အခန်း (၁၆၉)
Vol. 14 Ch. 169
Ch-169
ထိုအချိန်ကာလ၌ ရွာအများစုမှာ ခုံတန်းရှည်တွေသာရှိကြပြီး ခုံတန်းရှည်တွေရဲ့ ကြောက်စရာအကောင်းဆုံးအချက်ကတော့ အစွန်ဆုံးမှာ ထိုင်ရတဲ့လူတွေပါပဲ။ အကယ်၍ သူတို့ဘေးကလူတွေ ထရပ်လိုက်ရင် အစွန်ဆုံးမှာထိုင်နေတဲ့လူက ပြုတ်ကျလိမ့်မည်ပင်။
ချင်းရို့က အမြွှာလေးတွေကို အလယ်မှာ ထိုင်ခိုင်းလိုက်ပေမယ့် ဖက်ထုပ်လေးဟာ နည်းနည်းပုန်ကန်ချင်နေတဲ့ကာလဖြစ်သည်မို့ သူ့မေမေပြောတာကို မယုံကြည်ဘဲ အစွန်ဆုံး၌ ခြေထောက်ကို လေထဲတွဲလောင်းချထားရတဲ့ အနေအထားကို ထိုင်ရတာ သဘောကျနေခဲ့သည်လေ။
"ပလုတ်-"
ရှမင်ရှီးနှင့် သူ့အစ်ကိုကျိုးကျိုးတို့ မတ်တပ်ရပ်လိုက်တဲ့အခါ ဖက်ထုပ်လေးက မြေပြင်ပေါ်သို့ ပလုတ်ခနဲပြုတ်ကျသွားပြီး သူတို့ထမင်းပန်းကန်တွေပါ ပါသွားလေရဲ့။
ကံကောင်းထောက်မစွာဖြင့် ထမင်းပန်းကန်ထဲက ထမင်းတွေအကုန်လုံးကို စားပြီးသွားလို့ပေါ့...
ဖက်ထုပ်လေးရဲ့ တင်ပါးသေးသေးလေးမှာ အရိုက်ခံလိုက်ရသည့်နှယ်။
"မားမား..."
ကလေးငယ်လေးက သူ့မေမေကို ရှက်ရွံ့စွာ ကြည့်နေလျက်။
"အခုကစပြီး အလယ်မှာပဲ ထိုင်ရမယ်ဆိုတာ သား သိသွားပြီမလား?"
အရူးလေးကတော့...
ချင်းရို့ ကလေးငယ်လေးကို သူမရင်ခွင်ထဲမှာ ပွေ့ဖက်ထားကာ ချော့မြူနေရင်း တစ်ခုခုနာကျင်လာတဲ့အချိန်တိုင်း ဒီမိုက်မဲတဲ့ငတုံးလေးပဲ အမြဲဖြစ်နေတာပဲလို့ တွေးနေမိလျက်။
ညီအစ်ကိုတွေ နေ့လည်စာစားပြီးသည်နှင့် ချင်းမျန့်အိမ်က ဝါးကုတင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ပြီး အိပ်ပျော်သွားကြလေပြီ။ ချင်းရို့လည်း ကလေးတွေရဲ့ ဗိုက်လေးကို စောင်ခြုံပေးထားလိုက်၏။
ချင်းမျန့်က ချင်းရို့ သမ်းဝေနေတာကို တွေ့၍ သူမကိုလည်း ခဏလောက် အနားယူခိုင်းလိုက်၏။
ထိုအချိန်တွင် အပူချိန်မှာ အနည်းငယ်မြင့်နေသေးဆဲ။ ဒီလိုပူပြင်းတဲ့နေ့တွေမှာ တစ်ရေးတစ်မောအိပ်တာက သက်တောင့်သက်သာအရှိဆုံးဖြစ်တာကြောင့် ချင်းရို့လည်း တစ်ရေးတစ်မော အိပ်စက်လိုက်လေသည်။
သူမနိုးလာသည့်အခါ ချင်းမျန့်က အပ်ချုပ်စက်အသုံးပြုနည်းကို သင်ပေးရန် ကြိုးစားခဲ့သည်။
"ဒီလိုမျိုး... တန်း တန်း တန်း တန်း"
"နင် ဘာလို့မကြိုးစားကြည့်တာလဲ?"
ချင်းရို့က သူမကိုယ်သူမ လက်ညှိုးညွှန်ပြလျက် "ငါကြိုးစားကြည့်ရမှာလား?"
