ဝံပုလွေဘုရင်၏ ကင်းလှည့်ခရီးစဉ် (၁)
Vol. 11 Ch. 106
နံနက်ခင်း အလင်းရောင်က ဝံပုလွေအသိုက်၏ အအေးဓာတ်ကို လုံးဝ ဖယ်ရှားပေးလိုက်လေသည်။
အားကောင်းသော အသက်စွမ်းအင်များနှင့် ၃ ဆ သိပ်သည်းနေသော ဝိညာဉ်မြူခိုးများကြောင့် နှင်းဝံပုလွေတိုင်းမှာ လန်းဆန်းတက်ကြွပြီး ခွန်အားများ ပြည့်ဝနေကြလေသည်။
လင်းထျန်းလုံသည် တိုတမ်မိခင်သစ်ပင်အောက်တွင် မတ်မတ်ရပ်ကာ၊ သူ၏ ရေခဲပြာရောင် ဝံပုလွေမျက်၀န်းများဖြင့် လက်အောက်ငယ်သားများနှင့် နယ်မြေကို ဝေ့၀ဲကြည့်နေရင်း၊ ဘုရင်တစ်ပါး၏ တာဝန်ယူမှု၊ တာ၀န်ခံမှူ ခံစားချက်တစ်ခု သူ၏နှလုံးသားထဲတွင် ဆူပွက်လာခဲ့သည်။
“နယ်မြေကိုတော့ သိမ်းပိုက်ပြီးသွားပြီ၊ ဒါပေမဲ့ နာမည်ခံ သူဌေးတစ်ယောက်လိုပဲ နေနေလို့မရဘူး... နယ်နိမိတ်တွေက ဘယ်နေရာမှာလဲ၊ ဘယ်လို အရင်းအမြစ်တွေ ရှိနေလဲ၊ ဘယ်လို အန္တရာယ်တွေ ပုန်းအောင်းနေလဲ ဆိုတာတွေကို... စိတ်အေးရအောင် ငါကိုယ်တိုင် သွားစုံစမ်းမှဖြစ်မယ်...”
သူ၏ အကြည့်များ သစ်ပင်အိမ်လေးဆီသို့ ရောက်ရှိသွားရာ၊ အပြင်ဘက်ကို ချောင်းကြည့်ရန်အတွက် အဝင်ဝတွင် သိချင်စိတ် ပြည့်နှက်စွာဖြင့် တစ်ခုပေါ်တစ်ခုဆင့်နေကြသော ခေါင်းသေးသေးလေး နှစ်လုံးကို မြင်တွေ့လိုက်ရသည်။
“ရာသီဥတုက သာယာတယ်၊ ကလေးမလေးနှစ်ယောက်ကိုပါ လေကောင်းလေသန့်ရအောင် ခေါ်သွားလိုက်မယ်... ပြီးခဲ့တဲ့ အကြိမ်က ဝေါယာဉ်လေးက သိပ်မကောင်းဘူး၊ ဒီတစ်ခါတော့ ပိုကောင်းတာလေး တစ်ခု လုပ်ပေးမှပဲ...”
လင်းထျန်းလုံသည် စိတ်စွမ်းအင်ဖြင့် အမိန့်တစ်ခုကို ရှင်းလင်းစွာ ထုတ်ပြန်လိုက်သည်။ မကြာမီမှာပင် ရန့်မြဲ့သည် တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး၊ အသန်မာဆုံးနှင့် အတည်ငြိမ်ဆုံးသော အစောင့်အရှောက်၀ံပုလွေများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ၊ တောအုပ်အစွန်အဖျားမှ အလွန်မာကျောသော ထင်းရှူးသစ်လုံးအချို့ကို ပူးပေါင်းဆွဲယူလာကြလေသည်။
လင်းထျန်းလုံ ရှေ့သို့ တစ်လှမ်း တက်လိုက်ရာ ခွန်အားပြင်း သံချပ်ကာခွဲလက်သည်းမှ အလင်းတစ်ခု လျှပ်တစ်ပြက်ပေါ်လာပြီး လေထုထဲတွင် စူးရှသော အသံအချို့ ထွက်ပေါ်လာခဲ့သည်။
ဧရာမသစ်လုံးကြီးများမှာ သူ၏ လက်သည်းများအောက်တွင် ပျော့ပျောင်းသော ရွှံ့စေးများကဲ့သို့ဖြစ်သွားပြီး၊ ပျဉ်ပြားများ၊ သစ်သားတန်းများနှင့် အခြားသော ဝေါယာဉ်လုပ်ရန်လိုအပ်သည့် အစိတ်အပိုင်းများအဖြစ် တိကျစွာ ဖြတ်တောက်ခံလိုက်ရကာ၊ ဖြတ်တောက်ထားသော မျက်နှာပြင်များမှာလည မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေလေသည်။
“စွတ်ဖားက အသင့်တော်ဆုံးပဲ၊ သူက တောအုပ်ထဲမှာရော နှင်းပြင်ပေါ်မှာပါ သွားလို့ရတယ်... အဓိကက တည်ငြိမ်မှုရှိတော့ ကလေးတွေထိုင်ရတာ ဖင်မနာတော့ဘူးလေ...”
