သိုင်းလောကရန်ငြိုး
Vol. 7 Ch. 100
*ငါတို့ နောက်ယောင်လိုက်ခံနေရတာလား*
လင်းရှို့ရွှယ်၏ အမူအရာက မည်းမှောင်သွားပြီး ကားအရှိန်ကို ထိန်းရင်း နောက်ကြည့်မှန်မှတစ်ဆင့် ခိုးကြည့်လိုက်သည်။
“လင်းမိသားစု အိမ်တော်အထိ တောက်လျှောက် လိုက်လာလိမ့်မယ် လို့တော့ မထင်ဘူး”
Prosche ကားလေးက လမ်းမထက်တွင် အရှိန်ဖြင့် ဆက်သွား နေသည်။ အားလုံးက ပုံမှန်အတိုင်း ဖြစ်နေပုံ ပေါ်သည်။
“တီ တီ တီ”
ထိုစဉ် ကြီးမားသော ထရပ်ကားတစ်စီးက ဟွန်းကို ဆက်တိုက်တီး၍ ရဲ့လင်းချန်ဘက်သို့ ထိတ်လန့်ဖွယ် အရှိန်ဖြင့် မောင်းနှင်လာသည်။
သူတို့သာ တိုက်မိလျင် Porsche ကားတစ်စီးလုံး ပြားချပ်သွား လောက်သည်။
“သေစမ်း”
လင်းရှို့ရွှယ် ကျိန်ဆဲလိုက်မိသည်။ သူမ စတီယာရင်ကို အလျင်အမြန် လှည့်၍ ကား၏ လားရပ်ကို အတင်း ပြောင်းလိုက်သည်။
“တီ တီ တီ”
ခပ်လှမ်းလှမ်းမှနေ၍ နောက်ထပ် ထရပ်ကားတစ်စီးက Porsche ကားထံ ဦးတည်လာပြန်သည်။
“အခြေအနေ မကောင်းဘူး”
လင်းရှို့ရွှယ်က ကားထဲမှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ ထို့နောက် ကားထဲတွင် တောက်ပသော အလင်းတစ်ချက် လက်သွားသည်။
“ဒါ ကျွန်မကားထဲမှာ ထည့်ထားတဲ့ ကျွန်မတို့ရဲ့ ကယ်ဆယ်ရေး သင်္ကေတလေ၊ ဒါက ကျွန်မရဲ့ လက်ရှိ တည်နေရာကို မိသားစုဆီ ချက်ချင်း ပို့ပေးပြီး အကူအညီပေးဖို့ အနီးအနားက လူတွေကို စေလွှတ် နိုင်တယ်”
လင်းရှို့ရွှယ်က ရှင်းပြလေသည်။
သူတို့ စကားပြောနေစဉ်မှာပင် လမ်းဆုံ၌ ထရပ်ကား နှစ်စီးက မတူ သော ဘက်နှစ်ဖက်မှ ဦးတည်လာနေသည်။ လင်းရှို့ရွှယ် မတတ် သာ သဖြင့် ဆက်လက်၍ လမ်းကြောင်း ပြောင်းနေရသည်။
လမ်းတစ်လျှောက်တွင် ထိုသို့သော အခြေအနေက ငါးကြိမ် ဖြစ်ပေါ်ခဲ့ သည်။
လင်းရှို့ရွှယ်၏ လျင်မြန်သော အလိုအလျောက် တုံ့ပြန်မှုနှင့် ကျွမ်းကျင် သော ကားမောင်းစွမ်းရည် ကြောင့်သာ မဟုတ်လျင် ရလဒ်က နှစ် ယောက်လုံး အတွက် ဆိုးရွားပေလိမ့်မည်။
“ကြည့်ရတာ သူတို့က ကျွန်မတို့ကို တစ်နေရာရာကို မောင်းဖို့ ကြိုးစား နေတာနဲ့ တူတယ်”
လင်းရှို့ရွှယ် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်နှာ အမူအရာက ဆိုးရွား နေသည်။
သူတို့၏ ဘေးပတ်လည်၌ လူများ နည်းသထက် နည်းလာသည်။ သူတို့ လူခေါင်သော နေရာသို့ ရောက်လာ သည့်ပုံပင်။
ဤသို့သောအချိန်၌ သူမ နည်းနည်းလေးမျှ သတိမလွတ်ရဲပါ။ သူမ၏ မျက်လုံးများက နေရာတိုင်းကို ကြည့်နေပြီး အချိန်မရွေး ပေါ်လာ နိုင်သည့် ဖြစ်နိုင်ချေရှိသော အန္တရာယ်အား သတိထား၍ စောင့်ကြည့် နေ၏။
