← Chapters

အခန်း (၁၆၇)

Vol. 14 Ch. 167

အခန်း (၁၆၇)

Vol. 14 Ch. 167

Ch-167

တာ့ကျောင်ရွာ၌ ချန်မိသားစုအား နေရာချထားပေးတဲ့ အိမ်ခြံမြေအပိုင်းမှာ သိပ်အကောင်းကြီးမဟုတ်ပါပေ။

ဟုတ်တာပေါ့... ရွာခံတွေက အပြင်လူတွေကို မြေနေရာ ကောင်းကောင်း ပေးလိမ့်မှာမဟုတ်ဘူးလေ... သို့ပေမဲ့ ချန်မိသားစုကတော့ ဤမြေနေရာကို အတော်လေး သဘောကျနေသည်ပင်။

ဤနေရာမှာ ကုန်းမြေမြင့်နေရာဖြစ်၏။ ဟုတ်ပါတယ်... ယေဘုယျအားဖြင့်တော့ အိမ်တွေကို နေရာမြင့်မြင့်ကြီးမှာ မဆောက်တတ်ကြဘူးလေ။

ချန်မိသားစုက နှစ်ထပ်အိမ်လေးဆောက်ရန် ရည်ရွယ်ထားပြီး အဓိကအိမ်ကို အုတ်အိမ်ဆောက်မည်ဖြစ်သလို နံဘေးမှ ပျဥ်ထောင်အိမ် ၂လုံး၊ ၃လုံး ဆောက်ကြမည်ပင်။

ချင်းရို့က အိမ်အတွက် ဒီဇိုင်းပုံကြမ်း ကူညီရေးဆွဲပေးခဲ့သည့်အပြင် ထိုအချိန်မှာ ရာသီဥတုအဆင်ပြေနေတာကြောင့် အိမ်ဆောက်ရန်အတွက် ရွာထဲကလူတွေကို အကူအညီတောင်းခဲ့သည်။

ကျေးလက်လူတွေရဲ့ အိမ်ဆောက်နှုန်းဟာ အလွန်မြန်ဆန်လှသည်ပင်။ ယေဘုယျအားဖြင့် သူတို့က လုပ်အားခ အများကြီးမလိုကြပေမယ့် အစားအသောက်ကိုတော့ လုံလောက်အောင် စီမံပေးဖို့ လိုအပ်လေသည်။

ချင်းမျန့်က အလုပ်သမားတွေအတွက် ထမင်းပေါင်းပေးဖို့ ဆားနယ်ထားတဲ့ မက်ကရယ်ငါးတွေ အများကြီးဝယ်ပေးဖို့ရာ ချင်းရို့အား အကူအညီတောင်းထားခဲ့၏။ အလုပ်သမားတွေကလည်း အစားအစာနှင့် ပတ်သက်ပြီး ကျေနပ်နေခဲ့ကြလျက်။

"အားမိန့်ရေ နင်တို့ ရောက်လာကြပြီပေါ့?"

ချင်းရို့က ကလေးတွေကို ဆော့ကစားဖို့ ခေါ်လာချိန်မှာတော့ တော်တော်များများ ဆောက်လုပ်ပြီးစီးနေလေပြီ။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က ဝမ်းကွဲတွေနှင့် ဆော့ကစားရန် တောင်ပေါ်သို့ သွားကြခဲ့သည်။ ကလေးပေါက်စနလေးတွေဟာ ခဏလေးတောင် ငြိမ်ငြိမ်လေး မထိုင်နိုင်ကြဘူးကွယ်...

ချင်းမျန့်က ယခု ယာယီပျဉ်ထောင်အိမ်တွင် နေထိုင်နေခဲ့၏။ ဤနေရာကို အလုပ်သမားတွေအတွက် အစားအစာချက်ပြုတ်ဖို့ရာ မီးဖိုချောင်အဖြစ် ယာယီလုပ်ထားသလို ရွာရှိလူတွေရဲ့ အဝတ်အစားတွေကို ချုပ်လုပ်ရန်နှင့် ပြုပြင်ပေးရန် အပ်ချုပ်စက်ကိုလည်း ယူဆောင်လာခဲ့လေသည်။

ချင်းမျန့်က အပ်ချုပ်စက်နင်းနေရင်း ချင်းရို့အား စကားပြောဆိုနေလျက်

"အားမိန့်ရေ နင်လည်း အပ်ချုပ်စက် ဝယ်သင့်တယ်နော်"

ချင်းရို့ ပြုံး၍ "ဘယ်လိုသုံးရမှန်းမှမသိတဲ့ဟာ"

"နင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်လို့ရတယ်လေ။ အမျိုးသမီးတွေက သဘာဝအတိုင်း ဒါကို ကောင်းကောင်းသုံးတတ်ကြတာနော်။ မိန်းကလေးတိုင်း အိမ်ထောင်ကျပြီးရင် ဒီလို အပ်ချုပ်စက်ကို ပိုင်ဆိုင်ချင်ကြတယ်လို့ နင် မထင်ဘူးလား?"