တစ်ချက်လောက်စမ်းကြည့်လိုက်ရမလား?
ချင်းရို့ အပ်ချုပ်စက်ရှေ့က ခုံပေါ်ထိုင်တော့မည့်အချိန်မှာပင် တစ်ယောက်ယောက်က ရုတ်ချည်း အပြင်က ဝင်လာခဲ့သည်။
သူမက အရောင်ဖျော့ဖျော့ချည်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ကျစ်ဆံမြီးနှစ်ချောင်းကို ကြိုးနီလှလှလေးနှင့် စည်းနှောင်ထားတဲ့ မိန်းမငယ်လေးတစ်ဦးပင်။ သူမရဲ့ မျက်နှာသွင်ပြင်မှာ နူးညံ့သိမ်မွေ့ကာ နှစ်လိုဖွယ်ရှိလျက်၊ သူမ ပြုံးလိုက်တဲ့အခါမှာလည်း ထူးထူးခြားခြား နူးညံ့နေပါသေးသည်။
အမျိုးသမီးငယ်လေးဟာ သူမလက်ထဲမှာ စာအုပ်တစ်အုပ်ကို ကိုင်ထားခဲ့သည်။
"ဒါက ဆရာချန်တို့အိမ်ပါလား?"
"ကျွန်မက ရွာကို မကြာသေးခင်ကမှရောက်လာတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ ကျွန်မနာမည်က ယဲ့မင်ရှို့ပါ"
ချင်းမျန့်က သူမနှင့် စကားနည်းနည်းပြောပြီးနောက် ချင်းရို့အား လှမ်းခေါ်လိုက်ကာ
"အားမိန့်ရေ ဒီကိုလာဦး၊ ဖက်ထုပ်လေးရဲ့ စာအုပ်တွေ ပြန်ရလာပြီ"
ချင်းရို့ အံ့အားသင့်သွားရလျက် "မျောက်တွေလုသွားတဲ့စာအုပ် ပြန်ရလာတာလား?"
"အင်း ဟုတ်တယ်"
ယဲ့မင်ရှို့က ခေါင်းညိတ်လိုက်ပြီး "တောင်ပေါ်က မျောက်တွေက အရမ်းဆိုးပြီးတော့ လူတွေကို အတုယူရတာ သဘောကျကြတယ်လေ"
"ဒီနေ့နေ့လည်တုန်းက ကျွန်မတို့ပညာတတ်လူငယ်တစ်စု တောင်ပေါ်ရောက်ခဲ့တော့ အရမ်းစိတ်ဝင်စားဖို့ကောင်းနေရောပဲ။ ကျွန်မတို့ လမ်းမှာ စာအုပ်ဖတ်နေတဲ့ မျောက်တစ်ကောင်နဲ့ တွေ့ခဲ့တယ်။ ဒီမှာလေ ကျွန်မတို့ အဲဒီကောင်ဆီက ယူခဲ့တာ။ ဒီဝတုတ်နေတဲ့ ခေါင်းကြီးကြီးငါးလေးက အရမ်းချစ်ဖို့ကောင်းတယ်နော်"
"အဲဒီမျောက်က သာမာန်အချိန်တွေမှာ ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေကို သင်ယူရတာ နှစ်သက်ပြီးတော့ တစ်ခါတလေကျ အော်ဟစ်တတ်ပါသေးတယ်။ ကျွန်မခန့်မှန်းကြည့်ရသလောက်ဆို ဝမ်ကျစ်ချင်းက မျက်မှန်တစ်လက်နဲ့ ကျောက်တုံးပေါ်မှာ စာအုပ်ထိုင်ဖတ်လေ့ရှိတော့ အဲဒီမျောက်က ဒီနည်းအတိုင်း သင်ယူထားတာပဲ ဖြစ်ရမယ်"
"နင်တို့ မျက်စိနဲ့တပ်အပ် မမြင်လိုက်ရလို့၊ မျောက်က ဝမ်ကျစ်ချင်းရဲ့ မျက်မှန်ကို ခိုးပြီးတော့ စာအုပ်ကို တစ်နေရာရာကနေ လုယူခဲ့တာ။ ပြီးတော့မှ သူက လမ်းဘေးကျောက်တုံးပေါ်မှာထိုင်၊ မျက်မှန်တပ်ပြီး စာအုပ်ကို လှန်လိုက်သလို ဟန်ဆောင်နေတာလေ၊ အရမ်းရယ်ရတာပဲ။ လူတိုင်း အော်ရယ်မိကြရောပဲဟာ"