သူ၏ စိတ်ကိုစုစည်းလိုက်ပြီး အလယ်အလတ် စိတ်ထိန်းချုပ်ခြင်းကို ဂရုတစိုက် အသက်သွင်းလိုက်သည်။
မျက်စိဖြင့်မမြင်ရသော စွမ်းအားတစ်ခုက သစ်သားအစိတ်အပိုင်းများကို လေထဲတွင် မတင်လိုက်ပြီး တပ်ဆင်မှုများကို တိကျစွာ ပြုလုပ်လေသည်။
သစ်သားတုံးများကြားမှ အဟများမှာ ‘ချလစ်’ ဟူသော ကြည်လင်ပြတ်သားသည့် အသံနှင့်အတူ အချင်းချင်း ချိတ်ဆက်မိသွားပြီး တင်းကျပ်သွားလေသည်။
ကျယ်ပြန့်ပြီး ခိုင်ခံ့သော စွတ်ဖားလှည်း အောက်ခံတစ်ခု လျင်မြန်စွာ ပုံပေါ်လာခဲ့သည်။ ထို့နောက် သူသည် ဖြတ်တောက်ရာမှ ကျန်ရစ်သော အကြီးဆုံး ငွေပြာရောင် ဝက်ဝံသားရေ တစ်ချပ်ကို ယူကာ အပေါ်မှ သေချာအုပ်မိုးပေးလိုက်ပြီး၊ အစွန်းများကို ဂရုတစိုက် ဖြတ်တောက်ကာ နောက်ဆုံးတွင် ခိုင်ခံ့သော ရှေးဟောင်း စပျစ်နွယ်ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်လိုက်လေသည်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ တစ်နာရီပင် မကြာခဲ့ပေ။ ရှေးဆန်သော ခမ်းနားမှုများကို ထုတ်လွှတ်နေသည့် ရိုးရှင်းပြီးလက်တွေ့ကျသည့် စွတ်ဖားတစ်ခု ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ မီးခိုးရောင်ဖျော့ဖျော့ရှိပြီး၊ အရှည် သုံးမီတာခွဲနှင့် အကျယ် နှစ်မီတာနီးပါး ရှိကာ၊ ကြမ်းတမ်းပြီး ခိုင်ခံ့လေသည်။ ၎င်းအပေါ်တွင် အုပ်မိုးထားသော ခြေလှမ်း၀က်ဘုရင်အဆင့် ဝက်ဝံသားရေမှာ ဇိမ်ကျပြီး အစွမ်းထက်မည့်ပုံ ပေါက်ကာ၊ ၎င်း၏ အမွေးအမျှင်များကြားတွင် ခပ်သဲ့သဲ့ လျှပ်စီးလှိုင်းလေးများပင် စီးဆင်းနေလေသည်။
သစ်ပင်အိမ်လေး၏ တံခါးဝတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် ဆောက်လုပ်မှုလုပ်ငန်းစဉ် တစ်ခုလုံးကို ကြည့်ရှုနေခဲ့ကြသည်။
“စိတ်ထိန်းချုပ်ခြင်းကို သုံးတဲ့ နေရာမှာ ဝံပုလွေဖေဖေ့ရဲ့ တိကျမှုက ကြောက်စရာလောက်အောင် ကောင်းလာတာပဲ...”
“ထိုင်ခုံအတွက် ခြေလှမ်း၀က်ဘုရင်အဆင့် ဝက်ဝံသားရေကို သုံးထားတာလား... တကယ့်ကို လက်ဖွာလွန်းတယ်၊ ဒါပေမဲ့ အတော်လေး သက်တောင့်သက်သာရှိမှာပဲ...”
လင်းထျန်းလုံသည် သစ်ပင်အိမ်လေးရှေ့သို့ လျှောက်သွားကာ နူးညံ့သော အတွေးတစ်ခုကို ပေးပို့လိုက်သည် - “ဒီနေ့ ဖေဖေတို့ရဲ့ တောအုပ်ကြီးတစ်ခုလုံးကို လှည့်ပတ်ကြည့်မလို့... သမီးတို့ကော လိုက်စီးချင်လား...”
