အခန်း (၂၉၂)
Vol. 27 Ch. 292
📝အပိုင်း - ၂၉၂
ဘာသာပြန် - Na Gar🐉
အိမ်ရှေ့မင်းသားလား..
ဧကရာဇ်မင်းမြတ်၏ အနီးနားတွင် ချောင်မိသားစုအတွက် တစ်ဦးတည်းသော ကျောထောက်နောက်ခံအဖြစ် ချန်ဆန်းရှီ တွေးမိသည်မှာ အိမ်ရှေ့မင်းသားသာ ရှိသည်။
ဧကရာဇ် လုံချင်ငယ်ရွယ်စဉ်က သားတော် မင်းသားအများအပြား ရှိခဲ့ဖူးသည်။ ဥပမာ - ကျန်းနန်မင်းသားဆိုလျှင် စစ်နတ်ဘုရားတစ်ဦးဖြစ်သော်လည်း သိုင်းပညာကိုသာ ရူးသွပ်လွန်းသဖြင့် နန်းတွင်းရေး အရှုပ်အထွေးများထဲ မပါဝင်လိုဘဲ နယ်စပ်ဒေသတွင် တပ်စွဲနေထိုင်ရန် ကိုယ်တိုင် တောင်းဆိုခဲ့သူဖြစ်သည်။
ကျန်ရှိသော စတုတ္ထမင်းသား၊ အဋ္ဌမမင်းသားနှင့် အခြားသော မင်းသားများမှာလည်း နန်းတွင်းတွင် အာဏာကိုယ်စီ ရှိကြသည်။
သို့သော် အမွေးတိုင်နတ်ဘုရားဂိုဏ်းက မင်းသားချောင်ဖန်ကို လာရောက်ချဉ်းကပ်ခြင်းမှာ သူတို့၏ ရည်ရွယ်ချက်ကို ရှင်းလင်းစေသည်။ ထို့ပြင် ပေထျန်းနန်သည်လည်း အိမ်ရှေ့မင်းသား၏ အုပ်စုဝင်ဖြစ်ပုံရသည်။
အိမ်ရှေ့မင်းသားသည် အုပ်ချုပ်ရေးအာဏာကို လွှဲအပ်ခံရသည်မှာ အနှစ်လေးဆယ် ရှိပြီဖြစ်သည်။ ထိုအနှစ်လေးဆယ်အတွင်း ဧကရာဇ် လုံချင်မှာ မကြာခဏဆိုသလို ကျင့်စဉ်ကျင့်ရန် တစ်ကိုယ်တည်း အောင်းနေတတ်ပြီး တစ်ခါတစ်ရံ ခြောက်လခန့်အထိ ကြာတတ်သည်။ ထို့ကြောင့် အိမ်ရှေ့မင်းသား၏ ဩဇာအာဏာမှာ ဒါရှန်တစ်ပြည်လုံးသို့ ပျံ့နှံ့နေပြီဖြစ်ပြီး စစ်အင်အား၏ ထက်ဝက်ခန့်ကိုပင် သူ ထိန်းချုပ်ထားနိုင်မည်ကို စိုးရိမ်ရသည်။
ယွမ်ကျိုး ဖြစ်ရပ်ပြီးနောက် ၁၀ ရက်ခန့်မှစ၍ ဧကရာဇ်အိုကြီးမှာ ကျင့်စဉ်ကျင့်ရန် အောင်းနေခြင်းမျိုး ရှားပါးလာပြီး တိုင်းပြည်ကို ပြန်လည်ဦးမော့လာစေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပုံရကာ နန်းတွင်းအရာရှိ အများအပြားကိုလည်း ရာထူးအပြောင်းအလဲများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ပေထျန်းနန်မှာလည်း မည်သည့် ရာထူးအပြောင်းအလဲ အမိန့်မှ မရရှိဘဲ မိမိတာဝန်ကျရာ နေရာမှ တိတ်တဆိတ် ထွက်ခွာကာ နောက်သို့ လိုက်ပါလာခြင်းမှာ မရိုးသားသော ရည်ရွယ်ချက်များ ရှိနေသည်ဟု တွေးတောစရာ ဖြစ်နေသည်။
