← Chapters

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

ကမ္ဘာဦးစစ်ပွဲတို့ ရာဇဝင်

အခန်း (၄၆၆) သားရဲဘုရင်ကြီး

ဆားဂူများထဲမှ ထစ်ချုန်းသံကြီးများထွက်ပေါ်လာပြီး၊ ကျောက်တုံးကြီးများ အချင်းချင်းရိုက်ခတ်မိသံများမှ ထွက်ပေါ်လာသော အသံများကြောင့် အားလုံးမှာ တုန်လှုပ်သွားကြသည်။

ထစ်ချုန်းသံကြီးနှင့်အတူ ၎င်းတို့ခြေထောက်အောက်မှ မြေပြင်သည် တုန်ခါနေပြီး၊ မီးလျှံသလင်းကျောက်တွင်းထဲမှ နှင်းခဲများမှာ အပြင်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ ပန်းထွက်လာပါသည်။

မြေခွေးနှင့်ရှန်မျိုးနွယ်စုတို့၏ အကြီးအကဲများသည် ကြောက်လန့်တုန်လှုပ်နေကြပါသည်။ သူတို့သည်လည်း မြေအောက်တွင် ဘာရှိလဲ အကဲခတ်မိဟန်တူပါသည်။ သူတို့မှာ မီးတောက်ဦးချိုမျိုးနွယ်စုများထက်ပင် နောင်တပိုရနေသေးသည်။ မြေအောက်ကို အရမ်းနက်နက်တူးမိ

သည့်အတွက် နောင်တရနေခြင်းဖြစ်ပါသည်။

မြေအောက်တွင် သားရဲဘုရင်ကြီးရှိနေသည်ကို သိပါက၊ ၎င်းတို့သည် ထိုမျှနက်သော နေရာရောက်အောင်တူးမိမည်မဟုတ်ပါ။ သူတို့သည် မီးလျှံသလင်းကျောက်များကို ယူပြီး အပြီးတိုင်ထွက်ခွာသွားချင်စိတ်များ ဖြစ်ပေါ်နေပါသည်။

သို့သော် အခုမှတော့ နောင်တရနေ၍လည်း မထူးတော့ပါ။

“ပြေးကြဟေ့…” မြေခွေးမျိုးနွယ်စု အကြီးအကဲလည်း တည်ငြိမ်မနေနိုင်တော့ပါ။ သူသည် ထိုကဲ့သို့ ကြောက်လန့်စရာနှင့် ကြုံရမည်ဟု လုံးဝထင်မထားပါ။

ဂူထဲတွင် မြေခွေးမျိုးနွယ်စုဝင်များနှင့် ရှန်မျိုးနွယ်စုဝင်များသည် ဘာဖြစ်နေလဲ မသိကြသေးပါ။ သို့သော် သူတို့၏ ကျောရိုးများအထိ စိမ့်တက်သွားပြီး၊ အကြောက်တရားက တကိုယ်လုံး

ကို ကြီးစိုးသွားသည်ကိုခံစားလိုက်ရပါသည်။ အားနည်းသောသူများဆိုလျှင် ခြေထောက်များပင် တုန်နေပါသည်။

မြေခွေးမျိုးနွယ်စုအကြီးအကဲ၏အော်သံကို ကြားလိုက်ရသောအခါ၊ ဂူထဲမှ လူများမှာ ဝရုန်းသုန်းကားထွက်ပြေးကုန်ကြသည်။ တချို့လူများက ဂူပေါက်ဝမှ ကျောက်တုံးကြီးကို ဖယ်ရှားပြီးအပြင်ထွက်ပြေးကြသည်။ တချို့က ဂူနံရံများကို ဖက်တွယ်တက်နေကြသည်။

ဂူထဲတွင် အိပ်ပျော်နေသူများကတော့၊ ပြေးရန်အချိန်မရတော့ဘဲ လူအုပ်ကြီး၏ တက်နင်းမှုကို ခံလိုက်ရပါသည်။ နာကျင်စွာအော်ဟစ်သံများထွက်ပေါ်လာသော်လည်း၊ ဘယ်သူကမှ ၎င်းတို့ကို အရေးမလုပ်ပါ။ အခုလိအချိန်တွင် နောက်ကျသည့်ခြေထောက် သစ္စာဖောက်ပင် ဖြစ်သည်။ သူတို့မှာ တောတွင်းသားများဖြစ်သောကြောင့်၊ လွတ်မြောက်ရှင်သန်ရေးအတွက် ရုန်းကန်တက်သော ပင်ကိုယ်ဗီဇပါလာပါသည်။

အားကြီးသူများက ရှေ့တွင် ပိတ်ဆို့နေသူများကို တွန်းဖယ်ပြီး ထွက်ပြေးကြပါသည်။ အထဲတွင်နဂိုထဲလူများနေရသည့်အထဲ၊ အခုတော့ အားလုံးမှာ ထွက်ပေါက်ကို စုပြုံတိုးနေကြပြီဖြစ်သည်။

မြေခွေးမျိုးနွယ်စုအကြီးအကဲသည် လူတချို့၏ ဦးခေါင်းများကို တက်နင်းဖြတ်ကျော်ကာ၊ အပေါက်ဝဆီသို့ ခုန်ထွက်လာပါသည်။ကျန်သူများလည်း ထိုအခါမှ အကြီးအကဲလုပ်သလို၊ လိုက်ခုန်ကျပါသည်။ တချို့က ခုန်လိုက်သည်မှာ အရမ်းမြင့်သွားသောကြောင့်၊ မျက်နှာကျက်နှင့် ခေါင်းဆောင့်မိကုန်ကြသည်။ ခေါင်းပေါက်သွား၍ ထွက်လာသော သွေးများကို မသုတ်အားဘဲ၊ ဆက်လက်ပြေး ကြပါသည်။ ဂူပေါက်ဝတွင် လူများစုပြုံတိုးနေကြပါသည်။

အရာအားလုံးမှာ ဝရုန်းသုန်းကားဖြစ်ကုန်ပါသည်။

အားလုံးမှာ သေမင်းရနံ့ကို ရနေသောကြောင့်၊ အကြောက်လွန်နေကြပြီ ဖြစ်ပါသည်။

အကြီးအကဲပင် ဖနောင့်နှင့် တင်ပါးတသားတည်းကျအောင် ထွက်ပြေးနေရပြီ မဟုတ်ပါလား။

“ဂျွတ်… ဂျွတ်… ဂျွတ်…”

မြေအောက်မှ အဖြူရောင်နှင်းခဲများသည် မြေပေါ်သို့ တရှိန်ထိုး တိုးထွက်လာသည်။ ဂူထဲတွင် ကျန်ခဲ့သူများသည် အပူချိန်ရုတ်တရက်ထိုးကျသွားသည်ကို ခံစားလိုက်ရပါသည်။ ဘယ်လောက်အေးသလဲဆို လေထုထဲတွင်ရှိသော ရေငွေ့များပင် အေးခဲကုန်ပြီ ဖြစ်ပါသည်။ အားလုံးသည် အရည်ပြားများအေးခဲသွားသလို ခံစားလိုက်ရပါသည်။ သို့သော် သူတို့သည် တွင်းထဲမှတော့ လွတ်မြောက်လာပြီ ဖြစ်သည်။

ထိုသို့ဖြစ်ခြင်းမှာ မြေခွေးမျိုးနွယ်စုဂူတစ်ခုထဲတွင် မဟုတ်ပါ။ ရှန်မျိုးနွယ်စုဝင်များ၏ ဂူထဲတွင်၊ အခြားမျိုးနွယ်စုများမှ ခေါ်ဆောင်ထားသော စစ်ကူ၅၀၀လောက်ရောက်နေပါသည်။ စခေါ်တုန်းကတော့ ထိုထက်များသော်လည်း၊ တချို့မှာ မီးတောက်ဦးချိုမျိုးနွယ်စု၏ တိုက်ခိုက်ခြင်း

ကြောင့် သေကုန်ကြပြီဖြစ်သည်။ ထိုဂူအတွင်းပိုင်းတွင် မြေခွေးနှင့် ရှန်မျိုးနွယ်စုများက စောင့်ကြပ်နေကြပါသည်။ အထဲတွင် မတူးရသေးသော ဆားများရှိနေသေးသောကြောင့်၊ တခြားလူများ ခိုးသွားမည်ကို စိုးရိမ်ပြီး စောင့်နေကြခြင်းဖြစ်သည်။ သူတို့အားလုံးပေါင်းလိုက်လျှင် လူ၁၀၀၀လောက်ရှိမည် ဖြစ်သည်။

အေးခဲမှုစတင်ဖြစ်ပေါ်လာသောအခါ၊ ကြီးကြပ်ရေးမှူးများသည် တစ်ခုခုတော့ မှားနေပြီ ဖြစ်ကြောင်းကို ခံစားလိုက်ရပါသည်။ မြေပြင်တွင် ထူးဆန်းသော တုန်ခါမှုများ ဖြစ်ပေါ်နေသည်ကို ခံစားနေရပါသည်။ကျောက်တုံးကြီးများမှ ထစ်ချုန်းသံများထွက်ပေါ်လာသောအခါ၊ သူတို့အားလုံးသည် အပြင်သို့ ထွက်ပြေးလာကြပါတော့သည်။

