← Chapters

အခန်း (၂၈၇)

Vol. 27 Ch. 288

အခန်း (၂၈၇)

Vol. 27 Ch. 288

📝အပိုင်း - ၂၈၇

ဘာသာပြန် - Na Gar🐉

"မင်းပြောတာ မှန်တယ်"

ရုန်ယန်ချိုးသည် သူမ၏ သွယ်လျသော လက်သည်းများဖြင့် စားပွဲတင်ခုံကို တတောက်တောက် ခေါက်လိုက်ရင်း"နန်းတွင်းကလည်း ဒီကိစ္စတွေကို စိုးရိမ်နေတာပဲ။ ငါသိသလောက်တော့ လွန်ခဲ့တဲ့ တစ်လက ကျန့်နန်မင်းသားကနန်ရွှီနိုင်ငံနဲ့ စစ်ဖြစ်ခဲ့တယ်။ သူတို့က တောင်ဘက်မှာ နန်ရွှီရဲ့ စစ်နတ်ဘုရားနှစ်ပါးကို ထိန်းထားနိုင်ခဲ့ပေမဲ့ နန်ရွှီနိုင်ငံက နှစ်ပေါင်းများစွာ အင်အားစုဆောင်းထားတာ ဖြစ်လို့ စစ်သည်အင်အား အများကြီး ထပ်ထုတ်နိုင်သေးမှာကို ငါ စိုးရိမ်မိတယ်။ စစ်နတ်ဘုရားတွေ မပါတော့တာကတော့ ဖိအားကို နည်းနည်း လျော့ကျစေတာပေါ့။ လူရိုင်းတွေနဲ့ ပတ်သက်လို့ကတော့ ငါတို့ရဲ့ စတုတ္ထစီနီယာအစ်ကိုနဲ့ ငါ ကိုယ်တိုင် မြောက်ဘက်နယ်စပ်မှာ ဘာလှုပ်ရှားမှုမှ မရှိဘဲ စောင့်နေတာဆိုတော့ ဘာမှ ပြဿနာတက်မှာ မဟုတ်ပါဘူး"

"မိစ္စာဂိုဏ်းကိုတော့ သတိထားပါ"

ချန်ဆန်းရှီက သူမကို သတိပေးလိုက်သည်"မိစ္စာဂိုဏ်းနဲ့ လူရိုင်းတွေက လက်ဝါးချင်းရိုက်ထားတာ။ တကယ်လို့ သူတို့က ပြဿနာရှာလာရင် လူရိုင်းတွေကို အကူအညီပေးသလို ဖြစ်သွားလိမ့်မယ်"

"ငါ သိပါတယ်"

ရုန်ယန်ချိုးက "မောင်လေးလည်း သတိထားဦးနော်။ ပြီးခဲ့တဲ့တစ်ခေါက် မင် ပြည်နယ်တုန်းက အားလုံးက အလွယ်တကူ နိုင်လိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ အခြေအနေတွေက တခြားစီ ဖြစ်သွားခဲ့တာလေ... ကဲပါ၊ ဒါတွေ ပြောနေတာ ပိုနေမှာပါ။ မင်းရဲ့ ကောက်ကျစ်တဲ့ ဦးနှောက်က ငါ့ထက်တောင် သာပါသေးတယ်။ ပြီးတော့ ဒီတစ်ခါ စတုတ္ထအစ်ကိုလည်း ရှိနေတာဆိုတော့ ဘာမှ ပြဿနာရှိမှာ မဟုတ်ပါဘူး။ အရင်တစ်ခါလိုပဲ ကောင်းကင်ဘုံအောင်မြင်မှု့တွေ ရယူပြီး ဇီဝေတောင်ပေါ်မှာ ရာထူးနဲ့ ဆုလာဘ်တွေ လက်ခံလိုက်ရုံပါပဲ"

ဆွန်ပုချီကလည်း ခွက်ချင်းတိုက်ကာ ဂုဏ်ပြုလိုက်သည်။

ဝိုင်သောက်ပြီးနောက် လူတိုင်းသည် တဖြည်းဖြည်း လူစုခွဲသွားကြတော့သည်။

"အဖိုးကြီးရွီသာ ရှိရင်တော့ ငါတို့တွေ စကားပိုပြောဖြစ်ဦးမှာပဲ၊ နှမြောစရာပဲ"

"သူ့ကို ပြန်တွေ့ဖို့ဆိုတာ အချိန်အတော်ကြာဦးမယ် ထင်တယ်"

