← Chapters

အခန်း (၂၈၉)

Vol. 27 Ch. 289

အခန်း (၂၈၉)

Vol. 27 Ch. 289

📝အပိုင်း - ၂၈၉

ဘာသာပြန် - Na Gar🐉

အရင်တစ်ခါ စစ်ထွက်တုန်းကလို စစ်သည်သောင်းချီပြီး မိသားစုဝင် သိန်းချီ လိုက်ပို့ကြတာမျိုး မဟုတ်ဘဲ ဒီတစ်ခါမှာတော့ လူအနည်းငယ်သာ လာရောက်နှုတ်ဆက်ကြသည်။

ထိုအထဲတွင် လုရှုဟွာကို သားအရင်းသဖွယ်ပြုစုပျိုးထောင်ခဲ့သည့် စစ်

နတ်ဘုရားရှောက်ယွီကျင်း လည်း ပါဝင်သည်။

"သွားကြတော့လေ..."

ရှောက်ယွီကျင်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေသည် "အခုတလော မြို့ထဲမှာ ငယ်ရွယ်တဲ့ သိုင်းသမားတွေ သေဆုံးတာ ပိုများလာတယ်။ မင်းက စစ်တပ်ထဲ ဝင်သွားပြီဆိုပေမဲ့ ငါတို့ဂိုဏ်းဝင်လည်း ဖြစ်နေသေးတော့ ငါ တကယ် စိတ်ပူတယ်။ ဖန်ချင်းယွမ်နောက်ကို လိုက်ပြီး အတွေ့အကြုံ ယူလိုက်တာက ပိုကောင်းပါလိမ့်မယ်"

"ဆရာ..."

လုရှုဟွာက ဦးညွှတ်လိုက်သည် "ကိုယ်တိုင်လည်း ဂရုစိုက်ပါဦး"

"မင်း မဟာသွေးကြောအဆင့်ကို ရောက်သွားပြီလား"

ဝမ်ကျိ က ရုတ်တရက် ပေါ်လာပြီး လူငယ်စစ်ဗိုလ်ချုပ်ကို အေးစက်သော အသံဖြင့် ကြည့်လိုက်သည် "ကောင်းပြီ၊ မင်း စစ်မြေပြင်မှာပဲ သေသွားလိုက်တာ ပိုကောင်းမယ်။ မဟုတ်ရင် မင်းရဲ့ အခု တိုးတက်မှုအရှိန်နဲ့ဆို စစ်နတ်ဘုရားအဆင့်ကို ရောက်ဖို့ နှစ်အများကြီး မလိုတော့ဘူး။ အဲဒီကျရင် ငါကိုယ်တိုင် မင်းကို သတ်ရလိမ့်မယ်"

"ဒါဆိုရင် ဆရာကြီးဝမ် အဲဒီအခွင့်အရေး ရအောင် ကျွန်တော် ကြိုးစားပြီး ပြန်လာခဲ့ပါ့မယ်"

ချန်ဆန်းရှီက အေးအေးဆေးဆေး ပြန်ပြောလိုက်ပြီးနောက် တောရိုင်းမြေပြင်ထဲသို့ ဦးဆောင်ထွက်ခွာသွားရာ၊ ကျန်ရှိသော မြင်းစီးစစ်သည် ၁၉ ဦးကလည်း နောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။ ခဏအတွင်းမှာပင် မြူနှင်းများသဖွယ် ဖုန်မှုန့်များသာ ကျန်ရစ်တော့သည်။

"အဖိုးကြီးရှောက်... အခုတလော ဘာသဲလွန်စများ ရလဲ"

ဝမ်ကျိ၏ မျက်နှာမှာ ခက်ထန်နေသည် "ဒီမိစ္ဆာဂိုဏ်းသားတွေကတော့ လွန်လွန်းနေပြီ"

