← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

Chapter 67

~

အခန်း ၆၇

~

ယန်မြို့၏ မြို့တံခါး...

မြို့ရိုးတွင် ကုံးယန်၏ သွေးများက ခြောက်သွေ့သွားပြီး မှိန်ဖျော့ဖျော့ သာကျန်တော့၏ ။ သို့သော်လည်း ချောင်မူ လှံဖြင့် ထွင်းထားသည့် စာလုံးများက ထင်ရှားနေဆဲပင် ။

လမ်းသွားလမ်းလာများက ထိုစာလုံးများကို ကြည့်ပြီး သက်ပြင်းချမိကြ၏ ။

ကုံးယန်၏ သေဆုံးမှုက ယန်မြို့တစ်ခုလုံးကို လှုပ်ခပ်သွားစေသည် ။

ကုံးယန်သည် ယန်မြို့အား အုပ်ချုပ်နေသည်မှာ နှစ်များစွာ ကြာပြီဖြစ်၍ ယန်မြို့၏ ဧကရာဇ်ဟုပင် တင်စားနိုင်၏ ။ သို့သော်လည်း ထိုနေ့က လမ်းမပေါ်တွင် ဝမ်းနည်းကြေကွဲဖွယ် သေဆုံးသွားပြီး​နောက် သူကြိုးစား အားထုတ်ခဲ့ရသည်များက မီးခိုးငွေ့သဖွယ် ပျောက်ကွယ်သွားခဲ့ရသည် ။

" ကုံးယန် သေသွားတာ အေးတာပဲ.. "

မြို့တံခါး အနီးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ပညာရှင်တစ်ယောက်က မြို့ရိုးရှိ စာလုံးများကို ကြည့်ရင်း ​တခြားသူများနှင့် တက်ကြွစွာ ဆွေးနွေးနေ၏ ။

" ဒီ နေရာမှာ ကုံးယန် သေတုန်းက ကျုပ်ကိုယ်တိုင် အနားမှာရှိတယ်.. "

" ကုံးယန် ဘယ်လောက်တောင် အာဏာရှိခဲ့လဲ ပြန်စဥ်းစား ကြည့်လိုက်.. ဘယ်သူမှ သူ့ကို မဝေဖန်ရဲဘူး.. အများဆုံး ပြောရဲရင် သူ့သားကို အလိုလိုက်တယ်ဆိုတာပဲ ရှိမယ်.. သူ့သား အပြစ်တင်ခံရပေမဲ့ သူက အမြဲ လူကောင်းလုပ်နေတာ.. "

" သံသရာဆိုတာ အမြဲ လည်ပတ်နေတာတဲ့ ..ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်.. မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်.. အဲ့အချိန်တုန်းက ချောင်ဆန်းရဲ့ လှံအောက်မှာ ကုံးယန်က ခွေးတစ်ကောင်လို ခွေခွေလေး လဲနေတာပေါ့.. "

" ဘာ...အဲ့တာကို ခင်ဗျားကိုယ်တိုင် မြင်ခဲ့တာလား.. "

" လုပ်စမ်းပါအုံး ..ကျုပ်တို့ကိုလည်း အသေးစိတ်ပြောပြ.. "

လက်ဖက်ရည်ဆိုင်တွင် လူတိုင်းက ထိုအကြောင်းအား ဆွေးနွေးနေကြပြီး ရက်အနည်းငယ်ကြာလာသော်လည်း စမြုံ့ပြန်၍ ကောင်းနေဆဲပင် ။

နံရံပြိုကျသွားလျှင် လူတိုင်း တွန်းကြမည်ဖြစ်ပြီး သစ်ပင်ပြိုလဲသွားလျှင်တော့ မျောက်များ ပြန့်ကျဲသွားမည်ဖြစ်သည် ။

ယခင်က ကုံးယန်သည် ယန်မြို့၏ သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သားတစ်ယောက်ထဲသာ ရှိ၏ ။

ယခု သားအဖ နှစ်ယောက်လုံး သေဆုံးသွားသည့်အပြင် ကုံးယန်၏ သစ္စာရှိလက်အောက်ငယ်သားများပါ သေဆုံးသွားကြသဖြင့် ကုံးမိသားစု၏ အနာဂတ်သည် မရေရာတော့ ။

