အခန်း (၄၆၉-၄၇၁)
Vol. 32 Ch. 469-471
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၆၉) လှိုဏ်ခေါင်း
မြေပြင်ပေါ်တွင် မီးလျှံသလင်းကျောက်များ ပြန့်ကျဲနေပါသည်။ မြေခွေးမျိုးနွယ်စုဝင်များ တူးလက်စ မီးလျှံသလင်းကျောက်များက ဒီအတိုင်းတန်းလန်းဖြစ်နေပေသည်။
အကြီးအကဲများကိုင်ဆောင်သော လက်နက်များမှာ အခြားလူများကိုင်ဆောင်သော လက်နက်များထက် ပိုကောင်းပါသည်။ အလင်းကျောက်များ၏ အကူအညီနှင့် ၎င်းတို့ မီးလျှံသလင်းကျောက်များကို လျင်မြန်စွာ တူးယူကြပါတော့သည်။ သို့သော် မြေခွေးနှင့် ရှန်များဝင်လာမည်ကို စိုးရိမ်သောကြောင့်၊ သတိတော့မလစ်ရဲပါ။
ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်များရှိသော တွင်းထဲသို့ ဝင်လိုက်ပါသည်။ တွင်းနံရံများပေါ်တွင် ရေခဲများဖုံးလွှမ်းနေပါသည်။ သူသည်
တွင်းအောက်သို့ ကြိုးဖြင့် ခိုဆင်းသွားပါသည်။
တွင်းနံရံများမှာ ချောမွေ့နေသောကြောင့်၊ ကြိုးနှင့်ဆင်းခြင်းက ပိုအဆင်ပြေပါသည်။
တွင်းအောက်ကိုရောက်သောအခါ၊ သူသည် သားရဲတစ်ကောင်ကို တက်နင်းမိပါသည်။
ထိုသားရဲ၏နောက်တွင် အလျားရှည်သော လှိုဏ်ခေါင်းကြီးတစ်ခုဖြစ်ပေါ်နေပါသည်။ လှိုဏ်ခေါင်းထဲတွင် ရှိသော ကျောက်ခဲများမှာ အဖြူရောင်ရေခဲများ ဖုံးလွှမ်းနေပါသည်။ ရေခဲပြင်မှာ ပါးလွှာသော်လည်း၊ မာကျောမှု ရှိပါသည်။
ဂူထဲမှ လေများမှာ အေးစက်နေပါသည်။ ရှောက်ရွှမ်သည် အသက်ရှူလျှင် ဖြစ်ပေါ်လာတတ်သော အအေးဓာတ်ကိုပင် မခံစားရတော့့ပါ။
လှိုဏ်ခေါင်းထဲတွင် မီးလျှံသလင်းကျောက်များရှိနေသေးသည်ကို ရှောက်ရွှမ်ခံစားမိပါသည်။
မြွေဟောက်ဘုရင်ကြီးသည် ထိုနေရာတွင် မီးလျှံသလင်းကျောက်များရှိနေသဖြင့် နေနေခြင်းဖြစ်နိုင်ပါသည်။
သူတို့သည် ထိုဆားတွင်းများတွင် ဆားများတူးယူလာသည်မှာ ဆယ်စုနှစ်များ ကြာခဲ့ပြီ ဖြစ်သော်လည်း၊ မြွေဟောက်ဘုရင်ကြီးသည် တခါမှ ထွက်ပေါ်လာခြင်း မရှိပါ။ ကာလကြာရှည်စွာ အိပ်စက်နေခြင်းများလား။ ထိုသတ္တဝါကြီး၏ အသက်ဘယ်လောက်ရှိလဲတော့ ရှောက်ရွှမ်မသိပါ။
ရှောက်ရွှမ်သည် နံရံပေါ်မှ ရေခဲများကို ဓားနှင့်ခြစ်ချလိုက်ပြီး၊ မီးလျှံသလင်းကျောက်များကို တူးယူလိုက်ပါသည်။ ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်များမှ စွမ်းအင်များကို တစုံတရာက စုပ်ယူသွားသည်ကို သိပါသည်။ သို့သော် အကုန်လုံးကို စုပ်ယူသွားခြင်းတော့ မဟုတ်ပါ။
မီးလျှံသလင်းကျောက်များမှ စွမ်းအင်ကို မြွေဟောက်ဘုရင်ကြီး စုပ်ယူသွားခြင်းများလား။
ရှောက်ရွှမ်သည် အချိန်မရသောကြောင့် ဓားနှင့် လျင်မြန်စွာတူးနေပါတော့သည်။ သူသည် မီးလျှံသလင်းကျောက်များကို အထူးအမြင်အာရုံနှင့် မြင်နေရသောကြောင့်၊ အလင်းကျောက်များကို သုံးရန်မလိုအပ်ပါ။
“ချွင်… ချွင်…”
လှိုဏ်ခေါင်းထဲမှ ရှောက်ရွှမ်၏သလင်းကျောက်တူးသံများ ထွက်ပေါ်လာပါသည်။ ကျန်းလောနှင့် အကြီးအကဲ၂ယောက်ကလည်း တူးနေကြပါသည်။
တွင်းထဲမှ မီးလျှံသလင်းကျောက်များကို တူးပြီးသွားသောအခါ၊ အေးခဲနေသော အလောင်းများပေါ်မှ မီးလျှံသလင်းကျောက်များကို ထပ်မံတွေ့လိုက်ရပါသည်။ သူတို့အားလုံးသည် ထိုသလင်းကျောက်များကို ယူပြီး၊အိတ်ထဲသို့ ထည့်လိုက်ပါသည်။ ထို့နောက် သုံးယောက်လုံးသည် လှိုဏ်ခေါင်းထဲသို့ ဆက်ဝင်သွားကြပါသည်။
“ငါတို့ကတော့ မီးလျှံသလင်းကျောက်များကို ရဖို့ မြေခွေးတွေနဲ့ ဆော်ရတော့မယ်မှတ်တာ…ခုတော့ အေးဆေးပဲ ဘာမှလုပ်စရာမလိုတော့ဘူး” ထိုက်ဟယ်မျိုးနွယ်အကြီးအကဲက ရယ်ရင်းပြောလိုက်ပါသည်။
မည်သို့ပင်ဆိုစေကာမူ၊ မီးလျှံသလင်းကျောက်များ ရရှိလိုက်သဖြင့် ၎င်းတို့သည် စိတ်လက်ကြည်သာသွားပါသည်။
မြေခွေးမျိုးနွယ်စုဝင်တို့၏ ဂူထဲတွင်တွေ့ရသော မီးလျှံသလင်းကျောက်များမှာ၊ မီးတောက်ဦးချိုမျိုးနွယ်စုတို့၏ ဂူထဲတွင် တွေ့ရသော မီးလျှံသလင်းကျောက်များထက် ပိုကြီးပါသည်။
