အခန်း (၁၆၈)
Vol. 14 Ch. 168
Ch-168
"အဆင်ပြေပါတယ် လိမ္မာတယ်နော် ဖက်ထုပ်လေး ထပ်မငိုနဲ့တော့နော်"
ချင်းရို့ ဘေဘီလေးကို ချော့ဖို့ ကောက်ချီလိုက်၏။ ဖက်ထုပ်ဘေဘီလေးရဲ့ မျက်လုံးတွေဟာ ငိုထားရလွန်း၍ ယုန်လေးလို နီရဲနေပြီး ဘေဘီလေးရဲ့ ဖြူဖွေးဖောင်းကစ်နေတဲ့ မျက်နှာလေးမှာ နူးညံ့လွန်းကာ အနိုင်ကျင့်ရန် လွယ်ကူပုံပေါ်နေလေရဲ့။
ချင်းရို့ သူမဘာသာ တွေးကြည့်နေမိသည်မှာ ကလေးတွေရဲ့ဖေဖေဟာ "အရမ်းဖြောင့်မတ်ပြီး စည်းကမ်းလိုက်နာတတ်"ပုံပေါ်ပေမယ့် သူ့အဖေနဲ့တူတဲ့ ပေါက်စလေးဟာ ဘာလို့ ဒီလောက်ချစ်စရာကောင်းနေရတာလဲလို့...
ချင်းရို့က ကျိုးကျိုးလေးထံ တဖန်ကြည့်လိုက်ပြန်၏။ သူ့မှာလည်း ဆင်တူတဲ့မျက်ခုံး၊ ကလေးအဆီလေးတွေရှိနေဆဲ မျက်နှာသေးသေးလေး၊ နှာတံမြင့်မြင့်၊ နီရဲပြီး စိုစွတ်နေတဲ့ နှုတ်ခမ်းလေးနှင့် အထူးလှပတဲ့ မျက်လုံးတစ်စုံရှိနေသည်။ ကျိုးကျိုးလေးက မျက်နှာအမူအရာမဲ့နေတတ်သဖြင့် သူ့ပါးပါးလုယန်နှင့် ပိုတူပုံရလေ၏။
ဒီကလေးလေးဟာ ကလေးအဆီလေးတွေ ရှိနေတာတောင်မှ နောင်အနာဂတ်မှာ ဘယ်လောက်တောင်ချောမောနေမလဲဆိုတာ မြင်နိုင်လေရဲ့။
- မျောက်တွေကလည်း စာဖတ်နိုင်တယ်ပေါ့...
နူးနူးညံ့ညံ့တည်သီးတွေကို ရွေးပြီးတော့ ဖိညစ်ပစ်လိုက်တော့...
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ဟာ ရုပ်ရည်သွင်ပြင်တူကြသော်လည်း စရိုက်လက္ခဏာမှာတော့ အနည်းငယ်ကွဲပြားနေဆဲပင်။ အထူးသဖြင့် မူကြိုတက်ပြီး အခြားကလေးတွေနှင့် တွေ့ဆုံပြီးနောက်တွင် သိသိသာသာကွဲပြားလာခဲ့လေပြီ။
အကြီးလေး ကျိုးကျိုးက ပိုတည်ငြိမ်ပြီး ဂရုစိုက်တတ်လာသလို ငိုယိုပြဿနာရှာတာတွေ နည်းလာလေ၏။ မူကြိုသွားပြီးတဲ့နောက် အကြီးတွေက အငယ်လေးတွေကို စောင့်ရှောက်ဖို့ လိုအပ်ကြောင်း သင်ယူလိုက်ရတာကြောင့် ဖြစ်နိုင်သည်ပင်။
ကျိုးကျိုးက သူ့ညီလေးကို စောင့်ရှောက်ရန် စတင်သင်ယူလာခဲ့ပြီး သူ့ညီလေးက သူ့ထက်အများကြီးမငယ်ပေမယ့် ညီလေးက ညီလေးပဲမဟုတ်ပါလော...