“လိုက်မယ်...” ရှောင်လန်သည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သူမ၏ စကားများမှာလည်း တိုတောင်းလှသည်။ ရှောင်ယင်းသည်လည်း ခေါင်းကို အပြင်းအထန် ညိတ်လိုက်လေသည်။
“နောက်ဆုံးတော့ အပြင်ထွက်ရတော့မယ်...”
“ပစ္စည်းကောင်းလေးတွေများ ထပ်ရှာတွေ့နိုင်မလား မသိဘူး...”
လင်းထျန်းလုံသည် သူတို့ကို မတင်ရန် သူ၏ စိတ်စွမ်းအင်ကို ဂရုတစိုက် အသုံးပြုလိုက်ပြီး ဝက်ဝံသားရေ စွတ်ဖားပေါ်သို့ တည်ငြိမ်စွာ တင်ပေးလိုက်သည်။
သန့်စင်ကြွယ်၀သော စွမ်းအင်များ စိမ့်ဝင်နေသည့် နူးညံ့ပြီးနွေးထွေးသော အထိအတွေ့က သူတို့အား ချက်ချင်း လွှမ်းခြုံသွားရာ၊ ရှောင်လန်နှင့် ရှောင်ယင်းတို့သည် သက်တောင့်သက်သာရှိမှုကြောင့် မျက်လုံးလေးများကို မှိတ်ထားလိုက်ကြလေသည်။
“ဒီထိုင်ခုံက အံ့သြစရာပဲ...” “ကျစ်... ဝံပုလွေဖေဖေက ဘဝကို ဘယ်လို ဇိမ်ကျကျ နေရမလဲဆိုတာ တကယ်သိတာပဲ...”
“ဖေဖေ... ဒါက အရမ်းကောင်းတယ်၊ သက်တောင့်သက်သာ ရှိတယ်” ရှောင်လန်က အကဲဖြတ်လိုက်သည်။ ရှောင်ယင်းသည်လည်း သဘောတူကြောင်း ပြသရန် ဝက်ဝံသားရေကို ပုတ်လိုက်သည် - “နူးညံ့တယ်...”
သူ၏သမီးလေးများ သဘောကျသည်ကို မြင်ရသောအခါ လင်းထျန်းလုံ၏ ဝံပုလွေ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
“သမီးလေးတွေ ပျော်ရင် တန်ပါတယ်...”
ကင်းလှည့်မည့် အဖွဲ့မှာ လျင်မြန်စွာ စုစည်းမိသွားကြသည်။
လင်းထျန်းလုံက စွတ်ဖား၏ ကြိုးများကို ပါးစပ်ဖြင့် ကိုက်ထားလိုက်သည်။
ရန့်မြဲ့သည် တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး အသန်မာဆုံး အစောင့်အရှောက် နှစ်ဆယ်ကျော်ကို ဦးဆောင်ကာ စွတ်ဖား၏ ပတ်လည်ကို အနီးကပ် စောင့်ကြပ်ပေးထားသည်။
နှင်းဝံပုလွေများ၏ ငွေပြာရောင် အမွေးအမျှင်များအောက်တွင် ကြွက်သားများမှာ ဖောင်းကားနေပြီး၊ သူတို့၏ အကြည့်များမှာ မီးဓားများသဖွယ် ပြင်းထန်းစူးရှနေကာ အရပ်မျက်နှာအနှံ့သို့ ဝေ့ကြည့်နေကြသည်။
သူတို့ မျှဝေခံစားနေရသော ငွေပြာရောင်သွေးမျိုးဆက်က သူတို့၏ လက်ရှိအဆင့်ထက် များစွာသာလွန်သော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် စွမ်းအားများ ပေးစွမ်းထားလေသည်။
ထျန်းပင်းသည် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး၊ ပြင်းထန်သော ရရေခဲဝိညာဥ်၏ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာကာ၊ လုပိကြံသတ်ဖြတ်သူ ဒါဇင်ပေါင်းများစွာကို ဦးဆောင်၍ တောအုပ်၏ ရှေ့နှင့် ဘေးဘက်များဆီသို့ လှည့်လည်သွားလာကာ လမ်းရှင်းလင်းရေးနှင့် ခြိမ်းခြောက်မှုများကို ပြုလုပ်နေလေသည်။