အရင်က ကုံးယန်အား မည်သူမှ မဝေဖန်ရဲသည့်အပြင် ကုံးယန်၏ အကြည့်တစ်ချက်ဖြင့်ပင် လူထုအား ထိန်းချုပ်ထားနိုင်၏ ။ ယခုတော့ နံရံပြိုလဲသွားသည့်အခါတွင် လူတိုင်း လက်ညိုးဝိုင်းထိုးကြလေပြီ ။

လက်ဖက်ရည်ဆိုင်ထဲတွင် ပညာရှင်တစ်ယောက် ထိုအကြောင်းကို အာဘောင်အာရင်းသန်သန် ပြောနေသဖြင့် အနားတွင် ထိုင်နေသူများက ဝိုင်းလာကြသည် ။

" လုပ်စမ်းပါအုံး.. ကုံးယန် ဘယ်လိုသေတာလဲ အသေးစိတ်ပြောပြ.. "

" ကုံးယန် အကြောင်း ဘာလုပ်ရမှာလဲ.. ချောင်မိသားစုက ချောင်ဆန်းအကြောင်းပြောပြ.. "

လူအများ၏ သူပြောမည်ကို စောင့်နေသဖြင့် ပညာရှင်က စိတ်လှုပ်ရှားလာပြီး ချောင်းဟန့်လိုက်၏ ။

" အဟမ်း.. အဲ့နေ့တုန်းက ကျုပ် ဒီနေရာနားမှာ ရှိနေခဲ့တာ.. ကုံးယန်ကို သတ်ခဲ့တဲ့ ချောင်ဆန်းနဲ့တောင် ဆွေးနွေးငြင်းခုန်မိသေးတယ်.. "

" အဲ့နေ့က ကျုပ်နဲ့ ချောင်ဆန်း ငြင်းခုံပြီး​တော့ ..ချောင်ဆန်း ရဲ့ စိတ်ခံစားချက်က ပြင်းထန်လာပြီး မြို့စားကို လုပ်ကြံဖို့ ရဲရင့်သွားတာပေါ့.. "

" အဲ့တာကြောင့် ကျုပ်ကို မျက်မြင်သက်သေ လို့ ယူဆလို့ရသလို ဒီကိစ္စမှာ တဝက်ပါဝင်ခဲ့သူအဖြစ်လည်း ယူဆလို့ရတယ်.. ပြောရရင် ကျုပ်မှာ ဂုဏ်သိက္ခာတဝက်​တော့ ရှိတာပေါ့.. "

နားထောင်နေသော လူအုပ်အတွင်းမှ လူတစ်ယောက်က လှောင်ပြောင်လိုက်၏ ။

" ကုံးယန် သေသွားလို့ မင်းကိုမင်း ကိုယ်ရေသွေးနေတာ ကိစ္စ မရှိဘူး.. ဒါပေမဲ့ ချောင်မိသားစုက ချောင်ဆန်းအကြောင်း ပြောရဲတယ်လား.. သူ မရှိတာနဲ့ သူ့အကြောင်း လျောက်ပြောရဲတယ်လား.. အခု နားထောင်နေတဲ့သူက အများကြီးဆိုပြီး မင်းကိုမင်း ဂုဏ်ယူရဲတယ်လား.. "

ပညာရှင်က ထိုနေ့က အဖြစ်အပျက်ကို ပြန်တွေးမိပြီး မျက်နှာပူလာကာ ထွက်သွား​တော့သည် ။

မြို့ရိုးမျှော်စင် အောက်တွင် ရပ်နေသည့် အဘိုးကြီးဟွမ်က အဝေးမှ ထိုအဖြစ်အပျက်အား ပြုံး၍ ကြည့်နေသည် ။

" ကုံးယန် ဆိုတဲ့ သစ်ပင်လဲတော့ မျောက်တွေ ပြန့်ကျဲကုန်ပြီ.. ချောင်မိသားစုတွေ ဒီမှာ မရှိ​တော့ပေမဲ့ ..သူတို့ရဲ့ သြဇာလွှမ်းမိုးမှုက ရှိနေတုန်းပဲ.. "

" သမီးကြီး.. ခေါင်းမော့ပြီး သေချာကြည့်လိုက်ပါအုံး.. "

အဘိုးကြီးဟွမ်က မြို့ရိုးပေါ်တွင် ထွင်းထားသည် စာများကို ညွှန်ပြလိုက်၏ ။ ကုံးယန်၏ သွေးများက ခြောက်သွားပြီး မှေးမှိန်နေသော်လည်း ထွင်းထားသည့် စာလုံးများက ထင်ရှားနေဆဲပင် ။

" သခင်ကြီးကုံးယန် ရဲ့ အာဏာကို ငါအပါအဝင် ဘယ်သူမှ မဆန့်ကျင်ရဲဘူး .."