အငယ်လေး ဖက်ထုပ်လေးကတော့ သူ့အကျင့်စရိုက်မှာ ပိုမိုနူးညံ့ညင်သာလာပြီး ထိန်းချုပ်လို့ ပိုလွယ်ကူလာခဲ့သော်လည်း သူလေးက အရမ်းကျီစယ်တတ်လာသလို နူးညံ့ပြီး အကျင့်ပျက်တဲ့ ကလေးလေးလို လုပ်ရတာ နှစ်ခြိုက်လာ၏။ သူ့စိတ်လေးက ဖြောင့်မတ်ကာ စိတ်လက်မာန်ပါလုပ်တတ်ပြီး အလိုလိုက်ခံရတဲ့ အငိုအိတ်လေးဖြစ်လာလေရဲ့။
ဖက်ထုပ်လေးဟာ သူ့မိဘတွေနှင့်ဆိုရင် အလိုလိုက်ခံရတဲ့ ကလေးလေးလို ပြုမူတတ်ရုံသာမက သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ အခန်းသေးသေးလေးထဲမှာ သူ့အစ်ကိုကျိုးကျိုးနှင့် အတူတူရှိနေချိန်မှာလည်း ပျက်စီးနေတဲ့ ကလေးလို ပြုမူရတာကို နှစ်သက်သည်ပင်။
နူးညံ့ပျော့ပျောင်းပြီး စေးကပ်နေတဲ့ ဖက်ထုပ်လေးဟာ သူ့အစ်ကိုဖြစ်သူကို "ကောကော ငါ ကျိုးကျိုးဖြစ်ချင်တယ်" လို့ ပြောနေတာကို ချင်းရို့ တစ်ခါက ကြားခဲ့ရပါသေးသည်။
"ကော ကော…"
ဖက်ထုပ်လေးက ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ တောင်းဆိုမှုတွေကို မျက်နှာချင်းဆိုင် လုပ်ဝံ့ရင် အစ်ကိုကြီးကျိုးကျိုးကလည်း သူ့ကို အလိုလိုက်မည်ပင်။ ထို့ကြောင့် ဖက်ထုပ်လေးက သူ့ကောကောရဲ့ လက်ကောက်ကို ရံဖန်ရံခါ ဝတ်ဆင်တတ်ပြီး ရူးနှမ်းနှမ်းနှင့် ချစ်စဖွယ်ကလေးငယ်အသွင် ဟန်ဆောင်တတ်ပါသေးသည်။
ဖက်ထုပ်လေးက အစ်ကိုကြီးအဖြစ် ဟန်ဆောင်ရတာကို နှစ်သက်ပြီး မူကြိုမှာ တခြားကလေးတွေက သူ့ကို လုကောလို့ ခေါ်ခိုင်းတာကို သဘောကျလေရဲ့။
ဖြစ်နိုင်တာကတော့ အိမ်မှာဆို သူက အမြဲတမ်းအငယ်ဆုံးလေးဖြစ်နေတာကြောင့်များလား....
သူက အသက် နှစ်နှစ်ကျော်လောက်ပဲရှိသေးတာတောင်မှ အစ်ကိုကြီးဖြစ်လိုတဲ့ ပြင်းပြတဲ့စွဲလမ်းမှုတစ်မျိုးရှိနေလေရဲ့။
အစ်ကိုကြီးဖြစ်ဖို့ ရည်မှန်းချက်ရှိပေမယ့်လည်း ညီငယ်လေးကတော့ ညီငယ်လေးပဲပေါ့လေ...
