← Chapters

အခန်း (၁၆၁)

Vol. 14 Ch. 161

အခန်း (၁၆၁)

Vol. 14 Ch. 161

Ch-161

ရှဲ့လန်လန် စင်မြင့်ပေါ်က အမျိုးသမီးရဲ့ နောက်ကျောကို လှမ်းကြည့်နေပြီး သူမရဲ့သီဆိုသံကို တွေးမိသွားကာ သူမလက်သီးတွေကို တင်းတင်းမဆုပ်လိုက်မိဘဲ မနေနိုင်တော့ချေ။

"ဟေး သူတို့မိသားစုခြံဝင်းက သီချင်းဆို အရမ်းကောင်းတာပဲနော်"

"သူမက အရမ်းလှနေသေးတာ"

"သူမမှာ ကလေးနှစ်ယောက်ရှိပုံရတယ်"

"ရှဲ့လန်လန်၊ နင် လူတွေကို ဘယ်လိုဆိုပြီး ပြောမနေနဲ့။ နင်က အိမ်ထောင်သည် 'အဖွားကြီး'လို သီချင်းဆိုကောင်းတဲ့ပုံမပေါ်ပါဘူးဟယ်"

"အခုကစပြီး အနာဂတ်မှာ နင် စကားပြောတဲ့အခါ ပိုပြီးလေးလေးစားစား ပြောဆိုသင့်တယ်နော်။ တခြားအမျိုးသမီးကြီးတွေနဲ့ ကျေးလက်ကအမျိုးသမီးတွေကို 'အဖွားကြီး'လို့ ခေါ်နေတာရပ်သင့်ပြီ"

…

ရေငုပ်သင်္ဘောအဖွဲ့တစ်ခုမှ လီယိုထျဲက လုယန်ဘေးမှာ ထိုင်နေကာ တီးတိုးဆိုလာလေ၏။

"လောင်လုရေ နောက်ပိုင်းဖျော်ဖြေတာတွေက မင်းရဲ့ရှောင်ချင်းလောက် မကောင်းတော့ဘူးလို့ ဘာလို့ခံစားနေရတာလဲကွာ"

"သီချင်းလည်းဆိုတတ်၊ ကလည်းကတတ်တဲ့ ဇနီးတစ်ယောက်နဲ့ လက်ထပ်ထားရတဲ့ မင်းကို ငါ တကယ်ပဲ အားကျမိတယ်ဟေ့"

"ငါ့မှာ သမီးတစ်ယောက်ရှိတယ်။ နောက်ကျ မင်းရဲ့ ရှောင်ချင်းဆီကနေ သူမလေးကို သီချင်းဆိုသင်ပေးလို့ရမလား?"

လုယန် သူနဲ့စကားပြောရတာ ပျင်းရိလွန်းနေပေမယ့် လီယိုထျဲက ထိုနေရာမှာ ထိုင်နေရတာ ငြီးငွေ့နေတာကြောင့်

"မင်းမိသားစုမှာ အမြွှာသားလေးတွေရှိတယ်ဆို? သူတို့ အရမ်းကြည့်ကောင်းတယ်လို့ ငါကြားမိတယ်ကွာ။ သူတို့ရော အိမ်မှာ သီချင်းဆိုကြလား"

လုယန်: "... ငါ့သားတွေက သီချင်းဆိုရတာ ကြိုက်တယ်"

သီချင်းဆိုခြင်းနဲ့ ပတ်သက်ရင် ဒါက... နောက်ထပ်အကြောင်းအရာတစ်ခုပေါ့လေ။

"သူတို့လေးတွေက သူတို့အမေရဲ့ သီချင်းဆိုသံကို အမွေဆက်ခံထားတာပဲဖြစ်ရမယ်။ မင်းရဲ့သားနှစ်ယောက်ထဲက တစ်ယောက်က အနုပညာကျောင်းတက်မှာလား? နောင်တစ်ချိန်မှာ သူက လူထူရှေ့မှာ တောက်ပလာမှာပေါ့။ အဖေဖြစ်တဲ့ မင်းကို မျက်နှာရစေမှာပဲကွာ"

လုယန် အေးဆေးတည်ငြိမ်လွန်းနေကာ "အဲဒါတော့ မမှန်ဘူးလေ။ သူတို့ စာမေးပွဲအောင်မှာမဟုတ်ဘူး"