"နင့်သားတွေရဲ့ အဝတ်အစားပေါ်မှာ ငါးလှလှလေးတွေ ချည်ထိုးနိုင်သေးတာကို၊ အပ်ချုပ်စက်အသုံးပြုနည်းကို နင် ဘာလို့မသိရတာတုန်းဟယ်? နင့်သားတွေအတွက် အဝတ်အစားတွေ ကိုယ်တိုင်လုပ်တတ်အောင် သင်ယူလို့ရတယ်လေ..."

ချင်းရို့ ထိုအကြောင်းကြားတဲ့အခါ အနည်းငယ် သွေးဆောင်ခံလိုက်ရလျက်။ အိမ်မှာ အပ်ချုပ်စက်တစ်လုံးရှိရင် ပိုအဆင်ပြေကောင်းပြေနိုင်မယ်နော်...

အနှီကလေးငယ်နှစ်ဦးဟာ မူကြိုနှင့် မူလတန်းကျောင်းသို့ တက်ရောက်ပြီးတဲ့နောက် သူတို့လေးတွေရဲ့ အဝတ်အစားနှင့် အတွင်းခံဘောင်းဘီတိုလေးတွေဟာ အလွယ်တကူ ခြစ်မိ၊ စုတ်ပြဲလာတတ်တာကြောင့် ချင်းရို့မှာ အဝတ်အစားတွေ ဖာထေးပြုပြင်ဖို့ သူမအစ်မဖြစ်သူအိမ်ကို မကြာခဏ သွားနေရသည်ပင်။

ကလေးတွေအတွက် အဝတ်အစားတွေ ချုပ်ပေးဖို့အတွက်ကတော့...

ချင်းရို့ သူမရဲ့ စက်ချုပ်ကျွမ်းကျင်မှုကို အမှန်တကယ် မယုံပါချေ။ သူမလက်တွေက တော်တော်လေး နူးညံ့သိမ်မွေ့နေသော်လည်း အဝတ်အစားပြုလုပ်ခြင်းမှာ ပေါ့ပေါ့ပါးပါး လုပ်၍မရနိုင်ကြောင်း သူမခံစားရလေ၏။

သူမက ကလေးတွေအတွက် ချစ်စရာကောင်းပြီး ကာလာစုံအဝတ်အစားသေးသေးလေးတွေ ချုပ်လို့ရပြီး ပုံစံဒီဇိုင်းအတွက်ကိုမူ ပုံဆွဲထားတာကို လိုက်နာဖို့ပဲလိုအပ်သော်လည်း ကျန်တာတွေအတွက်ကတော့... ပိတ်စကို ညှပ်ရတာ လွယ်ကူရိုးရှင်းပေမယ့် ကောက်ကွေးသွားခဲ့ရင်တော့ အထည်စတွေ ဖြုန်းတီးသွားသလိုဖြစ်သွားမှာပေါ့။

ယခုအခါ ချင်းရို့က အထည်စတွေနှင့်ပတ်သက်ပြီး အလွန်စိတ်ပူပန်နေရကာ အထည်စတွေကို ဖြုန်းတီးမိမှာကို စိုးရွံ့နေမိ၏။ ယခုခေတ်ကာလတွင် ချည်ထည်အနည်းငယ်သာ ရှိပြီး အထည်စကောင်းကောင်းတွေကို ဝယ်ရတာလည်း မလွယ်ကူလှပေ။

ပြည်တွင်းထုတ်လုပ်မှုမှာလည်း နည်းပါးနေဆဲဖြစ်ပြီး ကွာလတီကောင်းတဲ့ ရှပ်အင်္ကျီတွေကို ရှန်ဟိုင်းနှင့် ကွမ်ချန်လို မြို့ကြီးတွေမှာသာ ရောင်းဝယ်လို့ရသည်လေ။