သို့သော် မသေမျိုးရှာဖွေရေးမျှော်စင် မှ ရရှိသော သတင်းအချက်အလက်များအရ အမွေးတိုင်နတ်ဘုရားဂိုဏ်းသည် မြို့တော်တွင် လှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု သိရသည်။ သူတို့တွေ အရှေ့ပိုင်းဒေသသို့ ဘာကြောင့် လာကြသနည်း။
ချန်ဆန်းရှီသည် အကျိုးအကြောင်းမရှိ ဆက်လက်၍ မတွေးတောတော့ပေ။ သူသည် လှံပညာ ကို လေ့ကျင့်ပြီးနောက် မိမိ၏ သီးသန့်အခန်းထဲသို့ ပြန်ဝင်ကာ တံခါးပိတ်၍ ဝိညာဉ်ပုတီးစေ့ကို ထုတ်ယူလိုက်သည်။ သူ ခဏတာ အာရုံခံကြည့်ရာတွင် ယခုတစ်ခေါက် စုဆောင်းရရှိသော ခရမ်းရောင်ချီမှာ အတော်အတန် များပြားသော်လည်း အောင်မြင်ရန်တော့ မလုံလောက်သေးပေ။ အများဆုံးရှိလှ ကျွမ်းကျင်မှုအဆင့် တစ်ဝက်ခန့်ကိုသာ ရောက်ရှိစေနိုင်သည်။ သာမန်လူသားများ၏ စွမ်းအားမှာ အလွန်ပင် အားနည်းလှသည် မဟုတ်ပါလား။ ၎င်းမှာ မုန်ညင်းပင်များကဲ့သို့ပင် အမွေးတိုင်နတ်ဘုရားဂိုဏ်းက အမြဲတမ်း ရိတ်သိမ်းနေပြီး အချိန်ကြာမြင့်စွာ စုဆောင်းထားခြင်းမျိုး မရှိသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ကောင်းမှုတစ်ခုတော့ ပြုလုပ်ခဲ့ပြီးပြီဖြစ်သည်။ နဂါးမင်းကျောင်းမှာ မီးလောင်သွားသဖြင့် ယဇ်ပူဇော်မှုများ ခေတ္တရပ်နားသွားပြီး ကျန်းလိုင်ဇီ ဟူသော နာမည်ဝှက်ဖြင့် အမွေးတိုင်နတ်ဘုရားဂိုဏ်း ၏ လုပ်ရပ်များကို လောကသို့ ထုတ်ဖော်ပြသနိုင်ခဲ့သည်။ သူတို့သည် ယခုအချိန်တွင် လင်ကျန်းခရိုင်၌ လူအရှင်လတ်လတ်ဖြင့် ပေါ်တင် ယဇ်ပူဇော်ရဲတော့မည် မဟုတ်ပေ။
ပြောရလျှင် ရုပ်ဖျက်ပညာ ၏ အသုံးဝင်ပုံမှာ တကယ့်ကို ကြီးမားလှသည်။ နောင်တွင် သူ ဘေးကင်းကင်းနှင့် ဆုတ်ခွာနိုင်ရန် သေချာပါက ဂါထာမန္တန်များကို အသုံးပြုလျှင်ပင် ပြဿနာမရှိနိုင်ပေ။ အကြောင်းမှာ သူတို့သည် ကျန်းလိုင်ဇီကိုသာ ရှာဖွေနိုင်မည်ဖြစ်ပြီး ချန်ဆန်းရှီဆီသို့ ခြေရာခံနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ထို့ပြင် ဝိညာဉ်ပုတီးစေ့အတွင်းရှိ ခရမ်းရောင်ချီမှာတိုးပွားလာရုံတင်မကဘဲ အဖြူရောင်စွမ်းအင်များလည်း သိသာစွာ တိုးပွားလာသည်ကို တွေ့ရသည်။ ၎င်း၏ အခြေခံသဘောတရားကိုမူ သူ နားမလည်သေးပေ။
"ဒီစွမ်းအင်က ဘာလဲဘယ်လိုမျိုး စုဆောင်းလို့ ရတာလဲ"
"ဒီ အရှေ့ပိုင်းစစ်ဆင်ရေးမှာသာ အဲဒါကို အသုံးချနိုင်ရင် တကယ်ကို ကောင်းမှာပဲ"
...
သင်္ဘောခန်းအတွင်း...