အကြီးအကဲ၃ယောက်သည် ခဏနားလိုက်ပြီးနောက်၊ ပြန်ထလာကြပါသည်။ မည်သည့်အချိန်တွင် မြွေဟောက်ဘုရင်ကြီး ပြန်ရောက်လာမလဲ မည်သူမှ မသိပါ။ မြွေဟောက်ဘုရင်ကြီးပြန်မလာခင်၊ သူတို့သည် ရသလောက် ဆက်တူးချင်နေကြ
ပါသည်။
“ငါလူလုပ်တာ ကြာလှပြီ...ဒီလောက်များတဲ့ မီးလျှံသလင်းကျောက်တွေတခါမှ မမြင်ဖူးသေးဘူး” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲ အသက်ရှူသံများ မြန်လာပါသည်။
“ငါကောပဲ အသက်၈၀ရှိပြီ…ဒီလောက်များတဲ့ မီးလျှံသလင်းကျောက်တွေ မမြင်ဖူးသေးဘူး” တောင်လေအကြီးအကဲ လန်မုက ပြောလိုက်ပါသည်။
ရှောက်ရွှမ်သည်တူးဆွခြင်းကို ရပ်တန့်လိုက်ပါသည်။ ကျန်းလောကတော့ ဘာမှ မပြောဘဲ တိတ်ဆိတ်နေပါသည်။
ထိုက်ဟယ်အကြီးအကဲသည် ကျန်းလော်ကိုကြည့်လိုက်သော်လည်း၊ ဘာမှ မပြောပါ။
အကြီးအကဲ၃ယောက်တို့မှာ သက်တူရွယ်တူလောက်ရှိမည် ဖြစ်ပါသည်။ သို့သော် ကျန်
အကြီးအကဲ၂ယောက်သည် ကျန်းလော်ထက် အသက်နည်းနည်းကြီးပါသည်။
အခြားမျိုးနွယ်စုများက မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်း သိပ်မသိသော်လည်း၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သက်တမ်းမှာ သူတို့ထက် တိုကြောင်းကို သိထားပါသည်။
ရှောက်ရွှမ်သည် ထိုအကြောင်းကို သိထားသည်မှာ မကြာသေးပါ။ သမုဒ္ဒရာ၏ အခြားတစ်ဖက်ကမ်းတွင်နေတုန်းက၊ ထိုအကြောင်းကို သံသယဝင်ဖူးသော်လည်း၊ သေချာတော့ မသိပါ။ မီးတောက်ဦးချိုမျိုးနွယ်စုသည် အခြားမျိုးနွယ်စုများနှင့် ယှဉ်ပါက သက်တမ်းတိုနေပါသည်။
ယခုခရီးတွင်လိုက်ပါလာသူများမှာ အသက်၁၀၀ကျော်နေပြီဖြစ်သော်လည်း၊ သက်လတ်ပိုင်းလောက်သာ ထင်ရပါသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အသက်၁၀၀ကျော်နေခြင်ပါက၊ ခွန်အားမသုံးဘဲ
နေမှ ဖြစ်မည်။ ၎င်းတို့သည် သက်ကြီးပိုင်းသို့ရောက်လျှင်၊ လျင်မြန်စွာ အိုမင်းရင့်ရော်သွားကြပါသည်။
၎င်းတို့သည် ပြည့်စုံသောဘဝတွင် မနေရသောကြောင့် ထိုကဲ့သို့ ဖြစ်ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာ မီးမျိုးစေ့ကို ၂ခြမ်းခွဲထုတ်လိုက်ခြင်းကြောင့် ဖြစ်ပါသည်။
လွန်ခဲ့သောနှစ်များက၊ ဘိုးဘေးများသည် ထိုကိစ္စအတွက် အလွန်နောင်တရမိကြသည်။ ၎င်းတို့၏မှတ်တမ်းများထဲတွင် အမိမြေသို့ မပြန်နိုင်ခြင်းအတွက်၊ ကိုယ့်ကိုယ်ကို အပြစ်တင်သည့်အကြောင်းများ ရေးမှတ်ထားပါသည်။ သက်တမ်းရှည်စွာမနေရခြင်းမှာ အပြစ်ဒဏ်ကို ခံရခြင်း ဖြစ်သည်ဟု ယူဆကြပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အခြားလူများထက် ခွန်အားဗလကောင်းကြသော်လည်း၊ သက်တမ်းတော့တိုကြပါသည်။
တခြားဘက်မှ နတ်ဆေးဆရာသည် ထိုအကြောင်းကို သိသော်လည်း မည်သူ့ကိုမှ မပြောပြပါ။ ထို့ပြင်မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေခဲ့ သဖြင့်၊ သူတို့သည် ထိုအချက်ကို သတိမထားမိကြပါ။ အခုဘက်ခြမ်းမှ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည်လည်း အပြင်လူများနှင့် အဆက်အသွယ်သိပ်မရှိသောကြောင့်၊ ထိုအကြောင်းများကို သိပ်သတိမထားမိပါ။ တချို့တလေလောက်သာ ထိုအကြောင်းကို သိကြပြီး၊ သိသူများကလည်း ထိုအကြောင်းကို လျှို့ဝှက်ထားကြပါသည်။
အတိတ်တုန်းကဆိုလျှင်၊ ဘိုးဘေးများသည် အခြားမျိုးနွယ်စုမှလူများနှင့် လက်ထပ်ခြင်းကို ခွင့်ပြုခဲ့ပါသည်။ သို့သော်လည်း သက်တမ်းတိုခြင်းပြဿနာကိုတော့ ဖြေရှင်း၍မရပါ။ သက်တမ်းတိုသော ဗီဇမှာ ၎င်းတို့၏ သွေးထဲတွင် ပါနေခြင်းဖြစ်သည်။
ရှောက်ရွှမ်သည် ဘိုးဘေးများ ကိုယ့်ကိုယ်
ကိုယ် အပြစ်တင်သောမှတ်တမ်းများကို ဖတ်မိသော်လည်း၊ အကြောင်းရင်းကိုတော့ ရှာမရပါ။ ရှောက်ရွှမ်သည် ကုန်းကျားတောင်တန်းမှ ပြန်လာပြီး၊ အလှဆင်ထားသည့်အရိုးလေးမှ စွမ်းအင်ကို ထိန်းချုပ်ရန် ကြိုးစားသောအခါမှ၊ နတ်ဆေးဆရာမက သူ့ကို ပြေပြခြင်းဖြစ်သည်။
