ချူဆီ၏ အရည်အချင်းများ
Vol. 7 Ch. 99
“အား…”
လီမူရွှယ်နှင့် ဟွမ်ရှောင်မန်တို့ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ နှစ်ယောက်တွင် အလွန် မတူညီသော တုံ့ပြန်မှု ရှိသည်။
လီမူရွယ်က မျက်လုံးကိုအုပ်၍ အပြင်ဘက်သို့ ဆုတ်နေသော်လည်း ဟွမ်ရှောင်မန်ကမူက ပါးစပ်ကို လက်ဖြင့် အုပ်ကာ မျက်လုံးများ ပြူးကျယ်နေသည်။
သူတို့သည် သန့်စင်ခန်းအတွင်း၌ ရန်ပွဲကို ချောင်းကြည့်ရမည်ဟု ထင်ထားသော်လည်း ယဲ့ဖန်က ဟဲယွမ်နှင့် သူ့လူများကို ထောင့်ကပ် သွားအောင် ပညာပြလိမ့်မည်ဟု ထင်မထားမိပါ။
သူတို့၏ မျက်လုံးများသည် မကြည့်ချင်သော်လည်း ဘာဖြစ်နေသလဲ အနီးကပ် မြင်လိုက်ရသောကြောင့် အံ့ဩသွားကြသည်။ ထိုပုံရိပ်က သူတို့အတွေးထဲ စွဲထင်သွားသည်။
*ဒါကြီးက အရမ်း နှာဘူးကျရာ ရောက်ပါတယ်*
လီမူရွှယ်သည် ပြိုလဲလုနီးပါး ဖြစ်နေကာ ထိုပုံရိပ်ကို ခေါင်းထဲမှ မထုတ်နိုင် ဖြစ်နေသည်။ သူမ ဆက်တိုက် ခေါင်းခါနေပြီး မျက်ရည်ကျ လုနီးပါး ဖြစ်နေ၏။
တစ်ချိန်တည်းမှာပင် သူမသည် ပျော်နေပုံရသော ဟွမ်ရှောင်မန် ကိုလည်း ဆွဲထုတ်နေ၏။
“အား … ရဲ့လင်းချန် သေနာကောင်၊ သူက အဲ့လို ရွံစရာကောင်းတဲ့ အရာကို ထုတ်နိုင်ရတာလဲ”
လီမူရွယ်သည် လက်နှစ်ဖက်ဖြင့် ခေါင်းကို ကိုင်၍ ရူးမတတ် ဖြစ်နေသည်။
“ငါ့မျက်လုံးတွေ ကန်းတော့မှာပဲ”
ရဲ့လင်းချန်က သူမ၏ ပြေးမလွတ်သော ကျိန်စာမှန်း သတိထား လိုက်မိသည်။ သူနှင့် စတွေ့ကတည်းက သူမ၏ ပထမဆုံးအနမ်း ပါသွားပြီး၊ သူမနာမည် ပျက်ယွင်းရကာ ယခု သူမမျက်လုံးများလည်း ညစ်ထေး ရပြန်သည်။
“အစ်မမူရွှယ်၊ အဲ့ဒါက ယောက်ျားလေး သန့်စင်ခန်းလေ၊ ရဲ့လင်းချန်က သေးပေါက်ဖို့ အဲ့ဒါကို ထုတ်တာပေါ့၊ ကျွန်မတို့က သွားချောင်း ကြည့်မိတာသွားချောင်းကြည့်မိတာလေ”
ဟွမ်ရှောင်မန်က ဘက်မလိုက်သော အတွေးဖြင့် သူမစကားကို အမှန် ပြင်လာ၏။
“ရဲ့လင်းချန်က ကျွန်မတို့ဆီမှာ အမြင်ခံလိုက်ရတာလေ၊ သူ ရှုံးတာပေါ့”
လီမူရွှယ်က သဘောတူလိုက်ပြီးနောက် တစ်ခဏမျှ တွေးတာကာ ဟွမ်ရှောင်မန်အား မကျေနပ်သော အမူအရာနှင့် ကြည့်လိုက်သည်။
“နင် ငါ့ကို ဆွဲခေါ်သွားတာလေ”
“အိုက်ယား အစ်မမူရွှယ်ကလည်း အဲ့ဒါ မြင်လိုက်လို့ ဗိုက်ကြီး သွားမှာလဲ မဟုတ်ဘူး၊ ကျွန်မတို့ ဗဟုသုတ အသစ် ရတာပေါ့”
ဟွမ်ရှောင်မန်က အေးအေးလူလူ ပြန်ပြောသည်။