"ကောင်းပြီကွယ် မငိုနဲ့တော့နော်"
ချင်းရို့ ဖက်ထုပ်လေးကို နမ်းလိုက်ပြီး သူ့အစ်ကိုကျိုးကျိုး အနားမှာ ပြန်ချလိုက်ရာ ပုသေးသေးလေးဖြစ်တဲ့ သူ့ကောကော ကျိုးကျိုးလေးက ဖက်ထုပ်လေးကို ပွေ့ဖက်လိုက်ပြီး သူ့မေမေလိုမျိုး ကျောကို ပုတ်ပေးနေရင်း လက်ပိစိလေးတွေနဲ့ မျက်ရည်တွေကို သုတ်ပေးနေလေရဲ့။
"ကောကော …"
"ဒါဆို ကျိုးကျိုးကို မင်းကိုပေးမယ်လေ"
"ဖက်ထုပ်လေးက ကောကောနာမည်ကို မလုချင်ပါဘူးနော်"
ဖက်ထုပ်ပိစိလေးဟာ သူ့ကောကောကို ဖက်လိုက်၏။ အခြေခံအားဖြင့် နှစ်ယောက်စလုံးဟာ အရပ်အမြင့်၊ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်မှာ မခြားနားကြချေ။ ပြောရမယ်ဆိုရင် အငယ်လေး ဖက်ထုပ်လေးကမှ နည်းနည်းပိုသန်မာနေပါသေးရဲ့။
ဖက်ထုပ်လေးက သူ့ကောကောကို ပွေ့ဖက်ရန် ခက်ခက်ခဲခဲကြိုးစားနေလေ၏။ ကျိုးကျိုးလေးကလည်း သူ့ကို ပြန်လည်ပွေ့ဖက်ကာ နှစ်ယောက်သား အရှုပ်တွေလုပ်ကြပါတော့သည်။
ချင်းရို့လည်း ဒီညီအစ်ကိုနှစ်ယောက် ချစ်ချစ်ခင်ခင်ရှိနေတာကို မြင်ရတာ အထူးတလည် ပျော်ရွှင်နေမိလျက်။
သူတို့က ချင်းမျန့်အိမ်မှာပဲ နေ့လည်စာစားဖြစ်ခဲ့ကြသည်။ ဆားနယ်ထားတဲ့ မက်ကရယ်ငါးကို ထမင်းပေါ်မှာ ပေါင်းထားတဲ့အခါ အနံ့အရမ်းမွှေးလာသဖြင့် ကလေးတော်တော်များများက အဲဒါကို အရမ်းကြိုက်ကြ၏။
သို့သော် ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့က သူတို့အဒေါ်အိမ်က သကြားရေထဲမှာ မုန်လာဥတွေရှိနေတာကို တွေ့လိုက်ရတဲ့အခါ သူတို့မေမေဘက်သို့ တိတ်တဆိတ် တိုးသွားကြတော့သည်။
သေလိုက်ပါတော့!
ညီအစ်ကိုနှစ်ယောက်မှာ စားဖို့ ငြင်းဆိုကြောင်း မျက်နှာအပြည့် ဖော်ပြနေကြလေပြီ။ မုန်လာဥနီရော မုန်လာဥဖြူကော မစားချင်ဘူးလို့ ...
ချင်းရို့ ကလေးလေးနှစ်ယောက်ကို ဒီလိုပုံစံလေးနှင့် တွေ့လိုက်ရတဲ့အခါ နူးညံ့စွာ ပြုံးပြလိုက်၏။
သူမ သူတို့လေးတွေကို အတင်းမစားခိုင်းပါဘူးလေ... သူမဘာသာပဲ ပျော်ပျော်ကြီး သားနေလိုက်တယ်။ ဒီလိုမုန်လာဥသေးသေးလေးတွေဟာ ကြည့်ရုံနဲ့တင် အရသာအရမ်းရှိပုံပေါ်နဲ့ဟာကို ကလေးနှစ်ယောက်က ဘာလို့မစားရတာလဲဆိုတာ သူမလည်း မသိတော့ပါဘူးလေ...
ခဲအိုချန်မျန့်က အိမ်ဆောက်ရာတွင် လာရောက်ကူညီကြတဲ့ ရွာသားတချို့နှင့် လွန်ခဲ့သည့်နှစ်နှစ်ခန့်က စပါးရိတ်သိမ်းခြင်းအကြောင်း စကားစမြည်ပြောနေခဲ့သည်။ ကျေးလက်တွင် အရာရာမှာ ရာသီဥတုအပေါ် မူတည်နေလေရဲ့။
ဟုတ်ပါတယ်... ချုံကျိုးကျွန်းရဲ့ မြေမျက်နှာသွင်ပြင်ပတ်ဝန်းကျင်ကြောင့်ပဲပေါ့...
သူတို့ ပျင်းရိပြီး လယ်မလုပ်ရင်တောင်မှ အုန်းသီးနှင့် သရက်သီးတွေ ရှိလာမှာပဲ။ ပင်လယ်ထဲမှာ ငါးတွေရှိတာရောပဲပေါ့။ ဒီရေကျတဲ့အခါ ပင်လယ်စာလေးတွေကိုပါ ယူဆောင်လာပေးလိမ့်မှာ...
