← Chapters

အခန်း (၂၉၄)

Vol. 27 Ch. 294

အခန်း (၂၉၄)

Vol. 27 Ch. 294

📝အပိုင်း - ၂၉၄

ဘာသာပြန် - Na Gar🐉

ဆိုလိုသည်မှာ လက်ရှိ အရှေ့ပိုင်းဒေသတွင် အိမ်ရှေ့မင်းသားထံ၌ စုစုပေါင်း အင်အား နှစ်သောင်းရှိသော အထူးတပ်ဖွဲ့ နှစ်ဖွဲ့၊ စစ်နတ်ဘုရား နှစ်ဦးနှင့် အရေအတွက် အတိအကျမသိရသော နက်နဲပုံရိပ်အဆင့်ပညာရှင်များ ရှိနေခြင်းဖြစ်သည်။ ကျန်ရှိသော အခြားတပ်ဖွဲ့အသီးသီးထဲတွင်လည်း အိမ်ရှေ့မင်းသား၏ လူများ ပါဝင်နေနိုင်သော်လည်း ၎င်းတို့၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် အရေအတွက်ကိုမူ အတိအကျ မသိရသေးပေ။

အထူးတပ်ဖွဲ့ဝင် ငါးထောင် စုစည်းပြီးနောက် ထိုနေ့မွန်းလွဲပိုင်းမှာပင် ရွှေချုံယီ၏ ဦးဆောင်မှုဖြင့် စစ်မျက်နှာပြင်သို့ အလျင်အမြန် ချီတက်သွားကြပြီး အမွေးတိုင်နတ်ဘုရားဂိုဏ်း မှ နောက်လိုက်နှစ်ဦးမှာလည်း လူမသိသူမသိ ပျောက်ကွယ်သွားခဲ့သည်။ ရရှိထားသော သတင်းများအရ သူတို့၏ ပထမဆုံး ပစ်မှတ်မှာ လိုင်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ကျောက်ထုံ ခရိုင်ကို တိုက်ခိုက်ရန် ဖြစ်သည်။

ချန်ဆန်းရှီနှင့် သူ၏ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ကမူ ထုံနန်ခရိုင်တွင် ခေတ္တနေထိုင်ကာ စစ်ရေးလေ့ကျင့်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ရမည်ဖြစ်သည်။

"ညီလေး..."

စီနီယာအစ်ကို ဖန်ချင်းယွမ်က စကားစလာသည်"ငါက မင်းထက် အရင်ရောက်နေတာဆိုတော့ မင်းရဲ့ စစ်ရေးလေ့ကျင့်ချိန်ကို လျှော့ချနိုင်ဖို့အတွက် ငါ့သဘောနဲ့ငါ ကောင်းကင်ဘုံကျမ်းထဲက စစ်ဗျူဟာအချို့ကို ကြိုတင်ပြီး လေ့ကျင့်ပေးထားတယ်"

"ကောင်းကင်ဘုံကျမ်း ဟုတ်လား"

ချန်ဆန်းရှီက အံ့ဩစွာဖြင့်"ဒါက ဧကရာဇ်မင်းမြတ်ဆီက..."

"ဟုတ်တယ်"

ဖန်ချင်းယွမ်က ပြင်ဆင်ထားသော စာအုပ်တစ်အုပ်ကို ထုတ်ပြလိုက်သည် "ဧကရာဇ်မင်းမြတ်က ငါ့အတွက် ကောင်းကင်ဘုံကျမ်းကို ဘာသာပြန်ပေးခဲ့ပြီး ဒါကို စစ်ဗျူဟာတွေမှာ အသုံးချခိုင်းတယ်။ ငါလည်း စမ်းသပ်လေ့ကျင့်ကြည့်တာ တကယ်ကို နက်နဲပါတယ်။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို အသုံးချတဲ့ နည်းလမ်းတွေပဲ။ ဒါပေမဲ့ တစ်ခုခုတော့ လိုအပ်နေသလိုပဲ၊ ဖြစ်နိုင်တာက မသေမျိုးရွေးချယ်ခံရသူတွေမှသာ အရင်က မျက်ခုံးနီတပ်မတော် ရဲ့ ကြီးကျယ်တဲ့ အောင်ပွဲမျိုးကို ပြန်လည် ဖန်တီးနိုင်လိမ့်မယ် ထင်တယ်"

"အစ်ကို... တကယ်တော့..."