သူတို့အနောက်မှကားက အေးအေးလူလူ အရှိန်ဖြင့် လိုက်နေဆဲပင်။ သူတို့၏ မြင်ကွင်းထဲသို့ အနက်ရောင် Land Rover ကားတစ်စီး ပေါ်လာပြီး လမ်းမအလယ်တည့်တည့်၌ ပိတ်ရပ်နေသည်။ မသိလျင် လင်းရှို့ရွှယ် ရောက်လာမည်ကို စောင့်နေသလိုပင်။
“သူတို့က ကျွန်မတို့ လင်းမိသားစုအတွက် ရောက်လာတယ်လို့ ထင်တယ်”
သူတို့၏ ပုံစံအရ ရဲ့လင်းချန်နှင့် ပတ်သက်မှုမရှိချေ။ လင်းရှို့ရွှယ်က ရဲ့လင်းချန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်မ ရှင့်ကိုပါ ဒီကိစ္စထဲ ဆွဲထည့်မိလို့ တောင်းပန်ပါတယ်”
ရဲ့လင်းချန်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါလိုက်သည်။
“လက်ရှိ အခြေအနေကို အရင် ရှင်းကြတာပေါ့”
လင်းမိသားစုကို ဤသို့ ဆန့်ကျင်ရဲသဖြင့် ဤရန်သူ၏ နောက်ကွယ်၌ ထင်မထားလောက်သည့် အင်အားစုတစ်ချို့ ရှိကို ရှိရပေမည်။
Porsche ကားသည် တဖြည်းဖြည်း ရပ်သွားပြီး နှစ်ယောက်လုံး ကားပေါ်မှ ဆင်းလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် Land Rover ကားထံမှ လူနှစ်ယောက် ဆင်းလာပြီး သူမတို့အနောက်မှ ကားထံမှလည်း လူနှစ်ယောက် ဆင်းလာ၏။
သူတို့အားလုံးက အနက်ရောင် တီရှပ် လက်တိုကို ဝတ်ထားကြသည။ သူတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံက ဗလ ကြီးကြီးမားမား မရှိသော်လည်း အလွန် အချိုးအစား ကျသော ကြွက်သားများ ရှိသည်။ လှုပ်ရှားမှုတိုင်းက ကျစ်လျစ် သန်မာပြီး ဖိအားပေးနိုင်သည့် ခံစားချက် မျိုး ရှိသည်။ သူတို့သည် သာမန် သိုင်းပညာရှင်များ မဟုတ်ချေ။
ကြောက်စရာကောင်းသော အချက်မှာ သူတို့ကိုယ်က ထုတ်လွှတ်နေ သော အရှိန်အဝါပင်။ ၎င်းတွင် ရက်စက်ကြမ်းကြုတ်မှုတို့ ရောထွေး နေပြီး အလောင်းတောင်နှင့် သွေးပင်လယ်ထဲမှ ထွက်လာသည့် သေမင်း တမန်များဟု ထင်ရသည်။
“နင်တို့က ဘယ်သူလဲ”
လင်းရှို့ရွှယ်က အေးစက်စွာ မေးလိုက်သည်။
“မိန်းကလေးလင်း မင်း ကမ္ဘာမြေရဲ့ ဂိတ်တံခါးကို ကြားဖူးလား”
ဦးဆောင်သူက ကတုံးနှင့်လူ ဖြစ်သည်။ သူ၏ ဘယ်ဘက်မျက်လုံးတွင် ကြီးမားသော ဓားဒဏ်ရာ အမာရွတ် ရှိပြီး မျက်လုံးတွင် ရက်စက် ကြမ်းကြုတ်မှုတို့နှင့် ပြည့်နှက်နေ၏။
“နင်တို့က ကမ္ဘာမြေရဲ့ ဂိတ်တံခါးကလား”
လင်းရှို့ရွှယ် ပင့်သက်ရှိုက်သွားပြီး မျက်နှာအမူအရာက သုန်မှုန်လာ၏။