သို့သော် သူတို့ စားစရာတွေအတွက် လယ်စိုက်ဖို့ လိုအပ်နေဆဲပင်။ လက်ရှိအချိန်တွင် ကျေးရွာလယ်မြေအများစုမှာ အထွက်နှုန်း မမြင့်မားဘဲ အများစုကတော့ ဓာတ်မြေသြဇာကြောင့်သာ။
နယ်မြေခံတပ်တစ်ခုစီမှ ဓာတ်မြေသြဇာများကို ဖြန့်ဖြူးပေးသော်လည်း မိသားစုအဖွဲ့ဝင်အများစုမှာ ဓာတ်မြေသြဇာများကို မှန်ကန်စွာ အသုံးမပြုနည်းကို မသိကြဘဲ အာရုံပင်မထားတတ်ကြပေ။
စုပေါင်းမြေကွက်ရှိသလို ကိုယ်ပိုင်မြေတွေလည်းရှိကြသည်ပင်။ စုပေါင်းမြေတွင် စုပေါင်းဓာတ်မြေသြဇာရှိပြီး လူတိုင်း လယ်လုပ်ရာမှဟအလုပ်အမှတ်ရှာနိုင်ကြ၏။
သို့ပေတိ ဓာတ်မြေသြဇာကျဲခြင်းအလုပ်ဟာ ကိုယ်ပိုင်မြေမှာမဟုတ်တာကြောင့် လူတော်တော်များများဟာ ပေါ့ပေါ့ဆဆလုပ်ကိုင်တတ်ပြီး ဓာတ်မြေဩဇာကို သတိမမူစွာ သုံးစွဲတတ်ကြလေသည်။
သည့်အပြင် ကိုယ်ပိုင်သီးသန့်မြေကွက်များ ရိတ်သိမ်းရန်အတွက် မြေသြဇာတချို့ကို ဖြန့်ဝေပေးရုံသာရှိပြီး အချို့လူတွေက သူတို့ကိုယ်ပိုင်လယ်မြေဆီသို့ မြေကြီးတွေ သယ်ဆောင်သွားကြသည်။
ယင်းတို့မှာ အထွက်နှုန်း အရမ်းမမြင့်မားရခြင်းရဲ့ အကြောင်းအရင်းတွေပါပဲ...
တာ့ကျောင်ရွာမှ ခေါင်းဆောင်သည် ယခုနှစ်တွင် ဆန်စပါးကို ကောင်းမွန်စွာ မြေသြဇာကျွေးပြီး မျိုးစေ့အသစ်တွေကို အသုံးပြုရန် စီစဉ်နေပေသည်။
သူက ဗဟုသုတရှိတဲ့ ချန်မျန့်ကိုလည်း အကူအညီပေးဖို့ တောင်းဆိုခဲ့လေ၏။ နောက်ပိုင်းတွင်မူ ကျေးရွာရှိ လယ်ကွင်းအချို့တွင် မျိုးစပ်ထားတဲ့ ဆန်စပါးမျိုးစေ့အသစ်တွေကို စိုက်ပျိုးမည်ဖြစ်သည်။
"နာနာခံခံလေးစားကြနော်၊ ဖက်ထုပ်လေးနှင့် ဒီမှာလာထိုင်ကြ"
ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့ ညီအကိုနှစ်ယောက်မှာ ခုံတန်းလျားပေါ်တွင် လိမ်လိမ်မာမာလေး ထိုင်ကာ စားသောက်ခဲ့ကြသည်။ သူတို့ညီအစ်ကိုဟာ မုန်လာဥနှင့်ပတ်သက်ပြီး အနည်းငယ်ဇီဇာကြောင်ကြပေမယ့် စားသောက်ရာတွင်တော့ နာနာခံခံလေး စားတတ်ကြ၏။
ဘာပဲဖြစ်ဖြစ် သူတို့က အရမ်းစားနိုင်ကြတဲ့ ထမင်းအိုးသေးသေးလေးတွေပဲလေ...