အခန်း (၁၅၈)
Vol. 14 Ch. 158
Ch-158
ချင်းရို့က ထန်ကျားဖူကို ကြည့်၍ ဆက်ပြောလာခဲ့သည်။
"ရှင်က အရမ်းထူးဆန်းတာပဲနော်။ ရှင်က ငါ့ခဲအိုရဲ့ သူငယ်ချင်းဟောင်းမလား? ငါ့ခဲအိုမိသားစုက အိမ်အသစ်ဆောက်တော့မှာလေ၊ ရှင် ဒီမှာနေပြီး ကူညီပါဦးလား?"
"ရှင်က ဝက်တစ်ကောင်လို သန်မာတဲ့ပုံပဲနော်။ စက်ရုံမှာ အလုပ်လုပ်ရတာ ခက်ခဲလား? ငါတို့မိသားစုလည်း အိမ်တစ်လုံးဆောက်ဖို့အတွက် အုတ်တွေ ရွှံ့တွေသယ်ဖို့ ရှင့်လိုလူတွေ လိုအပ်နေတော့လေ"
"ခက်ခဲတဲ့အလုပ်တွေက နေရာတိုင်းမှာ အတူတူပဲမလား။ အားလုံးက ဆောက်လုပ်ရေးအတွက်ပဲဟာ။ ရှင့်မှာ ကြိုးစားတိုးတက်လိုစိတ်ရှိရင် ဒီမှာနေပြီး အလုပ်လုပ်ပေါ့။ ဒီကျွန်းမှာ ဝက်သားမစားနိုင်ပေမယ့် ငါးတွေကိုတော့ ရှင် ဆန္ဒရှိသလောက် စားနိုင်တယ်နော်"
ချင်းရို့က ချင်းမျန့်အား ကြည့်ကာ "မမ ဒီလူက ဘယ်မှာအလုပ်လုပ်တာလဲဟင်? သူ့ကြည့်ရတာ ကျောက်မီးသွေးတွင်း တူးတဲ့ပုံပဲနော်။ တစ်နေ့လုံး သူ အလင်းရောင်ကို မမြင်ခဲ့ရလို့ ရှင်းရှင်းလင်းလင်း မပြောတတ်တော့တာလား"
ချင်းမျန့် ရယ်မောလိုက်သလို ချန်မျန့်လည်း ရယ်နေလေ၏။ ထန်ကျားဖူက သူ့မိသားစုဝင်တွေဆီမှ အလှောင်ပြောင်ခံရပြီးနောက် အရုပ်ဆိုးတဲ့အမူအရာနှင့် ချန်အိမ်မှ ကန်ထုတ်ခံလိုက်ရ၏။
"မမရေ နင် အိမ်တစ်လုံး မြန်မြန်ဆောက်ဖို့လိုနေပြီနော်။ အထူးသဖြင့် အိမ်တံခါးပေါက်ပဲ။ ဒါမှ အိမ်ထဲ ဘယ်သူမဆို ဝင်မလာရဲမှာလေ"
ချင်းမျန့် ပြုံးလျက် "လာစမ်းပါစေဟယ်... ငါ နောက်တစ်ခါ ကြိမ်းမောင်းဦးမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါက နင့်ခဲအိုနဲ့ မတူဘူးလေဟဲ့"
ချန်မျန့် သက်ပြင်းချကာ "လူတွေကို ထွက်ပြေးအောင် ဆူပူကြိမ်းမောင်းတဲ့နေရာမှာ မင်းတို့နှစ်ယောက်က အတော်ဆုံးပါပဲကွာ" "ရှင်ကမှ ဘာမှမပြောရဲ.."
ချင်းမျန့် ပြောနေရင်း ရပ်တန့်သွားကာ ချင်းရို့အား ကြည့်၍ အကြောင်းအရာကို ပြောင်းလိုက်ပြီး
"အားမိန့် နင် ခုနကပြောတာ အမှန်ပဲလား"
"ယွမ်၅၀၀ကတော့ ငါလျှောက်ပြောလိုက်တာဆိုပေမယ့်လို့ ထုတ်ဝေရေးပုံနှိပ်တိုက်က တကယ်ပေးချင်နေတာလေ။ ပမာဏအတိအကျတော့ မသိသေးပေမယ့် ယွမ်ရာနဲ့ချီပြီး ရမှာသေချာတယ်"
"တကယ် ? ! ! "
"ဟုတ်ပါတယ်ဆို!"