အများစုသည် သူတို့မျိုးနွယ်စုမှာ အသက်တိုသော အမျိုးဖြစ်ကြောင်းသိသော်လည်း၊ အကြောင်းရင်းကိုတော့ ရှာမရပါ။တချို့လူများထင်သည်မှာ သူတို့သည် သာမန်ထက်ထူးကဲသော ခွန်အားများကို ပိုင်ဆိုင်ထားခြင်းကြောင့် ထိုသို့ဖြစ်သည်ဟု ထင်နေကြသည်။ လူအများက ထိုအကြောင်းပြချက်ကို လက်ခံကြပါသည်။
နတ်ဆေးဆရာများသည် ထိုအကြောင်းကို ရွာသူရွာသားများအား မပြောြပပါ၊ အားလုံး မျှော်လင့်ချက်မဲ့ကုန်မှာ စိုးသောကြောင့် ဖြစ်သည်။ နှစ်၁၀၀၀ကြာသွားပြီဖြစ်သော်လည်း၊ သူတို့သည် မပြန်နိုင်သေးကြပါ။ အချိန်များကြာ
သွားသောအခါ၊ ထိုအကြောင်းများကို အများက မေ့သွားကြပါသည်။ ခေါင်းဆောင်ပိုင်းလောက်သာ ထိုအကြောင်းများကို မှတ်မိနေကြပါသည်။ ကျန်းလောနှင့် နတ်ဆေးဆရာမသာ အဖြစ်မှန်ကို သိကြပါသည်။
ရှောက်ရွှမ်ရောက်လာခြင်းမှာ သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည်သမ်းလာခြင်း ဖြစ်ပါသည်။
ပြီးခဲ့သောနှစ်က နတ်ဆေးဆရာမသည် ရှောက်ရွှမ်ရောက်လာသော ကမ်းရိုးတန်းသို့ အဖွဲ့၇ဖွဲ့စေလွှတ်ခဲ့ပါသည်။ သို့သော် ဘာမှထူးခြားမလာပါ။ တစ်ဖက်ကမ်းသို့ကူးနိုင်မည့် အခွင့်အရေးမည်သည့်အချိန်တွင် ရမလဲ မည်သူမှ မသိပါ။
သူတို့ဘယ်လို ပြန်ကြမလဲ။
ရှောက်ရွှမ်သည် အတွေးနက်နေမိပါသည်။ သတိလက်လွတ်နှင့် မီးလျှံသလင်းကျောက်များကို တူးနေပါသည်။
တောင်လေမျိုးနွယ်စုအကြီးအကဲက ဖြစ်ပေါ်လာသော ထူးဆန်းသည့် အခြေအနေကို သတိထားမိသွားပါသည်။
“ကျွန်တော်ပတ်ဝန်းကျင်ကို လေ့လာလိုက်ဦးမယ်” ရှောက်ရွှမ်သည် သူတူးယူရထားသော မီးလျှံသလင်းကျောက်များကို ကျန်းလော်အားပေးလိုက်သည်။ ထို့နောက် လှိုဏ်ခေါင်းထဲသို့ ပြေးဝင်သွားပါသည်။
ပြေးရင်းနင့် ရှောက်ရွှမ်သည် လမ်းများကို မှတ်သားလာခဲ့ပါသည်။ သူထွက်လာခဲ့သောနေရာနှင့် ယခုရောက်နေသောနေရာအကွာအဝေးကိုလည်း တွက်ချက်ကြည့်နေပါသည်။ ထိုနေရာသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ဆားဂူနှင့် နီးသောနေရာဖြစ်ပါသည်။ သူ၏အပေါ်တွင် ရှိခြင်းဖြစ်ပါသည်။
ရှောက်ရွှမ်သည် သလင်းကျောက်များကို ချက်ချင်းမတူးသေးဘဲ၊ လှိုဏ်ခေါင်းအဆုံးသို့
လျှောက်သွားပါသည်။ ထိုနေရာမှာ သားရဲဘုရင်ကြီး မြေကြီးအောက်မှ ထွက်ပေါ်လာသောနေရာဖြစ်သည်။ မြေပြင်ပေါ်မှ အပေါက်ကြီးကတော့ နှင်းများနှင့် ပြန်လည်ဖုံးလွှမ်းသွားပြီ ဖြစ်ပါသည်။ တွင်းပေါက်နားသို့ ရောက်လေ၊ အအေးက ပိုလာလေဖြစ်သည်။
ရှောက်ရွှမ်သည် ရှေ့ဆက်မသွားတော့ဘဲ၊ နားသာစွင့်နေလိုက်သည်။ သူသည် သားရဲဘုရင်ကြီး၏ အသံကို မကြားရပါ။ ထို့နောက် ရှောက်ရွှမ်သည် နောက်ပြန်လှည့်လိုက်သည်။
သူ၏တွင်းပေါက်ကို ရေခဲများနှင့်ပြန်ပိတ်ခဲ့ခြင်းဖြစ်သောကြောင့်၊ သားရဲဘုရင်ကြီးမှာ တော်တော်နှင့် ပြန်လာဦးမှာမဟုတ်ပါ။
ရှောက်ရွှမ်သည် သူ့လူများကို ခေါ်လိုက်ပြီး၊ သူ့အကြံအစည်ကိုပြာပြလိုက်ပါသည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ဂူသို့ပေါက်သည်အထိ ဆက်တူးသွားရန် ကြံစည်ထားပါသည်။
သူတို့သည် ထိုနေရာတွင် ရက်အနည်းငယ်လောက်ပိတ်မိနေမည်ဆိုပါက၊ မြေခွေးမျိုးနွယ်စု၏ ဂူသို့ရောက်လာမည် မဟုတ်တော့ပါ။ သားရဲကြီးသည် မြေခွေးမျိုးနွယ်စု၏ ဂူကို ပစ်မှတ်ထားခြင်းဖြစ်ပါသည်။ ၎င်းတို့သည် သားရဲဘုရင်ကြီးကို ဒေါသထွက်အောင်လုပ်မိသွားခြင်းဖြစ်ပေလိမ့်မည်။ မြေခွေးများနှင့် ရှန်များပြန်ရောက်လာလျှင်တော့၊ ၎င်းတို့သည် စစ်ပွဲကို ရှောင်လွှဲ၍ ရမည် မဟုတ်ပါ။ အခုလိုရာသီဥတုမျိုးတွင် စစ်ပွဲကို စ၍ ရဦးမည် မဟုတ်ပါ။
လေးယောက်လုံးက သဘောတူလိုက်ပါသည်။
ရှောက်ရွှမ်သည် သူ၏ဂေါ်ပြားကို ဓားတစ်လက်လို ဝှေ့ယမ်းလိုက်ပြီး၊ အပေါ်ယံရေခဲလွှာများကို တူးထုတ်လိုက်ပါသည်။
ကျန်၃ယောက်ကလည်း ဝိုင်းကူကြပါသည်။
၎င်းတို့သည် အပြင်မှ အခြေအနေများကို သေချာမသိကြသောကြောင့်၊ချက်ချင်း မထွက်ရဲ
