← Chapters

ပြင်းအားမြင့် ရေသေနတ်

Vol. 7 Ch. 98

ပြင်းအားမြင့် ရေသေနတ်

Vol. 7 Ch. 98

လောင်တုန်းမန် စားသောက်ဆိုင်သည်  တက္ကသိုလ်ကျောင်းအနီးရှိ နာမည်ကြီး စားသောက်ဆိုင်များထဲမှ တစ်ခု ဖြစ်လေသည်။

၎င်းသည် နှစ်ရာချီ သက်တမ်းရှိသောဆိုင်ဟု ဆိုရပေမည်။ အရသာက စွဲမက်ဖွယ် ကောင်းပြီး အစား အသောက်များက လတ်ဆတ်သည်။  ဒေသခံအတွင်း၌ နာမည်ကျော်ပြီး နေ့တိုင်း စားသုံးသူများနှင့် ပြည့်နှက်လျက် ရှိသည်။

ကျောင်းနှင့် နီးသောကြောင့် သုံးယောက်သား လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

ရဲ့လင်းချန်က လီမူရွှယ်နှင့် ဟွမ်ရှောင်မန်တို့၏ အနောက်မှ လိုက်လာ သည်။ တဖြည်းဖြည်းနှင့် သူ့အမူအရာက ထူးဆန်းစ ပြုလာသည်။

လမ်းတစ်လျှောက်တွင် ဟွမ်ရှောင်မန်က လီမူရွှယ်ကို တစ်ချိန်လုံး ဖက်နေပြီး လီမူရွှယ်နှင့် အနီးဆုံးဖြစ်အောင် ကပ်တွယ်နေသည်။ လီမူရွှယ်ကို သူမ ကြည့်သည့် အကြည့်ကလည်း ထူးဆန်းပြီး သူမ သုံးသော စကားများက ပရောပရည် နိုင်လှသည်။

လီမူရွှယ်၏ မျက်နှာအမူအရာက အနည်းငယ် ပုံမှန်မဟုတ်သော်လည်း ဘာမှမပြောချေ။

*ဒီမိန်းကလေးနှစ်ယောက်ကတော့ တစ်ခုခု မှားနေပြီ၊ တစ်ခုခုတော့ မှားလွန်းနေပြီ …*

ရဲ့လင်းချန်သည် သူတို့အနောက်မှ လိုက်လာပြီး နှစ်ယောက်လုံးကို စုံချည်ဆန်ချည် ကြည့်နေသည်။

*ဟွမ်ရှောင်မန်က လီမူရွှယ်ထက် အငြိုးကြီးနေတာ အံ့ဩစရာ မရှိတော့ဘူးပဲ၊ ကြည့်ရတာ သူက လီမူရွှယ်ကို သူ့အမျိုးသမီးလို့ တွေးနေတာလား မသိဘူး*

လီမူရွှယ်သည် တက္ကသိုလ်၌ နာမည်အကြီးဆုံး မိန်းကလေး ဖြစ်သည်။ ဤသတင်းသာ ပျံ့သွားပါက လူငယ် ကျောင်းသား ဘယ်လောက်များများ ရူးသွားမလဲ မသိနိုင်ပါ။

*ရူးချင်စရာပဲ၊ ငါသာ စောစောစီးစီး သိခဲ့ရင် တတိယလူအနေနဲ့ လိုက်မလာပါဘူး*

သူတို့သုံးယောက်သည် ပြတင်းပေါက်နားက စားပွဲတစ်လုံးကို တွေ့ပြီး ထိုနေရာ၌ ထိုင်လိုက်ကြသည်။ အားလုံး တိတ်ဆိတ်နေ၏။

ရဲ့လင်းချန်က မိန်းကလေးနှစ်ယောက်ကို မသင်္ကာသလို ကြည့်ပြီး ပြောစရာ စကားမဲ့နေ၏။

ဟွမ်ရှောင်မန်ကမူ ဘေးဘီကိုကြည့်ရင်း အလုပ်များနေသည်။ ရဲ့လင်းချန်ကို သူမ ကြည့်သည့် အကြည့်ကလည်း သူမတွင် မကောင်း သော အကြံများ ရှိနေကြောင်း သိသာစေသည်။

*ဟဲယွမ်က ဘာလို့ မရောက်သေးတာလဲ၊ မဟုတ်မှလွဲရော သူ ရဲ့လင်းချန်ကို ကြောက်ပြီး နောက်ဆုတ် သွားတာလား*

