← Chapters

အခန်း (၁၆၄)

Vol. 14 Ch. 164

အခန်း (၁၆၄)

Vol. 14 Ch. 164

Ch-164

ကံကောင်းထောက်မစွာဖြင့် ဤစာအုပ်မှာ တန်ဖိုးမကြီးသဖြင့် သူတို့ ကျောင်းကိုယူသွားချင်တယ်ဆိုလည်း ယူသွားပေါ့လေ။

"မားမားက သားတို့ကို အသစ်နှစ်အုပ် ပေးမယ်နော်။ သားတို့က စာအုပ်အသစ်လေးယူသွားကြ"

အိမ်မှာ တခြားအရာများစွာမရှိသော်လည်း ဒီငါးမန်းဘေဘီစာအုပ်လေးတွေတော့ အများကြီးရှိနေသည်ပင်။

ကျိုးကျိုးနှင့် ဖက်ထုပ်လေး ခေါင်းညိတ်ပြလာခဲ့သည်။

ချင်းရို့ ကလေးနှစ်ယောက်ကို မိသားစုဝင်းတံခါးဆီသို့ ခေါ်သွားခဲ့သည်။ ယနေ့ ကျောင်းကားမရောက်သေးသဖြင့် သူမက ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးအား ကူညီကြည့်ရှုပေးထားရန် အစောင့်လူငယ်ကို တောင်းဆိုလိုက်ပြီးမှ စာမူယူဖို့အတွက် အိမ်ပြန်သွားခဲ့၏။

ကျိုးကျိုးလေး၊ ဖက်ထုပ်လေးနှင့် မတ်တပ်ရပ်နေတဲ့ အစောင့်လူငယ်မှာ သူငယ်ချင်းဟောင်းတွေ ဖြစ်နေကြပြီဆိုပေမယ့် ဒီနေ့တော့ သူတို့ သီချင်းမဆိုကြပါချေ။

"ဦးလေးက ရုပ်တုနဲ့တူတယ်နော်"

အစောင့်လူငယ်လေးတွေကို အရွယ်ရောက်ပြီးသူများသာမက ကလေးတွေကပါ စနောက်တတ်ကြ၏။ ကလေးတွေဆီက မကြာခဏဆိုသလို အပွေ့ဖက်ခံရတတ်တဲ့ အစောင့်လူငယ်လေးတွေဟာ အကျင့်ဖြစ်နေလေပြီ။

ချင်းရို့ ပြန်ရောက်လာသောအခါတွင် ကလေးနှစ်ယောက်ရဲ့ ပတ်ပတ်လည်မှာ လူကြီးတွေ ဝန်းရံနေကြကာ တစ်ခုခုပြောနေကြတာကို တွေ့ရှိလိုက်ရ၏။ ဖက်ထုပ်လေးက သူ့လက်ထဲမှာ စာအုပ်လေးကို ကိုင်ထားပြီး အစ်ကိုဖြစ်သူကျိုးကျိုးက သူတို့အား စိုက်ကြည့်နေလေသည်။

ကလေးနှစ်ယောက်ဟာ သူတို့မေမေ ပြန်ရောက်လာတာကို တွေ့တဲ့အခါ အမှားယွင်းခံရတဲ့ ဝေလငါးဘေဘီလေးလိုမျိုး အလျင်အမြန်ပြေးလာကာ သူတို့မေမေကို နှစ်သိမ့်ခိုင်းကြလေရဲ့။

"ဘာဖြစ်လို့လဲ?"

ဖက်ထုပ်လေး: "မားမား သူ သားစာအုပ်ကို လာလုနေတာ!!!"

ကျိုးကျိုး: "သူ့ကို မပေးဘူး!"