သေးကြပါ။ အချိန်ရသေးသဖြင့် မီးလျှံသလင်းကျောက်များကို ဆက်တူးနေကြပါသည်။ သားရဲဘုရင်ကြီးပြန်ရောက်လာမည်ဆိုလျှင်လည်း၊ အဖွဲ့တစ်ဖွဲ့ကို မီးလျှံသလင်းကျောက်များနှင့် ရွာသို့ မရောက်ရောက်အောင် ပြန်လွှတ်မည် ဖြစ်ပါသည်။
သူတို့တူးနေသောနေရာမှ မကျယ်ပါ။ အစပိုင်းတွင် ကျောက်သားမှာ မာကျောနေသော်လည်း၊ အောက်သို့ရောက်သောအခါ တူးရလွယ်သွားပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဂူထဲတွင် ၊ စစ်သည်တော်များသည် မီးလျှံသလင်းကျောက်များကို စောင့်ရှောက်နေကြပါသည်။ ထို့နောက် သောခန်ကို သွားရှာကြပါသည်။
သုန့်ကန်းသည် အောက်ထပ်သို့ လူတချို့ကို စေလွှတ်ထားပါသည်။ လူများအေးခဲပြီးသေဆုံးသည့် အဖြစ်မျိုးဖြစ်ပေါ်လာမည်စိုးသောကြောင့် ဖြစ်ပါသည်။ ထိုကိစ္စကို လုပ်ပြီးသွားသောအခါ၊
သောခန်တို့သည် မီးလျှံသလင်းကျောက်တွင်းနားသို့ ချဉ်းကပ်သွားကြပါသည်။ လူများအေးခဲတော့မည့် လက္ခဏာများပြလာပါက၊ ၎င်းတို့သည် ချက်ခြင်း ထွက်ပြေးကြတော့မည် ဖြစ်ပါသည်။
သားရဲဘုရင်ကြီးအပြင်၊မြေအောက်တွင် ဘာသတ္တဝါနေနေသလဲ။
“ဂျွတ်… ဂျွတ်… ဂျွတ်…”
အသံများကို ရှင်းလင်းစွာကြားနေရပါသည်။ သို့သော် သားရဲဘုရင်ကြီး၏ အသံတော့ မဟုတ်ပါ။ ပတ်ဝန်းကျင်တွင် အေးစိမ့်သွားခြင်းမျိုးဖြစ်ပေါ်မလာသလို၊ ရေခဲမှုများလည်း ဖြစ်ပေါ်မလာပါ။
ရန်သူတွေများလား၊ မြေခွေးတွေနဲ့ ရှန်တွေများလား။
သုန့်ကန်းသည် သတိကြီးစွာထားပြီး ရှေ့သို့ နည်းနည်းတိုးသွားပါသည်။ ထို့နောက် တွင်းထဲသို့
ငုံ့ကြည့်လိုက်ပြီး၊ အားလုံးကို သတိနှင့်နေရန် အချက်ပြလိုက်ပါသည်။
၎င်းတို့သည် လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိကြပါသည်။ သူတို့သည် သားရဲဘုရင်ကြီးကြောင့် စိတ်ထဲတွင် ဒဏ်ရာများရသွားကြသဖြင့်၊ မြေကြီးအောက်မှ နောက်သတ္တဝါတစ်ကောင်ထပ်ထွက်လာမည်ကို မလိုလားပါ။ သူတို့သည် လူသားတစ်ဦးသာမြင်ရမည်ဟု မျှော်လင့်ထားပါသည်။ ရှန်မျိုးနွယ်စုနှင့် မြေခွေးမျိုးနွယ်စုဝင်တစ်ဦးဦးဖြစ်နေပါက၊ သူတို့အတွက် အရေးမကြီးပါ။
အသံများက တဖြည်းဖြည်းနီးလာပါသည်။
တွင်းနားတွင်ရှိသူများအားလုံး အကြောအချဉ်များတောင့်တင်းကုန်ပါသည်။ အသံမှာ သားရဲတစ်ကောင်အသံမျိုးမဟုတ်ပါ။
မြေပြင်သည် ကွဲအက်တော့မလို ဖြစ်လာပါသည်။
သုန့်ကန်းသည် လက်တစ်ဖက်ကို မြှောက်လိုက်မိပါသည်။
“ဖောက်…”
မြေကြီးပေါ်မှ မြေသားတချို့နှင့် ကျောက်ခဲများ ဖွာလန်ကျဲထွက်သွားပါသည်။
သုန့်ကန်းသည် လက်ကို ဝှေ့ယမ်းပြီးအချက်ပြလိုက်ပြီး “တိုက်ကြ”ဟု အော်လိုက်သည်။
သို့သော် ဖုံများပေနေသာ မျက်နှာလေးခုကို မြင်လိုက်ရသောအခါ၊ သုန့်ကန်းကြက်သေသေသွား၏။
သူမြင်လိုက်ရသော လူ၄ယောက်မှာ အကြီးအကဲ၃ယောက်နှင့် ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်နေပါသည်။
ရှောက်ရွှမ်တို့လေးယောက်သည် ဟိုဘက်ဂူမှ ဒီ
ဘက်ဂူသို့ တူးခြင်း လုပ်ငန်းစဉ်ကို အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်သည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၇၀) မရှိခြင်း
သုန့်ကန်းသည် ရှောက်ရွှမ်တို့၄ယောက်ကို မြင်သောအါ ကြက်သေသေသွားပါသည်။ မယုံနိုင်သောကြောင့် သူ့မျက်လုံးများကို သူပြန်ပွတ်ကြည့်လိုက်ပါသည်။
“အကြီးအကဲ…ဘယ်လိုဖြစ်ပြီးမြေကြီးအောက်က ထွက်လာတာလဲ” သုန့်ကန်းက စိတ်လှုပ်ရှားစွာရယ်လိုက်ပြီး၊ ပုဆိန်ကို ပြန်သိမ်းလိုက်သည်။
ထိုအခါမှ အားလုံးလည်း လက်နက်များကို ပြန်သိမ်းလိုက်သည်။ သူတို့ဂူထဲက ထွက်သွားတာ မဟုတ်လား။ ဘာလို့ မြေကြီးအောက်က ပြန်ထွက်လာတာလဲ။
ရှောက်ရွှမ်တို့သည် သုန့်ကန်းပစ်ချပေးလိုက်သော ကြိုးမှ တွယ်ပြီး အပေါ်သို့ ပြန်တက်လာပါသည်။