“နင်တို့က တရုတ်နိုင်ငံကို ခြေချရဲတယ်လား”
“ဟဲဟဲ ငါတို့ရဲ့ ဆယ်နှစ်တာ ကတိက အဆုံးသတ်သွားပြီ၊ မင်းအဘိုးနဲ့ ရန်ကြွေးအားလုံးကို ငါတို့ တစ်ခုချင်းစီ ပြန်ရှင်းသွားမယ်၊ ဒီနေ့ ငါတို့ ရည်ရွယ်ချက်က မိန်းကလေးလင်းကို ငါတို့နေရာမှာ လိုက်နေဖို့ ဖိတ်ကြား ချင်တာပဲ၊ ဒါကို အတိုးကောက်တယ်လို့ သဘောထား လိုက်ပေါ့”
ကတုံးနှင့်လူက ပြုံးနေသည်။
“ငါ ငြင်းမယ်ဆိုရင်ရော”
လင်းရှို့ရွှယ်၏ မျက်လုံးများ ကျဉ်းမြောင်းလာ၏။
“ဟီးဟီး မင်းဆန္ဒကို မမေးဘူး”
ကတုံးနှင့်လူသည် သူ့အရည်အချင်းကို ယုံကြည်ကာ လင်းရှို့ရွှယ်ကို အနိုင်ယူနိုင်မည်ဟု တက်သွားသဖြင့် အချိန်ယူ၍ အေးအေးလူလူ ပြောနေသည်။
“အရင်တုန်းက မင်းအဘိုးနဲ့ ငါတို့ခေါင်းဆောင် တိုက်ခိုက်ခဲ့တယ်၊ မင်းအဘိုးက ကပ်သီးလေး နိုင်ခဲ့ပင်မယ့် သူလည်း အခြေအနေ ကောင်းမယ်လို့ မထင်ဘူး၊ သူ အသက်ရှင်နေတာက အံ့ဩဖို့ ကောင်းနေပြီ၊ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ကမ္ဘာမြေရဲ့ ဂိတ်တံခါးအဖွဲ့က တရုတ်နိုင်ငံထဲ ခြေမချဘူးလို့ ကတိပေးခဲ့တယ်၊ အခု ငါတို့ ခေါင်းဆောင်က အပြည့်အဝ ပြန်ကောင်းလာတဲ့အပြင် သူ့စွမ်းရည် ကလည်း တအား တိုးတက်လာခဲ့ပြီ၊ ဒီတစ်ခါတော့ မင်းတို့ စစ်သည် တော်ဌာနက ဘယ်သူမှ ငါတို့ ကမ္ဘာမြေရဲ့ ဂိတ်တံခါးကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“နင်တို့ ထပ်လာရင် ရလဒ်က အရင်အတိုင်း ဖြစ်နေမှာပဲ၊ နင်တို့ ဒီနိုင်ငံကနေ ရှုံးပြီး ခွေးလို ထွက်သွားရမှာ”
လင်းရှို့ရွှယ်က အေးစက်စွာ ပြန်တုံ့ပြန်လိုက်သည်။ ကတုံးနှင့်လူက ရယ်နေ၏။
“မင်းစကားက ဘာမှအရာ မရောက်ဘူး၊ မင်းရဲ့ လက်ရှိ အခြေအနေ လိုပေါ့၊ မင်းက ငါတို့ အကျဉ်းသား ဖြစ်ပြီးနေပြီဆိုတာကို ဝန်ခံလိုက် တော့၊ မင်း ငါတို့နောက်က အသာတကြည် လိုက်မလား၊ ဒါမှမဟုတ် အတင်း ဆွဲခေါ်ခံမလား၊ မင်းရွေးလိုက်”
လင်းရှို့ရွယ် ဒုက္ခရောက်နေပြီး မည်သို့မျှ မတုံ့ပြန်နိုင် ဖြစ်နေသည်။
“ခင်ဗျားတို့က တော်တော် အရေးမပါတာပဲ၊ ကျုပ်တို့ အလျင်လို နေတယ်၊ ပြောလို့ပြီးရင် ထွက်သွားလိုက်တော့”
ထိုစဉ် ဘေး၌ ငြိမ်၍ ရပ်နေသော ရဲ့လင်းချန်က ရုတ်တရက် ဝင်ပြော လာ၏။
အဘိုးလင်းကို ကုပြီးလျင် သူ တိုက်ရိုက်ထုတ်လွှင့်ရန် ပြန်သွားဖို့ လိုနေသည်။ သူ၏ အချိန်ဇယားက ပြည့်နေပြီး ဤကတုံးနှင့်လူ၏ အရေးမပါသော စကားများကို အချိန်ဖြုန်း၍ နားမထောင်ချင်ပေ။
*ဟမ်*
