တားဆီးခြင်းဘုရင်
Vol. 7 Ch. 96
ဟဲယွမ် အချိန်အတော်ကြာအောင် ငြိမ်၍ ရပ်နေပြီး သူ့ပစ်ချက် တားဆီးခံလိုက်ရသည့် အချက်ကို မယုံနိုင် ဖြစ်နေ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အချိန်အတော်ကြာပြီးနောက် သူ သတိဝင်လာသည်။ သူသည် ရဲ့လင်းချန်အား မယုံနိုင်သော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။
“မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေ အများကြီး ဖြစ်လာဖို့ ရှိသေးတယ်”
ရဲ့လင်းချန်က ဘာမှမဟုတ်သကဲ့သို့ ရှုတည်တည်ဖြင့် ပြောလိုက်သည်။
ဘောလုံးကို ရဲ့လင်းချန်က ပုတ်ထုတ်လိုက်သဖြင့် အားကစားဌာနက ဘောလုံးကို ပြန်ရသွားသည်။
ပြိုင်ပွဲက စရုံသာ ရှိသေးသော်လည်း နှစ်ဖက်စလုံး၏ တင်းမာမှုကို လူတိုင်း ခံစားမိသည်။ ရဲ့လင်းချန်၏ တားဆီးမှုက သူတို့၏ စိတ်ထဲ၌ အတော်လေး သက်ရောက်မှု ပြင်းထန်သွားသည်။
“ခံစစ်ကို မေ့လိုက်တော့၊ သူ့ကို ပစ်သွင်းခွင့်ပေးလိုက်”
ရဲ့လင်းချန်က ဘာသာစကားဌာနမှ ကစားသမားများကို ပြောလိုက် သည်။ တစ်ဖက်အသင်းက စည်းကမ်းကို အရေးမစိုက်သဖြင့် ခံစစ် ကစားနေလည်း အပိုပင်။
ဘောလုံးကို အားကစားအသင်းက ပြန်ရသွားသော်လည်း ဟဲယွမ်သည် ဘောလုံးကိုကိုင်ပြီး ကြက်သေ သေနေ၏။ သူသည်သာက အခြားသူများသည်လည်း အံ့ဩနေကြသည်။
ဘတ်စကတ်ဘောကွင်းထဲ၌ ဘယ်သူမှ တားဆီးခြင်းမရှိချေ။ ဘာသာစကားဌာနမှ ကစားသမားများသည် သည်အတိုင်း ရပ်၍ ဘေးဘက်မှ ကြည့်နေကြသည်။ တိုင်အရှေ့တွင် ရှင်းလင်းနေကာ သူ့အတွက် ဘောလုံး ပစ်သွင်းရန် အခွင့်အရေး ပေးထားလေသည်။
သူ့မျက်နှာထားက ကြည့်ရဆိုးသွားသည်။ ဤသို့သော မလေးမစား လုပ်ခြင်းက ဆဲဆိုသည်ထက်ပင် အဆတစ်ရာ မက ပို၍ ထိခိုက် နစ်နာစေ၏။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မျက်လုံးများက အရောင် တောက် နေသည်။
*မင်း နောင်တရအောင် ငါ သေချာပေါက် လုပ်ပြမယ်*
သူ ဘောလုံးကို ပုတ်၍ ရှေ့သို့ တက်လာသည်။ ထို့နောက် လွှားခနဲခုန်၍ ပစ်လိုက်သည်။ သို့သော် တူညီသော အဖြစ်အပျက်က ထပ်မံ ဖြစ်ပျက်လာ၏။ အရိပ်တစ်ခုက ခုန်ပျံတက်လာ၏။
“ဘုန်း”