အခြားဂူ၃လုံးထဲတွင်လည်း ထိုကဲ့သို့ အပြောင်းအလဲမျိုးဖြစ်ပေါ်နေပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ ဂူထဲတွင်လည်း၊ အေးခဲမှု စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။

ထိုအရာကိုမြင်သောအခါ၊ ရှောက်ရွှမ်နှင့် အကြီးအကဲ၃ယောက်တို့သည် လျင်မြန်စွာ ရှောင်တိမ်းလိုက်ကြပါသည်။

ဖြစ်ပေါ်လာသော အပြောင်းအလဲများမှာ မြန်ဆန်လွန်းလှသည်။ မြေပြင်ပေါ်တွင်လည်း ရေခဲမှုန်များဖြစ်ပေါ်နေသောကြောင့်၊ ရေခဲတောထဲတွင်သာ ရပ်နေကြရပါသည်။

သို့သော် ဂူ၏အောက်ခြေကြမ်းပြင်တွင်သာ အပြောင်းအလဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ အပေါ်ယံအလွှာကတော့ အေးသော်လည်း၊ နည်းနည်းတော်ပါသေးသည်။

ကျန်းလော်က ခြေထောက်များကို လျင်မြန်စွာလှုပ်ရှားလိုက်ပြီး၊ စစ်သည်တော်များကို ဦးဆောင်ပြီး အပေါ်ဘက်သို့ တက်လိုက်သည်။

သွားနေရင်းနှင့် သူသည် ကျောရိုးထဲတွင် စိမ့်တက်သွားပြီး၊ စီးဆင်းနေသော သွေးများအေးခဲ

သွားသလို ခံစားလိုက်ရပါသည်။

“အပြင်ဘက်ကို ထွက်ပြေးရင် ကောင်းမလား” ကျန်းလော်က ရှောက်ရွှမ်ကို မေးလိုက်ပါသည်။

ရှောက်ရွှမ်က ရုတ်တရက် ခေါင်းခါပြလိုက်မိသော်လည်း၊ သတိပြန်ဝင်လာပြီး “ဘာကြောင့် ဒီလိုဖြစ်နေတာလဲ ကျွန်တော်မသိသေးဘူး…ဒါပေမဲ့ အပြင်ကို ထွက်ပြေးတာလည်း မကောင်းဘူးလို့ ကျွန်တော့် မသိစိတ်က သတိပေးနေတယ်”

“အဲဒါဆို အထဲမှာ ဆက်နေရုံပေါ့…သောခန် ကျန်တဲ့ စစ်သည်တော်တွေကို အသက်အောင့်ထားပြီး တိတ်တိတ်နေကြဖို့ပြောလိုက်…ဘာအသံဗလံမှ မထွက်စေနဲ့” ကျန်းလော်က အသံကိုနှိမ့်ပြီး ပြောလိုက်ပါသည်။

အစပိုင်းတွင် ထိတ်လန့်နေသော်လည်း၊ ကျန်းလော်သည် အခုတော့ ပြန်တည်ငြိမ်သွားပြီ ဖြစ်သည်။ သို့သော် အသံကတော့ တုန်နေ

ပါသည်။ အခုလိုကြုံရဖူးခြင်းမှာ သူ၏ပထမဆုံးအတွေ့အကြုံဖြစ်နေသော်လည်း၊ သူသည် ရှောက်ရွှမ်စကားကို ယုံကြည်ပေသည်။

ထိုက်ဟယ်နှင့် တောင်လေအကြီးအကဲတို့သည်လည်း ကျန်းလော်လုပ်သည့်အတိုင်း လိုက်လုပ်ကြသည်။ အခုလိုအချိန်တွင် ၎င်းတို့သည် ရှောက်ရွှမ်ကို မေးခွန်းမထုတ်လိုသေးပါ။ ဘာလုပ်ရမည်ကိုလည်း မသိသောကြောင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ပြုမူသည့်အတိုင်းလိုက်လုပ်ကြသည်။

ဂူ၏ အောက်ထပ်မှ လူများသည် အပေါ်ထပ်သို့ ရောက်လာကြသဖြင့်၊ လမ်းလျှောက်ရန်ပင်နေရာမရှိတော့ပါ။ လူများပြည့်ကျပ်သိပ်နေ၏။

အကြီးအကဲ၃ယောက်လုံးရှိနေသောကြောင့်၊ သူတို့သည် တစ်ယောက်ကို တစ်ယောက် မစနောက်ရဲကြပါ။ သူတို့သည် အကြီးအကဲများ သွားလာရန် လမ်းဖွင့်ပေးလိုက်ပါသည်။

ဂူပေါက်ဝကို ရှောက်ရွှမ်က ကျောက်တုံးကြီးနှင့် ပိတ်ထားလိုက်ပါသည်။ နောက်မှ အပေါက်ဝနားတွင် ကျနေသော နှင်းများကို ရှင်းလင်းရဦးမည် ဖြစ်သည်။ နှင်းများထူထပ်စွာကျဆင်းနေသော်လည်း၊ အဝေးမှ အရာများကိုတော့ အနည်းငယ်မြင်နေရပါသေးသည်။

“ဟိုဘက်မှာ လူတွေသွားနေတာ တွေ့တယ်” ကျန်းလောက ဂူအပြင်မှ လူသံသူသံများကို ကြားလိုက်ရပါသည်။ ထိုအသံများမြေခွေးမျိုးနွယ်စုဝင်များ အော်ဟစ်နေကြသော အသံများ ဖြစ်နေပါသည်။

“သွားကြည့်ရင် ကောင်းမလား” ထိုက်ဟယ်အကြီးအကဲက မေးလိုက်ပါသည်။ သူသည် ကြောက်သော်လည်း၊ သိချင်နေပါသည်။

“ခဏစောင့်ကြည့်လိုက်ပါဦး” ရှောက်ရွှမ်က သူတို့ကို တားထားလိုက်သည်။ “နားထောင်ကြ…”

“ဂါး…”

ကျောက်တုံးများမှာ အသံကို သယ်ဆောင်ပေးသော ကြားခံပစ္စည်းများဖြစ်ပါသည်။ ကျောက်တုံးများအောက်တွင် တစ်စုံတရာလှုပ်ရှားနေသံကို ကြားလိုက်ကြရပါသည်။

ဂူထဲတွင်တော့ တိတ်ဆိတ်နေပါသည်။ အားလုံးသည် အန္တရာယ်အငွေ့အသက်ကို ရရှိနေသဖြင့်၊ အသက်အောင့်ထားလိုက်ပါသည်။ ဂူထဲမှ ထစ်ချုန်းသံများမှာ ကျယ်လောင်လာသဖြင့်၊ ကြက်သီးများပင်ထလာကြပါသည်။

“အကြီးကြီးပဲဟေ့…ငါတို့အပြင်ကို တကယ်မပြေးဘူးလား…ဂူအပေါ်ထပ်က အောက်ထပ်လောက် စိတ်မချရဘူး…ပြိုကျသွားရင် ဘယ်လိုလုပ်မလဲ”တောင်လေအကြီးအကဲက မေးလိုက်ပါသည်။

ကျန်းလော်နှင့် ကျန်သူများက ရှောက်ရွှမ်ကို ကြည့်လိုက်ကြသည်။

ရှောက်ရွှမ်တွင် ဖိအားအတော်များနေပြီဖြစ်သည်။ လူ၃၀၀၀၏ အသက်များမှာ သူ၏ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေပြီဖြစ်သည်။

သူ့ဗီဇအသိစိတ်ကို သူကိုယ်တိုင်ယုံကြည်စိတ်ချမှ ဖြစ်မည်။

“အထဲမှာပဲနေကြ” ရှောက်ရွှမ်က ထပ်ပြောလိုက်ပါသည်။

“အဲဒါဆိုလည်း အထဲမှာပဲ နေကြဟေ့” ကျန်းလော်က သုန့်ကန်းကို လက်ဟန်ခြေဟန်နှင့် ပြလိုက်သည်။

သုန့်ကန်းက တံတွေးမျိုချလိုက်ပြီး၊ သူ့လူများကို အချက်ပြလိုက်ပါသည်။ တောအုပ်ထဲမှ သားရဲကြီးများကို မျက်တောင်မခတ်ဘဲ ရင်ဆိုင်လာသူများမှာ၊ အခုတော့ တုန်လှုပ်နေကြပြီဖြစ်သည်။

ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စု

အကြီးအကဲတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပါသည်။ စိတ်ထဲတွင်ဖြစ်ပေါ်နေသော ဒွိဟများကို မျက်လုံးများမှတဆင့် အတိုင်းသားမြင်နေရသည်။ဂူ၏ အပေါ်ယံအလွှာသည် အောက်ထပ်လောက်မာကျောမှုမရှိပါ။ ထို့ကြောင့် မြေခွေးများနှင့် ရှန်များ ဖျက်စီးသည့်အခါ လွယ်ကူစွာ ပျက်စီးသွားခြင်းဖြစ်သည်။ ဂူ၏အပေါ်ယံအလွှာမှာ သားရဲဘုရင်ကြီးတစ်ကောင်၏ တိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်ပါ။ တချက်လောက်ဆောင့်လိုက်သည်နှင့် ပြိုကျသွားမည်ဖြစ်ပါသည်။ ထိုအခါအားလုံး ဂူပိပြီး သေဆုံးကြမည် ဖြစ်သည်။ သို့သော် ထွက်ပြေးလျှင်ကော အသက်ရှင်ပါ့မလား…။