ကတုံးနှင့်လူ အံ့ဩသွားသည်။ ကျန်လူသုံးယောက်သည်လည်း အံ့ဩ သွား လေသည်။ သူတို့၏ စိတ်ထဲတွင် ဤသို့သော ဖြစ်ရပ်က ဖြစ်မလာ သင့်ဟု တွေးနေ၏။ နောက်ဆုံးတွင် အားလုံး၏ အကြည့်က ရဲ့လင်းချန် ထံ ရောက်လာသည်။
အစက ရဲ့လင်းချန်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သူတို့ အာရုံစိုက် စရာ မလိုသဖြင့် သူ့အား အရေး မစိုက်ခဲ့ချေ။ ဤလူငယ်လေးက ထိုသို့သော စကားဖြင့် သူတို့ကို အံ့ဩလာအောင် လုပ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
*ဒီကောင် သေချင်နေတာပဲ*
“မင်း ဘယ်သူ့ကို ပြောနေလဲ သိရဲ့လား”
ကတုံးနှင့်လူက ရယ်နေသည်။
“ငါ့ကိုယ်ငါ ပမွှားတစ်ကောင်ကြောင့် ဘယ်တော့မှ အလုပ်ရှုပ် မခံသလို ပိုးမွှားတစ်ကောင်ရဲ့ သေခြင်း၊ ရှင်ခြင်းကိုလည်း ငါ အရေးမလုပ်ဘူး။ မင်း ဒူးထောက်ပြီး ငါ့ကို တောင်းပန်ရင် မင်းအသက်ကို ငါ ချမ်းသာပေးဖို့ စဉ်းစားပေးမယ်၊ တကယ်တမ်းကျတော့ … မင်းကို သတ်တာက ငါ့ကို ညစ်ပတ်စေလို့ပဲ”
“ခွေးကောင် မင်း ပါးစပ်ပိတ်ထားပါလား၊ အမှိုက်ကောင်”
ရဲ့လင်းချန်သည် ပြောရင်း စိတ်မရှည်သော အကြည့်ဖြင့် ကြည့်လိုက် သည်။
“မင်း သေချင်နေတာပဲ၊ မင်းစကားအတွက် နောင်တရလာစေရမယ်”
ကတုံးနှင့်လူ၏ မျက်လုံးတွင် လူသတ်ချင်ဟန်များ ပေါ်လာပြီး အသံက မာ၍ ကြမ်းကြုတ်လာသည်။
“ငါ မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီး သတ်ပေးဖို့ တောင်းပန် လာအောင် လုပ်ပြမယ်”
ထိုသို့ပြောပြီး သူ ရဲ့လင်းချန်ထံသို့ လျှောက်လာသည်။ ခြေလှမ်းတိုင်း၌ သူ၏ အရှိန်အဝါက ကြီးမားလာပြီး သေမင်းတမန် ချဉ်းကပ် လာသည်ဟု ထင်မှတ်ရသည်။
“ဝူး”
ထိုသို့သောအချိန်၌ အင်ဂျင်သံနှင့်အတူ ဂျစ်ကား သုံးစီး ရောက်လာ သည်။ ကားတစ်စီးဆီမှ လူလေးယောက် ဆင်းလာပြီး လင်းရှို့ရွှယ် တို့ကို ဝိုင်းထားကြသည်။
သူတို့၏ မျက်နှာထားများ အေးစက်ကာ စကားတစ်ခွန်းကို ပြိုင်တူ ပြောလာ၏။
“စစ်သည်တော်ဌာနရဲ့ ရှစ်ဌာနက စစ်သည်တော် ဆယ့်နှစ်ယောက်က မမလေးလင်းကို အစီရင်ခံပါတယ်”
အကူအညီ ရောက်လာသဖြင့် လင်းရှို့ရွှယ်၏ သုန်မှုန်နေသော မျက်နှာ ထား က ကြည်သာစ ပြုလာသည်။ သူမ၏ ကယ်ဆယ်ရေး အချက်ပြ ခြင်း ကို ပို့လိုက်ပြီးနောက် ဤဌာနရှစ်ခုက သူမနှင့် အနီးဆုံး ဖြစ်ပုံ ပေါ်သည်။ ထို့ကြောင့်သာ အရင်ဆုံး ရောက်လာခြင်း ဖြစ်ပေမည်။
လင်းရှို့ရွှယ်က အေးစက်စက် ပြောလိုက်သည်။