တကယ်ရောင်းအားကောင်းတဲ့ အင်္ကျီတွေရှိပေမယ့် ရှာရခက်တယ်လို့ ပြောလို့ရလေရဲ့... လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆို အထည်ကောင်းတွေ ရဖို့အတွက် လူအုပ်ကြီးဟာ အလုအယက်လုပ်ခဲ့ကြတာကြောင့် လူပိပြီး အသေအပျောက်များခဲ့ရလေ၏။

ယခုခေတ်တွင် ကွာလတီအမြင့်လိုင်းအထည်စအတုတွေဟာ မြို့တွေမှာ ရေပန်းစားနေလျက်။ အကြောင်းရင်းကတော့ လူတွေက ကွာလတီအမြင့်လိုင်းအထည်စတွေကို ဝယ်ဖို့ မတတ်နိုင်သောကြောင့်သာ။

သို့ပေမဲ့ လူတွေက ဖက်ရှင်ကျပြီး ခပ်မိုက်မိုက်ဖြစ်ချင်တာကြောင့် သူတို့တွေဆီမှာ အထည်ကောင်းများစွာရှိသလိုမျိုး အစုံပေါင်းများစွာ အလှည့်ကျ ဝတ်ချင်ယောင်ဆောင်ကြလေ၏။ ထို့ကြောင့် သူတို့က အထည်စအတုတွေကို ဝယ်ယူကာ ကွာလတီကောင်းတဲ့ရှပ်အင်္ကျီတွေ ဝတ်ထားဟန်ဆောင်၍ သူတို့ရဲ့ အပေါ်ထပ်အင်္ကျီအောက်မှာ ဝတ်ဆင်ထားတတ်ကြသည်။

သို့သော် သူတို့ကျွန်းတွင်မူ အထည်စအတုတွေက ခေတ်မစားပါချေ။ အကြောင်းမူကား သူတို့တွေက အလုပ်တက်ရက်တွေမှာ အဝတ်အစားတစ်ထည်သာ ဝတ်ဆင်ရပြီး အထည်တုတွေ ဝတ်လို့မရပါချေ။

မင်းသာ အထည်တုကို ဝတ်ထားခဲ့ရင် မင်းရဲ့ အပေါ်ထပ်အင်္ကျီကို ချွတ်လို့မရဘူးလေ... မင်းရဲ့ အပေါ်ထပ်အင်္ကျီကို ချွတ်ပစ်လိုက်တာနဲ့ မင်းရဲ့အထည်က ပေါ်သွားမှာပဲ...

(T/N: နားလည်ကြလားတော့မသိဘူး၊ ရေးရင်းနဲ့ ရှုပ်နေသလိုဖြစ်သွားရင် သွေ့ပုချီပါနော်။ ပြောထားတဲ့ပုံအရဆိုရင် အထည်စအကောင်းကွာလတီနဲ့ အတုကွာလတီက ကြည့်ရုံနဲ့တင် သိသာတဲ့ပုံစံပေါ့နော်။ အဲ့တာကြောင့် အပေါ်ထပ်အင်္ကျီ ထပ်ဝတ်လိုက်တော့ သေချာမတွေ့ရတော့လို့ အတုဝတ်ထားလဲ အစစ်နဲ့တူနေတယ်ဆိုတာကိုပြောတာပါ)

၁၉၇၈ခုနှစ်မရောက်သေးသော်ငြား ဘယ်ခေတ်ကာလမဆို လူငယ်တွေ အလှတရား နောက်လိုက်ကြတာဟာ ဘယ်တော့မှ မရပ်တန့်နိုင်ပါချေ။

ချင်းရို့ ကွမ်ချန်သို့ ရံဖန်ရံခါ သွားခဲ့စဥ်က လူငယ်လေးတွေဟာ တိတ်တဆိတ် သူတို့ဆံပင်ကို ပြုပြင်ပြောင်းလဲကြသလို ထူးထူးဆန်းဆန်းHair oilတွေ လိမ်းနေတာကိုပါ တွေ့ခဲ့ရလေ၏။

ဒီလူငယ်လေးတွေကို မိန်းကလေးတွေလို့ ထင်နေကြတာလား? မဟုတ်ဘူးနော်...