ဘယ်သူက ကိုယ်သေမှာကို ထိုင်စောင့်ချင်နေမည်နည်း။ ဂူထဲတွင်ဆက်နေလျှင်လည်း ဂူပိ၍သေမည်၊ အပြင်ထွက်သောအခါတွင်လည်း သွေးခဲပြီး သေရမည် ဖြစ်သည်။

“ငါတို့…”

တောင်လေအကြီးအကဲက ထိုက်ဟယ်အကြီးအကဲပြန်ရောက်လာသောအခါ၊ “ ငါတို့လည်းမီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ လုပ်သလို လိုက်လုပ်ကြမယ်…မီးတောက်ဦးချိုတွေ ဘာလုပ်နေလဲ မျက်ခြည်မပြတ်ကြည့်ထား”

တောင်လေမျိုးနွယ်စုအကြီးအကဲ လန်မုသည် သူပြောမည့်စကားများကို မျိုသိပ်ထားလိုက်ရပါသည်။ သူသည် သူ့လူများကို ထွက်ပြေးရန် ပြောချင်နေသော်လည်း…၊

သူသည် တုန်လှုပ်နေပါသည်။

“အကြီးအကဲ…” သူ့နားတွင် လူများဝိုင်းအုံလာပါသည်။ သူ့များထဲတွင်ပင် မီးတောက်ဦးချိုမျိုးနွယ်စုကို ထောက်ခံသူများနှင့် ထွက်ပြေးချင်သူများ ၂ဖွဲ့ကွဲသွားပါသည်။

“ငါတို့တွေ…”

လန်မုပြော၍ မပြီးသေးခင်တွင်ပင်၊ ထစ်ချုန်း

သံများမှာ ပိုကျယ်လောင်လာပါသည်။မြေပြင်မှာလည်း တုန်ခါလာပါသည်။

“ထွက်လာပြီ” ရှောက်ရွှမ်က အသံခပ်တိုးတိုးဖြင့် ပြောလိုက်ပါသည်။

“ထွက်လာပြီဟုတ်လား…ငါတို့က ပြေးတော့မလို့လေ” လန်မုက စိတ်လှုပ််ရှားနေ၏။

ဂူအပြင်ဘက် မြေပြင်ပေါ်မှ နှင်းထုကြီးသည် တုန်ခါလာသည်။ သူတို့ရှင်းထားသောလမ်းကတော့ နှင်းများပြန်ဖုံးနေပြီ ဖြစ်သည်။ သူတို့သည် အပြင်သို့ မမြင်နိုင်ကြတော့ပါ။ ဂူထဲတွင် လုံးဝအမှောင်ကျသွားပြီဖြစ်သည်။

“ဂျွတ်…ဂျွတ်…ဂျွတ်”

ဆားခဲများအချင်းချင်းပွတ်တိုက်သံများသည် နားကွဲမတတ်ထွက်ပေါ်လာပါသည်။ သံချောင်းတစ်ချောင်းနှင့် ကျောက်သင်ပုန်းကို ခြစ်ချလိုက်သလို ဖြစ်နေပါသည်။ ထိုအသံကို ကြားရသူ

အားလုံးမှာ၊ ခေါင်းမွှေးများပင်ထောင်ထကုန်ကြပါသည်။

ထိုအသံများသည် ဂူထဲတွင် ပဲ့တင်ထပ်နေပါသည်။ အားနည်းသော စစ်သည်တော်များမှာ နားထဲမှ သွေးများ ယိုစီးကျလာနေပါသည်။ ခဏနေသောအခါ ၎င်းတို့၏နားများမှာ အသံများကို မကြားရတော့ပါ။ အသံများကို မကြားရတော့သောကြောင့်၊ နှုတ်ခမ်းလှုပ်သည်ကို ကြည့်ပြီး ဘာပြောလဲ ခန့်မှန်းနေရပါတော့သည်။

ဂူအပြင်ဘက်တွင် လေပြင်းကြီးတစ်ခုတိုက်ခတ်လာပြီးနောက်၊ မြေပြင်ပေါ်မှ နှင်းများသည် ရုတ်တရက် လေပေါ်သို့ ဆောင့်တက်သွားသည်။

ဂူအပြင်မှ ၁၀မီတာလောက်ထူထပ်နေသော နှင်းထုကြီးသည် အစိတ်စိတ်အမြွှာမြွှာကွဲသွားပါသည်။ ထို့နောက် နှင်းလွှာများသည် အချိန်ကိုနောက်ပြန်ဆုတ်လိုက်သလို လေထဲသို့မြောက်တက်သွားပြီး၊ ပြင်းထန်စွာတိုက်ခတ်နေသော

လေကြောင်းနှင့် အတူပါသွားပါသည်။

ခဏကြာသောအခါ ဂူပေါက်ဝတွင် ဖြစ်ပေါ်နေသော နှင်းထုကြီးမှာ ပျောက်ကွယ်သွားပါသည်။

ရှောက်ရွှမ်သည် ဂူပေါက်ဝနှင့် ကျောက်တုံးကြီးအကြား လွတ်နေသော နေရာမှ နှင်းများကို လှမ်းကိုင်ကြည့်လိုက်ပါသည်။ ထိုအခါ ဂူထဲသို့ အေးစက်သောလေများ တိုးဝင်လာသော်လည်း၊ သူသည် ဂရုမပြုအားသေးပါ။ ရှောက်ရွှမ်နှင့် အကြီးအကဲသုံးယောက်တို့သည် ဂူပေါက်နားတွင် ခြေဖျားထောက်ပြီး၊အပြင်သို့ ချောင်းကြည့်နေကြပါသည်။

အပြင်တွင်ရှိသော နှင်းထုမှာ ၂မီတာလောက်သာ ရှိပါတော့သည်။

မြေအောက်မှ မြွေဟောက်အဖြူကြီးတစ်ကောင်နှင့်တူသော ဧရာမသားရဲကြီးတစ်ကောင်တိုးထွက်လာပါသည်။ ထိုသားရဲကြီးလေထဲတွင် ပျံသန်းသွားသောအခါ၊ ပြင်းထန်သော

လေစီးကြောင်းများဖြစ်ပေါ်လာပါသည်။ ထိုသားရဲကြီးမှာ ရာသီဥတုကို မမှုပါ။ ၎င်းသည် အခုလို ဖြစ်ပေါ်နေသော ရာသီဥတုကို သဘောကျနေဟန်နှင့် ပျော်ရွှင်စွာပျံသန်းနေခြင်းဖြစ်သည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၆၇) မြွေဟောက်ဘုရင်ကြီး

“ဘာအသံလဲ” ကျန်းလော်က တုန်လှုပ်စွာ ရေရွတ်လိုက်မိပါသည်။ ကျန်းလော်သာမက မြွေဟောက်ကြီးကို မြင်လိုက်ရသူအားလုံး တုန်လှုပ်သွားပါသည်။

တောအုပ်ထဲမှ သာမန်သားရဲတစ်ကောင်ကို မြင်လိုက်ရပါက၊ သူတို့ခေါင်းထဲပေါ်လာသည်မှာ ဘယ်လိုသတ်ရမလဲဆိုသည့် အတွေးပင်ဖြစ်ပါသည်။ ဆီပြန်ချက်စားရင်ကောင်းမလား၊ ပြုတ်စားရင်ကောင်းမလားသာ တွေးမိကြပါသည်။

သို့သော် အခုသားရဲကြီးကို မြင်လိုက်ရသောအခါ၊ အားလုံးသည် ဖနောင့်နှင့် တင်ပါးတသားတည်းကျအောင် ထွက်ပြေးချင်နေကြသည်။

“ဒီကောင်ကြီးကို ငါတို့နိုင်မှာ မဟုတ်ဘူး” ကျန်းလော်က ပြောလိုက်ပါသည်။

“ဘာကောင်ကြီးလဲ…မြွေလား”

“မြွေက အဲဒီလို အသံထွက်လို့လား…ဒီလိုရာသီမျိုးဆိုရင် မြွေက အပြင်မထွက်ဘူးလေ”

အကြီးအကဲ၃ယောက်သည် ခပ်တိုးတိုးဆွေးနွေးနေကြသည်။

မြွေဟောက်ကြီးနှင့်တူသော သားရဲကြီးသည် ဆားတွင်းထဲမှ တိုးထွက်လာပြီး၊ ပြန့်ကျန်နေသော ကျောက်တုံးကြီးများပေါ်သို့ ဝုန်းခနဲ ပြုတ်ကျလာသည်။ နှင်းများဖုံးနေသောကြောင့်၊ ကြည့်ရသည်မှာ ပြန့်ပြူးနေသော မြေပြင်ကြီးနှင့် တူနေပါသည်။ သို့သော် မြေကြီးပေါ်သို့ ပြန်ကျလာသောအခါ၊ တော်လဲသံကြီးတစ်ခုဖြစ်ပေါ်လာပါသည်။ အနားတွင်ရှိသော ကျောက်တုံးကြီးများကို အမြီးနှင့် ရိုက်ခတ်ပြီး ရှင်းထုတ်ပစ်ပါသည်။