"ဒီစာအုပ်ရဲ့ စာမျက်နှာအနည်းငယ်လောက်ပဲ မျောက်ဆီက အကုတ်ခြစ်ခံလိုက်ရတာနော်။ ဝမ်ကျစ်ချင်းရဲ့ မျက်မှန်ဆို အခြေအနေဆိုးနေရောပဲ။ ပြန်ပြင်ဖို့ မြို့ကို ယူသွားရမှာလေ"
ချင်းမျန့်တို့ ညီအစ်မနှစ်ယောက်မှာ သူမရဲ့ ပြောဆိုဖော်ပြချက်ကြောင့် ရယ်မောခဲ့ကြရ၏။
ချင်းရို့ သူမလက်ထဲမှ စာအုပ်ကိုယူလိုက်ရင်း "ကျွန်မဆီပြန်လာပို့ပေးလို့ ကျေးဇူးပါ ရဲဘော်ရေ"
ရဲဘော်ရှောင်ချင်းက သူမလက်ထဲက ငါးမန်းဘေဘီလေးကို ကြည့်ပြီး စိတ်ထဲနေ သက်ပြင်းချလိုက်မိလျက်။ ဒီစာအုပ်လေးဟာ စိတ်ကူးယဉ်စွန့်စားခန်းတွေကို အမှန်တကယ် လက်တွေ့ကြုံခဲ့ရပြီး တောင်ပေါ်က မျောက်ရိုင်းတွေရဲ့လက်ကနေ လွတ်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိခဲ့ပါချေ။
"ဒုက္ခမများပါဘူး၊ ဒုက္ခမများပါဘူး"
ယဲ့မင်ရှို့အပြုံးလေးနှင့် ခေါင်းခါလိုက်ပြီး ချင်းရို့အား ချီတုံချတုံကြည့်၍ မဝံ့မရဲလေသံဖြင့် "နင်က ဆရာချန်ဇနီးရဲ့ ညီမလေး ဟုတ်တယ်ဟုတ်?"
သူမ ဒီကိုရောက်တဲ့အခါ ဆရာချန်မျန့်ရဲ့ ယောက်ဖဟာ ကျွန်းရှိရေတပ်မှာ တာဝန်ထမ်းဆောင်နေကြောင်း ရွာသားတွေဆီကနေ ကြားသိခဲ့ရ၏။
"ဟုတ်ပါတယ်၊ ဒီစာအုပ်ကို ကျွန်မသားအငယ်ဆုံးလေးဆီကနေ မျောက်ကလုသွားခဲ့တာလေ"
ချင်းရို့ ခေါင်းလှည့်၍ ကုတင်ပေါ်ရှိ ဝက်ကလေးနှစ်ကောင်ဆီသို့ မေးငေါ့ပြလိုက်လေ၏။
ဝက်ကလေးနှစ်ကောင်မှာ ဝက်အသေကောင်လိုမျိုး အိပ်ပျော်နေရာ အရမ်းချစ်ဖို့ကောင်းနေလေရဲ့။
ယဲ့မင်ရှို့ အဝေးရှိ ဝါးကုတင်ပေါ်မှ ကလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး သူမပါးထောင့်မှ အပြုံးလေး ပိုမိုနက်ရှိုင်းလာကာ
"ဒီကလေးနှစ်ယောက်က အမြွှာတွေဟုတ်?"
"ဟုတ်တယ်၊ သူတို့က အရမ်းတူကြတယ်လေ"
"တကယ်ရှားပါးတာပဲ၊ အရမ်းကံကောင်းတယ်နော်"
ယဲ့မင်ရှို့ စကားပြောပြီး ရယ်မောနေလေ၏။ ချင်းရို့က သူမဆီမှာ ပြောစရာတစ်ခုခုရှိပုံပေါ်ပေမယ့် ပြောဖို့ တွန့်ဆုတ်နေတာကို တွေ့မိတာကြောင့် သူမထုတ်ပြောလာဖို့ကို စောင့်ဆိုင်းနေပေးခဲ့သည်။
ယဲ့မင်ရှို့ ခေတ္တမျှ တုံ့ဆိုင်းသွားလျက်၊ နောက်ဆုံးတွင်မူ မမေးဘဲ မနေနိုင်တော့၍ "ရဲဘော်ချင်းရေ နင်လေ... ကျောက်ကျန်းဟုန်လို့ခေါ်တဲ့ ရဲဘော်တစ်ယောက်ကို သိလားဟင်?"