*အဲ့ဟဲယွမ်က အသုံးမကျလိုက်တာ၊ သူ ရဲ့လင်းချန်ကို သင်ခန်းစာ ပေးနိုင်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ၊ သူက သင်ခန်းစာ ပေးမဲ့အစား ဟိုရေပန်းကြောင့် ချောင်တောင် ကပ်သွားသေးတယ်၊ အသုံးမကျ လိုက်တဲ့ကောင်*
ဟွမ်ရှောင်မန်နှင့် လီဟွမ်ဟွမ်တို့၏ အော်သံက ရဲ့လင်းချန်ကို ကြောက်လန့် သွားစေသည်။
*သန့်စင်ခန်းထဲမှာ ပုန်းနေတဲ့ မိန်းကလေးတွေ ရှိတာလား*
*ငါ့ရဲ့ စွမ်းအားကြီးတဲ့ အရာကြောင့် သူတို့ ထိတ်လန့် သွားတာနဲ့ တူတယ်၊ ငါ သိုသိုသိပ်သိပ် နေမှရမယ်၊ သိုသို သိပ်သိပ် နေရမယ်*
သူ ဘောင်းဘီကို ခပ်မြန်မြန် ဇစ်ပြန်တပ်၍ ထွက်သွားရန် ပြင်လိုက် သည်။
“အဲ့မှာ ရပ်နေစမ်း”
ဟဲယွမ် အော်လိုက်သည်။ သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုနေပြီး အရည်များက သူ့မျက်နှာပေါ်မှ စီးကျလျက် ရှိသည်။ သို့သော် သူ့မျက်နှာ၌ မာန အနည်းငယ် ကျန်ရှိနေသေးပြီး ရဲ့လင်းချန်အား စူးစိုက်ကြည့်သည်။
“မင်း အဲ့လို လွယ်လွယ်နဲ့ ထွက်သွားလို့ရမယ်လို့ ထင်နေလား”
“ဘာလဲ မင်းက ထပ်လိုချင်သေးတာလား”
ရဲ့လင်းချန်က သူ့ဘောင်းဘီဇစ်ကို ပြန်ဖြုတ်ရန် ပြင်လိုက်သည်။
ဟဲယွမ်နှင့် သူ့အဖွဲ့က ချက်ချင်း မျက်နှာဖြူရော်သွားပြီး အနောက်သို့ ခပ်သုတ်သုတ် ဆုတ်သွားကြသည်။ ယဲ့ဖန်၏ လက်နက်ကြောင့် စိတ်ဒဏ်ရာရသွားမှန်း သိသာလှသည်။
ရဲ့လင်းချန်သည် သူတို့ကို တစ်ချက်ကြည့်ပြီးနောက် သန့်စင်ခန်းထဲမှ ထွက်လာလိုက်သည်။ သူ့ခုံသို့ ပြန်ထိုင်လိုက် ပြီးနောက် လီမူရွှယ်၏ မျက်နှာက သံပူတမျှ နီရဲနေကာ မီးခိုးပင် ထွက်လုနီးပါး ဖြစ်နေသည်ကို သတိထား မိသွားသည်။
သူမက အဝေးကိုကြည့်နေပြီး ရဲ့လင်းချန်နှင့် မျက်လုံးချင်း မဆုံမိ အောင် ကြိုးစား၍ ရှောင်နေ၏။
“မင်း အဆင်ပြေရဲ့လား”
ရဲ့လင်းချန် စိုးရိမ်၍ မေးလိုက်သည်. သူ၏ ဆေးပညာက ကောင်းမွန်ပြီး လီမူရွှယ်၏ ပုံစံက ဖျားနေပုံနှင့်လည်း မတူချေ။
“ငါ … ငါ အဆင်ပြေပါတယ်”
လီမူရွှယ်က ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။
“ဒါဆို ပြီးတာပါပဲ၊ ဪ ဒါနဲ့ မင်းတို့ ခုနက မိန်းကလေးတစ်ချို့ အော်လိုက်သံကို ကြားလိုက်သေးလား”
ရဲ့လင်းချန် ထပ်မေးလိုက်သည်။ လီမူရွှယ်နှင့် ဟွမ်ရှောင်မန်တို့ မှင်တက် သွားပြီးမှ အသည်းအသန် ခေါင်းခါ၍ ငြင်းလိုက်သည်။