"မင်းက နှိမ့်ချနေတာပဲကွာ။ မင်းရဲ့သားတွေ သီချင်းဆိုတာ နားထောင်ဖို့ မနက်ဖြန် မင်းအိမ်ကို ငါလာခဲ့မယ်"

ဖျော်ဖြေပွဲအပြီးတွင် ချင်းရို့ နောက်ထပ်ကြွေအိုးတစ်လုံးကို ရရှိခဲ့သည်။ ပွဲပြီးတဲ့နောက် သူမလက်ထဲမှာ ကြွေအိုးကိုပိုက်ထားကာ ပြောစရာပျောက်ရှနေမိလျက်။

သူမ သီချင်းဆိုတိုင်း ကြွေအိုးတစ်လုံးရနေတော့မှာလား? ဒါက extra large sizeဖြစ်ကာ ရေထည့်နိုင်ရုံတင်မက ဆန်၊ ဟင်းသီးဟင်းရွက်၊ ဘန်းမုန့်ပေါင်းနှင့် ခေါက်ဆွဲခြောက်တွေကိုလည်း ချက်ပြုတ်နိုင်သည်။

"*ဖန်ဖန်!! ဖန်ဖန်!!" အနှီကြွေအိုးကိုရရှိလာတဲ့အခါ အပျော်ဆုံးသူတွေကတော့ ကလေးနှစ်ယောက်ပါပဲ။

(*ဖန်ဖန် = အိုး)

ကလေးနှစ်ယောက်က သူမခြေထောက်နားမှာ ဝန်းရံကာဖြင့် "ဖန်ဖန်!!" လို့ ပျော်မြူးစွာ အော်ဟစ်နေကြလျက်။

လူပုလေးခုနစ်ယောက်ကြားထဲမှ လူပုလေးနှစ်ယောက်နှင့် အလွန်တူနေလေရဲ့။

သူတို့လေးတွေရဲ့ ဖေဖေလုယန် ရောက်ရှိလာပြီး လူပုလေးနှစ်ယောက်ကို လက်တစ်ဖက်စီတွင် ချီလိုက်သည်။

လက်ကောက်ဝတ်မှာ ကြိုးနီလေးပတ်ထားတဲ့ ကျိုးကျိုးက သူ့ပါးပါးရဲ့ ဦးထုပ်ကို တောင်းနေရာ ချင်းရို့လည်း လုယန်ခေါင်းပေါ်က ဦးထုပ်ကို ချွတ်ပေးကာ ကျိုးကျိုးခေါင်းမှာ ဆောင်းပေးလိုက်ပြီး သူမဦးထုပ်ကို ချွတ်လိုက်ကာ ဖက်ထုပ်လေးကိုလည်း ဆောင်းပေးလိုက်လေ၏။

ယင်းသည်ကား ညီတူညီမျှလုပ်ပေးခြင်းပင်။

"တစ် ယောက် ကိုတစ်လုံးစီနော်၊ ကျေနပ် ပြီလား"

ဒါဟာ အိမ်မှာ အမြွှာတွေကို ပြုစုပျိုးထောင်ရတဲ့ အခက်အခဲပါပဲ။ ညီအစ်ကိုနှစ်ယောက်လုံးမှာ အရာအားလုံး အတူတူရှိရမယ်။ မဟုတ်ရင်တော့ သူတို့တွေ ပြဿနာရှာရောပဲ။

အဝတ်အစားဝတ်ရင်တောင် အတူတူဝတ်ပေးဖို့လိုတယ်။ တစ်ခုခုမတူဘူးဆိုရင်တော့ "သားကောကော(တိတိ)က ဘာလို့ ဒီလိုဖြစ်ပြီး သားကျဘာလို့ ဒီလိုမဟုတ်ရတာလဲ?" ဆိုပြီး သေချာပေါက် မေးပါလိမ့်မယ်။

ကလေးနှစ်ယောက်က သွားလေးဖြဲကာ ပြုံးပြ၍ သူတို့ဦးခေါင်းထက်က ဦးထုပ်တွေကို ထိဖို့ လက်မြှောက်လိုက်၏။

ဒါပေမယ့် အခု ပြဿနာတစ်ခု ရှိလာလေပြီ၊ သူတို့မားမား ဆုရလာတဲ့ ကြွေအိုးက တစ်ခုတည်းလေ။

ကျိုးကျိုး: "သား အိုးလိုချင်တယ်!"