အသံက အစောပိုင်းကထက်ပင် ပိုကျယ်သည်။ ဘောလုံးသည် ဟဲယွမ်၏ ဦးခေါင်းကို ဖြတ်တိုက်လုနီးပါး လွင့်ထွက်သွားသည်။
ရဲ့လင်းချန်၏ မျက်လုံးများက ခံစားချက် ကင်းမဲ့နေပြီး ဟဲယွမ်အား ဂရုမစိုက်သလိုကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဆက်လုပ်လေ”
တတိယအကြိမ်တွင်လည်း ရဲ့လင်းချန်သည် ဝိညာဉ်သဖွယ် ပေါ့ပေါ့ ပါးပါး လှုပ်ရှားကာ ပြိုင်ဘက်၏ ပစ်ချက်များကို တားဆီး ပိတ်ပင် နေ၏။
“ဘုန်း”
တတိယအကြိမ် ရိုက်ထုတ်သံ ထွက်ပေါ်လာသည်။
ကစားကွင်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ပွဲကြည့်ပရိသတ်များ မှင်တက်နေ၏။ ဟဲယွမ်နှင့် သူ့ကို အားပေးသော ပန်းပွားအသင်းလည်း အံ့ဩနေသည်။ ဘာသာစကားဌာနမှ လူများတောင် အံ့အားသင့် ကုန်သည်။
ဟဲယွမ်က တိုင်အောက်၌ စိတ်ဓာတ်ကျစွာ ရပ်နေပြီး တစ်ကိုယ်လုံး တုန်နေသည်။
အရှက်ကွဲခြင်း။ အလွန်အမင်း အရှက်ခွဲခံရခြင်းပင်။
သူ့မျက်လုံးများက နီရဲနေကာ ရဲ့လင်းချန်ကို သတ်ချင်စိတ် ပြင်းထန် နေ၏။
ရဲ့လင်းချန်က တမင်သက်သက် ကစားသမားများကို မခုခံရန် ပြောခဲ့ ခြင်း ဖြစ်သည်။ သို့မှသာ သူ့ကို တားနိုင်မည် မဟုတ်ပါတကား။
“ဆက်လုပ်လေ”
ရဲ့လင်းချန် တိုက်တွန်းလိုက်သည်။ သူ၏ ခပ်မာမာအသံက ဟဲယွမ်၏ ခန္ဓာကိုယ်ကို ပို၍ တုန်လှုပ်သွားစေသည်။ သူ ကြောက်လန့်နေလေပြီ။
သူ့စိတ်ထဲတွင် ရဲ့လင်းချန်၏ ပုံရိပ်က အဆပေါင်းများစွာ ပို၍ ကြီးမားလာပြီး တိုင်းတာမရနိုင်သော တောင်တစလုံးသဖွယ် ဖြစ်နေ သည်။ ၎င်းက သူ၏ စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးအထိ ယုံကြည်မှုကို ချိုးဖျက် နေသည်။
“ရဲ့လင်းချန် မင်း လွန်လာပြီ၊ ငါ မင်းကို နောင်တရအောင် လုပ်ပြမယ်”
ဟဲယွမ်က သူ၏ ပုံရိပ်ကိုပင် အရေးမစိုက်တော့ဘဲ အရူး တစ်ယောက် လို ပြုမူ၍ အော်ဟစ်လေသည်။
သူ တိုင်ဘက်သို့ လေးကြိမ်မြောက် ပြေးတက်လာသည်။ ဟဲယွမ်သည် ယခုတစ်ခေါက်၌ လှမ်းပစ်ရန် မရွေးတော့ဘဲ တိုင်အောက်ခြေသို့ ပြေးသွားပြီး ပစ်သွင်းရန် ကြံလိုက်သည်။
သူသည် တိုင်ကိုသာ သေချာ ကြည့်နေ၏။
*ဒီတစ်ခါတော့ ဝင်ကိုဝင်မှရမယ်*