ရှောက်ရွှမ်တို့သည် လေပေါ်လွင့်စင်တက်လာ

သော ကျောက်တုံးများကို မြင်လိုက်ရပါသည်။

သောခန်သည် တံတွေးမျိုချလိုက်မိသည်။ သူသည် စကားပြောချင်နေသော်လည်း စကားသံထွက်မလာပါ။ သူ့ဘဝတလျှောက်လုံးတွင် အခုလို ဖြစ်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။သူသည် တောထဲတွင် ကြောက်မက်ဖွယ်သားရဲကြီးများနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ရဖူးသော်လည်း၊အခုသားရဲဘုရင်ကြီးနှင့် နှိုင်းယှဉ်လိုက်သောအခါ၊ ထိုသားရဲများမှာ ပါမွှားသာဖြစ်နေပါသည်။

ထိုသားရဲကြီးသည် ကျောက်တုံးကြီးများကို အသာအယာဖယ်ရှားပစ်နိုင်ပါသည်။ သူတို့လက်နက်များသည် ထိုသားရဲဘုရင်ကြီး၏ အရေပြားကို တိုးပေါက်၊မပေါက် မကျိန်းသေပါ။

မြွေဟောက်ဘုရင်ကြီးသွားရာ တလျှောက် လမ်းရှင်းပြီးသားဖြစ်သွားပါသည်။ သို့သော် ၎င်းသည် ဆားကွင်းများကိုတော့ ဘာမှ မလုပ်ပါ။ မြွေကြီးသည် ကျောက်တုံးများကို ရှင်းလင်းပစ်ပြီး၊

လမ်းတစ်ခုဖောက်လုပ်နေပါသည်။

ရှောက်ရွှမ်သည် ကျောက်တုံးများနှင့် အတူလွင့်ပါသွားသော လူများကို တွေ့လိုက်ရပါသည်။ သို့သော် ထိုလူများမှာအသက်ပျောက်နေကြပြီ ဖြစ်ပါသည်။ အားလုံးမှာ သက်မဲ့သတ္တဝါများလို မြေကြီးပေါ်တွင် လွင့်စင်သွားကြပါသည်။

ထိုလူများမှာ ဂူအပြင်သို့ ထွက်ပြေးသွားသူများ ဖြစ်ကြသည်။

မြေခွေးမျိုးနွယ်စုအကြီးအကဲသည် သူ့လူများနှင့် အတူထွက်ပြေးချင်သော်လည်း၊ မပြေးလိုက်ရပါ။

နှင်းများထူထပ်စွာ ကျဆင်းနေပြီး၊ မြေပြင်ပေါ်တွင် ကျောက်တုံးများ ထူထပ်နေသောကြောင့်၊ ထွက်ပြေးနေသော လူများမှာ လျင်မြန်စွာ မသွားနိုင်ကြတော့ပါ။သားရဲကြီးလက်မှ လွတ်မြောက်ချင်လျှင်၊ ကျောက်တုံးများကို ဝင်တိုက်မိပြီး ချော်မလဲရန် လိုအပ်ပါသည််။

သားရဲကြီးသည် မြေခွေးမျိုးနွယ်စုခေါင်းဆောင်နားသို့ ချဉ်းကပ်သွားပါသည်။

သားရဲကြီးအနားကပ်လာသည်ကိုကြားသောအခါ၊ အကြံပေးအမျိုးသမီးသည် အကြီးအကဲကို တံတောင်နှင့်တွတ်ပြီး၊ “နောက်ဆုတ်”ဟုသတိပေးလိုက်ပါသည်။ သူတို့သည် ထွက်ပြေးလျှင် မလွတ်တော့မည်ကို သိသောကြောင့် ဂူထဲသို့ ပြန်ဝင်ပြေးရန်သာ ရှိပါတော့သည်။

မြေခွေးမျိုးနွယ်စုအကြီးအကဲသည် မျက်မှောင့်ကြုံ့လိုက်မိပါသည်။ သူသည် စွန့်စားလိုစိတ်မရှိပါ။ သို့သော် အပြင်တွင် နှင်းများထူထပ်လွန်းသဖြင့် သွားလာရန်မဆိုထားနှင့် အသက်ရှူရန်ပင်ခက်ခဲနေပါသည်။ အခုနေရာမှ လွတ်မြောက်လာလျှင်တောင်၊ ဆားကင်းများကို ကျော်ဖြတ်ရဦးမည် ဖြစ်သည်။ ဆားကွင်းသည် အခုနေရာထက်အန္တရာယ်ပိုများပါသည်။ သူ့တွင် အစားအသောက်လုံလုံလောက်လောက်လည်း ပါ

မလာပါ။

အမျိုးသမီးက နောက်တကြိမ်တံတောင်နှင့် တွတ်လိုက်ပြီးပြောလိုက်သည်၊ “သူတို့ဘက်ကို ပြေးကြမယ်”

မြေခွေးမျိုးနွယ်စုအကြီးအကဲသည် အံကို ကြိတ်လိုက်ပြီး၊ နောက်ပြန်လှည့်လိုက်ပါသည်။ သူတို့သည် နောက်ပြန်လှည့်လိုက်သော်လည်း၊ သူတို့၏ ဂူထဲသို့ ပြန်ဝင်ပြေးခြင်းမဟုတ်ပါ။ သူတို့သည် ရှန်မျိုးနွယ်စုဝင်များ၏ ဂူထဲသို့ ပြေးဝင်သွားကြပါသည်။ မြေခွေးအကြီးအကဲသည် ဓားကို ဝှေ့ယမ်းရင်း ပိတ်ဆို့နေသော နှင်းခဲများကို ဖယ်ရှားပစ်လိုက်ပါသည်။ ဓားသွားက ကျောက်တုံးကို ထိမိသောအခါ၊ ထိုနေရာကို ရှောင်သွားပါသည်။

တချို့လူများက သူ့ကိုမြင်လိုက်ရသောကြောင့်၊ နောက်မှ လိုက်လာကြသည်။

ဂူထဲတွင် ၎င်းတို့နှင့် အကြံတူဖြစ်သော ရှန်မျိုး

နွယ်စုအကြီးအကဲနှင့် အခြားလူများကို တွေ့လိုက်ရပါသည်။

အချို့လူများကတော့ မြေခွေးမျိုးနွယ်စုဝင်များ၏ ဂူထဲသို့ ဝင်ပြေးသွားကြပါသည်။

၎င်းတို့သည် လမ်းရှင်းလင်းနေသော မြွေဟောက်ကြီး၏ လက်မှလွတ်မြောက်လာသော်လည်း၊ ဘေးအန္တရာယ်ကတော့ မပြီးသေးပါ။

မြေပြင်တွင်ရှိနေသော ကျောက်တုံးများကို ကျော်ဖြတ်ရဦးမည် ဖြစ်သည်။

မြေပြင်တွင် ဖုံးလွှမ်းနေသောနှင်းများနှင့်၊ ထူးဆန်းသော ကျောက်တုံးများမရှိတော့ပါ။ အားလုံးသည် မြေကြီး၏လက်ချက်မိမည်စိုးသောကြောင့်၊ လျင်မြန်စွာထွက်ပြေးလာကြပါသည်။ ၎င်းတို့သည် နောက်သို့ပြန်လှည့်မကြည့်ရဲတော့ဘဲ၊ ခြေကုန်သုတ်ကြပါတော့သည်။

ထိုသို့ဖြင့် ဂူထဲမှ ထွက်ပြေးလာသူများသည် အဖွဲ့၄ဖွဲ့ကွဲသွားပါသည်။ ၁ယောက်က ဆက်လက်ထွက်ပြေးနေဆဲဖြစ်ပြီး၊ တစ်ယောက်က တောအုပ်ထဲတွင် လမ်းပျောက်နေဆဲ ဖြစ်ပါသည်။ တစ်ယောက်ကနောက်ပြန်လှည့်လာပြီး၊ ဂူထဲသို့ပြန်ဝင်ပြေးသွားကြပါသည်။ စတုတ္ထအဖွဲ့ကတော့ မြေခွေးမျိုးနွယ်စုအကြီးအကဲနှင့်အတူ ရှန်မျိုးနွယ်စုဝင်များ၏ ဂူထဲသို့ ဝင်သွားပါသည်။

ဆားကွင်းကြီး၏ နေရာအနှံ့အပြားတွင် ဂူ၅လုံးရှိပါသည်။ ရှောက်ရွှမ်ဘက်မှ လူများမှာ အပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေများကို မမြင်ကြရပါ။ သို့သော် အခုအချိန်သည် ဂူထဲတွင် နေခြင်းကသာအကောင်းဆုံးဖြစ်ပါသည်။ အပြင်တွင်နှင်းများထူထပ်စွာ ကျဆင်းနေခြင်းကြောင့်၊ ထွက်ပြေးလျှင်လည်း မြွေကြီးရန်မှ လွတ်မည်မဟုတ်ပါ။

“ဘာဆက်လုပ်ကြမလဲ” ဖြစ်ပေါ်နေသော တော်လဲသံကြီးများကို နားထောင်ရင်း၊ မာနကြီးလှသော လန်မုသည် မာနမကြီးနိုင်တော့ဘဲ၊

အကူအညီတောင်းချင်စိတ်များပေါက်နေပါသည်။ သို့သော် ဂူအပြင်သို့ထွက်မပြေးမိခြင်းမှာ မှန်သွားသည်ဟု တွေးနေမိပါသည်။