" ချောင်မိသားစုက သားအဖ သုံးယောက်က တကယ်ကို သူရဲကောင်းတွေပဲ.. ကုံးယန်ကို ဖြုတ်ချခဲ့တာ မြင့်မြတ်တဲ့ သူတို့သုံးယောက်.. ချီးကျူးဖို့ ကောင်းပေမဲ့ အဆုံးသတ်က ဝမ်းနည်းစရာပဲ.. "

" ချောင်မိသားစုဟာ မကောင်းမှုကို မုန်းတီးပြီး.. တရားမျှတမှုအတွက် အသက်စွန့်ရဲကြတယ့် အချက်ကို အဖေတို့ လေးစားရမယ်.. "

" ရဲရင့်တဲ့ သူရဲကောင်း ညီအကို နှစ်ယောက်က တရားမျှတမှုကို ရှာဖွေရင်း ကုံးယန်ရဲ့ လက်ချက်နဲ့ သေခဲ့ရပေမဲ့ သူတို့အဖေရောက်လာပြီး ကုံးယန်ကို လက်စားချေနိုင်ခဲ့တယ်.. ဒါကို ငါ့သမီးကြီး သေချာ မှတ်ထားပါ.. "

အဘိုးကြီးဟွမ်က သက်ပြင်းချလိုက်ပြီး ...

" အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့ သူရဲကောင်း မဖြစ်ရင်တောင် ပျင်းစရာကောင်းတဲ့ ပညာရှင်တွေလို မဖြစ်စေနဲ့.. ဘယ်လို အခြေအနေမျိုးမဆို လိုက်လျောညီတွေ နေတက်တဲ့ လိမ္မာပါးနပ်သူ ဖြစ်အောင်လုပ်ပါ.. "

" သမီး နားလည်ပါပြီ..."

အဖေ နှင့် သမီး စကားပြောနေစဥ် မြို့တံခါးမှ လူများ ဝင်လာကြ၏ ။

ယန်မြို့အား ပိတ်ဆို့ထားသည်ကို ပြန်ဖွင့်ပြီးနောက် ယန်မြို့သည် ပိုမိုစည်ကားလာခဲ့သည် ။

အချို့မှာ ကုန်သည်လှည်းတန်းများ ဖြစ်သော်လည်း အချို့မှာ ကုံးယန်၏ အဖြစ်အပျက်အကြောင်းကြား၍ စပ်စုရန် လာကြသည် ။

ဝမ်စုန့်ဟဲလည်း ထိုစပ်စုသူများထဲတွင် ပါဝင်၏ ။ သူ၏ ပုံပန်းသဏ္ဍာန်ပြောင်းလဲထားသဖြင့် လူအုပ်အတွင်းတွင် ခေါင်းမော့ရင်ကော့၍ လျှောက်လာသည် ။

" ဒီစာလုံးတွေက ဘာလို့ ရှိနေသေးတာလဲ.. "

ဝမ်စုန့်ဟဲ ဆွံအနေ၏ ။

" လူသတ်သမား ချန်ထားတဲ့ စာလုံးတွေကို မဖျက်ပစ်ဘူးလား.. "

" ဖျက်တာလား.. ဟားဟားဟား. ဘယ်သူ လုပ်ရဲမှာလဲ.. "

အဘိုးကြီးဟွမ်က ဝမ်စုန့်ဟဲ၏ အာမေဋိတ်သံကို ကြားပြီး ရယ်လိုက်၏ ။

" မင်းက အပြင်လူပဲ.. မင်းကြားဖူးသမျှက ကောလဟာလတွေ.. "

အဘိုးကြီးဟွမ်က ခေါင်းခါလိုက်ပြီး...

