← Chapters

အခန်း (၂၈၈)

Vol. 27 Ch. 288

အခန်း (၂၈၈)

Vol. 27 Ch. 288

📝အပိုင်း - ၂၈၈

ဘာသာပြန် - Na Gar🐉

"ကျောက်ကန်၊ ဖန်းယုံ... ဝူဒါ၊ ကျွမ်းယီ" ချန်ဆန်းရှီက အမိန့်ပေးသံဖြင့် ခေါ်လိုက်သည်။

"လက်အောက်ငယ်သားများ ရောက်ရှိနေပါတယ်"သူတို့ လေးဦးစလုံးက ညီညာစွာ ထူးကြသည်။

"မင်းတို့ကို မင်းတို့ရဲ့ မိသားစုတွေကို နှုတ်ဆက်ဖို့ အချိန် နေ့ဝက်ပေးမယ်။ အဲဒီနောက်မှာ ငါတို့ ထွက်ခွာကြမယ်"

"အမိန့်အတိုင်းပါ"

ထိုစဉ်မှာပင်... "ဒု-ဗိုလ်ချုပ် ချန် အစ်ကိုချန် ကျွန်တော်တို့ကိုလည်း ခေါ်သွားပေးပါဦး"ဟု အော်ဟစ်သံများနှင့်အတူ လူတစ်စု ရောက်လာကြသည်။ ကြည့်လိုက်သောအခါ လုရှုဟွာ၊ ရှဲ့စီရှုနှင့် ယန်ချန်

ချင်းတို့ သုံးဦး ဖြစ်နေသည်။

ချန်ဆန်းရှီက အံ့ဩစွာဖြင့် "မင်းတို့ သုံးယောက်ပါလားတကယ်တမ်း ပြောရရင် ရာထူးအဆင့်အတန်းအရ မင်းတို့က ငါ့လက်အောက်မှာ မဟုတ်ဘူး။ မင် ပြည်နယ်တုန်းက တိုက်ခဲ့တာက ယာယီပဲလေ" ဟု ပြောလိုက်သည်။

ပုံမှန် စကားနည်းလှသော လုရှုဟွာကပင် "အစ်ကိုနဲ့အတူ တိုက်ပွဲဝင်ရတာက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလို့ပါ" ဟု ရိုးရိုးရှင်းရှင်းနှင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။

ရှဲ့စီရှုကလည်း "ဟုတ်ပါတယ် အစ်ကိုချန်၊ အခု အစ်ကိုက လက်ထောက်ဗိုလ်ချုပ် ဖြစ်နေပြီပဲ။ ကျွန်တော်တို့က ထောင်စုမှုးတွေဆိုတော့ အစ်ကိုရဲ့ လက်အောက်ငယ်သားလို့ သတ်မှတ်လို့ ရတာပဲ မဟုတ်လား။ ကျွန်တော်တို့ကိုပါ ခေါ်သွားပေးပါ။ လူအယောက် ၂၀ ထဲမှာ အရာရှိတွေ အများကြီး မပါလို့မရဘူး မဟုတ်လား" ဟု အသနားခံလာသည်။

ယန်ချန်ချင်းကလည်း "ဟုတ်ပါတယ် အစ်ကိုချန်၊ အစ်ကိုနောက် လိုက်ရတာက ကျွန်တော့်အတွက် အောင်မြင်မှု့တွေ ရယူဖို့ အခွင့်အရေး တစ်ခုပါပဲ" ဟု ထပ်လောင်း ပြောဆိုသည်။

"ဗိုလ်ချုပ်ချန်... ကျွန်တော်... ကျွန်တော်... ကျွန်တော်လည်း ပါချင်ပါတယ်"ပိုင်ထင်းကျီကလည်း တစ်နေရာရာမှ သတင်းကြားပြီး မြင်းစီးကာ ရောက်လာပြန်သည် "ဗိုလ်ချုပ်ကြီး၊ ကျွန်တော် နောက်တန်းကနေ ကာကွယ်ပေးပါ့မယ်"

ချန်ဆန်းရှီသည် သူတို့ကို တစ်ချက်စီ စစ်ဆေးကြည့်လိုက်သည်။ ယန်ချန်

ချင်းမှလွဲ၍ ကျန်သုံးဦးစလုံးမှာ သေမင်းတမန်စိတ်ဆန္ဒ တွင်ရှိနေကြဆဲ ဖြစ်ရာ စစ်မြေပြင်အတွက် အဖိုးတန်သော အင်အားစုများ ဖြစ်သည်။ အမိန့်တော်တွင်လည်း မည်သူ့ကို ခေါ်ရမည်ဟု တိတိကျကျ ကန့်သတ်မထားသဖြင့် သူ ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် "ကောင်းပြီ၊ အားလုံး ပြင်ဆင်ထားကြ။ ဒီနေ့ နေ့လယ်မှာပဲ ငါတို့ ထွက်ခွာကြမယ်"