နောက်ဆုံးတွင် လီမူရွှယ်က တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ရဲ့လင်းချန်အား မီနူးစာအုပ် ပေးလိုက်သည်။

“ရဲ့လင်းချန် ဒီမှာ မီနူး၊ တစ်ချက်ကြည့်ပြီး နင် ဘာစားချင်လဲ ရွေးလေ”

“ဟင် … အင်း …”

ရဲ့လင်းချန်၌ သီးသန့် စားချင်သောအရာ မရှိသဖြင့် ဟင်းပွဲအချို့ကိုသာ ကြည့်၍ မှာလိုက်သည်။

ထိုအခိုက်တွင် လောင်တုန်းမန်၏ ထောင့်တစ်နေရာ၌ ဟဲယွမ်က အခြားလူ သုံးယောက်နှင့်အတူ ထောင့်၌ ပုန်း၍ ထို်ငနေသည်။ သူတို့၏ အကြည့်များက ရဲ့လင်းချန်ဘက်သို့ အဆက်မပြတ် ကျ ရောက် နေ၏။

သုံးယောက်လုံးသည် ခန္ဓာကိုယ် ထွားကြိုင်းကြံ့ခိုင်သူများ ဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့် သူတို့က အားကစား သမားများ ဖြစ်ကြောင်း ပြောနိုင်ပေသည်။

သူတို့အားလုံးသည် အားကစားဌာနမှ ဖြစ်ပြီး ဘတ်စကတ်ဘော ပြိုင်ပွဲ၌ ပါကြသူများ ဖြစ်သည်။ သူတို့သည် ရဲ့လင်းချန်ထံ၌ မျက်ရည်ကျလုနီးပါး အရှက်ခွဲခံခဲ့ရသည်။

“အစ်ကိုယွမ် ကျွန်တော်တို့ ဘယ်အချိန် လှုပ်ရှားမှာလဲ”

တကျွမ်းက စိတ်မရှည်စွာ မေးလာသည်။

“ကျွန်တော် မွေးကတည်းက ဒီလောက် ဆိုးဆိုးရွားရွား အရှက်ခွဲ မခံရဖူးဘူး၊ ကျွန်တော် လက်စားချေမှ ဖြစ်မယ်”

“ဟုတ်တယ် အစ်ကိုယွမ်၊ ကျွန်တော်တို့ အားကစားဌာနက ဘယ်တုန်း က ဒီလို အရှက်ခွဲခံလို့လဲ၊ အစ်ကိုယွမ်တော့ မသိပင်မယ့် ကျွန်တော် ပြိုင်ကွင်းထဲမှာ ငိုမိလုနီးပါး ဖြစ်ခဲ့တာ”

“အစ်ကိုယွမ်၊ ခင်ဗျားရဲ့ သွင်းချက်တွေကို သူ တားခဲ့တာနဲ့တင် ဆိုးနေပြီ၊ အခု သူက ခင်ဗျားခေါင်းပေါင် ဦးထုပ်စိမ်းပါ ဆောင်းပေး နေပြီ၊ ဒါကိုမှ စည်းကျော်တယ်လို့ မခေါ်ရင် ဘာကို ခေါ်မလဲ မသိ တော့ဘူး”

“ပါးစပ်ပိတ်ထား”

ဟဲယွမ် ငေါက်ငမ်းလိုက်သည်။ သူ့အမူအရာက ရှုံ့မဲ့နေ၏။

“မင်းတို့အားလုံး ဘာမှသုံးစားမရဘူး၊ ငါလည်း လှုပ်ရှားချင်တာပဲ၊ ပြဿနာက ငါတို့က သူနဲ့ ယှဉ်လို့မရဘူး”

“သူက သိုင်းပညာရှင်ကိုတောင် အနိုင်ယူဖူးတာ၊ ငါတို့လောက်နဲ့က သူ့ အတွက် သွေးပူရုံတောင် မဖြစ်ဘူး၊ သူ့ကို သင်ခန်းစာပေးမယ်ဆို ငါတို့ ဉာဏ်သုံးဖို့လိုတယ်”

“အစ်ကိုယွမ်က တော်လိုက်တာ၊ တော်တော် တွေးတတ်တာပဲ၊ ခင်ဗျား က ဉာဏ်ကောင်းလွန်းတယ်”

တကျွမ်းက လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။

“အစ်ကိုယွမ် ဘယ်လိုဉာဏ်သုံးပြီး လုပ်မှာလဲ၊ ခင်ဗျား အကြံထုတ် ထားပြီးပြီ မဟုတ်လား”