ကျန်လော်က ကျောက်တုံးတစ်တုံးပေါ်ထိုင်ချပြီး၊ အဖြစ်အပျက်ကို ရှင်းပြလိုက်သည်။ သူတို့မှာ သန်မာသော စစ်သည်တော်များ ဖြစ်သော်လည်း၊ အနားမရသေးသောကြောင့် ပင်ပန်းနေပါသည်။ ထို့ပြင် သားရဲဘုရင်ကြီး ပြန်ရောက်လာမည်ကို စိုးရိမ်သောကြောင့်၊ တက်သုတ်ရိုက်ပြီး တူးလာရခြင်း ဖြစ်ပါသည်။ အခုတော့ သူတို့ဂူထဲရောက်ပြီဖြစ်သောကြောင့်၊ စိတ်ချသွားပြီဖြစ်သည်။
သုန့်ကန်း၏ မျက်လုံးများ အရောင်တောက်ပသွားပါသည်။ “ဒါဆို ကျွန်တော်တို့က မီးလျှံသလင်းကျောက်တွေကို စိတ်ရှိလက်ရှိတူးလို့ရသွားပြီပေါ့”
“ဟုတ်တယ်…”
“အဲဒါဆို ခေါင်းဆောင်ကြီးတို့ နားလိုက်တော့… ကျွန်တော်တို့ဆက်တူးလိုက်တော့မယ်” သောခန်
က လက်ဝါး၂ဖက်ကို လက်ဖြင့် ပွတ်ရင်းပြောလိုက်ပါသည်။ သားရဲဘုရင်ကြီးကို ကြောက်သောစိတ်များပြေပျောက်သွားပါသည်။ မီးလျှံသလင်းကျောက်များသည် လိုချင်တပ်မက်စရာကောင်းလွန်းလှသည် မဟုတ်ပါလား။
“လူနည်းနည်းထပ်ခေါ်လာခဲ့…သတိထားကြ…တစ်ခုခုဖြစ်တာနဲ့ အမြန်ထွက်ပြေးလာကြ…လောဘကြီးမနေကြနဲ့” ကျန်းလောက သတိေပးလိုက်ပါသည်။ “မြေဆီလွှာတွေနဲ့ ကျောက်တုံးတွေလည်း ပြန်ရှင်းခဲ့ကြ”
လှိုဏ်ခေါင်းထဲတွင် ၎င်းတို့တူးထုတ်ခဲ့သော မြေကြီးများ၊ ကျောက်တုံးများ ပြွတ်သိပ်နေပါသည်။ သားရဲဘုရင်ကြီးပြန်ရောက်လာမည်ဆိုပါက၊ ထိုမြေကြီးပုံများကို ကြည့်ပြီး စိတ်ဆိုးသွားမလား မပြောတတ်ပါ။ သူတို့သည် မြေခွေးများ၏ ဂူထဲတွင် ဖြစ်ခဲ့သည်များကို ပြန်စဉ်းစားမိပြီး ကြက်သီးများထသွားကြပါသည်။ မြေခွေးမျိုးနွယ်စုဝင်များသည် သနားစရာကောင်းလှပါသည်။ဂူထဲမှ လူများအားလုံး သေဆုံးသွား
သောကြောင့် ဖြစ်ပါသည်။
“ဟုတ်ကဲ့ပါ” သုန့်ကန်းက လူတချို့ကို ခေါ်ပြီးထွက်ခွာသွားသည်။ လကနက်ကိရိယာများကို ယူပြီး၊ ကြိုးမှတဆင့်အောက်သို့ တွယ်ဆင်းသွားပါသည်။
အခြားမျိုးနွယ်စုဝင်များလည်း ထိုသို့လိုက်လုပ်ကြသည်။ အခွင့်အရေးကလိုလက်လွတ်မခံချင်ကြပါ။
“ရှောက်ရွှမ်…ငါတို့ဘယ်အချိန်ပြန်လို့ရမလဲ” ကျန်းလော်က မေးလိုက်ပါသည်။
“အဲဒါတော့ ကျွန်တော်လည်း မသိသေးဘူး” ရှောက်ရွှမ်သည် ကြိုးထုံးဗေဒင် တွက်ကြည့်လိုက်ပါသည်။
သူသည် သားရဲဘုရင်ကြီး ဘယ်တော့ ပြန်လာမလဲသိချင်နေသော်လည်း၊ ဗေဒင်တွက်မှု မအောင်မြင်ပါ။ ကြိုးထုံးဗေဒင်ပညာဖြင့် လူတစ်
ယောက်သို့မဟုတ် သားရဲတစ်ကောင်၏ အနာဂတ်ကိုတွက်ချက်မရကြောင်း ရှောက်ရွှမ်သိသွားပါသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ရာသီဥတုကိုသာ တွက်ချက်ကြည့်လိုက်ပါသည်။
တိကျသော အဖြေတစ်ခုထွက်လာသော်လည်း၊ ရာသီဥတုပိုဆိုးလာမည်ဆိုသော အကြမ်းဖျဉ်းအဖြေတစ်ခုတော့ ထွက်လာပါသည်။
“နောက်၂ရက်နေရင် ပြန်ကြမယ်” ရှောက်ရွှမ်ကပြောလိုက်ပသည်။
“နောက်၂ရက်နေရင် ဟုတ်လား” ကျန်းလော်က မျက်မှောင်ကြုတ်လိုက်ပါသည်။ “ဘာလို့လဲ…” သူသည် ရှောက်ရွှမ်ကို ယုံကြည်သော်လည်း၊ အကြောင်းရင်းကိုတော့ သိချင်နေပါသေးသည်။
“နောက်၂ရက်နေရင် နှင်းကျတာခဏရပ်သွားလိမ့်မယ်…ဒါပေမဲ့ နှင်းတွေပြန်ကျလာရင်
ရာသီဥတုက အခုထက်ပိုဆိုးတော့မယ်” ရှောက်ရွှမ်က ပြောလိုက်ပါသည်။ ကြိုးထုံးဗေဒင်က ဘာတွေဖြစ်လာမလဲကို အတိအကျမပြောသော်လည်း၊ ၂ရက်နေလျှင် ထိုနေရာမှ ထွက်ခွာသင့်သည်ဟုတော့ ပြနေပါသည်။
ထိုက်ဟယ်မျိုးနွယ်စုနှင့် တောင်လေမျိုးနွယ်စုအကြီးအကဲများသည် ရှောက်ရွှမ်၏ စကားများကို အလွတ်ရအောင် မှတ်သားထားလိုက်သည်။
အရင်တုန်းကဆိုလျှင်၊ တောင်လေမျိုးနွယ်စုသည် မီးတောက်ဦးချိုမျိုးနွယ်စုကို အထင်မကြီးခဲ့ပါ။ သူတို့အမြင်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် စဉ်းစားဉာဏ်နည်းသော လူများဖြစ်သည်။ သို့သော် အခုတော့ ရှောက်ရွှမ်၏ အစွမ်းကို မြင်လိုက်ရသောကြောင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို အထင်ကြီးသွားပြီ ဖြစ်သည်။
“အဲဒါဆိုရင် ကျုပ်တို့တွေ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရတာပေါ့…နောက်၂ရက်နေရင် ပြန်
