့် လွတ်မြောက်သွားခဲ့၏ ။

အရာရှိများစွာအတွင်းမှ သမာဓိ သတ္တိ ရှိသူများမှာ အများအားဖြင့် သေဆုံးခဲ့ကြပြီး လူနည်းစုမှာလည်း ဝမ့်စုန့်ဟဲ ကဲ့သို့ပင် နန်းတော်မှ စိတ်ပျက်လက်ပျက် ထွက်ခွာသွားကြသည် ။

သူရဲကောင်းများနှင့် ပညာရှိများ၏ ကျောရိုးကို ဆယ်စုနှစ်များအတွင်း ကျင့်ကြံသူများက ရိုက်ချိုးခဲ့သည်ဟု ဆိုနိုင်ပေသည် ။

တိုင်းပြည်အတွက် အသက်စွန့်ရဲသူများမှာ ယခုအချိန်တွင် မျိုးသုဥ်းလုနီးပါး ပျောက်ကွယ်သွားလေပြီ ။

ယနေ့ခေတ် မဟာယန်နန်းတော်၏ အရာရှိများက အကျင့်ပျက် ချစားသူများ ဖြစ်ပြီး ဧကရာဇ်ကိုယ်တိုင်ပင် ကျင့်ကြံသူများအား အလျော့ပေး ဆက်ဆံနေရ၏ ။

ထို့ကြောင့် ဧကရာဇ်သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကို လွမ်းဆွတ်တန်းတမိလေသည် ။ ဝမ်စုန့်ဟဲ၏ အမည်ကို ကြားတိုင်း နောင်တအပြည့်ဖြင့် သက်ပြင်းချမိသည် ။

" ဒီကိုယ်တော်ရဲ့ နန်းတော်မှာ တိုင်းပြည်အတွက် အသက်စွန့်ရဲတဲ့သူ ဘယ်လောက်များများ ကျန်သေးလဲဆိုတာ ငါ တကယ်မသိဘူး.."

အဝါဝတ်လူက သက်ပြင်းချလိုက်၏ ။ သူ၏ လက်အောက်တွင် ခစားရန် ဝမ်စုန့်ဟဲလို လူမျိုး များများ ရှိစေချင်သည် ။

ချူးရှင်းက မည်သို့ တင်လျောက်ရ​တော့မည်ကို မသိ၍ ခေါင်းသာ ငုံ့ထားလိုက်တော့၏ ။

အဝါဝတ်လူက စိတ်အခြေအနေ ပြန်သက်သာ သွားပြီး အကြောင်းအရာအား ဆက်မေးလိုက်သည် ။

ချူးရှင်းက...

" ဝမ်စုန့်ဟဲရဲ့ စာထဲမှာ သူ့အခြေအနေအကြောင်း ပြောမထားတော့ ရှန်းချင်းဟယ်လည်း သိလောက်မယ် မထင်ပါဘူး.. "

" ပိုသိနိုင်တာက ချောင်ပိုင်ဖူ ပဲရှိမယ်.. "

အဝါဝတ်လူက ခေါင်းညိတ်လိုက်သည် ။ အနှစ်သုံးဆယ်ကြာ ပျောက်နေသည့် လူတစ်ယောက်က တပည့်ဖြစ်သူအား ဆက်သွယ်နေလျှင် အစီအစဥ်တစ်ခုခု ရှိနေပုံရသည် ။ ယခင်က အဆင့်​မြင့် အရာရှိ ဖြစ်ခဲ့ဖူးသူက ချောင်ပိုင်ဖူအား အဆင့်နိမ့်ရာထူးတစ်ခုခုတွင် တာဝန် ထမ်း​ဆောင်စေလိုသည်က ထူးဆန်း၏ ။ ချောင်ပိုင်ဖူသာ သာမန်လူဖြစ်နေပါက ထူးဆန်းမည်မဟုတ်သော်လည်း ချောင်ပိုင်ဖူက သာမန်လူ ဟုတ်မနေ ။

" စာအရဆို ချောင်ပိုင်ဖူက ဒဏ်ရာတော်တော်ပြင်းထန်နေတယ်တဲ့.. ဒါပေမဲ့ အတွင်းလူ ရဲ့ မျက်မြင်အရ အဲ့လူက ကျန်းမာပြီး သန်မာနေတာပဲ.. ဒဏ်ရာပြင်းထန်တယ်ဆိုတာ ယုံနိုင်စရာမရှိဘူး.. ခု သူ့ကို စုံထောက်တစ်ယောက်အဖြစ် ခန့်အပ်လိုက်တာက တစ်ခုခု မှားနေသလို ခံစားရတယ်..."