“ကလင် …”
ရဲ့လင်းချန် ထပ်မေးချင်နေသောအချိန်၌ သူ့ဖုန်းက မြည်လာသည်။ ဖုန်းခေါ်သူကို ကြည့်လိုက်သောအခါ လင်းရှို့ရွှယ် ဖြစ်နေ၏။ ရဲ့လင်းချန် ဖုန်းကောက်ကိုင်၍ ဖြေလိုက်သည်။
“ဟဲလို မိန်းကလေးလင်း”
“မဟာဆရာသခင်ရဲ့ ကျွန်မ ရှင့်တက္ကသိုလ်နား ရောက်တော့မယ်၊ ရှင် ဘယ်မှာလဲ”
သူ အဘိုးလင်း၏ ရောဂါကို ကုရန် ယနေ့ ချိန်းဆိုထားသော်လည်း လင်းရှို့ရွှယ်ကိုယ်တိုင် သူ့ကို လာခေါ် လိမ့်မည်ဟု သူ ထင်မထားမိပါ။
“ငါ အခု လောင်တုန်းမန်မှာ၊ မင်း တန်းပြီး လာခေါ်လို့ရတယ်”
မကြာခင်မှာပင် အနီရောင် Porsche တစ်စီးက ဝူးခနဲ ရောက်လာပြီး ဆိုင်ရှေ့၌ ရပ်လာ၏။
လင်းရှို့ရွှယ်သည် ပါးလျသော အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဖြူစင်ဝင်းမွတ်သော ခြေထောက်တို့ကို အထင်းသား မြင်နေရကာ Prosche ဘေး၌ ရပ်နေသည်။
အကောင်းစားကားနှင့် မိန်းမလှလေးတို့အပြင် လင်းရှို့ရွှယ်၏ ကြော့မောသော အရှိန်အဝါတို့ကို ပေါင်းစပ်လိုက် သောအခါ သူမဘေးပတ်လည်မှ အကြည့်များစွာကို ဆွဲဆောင်သွားလေသည်။
“ငါ့မိတ်ဆွေ ရောက်လာပြီ၊ မင်းတို့ ဆက်စားလိုက်ကြပါ၊ ငါ သွားတော့ မယ်”
ရဲ့လင်းချန်သည် ထရပ်လိုက်ပြီးနောက် သူတို့ကို နှုတ်ဆက်ကာ အပြင်သို့ ထွက်သွားသည်။
ရဲ့လင်းချန် ဦးတည်နေသည့် ဘက်ကို လိုက်ကြည့်ပြီး ဟွမ်ရှောင်မန်နှင့် လီမူရွှယ်တို့ မျက်လုံးကျွတ်ကျမတ် ပြူးကျယ်ကာ ပါးစပ် အဟောင်းသား ဖြစ်လာကြသည်။
“သေစမ်း၊ အဲ့ကောင်က ဟိုကောင်မလေးကို ဖွန်ကြောင်ဖို့ ကြိုးစားနေ တာလို့တော့ မပြောနဲ့တော့၊ သူ့တဏှာက ထိန်းမရတော့ဘူးလား”
ဟွမ်ရှောင်မန်က တအံ့တဩ ပြောလေသည်။
“သူ အဲ့ကောင်မလေးဆီကနေ ပါးချခံရမယ်လို့ နင် ထင်လား”
သို့သော် ပို၍ အံ့ဩစရာကောင်းသော အဖြစ်က ဆက်လက် ဖြစ်ပေါ် လာ၏။ ရဲ့လင်းချန်က ထိုကောင်မလေးနှင့် ပျော်ပျော်ရွှင်ရွှင် စကား ပြော ပြီးနောက် ကားပေါ် တက်သွားသည်။
“ဒါ … ဒါ … ဒါ …”
ဟွမ်ရှောင်မန်သည် နားဝေတိမ်တောင် ဖြစ်နေပြီး ချက်ချင်း လေသံ ပြောင်းသွားသည်။
“ချူဆီ၊ ခွေးကောင်၊ မျိုးမစစ်ကောင်၊ သူက သကြားဘေဘီပဲ”
လီမူရွှယ်က ချောင်းဟန်၍ သတိပေးလိုက်သည်။
“ရှောင်မန် မဟုတ်တမ်းတရားတွေ မပြောနဲ့”