“မင်းတို့တွေ ကျောင်းတွင်းရုပ်ရှင်တွေ ကြည်ဖူးတယ် မဟုတ်လား၊ ငါ ကောင်းတဲ့ဟာလေးတစ်ခု တမင် ယူလာတယ်၊ ကြည့်လိုက်”

ဟဲယွမ်က နားမလည်နိုင်သော ရယ်နည်းမျိုးနှင့်ရယ်၍ သားရေအိတ် တစ်ခုကို ထုတ်လိုက်သည်။

“ငါတို့ သူ အာရုံမစိုက်မိတဲ့အချိန်မှာ သူ့ခေါင်းပေါ်ကို ဒီအိတ် စွပ်ဖို့ပဲ လိုတယ်၊ ဒါနဲ့ဆို သူ့ကွန်ဖူးလည်း အသုံးမဝင်ဘူး၊ ငါတို့ သူ့ကို စိတ်ကြိုက် ဆော်ပလော် တီးလို့ရပြီ”

“ကောင်းလိုက်တဲ့အကြံပဲ အစ်ကိုယွမ်၊ ဟားဟားဟား ကျွန်တော် မစောင့်နိုင်တော့ဘူး”

“ချီးပဲ ဒီနာမည်ကျော် သားရေအိတ်က ဘာမှကို မမြင်ရစေတာပဲ၊ ဒီနေ့ ငါ့အတွက် အမြင်သစ်တစ်ခု ရတဲ့နေ့ပဲ”

“အစ်ကိုယွမ်နောက်ကို လိုက်တာက အကြံကောင်းပဲလို့ ကျွန်တော် သိနေတယ်လေ၊ ကျွန်တော်တို့ ဒါကို ဘယ်အချိန် လုပ်မှာလဲ”

“စိတ်ရှည်ရှည်ထား ငါတို့ သူ့ကို အပြတ်လုပ်နိုင်ဖို့ အခွင့်အရေး ရှာဖို့ပဲ လိုတာ ဟားဟားဟား …”

ဟဲယွမ် စိတ်ကျေနပ်နေ၏။

“ဟုတ်ကဲ့ ကျွန်တော်တို့ အစ်ကိုယွမ်ရဲ့ အမိန့်ကို နာခံပါ့မယ်”

စားသောက်နေချိန်တွင် ရဲ့လင်းချန်က လီမူရွှယ်ထံ ဟင်းထည့် ပေးနေသော ဟွမ်ရှောင်မန်ကို ကြည့်နေမိသည်။ သူ ကြက်သီး တဖြန်းဖြန်း ထကာ စိုးရိမ်နေ၏။

*ဟီးဟီး ငါ ပြောရင်တော့ ယုံမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့ရှေ့မှာ ထိုင်နေတဲ့ မိန်းကလေး နှစ်ယောက်က သူတို့ ချစ်ခင်မှုတွေကို ပေါ်တင်ကြီး ပြနေတာပဲ*

ရဲ့လင်းချန်သည် သူ့ဟင်းကို မြန်မြန်စားပြီး ဤဒုက္ခများသော အခြေ အနေမှ မြန်မြန် လွတ်ချင်နေ၏။

“ငါ … ငါ သန့်စင်ခန်း သွားလိုက်ဦးမယ်”

ရဲ့လင်းချန် ထရပ်ကာ သန့်စင်ခန်းဘက်သို့ ထွက်သွားသည်။

“အစ်ကိုယွမ် အဲ့ကောင် သန့်စင်ခန်းကို သွားနေပြီ”

ဟဲယွမ်နှင့် သူ့လူများက ချက်ချင်း အားတက်သရော ဖြစ်လာပြီး မျက်လုံးများ အရောင်တောက်လာသည်။

“သွားမယ်၊ လက်စားချေဖို့ အချိန်တန်ပြီ”

လေးယောက်သား လက်များကိုပွတ်၍ ရဲ့လင်းချန်၏ အနောက်မှနေ၍ သန့်စင်ခန်းသို့ လိုက်သွားကြသည်။

ဟဲယွမ်က သန့်စင်ခန်းတံခါးရှေ့၌ ရပ်လိုက်ပြီး နားကပ်၍ သေချာ နားထောင်နေသည်။

“အစ်ကိုယွမ် ကျွန်တော်တို့ ဘာကိုစောင့်နေတာလဲ”

တကျွမ်းက အလောတကြီး ဖြစ်နေသည်။

“ရှူး”