ယင်းဖုန်းမှာမူ ထိပ်တန်းကင်းထောက်တစ်ဦးအဖြစ် လမ်းကြောင်းကို စူးစမ်းရန်၊ အန္တရာယ်များကို ရှာဖွေရန်နှင့် ပုံမှန်မဟုတ်မှုများကို အမှတ်အသားပြုလုပ်ရန်အတွက်၊ မီးခိုးငွေ့အလား သူ့ရှေ့ရှိ အရိပ်များထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ကြီးကျယ်ခမ်းနားလွန်းသော စစ်ကြောင်းကြီးမှာ မြူများဖုံးလွှမ်းနေသော နှင်းဝံပုလွေကျေးရွာထဲမှနေ၍ ထွက်ခွာလာခဲ့ကြပြီး၊ ထျန်းစန်းတောင်တန်း၏ နက်ရှိုင်းသော နေရာများဆီသို့ ဦးတည်သွားကြလေတော့သည်။
လင်းထျန်းလုံ၏ ခြေလှမ်းများမှာ တည်ငြိမ်နေပြီး စွတ်ဖားမှာလည်း ချောမွေ့စွာ ရွေ့လျားနေလေသည်။ ရှောင်လန်နှင့် ရှောင်ယင်းတို့သည် ၎င်းအပေါ်တွင် ထိုင်ကာ ပတ်ဝန်းကျင်ကို သိချင်စိတ် ပြည့်နှက်စွာဖြင့် ကြည့်ရှုနေကြလေသည်။
ပထမဦးဆုံး သူတို့သည် ဝံပုလွေအသိုက် အစွန်အဖျားရှိ အမဲလိုက်ဧရိယာကို ဖြတ်သန်းသွားခဲ့ကြသည်။
သစ်ပင်များမှာ သိသိသာသာ ပိုမိုမြင့်မားလာပြီး ကြံ့ခိုင်လာကာ အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး၊ သာမန် ဆေးဖက်ဝင် အပင်များပင်လျှင် ဆောင်းရာသီတွင် အဖူးလေးများ ထွက်ပေါ်နေကြလေသည်။
“သစ်သားဝိညာဉ် အသက်စွမ်းအင်တွေက သိပ်သည်းလိုက်တာ... အဲဒါက ငါတို့ရဲ့ သဘာဝနဲ့ မကိုက်ညီဘူးဆိုပေမဲ့၊ မိခင်သစ်ပင်အတွက်တော့ အာဟာရ ဖြစ်စေမှာပဲ...”
ရှောင်လန်သည် တိတ်တဆိတ် အာရုံခံလိုက်လေသည်။
အေးခဲနေသော စမ်းချောင်းလေးကို ဖြတ်ကျော်သွားပြီးနောက်၊ တစ်ဖက်ကမ်းရှိ တောအုပ်မှာ ပို၍ ရှေးဆန်ပုံ ပေါက်လာခဲ့သည်။
ရှေးဟောင်းသစ်ပင်ကြီးများမှာ ကောင်းကင်အထိ ထိုးတက်နေပြီး၊ ဆွေးမြည့်နေသော သစ်ရွက်များ ထူထဲစွာ စုပုံနေကာ ရှေးဟောင်းအငွေ့အသက်တစ်ခု လေထုထဲတွင် ပျံ့နှံ့နေလေသည်။
“သစ်သားနဲ့ အရိပ်စွမ်းအင်တွေ ရောယှက်နေတယ်... ဝံပုလွေဦးလေးယင်းဖုန်းနဲ့ တခြားသူတွေရဲ့ ကျင့်ကြံခြင်းအတွက် သင့်တော်တယ်... ရှေးဟောင်းအငွေ့အသက်ပဲ... ဒီနေရာမှာ ရတနာတွေများ ပုန်းကွယ်နေမလားမသိဘူး...”
ရှောင်ယင်း၏ ခရမ်းရောင်ရင့်ရင့် မျက်ဝန်းများမှာ အနည်းငယ် ကျုံ့ဝင်သွားပြီး စွမ်းအင်စီးဆင်းမှုများကို ဖမ်းဆုပ်လိုက်မိလေသည်။
သူတို့အဖွဲ့ သိပ်သည်းသော ချုံပုတ်တစ်ခုကို ဖြတ်သန်းသွားစဉ်၊ ထျန်းပင်းထံမှ ရုတ်တရက် ကြမ်းတမ်းသော ညည်းတွားသံတစ်ခုနှင့်အတူ ဘေးဘက်မှ စူးရှသော အော်ဟစ်သံတချို့ ထွက်ပေါ်လာခဲ့သည်။
မီးခိုးရောင် အမွေးအမျှင်များနှင့် ပါးစပ်မှ ရှည်လျားသော ဖြူဖျော့ဖျော့ အစွယ်များ ထွက်နေသည့် ထွားကျိုင်းသော သားရဲအချို့... အစွယ်ပါ တောဝက်များ (အဆင့် ၁၅ ထူးချွန်အဆင့်)... မှာ ရဲရဲနီနေသော မျက်လုံးများဖြင့် ချုံပုတ်များထဲမှ ပြေးထွက်လာကြသည်။
နှင်းဝံပုလွေအုပ်စု၏ အနံ့ကြောင့် အနှောင့်အယှက်ဖြစ်သွားပြီး အလိုအလျောက် တိုက်ခိုက်ရန် ကြိုးစားနေပုံ ရလေသည်။
“ဒီလို အမှိုက်ကောင်တွေကများ ငါတို့ရဲ့တပ်ဖွဲ့ကို လာတိုက်ရဲတယ်ပေါ့... သေချင်နေတာပဲ...”