ချန်ဆန်းရှီ မှတ်မိသလောက်ဆိုလျှင် ယူပြည်နယ်၏ အရှေ့ဘက်တွင် ပုန်ကန်သူများနှင့် ဓားပြများသာမက ဒုံချင်နှင့် ဒါရှန်အကြားတွင် တည်ရှိသည့် ဝေနိုင်ငံလည်း ရှိသေးသည်။ ၎င်းသည် ပြည်နယ်နှစ်ခုသာရှိသည့် နိုင်ငံငယ်လေးဖြစ်ပြီး စစ်နတ်ဘုရားပင် မရှိပေ။

အဲဒီမှာရှိတဲ့ ပြဿနာတွေက ဝေနိုင်ငံနဲ့လည်း ပတ်သက်နေနိုင်ပါတယ်။

ထားလိုက်ပါတော့။

စစ်ရေးကိစ္စတွေကို စဉ်းစားဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ရေလမ်းကနေ သွားရင်တောင် ရောက်ဖို့ တစ်လ၊ နှစ်လလောက် ကြာဦးမှာပါ။

နောက်ထပ် နှစ်ရက်လောက်ကိုတော့ မိန်းမနဲ့ ကလေးတွေနဲ့ပဲ ကောင်းကောင်း အချိန်ဖြုန်းလိုက်တာ ပိုကောင်းပါလိမ့်မယ်။

ဧည့်သည်တွေကို ပြန်ပို့ပြီးနောက် ချန်ဆန်းရှီသည် အိမ်တော်၏ ဒုတိယမြောက်ဝန်းထဲရှိ အိပ်ခန်းမဆောင်သို့ ဝင်လာခဲ့သည်။

ခုတင်ပေါ်တွင်...

ဂူရှင်းလန်သည် သူတို့၏ သားလေးကို ပွေ့ချီထားပြီး၊ ချန်ယွမ်ရှီး လေးကတော့ အပ်ချုပ်ပညာကို သင်ယူနေသည်။

"မောင်လေးရှီ... မောင်လေး ထပ်ထွက်သွားရတော့မှာလား"

ဂူရှင်းလန်က မခွဲနိုင်ချင်တဲ့ပုံစံဖြင့် ပြောလိုက်သည်"မောင်လေး ပြန်လာတဲ့အချိန်ဆို သားလေးတောင် စကားပြောတတ်နေလောက်ပြီ"

"ဟဲဟဲ..."

ချန်ဆန်းရှီက ချောင်းတစ်ချက်ဟန့်လိုက်ရင်း"ယွမ်ရှီးလေး... သမီးနဲ့ တုဟယ်တို့ ဒီညတော့ ဘေးခန်းမှာ သွားအိပ်ရင် မကောင်းဘူးလား"

"ဟုတ်ကဲ့ပါ၊ ဖေဖေက မေမေနဲ့ အတူတူနေမှာပေါ့"

ချန်ယွမ်ရှီးလေးသည် သူမလက်ထဲက အလုပ်တွေကို ချထားလိုက်ပြီး၊ သူမ၏ မောင်လေးကို စီချင် နဲ့ မိုဟွာ တို့ဆီ ခေါ်သွားဖို့ ခက်ခက်ခဲခဲ ကြိုးစားပြီး ချီသွားရှာသည်။

"ဝါး... ဝါး... ဝါး"

ချန်တုဟယ်လေးကတော့ မသွားချင်ပုံရပြီး အကျယ်ကြီး အော်ငိုပါတော့သည်။

"ဖြောင်း"

ချန်ဆန်းရှီသည် စိတ်လှုပ်ရှားစွာဖြင့် ခုတင်ပေါ်သို့ တက်လိုက်သည်။

"မောင်လေး... ဘာ... ဘာလုပ်မလို့လဲ"

"ဘာလုပ်မလို့ ထင်လဲ တစ်နှစ်တောင် ရှိသွားပြီလေ၊ ကျွန်တော်တစ်နှစ်လုံး ဘုန်းကြီးဝတ်နေခဲ့ရတာ"

ကလေးမွေးပြီး သုံးလနီးပါး ရှိပြီဖြစ်ရာ သူမ၏ ခန္ဓာကိုယ်မှာလည်း အတော်အတန် ပြန်ကောင်းနေပါပြီ။

"ခဏလေးစောင့်ဦး"

ဂူရှင်းလန်သည် ပါးလေးတွေ နီမြန်းနေလျက် သော့ခတ်ထားသော သေတ္တာတစ်ခုကို ညွှန်ပြလိုက်သည် "ဟိုမှာ... အရင်တစ်ခါ မောင်လေး အပ်ထားတဲ့ မပြီးသေးတဲ့ အင်္ကျီလေး ရှိတယ်..."