ဖက်ထုပ်လေး: "သားရဲ့အိုး!"

ချင်းရို့က သူတို့နှစ်ယောက်ရဲ့ မျက်နှာလေးကို ဖျစ်လိုက်ကာ "ဒါက မားမားရဲ့အိုးပဲ" လို့ ကူကယ်ရာမဲ့စွာ ပြောလိုက်လေ၏။

လုယန်လည်း ဘေးမှပြုံး၍ "ပါးပါးလည်း အိုးလိုချင်တယ်လေ"

ချင်းရို့ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ "အပျော်မှာ ဝင်မပါရဘူး"

ဒီအကြီးတစ်ယောက် အသေးလေးနှစ်ယောက် သားအဖသုံးယောက်ဟာ တကယ့်ကို ရတနာလေးတွေပါပဲ...

လုယန်လည်း ဘေးမှပြုံး၍ "ပါးပါးလည်း အိုးလိုချင်တယ်လေ"

ချင်းရို့ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ "အပျော်မှာ ဝင်မပါရဘူး"

ဒီအကြီးတစ်ယောက် အသေးလေးနှစ်ယောက် သားအဖသုံးယောက်ဟာ တကယ့်ကို ရတနာလေးတွေပါပဲ...

"မင်းတို့နှစ်ယောက် ဒီအိုးကို တစ်ယောက်တည်း မ,မနိုင်ဘူးလေ။ ဒီလိုလုပ်... ကောကောရော တိတိရော အတူတူမပြီး ပြန်ကြပေါ့ အိုကေလား?"

ချင်းရို့ ဤသို့ပြောပြီးနောက် ညီအစ်ကိုနှစ်ယောက်က သဘောတူခဲ့ကြသော်လည်း "လက်ကိုင်"ကို ဘယ်သူ့ကိုပေးမှာလဲလို့ 
မေးခွန်းထုတ်လာပြန်သည်။

"သား... သားဟာ... သားကိုင်ထားချင်တယ်"

"ကောကောကိုမပေးပါနဲ့ သားကိုပေး!"

ချင်းရို့ စိတ်ဆိုးသွားကာ ကြွေအိုးရဲ့ အနေအထားကို ချိန်ညှိ၍ လုယန်ဘက် လက်ကိုင်ကို ထားလိုက်၏။ သည်ထက် အမျှတဆုံးနည်းလမ်းမရှိတော့ပါပေ။

ဤညီအစ်ကိုနှစ်ယောက်ကို ပြုစုပျိုးထောင်ပြီးတဲ့နောက်မှာ နေ့တိုင်း အငြင်းပွားမှုတွေကို ပြေလည်အောင် ဆောင်ရွက်ပေးနေခဲ့ရသည်ပင်။

"သားတို့ပါးပါးကို လက်ကိုင်ကိုင်ပလေ့စေ။ သားတို့က ဒီနားကို လက်တစ်ဖက်နဲ့ကိုင်ထား၊ ဒီဘက်ကို နောက်လက်တစ်ဖက်နဲ့ ကိုင်လိုက်။ မားမားက အဖုံးကို ကိုင်သွားမယ်။ ဒါဆို လေးယောက်လုံး အတူတူ အိမ်ပြန်သယ်သွားလို့ရပြီနော်"

"ဒေါ်လေး သားကရော?" ရှမင်ရှီး ဘေးတစ်ဖက်မှ ဗလုံးဗထွေးမေးလာခဲ့သည်။

ချင်းရို့: "ရှီးရှီး သားက ဒေါ်လေးနဲ့အတူတူ အဖုံးကို သယ်သွားကြမယ်နော်"

ဖက်ထုပ်လေး: "သားက မားမားနဲ့အတူတူ အဖုံးကို သယ်ချင်တယ်!"

ကျိုးကျိုး: "မားမားနဲ့အတူတူ သယ်ချင်တယ်..."