ရှောက်ယွီကျင်းက နှုတ်ဆိတ်နေလျက်သာ တုံ့ပြန်လိုက်သည်။

"သူတို့တွေ ဘယ်နေရာမှာ ပုန်းနေကြတာလဲ"

ဝမ်ကျိ နားမလည်နိုင်ဖြစ်နေသည် "မဟာသွေးကြောအဆင့် ရောက်နေတဲ့သူတွေတောင် သေကုန်ကြပြီဆိုတော့ သူတို့ရဲ့ ကျင့်စဉ်အဆင့်က မနိမ့်သလို အရေအတွက်လည်း မနည်းဘူးဆိုတာ သိသာတယ်။ ဒါကို ဘာလို့ ရှာမတွေ့တာလဲပြီးတော့ မြို့စောင့်တပ်က လူပေါင်း ထောင်ချီပြီး နေ့ညမနား ကင်းလှည့်ရှာဖွေနေကြတာပဲ မဟုတ်လား"

"သူတို့တွေက တကယ်ပဲ ရှာချင်ကြတယ်လို့ မင်း ထင်နေတာလား"ရှောက်ယွီကျင်းက ဖြည်းဖြည်းချင်း လေးလေးပင်ပင် ပြောလိုက်သည်။

"မင်း..."

ဝမ်ကျိ ထိတ်လန့်သွားသည် "မင်းပြောချင်တာက လျန်ကျိုးစစ်တပ်က တကယ်ပဲ မိစ္စာဂိုဏ်းနဲ့ လက်ဝါးချင်း ရိုက်ထားတာလား"

"သူတို့တွေ ပူးပေါင်းနေသလား၊ မနေဘူးလားဆိုတာ ငါ အတပ်မပြောနိုင်ဘူး"

ရှောက်ယွီကျင်းက မျက်လုံးကို ကျဉ်းမြောင်းလိုက်ရင်း "ဒါပေမဲ့ ဆွန်ဒူရှန်ကတော့ ဒီအတွင်းရေးကိစ္စတွေကို တစ်ခုခု သိထားတယ်ဆိုတာ ငါ သေချာပေါက် ပြောရဲတယ်"

"အဲဒီ မြေခွေးအိုကြီး..."

ဝမ်ကျိက စိတ်ထဲမှ ကျိန်ဆဲလိုက်သည် "သူ ပိုက်ဆံတောင်းရင် ပိုက်ဆံပေးတယ်၊ ရိက္ခာတောင်းရင် ရိက္ခာပေးတယ်။ သူတို့သုံးတဲ့ ဖြည့်စွက်ဆေးဝါး အများစုကလည်း ငါတို့ဆီကပဲ။ ငါတို့ရဲ့ အသက်တွေကိုတောင် ဂရုမစိုက်

ရအောင် သူ ဘာတွေများ ထပ်လိုချင်နေသေးတာလဲ"

...

ချင်ဟဲခရိုင်၊ ဆိပ်ကမ်း။

ထိုနေရာတွင် သင်္ဘောကြီးတစ်စင်း ဆိုက်ကပ်ထားပြီးဖြစ်သည်။

ထုံထျန်းမြစ်သည် တောင်မှမြောက်သို့ စီးဆင်းပြီး ဒါရှန်ရွှေပြည်ကြီး၏ အရေးအကြီးဆုံး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်သည်။

ချန်ဆန်းရှီသည် သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ သင်္ဘောပေါ် တက်လိုက်သည်။

သွားမည့်နေရာတွင် စစ်မြင်းများ မရှားပါးသဖြင့် ရှောင်ရှင်းမှလွဲ၍ ကျန်ရှိသော မြင်းများကို ချင်ဟဲခရိုင်ရှိ တပ်စခန်း စာပို့စခန်းတွင် ထားရစ်ခဲ့သည်။