သူက သတ်မှတ်ထားသော သုံးရက်ကို မစောင့်ဘဲ စောနိုင်သမျှ စောစော ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် သူ့ကို စောင့်ကြိုနေသည့် အနက်ရောင်သံချပ်ကာတပ်ဖွဲ့သုံးထောင်နှင့် အသားကျအောင် ပေါင်းစည်းရန်လည်း အချိန်လိုအပ်ပေသည်။

"ဒု-ဗိုလ်ချုပ်ချန်၊ ခင်ဗျား ထပ်ပြီး ထွက်သွားတော့မှာလား" လမ်းတွင် တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားသည့် လီချန်ကျုံးက နှုတ်ဆက်သည် "ကျွန်တော်က ဒီနေ့ နေ့လယ် ခင်ဗျားကို ခေါ်ပြီး စီယွင်ဘုရားကျောင်း ကို သွားလည်မလို့ စဉ်းစားထားတာ"

"အော်... ဘာပြဿနာရှိလို့လဲ"ချန်ဆန်းရှီက မေးလိုက်သည်။

"အခြေအနေက မကောင်းဘူးဗျ။ ဟိုတစ်ခါက အဘိုးကြီး တာအိုဘုန်းကြီး နှစ်ပါးလေ၊ သူတို့တွေ လျှောက်သွားမယ်ဆိုပြီး ထွက်ပြေးသွားကြပြီ။ ဒါပေမဲ့ တစ်ခုခုတော့ မှားနေသလိုပဲ။ သူတို့ ပြန်ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ် မဟုတ်လား တစ်ခုခု လာယူပြီး မြို့ထဲကနေ အမြန်ထွက်သွားသလိုပဲ။ ဒါ မိစ္စာဂိုဏ်းနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေများလား မသိဘူး" လီချန်ကျုံးက ပြောပြသည်။

ချန်ဆန်းရှီကတော့ သူတို့ ခရမ်းရောင်ချီတွေ လာယူခြင်းဖြစ်ကြောင်း သိနေသဖြင့် "အဲဒါလည်း ဖြစ်နိုင်တာပဲ" ဟုသာ တိုတိုတုတ်တုတ် ပြန်ပြောလိုက်သည်။

"ကျွန်တော် ဗိုလ်ချုပ်ချန်ရဲ့ အောင်ပွဲနဲ့ ပြန်လာတာကို ဆုတောင်းပေးပါတယ်။ ကျွန်တော် မြို့ထဲကို ကင်းလှည့်ဖို့ သွားလိုက်ဦးမယ်" ဟု လီချန်ကျုံးက နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

ချန်ဆန်းရှီသည်လည်း သူ၏ ဖြူဖွေးသောမြင်းကို စီးကာ မသေမျိုးရှာဖွေရေးမျှော်စင်ဆီသို့ ဦးတည်လိုက်သည်။ နောက်ဖေးတံခါးမှတစ်ဆင့် သူ ရင်းနှီးနေသော လမ်းကြောင်းအတိုင်း နံ့သာနံ့များ သင်းပျံ့နေသည့် အခန်းထဲသို့ ဝင်သွားကာ၊ လတ်ဆတ်သော မြက်ခြောက်များကို အထူးရွှံ့စေးဖြင့် ပိတ်ထားသည့် သေတ္တာကို ကိုယ်တိုင် သွားရောက် ပေးအပ်ခဲ့သည်။

"ဗိုလ်ချုပ်ချန်ဒါကို သေချာပေါက် ရှာတွေ့နိုင်မယ်ဆိုတာ ကျွန်မ သိသားပဲ" နင်ရှန်က သေတ္တာကို ဖွင့်ကြည့်ရင်း ပြောလိုက်သည်"ဒါနဲ့ ဗိုလ်ချုပ်ချန်က ဒီနေ့ ဘာလို့ သံချပ်ကာကြီး ဝတ်ပြီး လာရတာလဲအလောတကြီးလည်း ဖြစ်နေသလိုပဲ။ စစ်ထွက်တော့မလို့လားအရှေ့ပိုင်းဒေသက စစ်ပွဲကို သွားပြီး အောင်ပွဲယူမလို့လား"

"အင်း"

ချန်ဆန်းရှီက မငြင်းဘဲ ဝန်ခံလိုက်သည် "မိန်းခလေးနင်ရှန်... တကယ်လို့ ဟိုတစ်ခါလို သံမဏိပစ္စည်းတွေ တွေ့ရင် ကျွန်တော့်အတွက် ထပ်ပြီး စုဆောင်းပေးပါဦး"