အားလုံးမှာ တိတ်ဆိတ်နေကြပါသည်။

ရာသီဥတုမှာလည်း အခြေအနေမကောင်းရသည့် အပြင်၊ ပြဿနာနောက်တစ်ခုက ပေါ်လာပြန်ပြီ ဖြစ်သည်။ အခုကြုံနေရသော မြွေဟောက်ကြီးပြဿနာမှာ သူတို့ဖြေရှင်းနိုင်သော ပြဿနာ မဟုတ်ပါ။တိုက်ပွဲဖြစ်ပေါ်လာလျှင်၊ အားလုံးသေကုန်မည် ဖြစ်သည်။

အကြီးအကဲ၃ယောက်လုံးမှာလည်း၊ အခုလိုအခြေအနေမျိုးကို ရင်မဆိုင်ဖူးကြပါ။ ၎င်းတို့သည် ရှောက်ရွှမ်ကို ကြည့်လိုက်မိကြပါသည်။ အခုအချိန်ထိတော့ ရှောက်ရွှမ်ပြောသည်မှာ မှန်ကန်နေဆဲဖြစ်ပါသည်။

“ရှောက်ရွှမ်ရေ…အကြံလေးဘာလေးထုတ်ပါဦး” ကျန်းလော်က ပြောလိုက်ပါသည်။

ရှောက်ရွှမ်သည် ခဏစဉ်းစားလိုက်ပြီး “ အောက်ထပ်ကို လူနည်းနည်းလွှတ်လိုက်ပါ…အောက်မှ မအေးတော့ဘူးဆိုရင် လူတချို့ကို အောက်ဆင်းခိုင်းလိုက်”

“ကျုပ်သွားမယ်” သုန့်ကန်း ရဲရင့်စွာပြောလိုက်သည်။ သူသည် အခုလိုမျိုး တခါမှ မကြောက်လန့်ဖူးသဖြင့်၊စိတ်မသက်မသာ ဖြစ်နေသည်။

သားရဲကြီးများသည် အပြင်တွင်တော့ လမ်းများကို ဆက်လက်ရှင်းနေပါသည်။ တခါတရံတွင် ရှောက်ရွှမ်၏အထူးအမြင်အာရုံထဲတွင် မြွေကြီးပေါ်ပေါ်လာပါသည်။

“ဒီကောင်ကြီး ကျုပ်တို့ကို တွေ့သွားလောက်ပြီလား” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲက မေးလိုက်ပါသည်။

ကျန်းလော်နှင့် လန်မုက သူ့ကို ကြည့်လိုက်ပြီးနောက် ဘာမှပြန်မပြောတော့ပါ။

မြွေဟောက်ဘုရင်ကြီးသည် ကျောက်တုံးများကို ဖြေညှင်းစွာ ရှင်းလင်းနေပါသည်။

“ရှောက်ရွှမ်…ဘာအာရုံရသေးလဲ” ကျန်းလော်က မေးလိုက်ပါသည်။

“အာရုံလား” ရှောက်ရွှမ်သည် ခဏစဉ်းစားလိုက်ပြီးနောက် “ဒီကောင်ကြီး စိတ်ကောင်းဝင်နေတယ်”

အကြီးအကဲ၃ယောက်မှာ ရင်ကွဲပက်လက်ဖြစ်သွားပါသည်။ စိတ်ကောင်းဝင်သည် ဖြစ်ဖြစ်၊ စိတ်မကြည်သည်ဖြစ်ဖြစ် သတင်းဆိုးက သတင်းဆိုးသာ ဖြစ်ပါသည်။

သုန့်ကန်းသည် သူ့လူတချို့ကို အောက်ထပ်သို့ ပို့လိုက်ပါသည်။ လူနည်းနည်းရှင်းသွားသောကြောင့် လေဝင်လေထွက် နည်းနည်းကောင်းသွားပါသည်။ အေးတော့အေးနေဆဲပင် ဖြစ်သည်။

“ကြည့်ရတာ ဒီအအေးဓာတ်တွေက မြွေဟောက်ဘုရင်ကြီးဆီက ထွက်နေတာဖြစ်မယ်…ကျွန်တော်တို့ဆီရောက်လာရင်တော့ ရှောင်နေမှ ဖြစ်မယ်”သောခန်က ပြောလိုက်ပါသည်။ နည်းနည်းလှုပ်ရှားလိုက်ရသဖြင့်၊ ညောင်းညာမှုများ ပြေပျောက်သွားပြီး၊ စကားကောင်းကောင်းပြောနိုင်လာပါသည်။ သုန့်ကန်းသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါသည်။ “ဒီကောင်ကြီး ရောက်လာရင်တော့ ငါလည်းငါ့လူတွေနဲ့ အသေခံလိုက်မယ်…ငါ့လူတွေလည်းရှိတာပဲ…ငါတစ်ယောက်တည်းသေမှာမှ မဟုတ်တာ…သောလိကို မိန်းမမပေးစားလိုက်ရတာကတော့ စိတ်ပျက်စရာပဲ”

ထိုအချိန်တွင် ရှောက်ရွှမ် ပြောလာသည်။ “ ဟိုကောင်ကြီးလာနေပြီ”

သားရဲကြီးသည် လမ်းရှင်းရင်းနှင့် ၎င်းတို့ဂူနားသို့ ရောက်လာပေပြီ။

သို့သော် ၎င်းရှင်းထားသော လမ်းပေါ်သို့ နှင်းများ ပြန်ကျလာသည်။ ၎င်းသွားလေရာနေရာတွင် ရှည်လျားသော စွပ်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်ကျန်ခဲ့သည်။

သားရဲကြီးသည် ရှောက်ရွှမ်တို့ဆီသို့ လာနေပြီဖြစ်သည်။ မြွေဟောက်ဘုရင်ကြီးကို မြင်လိုက်ရသူအားလုံးသည် ကြောက်ရွံ့မှုနှင့် တုန်လှုပ်နေကြသည်။ “မလာပါနဲ့...မြေခွေးတွေဆီကိုသွား…ဒီကောင်တွေ အသားကပိုချိုတယ်”

သားရဲကြီးမှာ ရှောက်ရွှမ်တို့နားရောက်လာသော်လည်း၊ ရှောက်ရွှမ်သည် ၎င်း၏ ဦးခေါင်းကို မမြင်ရသေးပါ။ ခန္ဓာကိုယ်မှာ မြွေတစ်ကောင်နှင့်တူပြီး၊ ဦးခေါင်းပေါ်တွင် အချွန်အတက်များ ထွက်နေပါသည်။

ထိုသားရဲကြီးအနားရောက်လာသောအခါ၊ အပူချိန်မှာ ရုတ်တရက် ထိုးကျသွားသည်။

ရှောက်ရွှမ်က အားလုံးကို နောက်ဆုတ်နေရန်

အချက်ပြလိုက်သည်။

သားရဲကြီးသည် ဂူပေါ်သို့ တက်သွားပါသည်။ ဂူထဲတွင် အလင်းရောင်မရှိသော်လည်း၊ ရေများခဲသံ တဖျစ်ဖျစ်ကို ရှောက်ရွှမ်ကြားနေရပါသည်။

“ဂျွီ…”

သားရဲကြီး၏ အကြေးခွံများသည် ကျောက်သားနံရံနှင့် ပွတ်တိုက်မိသောကြောင့်၊ အသံကြီးတစ်ခုထွက်ပေါ်လာပါသည်။ ဂူထဲတွင်လည်း အေးစက်သော အငွေ့အသက်များ လွှမ်းခြုံသွားပါသည်။ အားလုံးမှာ ကြောက်လန့်နေသဖြင့် တုန်ယင်နေကြပါသည်။

အသံကြီးသည် သူတို့နှင့် ဝေးရာသို့ ရောက်သွားသောအခါမှ၊ ရှောက်ရွှမ်သည် အလင်းကျောက်များကို ထုတ်လိုက်ပါသည်။ ထိုအခါမှ ဂူထဲတွင် လင်းသွားပါသည်။

ဂူထဲမှ လူများသည် သားရဲကြီး၏ ကိုယ်

အောက်သို့ ရောက်နေသောနေရာမှ လွတ်အောင် ရှောင်လိုက်ပါသည်။ ထိုအချိန်တွင် သူတို့မြင်လိုက်ရသည်မှာ ရှည်လျားသော စွပ်ကြောင်းကြီးတစ်ခုသာဖြစ်ပါတော့သည်။ မြေပြင်ပေါ်တွင် ပြုတ်ကျနေသော အေးခဲနေသည့် ဆေးမြစ်တစ်ခုကို မြင်လိုက်ရပါသည်။ လူများတက်နင်းသွားသဖြင့်၊ ထိုဆေးမြစ်မှာ တစစီဖြစ်သွားပါသည်။

“အဲဒါသားရဲဘုရင်ကြီးပဲ” ကျန်းလော်က အသက်ကိုအောင့်ထားလိုက်သည်။

“ဒီကောင်ကြီးသွားနေတာ…” ရှောက်ရွှမ်သည် တနေရာကို ညွှန်ပြလိုက်ပြီး၊ “ အဲဒီဘက်လား”