လင်းထျန်းလုံ၏ အမိန့်ကိုပင် မစောင့်တော့ဘဲ ဘေးဘက်ရှိ လုပ်ကြံသတ်ဖြတ်သူများမှာ တုံ့ပြန်လိုက်ကြလေပြီ။
သူတို့သည် မည်သည့် စွမ်းရည်ကိုမျှပင် အသုံးမပြုကြဘဲ၊ ပြိုင်ဘက်များထက် များစွာသာလွန်သော အမြန်နှုန်းနှင့် ခွန်အားကိုသာ အားကိုး၍ ငွေရောင်လျှပ်စီးများကဲ့သို့ ခုန်အုပ်လိုက်ကြလေသည်။
သူတို့သည် အစွယ်များဖြင့် တိုက်ခိုက်မှုကို တိကျစွာ ရှောင်တိမ်းလိုက်ကြပြီး၊ သူတို့၏ ထက်ရှသော လက်သည်းများက တောဝက်များ၏ အားနည်းချက်ဖြစ်သော လည်ပင်းများနှင့် လက်များကို ရက်စက်စွာ ဆွဲဖြဲလိုက်ကြကာ၊ သူတို့၏ သွားများဖြင့် တောဝက်များ၏ ကျောရိုးများကို ချက်ချင်းပင် ကိုက်ဖြတ်လိုက်ကြလေတော့သည်။
ဖြစ်စဉ်တစ်ခုလုံးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး ဆူညံသံကြီးကြီးမားမား ထွက်ပေါ်လာခြင်း လုံးဝမရှိခဲ့ပေ။ ထို ‘အစွယ်ပါ တောဝက်များ' မှာ မြေပြင်ပေါ်တွင် လဲကျနေခဲ့ကြပြီဖြစ်ပြီး၊ သွေးများ တရဟော စီးထွက်လာကာ ဝံပုလွေအုပ်စု၏ ယနေ့အတွက် ပထမဆုံး အမဲလိုက်သားကောင်များ ဖြစ်လာခဲ့ကြလေသည်။
လုပ်ကြံသတ်ဖြတ်သူအချို့သည် ထိုအလောင်းများကို ကျွမ်းကျင်စွာ ဆွဲယူသွားကြပြီး၊ သယ်ယူပို့ဆောင်ရေး တာဝန်ယူထားသော သာမန်နှင်းဝံပုလွေများ ကိုင်တွယ်နိုင်ရန် အဖွဲ့၏အနောက်ဘက်သို့ စုစည်းပေးလိုက်ကြသည်။
ဝံပုလွေအုပ်စု၏ ဖွဲ့စည်းပုံမှာ အနည်းငယ်မျှပင် ယိမ်းယိုင်မသွားခဲ့ဘဲ၊ တဝီဝိမြည်နေသော ယင်ကောင်အချို့ကို ရိုက်ချလိုက်သကဲ့သို့ပင်။
သူတို့သည် သတိဝီရိယအပြည့်နှင့် ဆက်လက်ချီတက်ကြလေသည်။
“ပြီးပြီ... ထိရောက်ရှိသားပဲ၊ မဆိုးပါဘူး...”
“ဒီဝက်သားထဲက စွမ်းအင်တွေက သာမန်လောက်ပဲ ဆိုပေမဲ့ အများကြီးပဲ... ပြန်ရောက်ရင် အဆင့်နိမ့် အဖွဲ့ဝင်တွေအတွက် အပိုရိက္ခာအဖြစ် ပေးလို့ရတယ်...”
လင်းထျန်းလုံသည် တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။ စွတ်ဖားပေါ်ရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့သည်လည်း တစ်ချက်သာ ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားကြလေသည်။