စစ်မြေပြင်တွင် မြားများကို ပြန်ကောက်ဖို့ အမြဲတမ်း မလွယ်ကူပါ။ မြားပစ်သမားတစ်ယောက်အတွက် မြားဆိုသည်မှာ သေနတ်သမားအတွက် ကျည်ဆန်ကဲ့သို့ ဖြစ်ရာ များများရှိလေ ကောင်းလေပင်။

"ကောင်းပါပြီ၊ ကျွန်မ ထပ်ပြီး စုံစမ်းပေးပါ့မယ်" နင်ရှန်က မြက်ခြောက်သေတ္တာကို လက်ခံရင်း ကတိပေးလိုက်သည် "တိုက်တိုက်

ဆိုင်ဆိုင်ပဲ ဗိုလ်ချုပ်ချန်သွားမယ့် အရှေ့ပိုင်းဒေသက အမွေးတိုင်နတ်ဘုရားဂိုဏ်းအလှုပ်ရှားဆုံး နေရာပဲ။ သူတို့တွေ အခုတလော ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တွေ လုပ်နေတာမို့ အထူးသတိထားပါဦး"

"အမွေးတိုင်နတ်ဘုရားဂိုဏ်း..." ချန်ဆန်းရှီက သိချင်စိတ်ဖြင့် မေးလိုက်

သည် "အမွေးတိုင်နတ်ဘုရားဂိုဏ်းမှာ ဘယ်လိုမျိုး နက်နဲတဲ့ အတတ်ပညာတွေ ရှိလဲဆိုတာ မိန်းခလေးရှန်သိလား ဥပမာ - မင်းက မျက်လှည့်

အတတ်နဲ့ လူတွေကို မျက်စိလည်အောင် လုပ်နိုင်သလိုမျိုးပေါ့၊ သူတို့ဂိုဏ်းထဲကို ဝင်သွားတဲ့ တပည့်တွေက ဘယ်လို အတတ်မျိုးတွေ ရကြတာလဲ"

သူသည် အမွေးတိုင်နတ်ဘုရားဂိုဏ်းနှင့် ပတ်သက်မှု အချို့ရှိနေပြီ ဖြစ်ရာ နောင်တွင် တွေ့ခဲ့လျှင် ကြိုတင်ကာကွယ်နိုင်ရန် မေးမြန်းခြင်း ဖြစ်သည်။

"လူတိုင်းကတော့ ဒီဂိုဏ်းရဲ့ အတတ်ပညာတွေကို မသင်ယူနိုင်ကြပါဘူး" နင်ရှန်က ရှင်းပြသည် "ခရမ်းရောင်ချီတွေစုဆောင်းတာက လွယ်တယ်လို့ ရှင်ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တမ်းမှာတော့ ဝိညာဉ်စွမ်းအား နဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ အသုံးဝင်မှုက အများကြီး နိမ့်ကျပါတယ်။ တစ်နှစ်၊ နှစ်

နှစ်လောက် စုဆောင်းရင်တောင် ခဏလေးနဲ့ ကုန်သွားနိုင်တာပါ။ ဒါကလူသားတွေရဲ့ ခန္ဓာကိုယ်ထဲကနေ အတင်းအကျပ် ထုတ်ယူရတာဖြစ်လို့ သဘာဝအတိုင်း ဖြစ်တည်တဲ့ ဝိညာဉ်စွမ်းအားရဲ့ အရည်အသွေးကို မမီပါဘူး"

"ဒါကြောင့် အမွေးတိုင်နတ်ဘုရားဂိုဏ်းကနေရာအနှံ့ကနေ ခရမ်းရောင်ချီတွေ စုဆောင်းပေမဲ့ အောက်ခြေ တပည့်အများစုကဂိုဏ်းရဲ့ အတတ်ပညာတွေကို သင်ယူခွင့် မရကြပါဘူး။ ဟိုတစ်ခါ အကျဉ်းထောင်ထဲမှာ သေသွားတဲ့ ကျိုးဆိုတဲ့ တစ်ယောက်လိုမျိုးပေါ့"

ချန်ဆန်းရှီက ခေါင်းညိတ်လိုက်သည်။ ခရမ်းရောင်ချီရဲ့ အသုံးဝင်မှု နည်းပါးပုံကို သူ ကောင်းကောင်း သိပါသည်။ ၎င်းသည် ဝိညာဉ်သဲထက် အဆပေါင်းများစွာ ပိုမြန်အောင် လောင်ကျွမ်းတတ်ပြီး၊ လူသားတွေဆီက ရတဲ့ ခရမ်းရောင်ချီဟာ အားနည်းလွန်းသဖြင့် အချိန်အကြာကြီး စုဆောင်းမှသာ အရည်အသွေး ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။

"ကျန်တဲ့ အချက်တွေကတော့..." နင်ရှန်သည် စပျစ်သီးတစ်လုံးကို ယူကာ ချန်ဆန်းရှီ၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။