ဟဲယွမ်က သတိအနေအထားနှင့် ခပ်တိုးတိုး ပြောသည်။

“ငါတို့ သူ သေးပေါက်ပြီးတဲ့အထိ စောင့်ကြမယ်၊ အဲ့လိုဆို ပိုအန္တရာယ် မကင်းဘူးလား”

“တော်လိုက်တာ၊ ဉာဏ်ရှိတဲ့ အပြုအမူပဲ”

တကျွမ်းနှင့် ကျန်နှစ်ယောက်က ရယ်၍ ဟဲယွမ်ကို လက်မထောင် ပြသည်။ တစ်ခဏကြာသော် ဟဲယွမ်က အချက်ပေးလိုက်သည်။

“အချိန်ကျပြီ၊ အထဲဝင်မယ်”

ဟွမ်ရှောင်မန်ကလည်း အခြေအနေကို သတိထားမိသည်။ သူမ၏ မျက်လုံးများက အရောင်လက်လာပြီး စိတ်လှုပ်ရှားသလို သိလည်း သိချင်စိတ် ဝင်နေ၏။

“အစ်မ မူရွှယ်၊ ပွဲစတော့မယ်”

သူမက လက်နှစ်ဖက်ကိုပွတ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ပွဲ ဘာပွဲလဲ”

လီမူရွှယ် အံ့ဩသွားသည်။

“ဟားဟားဟား ဟဲယွမ်က ရဲ့လင်းချန်နောက်လိုက်ပြီး သန့်စင်ခန်းထဲ ဝင်သွားတယ်လေ”

ဟွမ်ရှောင်မန်၏ စိတ်လှုပ်ရှားမှုက ထိန်းမရတော့ချေ။

“မြန်မြန်လေး သွားကြည့်ရအောင်”

“ဟဲယွမ်လား သူက ဒီကို ဘာလာလုပ်တာလဲ”

လီမူရွှယ် မျက်မှောင်ကြုတ်သွားသည်။

“တိုက်ဆိုင်တာ နေမှာပေါ့”

ဟွမ်ရှောင်မန် အကြည့်လွှဲလိုက်၏။

“ဟဲယွမ်က သေချာပေါက် ရဲ့လင်းချန်ကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး၊ သူတို့ သန့်စင်ခန်းထဲမှာ ချကြမှာ သေချာတယ်၊ ဒါ လွတ်လို့မဖြစ်တဲ့ ပွဲပဲ”

“နင် ယောက်ျားလေး သန့်စင်ခန်းထဲသွားဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူး မလား”

လီမူရွှယ် မှင်တက်နေသည်။

“ဘာဖြစ်လို့လဲ၊ ငါ စောစောကတည်းက သေချာကြည့်နေတာ၊ သန့်စင်ခန်းထဲ ဘယ်သူမှမဝင်တာ နာရီဝက်လောက် ရှိနေပြီ”

“နင် ဘာလို့ အဲ့လိုအရာမျိုးကို အာရုံစိုက်နေတာလဲ”

လီမူရွှယ် ထိတ်လန့်သွားသည်။

“အိုက်ယား အဲ့ဒါက အရေးမကြီးဘူးလေ၊ အရေးကြီးက ငါတို့ မြန်မြန် သွားဖို့ပဲ”

ဟွမ်ရှောင်မန်က စိတ်အားထက်သန်စွာ ပြောလေသည်။

“ရဲ့လင်းချန်က အရိုက်ခံရတော့မှာလေ၊ နင် အဲ့ဒါကို မကြည့်ချင် ဘူးလား”

“ကောင်းပြီလေ”

လီမူရွှယ်က မတူသော အတွေးမျိုး ရှိသည်။ ဤအရာအားလုံးက သူမ ကြောင့် ဖြစ်လာခြင်းပင်။ ထိုရန်ပွဲအား မဖြစ်အောင် သူမ တားဆီး သင့်သည်။

လောင်ကုန်းမန် စားသောက်ဆိုင်အတွင်း၌ မိန်းကလေး နှစ်ယောက်က အမျိုးသား သန့်စင်ခန်းနားသို့ သတိထား၍ တိုးကပ်နေ၏။

ရဲ့လင်းချန်သည် ဇစ်ဖြတ်၍ အေးအေးလူလူ ရေထုတ်နေ၏။ သူသည် အောက်ကိုငုံ့၍ ရေပန်းကို ကြည့်လိုက်သည်။