ချန်ဆန်းရှီက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဖန်ချင်းယွမ်က ကြားဖြတ်တားမြစ်လိုက်သည် "ညီလေး... မင်း အားလုံးကို ပြောပြနေဖို့ မလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိတတ်ကြတာ သဘာဝပါပဲ။ ဧကရာဇ်မင်းမြတ် မြင်တွေ့ခဲ့တဲ့ ကောင်းကင်ဘုံကျမ်းက အစစ်အမှန်ဖြစ်နေဖို့ပဲ လိုပါတယ်"

"ကျေးဇူးတင်ပါတယ် အစ်ကို"

ချန်ဆန်းရှီနှင့် ဖန်ချင်းယွမ်တို့သည် အချင်းချင်း နားလည်မှုရှိရှိဖြင့် ထိုအကြောင်းကို ဆက်မပြောကြတော့ပေ။

"ဒါဆိုရင် ကျွန်တော် စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်ပါ့မယ်" ဟု ချန်ဆန်းရှီက ဆိုသည်။

သူသည် သူနှင့်ပါလာသော နောက်လိုက် ၂၀ ကို တပ်ဖွဲ့အသီးသီးတွင် ခွဲဝေတာဝန်ပေးလိုက်ပြီး ကောင်းကင်ဘုံကျမ်းပါ စစ်ဗျူဟာများကို စတင်လေ့ကျင့်စေသည်။ အချိန်အကန့်အသတ်ရှိခြင်းနှင့် စစ်သည် သုံးထောင် အတိအကျရှိခြင်းကြောင့် သူတို့သည် အဓိကအားဖြင့် 'ထိုးစစ်ဗျူဟာ' နှင့် 'ပြောက်ကျားဗျူဟာ' နှစ်ခုကိုသာ အဓိကထား လေ့ကျင့်ကြသည်။

၎င်းတို့မှာ 'ကျိုရှောင် ကောင်းကင်စစ်သည် ဗျူဟာ' နှင့် 'လော့ထျန်း တစ္ဆေ မြူခိုးဗျူဟာ' တို့ ဖြစ်ကြသည်။ ၎င်းတို့အနက် 'ကျိုရှောင် ကောင်းကင်စစ်သည် ဗျူဟာ' မှာ သူတို့ အဓိကလေ့ကျင့်သည့် အားအကောင်းဆုံး ဗျူဟာဖြစ်ပြီး ၎င်းသည် မျက်ခုံးနီတပ်မတော်အောင်ပွဲခံစဉ်က အသုံးပြုခဲ့သည့် နည်းလမ်းလည်း ဖြစ်သည်။

ချန်ဆန်းရှီ၏ စစ်သည်လေ့ကျင့်မှု ကျွမ်းကျင်ပညာရှင်နှင့် မြင်းစီးဗိုလ်ချုပ်ကြီး၏ ကူညီမှုတို့ကြောင့် ၁၀ ရက်အတွင်းမှာပင် မူလအခြေခံပေါ်၌ ဤဗျူဟာမှာ စနစ်တကျ အသွင်ပေါ်လာခဲ့သည်။ အလံမျိုးစုံ လွင့်ထူနေပြီး စည်သံ၊ ခရာသံများနှင့်အတူ နက်မှောင်သော သံချပ်ကာများ၊ ထိပ်တန်းစစ်မြင်းများ တပ်ဆင်ထားသည့် စစ်သည် သုံးထောင်မှာ အဝေးမှ ကြည့်လျှင် ကောင်းကင်စစ်သည် သုံးထောင် လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ပင် ထူးခြားခန့်ညားလှသည်။

ဒါဟာ ချန်ဆန်းရှီအတွက်တော့ မျှော်လင့်မထားတဲ့ ဝမ်းသာစရာပါပဲ။ ဧကရာဇ်မင်းမြတ်က ကောင်းကင်ဘုံကျမ်းပါ စစ်နည်းဗျူဟာတွေကို အသုံးချခိုင်းလိုက်တာကြောင့် သူ၏ ဝိညာဉ်ပုတီးစေ့ကလည်း အသုံးတည့်လာနိုင်ပြီ မဟုတ်ပါလား။

"ညီလေး... ဒါက..."