“ဒါပေမဲ့ ငါတို့မျက်လုံးနဲ့ သေချာ မြင်လိုက်တာလေ၊ သူက ဆင်းရဲသား ပဲကို၊ သူ သကြားဘေဘီ ဖြစ်တာကလွဲရင် အခြား ဘာရှိသေးလို့လဲ”
ဟွမ်ရှောင်မန် အံကြိတ်လိုက်သည်။
“ဟိုကောင်မလေးကိုလည်း ကြည့်ဦး၊ သားရေကိုယ်ကျပ် ဝတ်စုံကို ဝတ်ထားတာလေ၊ ဒါ သိသာနေပြီ မဟုတ်ဘူးလား၊ သူက ချူဆီမဟုတ်ရင် ဘာလဲ ငါ မပြောတတ်တော့ဘူး”
သူမသည် တစ်ခဏမျှ ငြိမ်နေပြီးနောက် လေသံ ပြောင်းသွားသည်။
“အစ်မ မူရွှယ်သိလား၊ သူက အလားအလာတော့ ကောင်းတယ်၊ သူ့ရဲ့ ကြည့်ကောင်းတဲ့ရုပ်ကို ဖယ်ထားရင်တောင် အတိုက်အခိုက်နဲ့ ဘတ်စကတ်ဘောလည်း တော်တယ်ဆိုတော့ သူ့ခန္ဓာကိုယ်က ထိပ်တန်း အခြေအနေပဲ ဖြစ်ရမယ်၊ ပိုပြီး အရေးကြီးတာက ခုနက မြင်လိုက်တယ် မဟုတ်လား၊ သူ့ရဲ့ ဟိုဟာကြီးက ကြွားချင်စရာ ကောင်းတဲ့ ဟာပဲလေ”
“တော်ပြီ ထပ်မပြောနဲ့တော့”
ဟွမ်ရှောင်မန်၏ စကား ပိုပို၍ ရဲတင်းလာသောကြောင့် လီမူရွှယ်၏ အတွေးထဲ၌ ထိုညစ်ညမ်းဖွယ် အတွေးများ ပြန်ပေါ်လာသည်။
“သန်မာတဲ့ အမျိုးသမီးတွေက အမြဲ အထီးကျန်ပြီး ဆန္ဒမပြည့်ဝ ဘူးတဲ့၊ ရဲ့လင်းချိန်လို ချူဆီက အဲ့လို လှပတဲ့ သကြားမေမေအတွက် ကြေးကြီးမှာပဲ”
ဟွမ်ရှောင်မန်က ဆက်၍ ထင်သလို ပြောနေ၏။
“တော်လောက်ပြီ ရှောင်မန်၊ ရပ်လိုက်တော့၊ ပြန်ကြမယ်”
လီမူရွှယ်သည် အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကားကို ငေးကြည့်နေ၏။
…
ပြိုင်ကားထဲ၌ နှစ်လိုဖွယ်ကောင်းသော ရနံ့တစ်ခု ခပ်ဖျော့ဖျော့ ရှိနေသည်။ ထိုရနံ့က ရေမွှေးနှင့် မတူပါ။ အလွန် ဖျော့ပြီး လင်းရှို့ရွှယ်၏ ကိုယ်နံ့ ဖြစ်နိုင်ချေ များ၏။
“မိန်းကလေးလင်း ဒီနေ့ မင်းကိုယ်တိုင် ငါ့ကို လာခေါ်မယ်လို့ ထင်မထားမိဘူး”
ရဲ့လင်းချန် အပြုံးနှင့် ပြောလိုက်သည်။
“မဟာဆရာသခင်ရဲ့ ရှင်က ကျွန်မအဘိုးရဲ့ ရောဂါကို ကုပေးနေ တာလေ၊ ကျွန်မ ရှင့်ကို ဘယ်လို ကျေးဇူးတင်ရမလဲ မသိ ဖြစ်နေတာပါ၊ ရှင့်ကို လာခေါ်တာက ကျွန်မ လုပ်နိုင်တဲ့အထဲက အသေးငယ်ဆုံး အရာလေးပါ’
လင်းရှို့ရွှယ်က သူ့အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုသည်။
“ရှင် ကျွန်မကို ရှို့ရွှယ်လို့ ခေါ်လို့ရပါတယ်”
သူ၏ ကုသမှုကို ခံယူပြီးနောက် အဘိုးလင်း၏ အခြေအနေက အပြည့် အဝ ပြန်ကောင်းလုနီးပါး ဖြစ်နေ၏။ သူသည် ပထမဆုံး တွေ့ဖူးချိန် ကနှင့် မတူတော့ဘဲ ဆယ်နှစ် ပိုငယ်သွားပုံ ပေါက်နေသည်။ လင်း မိသားစုက ရဲ့လင်းချန်ကို မည်သို့ ကျေးဇူးတင်ကြောင်း ဖော်ပြရမလဲ မသိ ဖြစ်နေကြသည်။