ထို့ပြင် သူသည် ရင်းနှီးသူအချို့နှင့်လည်း ဆုံခဲ့သည်။

ချောင်ဖန် နှင့် ရှာဝမ်လုံ တို့လည်း ထိုနေရာမှာပင် ရှိနေကြသည်။

ချောင်ဖန်သည် ရာထူးမှ နုတ်ထွက်စာ တင်ထားပြီး မြို့တော်သို့ ပြန်ရန် ပြင်ဆင်နေသည်ဟု ချန်ဆန်းရှီ ကြားသိထားသော်လည်း၊ မထင်မှတ်ဘဲ သူသည်လည်း အရှေ့ပိုင်းဒေသသို့ ယာယီ တာဝန်ပေးခြင်း ခံရသဖြင့် ချန်ဆန်းရှီအတွက် အခွင့်အရေးတစ်ခု ဖြစ်လာသည်။

ဒါ့အပြင်...

တစ်ခုခုတော့ မှားနေသည်။

ချောင်ဖန်တို့ရှိနေသည့် အခန်းများဘက်မှ အင်အားကြီးမားသော စွမ်းအင်တစ်ခုကို သူ သတိထားမိလိုက်သည်။

စစ်နတ်ဘုရားအဆင့်။

ဒါပေမဲ့ ဒီစစ်နတ်ဘုရားက ပေါ်ပေါ်ထင်ထင် မပြဘဲ ခိုးကြောင်ခိုးဝှက် လိုက်ပါလာခြင်း ဖြစ်သည်။

'ပေထျန်းနန်လား'

ချန်ဆန်းရှီက စိတ်ထဲမှ တိုးတိုးလေး ခန့်မှန်းလိုက်သည်။

မြောက်ဘက်မှာ စစ်နတ်ဘုရားဆိုလို့ လက်ချိုးရေတွက်လို့ ရသည်။ ပေထျန်းနန်က စစ်ကူအဖြစ် လိုက်ပါလာတာဆိုရင် ပုံမှန်ပဲဖြစ်သော်လည်း ဘာကြောင့် ခိုးကြောင်ခိုးဝှက် လုပ်နေရတာလဲ..

သူ့ကို ပေးထားတဲ့ အမိန့်ထဲမှာ ဒီတာဝန် မပါလို့ပဲ ဖြစ်ရမယ်။

...

"ငါတို့ မြို့တော်ကို ပြန်မယ်လို့ သဘောတူထားတာ မဟုတ်လား..."

ချောင်ဖန်က စဉ်းစားနေသည် "စစ်ဝန်ကြီးဌာနက ဘာလို့ ငါတို့ကို အရှေ့ပိုင်းဒေသကို ရုတ်တရက်ကြီး လွှတ်လိုက်တာလဲ"

"ကျွန်တော် ထင်တာကတော့..."

ရှာဝမ်လုံက ခန့်မှန်းပြသည် "ဒါက မင်းသားကို အောင်မြင်မှု့တွေ ပြသခွင့်ပေးတာ ဖြစ်ပါလိမ့်မယ်။ ဒီတစ်ခါ အရှေ့ပိုင်းဒေသက တိုက်ပွဲက တကယ်ကို အရေးကြီးပါတယ်။ ပြည်နယ်သုံးခုကို ထိန်းချုပ်ဖို့တင် မဟုတ်ဘဲ ဇီဝေတောင်နဲ့ ကျောင်းတော်ဟောင်း နေရာတွေနဲ့လည်း ပတ်သက်နေတာ။ ဘယ်သူပဲဖြစ်ဖြစ် ဇီဝေတောင်ကို ပြန်သိမ်းနိုင်ပြီး ကျောင်းတော်ကို မူလနေရာမှာ ပြန်ထားနိုင်ရင် ကျောင်းတော်ရဲ့ ပူဇော်မှုတွေကို ခံစားခွင့်ရမယ့် ဂုဏ်ဒြပ်ကို ရရှိမှာပါ။ ဒါဟာ တကယ့်ကို ဂုဏ်ယူစရာပဲ မဟုတ်လား"

"ဗိုလ်ချုပ်ကြီးမုန်က တာဝန်ယူထားတာဆိုတော့ ငါတို့အတွက် အလှည့်ရောက်ပါ့မလား"

ချောင်ဖန်က ဆန်းစစ်ပြသည် "ဒါ့အပြင် မြို့စား ပေက ဘာလို့ အစောင့်

အဖြစ် ရုပ်ဖျက်ပြီး ငါတို့နောက်ကို လိုက်လာရတာလဲ"

သင်္ဘောခန်း၏ ထောင့်တစ်နေရာတွင်...