“ အဲဒီဘက်မှာ မြေခွေးမျိုးနွယ်စုတွေရဲ့ဂူရှိတယ်” ကျန်းလော်က ပြောလိုက်ပါသည်။

“မြေခွေးမျိုးနွယ်စုတွေ မီးလျှံသလင်းကျောက်တွေတူးလိုက်လို့ ဒီကောင်ကြီး ထွက်လာတာလား” သုန့်ကန်းက တုန်တုန်ယင်ယင်ဖြစ်နေပါသည်။ အနည်းငယ်သာ တူးမိသည်မှာ တော်

သေးသည်ဟုလည်း တွေးနေိပါသည်။

သူတို့သည် အဖြစ်မှန်ကို မသိရသောကြောင့် ဖြစ်နိုင်သည်များကို ခန့်မှန်းကြည့်နေခြင်း ဖြစ်ကြပါသည်။ ၎င်းတို့သည် ဂူထဲမှ အပြင်ထွက်ရန်တော့ စိတ်မကူးတော့ပေ။

ထိုအချိန်တွင် မြေခွေးမျိုးနွယ်ုအကြီးအကဲသည် သူ့လူများကို ခေါ်ပြီး၊ ရှန်မျိုးနွယ်စု၏ ဂူထဲသို့ဝင်သွားပါသည်။ ဂူထဲသို့ဝင်လိုက်သောအခါ ၊ထောင့်တစ်ထောင့်တွင် တုန်ယင်နေသော မြေခွေးလေးနှင့် ငှက်များကို မြင်လိုက်ရပါသည်။

အခြားတဖက်တွင်တော့ အကြောက်လွန်နေသဖြင့် တစ်ယောက်ကို တစ်ယောက်ဖက်ထားကြသောလူများကို တွေ့လိုက်ရပါသည်။

ဂူပေါက်ဝနားတွင် နှင်းခဲများကို မြင်လိုက်ရပါသည်။

ဂူထဲမှလူများသည် ဦးတည်ရာမဲ့ လျှောက်

ပြေးလွှားနေကြပါတော့သည်။

ဂူဝတွင် ပိတ်ဆို့ထားသော ကျောက်တုံးကြီးမှာ ဂူထဲသို့ရောက်လာပါသည်။ ထို့နောက် မြွေဟောက်ဘုရင်ကြီး၏ နှင်းခဲများဖုံးနေသော ဦးခေါင်းကြီး ထွက်ပေါ်လာပါသည်။

ထိုဂူကြီးမှာ လူများအတွက်ဆိုလျှင် ကျယ်သော်လည်း၊ မြွေဟောက်ဘုရင်ကြီးအတွက်တော့ ကျဉ်းမြောင်းနေပါသည်။

ထိုဂူထဲသို့ ဝင်ရန် မြွေဟောက်ဘုရင်ကြီး၏ ကိုယ်နှင့် မဆန့်ပါ။ ထိုအခါမှ အားလုံးမှာ သက်ပြင်းချလိုက်နိုင်ပါသည်။ ဂူထဲသို့ ပြေးဝင်သွားပြီး၊ ထူးဆန်းသော သတ္တဝါကြီးကို ချောင်းကြည့်နေပါသည်။

ထိုသားရဲကြီး၏မျက်လုံးများမှာ အေးစက်နေပါသည်။ အေးစက်သော မျက်လုံးများဖြင့် ဂူထဲသို့ ကြည့်နေပါသည်။ထို့နောက် ပါးစပ်ကြီးကိုဟပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပါ

တော့သည်။

ကျယ်လောင်လှသော အသံကြီးမှာ ဂူထဲတွင် ပဲ့တင်ထပ်သွားတော့သည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၆၈) တူးဖော်ခြင်း

ဂူထဲတွင် ပိန်းပိတ်နေအောင် မှောင်မဲနေပါသည်။

ဂူ၏အနက်ရှိုင်းဆုံးနေရာမှ၊ မီးလျှံသလင်းကျောက်တွင်းထဲတွင် လူ၁၀ယောက်လောက်သည် မီးလျှံသလင်းကျောက်များကို တူးယူနေကြပါသည်။

ထိုအဖြစ်အပျက်များဖြစ်ပေါ်လာသောအခါ၊ မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စု အကြီးအကဲတို့သည် အလျင်စလို ထွက်ပြေးလာရပါသည်။ သူတို့တူးထားသော မီးလျှံသလင်းကျောက်များကို ထည့်ထားသော ထည့်ထားသော ခြင်းတောင်းများမှာ လူများဝင်တိုက်မိသဖြင့်၊ မြေပြင်ပေါ်တွင် မှောက်ကုန်ပြီ ဖြစ်သည်။ မီးလျှံသလင်းကျောက်များသည် အအေးဓာတ်ကြောင့် အေးခဲကုန်ပြီး၊ မြေကြီးပေါ်မှ ခွာမရတော့ပါ။

မြေခွေးမျိုးနွယ်စုအကြီးအကဲနှင့် ထွက်ခွာသွားသောလူများကတော့ ထိုအခွင့်အရေးကို မရလိုက်ပါ။ ဂူထဲတွင် တမင်နေခဲ့သောလူများလည်း ရှိနေပါသေးသည်။

အကြီးအကဲများမရှိသောကြောင့်၊ သေဆုံးသူများ ဒဏ်ရာရသူများကို မည်သူကမှ အရေးမလုပ်တော့ပါ။ ၎င်းတို့သည် အပြင်မှ လူများအော်ဟစ်နေသောအသံများကို ကြားနေရပါသည်။အပြင်မှလူများသည် မြွေဟောက်ဘုရင်ကြီးကို ကြောက်သောကြောင့်၊ ဂူထဲသို့ ပြန်ပြေးဝင်လာကြပါသည်။

မီးလျှံသလင်းကျောက်များရှိသည်ကို သိသောသူများကတော့၊ မီးလျှံသလင်းကျောက်များကို တူးယူရန်ကြံနေကြပါသည်။ မီးလျှံသလင်းကျောက်များသည် မျိုးနွယ်စုစစ်သည်တော်များအတွက်တော့ အလွန်အဖိုးတန်ပါသည်။

မီးလျှံသလင်းကျောက်များကို လူလေးယောက်က ဝိုင်းတူးနေကြပါသည်။ လူတစ်ယောက်၏ လက်ထဲတွင်တော့ မီးတုတ်ကိုင်ထားပြီး၊ လူ၂၀လောက်က အပြင်လူများ ဝင်မလာရန်၊ စောင့်နေကြပါသည်။ ဂူအတွင်းပိုင်းသို့ မည်သူမှ ဝင်မပြေးကြတော့ပါ။ ဂူထဲတွင် နှင်းခဲများ ပိတ်ဆို့နေသလို၊ လူသေကောင်များလည်း ရှိနေသည် မဟုတ်ပါလား။ ယခုနေရာသာ ဘေးကင်းသည်ဆိုပါက၊ အကြီးအကဲ၂ယောက်တို့မှာ ထွက်ပြေးသွားမည် မဟုတ်ပါ။

တွင်းဘေးတွင် မီးတုတ်ကို ကိုင်ထားသောလူပင် အေးစက်မှုကို ခံစားနေရပါသည်။

ဂူထဲတွင် ရှိသော အရာအားလုံးမှာလည်း ရေခဲရိုက်ထားသလို ဖြစ်နေပါသည်။သူတို့သည် အပြင်တွင် ဘာဖြစ်နေသည်လဲ မသိသော်လည်း၊ ခန့်မှန်းကြည့်၍တော့ ရပါသည်။

“မြန်မြန်လုပ်ကြ…” အစောင့်တစ်ယောက်ပြောလိုက်ပါသည်။ ဂူထဲတွင် အလွန်အေးလာပြီဖြစ်

သောကြောင့်၊၎င်းတို့သည် မီးလျှံသလင်းကျောက်များမှ စွမ်းအင်ကို စုပ်ယူလျှင် ကောင်းမလား စဉ်းစားနေကြပါသည်။

“မင်းတို့ကောင်တွေဘာလို့ ဒီလောက်ကြာနေတာလဲ” တစ်ယောက်က ပြောလိုက်ပါသည်။

“တူးရတာ လွယ်တယ်များမှတ်နေလားကွ…ဒီရေခဲတွေ ဘယ်လောက်မာတယ် မှတ်လဲ” တစ်ယောက်က မောကြီးပန်းကြီးနှင့် ပြောလိုက်ပါသည်။ တွင်းအောက်ခြေသို့ ရောက်လေ ရေခဲများမှာ ပိုမာကျောလာလေဖြစ်သည်။ တွင်းထဲမှ ရေခဲများသည် အပြင်မှ ရေခဲများနှင့် မတူပါ။ တွင်းထဲမှ ရေခဲများမှာ အလွန်မာကျောလှပါသည်။ ၎င်းတို့မှာ မီးလျှံသလင်းကျောက်များကို မြင်နေရသော်လည်း၊ ရအောင် တူးယူ၍မရသေးပါ။ ၎င်းတို့ သုံးနေသော လက်နက်ကိရိယာများမှာ အကောင်းစားပစ္စည်းများ မဟုတ်ပါ။ သာမန်ရောင်းတမ်းပစ္စည်းများသာ ဖြစ်ပါသည်။

ရေခဲပြင်ကို ဓားရှည်များ၊ ဓားမြောင်များနှင့်

တူးယူမိသောအခါ၊ ၎င်းတို့၏ မျက်နှာကို ရေခဲအစအနများ လာစင်ပါတော့သည်။

“ငန်လိုက်တာကွာ” တစ်ယောက်ကပြောလိုက်ပါသည်။

“ငန်မှာပေါ့ကွ…မင်းရောက်နေတာ ဆားဂူထဲမှာလေ”