ချောကြမ်းသော လျှော်တေအဝတ်အစားများ ဝတ်ဆင်ထားကာ အခန်းထဲသို့ အတင်းဝင်လာသော လူနှစ်ယောက်ကို မင်းသား ချောင်ဖန်က ချက်ချင်း မှတ်မိသွားသည် "မင်းတို့နှစ်ယောက်က စီယွင်ဘုရားကျောင်း ကို အသစ်
ရောက်လာတဲ့ ဘုန်းကြီးတွေ မဟုတ်လား"
"မင်းသား... စိုးရိမ်စရာမရှိပါဘူး"
ပေထျန်းနန်က ဖော်ဖော်ရွေရွေ ပြောလိုက်သည် "ငါတို့ လူတွေပါပဲ၊ ကိုယ့်လူတွေပါ"
"ကိုယ့်လူတွေ ဟုတ်လား"
ချောင်ဖန်က မျက်မှောင်ကြုတ်လိုက်သည် "ပေါက်ကရတွေ စီယွင်ဘုရားကျောင်းက မိစ္စာဂိုဏ်း နဲ့ ပတ်သက်နေတယ်လို့ သံသယရှိနေတာ။ ယင်ဟန်ဝမ်တောင် သူတို့ လက်ချက်နဲ့ သေတာ ဖြစ်နိုင်တယ်"
"မင်းသား... ဒါက နားလည်မှု လွဲနေတာပါ"
ယန်ရှောင်ဇီက ရှင်းပြသည် "ချူမင်ဇီတို့နှစ်ယောက်က ကျွန်တို့အထဲက သစ္စာဖောက်တွေပါ။ သူတို့က မိစ္စာဂိုဏ်းနဲ့ တကယ်ပဲ ပတ်သက်ခဲ့တာ။ သူတို့ သေတာ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ငါတို့ အမွေးတိုင်နတ်ဘုရားဂိုဏ်းကတော့ မင်းသားရဲ့ ခိုင်မာတဲ့ မဟာမိတ်တွေပါ"
"မဟာမိတ် ဟုတ်လား"
အစပိုင်းတွင် ဇဝေဇဝါ ဖြစ်နေသော်လည်း မကြာမီ ချောင်ဖန် နားလည်သွားသည် "မင်းပြောချင်တာက ငါ့ခမည်းတော်လား မြို့စားပေ... ခင်ဗျား ဒါကို သိပြီးသား မဟုတ်လား"
မြို့စားပေနှင့် အခြားသူများမှာ နှုတ်ဆိတ်နေကြသည်မှာ ဝန်ခံသည့် သဘောပင် ဖြစ်သည်။
"အမွေးတိုင်နတ်ဘုရားဂိုဏ်း... ခမည်းတော်..." ချောင်ဖန်သည် အတွေးများကို စီစစ်ကြည့်ပြီး သံသယများ ရှိနေသော်လည်း မယုံရဲဘဲ ဖြစ်နေသည်။ သူ၏ မျက်နှာတွင် အမှန်တရားကို သိရှိသွားသည့် အမူအရာများ အဖန်ဖန် ပြောင်းလဲသွားပြီးနောက် အချိန်အတော်ကြာမှ လေးနက်သော လေသံဖြင့် ပြောလိုက်သည် "ငါ... အခု နားလည်သွားပြီ"
...
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်ကုန်ခါနီးသို့ ရောက်ရှိလာခဲ့သည်။ ဒါရှန်၏ အရှေ့တောင်ဘက်ရှိ ရာသီဥတုမှာ အတော်အတန် နွေးထွေးသဖြင့် ဆောင်းရာသီတွင်ပင် အလွန်အမင်း အေးစိမ့်ခြင်း မရှိပေ။
ချန်ဆန်းရှီသည် ကုန်းပတ်ပေါ်တွင် ရပ်လျက် အရှေ့ဘက်မှ ထွက်ပေါ်လာသော နီရဲသည့် နေဝန်းကြီးကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
[သိုင်းပညာ - တိုင်းပြည်စောင့် နဂါးလှံ(မဟာသွေးကြောအဆင့် - အခြေခံ)]
[တိုးတက်မှု့ - ၄၁၈/၅၀၀]
မဟာသွေးကြောအဆင့်ကို ကျွမ်းကျင်အဆင့်ရောက်ရန် သိပ်မဝေးတော့ပေ။ အချိန်တွေက တကယ့်ကို မြန်လှသည်။ ပိုယန်ခရိုင်တွင် ရှိစဉ်က အရိုးဖွဲ့စည်းခြင်း စတင်နိုင်ရန် စိုးရိမ်ခဲ့ရသည်ကို သူ မှတ်မိနေသေးသော်လည်း၊ ယခုမူ သူသည် မဟာသွေးကြောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှေ့ဆက်၍ နက်နဲပုံရိပ်အဆင့်သို့ တက်လှမ်းနိုင်ပါက သူသည် သိုင်းလောက၏ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာပြီး တစ်ကိုယ်တော် ရပ်တည်နိုင်မည် ဖြစ်သည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ လွန်ခဲ့သော နှစ်လအတွင်း သူ၏ လက်အောက်ငယ်သား ငါးဦးမှာ အတွင်းအားသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်။ အထူးသဖြင့် ဝူဒါ၊ ကျွမ်းယီ နှင့် ဝမ်လီ တို့မှာ အလားအလာရှိသော လူငယ်များ ဖြစ်ကြသည်။ စစ်မြေပြင်တွင် သူတို့သည် မိမိတို့၏ အစွမ်းအစဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ကြတော့မည် ဖြစ်သည်။