သူ့ခေါင်းကိုလှည့်၍ အစိမ်းရောင်အင်္ကျီဝတ်ထားတဲ့ သုံး၊ လေးနှစ်အရွယ်ကောင်လေးတစ်ယောက်ဆီ လက်ညှိုးထိုးပြခဲ့သည်။ ထိုကလေးရဲ့ ဘေးမှာ သူ့အဖွားဖြစ်တဲ့ အသက်၅၀ကျော်အရွယ် ဆံပင်ခပ်တိုတိုအမျိုးသမီးတစ်ဦး ရပ်နေလေ၏။

တခြားကလေးတွေလည်း အလုယက်ခံရတော့မယ်ဆိုတာ ချင်းရို့တစ်ချက်ကြည့်တာနဲ့ သိလိုက်ပေသည်။ တချို့ကလေးတွေဟာ မိသားစုမှ အလိုလိုက်ခြင်းခံရ၍ ဒေါသကြီးတတ်သလို တခြားကလေးတွေရဲ့ အရုပ်နှင့် ပစ္စည်းတွေကို လုယက်ရတာကို နှစ်သက်ကြ၏။

သူတို့က သူတို့မိဘတွေဆီ ပြန်ပြောတဲ့အခါ မိဘတွေကလည်း အလေးအနက်မထားကြပေ။ မိဘတွေဟာ သူတို့ကလေးတွေက ဥာဏ်ကောင်းတယ်လို့ ခံစားနေကြလျက်၊ အနိုင်ကျင့်ခံရခြင်းထက် သူတို့ကလေးတွေကပဲ စပြီးအနိုင်ကျင့်တာကို ပို ကောင်းတယ်လို့ တွေးကြသည်ပင်။

ထိုသို့သောကလေးများနှင့် နှိုင်းယှဥ်ပါလျှင် ချင်းရို့က ထိုကလေးများထက် မိဘကိုသာ ပို၍ မုန်းတီးလေ၏။

ထိုအမျိုးသမီးက ချင်းရို့ကို မြင်တော့ ချက်ချင်းပင် သူမအသံကိုမြင့်ကာ စွပ်စွဲစွာဖြင့် "ဒါ နင်ရဲ့ကလေးတွေလား? နင် ကလေးတွေကို ဘယ်လိုသင်ပေးထားတာလဲ? ဒီကလေးက အရမ်းတွန့်တိုတတ်တာပဲ။ နင်တို့မှာ စာအုပ်နှစ်အုပ်ရှိနေတာ၊ ငါ့မိသားစုကျွမ့်ကျွမ့်လေးဖတ်ဖို့ တစ်အုပ်ပေးတော့ ဘာဖြစ်မှာမို့လဲဟမ်?"

ရွှယ်ကွေ့ရှန်းလို့ခေါ်တဲ့ ဆံပင်ခပ်တိုတိုအမျိုးသမီးဟာ သူမရဲ့မြေးလေးကျွမ့်ကျွမ့်ကို မူကြိုပို့ဖို့ ခေါ်လာခဲ့ခြင်းပင်။ သူမရဲ့ သားမိသားစုမှာ မြေးမလေးသုံးယောက်ရှိပြီး မြေးယောကျ်ားလေးကတော့ တစ်ဦးတည်းသာရှိလေသဖြင့် သူမဟာ ဤမြေးလေးကို အရမ်းချစ်ခင်အလိုလိုက်ကာ အဖိုးတန်သောအရာမှန်သမျှ သူမမြေးလေးကို ပေးဖို့ မစောင့်နိုင်တော့ပေ။

သူမအမြင်တွင်မူ သူမမြေးငယ်လေးက တခြားသူရဲ့ စာအုပ်ကိုယူတာ ဘာမှမဟုတ်ဘူးလေ။ သူလိုချင်ရင် သူဖတ်နိုင်တယ်။ အရင်တုန်းကလည်း သူလိုချင်သမျှအရာအားလုံး အမြဲတမ်းရတယ်လေ။

မမျှော်လင့်စွာဖြင့် ဒီပုသေးသေးကောင်လေးနှစ်ယောက်ဟာ အရမ်းသန်မာနေတာပါပဲ။ ညီအကိုနှစ်ယောက် စည်းလုံးကြတာကြောင့် ကျွမ့်ကျွမ့်က မလုယူနိုင်ခဲ့ပေ။

အစောင့်လူငယ်လေးရှိနေသဖြင့် ရွှယ်ကွေ့ရှန်းဟာ ကလေးနှစ်ယောက်ကို တိုက်ရိုက်တိုက်ခိုက်လို့မရခဲ့ပေ။ ယခုအခါ သူမ ကလေးနှစ်ယောက်ရဲ့ မိဘနှင့် တွေ့ဆုံခဲ့ရာ သူမဟာ ငယ်ရွယ်ပြီးလှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် တစ်ခုခုမှားနေသလို ခံစားမိသွားရသည်။

ဖက်ထုပ်လေးက ချင်းရို့လက်ကို ဆုပ်ကိုင်ထားရင်း "မားမား သူ သားစာအုပ်ကို လာဆွဲလုနေတာ!!"