" ချောင်ညီအကိုတွေ သေဆုံးခဲ့ပေမဲ့ ချောင်ဆန်းနဲ့ ချောင်မိသားစုဝင်တွေက ယန်မြို့ကနေ ခေါင်းမော့ပြီး ထွက်သွားတာ.. သူတို့ အသက်ရှင်နေကြတုန်းပဲ.. "

" ဒီနေ့ခေတ်မှာ သာမန်လူတွေက အာဏာရှိသူတွေကို ကြောက်ကြပြီး အာဏာရှိသူတွေက ဘာမှဆုံးရှုံးစရာမရှိတော့တဲ့ သူတွေကို ကြောက်ကြတယ်.. "

" ချောင်မိသားစုက ရေးခဲ့တဲ့ စာတန်းကို ဘယ်သူ ဖျက်ရဲမှာလဲ.. ဘယ်သူမှ ကုံးယန်လို လမ်းမပေါ်မှာ ခွေးသေ မသေချင်ဘူး.. "

ချောင်မိသားစုသည် ကိုယ်ပိုင်ဘဝ နှစ်ခုရင်း၍ ကုံးယန်တို့ သားအဖအား သတ်ခဲ့ပြီး ယန်မြို့တွင် တရားမျှတမှုဟူသော အာဏာကို ထူထောင်ခဲ့၏ ။

ဝမ်စုန့်ဟဲက အဘိုးကြီးဟွမ်၏ စကားကိုကြားပြီး နှလုံးသားတစ်ခုလုံး လှုပ်ခပ်သွားခဲ့သည် ။ ဤလုပ်ကြံမှုတွင် သူလည်း တစိတ်တပိုင်း ပါဝင်ခဲ့၏ ။ သို့ရာတွင် မျက်နှာဖုံးတပ်ထားသဖြင့် သူတို့အား ချောင်မိသားစုဝင်များဟု လူထုက တွေးထင်နေကြသည် ။

ဝမ်စုန့်ဟဲ တွေးလိုက်သည် ။

' အခု ယန်မြို့က အမှုထမ်းတွေက ချောင်ဆန်းရေးခဲ့တဲ့ စာကို မဖျက်ရဲကြဘူး.. ချောင်ဆန်း လှံထမ်းပြီး ပြန်လာမှာကို ကြောက်နေကြတာ.. '

' ကုံးယန် အသက်ရှိတုန်းက သူတစ်ယောက်ထဲ အာဏာကို ချုပ်ကိုင်ထားလို့ ဒီမြို့မှာ နောက်ထပ် အာဏာရှိတဲ့သူ မရှိဘူး.. '

' ခု သူသေသွား​တော့ ချောင်မိသားစုရဲ့ အာဏာက ဒီမြို့မှာ အကြီးမားဆုံးလို့ ပြောလို့ရတယ်.. '

' ဒါပေမဲ့ ဒါက ယာယီပဲ အချိန်ကြာကြာ တည်နေမှာ မဟုတ်ဘူး.. သိပ်မကြာခင် မြို့စားတစ်ယောက် ထပ်ရောက်လာလိမ့်မယ်.. '

' နောက်လူ ကောင်းလားဆိုးလား ဆိုတာ ကံကိုပဲ အားကိုးနေရမှာပေါ့.. '

' လောကကြီးက မပြောင်းလဲသရွေ့ ချောင်သားအဖတွေ ကုံးယန်ကို သတ်ခဲ့ပေမဲ့ ဘာမှ သိပ်မထူးဘူး.. လောကကြီးကို ပြောင်းလဲချင်ရင် ပြန့်ကျဲနေတဲ့ သူရဲကောင်းအနည်းငယ်က တက်နိုင်မှာ မဟုတ်ဘူး.. '

' ကောင်းကင်နဲ့ မြေပြင်ကြားမှာ တောင်တွေထဲ ပုန်းနေရုံနဲ့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ..'

ဝမ်စုန့်ဟဲက လူသူနည်းပါးသည့် မြို့ငယ်လေးကို ကြည့်ရင်း တိတ်တဆိတ် တွေးနေမိ၏ ။

ဓားပြများသည် တောင်ထဲတွင်ပုန်း​အောင်းရင်း ရွာသားအနည်းငယ်ကို ကာကွယ်ပေးနိုင်သော်လည်း သူတို့ တက်နိုင်သည်က အကန့်အသတ်ရှိ၏ ။