"အရမ်းကောင်းတာပဲ၊ ကောင်းလိုက်တာဟယ် ! ! !"
"အဲဒါက အဘိုး ဆွဲထားတဲ့စာအုပ်လေးပဲ ! !"
"ထုတ်ဝေရေးပုံနှိပ်တိုက်က လူတွေက မစ္စတာချန်ကို ရုပ်ပြကာတွန်းအကွက်တွေဆွဲချင်လားလို့ မေးထားသေးတယ်။ သူ မျက်နှာဖုံးစာမျက်နှာနည်းနည်းဆွဲရင် ပိုက်ဆံနည်းနည်း ရှာနိုင်လိမ့်မယ်"
ချင်းရို့ အစမ်းသဘော မေးမြန်းလိုက်၏။
ယနေ့ခေတ်တွင် အနုပညာ၊ လက်ရေးအလှ၊ ပန်းချီကို ဝါသနာထုံသူ အများစုဟာ မွန်မြတ်ကြကာ အနုပညာကို လိုက်စားကြသူများဖြစ်ကြပြီး ရုပ်ပြကာတွန်းလိုမျိုး အရာတွေကို ရှုံ့ချတတ်ကြသည်ပင်။
ပန်းချီဆွဲချင်စိတ်မရှိကြတဲ့ အနုပညာကျောင်းသားအများစုက ယခုအခါ နေထိုင်စရိတ်ရှာဖို့အတွက် ရုပ်ပြကာတွန်းတွေကို ရေးဆွဲကြလေပြီ။ သူတို့ရှာရငွေတွေနှင့် သူတို့ကိုယ်သူတို့ ထောက်ပံ့ရန် စုတ်တံနှင့် ဆေးတွေကို ဝယ်ကြ၏။
မစ္စတာချန် ပန်းချီဆွဲခြင်းကို ရပ်နားထားခဲ့တာ အချိန်အတော်ကြာခဲ့လေပြီ။ သူ ပြန်လည်စတင်ရန် ဆန္ဒရှိမရှိကိုတော့ ဘယ်သူမှ မသိနိုင်ချေ။
ချန်မိသားစုမှ လူတွေအားလုံး ထိုသတင်းကို ကြားတဲ့အခါ ပျော်ရွှင်သွားကြ၏။ ချန်ကျင်းဟွနှင့် ချန်ကျွမ်းကျွမ်းတို့လည်း ပျော်မြူးနေသလို ချင်းမျန့်လည်း စိတ်လှုပ်ရှားစွာ ဖြင့်
"ဒါကအရမ်းကောင်းတာပဲဟယ်၊ ပိုက်ဆံတွေရလာတဲ့အခါ ငါတို့မိသားစုနှစ်စု ခွဲဝေကြမယ်။ ဒါတွေအားလုံးက နင့်ကျေးဇူးကြောင့်ပါပဲဟာ၊ နင့်အကြံအရမ်းကောင်းလို့ပဲ။ ငါ့ယောက္ခမပြန်လာရင် သူ့ကို ဒီသတင်းပြောပြလိုက်မယ်"
"ဒီ နေ့က နေ့ကောင်း လေးပဲဆိုတော့ အသား စားကြတာပေါ့"
"အားမိန့် နင် ငါတို့အိမ်မှာ ထမင်းမစားဖြစ်တာကြာပြီနော်။ ကြာဇံနဲ့ဝက်စတူး ချက်လိုက်မယ်၊ ပြီးတော့ ငါတို့နှစ်ယောက် မာပိုတို့ဟူး စားကြမယ်လေ။ နင် မစားရတာကြာပြီမလား နင် လွမ်းနေသလား?"
ချင်းရို့: "..." မာ... မာပိုတို့ဟူး?
