← Chapters

အခန်း (၂၉၃)

Vol. 27 Ch. 293

အခန်း (၂၉၃)

Vol. 27 Ch. 293

📝အပိုင်း - ၂၉၃

ဘာသာပြန် - Na Gar🐉

အမွေးတိုင်နတ်ဘုရားဂိုဏ်း ဆီကို လူအရှင်လတ်လတ်တွေနဲ့ ယဇ်ပူဇော်နေတာဟာ ချောင်မိသားစုရဲ့ လက်ချက်ပဲလား။

ဒါရှန်အင်ပါယာကြီးရဲ့ အခြေအနေကတော့ တကယ်ကို အံ့ဩစရာပါပဲ။ အရင်တုန်းက ချန်ဆန်းရှီဟာ အိမ်ရှေ့မင်းသားနဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့ မှတ်ချက်တွေကိုပဲ ကြားခဲ့ဖူးတာပါ။ အနှစ်လေးဆယ်ပတ်လုံး တိုင်းပြည်အရေးကို ကြိုးကြိုးစားစား ထိန်းကျောင်းပေးနေတဲ့ ပြုပြင်ရေးသမားတစ်ယောက်လို လူတွေက မြင်ကြပေမဲ့၊ အခု သူလုပ်နေတဲ့ လုပ်ရပ်တွေကတော့ သူ့ခမည်းတော်နဲ့ ဘာမှမခြားနားပါဘူး။

ဒီတစ်ခါ လမ်းတစ်လျှောက်မှာ အမွေးတိုင်နတ်ဘုရားဂိုဏ်းက ခရမ်းရောင်ချီတွေကို အလုအယက် သိမ်းယူနေတာဟာ သူတို့မှာ တစ်ခုခု အရေးပေါ် ကိုင်တွယ်စရာ ကိစ္စရှိနေလို့ မုန်ညင်းပင်တွေကို အမြစ်ကပါ တူးထုတ်ပစ်ချင်နေတဲ့ ပုံစံမျိုး ပေါက်နေပါတယ်။ ချောင်မိသားစုရဲ့ အတွင်းရေးတွေကတော့ ချန်ဆန်းရှီနဲ့ မဆိုင်ပါဘူး။ သူ မျှော်လင့်တာကတော့ ဒါတွေဟာ သူတိုက်ရမယ့် စစ်ပွဲအပေါ် သက်ရောက်မှု မရှိဖို့ပါပဲ။

သင်္ဘောဟာ အရှိန်လျှော့လိုက်ပြီး စည်ကားလှတဲ့ ဆိပ်ကမ်းမှာ ဆိုက်ကပ်လိုက်ပါတယ်။ အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ဟာ လူအုပ်ထဲမှာ အထူးတလည် ပေါ်လွင်နေပါတယ်။ အဲဒါဟာ ရွှီဝန်ချိုင်မဟုတ်ဘဲ သူ၏ စတုတ္ထမြောက် စီနီယာအစ်ကို ဖန်ချင်းယွမ် ပင် ဖြစ်သည်။

"စီနီယာအစ်ကို"

ချန်ဆန်းရှီက လက်သီးဆုပ်ကာ အလေးပြုနှုတ်ဆက်ပြီး ဝှီးချဲကို သဘာဝကျကျ တွန်းပေးလိုက်ပါတယ်။

"ညီလေး... တစ်နှစ်ကျော်ကြာမှ ပြန်တွေ့ကြတာ၊ မင်း ပိုပြီး သန်မာလာပြီပဲ"

ဖန်ချင်းယွမ်က စကားစမြည် ပြောလာပါတယ် "ဘယ်လိုလဲမင်းမှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရနေပြီလို့ ငါကြားတယ်"

"ဟုတ်ကဲ့၊ မင်ပြည်နယ်မှာ စစ်တိုက်နေတုန်း သမီးလေးတစ်ယောက် ရခဲ့တာပါ"

ချန်ဆန်းရှီက ပြန်ဖြေရင်း "ဆရာကော ဘယ်မှာလဲဘာသတင်းမှလည်း မကြားရတော့ဘူး"