ယန်မြို့၏ အုပ်ချုပ်သူက အရည်အချင်းမရှိလျှင် ဤတာဝန်အား သူယူရမည် ။

Chapter 68

~

အခန်း ၆၈

~

နန်ကျိုးပြည်နယ်တွင် တောင်တန်းများစွာရှိသည် ။ တောင်တန်းများစွာထဲတွင် ချင်းမင်တောင်တန်းသည် အထင်ရှားဆုံးဖြစ်ပြီး ချင်းမင် တောင်ထွတ်က တိမ်ယံအထိ မြင့်မားလှ၏ ။ ထို​တောင်ပေါ်ရှိ ချင်းယွမ် ဘုရားကျောင်းသည် ကျော်ကြားလှသဖြင့် လာရောက်ဖူးမျှော်သူများ အဆက်မပြတ်စည်ကားလျက်ရှိသည် ။

သို့ရာတွင် ချောင်စန်းရွှယ် ရောက်ရှိနေသည်က ထိုကျော်ကြားသော ချင်းယွင် ဘုရားကျောင်းမဟုတ် ။ တောင်ဘက် ချင်းမင်တောင်ခြေရှိ ဘုရားကျောင်းငယ်လေးတစ်ခုသို့ ရောက်ရှိနေသည် ။

လင်းလင်း အမည်ရှိ ဝဝဖိုင့်ဖိုင့်နှင့် ကြင်နာတက်သော တာအိုသီလရှင်တစ်ပါး ပိုင်ဆိုင်သော ကျောင်းငယ်လေးပင် ။

ဘုရားကျောင်းသည် သေးငယ်သော်လည်း အမွှေးတိုင်ပူဇော်နေသူ မနည်း ။ လင်းလင်းအား ကိုးကွယ်သူများ ရှိပေသည် ။

ယနေ့ တာအိုသီလရှင် လင်းလင်း စိတ်ခံစားချက် ကောင်းမွန်နေ၏ ။ သူမ နှစ်ပေါင်းများစွာ စောင့်မျှော်နေသော လူတစ်ယောက် မကြာသေးမီက ရောက်ရှိလာသည် ။

" စန်းရွှယ်.. ဆရာ မင်းကို စတွေ့တုန်းက ကလေးလေးပဲရှိသေးတယ်.. ခုတော့ အရွယ်ရောက်နေပြီ.. "

" ဆယ်နှစ် ဆိုတဲ့ အချိန်က ဆရာတို့ ကျင့်ကြံသူတွေအတွက် ဘာမှ မကြာဘူး.. တို့တွေ ခုလိုဆုံတွေ့ ရတယ်ဆိုတာ ကံကြမ္မာ ကြောင့်ပဲ.. "

" ဒီ ကံကြမ္မာကို ဆရာ ကြိုမြင်နေတာ ကြာပြီ.. "

တာအိုသီလရှင် လင်းလင်းက မျက်လုံးမှိတ်ပြီး အလွန်ဖော်ရွှေစွာ ပြောနေ၏ ။ သီလရှင်ကြီးက အချိန်အတော်ကြာအောင် စောင့်သော်လည်း ချောင်စန်းရွှယ်ထံမှ တုန့်ပြန်မှု မရှိသဖြင့် မေးလိုက်သည် ။

" စန်းရွှယ်.. ဘာလို့ ဘာမှ မပြောတာလဲ.. "

ချောင်စန်းရွှယ်က မျက်လုံးကို တင်းတင်းမှိတ်ထားပြီး မလှုပ်မယှက် ထိုင်နေဆဲပင် ။

" ဆရာ​.. ညီမလေးက အိပ်ပျော်နေတယ် ထင်တယ်.. "

တပည့် တစ်ဦးက ပြောလိုက်သည် ။

" အဓိပ္ပါယ် မရှိတာ မပြောနဲ့.. မင်း ညီမလေးက အမြင်အာရုံချို့တဲ့လို့ မျက်လုံးမှိတ်ထားတာ.. အဲ့တာနဲ့ အိပ်ပျော်နေတယ်လို့ ပြောလို့မရဘူး..သူ နက်နက်ရှိုင်းရှိုင်း တရားထိုင်နေ.."

လင်းလင်းက မျက်မှောင်ကြုတ်ကာ ငေါက်လိုက်၏ ။ သူမ ပြောလိုက်သည့် အချိန်မှာပင် ချောင်စန်းရွှယ်ဆီမှ အသံထွက်ပေါ်လာသည် ။

" ခူး....ခလော..."