ကြမယ်လို့ အားလုံးကို ပြောလိုက်ဟေ့” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲက ပြောလိုက်ပါသည်။
အချိန်က ၂ရက်သာရတော့သဖြင့်၊ မီးလျှံသလင်းကျောက်များကို လျင်မြန်စွာတူးကြရတော့မည် ဖြစ်သည်။
ခဏနားပြီးသွားသောအခါ၊ အကြီးအကဲသုံးယောက်သည် သူတို့လူများကို ဆားများထပ်တူးရန် အမိန့်ပေးလိုက်သည်။
အရင်တုန်းကဆိုလျှင်တော့ သူတို့သည် လိုသလောက်သာတူးယူကြသည်။ ဤဆားတွင်းမှ ရလာသော ဆားများကို အပြင်လူများသို့ရောင်းချခြင်းမပြုပါ။ မြေကြီးနက်နက်သို့တူးလေ့မရှိသောကြောင့်၊ မီးလျှံသလင်းကျောက်များရှိခြင်းကို မသိကြခြင်းဖြစ်သည်။ အခုတော့ မီးလျှ့သလင်းကျောက်များကို တူးမိသောကြောင့်၊ သားရဲဘုရင်ကြီး စိတ်ဆိုးသွားပြီး၊ မြေခွေးမျိုးနွယ်စုဝင်များသေဆုံးကုန်ခြင်း ဖြစ်ပါသည်။
ရက်ပေါင်းများစွာ ဘာမှမလုပ်ဘဲနေလိုက်ရသောကြောင့်၊ စစ်သည်တော်များသည် လုပ်စရာအလုပ်တစ်ခုရလာသောအခါ၊ ပျော်ရွှင်သွားကြသည်။ အနည်းဆုံးတော့ ငုတ်တုပ်ထိုင်နေစရာ မလိုကြတော့ပေ။
အခုအချိန်တွင်တော့ မျက်နှာကျက်မှဆား၊ မြေပြင်ပေါ်မှဆားကို မရွေးတော့ဘဲ၊ ရသလောက်သာ တူးယူကြပါတော့သည်။ အခုတစ်ခေါက်သည် ဤဆားတွင်းထဲတွင် နောက်ဆုံးအကြိမ်တူးယူခြင်း ဖြစ်ပါသည်။ သူတို့သည် သားရဲဘုရင်ကြီး၏ ပိုင်နက်ထဲသို့ နောက်တခါ မလာရဲကြတော့ပါ။ ထိုအကြောင်းကို စောစီးစွာ သိခဲ့ပါက၊ ထိုနေရာသို့ လာမည်ပင် မဟုတ်ပေ။
အတိအကျပြောရမည်ဆိုလျှင်တော့ ထိုနေရာသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဂူဖြစ်ပသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တောင်လေမျိုးနွယ်စုဝင်များသည် ဤနေရာတွင် တူးယူခွင့်မရှိပါ။ သို့သော် သူတို့၏ ဂူများမှာ
သန့်ရှင်းရေးမလုပ်ရသေးသလို၊ သူတို့တွင် အချိန်လည်းမရှိတော့ပါ။ ကျန်းလောကလည်း အခုအခေါက်သည် နောက်ဆုံးအခေါက်ဖြစ်သည်ဟု ယူဆပြီး၊ ထိုက်ဟယ်နှင့် တောင်လေတို့ကို တူးခွင့်ပေးလိုက်ခြင်းဖြစ်ပါသည်။ ထိုသို့တူးခွင့်ပေးလိုက်ခြင်းဖြင့် နောင်တချိန်တွင် ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုတို့၏ အကူအညီကို လိုအပ်သည့်အချိန်တိုင်းရနိုင်မည် ဖြစ်သည်။
ဆားများကိုတူးသည့်သူက တူး၊ မီးလျှံသလင်းကျောက်များကို တူးသည့်သူက တူးနှင့် အားလုံးအလုပ်ရှုပ်နေကြပါသည်။ အစောင့်များက သားရဲဘုရင်ကြီး၏ အရိပ်အခြေကို စောင့်ကြည့်နေပါသည်။ သားရဲဘုရင်ကြီး ပြန်ရောက်လာလျှင် ထွက်ပြေးရန် အသင့်ပြင်ထားကြပါသည်။
သားရဲဘုရင်ကြီးသည် နောက်တစ်နေ့နေ့လယ်လောက်တွင် ပြန်ရောက်လာပါသည်။ သို့သော် ၎င်းသည် ခဏသာ ဟိုကြည့်ဒီကြည့်လုပ်နေပြီး၊ ပြန်ထွက်ခွာသွားပါသည်။ သူသည်ဆားဂူများထဲသို့ ဝင်မလာပါ။
သူတို့သည် မီးလျှံသလင်းကျောက်များတူးရင်းနှင့် မြေခွေးမျိုးနွယ်စုဝင်များနှင့် ရုတ်တရက် ရင်ဆိုင်တွေ့မိကြပါသည်။ ထိုအခါ ၂ဖက်အဖွဲ့သားများမှာ တိုက်ခိုက်တော့မလို ဖြစ်နေပါသည်။ တောင်လေမျိုးနွယ်စုဝင်များ၏ မျက်လုံးများမှာ နီရဲနေပါသည်။ မြေခွေးမျိုးနွယ်စုဝင်များကို တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင်၊ မြေပြင်ပေါ်မှ လူ၁ယောက်က “သားရဲဘုရင်ကြီး ပြန်ရောက်လာပြီဟေ့”။
ထိုအခါ အဖွဲ့၂ဖွဲ့လုံးသည် နောက်ပြန်လှည့်ပြီး ဂူများထဲသို့ ပြန်ပြေးဝင်သွားပါသည်။ ခဏပုန်းနေပြီးသောအခါမှသာ သားရဲဘုရင်ကြီးသည်ခဏပြန်လာခြင်းသာဖြစ်ကြောင်း၊ ဆားတွင်းများထဲသို့ ဝင်မလာကြောင်းကို သိသွားပါသည်။ အခုတခေါက်တွင်တော့ မြေခွေးမျိုနွယ်စုဝင်များကို မတွေ့ရတော့ပါ။
တောင်လေအကြီးအကဲ လန်မုက သူ့လူများအား မြေခွေးများကို အရေးမစိုက်ရန် မှာထား
ပါသည်။ လက်စားချေမည်ဖြစ်သော်လည်း၊ အခုအချိန်သည် လက်စားချေရန် အချိန်မဟုတ်သေးပါ။ သူတို့တွင် အချိန်သိပ်မရှိတော့ပါ။