"ဆရာကတော့ တပ်စခန်းရှစ်ခု အတွက် ပြင်ဆင်စရာရှိတာ သွားလုပ်နေတယ်၊ မဟုတ်ဘူး... အခုဆိုရင် တပ်စခန်းဆယ့်နှစ်ခု လို့ ခေါ်ရတော့မှာပေါ့" ဖန်ချင်းယွမ်က စိတ်အားထက်သန်စွာ ပြောလိုက်သည် "ငါ မြေပုံတွေ ပြင်ထားပြီးသား။ ငါတို့ညီအစ်ကို နှစ်ယောက်တည်း အခြေအနေတွေကို ဆွေးနွေးကြမလား ဟုန်းကျဲမြစ်ကို လေးကြိမ်တိုင်တိုင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့ ပါရမီရှင်ရဲ့ အရည်အချင်းကို ငါ့မျက်စိနဲ့ မြင်ကြည့်ချင်တယ်"

"အစ်ကိုကလည်း မြှောက်ပင့်နေပြန်ပြီ၊ ကျွန်တော် ကံကောင်းလို့ပါ"

ပညာရှင်တစ်ဦးရဲ့ လမ်းညွှန်မှုနဲ့အတူ ချန်ဆန်းရှီက မြို့ထဲမှာရှိတဲ့အိမ်တော်ကြီးတစ်ခုကို ရောက်သွားပါတယ်။ အဲဒီထဲမှာ သဲပုံစံတူ စစ်တုရင်ခုံတွေနဲ့ မြေပုံတွေ အသင့်ပြင်ထားပြီးသားပါ။ သူတို့က အပိုစကားတွေ မပြောတော့ဘဲ အဓိက အကြောင်းအရာဆီ တိုက်ရိုက်သွားကြပါတယ်။

ချင်နိုင်ငံဟာ မြက်ခင်းပြင်က အုပ်စုကြီးလေးစု မညီညွတ်တဲ့အခါမှာ

ဒါရှန်အင်ပါယာပြီးရင် အင်အားအကြီးဆုံး နိုင်ငံဖြစ်ပါတယ်။ တရားဝင်

စာရင်းအရ သူတို့မှာ စစ်နတ်ဘုရားခြောက်ဦးနဲ့ စစ်သည် ခြောက်သိန်း ရှိပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က သူတို့နိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး စစ်နတ်ဘုရားသုံးဦး အသတ်ခံခဲ့ရတာကြောင့် အဆင့်မြင့် သိုင်းပညာရှင် အရေအတွက် အများကြီး လျော့နည်းသွားပါတယ်။ ဒီတစ်ခါမှာတော့ သူတို့ဟာ မင်ပြည်နယ်က ပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့ပေမဲ့ ကိုယ့်ခြေထောက်ကိုယ် ပြန်ရိုက်သလို ဖြစ်သွားခဲ့ရပါတယ်။

ဖန်ချင်းယွမ်က မြေပုံပေါ်မှာ မှတ်သားရင်း ရှင်းပြသည် "လွန်ခဲ့တဲ့ နှစ်လက တုန်းချင်းနိုင်ငံက မင်းသားထန်ဟာ စစ်သည် တစ်သိန်းရှစ်သောင်းနဲ့အတူ လိုင်ပြည်နယ်မှာ တပ်စွဲခဲ့ပေမဲ့ မုန့်ချူကျိီရဲ့ လက်ချက်နဲ့ အပြင်းအထန် ရှုံးနိမ့်ခဲ့တယ်။ စစ်သည် ခုနစ်သောင်း သေဆုံးပြီး နှစ်သောင်း အဖမ်းခံခဲ့ရတယ်"

"အခုတော့ ကျန်ရှိတဲ့ တုန်းချင်းစစ်သည် ကိုးသောင်းကလိုင်ပြည်နယ်ထဲမှာ ကွဲပြားပြီး ပိတ်မိနေကြတယ်။ အဲဒီထဲက အထူးတပ်ဖွဲ့ဝင် ငါးသောင်းကတော့ ယုံလဲ့ခရိုင်မြို့ထဲမှာ ပိတ်မိနေတာ"