စီနီယာအစ်ကို ဖန်ချင်းယွမ်မှာ အမြင့်ပိုင်းမှနေ၍ လေ့ကျင့်ကွင်းကို ကြည့်

ရင်း အံ့အားသင့်နေကာ ရှေ့သို့ အနည်းငယ် ကိုင်းညွတ်သွားသည် "မင်းရဲ့ စစ်သည်လေ့ကျင့်ပုံက ငါ့ထက်တောင် မနိမ့်ဘူးပဲ။ ဒီမြင်းဖြူလေးပါ ထပ်ပေါင်းလိုက်ရင် ငါ့ကိုတောင် ကျော်သွားနိုင်တယ်။ ဒီလောက် ရှုပ်ထွေးတဲ့ ဗျူဟာကို အချိန်တိုအတွင်းမှာ အပိုင်ကျွမ်းကျင်အောင် လုပ်နိုင်တာ တကယ့်ကို..."

"အစ်ကိုကလည်း မြှောက်ပင့်နေပြန်ပြီ၊ ဒါက ကျွန်တော့်မြင်းဖြူလေးရဲ့ ကူညီမှုကြောင့်ပါ" ချန်ဆန်းရှီက စစ်ဗျူဟာထဲတွင် ပြေးလွှားနေသည့် မြင်းဖြူလေးကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။ သူသည် ရွှီဝန်ချိုင်သာ ရှိနေပါက ဤအလုပ်များကို လွှဲပေးပြီး ကျင့်စဉ်ကျင့်ရာ၌သာ အချိန်ကုန်ဆုံးချင်နေမိသည်။

[စွမ်းရည် - စစ်သည်ကွပ်ကဲမှု့ (အသေးစားအောင်မြင်မှု့)]

[တိုးတက်မှု့ - ၁၈၂၅/၂၀၀၀]

စစ်သည်ကွပ်ကဲမှု့မှာလည်း နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းရန် နီးစပ်နေပြီဖြစ်သည်။ မူလက တစ်လသတ်မှတ်ထားသော လေ့ကျင့်ချိန်မှာ လက်တွေ့တွင် ရက်ပေါင်း ၂၀ အတွင်းမှာပင် ချန်ဆန်းရှီသည် ဤအထူးတပ်ဖွဲ့ဝင် သုံးထောင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။

အသစ် ပညာရှင်ဘဝနှင့် နာမည်ကျော်ကြားပြီးမှ စစ်သည်လေ့ကျင့်ရခြင်းမှာ ကွာခြားလှသည်။ အကယ်၍ အရင်ကဆိုလျှင် ဤကဲ့သို့ ခက်ထန်မာနကြီးသော စစ်သည်များကို ထိန်းချုပ်ရန် အနည်းဆုံး ခြောက်လခန့် အချိန်ယူရမည်ဖြစ်သည်။ သို့သော် ဟုန်းကျဲမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်ခဲ့သည့် နာမည်ကျော် ဗိုလ်ချုပ် ချန်ဆန်းရှီ ဟူသောအမည်ကြောင့် စစ်သည်များကလည်း သူ့ကို လေးစားယုံကြည်နေကြပြီ ဖြစ်သည်။

အနက်ရောင်သံချပ်ကာတပ်ဖွဲ့ အတွင်းရှိ တပ်ရင်းမှူး သုံးဦးမှာ ရှာချုံ၊ ရှောင်ကျန်း နှင့် ယူကျိခယ် တို့ ဖြစ်ကြသည်။ အထူးသဖြင့် ရှာချုံမှာ မွေးရာပါ သိုင်းသူတော်စင် ခန္ဓာကိုယ်ပိုင်ဆိုင်ထားကာ သိုင်းပညာလေ့ကျင့်သည်မှာ ၄ နှစ်သာ ရှိသေးသော်လည်း မဟာသွေးကြောအဆင့်သို့ ရောက်ရှိရန် နီးစပ်နေပြီး နောင်တွင် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာမည့်သူ ဖြစ်သည်။