အများစုက တစ်ဝက်လောက်အရွယ်ရောက်နေပြီဖြစ်တဲ့ ဆယ်ကျော်သက်ကောင်ငယ်လေးတွေပေါ့။ နောက်ပြီးတော့ ဆံပင်တိုတို အမျိုးသားလူရွယ်တွေရော ပါတယ်နော်။ ဒါ့အပြင် သူ့ဆံပင်မှာ ထူးထူးဆန်းဆန်းစက်ဆီတွေ လိမ်းထား၍ ရိတ်ပစ်လိုက်ရတဲ့ သနားစရာကောင်းတဲ့ လူငယ်လေးတစ်ယောက်လည်း ရှိပါသေးရဲ့။

ချင်းရို့ မြင်လိုက်ရသည့်အခါ 'ဝိုး... အိုး ဘုရားရေ... တကယ်ကြီးလုပ်ရဲတယ်လားဟ' ဆိုပြီးတော့သာ အာမေဍိတ်ထွက်နိုင်ပါတော့သည်။
ဘယ်ခေတ်ကာလကပဲဖြစ်ဖြစ် အဲဒီခေတ်နှင့် သက်ဆိုင်တဲ့ လူငယ်တွေ အမြဲရှိနေတာပါပဲလေ...

သို့သော်လည်း ယခုအခါ ပတ်ဝန်းကျင်မှာ ပွင့်လင်းမှုမရှိသေးသည့်အတွက် ထိုကဲ့သို့သော လူငယ်များဟာ သူတို့ရဲ့ မလျော်ကန်တဲ့ အပြုအမူကြောင့် လူအများရဲ့ အမြင်တွင် ဝေဖန်စရာ ပစ်မှတ်ဖြစ်လာမည်ပင်။

ချင်းရို့ ယင်းကို တွေးနေမိရင်း အနည်းငယ် စိုးရိမ်မိသွားရလျက်။ သူမသားတွေ ကြီးပြင်းလာတဲ့အခါ *ရှားမာထဲ့လူငယ်လေးတွေ ဖြစ်လာမှာမဟုတ်ပါဘူးလို့ တွေးနေမိ၏။

(*ဟိုတုန်းက ခေတ်စားခဲ့တဲ့ ဆံပင်အရောင်စုံနဲ့ punk styleပုံစံလေးတွေပါနော်)

နောင်တစ်ချိန်မှာ လူငယ်လေးတွေအတွက် ရှားမာထဲ့ပုံစံဟာ သိပ်မဖြစ်နိုင်ပေမယ့် နေကာမျက်မှန်နှင့် Bell-pants style ခေတ်စားလာနိုင်ချေရှိလေသည်။

ချင်းရို့ လုကောကို အစားထိုးပြီး တွေးကြည့်ဖို့ အတတ်နိုင်ဆုံးကြိုးစားကြည့်ခဲ့ပေမယ့် ...

အိုး မိုင် ဂေါ့ ... သူမ ဘယ်လိုမှ စိတ်ကူးယဥ်ကြည့်လို့မရဘူးလို့....

ဒါပေမယ့် ကမ်းခြေမှာ ရေကူးဘောင်းဘီနဲ့ နေကာမျက်မှန် ၀တ်ထားတဲ့ ပုံစံလေးကိုတော့ စိတ်ကူးယဉ်လို့ရပါသေးရဲ့ ...

"နင် အပ်ချုပ်စက်ဝယ်ရင် ငါ နင့်ကို ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ သင်ပေးမယ်လေ"

"ကောင်းပါပြီ"

ချင်းရို့ သဘောတူညီစွာဖြင့် "အချိန်ရရင် ငါ အပ်ချုပ်စက် သွားရွေးထားလိုက်မယ်လေ"

ညီအစ်မနှစ်ယောက် စကားစမြည်ပြောနေရင်း အပြင်ဘက်မှ ငိုယိုသံတွေကို ကြားလိုက်ရ၏။ ဖက်ထုပ်လေးက ကျိုးကျိုးလေးအနောက်မှ လိုက်လာကာ ငိုယိုနေရင်း သူ့မေမေရင်ခွင်ထဲသို့ ပစ်ဝင်လာခဲ့သည်။

"ပန်ပန်(စာအုပ်) လုယက်ခံလိုက်ရတယ်လို့ ဝူး ဝူး ဝူး...."

သူ့ငါးလေး အလုယက်ခံလိုက်ရပြီ...

"ဘယ်သူလုသွားတာလဲ?"

ကျိုးကျိုး: "အဲဒါကို မျောက်တစ်ကောင်က လုသွားတာ"

အစ်မအကြီးဆုံးဖြစ်သူ ချန်ကျွမ်းကျွမ်းလည်း ကူကယ်ရာမဲ့စွာဖြင့် "တောင်ပေါ်က မျောက်တွေ လုသွားတာပါ"

ချင်းရို့: "…"

အခု မင်းတို့မားမားက မျောက်ပါးပါးမားမားဆီသွားပြီးတော့ ရန်တွေ့လို့မရဘူးလေလို့.... 




All Chapters