ပေထျန်းနန်သည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည် "သဘာဝအတိုင်းပဲ၊ မင်းသားကို လျှို့ဝှက် ကာကွယ်ပေးဖို့ပေါ့၊ ဒါကို အပြင်ကို ပေါက်ကြားအောင် မလုပ်ပါနဲ့ဦး"

"အဲဒီလိုလား"

ချောင်ဖန်က ဆက်မမေးတော့သော်လည်း မြို့တော်၏ တရားဝင် လှုပ်ရှားမှုတွေအရ တစ်ခုခုတော့ မှားနေသလို ခံစားနေရသည်။ ဒီစစ်ပွဲအပြီးမှာ ကြီးမားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာမှာကို သူ စိုးရိမ်နေမိသည်။

...

ထုံထျန်းမြစ်အတိုင်း တောင်ဘက်သို့ စုန်ဆင်းရသည့် ခရီးစဉ်မှာ နှစ်လနီးပါး ကြာမြင့်မည်ဖြစ်သည်။

သင်္ဘောပေါ်မှာ ဖြတ်သန်းရသည့် နေ့ရက်များမှာ အလွန်ငြီးငွေ့စရာ ကောင်းလှသည်။

[သိုင်းပညာ - တိုင်းပြည်စောင့် နဂါးလှံ(မဟာသွေးကြောအဆင့် -အခြေခံအဆင့်)]

[တိုးတက်မှု့ - ၂၅၅/၅၀၀]

နေ့စဉ် မနက် ၅ နာရီမှ ၇ နာရီအထိ ချန်ဆန်းရှီသည် အိပ်ရာမှထကာ သင်္ဘောကုန်းပတ်ပေါ်တွင် လေ့ကျင့်ပြီး၊ နေ့လယ်ပိုင်းတွင် ဆေးဖော်စပ်သည့် အလုပ်ကို လုပ်သည်။

သူသည် လျန်ကျိုးမှ နက်နဲသံမဏိဆေးအိုးနှင့် ဆေးဘက်ဝင် ပစ္စည်းများ အပြည့်တင်ဆောင်လာသော မြင်းအများအပြားကို ယူလာခဲ့သည်။ ဒါကသူ့ရဲ့ဆေးပညာကျွမ်းကျင်မှုကို မြှင့်တင်ရန်နှင့် လက်အောက်ငယ်သားများ၏ အင်အားကို အမြန်တိုးတက်စေရန် ဖြစ်သည်။

"ခရမ်းရောင်ချီတွေ ကုန်ခါနီးပြီ"

သင်္ဘောခန်းထဲတွင် ချန်ဆန်းရှီသည် ဝိညာဉ်ပုတီးစေ့ကို သိမ်းလိုက်ရင်း "ခရမ်းရောင်ချီတွေ ထပ်ဖြည့်လို့ရမယ့် နေရာရှိမလား ကြည့်ရမယ်"

ခရီးစဉ်က ရှည်လျားလှသည်။

သင်္ဘောကြီးသည် ရိက္ခာဖြည့်ရန် ခဏခဏ ရပ်နားရသည်။ မြို့ကြီးတိုင်းမှာ ရပ်နားတဲ့အခါ လူတွေ ကုန်းပေါ်တက်ပြီး လေကောင်းလေသန့် ရှူကြသည်။ တောင်ဘက်သို့ ရောက်လေလေ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများမှာ ပြောင်းလဲလာလေလေဖြစ်သည်။

ရပ်နားသည့် နေရာတိုင်းတွင်...