ချန်ဆန်းရှီသည် ဘာပြဿနာမှ မရှိသည်ကို အတည်ပြုပြီးမှ ပါးစပ်ဟကာ စားလိုက်သည်။

"ကျွန်မတို့ဆီမှာလည်း အမွေးတိုင်နတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်ပြီး အချက်အလက်တွေ အကုန်လုံးတော့ မရှိပါဘူး။ သေချာတာတစ်ခုကတော့ ဂိုဏ်းချုပ်လိုမျိုး အဆင့်မြင့်ခေါင်းဆောင်တွေမှာ ဂိုဏ်းဝင်သစ်တွေကို အစွမ်းထည့်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေကတော့..." နင်ရှန်က သူမ၏ လက်သည်းလေးဖြင့် ချန်ဆန်းရှီ၏ မေးစေ့ကို ကစားရင်း ပြောသည်"ဂိုဏ်းရဲ့ ပညာတွေကို သင်ယူဖို့ မထိုက်တန်ကြပါဘူး။ ရာစုနှစ်ပေါင်းများစွာအတွင်းမှာ မသေမျိုးရှာဖွေရေးမျှော်စင်က အမွေးတိုင်နတ်ဘုရားဂိုဏ်းရဲ့ အဆင့်မြင့်ခေါင်းဆောင် အချို့နဲ့ ထိတွေ့မှု ရှိခဲ့ဖူးပါတယ်။ အဖွဲ့ငယ်ခေါင်းဆောင် အဆင့်လောက်ကတော့ ခန္ဓာကိုယ်ကာကွယ်တဲ့ပညာလောက်ကိုပဲ အများဆုံး သိကြတာပါ"

"ဒီပညာကို ဘယ်လို ဖော်ပြရမလဲဆိုရင်... ဒါကို ဂန်းချီကာကွယ်မှု တစ်မျိုးလို့ပဲ မှတ်ယူလိုက်ပါ။ အချို့ကတော့ စစ်မှန်တဲ့ ဂန်းချီလောက်တောင် မခိုင်ခံ့ပါဘူး။ မဟာသွေးကြောအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ စွမ်းအားနဲ့တောင် ဒါကို ဖျက်ဆီးနိုင်ပါတယ်။ သူတို့ စုဆောင်းထားတဲ့ ခရမ်းရောင်ချီပမာဏနဲ့ သူတို့ရဲ့ ကျင့်စဉ်အဆင့်ပေါ် မူတည်ပြီး အင်အားက ကွဲပြားနိုင်ပါတယ်"

'ခရမ်းရောင်ချီဖြင့် အကာအကွယ်ပြုခြင်း' ဆိုတာကို ချန်ဆန်းရှီက စိတ်ထဲမှာ မှတ်သားလိုက်သည်။

သူကအမျိုးသမီး၏ လက်မောင်ကို အသာအယာ တွန်းဖယ်လိုက်ရင်း "ငါ့မှာ စစ်ရေးတာဝန်တွေ ရှိနေလို့ အခု ထွက်ခွာရတော့မယ်" ဟု ပြောလိုက်သည်။

'မသေမျိုးရှာဖွေရေးမျှော်စင်' ကတော့ တကယ်ကို အသုံးဝင်လှသည်။ သတင်းအချက်အလက် အများအပြားကို သူတို့ဆီကနေ သိရသည်။ ဒါ့အပြင် အရှေ့ပိုင်းဒေသမှာ အမွေးတိုင်နတ်ဘုရားဂိုဏ်းက အင်အားကြီးနေတယ်ဆိုရင် လမ်းတလျှောက်မှာ ခရမ်းရောင်ချီတွေ အများကြီး စုဆောင်းနိုင်မယ့် အခွင့်အရေး ဖြစ်လာမှာပါ။ ဒါဟာ ကောင်းတဲ့ကိစ္စပါပဲ။

ချန်ဆန်းရှီသည် ပစ္စည်းများကို အမြန်သိမ်းဆည်းပြီးနောက် လျန်ကျိုးမြို့တံခါးဝသို့ ရောက်ရှိလာသည်။ သူ၏ လက်အောက်ငယ်သား ၂၀ မှာ ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်မှာ ကြာလှပြီ ဖြစ်သည်။ သူတို့သည် လျန်ကျိုး လက်အောက်ရှိ ချင်ဟဲခရိုင်သို့ မြင်းစီးသွားကြရမည် ဖြစ်ပြီး၊ အနီးဆုံး ရိက္ခာသယ်ယူပို့ဆောင်ရေး ဆိပ်ကမ်းမှတစ်ဆင့် ရေလမ်းခရီးကို ဆက်လက်ထွက်ခွာကြမည် ဖြစ်သည်။

All Chapters