...

ညနက်ပိုင်း။

ချန်တုဟယ်လေး၏ ငိုသံကြောင့် သူ့ကို နို့တိုက်ဖို့ ပြန်ခေါ်လာခဲ့ရသည်။ ချန်ဆန်းရှီမှာ သူ၏ အိပ်ရာလိပ်ကို မပြီး နောက်ဖေးဝန်းထဲသို့ ဆုတ်ခွာသွားရကာ အရုဏ်တက်ချိန်မှ ထ၍ဓားချီမန္တန်ကို ဆက်လက် လေ့ကျင့်နိုင်

တော့သည်။

[မန္တန် - ဓားချီမန္တန်(ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု့ - ၂၅၅/၁၀၀၀]

အသေးစား အောင်မြင်မှု့ ရဖို့ လိုပါသေးတယ်။

ဒါပေမဲ့ ခရမ်းရောင်ချီတွေကတော့ သိသိသာသာ နည်းပါးလာနေပြီ။

"အရှေ့ပိုင်းဒေသကို သွားမယ့် ခရီးစဉ်မှာ ပြည်နယ်တွေ အများကြီးကို ဖြတ်သွားရမှာ"

"အဲဒီမှာ ခရမ်းရောင်ချီတွေ အများကြီးရှိတဲ့ ဘုရားကျောင်းတွေ၊ တာအိုကျောင်းတွေ သေချာပေါက် ရှိမှာပဲ"

"အခွင့်အရေးရရင် အဲဒီကနေ နည်းနည်းလောက် ထပ်ယူရမယ်"

ချန်ဆန်းရှီသည် ဝိညာဉ်ပုတီးစေ့ကို ကိုင်ရင်း တွေးနေမိသည်။

ဓားချီမန္တန်ကို ကျွမ်းကျင်သွားရင် နက်နဲပုံရိပ်အဆင့်ရဲ့ အခြေခံအဆင့်ကိုတောင် သတ်နိုင်တယ်ဆိုမှတော့၊ ဒါကို အကြီးစားအောင်မြင်မှုအဆင့်အထိ ရောက်အောင် လေ့ကျင့်ဖို့ တကယ်ကို လိုအပ်ပါတယ်။ စစ်မြေပြင်မှာ မထင်မှတ်ထားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တာပေါ့။

ဒါ့အပြင် အမွေးတိုင်နတ်ဘုရားဂိုဏ်းဆီက ရတဲ့ ခရမ်းရောင်ချီတွေဆိုတာလည်း နတ်ဘုရားတွေဆီက ခိုးထားတာပဲ။ သူက ထပ်ပြီး ခိုးယူလည်း ဘာမှ ကိစ္စမရှိပါဘူး။

အမွေးတိုင်နတ်ဘုရားဂိုဏ်းက ဒီခရမ်းရောင်ချီတွေကို ဘာအတွက် စုဆောင်းနေလဲဆိုတာတော့ မသိရသေးပါဘူး။

နင်ရှန်က မြို့တော်မှာ ကြီးမားတဲ့ ဖြစ်ရပ်တွေ ဖြစ်တော့မယ်လို့ ပြောခဲ့ဖူးတယ်။

ဒါပေမဲ့ သူက အရှေ့ဘက်ကို သွားမှာဆိုတော့ အဲဒီကိစ္စတွေနဲ့ လောလောဆယ် ပတ်သက်ရမှာ မဟုတ်ပါဘူး။

ကောင်းပါတယ်။

"နှမြောစရာပဲ၊ ဝိညာဉ်ပုတီးစေ့ထဲက နက်နဲစွမ်းအင်တွေကိုသာ အသုံးချနိုင်ရင် ကောင်းမှာပဲ"

ချန်ဆန်းရှီသည် ပုတီးထဲမှာ စုမိနေတဲ့ နက်နဲစွမ်းအင်တွေကို ကြည့်ပြီး မျက်ခုံးနီတပ်မတော် ရဲ့ ဗျူဟာပုံစံကို ပြန်စဉ်းစားနေမိသည်။ တကယ်လို့ ဒါကို သေသေချာချာ သုံးနိုင်မယ်ဆိုရင်...