ချန်ဆန်းရှီက ခေါင်းညိတ်လိုက်ရင်း"ယုံလဲ့ခရိုင်ဆိုတာ အရင် ရန်နိုင်ငံရဲ့ မြို့တော် မဟုတ်လား။ ဒါရှန်အင်ပါယာ တည်ထောင်စကတည်းက မြို့တော် လုပ်မလို့ပဲ၊ ဒါပေမဲ့ တစ်ခုခုကြောင့် ချန်အန်းကို ပြောင်းသွားခဲ့တာ။ အဲဒီမြို့က ကမ္ဘာပေါ်မှာ တိုက်ခိုက်ဖို့ အခက်ခဲဆုံး မြို့ကြီးငါးမြို့ထဲက တစ်မြို့လို့လည်း ကျော်ကြားတယ်"

"အဲဒီထဲမှာ အထူးတပ်ဖွဲ့ ငါးသောင်းနဲ့ စစ်နတ်ဘုရားတစ်ဦး ရှိနေတာဆိုတော့ အတင်းဝင်တိုက်ရင်တော့ အသေအပျောက် အများကြီး ရှိနိုင်တယ်။ အကောင်းဆုံး နည်းလမ်းကတော့ သူတို့ ရိက္ခာပြတ်တဲ့အထိ ဝိုင်းထားဖို့ပဲ။ အဲဒါ ဘယ်လောက်ကြာနိုင်မလဲ"

"ခြောက်လ"

ဖန်ချင်းယွမ်က မြို့ကို ညွှန်ပြသည် "ယုံလဲ့ခရိုင်က အရှေ့ချင်နယ်စပ်ရဲ့ အကြီးဆုံး ရိက္ခာကျီပဲ။ စစ်သည်ငါးသောင်းကို ခြောက်လစာ ကျွေးနိုင်တယ်။ ငါလည်း ညီလေးနဲ့ သဘောတူပါတယ်၊ အကောင်းဆုံး နည်းဗျူဟာက ဝိုင်းထားဖို့ပဲ။ လိုင်ပြည်နယ် ကျဆုံးသွားမှသာ ငါတို့ လင်ကျိုး ထဲကို ဝင်ပြီး ဇီဝေတောင်ကို ပြန်သိမ်းနိုင်မှာ"

"ခြောက်လဆိုတာ မရဘူး၊ အရမ်းကြာလွန်းတယ်"

ချန်ဆန်းရှီက မြေပုံရဲ့ တောင်ဘက်ပိုင်းကို ကြည့်လိုက်သည် "ဒီအတိုင်း ဆွဲထားရင် အခြေအနေက ငါတို့အတွက် မကောင်းနိုင်ဘူး။ ငါတို့ တိုက်ပွဲကို အမြန်အပြတ်တိုက်ဖို့ နည်းလမ်းရှာရမယ်။ မဟုတ်ရင် ရန်သူ့စစ်ကူတွေ ရောက်လာရင် အရင်က ကြိုးစားခဲ့သမျှတွေ အလဟဿ ဖြစ်သွားနိုင်တယ်။ အစ်ကို... ရန်သူ့စစ်တပ်ရဲ့ ဗျူဟာကို သိလား"

ဖန်ချင်းယွမ်က ဖြည်းဖြည်းချင်း ရှင်းပြသည် "ယုံလဲ့ခရိုင်ထဲမှာ ပိတ်မိနေတဲ့ ငါးသောင်းကတော့ ဝါရင့်စစ်သည်တွေပဲ။ ကျန်တဲ့ ကိုးသောင်းကတော့ ချင်နိုင်ငံရဲ့ နေရာအနှံ့က ဆွဲခေါ်လာတဲ့ အရံတပ်ဖွဲ့တွေ ဒါမှမဟုတ် ဒေသခံတပ်ဖွဲ့တွေပဲ။ ငါကိုယ်တိုင် မြင်ခဲ့တာကတော့ သူတို့မှာ အဆင့်မြင့် စစ်ဗိုလ်ချုပ်တွေ ရှိနေပေမဲ့ စစ်သည် အများစုရဲ့ စွမ်းရည်က ဒါရှန်ရဲ့ ဒုတိယတန်းစား အရံတပ်ဖွဲ့တွေ အဆင့်လောက်ပဲ ရှိတာ"

အနှစ်နှစ်ရာကျော် တည်ထောင်လာတဲ့ အင်ပါယာတစ်ခုကယိုယွင်းပျက်စီးမှုတွေ ရှိလာတာ ရှောင်လွှဲလို့ မရပါဘူး။ အဲဒီအရံတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်လိုစိတ်ဟာ မမြင့်မားနိုင်ပါဘူး၊ မဟုတ်ရင် ဒီလောက် အချိန်တိုအတွင်းမှာ အခုလို ရှုံးနိမ့်နေမှာ မဟုတ်ဘူး။