“ချမ်းလိုက်တာကွာ…”

တုန်ယင်နေသော စစ်သည်တော်တစ်ယောက်သည် အပြင်မှ အသံများ ကြားလိုက်ရသောကြောင့် “အပြင်မှာ ဘာတွေဖြစ်နေတာလဲ” ဟုမေးလိုက်ပါသည်။

အပြင်တွင်ရှိသောလူများမှာ အော်ဟစ်နေကြပါသည်။

“အပြင်မှာ…အပြင်မှာ ရောက်နေပြီ”

“သားရဲကြီးရောက်နေတာလား” အစောင့်က တုန်လှုပ်နေပါသည်။

“မဟုတ်ဘူး…သားရဲကြီးက ဂူထဲကို ဝင်မလာနိုင်ဘူး” ထိုလူသည်လည်း သေချာမသိပါ။

သူတို့၏ စကားများ မဆုံးသေးခင်မှာပင်၊ အော်သံတစ်ခုကို ကြားလိုက်ရပါသည်။

ဂူ၏ အပေါ်ထပ်တွင်နေသော လူများမှာ ၎င်းတို့၏ မျက်နှာသို့တိုက်ခတ်လာသော အေးစက်သည့် အငွေ့အသက်များကို ခံစားလိုက်ရပါသည်။ ၎င်းတို့သည် အသက်လည်းမရှုနိုင်သလို၊ မျက်လုံးများကိုလည်း ဖွင့်မရပါ။ ၎င်းတို့သည် နှင်းမုန်တိုင်းကြီးတစ်ခု၏ အလယ်ဗဟိုတွင် ရောက်နေသလို ခံစားလိုက်ရပါသည်။

အောက်ထပ်တွင်တော့ စစ်သည်တော်များသည် လက်နှင့် တိုက်ခတ်နေသော လေများကိုကာထားကြပါသည်။ အပေါ်ထပ်တွင်ရှိသောလူများက လေစီးကြောင်းကို ကာထားသောကြောင့်၊

အောက်ထပ်မှ လူများသည် လေတိုက်ခတ်မှုကို သိပ်မခံစားရပါ။

“အရှေ့မှာလည်း လူတွေ…ဘာတွေဖြစ်နေတာလဲ” စစ်သည်တော်တစ်ယောက်က အော်လိုက်ပါသည်။

ဘယ်သူကမှ ပြန်မဖြေအားပါ။

“ဂျွတ်… ဂျွတ်… ဂျွတ်…”

သူတို့နားမှာ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာသံကို ကြားလိုက်ရပါသည်။

တွင်းထဲမှ မီးလျှံသလင်းကျောက်များတူးယူနေသောလူများမှာ တူးလက်စကို ရပ်တန့်လိုက်ကြပါသည်။ လေတိုက်သောကြောင့် မီးတုတ်မှ မီးသည် ငြိမ်းသွားပြီ ဖြစ်သည်။

မီးမရှိတော့သောကြောင့် ဂူထဲမှ အနွေးဓာတ်များ ပျောက်ကွယ်သွားပါသည်။ အအေးဓာတ်

များလွှမ်းခြုံလာသောကြောင့် အားလုံးမှာ အရိုးကွဲမတတ်ချမ်းနေကြပါသည်။

မီးတုတ်ကို ကိုင်ထားသော စစ်သည်တော်သည် တွင်းပေါက်တစ်ခုထဲ ဝင်ပုန်းလိုက်ပြီး၊ လေကြောင်းကို ကျောပေးလိုက်ကာ မီးမွှေးသည်ကိရိယာများကို ထုတ်လိုက်ပါသည်။ ထို့နောက် တုတ်ပေါ်သို့ စေးကပ်သော အဆီတမျိုးကို သုတ်လိုက်ပါသည်။ ထို့နောက်သူသည် မီးကို မွှေးလိုက်ပါသည်။

“ဝှစ်…”

မီးတုတ်မှာ တဖန်မီးပြန်တောက်လာပသည်။ သို့သော် လုံလောက်သော အပူကို မပေးနိုင်သေးပါ။ လေများငြိမ်သက်သွားသောကြောင့်၊ သူသည် မီးတုတ်ကို မီးပြန်ညှိရန် ကြိုးစားနေခြင်းဖြစ်ပါသည်။

သို့သော် ထွန်းရင်ကြိုးစားနေစဉ်မှာပင်၊ မီးမှာ ပြန်ငြိမ်းသွားလေသည်။

“သေလိုက်ပါတော့ကွာ”

ထိုစစ်သည်တော်သည် အပူချိန်ပြုတ်ကျသွားသည်ကို ခံစားလိုက်ရပါသည်။ အဆုတ်များပင် အေးခဲသွားမလို ခံစားလိုက်ရပါသည်။ ထို့နောက် အနားတွင် ရှိသော စစ်သည်တော်တစ်ယောက်ကို “မင်းမှာ မီးခြစ်ဆံရှိသေးလား…ငါ့မှာ ကုန်သွားလို့” ဟုမေးလိုက်ပါသည်။

ဘယ်သူမှ ပြန်မဖြေကြပါ။

အသံများတိတ်ဆိတ်သွားပါသည်။

စစ်သည်တော်သည် တစုံတရာကို ပြောလိုက်ချင်သော်လည်း၊ သူ့အသိစိတ်မှာ တဖြည်းဖြည်းပျောက်ကွယ်နေပြီဖြစ်သည်ကို ခံစားလိုက်ရပါသည်။ ထို့နောက် သူသည် ခန္ဓာကိုယ်ကြီးလေးလံလာသည်ကို ခံစားလိုက်ရပြီး၊ နောက်ဆုံးတွင် သတိလစ်သွားပါတော့သည်။

အလင်းရောင်သာရှိမည်ဆိုပါက၊ ခေါင်းမှ ခြေထောက်အထိအေးခဲသွားသော ထိုလူကို မြင်တွေ့ရမည် ဖြစ်သည်။

ထိုသူနှင့် နည်းနည်းလှမ်းသောနေရာမှ၊ မီးလျှံသလင်းကျောက်များကို တူးနေနေသာ လူတစ်ယောက်သည်လည်း အေးခဲသွားပြီဖြစ်ပါသည်။ ထိုလူသည် အသက်မရှူတော့ပါ။ သူတို့နားတွင် စောင့်ကြပ်ပေးနေသော အစောင့်များမှာလည်း နှလုံးခုန်ရပ်သွားပါတော့သည်။

ဂူ၏ အပေါ်ထပ်ကော၊အောက်ထပ်မှာပါ အေးခဲကုန်ပြီဖြစ်သည်။ သက်ရှိအရာမှန်သမျှ အားလုံး အသက်ပျောက်သွားပြီဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဂူထဲတွင်…။

အကြီးအကဲ၃ယောက်သည် မတုန်မလှုပ် မတ်တပ်ရပ်နေကြပါသည်။ သူတို့သည်လည်း ဘာလုပ်ရမလဲ မသိဖြစ်နေကြပါသည်။

အသံများကို ကြားလိုက်ရပြီးနောက်၊ အော်သံများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များရောယှက်နေသည်ကို ခံစားလိုက်ရပါသည်။ သို့သော် ဒေါသက သိပ်မပြင်းထန်သည်မှာတော့ ထူးဆန်းပါသည်။

ခံစားချက်မှာ ခံစားချက်သာဖြစ်ပါသည်။

“ကြည့်ရတာ သားရဲဘုရင်ကြီးက ငါတို့ကို စိတ်မဝင်စားဘူးထင်တယ်…သူ့ကို လာနှောင့်ယှက်တဲ့လူတွေကိုပဲ ပြန်လက်စားချေနေတာထင်တယ်” ရှောက်ရွှမ်သည် စိတ်အားတက်ကြွစေမည့် စကားမျိုးကို ပြောလိုက်ချင်သော်လည်း၊ သူသည် သူ့လူများအား မညာချင်ပါ။

ကျောက်တုံးတီကောင်ဘုရင်ကြီး၏ ဂူထဲတွင် လမ်းပျောက်နေတုန်းက၊ ကျောက်တုံးတီကောင်ဘုရင်ကြီးသည် သူရှိနေသည်ကို သိနေပါသည်။ သို့သော် ကျောက်တုံးတီကောင်ကြီးက သူ့ကို အဖက်မလုပ်ပါ။ လူသားတစ်ယောက်က

ပုရွက်ဆိတ်တစ်ကောင်ကို အဖက်မလုပ်သည့်သဘောပင် ဖြစ်ပါသည်။

“ဒီနေ့ ဒီကောင်ကြီး စိတ်ကောင်းဝင်နေတယ်ထင်တယ်…အဲဒါကြောင့် သူ့ဆီက လူသတ်ချင်တဲ့ အငွေ့အသက်တွေ ထွက်မနေတာ” ကျန်းလော်က ပြောလိုက်ပါသည်။ မြွေဟောက်ဘုရင်ကြီးသည် စိတ်ကောင်းဝင်နေသည်ဟု ရှောက်ရွှမ်က ပြောထားသည် မဟုတ်ပါလား။