ယဲ့မင်ရှို့ ပြောသည့်အချိန်တွင် မျက်နှာမှာ အနည်းငယ်နီမြန်းနေပေမယ့် မျက်လုံးလေးတွေကတော့ တလက်လက်တောက်ပနေကာ
"ကျောက်ချန်စွင်းလိရဲ့ ကျောက်၊ တာ့ကျန်းတာ့ဟယ်ရဲ့ ကျန်း၊ ဖေးဟုန်တာ့ရွှယ်နီရဲ့ ဟုန်ပါ" လို့ အသေးစိတ်ထပ်မံပြောခဲ့ပေသည်။
(ကျောက်ချန်စွင်းလိ = မျိုးရိုးနာမည်လေးခု တာ့ကျန်းတာ့ဟယ် = မြစ်ကြီး ဖေးဟုန်တာ့ရွှယ်နီ = နှင်းတွေရွှံ့တွေပေါ်က ငန်းခြေရာ)
"သူလည်း ကျွန်းကရေတပ်မှာ တာဝန်ထမ်းဆောင်တယ်ဆိုပဲ"
ချင်းရို့: "? ? ? ! ! !"
ကျောက်ကျန်းဟုန် ? ! !
"ကျွန်မတို့သိတယ်။ ဒီနာမည်သာမလွဲရင်တော့ အဲဒီအရာရှိကျောက်က ကျွန်မယောကျ်ားနဲ့ သိပါတယ်၊ သူ ကျွန်မတို့အိမ်မှာ ညစာစားဖို့ လာခဲ့သေးတယ်"
"အရင်ကတည်းက သူနဲ့ ကျွန်မတို့လောင်လုက သူငယ် ချင်း ကောင်း တွေလေ"
"တကယ်? တကယ်လား?"
ယဲ့မင်ရှို့ အလွန်အံ့အားသင့်သွားရလျက်။ သူမက တွေ့တဲ့ တစ်ယောက်ယောက်ကို ပေါ့ပေါ့ပါးပါးမေးခွန်းလေးသာ မေးခဲ့ပေမယ့် မမျှော်လင့်စွာပင် ထိုသူကို သိတဲ့လူနဲ့ တကယ်တွေ့ခဲ့လေပြီ။
သို့သော် အကြောင်းပြချက်မရှိဘဲ လူစိမ်းတစ်ယောက်အကြောင်း မေးမြန်းဖို့ရာ မဖြစ်နိုင်၍ "အိုး ကျွန်မ အရင်က ရဲဘော်ကျောက်ရဲ့ ဘောပင်တစ်ချောင်းကို ကောက်ရထားလို့ သူ့ဆီ ပြန်ပေးချင်လို့ပါ"
ယဲ့မင်ရှို့က ဘောပင်တွင် တိပ်ဖြင့်ကပ်ထားတဲ့ "ကျောက်ကျန်းဟုန်" ဆိုတဲ့ နာမည်သုံးလုံးရှိတဲ့ ဘောပင်တစ်ချောင်းကို ထုတ်ပြလာခဲ့သည်။
"တိုက်ဆိုင်လိုက်တာ" ချင်းရို့ အံ့အားသင့်သွားရ၏။
"ဒီရဲဘော်ကျောက်က ဘယ်လိုလူလဲဆိုတာ နင်သိလားဟင်?"
ယဲ့မင်ရှို့ ရှက်ရွံ့နေတဲ့မျက်နှာလေးနှင့် မေးမြန်းလိုက်၏။
"သူ အရင်က ကွာရှင်းဖူးတယ်မလား?"
ချင်းရို့ သူမကို ဒီလိုမြင်လိုက်ရတော့ ဒီမိန်းကလေးဟာ ကျောက်ကျန်းဟုန်အပေါ် စိတ်ဝင်စားနေသလားလို့ သိချင်မိသွားရလျက်။ သို့ပေတိ ချင်းရို့ သူမ မေးလာတဲ့မေးခွန်းတွေကို နားထောင်ပြီးနောက် သူမဟာ ကျောက်ကျန်းဟုန်နှင့် လုံးဝမရင်းနှီးသလို သူ့အကြောင်း ဘာတစ်ခုလည်းမသိမှန်း သိရှိသွားရ၏။
"ဟုတ် တယ် ၊ သူကွာရှင်းထားတာ"
"ဒါဆို သူပဲ!" ယဲ့မင်ရှို့ လက်ခုပ်တီးလိုက်၏။
Ch-158 to 169.