“ခေါင်းဆောင်ကြီး..ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
မြေခွေးမျိုးနွယ်စုဝင်များ၏ ဂူထဲတွင် မြေခွေးစစ်သည်တော်တစ်ယောက်သည် တိတ်ဆိတ်နေသော အကြီးအကဲကို မေးလိုက်ပါသည်။
သူတို့သည် ရှန်မျိုးနွယ်စုဝင်များ၏ ဂူထဲတွင် ပုန်းနေခြင်းဖြစ်သည်။ သားရဲဘုရင်ကြီး၏ အသံကို ကြားလိုက်ရသောအခါ၊ သူတို့ဂူမှာ ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်ပါသည်။ ထိုအခါ သူတို့သည် အသက်မသေခြင်းအတွက် စိတ်သက်သာရာရသွားသော်လည်း၊ သတင်းဆိုးများကြောင့် စိတ်နှလုံးထိခိုက်သွားကြပါသည်။ သားရဲကြီးထွက်ခွာသွားသောအခါ၊သူတို့သည် ခဏလောက်ဆက်ပုန်းနေပြီးမှ၊ ထွက်လာကြပါသည်။
သူတို့သည် မီးလျှံသလင်းကျောက်တွင်းသို့ ပြန်လာသောအခါ၊ တွင်းထဲတွင် လှိုဏ်ခေါင်းတူးထားသည်ကို တွေ့လိုက်ရပါသည်။ ထို့နောက် အခြားမျိုးနွယ်စု၃ခုမှ လူများကို တွေ့လိုက်ရပါသည်။
သူတို့ ခက်ခဲပင်ပန်းစွာ တူးယူခဲ့ရသော မီးလျှံသလင်းကျောက်များမှာ အခုတော့ အခြားမျိုးနွယ်စုဝင်များ၏ လက်ထဲသို့ ရောက်ကုန်ပြီဖြစ်သည်။
“သားရဲဘုရင်ကြီးက မီးတောက်ဦးချိုတွေရဲ့ဂူကိုကျတော့ ဘာဖြစ်လို့ ဘာမှမလုပ်တာလဲ” မြေခွေးမျိုးနွယ်စုစစ်သည်တော်တစ်ယောက်က ဖြေလိုက်ပါသည်။
သို့သော် သူတို့သည် သားရဲဘုရင်ကြီးကို အရင်ရန်လာစသူများဖြစ်ကြောင်းကိုသိကြပါသည်။ အလုပ်သမားများမှာ မီးလျှံသလင်းကျောက်များကို လက်ဖျားနှင့်ထိရုံသာ ရှိသေးသည်၊ သားရဲကြီး
ကိုယ်မှ ထွက်သော အအေးဓာတ်များကြောင့် အေးခဲပြီး သေဆုံးကုန်ကြပါသည်။
ထိုအဖြစ်အတွက် နောင်တအရဆုံးလူမှာ မြေခွေးမျိုးနွယ်စုအကြီးအကဲ ဖြစ်ပါသည်။ မြေခွေးမျိုးနွယ်စုဝင်များသည် ရှန်လူမျိုးများနှင့် ဂူထဲတွင် ရန်ဖြစ်ကြပြီး၊ ဆက်ဆံရေး ပြိုကွဲမလို ဖြစ်သွားပါသည်။ စည်းလုံးမှုပျက်ပြားသွားမှာကို စိုးရိမ်သောကြောင့်သာ၊ ရှန်အကြီးအကဲသည် မာနများကို မျိုသိပ်ထားလိုက်ရသည်။ ဤနေရာမှ အသက်ရှင်လျက်ထွက်ခွာချင်လျှင် မြေခွေးမျိုးနွယ်စုဝင်များ၏ အကူအညီကို ယူရဦးမည် မဟုတ်ပါလား။
ဘာဆက်လုပ်ရမလဲ မည်သူမှ မသိကြတော့ပါ။
“ဘာမှလုပ်စရာမရှိဘူးဆိုရင် တောင်လေမျိုးနွယ်စုနဲ့ ကျန်တဲ့ မျိုးနွယ်စုဝင်တွေ ဘာဆက်လုပ်မလဲ စောင့်ကြည့်ကြတာပေါ့”မြေခွေးမျိုးနွယ်စုအကြီးအကဲဘေးမှ အကြံပေးအမျိုးသမီးက ပြောလိုက်ပါသည်။ “သားရဲကြီးကို မနိုင်ဘူးဆိုတာ
ကတော့ ကျိန်းသေတယ်…ဒါပေမဲ့ ငါးစာချထားရင်ကော ဘယ်လိုနေမလဲ”
မြေခွေးမျိုးနွယ်စုအကြီးအကဲ၏ မျက်လုံးများ အရောင်လက်သွားပါသည် “ ဟိုလူတွေကို သားရဲကြီးအာရုံစိုက်နေတုန်း ကျုပ်တို့က ထွက်ပြေးရမှာလား”ဟုမေးလိုက်ပါသည်။
“ဟုတ်တယ်…”
“အဲဒီအကြံကောင်းတယ်…ဒါပေမဲ့ မီးလျှံသလင်းကျောက်တွေကိုတော့ ဒီအတိုင်း မထားခဲ့ချင်ဘူး” မှန်ပါသည်။ အဖိုးတန်ရတနာများကို မည်သူမှ စွန့်လွှတ်ချင်မည် မဟုတ်ပါ။
အကြီးအကဲ၂ယောက်တို့သည် နောက်တစ်ကြိမ်ဆွေးနွေးပြီး၊ မီးလျှံသလင်းကျောက်များကို တူးယူရန် ဆုံးဖြတ်လိုက်ပါသည်။ ထို့နောက် မီးတောက်ဦးချိုမျိုးနွယ်စုကို သားရဲကြီးနှင့် ရန်တိုက်ပေးပြီး၊ သူတို့က ထွက်ပြေးလာမည် ဖြစ်သည်။
သူတို့အကြံအစည်မှာ ကောင်းသော်လည်း၊ ခဏကြာသောအခါ၊ ၎င်းတို့၏ ကင်းထောက်များက မီးတောက်ဦးချိုုမျိုးနွယ်စုဝင်များ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းပို့လာသည်။
“ဟိုကောင်တွေ ထွက်သွားကြပြီဟုတ်လား” တွင်းထဲတွင် မီးလျှံသလင်းကျောက်များစွာရှိနေသေးသော်လည်း၊ မီးတောက်ဦးချိုများသည် ဘာကြောင့်ပြန်သွားကြရသနည်း။
“နှင်းကျတာလည်းရပ်သွားပြီ…လေတွေလည်း မတိုက်တော့ဘူး…ရာသီဥတုကောင်းနေတုန်း ပြန်သွားကြတာဖြစ်မယ်” ရှန်မျိုးနွယ်စုအကြီးအကဲသည် တွေဝေသွားပြီး ပြန်သွားလျှင် ကောင်းမလား စဉ်းစားလိုက်မိပါသည်။ သို့သော် မီးလျှံသလင်းကျောက်များကလည်း အများကြီး ကျန်နေပါသေးသည်။ အခုလိုအချိန်တွင် တူးနိုင်လျှင် တူးနိုင်သလောက်ရမည်သာ ဖြစ်သည်။