“ဘာပဲဖြစ်ဖြစ် ရန်သွားမစတာတော့ အကောင်းဆုံးပဲပေါ့” မြွေဟောက်ဘုရင်ကြီး၏ ဒေါသမှာ ကျောက်တုံးတီကောင်ဘုရင်ကြီး၏ ဒေါသထက်ပိုဆိုးပါသည်။ အခုတော့ ထိုသတ္တဝါကြီးသည် သူတို့ကို အရေးမလုပ်ခြင်းမှာ သူတို့ကံကောင်းခြင်းပင် ဖြစ်သည်။

ထို့နောက် သူတို့သည် တော်လဲသံများ ထွက်ပေါ်လာသံများကို ကြားလိုက်ရပါသည်။ ခဏကြာသောအခါ အသံများမှာ သူတို့နှင့် တဖြည်းဖြည်းဝေးကွာသွားပါသည်။

ရှောက်ရွှမ်သည် ဂူပေါက်ဝနားသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။ အပေါက်ဝတွင် နှင်းများ ပိတ်ဆို့နေပြီ ဖြစ်ပါသည်။

နှင်းများကို ဖယ်ရှားလိုက်ပြီး၊ ရှောက်ရွှမ်သည် အပြင်ကို ကြည့်လိုက်ပါသည်။

လေများ၊နှင်းများကြားတွင် ရှောက်ရွှမ်သည် မြွေကြီး၏ အရိပ်ကို မြင်လိုက်ရပါသည်။ တခါတရံတွင် ခုန်ဆွခုန်ဆွသွားလိုက်၊ ထို့နောက် မြေကြီးပေါ်တွင် တွန့်တွန့် တွန့်တွန့်နှင့် သွားလိုက်လုပ်နေပါသည်။

ထိုသတ္တဝါကြီးမှာအားပြည့်လန်းဆန်းနေပါသည်။

အသံကြီးများ ပျောက်ကွယ်သွားသောအခါမှသာ ဂူထဲမှလူများသည် သက်ပြင်းချလိုက်နိုင်ပါတော့သည်။

“သွားပြီလား” ကျန်းလော်က ပြောလိုက်ပါသည်။

“ခဏထွက်သွားတာထင်တယ်…ဘယ်တော့ပြန်လာမလဲတော့ ကျွန်တော်လည်း မသိဘူး…ကြည့်ရတာ ဒီဆားတွင်းက သူ့ရဲ့အသိုက်ဖြစ်မယ်ထင်တယ်…ကျွန်တော်အပြင်ထွက်ကြည့်လိုက်ဦးမယ်” ရှောက်ရွှမ်က ပြောလိုက်ပါသည်။

“ငါလည်းလိုက်မယ်” ကျန်းလော်သည် သောခန်ဘက်သို့လှည့်ပြီး “အားလုံးကို စောင့်ကြည့်ထားနော်…တစ်ကောင်မှ အပြင်မထွက်စေနဲ့” ဟုပြောလိုက်ပါသည်။

ရှောက်ရွှမ်နှင့် ကျန်းလော်ထွက်သွားသောအခါ၊ အခြားအကြီးအကဲ၂ယောက်လည်း လိုက်လာပါသည်။ ၎င်းတို့သည် အပြင်တွင် ဘာဖြစ်နေလဲ သိချင်နေကြပါသည်။ အပြင်တွင် သားရဲကြီးမရှိတော့သောကြောင့်၊ အပြင်ကို ထွက်ခွင့်ရခြင်းဖြစ်ပါသည်။ ရွာကိုသာ အသက်ရှင်လျက်ပြန်ရောက်လာပါက၊ သူတို့သည် အခု

အဖြစ်အပျက်ကို မှတ်တမ်းတင်ကြမည်ဖြစ်သည်။ သို့မှသာ သူတို့၏ နောင်လာနောင်သားများသည်၊ ထိုနေရာတွင် သားရဲဘုရင်ကြီးတစ်ကောင်နေသည်ကို သိကြမည်ဖြစ်သည်။ သူတို့သည် ယခုနေရာတွင် ဆားများတူးဖော်လာသည်မှာ ဆယ်စုနှစ်များ ကြာခဲ့ပြီဖြစ်သည်။

သူတို့သည် အပြင်ထွက်သင့်၊မထွက်သင့် စဉ်းစားနေကြပါသည်။

ပတ်ဝန်းကျင်ကို နားစွင့်ကြည့်လိုက်ပြီးနောက်၊ ရှောက်ရွှမ်သည် ကျောက်တုံးကြီးကို ဖယ်ရှားပစ်လိုက်ပြီး၊ အပြင်သို့ ထွက်လာပါသည်။ အကြီးအကဲ၃ယောက်လုံး အပြင်သို့ရောက်သည့်အခါ၊ သူသည် ဂူဝကို ကျောက်တုံးကြီးနှင့် ပြန်ပိတ်လိုက်ပါသည်။

အပြင်တွင် နှင်းမုန်တိုင်းတိုက်ခတ်နေဆဲ ဖြစ်ပါသည်။ အအေးဓာတ်ကလည်း ပြင်းထန်ဆဲဖြစ်ပါသည်။

“မြေခွေးတွေရဲ့ ဂူကို သွားကြည့်ရအောင်” ကျန်းလော် ပြောလိုက်သည်။

“အိုကေ…”

လေးယောက်သား သတိကြီးစွာနှင့် မြေခွေးမျိုးနွယ်စု၏ ဂူနားသို့ ချဉ်းကပ်လာပါသည်။

ရေခဲပြင်ပေါ်နင်းလိုက်မိသောအခါ၊ လေးယောက်လုံးသည် တကိုယ်လုံး ကျင်တက်သွားသလို ခံစားလိုက်ရပါသည်။ သို့သော် မြေခွေးမျိုးနွယ်စု၏ ဂူထဲမှ အခြေအနေကို မြင်လိုက်ရသောအခါ၊ သူတို့ခံစားနေရသော အအေးဒဏ်မှာ ဘာမှ မဟုတ်ကြောင်း သိသွားပါသည်။

မြေခွေးမျိုးနွယ်စု၏ ဂူပေါက်ဝတွင် နှင်းများပိတ်ဆို့နေသဖြင့်၊ ဝင်ပေါက်မှာ ယခင်ကထက် ပိုကျဉ်းမြောင်းသွားပါသည်။ မြေပေါ်တွင်တော့ နှင်းထုက ၁မီတာလောက်ရှိနေပါသည်။

၎င်းတို့သည် နှင်းများကို ခုန်ကျော်လိုက်ပြီး၊ ဂူ

ထဲသို့ ဝင်သွားပါသည်။

ကျန်းလော်သည် အလင်းကျောက်တစ်လုံးကို ကိုင်ဆောင်လာသဖြင့်၊ အထဲမှ မြင်ကွင်းများကို ရှင်းလင်းစွာ မြင်နေရပါသည်။

ဂူပေါက်ဝနားတွင် အေးခဲနေသော လူများကို တွေ့လိုက်ရပါသည်။ ၎င်းတို့မှာ လူပိပြီး သေဆုံးကုန်ကြခြင်းဖြစ်ပါသည်။

ဆက်လက်လျှောက်သွားသောအခါ၊ ကျိုးပဲ့နေသာ လူ့ခန္ဓာကိုယ် အပိုင်းအစများကို မြင်လိုက်ရပါသည်။

ထိုအရာများကို မြင်လိုက်ရသောအခါ၊ သူတို့အားလုံး ကျောရိုးထဲမှ စိမ့်တက်သွားပါသည်။

ရှောက်ရွှမ်က ဂူထဲသို့ဆက်ဝင်လာပါသည်။ အထဲတွင် မတ်တပ်အနေအထားနှင့် အေးစက်တောင့်တင်းနေသူများကို မြင်လိုက်ရပါသည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ရေခဲများ ဖုံးလွှမ်း

နေပါသည်။

ထိုခန္ဓာကိုယ်များကိုရှောင်ရှားရင်း၊ လေးယောက်သား ဂူ၏ အောက်ထပ်သို့ ဆင်းသွားကြပါသည်။

ဂူအောက်ထပ်တွင် အခြေအနေကောင်းမည်ဟုထင်ထားသော်လည်း၊ အခြေအနေက ဆိုးဝါးနေပါသည်။

အထဲတွင်ရှိသူများ တစ်ယောက်မှ အသက်မရှင်သည်ကို သိသွားသောအခါ၊ အားလုံးမှာ တုန်လှုပ်သွားကြပါတော့သည်။ အားလုံးမှာ မီးလျှံသလင်းကျောက်များတူးနေရင်း တန်းလန်း အေးခဲကုန်ခြင်းဖြစ်သည်။

“မီးလျှံသလင်းကျောက်တွေလား” ကျန်းလောက အာရုံရသွားပါသည်။

ကျန်းလော်၏ စကားကို ကြားလိုက်သောအခါ၊ အခြားအကြီးအကဲ၂ယောက်သည် ကြောက်စိတ်

များ ပျောက်ကွယ်သွားပါသည်။

ဂူထဲတွင် သားရဲဘုရင်ကြီး မရှိတော့သလို၊ ရန်သူများလည်း မရှိတော့ပါ။ မီးလျှံသလင်းကျောက်များက သူတို့ကို အသင့်စောင့်နေပေသည်။ သူတို့ ဘာလုပ်ကြမည်လဲ။

“တူးကြဟေ့…”

(ဆက်ရန်…)

All Chapters