သူ၏ အတိုက်အခိုက်ခွန်အား တိုးလာခြင်းအပြင် သိုင်းပညာက သူ့အား အခြားသော အကျိုးအမြတ်များလည်း ဖြစ်စေသည်။ သူ၏ လက်ရှိ စွမ်းရည်အရ အဝေးမှလှမ်း၍ ကျင်ငယ်စွန့်ခြင်း ပြိုင်ပွဲပင် ဝင်လို့ ရနေလောက်သည်။

ရဲ့လင်းချန်သည် ထိုအတွေးနဲ့တင် ကျေနပ်သွားပြီး လေချွန်လိုက်သည်။

*ဒီကောင်က ဒီလိုအချိန်မျိုးမှာတောင် လေချွန်နေတာလား*

ဟဲယွမ်နှင့် ကျန်သုံးယောက်က အထဲသို့ ခိုးဝင်လာပြီး ရဲ့လင်းချန်၏ နောက်ကျောကို သေချာ ကြည့်နေကြသည်။ လက်ထဲ၌ သားရေအိတ် ကိုကိုင်၍ တဖြည်းဖြည်း အနားသို့ ချဉ်းကပ်သွားနေ၏။

သူတို့ အနားသို့ ကပ်သွားလေလေ သူတို့မျက်နှာပေါ်မှ စဉ်းလဲ ကောက်ကျစ် သော အပြုံးက ပိုပီပြင်လာလေပင်။

ယခုလိုအချိန်၌ ယောက်ျားသားတစ်ယောက်သည် ကြောက်လန့် သွားပါက စိတ်ရောဂါပင် ဖြစ်သွားလောက်သည်။ ထို့အပြင် သူတို့က သူ့ကို ဝိုင်း၍ ထိုးနှက်မည် ဖြစ်သောကြောင့် နောင်ဆို သူ သေးပေါက် ချိန်တိုင်း ကြောက်နေ လောက်လေသည်။

ရဲ့လင်းချန်သည် ဆီးသွားခွက်၏ ရောင်ပြန်မှုမှနေ၍ အနောက်မှ အခြေအနေကို သတိထားမိနေတာ ကြာနေလေပြီ။ ပုံရိပ်များက အနားသို့ နီးလာသည်နှင့် သူ နောက်သို့ ရုတ်တရက် လှည့်လိုက်သည်။

“ဝှီး”

ပြင်းအားမြင့် ရေသေနတ်က မီးသတ်ပိုက်သဖွယ် ရေများ ပန်းထွက် နေပြီး အားပါးတရ ပြုံးနေသော လူလေးယောက်ပေါ် ရေများ ဖြန်းပက် လာ၏။

*ယီးပဲ*

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် လေးယောက် သား မှင်တက်သွားပြီး ဘာလုပ်ရမှန်း မသိဖြစ်ကာ ချက်ချင်း နောက်ဆုတ် လိုက်သည်။

သို့သော် ဤရေသေနတ်၏ ပြင်းအားနှင့် အကွာအဝေးက သာမန်ထက် ကျော်လွန်နေသည်။ ၎င်းက သူတို့လေးယောက်နားသို့ နီးကပ်စွာ ကျရောက်လာသည်။ ရေစက်များက သူတို့ပေါ် အဆက်မပြတ် ကျနေပြီး မျက်နှာ ပေကျံနေသည်ကို ခံစားမိသည်။ ပိုဆိုးသည်မှာ သူတို့သည် အံ့ဩစိတ်ကြောင့် ပါးစပ် အနည်းငယ် ဟနေသဖြင့် ရေစက်များက သူတို့ပါးစပ်ထဲ ဝင်သွားသည်။

ပြင်းထန်၍ အားပြင်းသော ရေသေနတ်နှင့် ရင်ဆိုင်ရသောအခါ သူတို့ လေးယောက်သည် ကူကယ်ရာမဲ့စွာဖြင့် ထောင့်ဘက်သို့ ဒဏ်ရာရ နေသော သိုးပေါက်များသဖွယ် အလန့်တကြား ကပ်သွားကြသည်။

တစ်ချိန်တည်းမှာပင် သန့်စင်ခန်းတံခါးက ပွင့်လာသည်။ အပြင်ဘက် မှနေ၍ သိချင်နေသော ခေါင်းလေးနှစ်လုံးက အထဲသို့ ပြူဝင် လာပြီး စူးစမ်းစွာ ချောင်းကြည့်လာ၏။ ထိုသို့ ချောင်းကြည့်လိုက်သောအခါ ထိတ်လန့် စိတ်ကြောင့် မျက်လုံးများ ပြူးကျယ်ကုန်သည်။

All Chapters