သူတို့ သုံးဦးသည် အစပိုင်းတွင် ချန်ဆန်းရှီ၏ နုပျိုသော မျက်နှာကိုကြည့်ကာ ဟုန်းကျဲမြစ်အောင်ပွဲသတင်းမှာ အမှန်ပဲလားဟု သံသယရှိခဲ့သော်လည်း အတူတူ လေ့ကျင့်ပြီးနောက်မှာတော့ လုံးဝ အညံ့ခံ လေးစားသွားကြတော့သည်။ အကြောင်းမှာ သမိုင်းတစ်လျှောက်တွင် ဤမျှငယ်ရွယ်သော စစ်သေနာပတိမျိုး မရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။ ဆွန်ဒူရှန်ပင်လျှင် ငယ်စဉ်က ဤမျှ မကျော်ကြားခဲ့ဘဲ အသက် ၂၅ နှစ်မှသာ စစ်သက်စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ် အသင့်ဖြစ်ပြီးနောက် အင်အား တစ်သောင်းကျော်ရှိသော တပ်မတော်ကြီးသည် စစ်မျက်နှာပြင်သို့ ချီတက်ခဲ့ကြသည်။

ယုံလဲ့ခရိုင်...

စစ်ပွဲဆိုသည်မှာ ရက်စက်ရုံတင်မကဘဲ အလွန် ပျင်းရိငြီးငွေ့စရာလည်း ကောင်းလှသည်။ အထူးသဖြင့် မြို့ကို ဝိုင်းထားရသည့် အခြေအနေတွင် စစ်သည်များသည် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံရင်း စိတ်ဓာတ်မကျအောင် ထိန်းသိမ်းရသည်မှာ အဓိက စိန်ခေါ်မှုကြီးပင်။ လူသားများသည် စက်ရုပ်များ မဟုတ်ကြသဖြင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရပြီး စိတ်ဓာတ်ကျဆင်းတတ်ကြသည်။

သို့သော် ကမ္ဘာပေါ်တွင် တိုက်ခိုက်ရန် အခက်ခဲဆုံး မြို့ကြီးငါးမြို့ထဲမှ တစ်မြို့ဖြစ်သည့် ယုံလဲ့ခရိုင်ကို ဝိုင်းထားသော အင်အား ရှစ်သောင်းရှိသော တပ်မတော်ကြီးမှာမူ မြို့ပြင် မိုင် ၄၀ ခန့်တွင် စနစ်တကျ တပ်စွဲထားသည်။ ၎င်းတို့သည် မြို့ကို ဝိုင်းထားခြင်းထက် မိမိတို့ ကိုယ်ပိုင်မြို့တွင် နေထိုင်နေသကဲ့သို့ပင် တည်ငြိမ်အေးဆေးစွာ ရှိနေကြသည်။ ဤအချက်မှာ စစ်သေနာပတိချုပ် မုန့်ချူကျိီ၏ စစ်တပ်အုပ်ချုပ်ပုံ မြင့်မားမှုကို သက်သေပြနေခြင်းပင်။

"ညီလေး... ဗိုလ်ချုပ်ကြီး မုန့်အကြောင်း မင်း ဘယ်လောက် သိထားလဲ"ဟု ဖန်ချင်းယွမ်က မေးလိုက်ရာ ချန်ဆန်းရှီက ခေါင်းညိတ်ပြပြီး "ကျွန်တော် ဒီကိုလာတော့ စုံစမ်းခဲ့ပါသေးတယ်။ ဗိုလ်ချုပ်ကြီး မုန့်ဆိုတာ ဒါရှန်အင်ပါယာရဲ့ အကျော်ကြားဆုံးနဲ့ အကြမ်းဆုံး ဗိုလ်ချုပ်ကြီးတွေထဲက တစ်ယောက်ပဲ မဟုတ်လား။ သူက သာမန်ကိုယ်ရံတော်ဘဝကနေ အနှစ် ၂၀ အတွင်းမှာ မြို့စားဘွဲ့ရအောင် ကြိုးစားခဲ့သူပဲ" ဟု ပြန်ဖြေလိုက်သည်။

All Chapters