သို့သော် မည်သို့သော အသိပေးချက်မှမရှိဘဲ ကြီးမားသော အရိပ် တစ်ခုက ဟဲယွမ်ပေါ်ကို မိုးလာပြီး သူ့လက်ထဲမှ ဘောလုံးကို ပုတ်ထုတ် လာသည်။
“ဘုန်း”
ဟဲယွမ်သည် လေထဲမှနေ၍ ဘောလုံးနှင့်အတူ ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပစ်ကျလေသည်။ သူ၏ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ် ခပ်ကြမ်းကြမ်း ဆောင့်မိသွားသည်။
ဟဲယွမ် ခက်ခက်ခဲခဲ ပြန်ထလိုက်သည်။ ထိုအခိုက်တွင် သူ့မျက်လုံး များက အာရုံလွင့်ပြယ်နေပြီး နဖူးတွင် ချွေးစေးပြန်နေကာ အလွန် ပြင်းထန် သော စိတ်ဒဏ်ရာတစ်ခုကို ခံစားနေရသည်။
ထိုအတောအတွင်း ဘယ်သူမှ စကားမပြောကြချေ။ သို့မဟုတ် စကားမပြောနိုင်သည်ဟုပြောလျင် ပိုမှန်ပေမည်။
ရဲ့လင်းချန်က သန်မာလွန်းသည်။ မကောင်းဆိုးဝါးဆန်ဆန် သန်မာ လှသည်။
ရဲ့လင်းချန်ရှေ့၌ ဟဲယွမ်က လမ်းလျှောက်တတ်ကာစ ကလေးလို ဖြစ်နေ၏။
“ဆက်လုပ်လေ”
ထပ်တူညီသော စကားပင် ထွက်ပေါ်လာသည်။ သို့သော် ဟဲယွမ်က အားအင်ကို စုစည်း၍ ဘောလုံးကို ပြန်ကောက်လိုက်သည်။
အကြိမ် အနည်းငယ်အတွင်း သူ ချွေးစို့နေကာ ပွဲချိန်ပြည့် ကစားသည် ထက်ပင် ပို၍ မောဟိုက်နေသည်။
“လူ… လူပြောင်းမယ်၊ မင်းတို့ လာပစ်သွင်း”
ဟဲယွမ်က အချိန်အတော်ကြာမှ ထိုစကားကို ပြောနိုင်သည်။ သူ့အသံ အရ သူ ငိုလုနီးနီးဖြစ်နေကြောင်း ပြောနိုင်ပေသည်။
သို့သော် တားဆီးခြင်း၊ တားဆီးခြင်း၊ ထပ်မံ တားဆီးခံရခြင်း။
ဘယ်သူပဲဖြစ်ဖြစ် ပစ်သွင်းရန် ကြိုးစားတိုင်း ရဲ့လင်းချန်၏ တားဆီး ပိတ်ဆို့ခြင်း ခံရလေသည်။ နောက်ဆုံးတွင် အားကစားဌာနမှ ဘယ်သူ မဆို လက်ထဲ ဘောလုံး ရောက်လာလျင်တောင်မှ မပစ်ရဲတော့ချေ။ ဘောလုံးက သူတို့အတွက် ပူလောင်နေသော အာလူးလိုပင်။ သူတို့ ပစ်ချ ရမလား၊ ကိုင်ထားရမလား ဝေခွဲရ ခက်နေ၏။
ပွဲကြည့်ပရိသတ်ထဲ၌ တီးတိုးပြောဆိုသံများ ထွက်လာသည်။
“ဒါ … ဒါကြီးက သောက်ရမ်း မိုက်လွန်းတယ်ကွာ၊ တားဆီးခြင်း ဘုရင်လား”
“ကြမ်းတယ်ကွာ၊ သူနဲ့ ဘတ်စကတ်ဘောပြိုင်ရတာက နှိပ်စက်နည်း တစ်မျိုးပဲ”
“သနားလိုက်တာ၊ သနားစရာ ကောင်းလွန်းတယ်ကွာ၊ အားကစား ဌာ နတစ်ခုလုံး သူ တားတာကို ခံနေရတာ၊ ငါ ဆက်တောင် မကြည့် ရက်တော့ဘူး”