"သားဟာ! သားဟာကို!"

ချင်းရို့က ဘေဘီလေးရဲ့ မျက်နှာလေးကို နမ်းလိုက်ပြီး ဘေးနားက ကျိုးကျိုးလေးကိုပါ နမ်းလိုက်၏။

"ဒါက မားမားတို့ဖက်ထုပ်လေး ပိုင်တာလေ။ တခြားသူတွေ မလုသွားစေနဲ့နော်။ စာအုပ်လေးကို သူတို့ကို ပြချင်သလား မပြချင်ဘူးလားဆိုတာ ဖက်ထုပ်လေးတစ်ယောက်ကပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်နော်"

"ကျိုးကျိုးလည်း လုပ်တာအရမ်းကောင်းတယ်။ ညီလေးကို ကူညီပေးနော်"

သူမဒီလိုပြောတာကိုမြင်တော့ ရွှယ်ကွေ့ရှန်းက ချက်ချင်းပင် ဒေါသတကြီးဖြင့်

"နင် ဒီမိန်းကလေး၊ နင့်ကလေးတွေကို အရမ်းတွန့်တိုတတ်အောင် သင်ပေးနေတာပဲ။ သူ ကြီးပြင်းလာတဲ့အခါ လူကြီးလူကောင်းဖြစ်မှာ မဟုတ်ဘူးဟဲ့"

"သူတို့ မူကြိုတက်ကြမှာလေ။ သုံးနှစ်၊ လေးနှစ်အရွယ်ကလေးတွေအားလုံး *ခုံရုံရဲ့ သစ်တော်သီးတွေအကြောင်း သိကြပေမယ့် မင်းရဲ့ကလေးတွေက မသိဘူးလား။ တခြားသူတွေနဲ့ မျှဝေတတ်ရမယ်မလားဟဲ့"

(*ခုံရုံရဲ့ သစ်တော်သီးဆိုတာကလေ 'Three Character Classic'က ဆိုရိုးစကားတစ်ခုပါ)

"နင် သူတို့ကို နှိမ့်ချတတ်အောင် သင်ပေးထားတာ ပိုကောင်းမယ်နော်"

ချင်းရို့က သူမအား အမှန်တကယ် ရယ်မောမိတော့မလိုပင်။ သူမက ကလေးနှစ်ယောက်ရဲ့ ပုခုံးတစ်ဝိုက် ဖက်ထားလျက်

"ကျိုးကျိုး၊ ဖက်ထုပ်လေးရေ... မားမားတို့ ဒီနေ့ ခုံရုံရဲ့ သစ်တော်သီးတွေအကြောင်း မသင်တော့ဘူးနော်။ အရင်ဆုံး ဥပဒေအကြောင်း နားလည်အောင် လေ့လာရမယ်။ တခြားသူရဲ့ ပစ္စည်းကို မခိုးရဘူး၊ လုယက်လို့မရဘူး၊ ကိုယ့်ပစ္စည်းတွေကိုလည်း သေချာကာကွယ်ထားရမယ်"

"တချို့လူတွေကို ငယ်ငယ်ကတည်းက မသင်ထားပေးဘူးဆိုရင် သူတို့ ကြီးလာတဲ့အခါ အမှားအမှန် မခွဲခြားတတ်တော့ဘူးလေ။ သူတို့ငယ်ရွယ်စဥ်မှာ တခြားသူတွေရဲ့ပစ္စည်းကို ခိုးတယ်ဆိုရင် ကြီးလာရင် တိုင်းပြည် ဒါမှမဟုတ် လူ့အဖွဲ့အစည်းကိုပါ လုယက်ချင် လုယက်နေကြလိမ့်မယ်။ အနှေးနဲ့အမြန်ဆိုသလို သူတို့အကျဥ်းချခံရပြီးတော့ ပြုပြင်ပြောင်းလဲရေးအလုပ်သမားအကျဥ်းသားတွေ ဖြစ်လာလိမ့်မှာ"

"နင် ဘာစကားပြောတာလဲ?"