သူ၏ အားလပ်ချိန်များ၌ ချန်ဆန်းရှီသည် စီယွင်ဘုရားကျောင်း မှ ရလာသည့် ရုပ်ဖျက်ပညာ ကို စတင်လေ့လာတော့သည်။

သူသည် ကြိုတင်ပြင်ဆင်လာသည့် ဆေးမြက်များနှင့် အခြားပစ္စည်းများကို ထုတ်ယူလိုက်သည်။ ရုပ်ဖျက်ရန် ကိရိယာမျိုးစုံကို ဖန်တီးပြီးနောက် သူ၏ ရုပ်သွင်ကို စတင်ပြောင်းလဲခဲ့သည်။ သူသည် သူနှင့် လုံးဝကွဲပြားခြားနားသည့် ပုံစံတစ်ခုကို စမ်းသပ်လိုသည်။

လိုင်ဇီဆိုသည့် ပုံစံကို သူ ရွေးချယ်လိုက်သည်။

ဒီပုံစံကို ရွေးချယ်ရခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။ တစ်ခုမှာ ချန်ဆန်းရှီနှင့် ရုပ်သွင် လုံးဝကွဲပြားခြင်းဖြစ်ပြီး၊ နောက်တစ်ခုမှာ ရုပ်ဖျက်ရန် ခက်ခဲသဖြင့် ကျွမ်းကျင်မှုအဆင့်ကို ပိုမိုမြန်ဆန်စွာ တိုးတက်စေနိုင်သောကြောင့်ဖြစ်သည်။

ကြေးမှန်ကို ကြည့်ရင်း သူ၏ ရုပ်သွင်ကို အကြိမ်ကြိမ် ပြောင်းလဲနေမိသည်။

သူသည် ဆေးဖော်စပ်သည့် ပစ္စည်းများနှင့် ရင်းနှီးပြီးသားဖြစ်သဖြင့် သင်ယူရသည်မှာ မခက်ခဲလှပေ။ သူ၏ မျက်နှာမှာ တဖြည်းဖြည်းနှင့် စိမ်းသက်လာပြီး နောက်ဆုံးတွင် လုံးဝ တခြားလူတစ်ယောက် ဖြစ်သွားတော့သည်။

[စွမ်းရည် - ရုပ်ဖျက်ပညာ (အခြေခံအဆင့်)]

[တိုးတက်မှု့ - ၀/၅၀၀]

[စွမ်းဆောင်ရည် - ရုပ်ရည်နှင့် အသံကိုပါ လုံးဝ ပြောင်းလဲနိုင်ခြင်း]

အခြေခံအဆင့်သို့ တန်းရောက်သွားသည်။

ဒီပညာကြောင့် ချန်ဆန်းရှီသည် ကိစ္စအဝဝကို ဆောင်ရွက်ရာတွင် ပိုမို လွတ်လပ်စွာ လှုပ်ရှားနိုင်တော့မည်ဖြစ်သည်။

သို့သော် သူ၏ လက်နက်များမှာ အလွန်သိသာလွန်းနေသည်။ လှံရှည်၊ လေးကြီးနှင့် ကျန်းယွဲ့ဓား တို့မှာ သူဖြစ်ကြောင်း သိသာစေသည်။ ကံကောင်းသည်မှာ သူ၏ ဓားသိုင်းအတတ်မှာလည်း မဟာသွေးကြောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူ၏ လက်ထဲတွင် ဟယ်မြောင်ဓားရှည်လည်း အသင့်ရှိနေသဖြင့် မထင်မှတ်ထားသည့် တာဝန်များကို ထမ်းဆောင်ရန် လုံလောက်နေပြီ ဖြစ်သည်။

လိုက် သတ်ဖြတ်ရန် ကြံစည်နေကြသည်။

All Chapters