လင်းလင်းက ဆွံအသွားပြီး ပြောလက်စ စကားကို အမြန်လမ်းကြောင်းပြောင်းလိုက်သည် ။

" မင်းတို့ရဲ့ ဂျူနီယာညီမလေးမှာ ပါရမီ ရှိတယ်ကွယ့်.. သူ တစ်ရက်တာ လေ့ကျင့်မှုက မင်းတို့ ဆယ်နှစ်လောက် လေ့ကျင့်တာနဲ့ ညီမျှချင် ညီမျှလိမ့်မယ်.. သူ တစ်ညလုံး လေ့ကျင့်ထားတော့ နေ့ခင်းဘက် အိပ်ငိုက်တာ ပုံမှန်ပဲ.. "

" ချီသန့်စင်မှုအဆင့် ကျင့်ကြံသူတွေက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကို အားကိုးနေရ​တော့ ပင်ပန်းတာ ပုံမှန်ပဲ.. "

ထိုအခိုက် တပည့်မ တစ်ယောက် မျက်ခွံများ မှေးနေပြီး ငိုက်နေသည်ကို မြင်လိုက်ရ၏ ။ သူမ ချက်ချင်းအော်လိုက်သည် ။

" ဆရာစကားပြောနေတာကို ဘာလို့ ငိုက်နေတာလည်း.. "

လင်းလင်း ၏ အသံကြောင့် ထိုမိန်းကလေးက လန့်သွား၏ ။ သူမ ချောင်စန်းရွှယ်အား ကြည့်လိုက်သောအခါ အိပ်နေသည်ကို မြင်လိုက်မှသာ ဆရာဖြစ်သူက အသံလွင့်၍ ငေါက်မှန်း သိလိုက်သည် ။ လင်းလင်းအော်လိုက်သည်က ကျယ်လွန်းလှသဖြင့် သူမ၏ နားထဲတွင် တဝီဝီ မြည်နေ၏ ။

ထိုအခိုက် မျက်လုံးတင်းတင်းကျပ်ကျပ် မှိတ်ထားသော ချောင်စန်းရွှယ်၏ မျက်ခွံက လှုပ်ခပ်လှုပ်ခပ်ဖြစ်သွားပြီး အနည်းငယ်ပွင့်လာသည့်အခိုက် အဖြူရောင်တောက်ပနေသော မျက်ဝန်းတစ်စုံ တစွန်းတစပေါ်လာသည် ။

သူမ က ခေါင်းလှည့်ပြီး ဘုရားကျောင်း၏ ဝင်ပေါက်ဘက်သို့ ကြည့်လိုက်သည် ။

ဘုရားကျောင်းထဲသို့ ဝင်လာနေသော ဘုရားဖူးများက ဆွေးနွေးရင်း လျှောက်လာနေကြ၏ ။

" ခင်ဗျား ကြားလိုက်သေးလား.. အရှေ့ဘက် ယန်မြို့က မြို့စားကို ချောင်ဆန်း ဆိုတယ့်သူက သတ်လိုက်တယ်တဲ့.. အဲ့လူက ဘယ်လောက်တောင် သန်မာလဲ မသိဘူး မြို့စားအစောင့်တပ်တွေကြားထဲဝင်​ပြီး လုပ်ကြံဖို့ဆိုတာ လွယ်တာမဟုတ်ဘူး.. "

" ဟမ်း..မင်းသိတာ နည်းနည်းလေး.. အဲ့ ချောင်ဆန်းမှာ ချောင်မူနဲ့ ချောင်လင်းဆိုတဲ့ သားနှစ်ယောက်ရှိတယ်တဲ့.. သူတို့နှစ်ယောက်လုံးက သူရဲကောင်းတွေ ဆိုပဲ.. ယန်မြို့စားကြောင့် နှစ်ယောက်လုံး သေခဲ့ရတာတဲ့.. "

ဘုရားဖူးများက အမွှေးတိုင် မပူဇော်မီ ရေပန်းစားနေသော အကြောင်းအရာများကို ပြောနေကြ၏ ။

ချောင်စန်းရွှယ်က အံ့အားသင့်နေပြီး သူမ၏ နှလုံးသား အတွင်းဝယ် မိုးကြိုးပစ်ခံလိုက်သလို ခံစားနေမိသည် ။

' ချောင်မူအတွက် လက်စားချေပေးမယ့် အဖေတစ်ယောက် ရှိနေသေးမယ်လို့ ငါထင်မထားမိဘူး ..'