“သူတို့က ကမ္ဘာမြေရဲ့ ဂိတ်တံခါးဂိုဏ်းကပဲ၊ ပြိုင်ဘက်က အရမ်း သန်မာတယ်၊ တိုက်ခိုက်ချိန်မှာ သတိထားပါ၊ ဖြစ်နိုင်ရန် ဖမ်းဆီးပါ၊ အသေမသတ်နဲ့”
“နားလည်ပါပြီ”
ဆယ့်နှစ်ယောက်လုံးက ကမ္ဘာမြေရဲ့ ဂိတ်တံခါးဂိုဏ်းမှ လေးယောက်ကို သေချာကြည့်နေ၏။ သူတို့၏ မျက်လုံးတွင် လေးနက်မှုများ ပြည့်နှက်နေသည်။
ထို့နောက် သူတို့သည် ကိုယ်ကိုကိုင်း၍ ရှေ့သို့ လွှားခနဲ ပြေးတက် သွားသည်။ သူတို့သည် စစ်သည်တော်များ ဖြစ်သောကြောင့် ကမ္ဘာမြေရဲ့ ဂိတ်တံခါးဂိုဏ်းအကြောင်း ကြားဖူးကြသည်။
ကမ္ဘာမြေ၏ ဂိတ်တံခါးဂိုဏ်းသည် ကမ္ဘာမြေ၏ ဂိတ်တံခါး သိုင်းပညာ ရှင် အဖွဲ့အစည်းဟုလည်း ကျော်ကြားသည်။
၎င်းသည် ဂျပန်နိုင်ငံမှ စတင် ထည်ထောင်ခဲ့သော အသင်းဖြစ်ပြီး ကောလာဟလများအရ ရှေးအချိန်အခါ ကတည်းက ရှိခဲ့သည်ဟု ဆိုသည်။ အဖွဲ့ဝင်များသည် သိုင်းပညာ အစစ်အမှန်ကို သင်ယူခဲ့ရပြီး အစွမ်းအစရှိသော လူများစွာနှင့် ပြည့်နေ၏။ အားလုံးက ပိုပို၍သာ သန်လာလာကြသည်။
ရှင်းလင်းစွာ ပြောရမည်ဆိုလျင် သူတို့သည် တရုတ်ပြည်၏ ရှောင်လင် ကျောင်း လိုပင်။
သို့သော် ကမ္ဘာမြေရဲ့ ဂိတ်တံခါးဂိုဏ်းသည် သိုင်းပညာကို အရူးအမူး စွဲလမ်းကာ သွေးဆာကြသည်။ သူတို့သည် ဥပဒေမဲ့ လှုပ်ရှားကြပြီး သူတို့ကိုယ်သူတို့ မြင့်မြတ်သော မြေအောက် သိုင်းပညာရှင်များဟု ခေါ်လေသည်။ တစ်ချိန်တစ်ခါက သူတို့ တရုတ်ပြည်ထဲ ခြေချပြီး စစ်သည်တော် ဌာနနှင့် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သည်။ သူတို့၏ မောက်မာမှုက အကန့်အသတ် မရှိပေ။
လွန်ခဲ့သော ဆယ်နှစ်က ကမ္ဘာမြေ၏ ဂိတ်တံခါးမှ ထိပ်တန်း တိုက်ခိုက်ရေးသမားသည် စစ်သည်တော်ဌာနမှ တစ်စုံတစ်ယောက် ထံ၌ ရှုံးနိမ့်ခဲ့သည်။ ထိုအချိန်မှစ၍ သူတို့ ပျောက်သွားကြလေသည်။
မမျှော်လင့်ဘဲ ယခုအခါ၌ သူတို့က ပြန်လာရန် ကြိုးစားနေသည်။
သူတို့ ဆယ့်နှစ်ယောက်သည် အဖွဲ့တစ်ဖွဲ့မှဖြစ်ပြီး အသင်းတစ်ခုအဖြစ် ပူးပေါင်း လုပ်ဆောင်လေ့ ရှိသည်။ ထို့အပြင် စစ်သည်တော် ဖြစ်သော ကြောင့် သူတို့၏ အတိုက်အခိုက် စွမ်းရည်က သာမန်လူထက် သာသည်။ တစ်ဘောက်ချင်းစီက အရွယ်ရောက်ပြီးသား လူဆယ် ယောက်ကို ရှင်းလင်းနိုင်၏။
သူတို့သည် လက်ရှိ၌ တစ်သားတည်း လှုပ်ရှားကာ လေကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်လာကြသည်။
ဆယ့်နှစ်ယောက်နှင့် လေးယောက် ဖြစ်သဖြင့် သူတို့ ရန်သူကို လျင်မြန်စွာ ရှင်းလင်းနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေ၏။