"ဒါဆိုရင်တော့"

ချန်ဆန်းရှီက စဉ်းစားလိုက်ရင်း "သူတို့ လက်နက်ချဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ အခုထိ ခုခံနေတာက တစ်ခုခု အကြောင်းပြချက် ရှိလို့ ဖြစ်ရမယ်"

"ညီလေးမှာ အစီအစဉ် ရှိနေပြီနဲ့ တူတယ်"

ဖန်ချင်းယွမ်က "မင်းမှာ ဧကရာဇ်မင်းမြတ် ပေးထားတဲ့ အနက်ရောင်

သံချပ်ကာတပ်ဖွဲ့ကို လေ့ကျင့်ဖို့ တစ်လ အချိန်ရှိတယ်။ တစ်လပြည့်ရင်တော့ လိုင်ပြည်နယ် စစ်မြေပြင်ကို တရားဝင် ဝင်ရောက်ပြီး ယုံလဲ့ခရိုင်မှာ အမိန့်ကို စောင့်ရမယ်"

အခြေအနေတွေကို ဆန်းစစ်ပြီးနောက် သူတို့ဟာ ထုံနန်ခရိုင်ရဲ့ တပ်စခန်းဆီကို သွားကြပါတယ်။ ကျန်တဲ့ လက်အောက်ငယ်သားတွေလည်း အဲဒီမှာ ရှိနေကြပါတယ်။

စစ်ရေးလေ့ကျင့်ကွင်းထဲမှာတော့ သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ ပင်လယ်ပြင်ကြီးလို ပြည့်နှက်နေပါတယ်။ ချန်ဆန်းရှီကို မြင်တာနဲ့ သူတို့အားလုံး တစ်ပြိုင်နက် ဒူးထောက် အလေးပြုကြပါတယ်။

"ဗိုလ်ချုပ်ကြီးချန်ကို ဂါရဝပြုပါတယ်—"

ချန်ဆန်းရှီဟာ စစ်သည်စာရင်းကို ယူပြီး အမြန်ပဲ လေ့လာလိုက်ပါတယ်။ တပ်ရင်းမှူး သုံးဦးစလုံးဟာ ဟွာကျင်းအထွတ်အထိပ် အဆင့်ကို ရောက်နေပြီး မဟာသွေးကြောအဆင့်ကို တက်လှမ်းဖို့ နီးစပ်နေတဲ့ အဆင့်မြင့် သိုင်းပညာရှင်တွေ ဖြစ်ကြပါတယ်။ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ဆိုတဲ့ အမည်နဲ့ လိုက်ဖက်တဲ့ အထူးတပ်ဖွဲ့ဝင်တွေပါပဲ။

မင်းသား ချောင်ဖန်တို့ကတော့ တခြား စစ်ရေးလေ့ကျင့်ကွင်းမှာ ရှိနေကြပါတယ်။ အဲဒီမှာတော့ အိမ်ရှေ့မင်းသားရဲ့ ယုံကြည်ရတဲ့ အထူးတပ်ဖွဲ့ဝင် ငါးထောင်ရှိနေပြီး၊ သူတို့ကို နက်နဲပုံရိပ်အဆင့်ရှိတဲ့ စစ်ဗိုလ်ချုပ် နှစ်ဦးဖြစ်တဲ့ ရွှေချုံယီ နဲ့ ရှာဝမ်လုံတို့က ဦးဆောင်နေပါတယ်။

ဒါ့အပြင် အဓိက စစ်မျက်နှာပြင်မှာတော့ စစ်နတ်ဘုရားဖန်ထျန်းဖား ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဝင် နှစ်သောင်းကလည်း မုန့်ချူကျိီနဲ့ ပူးပေါင်းပြီး ယုံလဲ့ခရိုင်ကို တိုက်ခိုက်ဖို့ ရောက်ရှိနေသလို၊ တိတ်တဆိတ် လိုက်ပါလာတဲ့ ပေထျန်းနန်လည်း အဲဒီမှာ ရှိနေပါတယ်။

All Chapters