ဆေးပညာ ကျွမ်းကျင်မှုမှာလည်း သိသာစွာ တိုးတက်လာခဲ့သည်။
[စွမ်းရည် - ဆေးပညာ (လူသား - အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - ၇၈၂/၂၀၀၀]
အသေးစားအောင်မြင်မှု့အဆင့်မှာပင် သူသည် ဆေးဖော်စပ်မှု့ဆရာတစ်ဦး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ အောင်မြင်မှုအကြီးစား ရရှိပါက အကျိုးသက်ရောက်မှုမှာ ပို၍ ကောင်းမွန်လာမည်မှာ သေချာသည်။
"ရောက်တော့မယ်"
သင်္ဘောကို ထိန်းကျောင်းနေသော စစ်ဗိုလ်က"နောက် နှစ်နာရီအတွင်း ထုံနန် ခရိုင် ဆိပ်ကမ်းကို ဝင်ပါတော့မယ်၊ အားလုံး ကြိုတင်ပြင်ဆင်ထားကြပါ"
ထုံနန်ခရိုင်သည် အရှေ့ပိုင်းဒေသ၏ နယ်စပ်တွင် တည်ရှိပြီး ယခုအချိန်တွင် စစ်မျက်နှာပြင် မဟုတ်သေးပေ။ စစ်မျက်နှာပြင်မှာ လိုင်ပြည်နယ်သို့ ရွှေ့သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ထုံနန်ခရိုင်သည် ရိက္ခာဖြည့်တင်းရာ နေရာဖြစ်သလို၊ ချန်ဆန်းရှီအတွက် အနက်ရောင်သံချပ်ကာတပ်ဖွဲ့ စစ်သည် သုံးထောင်ကို လက်ခံရယူပြီး လေ့ကျင့်ပေးရမည့် နေရာလည်း ဖြစ်သည်။
"ရွှီဝမ်... မြေပုံ"ချန်ဆန်းရှီသည် အလိုအလျောက် ခေါ်လိုက်မိသည်။ မည်သူမျှ ပြန်မထူးမှသာ ထိုပညာရှိအဘိုးကြီးမှာ သူ့နားမှာ မရှိတော့သည်ကို သတိရသွားသည်။
"ဗိုလ်ချုပ် မြေပုံ ဒီမှာပါ"
ပိုင်ထင်းကျီ က ခေါ်သံကြား၍ ရောက်လာသည် "ဗိုလ်ချုပ်ကျွန်တော့်ကို စစ်ဗျူဟာတွေ ချမှတ်ဖို့ ကူညီခွင့်ပေးပါ"
"မင်းလား"
ချန်ဆန်းရှီက ငြင်းလိုက်သည် "ငါတို့ ခရီးဆုံးကို ရောက်တော့မှာ၊ သင်္ဘောပေါ်က ဆင်းဖို့ပဲ ပြင်ဆင်ထားလိုက်ပါ"
ဤခရီးစဉ်တစ်လျှောက်လုံးတွင် သူသည် ခရမ်းရောင်ချီခိုးယူရန် နောက်ထပ် အခွင့်အရေး မရခဲ့ပေ။ ယန်ရှောင်ဇီနှင့် သူ၏ အပေါင်းအဖော် သင်္ဘောပေါ်မှ ဆင်းတိုင်း ပေထျန်းနန်မှာလည်း နောက်မှ လိုက်ပါသွားတတ်သဖြင့် အမွေးတိုင်နတ်ဘုရားဂိုဏ်း၏ ကျောထောက်နောက်ခံမှာ အိမ်ရှေ့မင်းသား ဖြစ်ကြောင်း ပိုမိုသေချာစေသည်။
ဧကရာဇ် လုံချင်က မသေမျိုးကျင့်စဉ်ကို ကျင့်ကြံနေစဉ်တွင် သူ၏ သားတော်မှာလည်း လျှို့ဝှက်စွာဖြင့် အမွေးတိုင်နတ်ဘုရားဂိုဏ်း၏ ကျင့်စဉ်များကို ကျင့်ကြံနေခြင်းမှာ အံ့ဩစရာပင်။ သူကိုယ်တိုင် ကျင့်ကြံနေခြင်း ဖြစ်နိုင်ခြေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိသော်လည်း မည်သည့်အဆင့်အထိ ရောက်နေသည်ကိုမူ မသိရပေ။
တစ်ဖက်ကမူ အမွေးတိုင်နတ်ဘုရားဂိုဏ်း နှင့် ပူးပေါင်းကာ မြို့ကို အစုလိုက်အပြုံ