"မမရေ ငါက ကြေညာသူဆိုတော့ လည်ချောင်းက သိပ်အစပ်စားလို့မရဘူးဟာ"
"ကောင်းပါပြီ"
ချင်းရို့ အစ်မဖြစ်သူအိမ်တွင် ထမင်းစားလိုက်ပြီး မစ္စတာချန်နှင့် ဆုံခဲ့သည်။ မစ္စတာချန်သည် မကြာသေးမီနှစ်များအတွင်း များစွာတည်ငြိမ်လာခဲ့ပြီဖြစ်သည်။ ရုပ်ပြကာတွန်းမျက်နှာဖုံးအကြောင်း သူ ကြားသောအခါ ပုံအနည်းငယ် ရေးဆွဲရန် သဘောတူခဲ့သည်။
သူ သဘောတူပြီးနောက် "အဆင်ပြေလား"လို့ မေးလာခဲ့သည်။
"ပြဿနာမရှိပါဘူး၊ ရုပ်ပြကာတွန်းတွေပဲ။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း စျေးကွက်မှာ စာအုပ်တွေ ပိုများလာတယ်လေ၊ အရင်ကထက် အများကြီးရှိလာပြီ"
ချန်မိသားစုမှ လူတွေက ဒီကိစ္စကို မဆွေးနွေးချင်ကြတော့။
"ကျင်းဟွက စစ်တပ်ထဲဝင်ချင်တယ်လို့ ပြောတာလား?"
အစ်မဖြစ်သူ ချန်ကျွမ်းကျွမ်းက ဘေးနားမှ ရယ်မောလိုက်ပြီး
"ငါ့ကိုပြောဦး... နင်က ကလေးစုတ်လေးဖြစ်နေတော့ စစ်တပ်ကို ဘယ်လိုဝင်မှာတုန်း?"
"သား စစ်တပ်ထဲမ၀င်နိုင်တော့ရော ဘာဖြစ်လဲ? နောက်နှစ်နည်းနည်းကြာလို့ စစ်တပ်ထဲဝင်လို့မရခဲ့ရင် ပညာတတ်လူငယ်ဖြစ်ဖို့ ကျေးလက်ဘက်ကို သွားမှာပေါ့"
ချန်ကျင်းဟွနှင့် ချန်ကျွမ်းကျွမ်းတို့က ယခုဆို အသက် ၁၂နှစ်ရှိနေပြီဖြစ်ပြီး ယခု သူတို့လေးတွေက ဤနေရာတွင် အခြေချနေထိုင်နေပြီဖြစ်တာကြောင့် မိသားစုထဲက တစ်ယောက်ယောက်ကတော့ ပညာတတ်လူငယ်ဖြစ်ရပေမည်။
သူတို့မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ဆို ကောလိပ်တက်ရဖို့အတွက် ထောက်ခံချက်မရမှာ သေချာနေလေရဲ့။
ပညာတတ်လူငယ်တစ်ဦးအနေနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လိုပြီး အရာတော်တော်များများကို သိထားရပေမည်။ နောက်နှစ်အနည်းငယ်ကြာရင် သူတို့ မြို့ကို ပြန်သွားကြမယ်။
ချန်ကျင်းဟွသည်လည်း သူ့အဖေနှင့် တူလေ၏။ သူက စာလေ့လာသင်ယူရာတွင် တော်ပေမယ့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာတွင် မကောင်းပေ။
သူ ကိစ္စတွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာမသိရင် ပညာတတ်လူငယ်တစ်ဦး ဖြစ်ဖို့ဆိုတာ မေ့လိုက်တော့။
အလယ်တန်းကျောင်းသားတစ်ယောက်အနေနဲ့ သူက ရွာမှာဘာမှမလုပ်နိုင်တဲ့အပြင် ရွာမှကေဒါတွေနဲ့လည်း မပေါင်းတတ်၍ ကောလိပ်တက်ဖို့အတွက် ထောက်ခံချက်ရဖို့ဆို ပြောမနေပါနဲ့တော့။
"မမနဲ့ သားက အလယ်တန်းတက်ရတော့မယ်၊ ဒါပေမယ့် အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ အတန်းအများကြီးမရှိလို့ ကျောင်းမှာ ဘာမှ မလေ့လာနိုင်ဘူးလို့ သားကြားထားတယ်လေ။ ဒါကြောင့် လူတွေက သူတို့ကျောင်းမတက်ချင်ကြဘူးလို့ ပြောကြတာ။
အလုပ်ကြမ်းသမားတစ်ယောက် အိမ်ပြန်ရောက်ရင် သူက မိသားစုအလုပ်ကို တတ်နိုင်သလောက် ကူညီပေးနိုင်သေးတယ်။ အခု သားတို့မှာ မြေကွက်နည်းနည်းရပြီဆိုတော့ သားတို့အလုပ်ကြိုးစားရင် နှစ်တိုင်း အမြတ်ငွေနည်းနည်းရနိုင်တယ်။
သား အရွယ်ရောက်တဲ့ထိ နှစ်နည်းနည်းပဲစောင့်ပေးကြနော်။ သား စစ်တပ်ထဲဝင်လို့ရရင်..."