ဒါဟာ မထင်မှတ်ထားတဲ့ အင်အားတစ်ခု ဖြစ်လာမှာပါ။

ကံမကောင်းတာက ကောင်းကင်ဘုံကျမ်းထဲက တိုက်ကွက်ပုံစံတွေကို သူ နားမလည်သလို ဟန်ဆောင်နေရတာကြောင့် ဒါကို မလေ့ကျင့်နိုင်သေးပါဘူး။ သူ ဘာသာပဲ အဆင်ပြေသလို ဖန်တီးရမှာပေါ့။

ဒီတစ်ခါတော့ ဘာမှ မထူးခြားရင် သူ သိပ်ပြီး လှုပ်ရှားစရာ လိုမှာ မဟုတ်ပါဘူး။ အရှေ့ပိုင်းဒေသ တစ်ခုတည်းမှာတင် စစ်နတ်ဘုရားနှစ်ပါး၊ နက်နဲပုံရိပ်အဆင့် ကျွမ်းကျင်သူ လေးငါးယောက်နဲ့ စစ်သည်အင်အား တစ်သိန်းခွဲလောက် ရှိနေတာပါ။

အရှေ့ပိုင်းဒေသဟာ လူဦးရေ ထူထပ်သလို အလယ်ပိုင်းက လူတွေကိုပါ စုစည်းထားတာဆိုတော့ ဒါဟာ ဒါရှန်နိုင်ငံရဲ့ အင်အား ငါးပုံတစ်ပုံလောက် ရှိပါတယ်။ ကျန်တဲ့ လေးပုံကတော့ တခြားနေရာတွေမှာ တာဝန်ရှိနေကြတာမို့ အရှေ့ပိုင်းအတွက်ကတော့ ဒါဟာ အမြင့်ဆုံး အင်အားပါပဲ။

မနက်စောစော။

ဂူရှင်းလန်သည် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ဖြူဖွေးသန့်စင်ပြီး ခိုင်ခံ့သည့် ဝတ်ရုံရှည်တစ်ထည်ကို ယူလာပေးသည်"ကတိပေးထားတဲ့အတိုင်းပဲ၊ မောင်လေး စစ်ထွက်တိုင်း အမချုပ်ပေးထားတဲ့ စစ်ဝတ်ရုံအသစ်ကို ဝတ်သွားနော်"

"တော်တော်လေး ကွက်တိပဲ"

ချန်ဆန်းရှီက ဝတ်ရုံကို ပြင်ဝတ်လိုက်ရင်း "အစ်မလန်... ကျွန်တော် အစ်မရဲ့ ဆံပင်တွေကို ဖြီးပေးပါရစေဦး"

ဇနီးမောင်နှံနှစ်ဦး အလ္လာပသလ္လာပ ပြောဆိုပြီးနောက်...

ချန်ဆန်းရှီသည် သံချပ်ကာကို ဝတ်ဆင်ကာ၊ လှံကို ကိုင်ပြီး အိမ်တော်ဝန်းထဲမှ ထွက်လာခဲ့သည်။ လူတိုင်းကို နှုတ်ဆက်ပြီးနောက် တံခါးဝသို့ ရောက်သောအခါ လက်ဝှေ့ယမ်းလိုက်ရာ ရှောင်ရှင်းက နားလည်စွာဖြင့် သူ့ကို လာကြိုသည်။ သူ မြင်းပေါ်တက်လိုက်ပြီးနောက် မကြာမီမှာပင် လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။

"မေမေ"

ချန်ယွမ်ရှီးက တိုးတိုးလေး မေးလိုက်သည်"စစ်တိုက်ဖို့က တကယ်ပဲ လိုအပ်လို့လား"

"မေမေလည်း ဒါကို နားမလည်ပါဘူး သမီးရယ်"

ဂူရှင်းလန်က သမီးလေးကို ပွေ့ဖက်ရင်း "ဘယ်သူမှ စစ်မတိုက်ချင်ကြပါဘူး။ သမီးရဲ့ ဖေဖေ စစ်မြေပြင်က ပြန်လာတိုင်း မှတ်တမ်းစာအုပ်ထဲမှာ နာမည်တွေ အများကြီး ထပ်ထည့်ရတယ်..."

"ဒါဆို မေမေ... ချင်နိုင်ငံက အဝေးကြီးမှာလား"

"ချင်နိုင်ငံလား..."

ဂူရှင်းလန်၏ မျက်လုံးများထဲတွင် မသိမသာ ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သမီးလေး၏ ခေါင်းကို အသာအယာ ပွတ်ပေးရင်း "အဝေးကြီးပဲ သမီးရဲ့... အဝေးကြီးပဲ"

...

စစ်တပ်မြို့တော်။

"ငါ နာမည်ခေါ်တဲ့သူတွေ... ငါနဲ့အတူ အရှေ့ပိုင်း စစ်ဆင်ရေးကို လိုက်ခဲ့ကြရမယ်"

All Chapters