ရွှယ်ကွေ့ရှန်းဟာ ချင်းရို့စကားတွေကြောင့် ဖြူဖျော့သွားရ၏။

"မားမား သူက ပြုပြင်ပြောင်းလဲရေးအလုပ်သမားအကျဉ်းသားဖြစ်မှာပဲ။ သူက သားဆီကလည်း လုယက်ထားတာ!! သူက လူဆိုးပဲ!! ဆရာမကလည်း သား လူဆိုးနဲ့တွေ့ရင် ရဲကို ပြောပြသင့်တယ်လို့ ပြောထားတယ်!"

ပုခုံးလောက်ဆံပင်ရှည်ရှိတဲ့ အမျိုးသမီးဘေးမှာ ရပ်နေတဲ့ ပိန်ပိန်လှီလှီကောင်ကလေးတစ်ယောက်ဟာ လက်ညှိုးထိုး၍ ကျယ်လောင်စွာ ပြောလာခဲ့သည်။

ပုခုံးလောက်ဆံပင်ရှည်ရှိတဲ့ အမျိုးသမီးမှာ ချက်ချင်းပင် ရှက်ရွံ့သွားသော်လည်း သားဖြစ်သူကို စကားမပြောရန် မတားခဲ့ပေ။

အရင်တုန်းကတော့ ဒီကလေးကျွမ့်ကျွမ့်ဟာ သူမသားရဲ့ ပစ္စည်းတော်တော်များများကို လုယက်ခဲ့သည်ပင်။ သူမသားလေးဟာ သူမလိုမျိုး သတ္တိကြောင်တဲ့စရိုက်ရှိသူမို့ အနိုင်ကျင့်ခံရရန် လွယ်ကူပြီး တခြားသူတွေနှင့် ငြင်းခုံခြင်းမပြုဝံ့ပါချေ။

တစ်ယောက်ယောက်ဆီက အလုယက်ခံရပြီး သူမရှေ့မှာ ငိုနေတဲ့ကလေးကို ချော့မော့ရုံသာ တတ်နိုင်ပြီး တခြားသူတွေကို အပြစ်သွားမတင်ရဲပေဘူး။

သူရဲဘောကြောင်ပြီး အမြဲငိုနေတတ်တဲ့ သားဖြစ်သူက ယနေ့မှာ အသံကျယ်ကျယ်ဖြင့် ထုတ်ပြောလာလိမ့်မယ်လို့ သူမ အမှန်တကယ် မမျှော်လင့်မိခဲ့ပေ။

သူမငယ်ငယ်တုန်းက ဒီလိုမျိုး အတွေးရှိခဲ့တာပဲလေ။

သူမသားက သူမထက် ပိုရဲရင့်တယ်လို့ ရုတ်တရက် ခံစားမိသွားရလျက်။

ပခုံးလောက်ဆံပင်ရှည်ရှိတဲ့ အမျိုးသမီး စွင်းကျီးချိုးဟာ နှုတ်ခမ်းကိုကိုက်၍ ချင်းရို့ဆီသို့ လျှောက်လာရင်း

"ဒီရဲဘော် နင်ပြောတာ အမှန်တွေပဲ။ ဒီကလေးက တခြားသူတွေရဲ့ ပစ္စည်းတွေကို မကြာခဏ လုယက်လေ့ရှိတာ။ သူ ငါ့သားဆီက အကြိမ်ပေါင်းများစွာ လုယက်ခဲ့ဖူးတယ်လေ။ နင် သူ့ကိုမတားရင် နင့်ကလေးလည်း နောက်ကျ ငိုရလိမ့်မှာ"

တချို့စကားတွေ ပြောထွက်ပြီးနောက် ပိုမိုရှင်းလင်းလာကာ အတိတ်ကအကြောင်းတွေ စုပုံနေခဲ့တာကြောင့် အခုချိန်မှာ ပေါက်ကွဲထွက်လာလေပြီ။ 


All Chapters