" ပြီး​တော့ ချောင်ပိုင်ဖူ ပြန်သွားတော့ ရှန်းချင်းဟယ်က စာကြည့်ခန်းထဲမှာ ကျင့်ကြံသူတွေအကြောင်း လေ့လာနေတယ်တဲ့.. အဲ့တာကိုလည်း ထည့်စဥ်းစားရမယ်.. "

ချူးရှင်း၏ သုံးသပ်ချက်ကို ကြားလျှင် အဝါရောင်ဝတ်ရုံဖြင့်လူက အံ့သြပြီး စိတ်ဝင်စားသွား၏ ။ ဝမ်စုန့်ဟဲအား လေးစားသူဖြစ်သဖြင့် ဝမ်စုန့်ဟဲ အကြံပြုထားသည့် ချောင်ပိုင်ဖူအား ပို၍ အလေးထားမိသည် ။

" နှစ်သုံးဆယ်ကြာအောင် ပုန်းနေပြီးမှ ခုပြန်ပေါ်လာတယ်ဆို​တော့ တစ်ခုခု အကြံအစည် ကြီးကြီးမားမားရှိရမယ် ..ချောင်ပိုင်ဖူ ဆိုတဲ့သူကို သေချာစောင့်ကြည့်ထားပါ .."

အဝါရောင်ဝတ်ရုံဖြင့် လူက မျက်လုံးမှိတ်ထားရင်း အမိန့်ပေးလိုက်၏ ။ သူ ဟဲရန် မြို့တွင် အချိန်ကြာကြာ နေမည် မဟုတ်၍ မထွက်ခွာခင် ချောင်ပိုင်ဖူအား သေချာစုံစမ်းရန် ဆုံးဖြတ်လိုက်သည် ။

…………….

ယန်မြို့တံခါး...

အမှောင်ရိပ်ထဲတွင် ကြယ်ပုံမျက်နှာဖုံးတပ်ထားသည့် ပုံရိပ်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာပြီး မြို့ရိုးနံရံရှိ စာလုံးများကို ငေးကြည့်နေသည် ။

လျှို့ဝှက်ကြယ် သံတမန်က ထိုစာကို ဖတ်ရင်း မျက်နှာပူနွေးလာ၏ ။ သူ ရှက်လာသည် ။

သူ သေချာစွာ စုံစမ်းခဲ့သော်လည်း ချောင်မိသားစု၏ အရိပ်အယောင်ကို ရှာမတွေ့ခဲ့ပေ ။ ထို့ကြောင့် ကုံးယန်အား ယုံကြည်မှု အပြည့်ဖြင့် ပြောခဲ့၏ ။

ယခုတော့ ထိုချောင်မိသားစုဝင် တစ်ယောက်က ကုံးယန်အား နေ့ခင်းကြောင်တောင် သတ်ဖြတ်သွားသည် ။

' ကံဆိုးလိုက်တာ.. ဧကရာဇ် လာခံနီးမှ ဒီနေရာမှာ အရေးပါတဲ့ ဝူကျိအသင်းဝင်တစ်ယောက် သေရတယ်လို့.. သိုင်းသူတော်စင်ရဲ့ လုပ်ကြံမှုကို မထိခိုက်ဖို့ မျှော်လင့်ရတာပဲ. '

' ချောင်မိသားစုက ချောင်ဆန်း.. ဒီနာမည်ကို ငါဘယ်​တော့မှ မမေ့ဘူး.. '

လျှို့ဝှက်ကြယ်သံတမန်၏ အကြည့်က လူသတ်ချင်လာသဖြင့် အေးစက်လာ၏ ။ ယခု ကုံးယန်၏ သေဆုံးမှုတွင် သူကိုယ်တိုင် ကြံရာပါလို ဖြစ်နေသည် ။ သူ ပေးခဲ့သည့် သတင်းကြောင့်သာ ကုံးယန်အားဤမျှ အထိ သတိလက်လွတ် ဖြစ်စေခဲ့၏ ။ ဤသည်က သူ၏ ကြီးမားသော အမှားတစ်ခုပင် ။ သို့သော်လည်း ချောင်မိသားစုအကြောင်း သူ မည်သည့်အတွက်ကြောင့် ရှာမတွေ့ခဲ့ပါသနည်း ။

' ငါ ယန်မြို့ကို ဒီအတိုင်း ပစ်ထားခဲ့လို​တော့ မရဘူး.. ဟဲရန်မြို့ကို ပြန်ပြီး ချောင်မိသားစုကို သေချာ စုံစမ်းရမယ်.. '

လျှို့ဝှက်ကြယ်သံတမန်က အရပ်ထဲ ပျောက်ကွယ်သွား၏ ။

All Chapters