“ဒါက အားကစားဌာနအတွက် ရှက်စရာအကောင်းဆုံးနေ့အဖြစ် သမိုင်းမှတ်တမ်းဝင်တော့မှာပဲ”
အမှတ်ကွာခြားချက်က ကြီးမားနေသေးသော်လည်း အားကစား ဌာနသည် လုံးဝ အရှက်ခွဲခံနေရသည်။ အားလုံး အနိုင်ပိုင်းခံ နေရ လေသည်။
“ဘယ်သူမှ ထပ်မပစ်ရဲတော့ဘူးလား”
ရဲ့လင်းချန်က အသာပြုံး၍ အားကစားဌာန၏ ကစားသမားများထံ ပြေးလာသည်။ လက်ထဲ၌ ဘောလုံး ရှိသော ကစားသမားသည် ရဲ့လင်းချန် သူ့ထံ ပြေးလာသည်ကို မြင်သောအခါ ထိတ်လန့် သွားလေသည်။ သူ ဘောလုံးကို တစ်ခြားသူထံ ပစ်ပေးရန် ကြိုးစား စဉ်မှာပင် လက်ထဲ၌ ဘာမှမရှိသလို ခံစားလိုက်ရသည်။ ဘောလုံးကို ရဲ့လင်းချန် ယူသွားလေပြီ။
ရဲ့လင်းချန်သည် လက်ထဲသို့ ဘောလုံး ရောက်လာသောအခါ ပုတ်၍ သယ်မသွားဘဲ ခုန်၍ လှမ်းပစ်လိုက်သည်။
“ဝှီး”
ဘောလုံးက တိုင်မှကွင်းထဲသို့ တန်းနေအောင် ဝင်သွားသည်။
“မိုက် … မိုက်လိုက်တာ”
“သူက တားတဲ့နေရာမှာတင် တော်တာမဟုတ်ဘူး၊ သူ့ပစ်ချက် တွေ ကလည်း မိုက်တယ်ကွ”
“ဒါ သုံးမှတ်တန်ကွ၊ အဝေးပစ် သုံးမှတ်တန်၊ ဒါ ကံကောင်း သွားတာလား၊ အရည်အချင်း ရှိတာလား”
ရဲ့လင်းချန် ကွင်းထဲ ဝင်ပြိုင်ချိန်မှစ၍ သူတို့၏ နှလုံးသားက ထင်သ လောက် မသန်မာဟု လူတိုင်း ခံစားလိုက်ရသည်။
“မင်းတို့ မပစ်တော့ရင် ငါ့အလှည့်ပဲ”
ရဲ့လင်းချန်က သူတို့ကို အရေးမစိုက်ဘဲ ဘာသာစကားဌာနမှလူများကို ဘောလုံး ပစ်ပေးလိုက်သည်။ ဘောလုံးကိုပုတ်၍ ခံစစ်ကိုဖောက်ကာ ဖြတ်သွားကြသည်။
ဘောလုံးက သူ့လက်ထဲ၌ အသက်ဝင်နေသည်ဟု ထင်မှတ်မှားရသည်။ အားကစားဌာနမှလူများ ထိပင် မထိနိုင်ချေ။ သူတို့ မှုန်ဝါးဝါးသာ မြင်လိုက်ရပြီး တစ်ခဏကြာသော် ရဲ့လင်းချန်က သူတို့အားလုံးကို ဖြတ်ကျော် သွားသည်။ သူ လှမ်းပစ်လိုက်ပြန်သည်။
“ဝှီး”
နောက်ထပ် သုံးမှတ် ရသွားသည်။
“ဆက်ကစားကြ”
ရဲ့လင်းချန် အချိန်ဖြုန်းမနေပါ။ ဘောလုံးက လေထဲ ဝဲနေပြီး လှပသော မြင်ကွင်း တစ်ခုပြီး တစ်ခုကို ဖန်တီးနေ၏။
သုံးမှတ်၊ သုံးမှတ်၊ နောက်ထပ် သုံးမှတ်။ အမှတ်က ၆၃: ၉၃ သို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ဘာသာစကားဌာန၏ အမှတ်က အလွန် လျင်မြန်စွာ တက်လာသော် လည်း အားကစားဌာနက တစ်မှတ်မှ ထပ်မရချေ။