"ကျင်းဟွရေ သား ဘာလို့ဒီလိုတွေးနေရတာလဲ"
ချန်မျန့်နှင့် ချန်ယွီပိုင်တို့လည်း တိတ်ဆိတ်သွားရ၏။
ချင်းရို့က ညင်သာစွာဖြင့် "ကျွမ်းကျွမ်းနဲ့ ကျွင်းဟွတို့နှစ်ယောက်လုံး အခုချိန်မှာ ကြိုးကြိုးစားစား စာကျက်သင့်တယ်။ မင်းတို့လေးတွေ အထက်တန်းကျောင်းပြီးရင် တက္ကသိုလ်တက်နိုင်မယ်လို့ ဒေါ်လေးထင်တယ်နော်"
"တကယ်ဖြစ်နိုင်ပါ့မလား? အခု တက္ကသိုလ်တွေက ထောက်ခံချက်တွေလိုတယ်လေဗျာ"
"ဒါပေမယ့် အခု ထောက်ခံချက်ရထားတဲ့ လူတွေက အဆင့်မြင့်ပညာရေးရှိဖို့ မလိုအပ်ဘူးလေ"
ချင်းရို့ အသံတိုးတိုးဖြင့် "မင်းပြောသလိုပဲ မင်းတို့က အလယ်တန်းနဲ့ အထက်တန်းမှာ စာသေချာမလုပ်ထားရင် တက္ကသိုလ်တက်တဲ့အခါ အစစ်အမှန်တွေကို ဘယ်လိုလုပ်ပြီး လေ့လာနိုင်မှာလဲ? အနာဂတ်မှာ သိပ္ပံနဲ့ နည်းပညာ၊ ယဉ်ကျေးမှုတွေ တိုးတက်ထွန်းကားစေဖို့အတွက် စမ်းသပ်လေ့လာပြီး တိုးမြင့်ဖို့ အရည်အချင်းစစ်စစ်ရှိတဲ့သူတွေကို လိုအပ်လာမှာ။ ပြီးတော့ အရည်အချင်းရှိတဲ့သူတွေကို ရွေးချယ်တဲ့နည်းလမ်းက အနာဂတ်မှာ ပြောင်းလဲလာမယ်လို့ ဒေါ်လေးထင်တယ်"
"နှစ်နှစ်သုံးနှစ်လောက်တော့ ကျန်ပါသေးတယ်။ မင်းတို့က ငယ်သေးတာပဲဟာ။ ဒီတော့ အရင်ဆုံး စာကြိုးစားထားကြ၊ နောက်သုံးနှစ်လောက်ပဲစောင့်"
ချင်းရို့ အပြုံးလေးနှင့် ပြောလိုက်၏။
"သုံးနှစ်စောင့်ကြည့်လိုက်။ နောက်သုံးနှစ်မှာ မင်း တွေ့လာလိမ့်မယ်ကွယ်"
လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူမ စားပွဲတင်တင်းနစ်ကစားခဲ့ပြီး မြို့တွင်း၊ မြို့ပြင်က တံတားဟာ အတူတူပင်။
သံတမန်ရေးအခြေအနေမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လျင်မြန်စွာ ပြောင်းလဲလာပြီး ပတ်ဝန်းကျင်လည်း ပိုမိုတိုးတက်ကောင်းမွန်လာကာ ပြင်ပဖွံ့ဖြိုးတိုးတက်မှုသည်လည်း တောင်ဘက်မှ စတင်ခဲ့ချေပြီ။
"ကောင်းပါပြီ၊ ဒါဆို သား ဒီသုံးနှစ်မှာ အလယ်တန်းကျောင်းပြီးအောင်လုပ်မယ်"
ဩဂုတ်လတွင် ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့ရဲ့ ဒုတိယမြောက်မွေးနေ့ ရှိပေသည်။ သြဂုတ် ၁ ရက်နေ့တွင် အခြေစိုက်စခန်း၌ ကျင်းပတဲ့ အခမ်းအနားနှင့် တိုက်ဆိုင်နေခဲ့၏။
ယခုနှစ်အစ၌ စစ်ပွဲတစ်ခုအနိုင်ရခဲ့သည်ဖြစ်၍ ယခုနှစ်ပွဲတွင် အလွန်စိတ်အားထက်သန်နေကြလျက်။