ဤသတင်းက ချောင်းစန်းရွှယ်အတွက် နှစ်သိမ့်မှုတစ်ခု ပေးစွမ်းနိုင်သည် ။ သူမ ချောင်မူအား ကျေးဇူးဆပ်ချင်သော်လည်း နည်းလမ်းမရှိ၍ ကုံးယန်အား သတ်မည်ဟု ကတိပြုခဲ့၏ ။ ယခု ချောင်မူ၏ အဖေပေါ်လာ၍ ချောင်မူအတွက် ကျေးဇူးတုန့်ပြန်ရန် ကြိုးစားခွင့် ရှိလေပြီ ။

သူမ၏ နှလုံးသား လှုပ်ရှားလာပြီး အနည်းငယ်ပေါ်နေသော မျက်လုံးမှ အဖြူရောင် အလင်းတန်းများ ပိုမို တောက်ပလာ၏ ။

' အဘိုးက ကုံးယန်ကို သတ်လိုက်တာဆိုတော့ အန္တရာယ်ကြားထဲ ရော​က်နေမှာပဲ ..ငါ့ နတ်ဘုရားစွမ်းရည် ပြီးပြည့်စုံသွားရင် ငါ သွားပြီး ကာကွယ်ပေးရမယ်.. "

ထိုအခိုက် ရှေ့တွင် ထိုင်နေသည့် လင်းလင်း၏ မျက်လုံးက အနည်းငယ် ပွင့်လာသည် ။ သူမ ချောင်စန်းရွှယ်၏ အော်ရာ သုံးကြိမ်ဆက်တိုက် မြင့်တက်သွား​သည်ကို ခံစားမိလိုက်၍ပင် ။

' ဟမ်.. ညဏ်အလင်းလား. သူအဆင့် ၄ တောင်ရောက်သွားပြီလား.. '

လင်းလင်း၏ မျက်လုံးများ ပြူးကျယ်နေ၏ ။ ထို့နောက် အားရပါးရ ပြုံးလိုက်သဖြင့် သူမ၏ မျက်လုံးများက ပိတ်လုမတက်ဖြစ်သွားသည် ။

' သူ့ရဲ့ ကျင့်ကြံမှု အမြန်နှုန်းက ကိုးကွယ်မှုစွမ်းအား အမွှေးတိုင်သုံးပြီးလေ့ကျင့်တဲ့ အဓိကဂိုဏ်းရဲ့ တပည့်တွေထက်တောင် သာနေတာပဲ.. ဒီမိန်းကလေး တစ်နေ့ကျရင် အင်မော်တယ်ဂိတ်ကိုးခုနဲ့ မသက်ဆိုင်တဲ့ လမ်းစဥ်တစ်ခုကို ရှာတွေ့နိုင်တယ်.. "

…………….

ဟဲရန်မြို့ ...

လက်ဖက်ရည်ဆိုင်၏ ပုံပြောသည့် စင်မြင့်ထက်တွင် အစိမ်းရောင်ဝတ် ဓားသမားက စိတ်အားထက်သန်စွာ ပုံပြောနေ၏ ။

" အဲ့အချိန်မှာ သူရဲကောင်း ချောင်ဆန်း ပြောလိုက်တာက... ငါတို့ သိုင်းလောကသားတွေက အမြဲတမ်း ရှေ့ကိုပဲ ချီတက်သင့်တယ်တဲ့.. "

" သူက အဲ့လိုပြောလိုက်ပြီး​နောက်မှာ မြို့စား ကုံးယန်ကို လှံနဲ့ ထိုးသတ်ပြီး စစ်သည်တွေ ကြားထဲကနေ ရင်ကော့ပြီး ထွက်သွားတယ်.. "

ဧည့်သည်များက ဇာတ်ရှိန်မြင့်လာတိုင်း ဝမ်းသာအားရ လက်ခုတ်တီး၍ အားပေးကြ၏ ။

ဘက်ဖက်ရည်ဆိုင်၏ ထောင့်တစ်နေရာတွင်...