ပြိုင်ကွင်းတစ်ခုလုံးက ရဲ့လင်းချန်၏ အိမ်ရာလို ဖြစ်နေသည်။ သူ့လက်ထဲသို့ ဘောလုံး ရောက်သွားသည်နှင့် သေချာပေါက် အမှတ်ရ လာသည်။
အကယ်၍ ဘောလုံးက အားကစားဌာန၏ လက်ထဲ ရောက်သွားလျင် သုံးစက္ကန့်အတွင်း ရဲ့လင်းချန်၏ ပြန်လုယူခြင်း ခံလိုက်ရသည်။
အားကစားဌာနမှ မာန်တက်နေသော ကစားသမားများ စိတ်ဓာတ် ကျနေ၏။ သူတို့၏ ခေါင်းများ ငိုက်စိုက်ကျနေကာ စိတ်ရောကိုယ်ပါ မောပန်းနေ၏။
လက်ရှိတွင် သူတို့တွင် အတွေးတစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ပြိုင်ပွဲ မြန်မြန် ပြီးသွားပါစေဟူသော အတွေးပင်။
“သူ့ကို ဘတ်စကတ်ဘောမှာ တော်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
လီမူရွှယ်သည် တအံ့တဩ ပြောနေရင်းနှင့် ပြိုင်ပွဲကွင်းအတွင်း၌ ပြေးလွှားနေသော ပုံရိပ်အား အံ့ဩ မှင်တက်သော အကြည့်ဖြင့် ကြည့်နေသည်။
သူမဘေးမှ ဟွမ်ရှောင်မန်သည် လီမူရွှယ်၏ အကြည့်ကိုမြင်ပြီး စိတ်ပျက်သွားသည်။ ထို့နောက် ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကို တစ်ချက် ကြည့်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
*အစ်မမူရွှယ်က ငါ့အပိုင်ပဲ၊ ဘယ်သူမှ သူ့ကို ငါ့ဆီကနေ ခိုးယူသွား လို့မရဘူး*
“အစ်မမူရွှယ် ကျွန်မတို့ကြားက အထင်လွှဲတာကို ရှင်းလင်းတဲ့ သဘောနဲ့ သူ့ကို ထမင်းဖိတ်ကျွေးရင် ကောင်းမလား”
“နင် သူ့ကို သေမတတ် မုန်းနေတာ မဟုတ်ဘူးလား၊ နင် ဘာလို့ ရုတ်တ ရက်ကြီး သူ့အပေါ် ကောင်းနေတာလဲ”
လီမူရွှယ် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အစကတည်းက နားလည်မှုလွဲရုံ သက်သက်ပါ၊ ရန်သူဖြစ်တာထက် မိတ်ဆွေဖြစ်တာ ပိုကောင်းပါတယ်၊ ဒီကိစ္စကို ဆွဲမထည့်ပါနဲ့တော့၊ ပွဲပြီးတာနဲ့ ငါတို့ သူ့ကို လိုက်ကျွေးမယ်လေ”
ဟွမ်ရှောင်မန်က စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။
“ပြီးရောလေ”
လီမူရွှယ်က အချိန်တစ်ချို့ကြာအောင် တစ်ကိုယ်တည်း တီးတိုးပြော နေပြီးမှ သဘောတူလိုက်သည်။