ရှမင်ရှီး: "…"

ချင်းရို့က ရှမင်ရှီးရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး "ရှီးရှီးရေ အရင်သွားကြတာပေါ့။ ဒီသုံးယောက်ကို တို့တွေ မနှောင့်ယှက်တော့ဘူး"

လူကြီးတစ်ယောက်နှင့် အသေးလေးတစ်ယောက်က အိုးအဖုံးကို အတူတူသယ်မကာ သားအဖသုံးယောက်ကို ပစ်ထားခဲ့ပြီး အိမ်သို့အပြေးပြန်သွားကြချေပြီ။

ချင်းရို့နှင့် ရှမင်ရှီးတို့က ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော်လည်း သူတို့အနောက်မှ ကလေးနှစ်ယောက်ကို ပွေ့ချီထားတဲ့ လုယန်က ခြေတံရှည်ဖြင့် သူတို့အား ကျော်တက်လိုက်လေသည်။

ချင်းရို့: "…"

သူ့ရင်ခွင်ထဲက ကလေးနှစ်ယောက်မှာ စိတ်လှုပ်ရှားစွာ အားပေးနေကြလျက်။

"မြန်မြန်! မြန်မြန်သွားကြမယ်!"

"ပါးပါးက မားမားထက် ပိုမြန်တယ်!!"

ချင်းရို့: "! ! !"

ဘယ်သူက မင်းတို့နဲ့ ပြိုင်ချင်နေလို့လဲ ! ! !

ခုနလေးကမှ သူတို့မေမေနားမှာ ကပ်တွယ်ဖို့ ငြင်းခုံနေကြတဲ့ ကလေးဆိုးလေးနှစ်ယောက်ဟာ ချက်ချင်း သစ္စာဖောက်ပြီး သူတို့မေမေကို ပြိုင်ဖက်အဖြစ် သဘောထားနေ ပြီပေါ့လေ... ဘယ်လိုတောင်စိတ်တိုစရာကောင်းလိုက်သလဲနော်...

အပြောင်းအလဲမြန်တဲ့ကောင်ဆိုးလေးတွေပဲ!!

သို့သော် ချင်းရို့က ဒီအရွယ်ကလေးငယ်လေးတွေဟာ အာရုံပျံ့လွင့်နိုင်ခြေအများဆုံးဖြစ်ကြောင်းကိုလည်း နားလည်ပေသည်။ သူတို့တွေက တစ်ခုခုမှာ အချိန်အကြာကြီး တဝဲဝဲလည်လည်တွေးမနေတတ်ကြဘဲ သူတို့လေးတွေက အခြားအရာတွေကြောင့် အလွယ်တကူ အာရုံပျံ့လွင့်သွားနိုင်လေ၏။

လူငါးယောက်ဟာ ထူးဆန်းစွာ အိမ်ကို အပြေးပြန် လာကြသည်။

ချင်းရို့နှင့် ရှမင်ရှီးတို့က ပိုမိုနှေးကွေးကြပြီး နှစ်ယောက်စလုံးမှာ "ကလေးကြီး"များဖြစ်ကြသလို မူကြိုမတက်ရသေးတဲ့ ကလေးနှစ်ယောက်ကို အာရုံမထားကြပါပေ။ အောင်နိုင်သူ ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့က ညီအကိုကောင်းတွေဖြစ်သွားကြပြန်ကာ အချင်းချင်း ပွေ့ဖက်နေကြလျက် "မာမားထက် ပိုမြန်တယ်။ ပိုမြန်တယ်ဟေ့!"

အခုတော့ သူတို့လေးတွေက ပြန်လည်စည်းလုံးညီညွတ်သွားကြပြန်ပြီပဲ...

လုယန် ကလေးနှစ်ယောက်ကို အောက်ချလိုက်ပြီး ကြွေအိုးကို မြေပြင်ပေါ် ချလိုက်ပေမယ့် ကျိုးကျိုးနှင့် ဖက်ထုပ်လေးက မလိုချင်တော့ပေ။ ကလေးနှစ်ယောက်ဟာ ဒီအိုးဟာ အရမ်းလေးပြီး ဝန်ထုပ်ဝန်ပိုးကြီးလွန်းတယ်လို့ ခံစားမိတာကြောင့်ပင်။ အားစိုက်ထုတ်ရတာ ပင်ပန်းတယ်လေ။ 


All Chapters