ခါးတွင် ဓားချိတ်ထားသည့် လူဆိုးထိန်းများက လူရှစ်ယောက်ထိုင် စားပွဲတွင် ထိုင်၍ ပုံပြင်အား နားထောင်နေ၏ ။

" တပ်မှူးချောင်.. ကျုပ်တို့ အဆင်ပြေပါ့မလား.. "

လူဆိုးထိန်း တစ်ဦးက ချောင်မူ၏ အနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်၏ ။

" ယန်မြို့မှာ လူသတ်သွားတဲ့ ချောင်ဆန်းက ရုံးတော်ရဲ့ အလိုရှိဆုံး တရားခံဖြစ်သွားပြီလို့ အမိန့်ရထားတယ်.. ဒီ ပုံပြောသူကို ကျုပ်တို့ မောင်းထုတ်ဖို့လာတာလေ ..ခုလို ထိုင်နားထောင်နေတာ ကောင်းပါ့မလား.. "

" ဘာလို့ မကောင်းရမှာလဲ.. သူပြောတာ အဆုံးထိ နားထောင်မှ အမှုအကြောင်း အသေးစိတ် သိရမှာပေါ့.. သူ ပုံပြောပြီးမှ ဖမ်းလည်း နောက်မကျသေးပါဘူး.. "

ချောင်မူက လက်​ဖက်ရည်သောက်ရင်း ပျင်းရိပျင်းတွဲ ပြောလိုက်၏ ။ ​ပုံပြင်ကို ဆက်လက်နားထောင်နေသည် ။ ပုံပြောသူနှင့် စတင်တွေ့ဖူးသည့် အချိန်မှာပင် ပုံပြင်များအား သဘောကျလာမိသည် ။ ယခု ဟဲရန်မြို့၌ပင် သူ့အကြောင်း ပြောနေသည့် ပုံပြောသူအား တွေ့ရမည်ဟု ထင်မထားခဲ့ချေ ။

" ဟုတ်ပါ့.. ဒီပုံပြောသူ ပြောတဲ့ ပုံပြင်က စိတ်ဝင်စားစရာ ကောင်းတယ်.. "

အနီးကပ် စားပွဲမှ ဧည့်သည်တစ်ဦးက ဝင်ပြောလိုက်သည် ။ ထိုသူက အသက်လေးဆယ်ခန့်ရှိပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထား၏ ။ သူ က ပြုံးလိုက်ပြီး...

" ဒါပေမဲ့ ခင်ဗျားက ဟဲရန်မြို့က လူဆိုးထိန်းမှတ်လား.. တရားဝန်တာဝန်နဲ့ လာတာဆိုရင် ဘာလို့ ထိုင်ပြီး ဇာတ်လမ်း နားထောင်နေတာလဲ.. တာဝန်က ပိုပြီး အရေးမကြီးဘူးလား.. "

ချောင်မူက မျက်မှောင်ကြုတ်ပြီး ထိုလူကို ဘုကြည့် ကြည့်လိုက်၏ ။ သူ့အား မည့်သည့်အတွက်ကြောင့် လာ၍ နှောက်ယှက်နေအံ့နည်း ။

သို့ရာတွင် ထိုသူစိမ်း၏ စကားပြောပုံက ထူးဆန်းနေ၏ ။ သာမန်လူတစ်ယောက် ဖြစ်သော်လည်း လူဆိုးထိန်းများအား ကြောက်ရွံ့ပုံ မပေါ်သည့်အပြင် အထက်စီးမှ ကြည့်နေပုံရသည် ။

" ဘယ်ကိစ္စမဆို သူ့ဦးစားပေးနဲ့ သူရှိတယ်.. "

ချောင်မူက ခပ်ပေါ့ပေါ့ သာ ပြန်ဖြေလိုက်၏ ။

" အရေးမကြီးတဲ့ ကိစ္စ ဆိုရင် ဘာလို့ လောနေမှာလဲ.. အရေးကြီးတဲ့ ကိစ္စ ဆိုရင်တော့ ကျုပ်ကိုယ်တိုင် အန္တရာယ်တွင်းထဲ ဆင်းရလဲ မကြောက်ဘူး.. "

" ခင်ဗျား ကြည့်ရတာ သူများတွေကို အမိန့်ပေးရတာကို ကြိုက်ပုံရတယ်.. အဲ့လိုဆိုလည်း မျိုးနွယ်ခြားတွေကို တိုက်ခိုက်ဖို့ ဧကရာဇ် ယုံဟဲကို သွားပြောလိုက်ပါလား.. "

All Chapters