“ဒါဆို မင်း ငါ့ကို လင်းချန်လို့ ခေါ်လို့ရတယ်၊ တကယ်တမ်းဆို ငါက မင်းထက် ပိုငယ်တယ်လေ”
ရဲ့လင်းချန် နှာခေါင်းပွတ်နေ၏။
“မဟာ … လင်းချန်၊ ခုနက စားသောက်ဆိုင်မှာ ရှင်နဲ့အတူ စားနေတဲ့ သူက ရှင့်ကောင်မလေးလား”
လင်းရှို့ရွှယ် မေးလိုက်သည်။ သူမသည် သိုင်းပညာရှင် ဖြစ်သည့် အတွက် အမြင်အာရုံ ကောင်းမွန်သည်။ ရဲ့လင်းချန်ဘက်ကို လှမ်းမြင် နိုင်သည်က ပုံမှန်ပင်။
ရဲ့လင်းချန်က ခေါင်းခါ၍ ပြုံးကာ ပြန်ပြောလိုက်သည်။
“ကျောင်းနေဖက် သက်သက်ပါပဲ”
“ကျွန်မအစ်ကို အထူးလေ့ကျင့်ရေးစခန်းမှာ ရှင် ဝင်ပါခဲ့တဲ့အကြောင်း ပြောပြတယ်၊ ရှင့်နာမည်က အခု စစ်သည်တော် ဌာနတစ်ခုလုံးကို ပျံ့နေပြီ”
လင်းရှို့ရွှယ်က ရဲ့လင်းချန်ကို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကိုက်က မေးလေသည်။
“ရှင့်ရဲ့ ရှစ်ဆပြင်းထန် လက်သီးသိုင်းက အံ့ဩဖို့ကောင်းတယ်၊ ရှင် အားမယ်ဆိုရင် ကျွန်မကို သင်ပေးနိုင်မလား”
“ရှစ်ဆပြင်းထန် လက်သီးသိုင်းက မင်းမိသားစုရဲ့ လက်သီးသိုင်းပဲလေ၊ ငါ မင်းကို သင်ပေးမှ မျှတမှာပေါ့”
ရဲ့လင်းချန်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။
နှစ်ယောက်လုံး တစ်လမ်းလုံး စကားစမြည် ပြောလာကြသည်။ ရဲ့လင်းချန်သည် လင်းရှို့ရွှယ်၏ လက်သီးသိုင်း ကစားပုံကို မြင်ထားဖူး သဖြင့် သူမ၏ အားနည်းချက် အချို့ကို နားလည်သည်။ လက်ရှိတွင် သူသည် တစ်ချက်ပြီး တစ်ချက်ကို ထုတ်ပြော၍ ရှင်းပြနေသဖြင့် လင်းရှို့ရွှယ် အတွက် အတော်လေး အထောက်အကူ ဖြစ်သည်။ သူမ၏ ရဲ့လင်းချန်ကို ကြည့်နေသော အကြည့်၌ ကျေးဇူးတင်သော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေ၏။
ထိုသို့သောအချိန်၌ ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ သူ့အကြည့်က နောက်ကြည့်မှန်သို့ ရောက်သွား လေသည်။
“မင်း နောက်လိုက်တွေ ခေါ်ခဲ့သေးလား”
“ဟင့်အင်း … ကျွန်မ မခေါ်ခဲ့ဘူး”
လင်းရှို့ရွှယ် ခေါင်းခါလိုက်သည်။
“အဲ့ကားက ငါတို့နောက်ကို တစ်ချိန်လုံး လိုက်နေတာ”
ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး သူ့မျက်လုံးတွင် အေးစက် စက် အလင်းတန်း ဖြတ်ပြေးသွားသည်။