သူသည် မီးလျှံသလင်းကျောက်များကို ဒီ
အတိုင်းမထားခဲ့နိုင်ပါ။
“အဲဒါဆို နောက်ထပ်ဆက်တူးကြရင်ကောင်းမလား” မြေခွေးမျိုးနွယ်စုအကြီးအကဲက ပြောလိုက်ပါသည်။ အသုံးချစရာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ မရှိတော့သော်လည်း၊ အခြားလူများ ရှိပါသေးသည်။ သူတို့သည် မီးလျှံသလင်းကျောက်များကို တူးယူပြီးပါက၊၎င်းတို့သည် အလုပ်သမားကို အစာများအဖြစ် အသုံးချနိုင်ပါသည်။
အလုပ်သမားများကတော့ ဘာမှမသိရှာဘဲ၊ မီးလျှံသလင်းကျောက်များကိုသာ သဲကြီးမဲကြီးတူးနေကြပါသည်။ မြေခွေးမျိုးနွယ်စုအကြီးအကဲနှင့် အကြံပေးအမျိုးသမီးတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး၊ကောက်ကျစ်စွာ ပြုံးလိုက်ပါသည်။ ကြောင်းကျိုးဆက်စပ်မတွေးခေါ်နိုင်တော့သောလူများမှာ ကြိုးကိုင်ချယ်လှယ်၍ အကောင်းဆုံးလူများ မဟုတ်ပါလား။
ထိုအချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စု၊ထိုက်
ဟယ်မျိုးနွယ်စုနှင့် တောင်လေမျိုးနွယ်စုတို့ကတော့ ထွက်ခွာသွားကြပြီဖြစ်သည်။
မြေပြင်ပေါ်တွင် နှင်းထုက ၇မီတာလောက် ထူထပ်နေပါသည်။ သားရဲဘုရင်ကြီးရှင်းလင်းသွားသော နှင်းများက အိမ်တစ်လုံးစာ အမြင့်လောက်ရှိမည် ဖြစ်ပါသည်။
ထိုနေရာကို ဖြတ်ကျော်ရန် မလွယ်ပါ။
“သားရဲဘုရင်ကြီးနဲ့ လမ်းမှာတိုးဦးမလား” သုန့်ကန်းက မေးလိုက်ပါသည်။
“မပြောတတ်ဘူး…”ရှောက်ရွှမ်လည်း သေချာမသိပါ။ သူတို့၏ ကံမှာ ထိုလောက်မဆိုးနိုင်ဟုသာ မျှော်လင့်ထားရပေတော့မည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၇၁) လမ်းခွဲခြင်း
နှင်းကျခြင်းနှင့် လေတိုက်ခြင်းများ ရပ်တန့်သွားသော်လည်း၊ အိမ်တစ်လုံးမြင့်သော နှင်းထုကြီးကို ကျော်ဖြတ်ရန်မှာ မလွယ်တော့ပါ။ အားလုံးဒုက္ခရောက်နေကြပြီ ဖြစ်ပါသည်။
နောက်ဆုံးတွင် အကြီးအကဲ၃ယောက်လုံးသည် စွန့်စားမှုတစ်ခုပြုလုပ်ရန် ဆုံးဖြတ်လိုက်ပါသည်။ ထိုစွန့်စားမှုမှာ သားရဲဘုရင်ကြီးသွားသောလမ်းကြောင်းအတိုင်း လိုက်သွားရန်ဖြစ်သည်။
မနေ့ကတုန်းကတော့ သားရဲဘုရင်ကြီးပေါ်ပေါက်လာသောအချိန်တွင်၊ နှင်းကျခြင်းများ ရပ်တန့်သွားပါသည်။ သားရဲဘုရင်ကြီးရှင်းသွားသောလမ်းတွင် နှင်းများသိပ်မရှိပါ။ သူသွားရာလမ်းတလျှောက်တွင် ပစောက်ပုံစံ ဖြစ်ပြီး ကျန်နေခဲ့ပါသည်။
ထိုလမ်းပေါ်တွင် လျှောက်ရခြင်းမှာ ပိုမိုလွယ်ကူပါသည်။ နှင်းထုက ဒူးဆစ်လောက်သာ ရှိတော့သောကြောင့်၊ သွားရလွယ်သွားပါသည်။ သို့သော် သားရဲဘုရင်ကြီးပေါ်ပေါက်လာမည်ကို စိုးသောကြောင့် သတိနှင်နေနေရပါသည်။
သွားမည့် ဦးတည်ရာကို အတည်ပြုပြီးသွားသောအခါ၊ ၎င်းတို့သည် သားရဲဘုရင်ကြီးသွားခဲ့သော လမ်းကြောင်းအတိုင်း လိုက်သွားကြပါသည်။ သားရဲဘုရင်ကြီး ဖောက်လုပ်သွားသည့် လမ်းမရှိသောနေရာတွင်တော့၊ ၎င်းတို့သည် ကိုယ့်ဟာကိုယ် လမ်းဖောက်ကြရပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ခံနိုင်ရည်ရှိသဖြင့် ဘာမှမဖြစ်သော်လည်း၊ ကျန်သူများကတော့ တိုင်ပတ်နေပြီဖြစ်သည်။
“ရှေ့မှာ လမ်းကြောင်းတွေရှိသေးတယ်” ကျန်းလော်က ရှေ့သို့ဆက်သွားရင်း ပြောလိုက်ပါသည်။ “သားရဲဘုရင်ကြီး ဒီနားက ဖြတ်သွားတာ မကြာလောက်သေးဘူး…နှင်းထုက ဒူးခေါင်း
လောက်ထိမြင့်တယ်”
နှင်းများရှိနေသေးသည်ဆိုပါက သားရဲဘုရင်ကြီးမရှိတော့သည် လက္ခဏာပင် ဖြစ်ပါသည်။ ထိုသတင်းမှာ သတင်းကောင်းသာဖြစ်ပါသည်။
“မြန်မြန်သွားကြ…မရပ်လိုက်နဲ့” ကျန်းလောက သူ့နောက်မှလိုက်လာသော သူများကို ပြောလိုက်ပါသည်။ “ဒီဆားကွင်းကို ဖြတ်ကျော်ဖို့ အချိန်၃ရက်လောက် ယူရမယ်…သုံးရက်ဆိုတဲ့အချိန်အတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တယ်”
အရင်တုန်းကဆိုလျှင်၊ ၎င်းတို့သည် ၂ရက်ခရီးသွားပြီးလျှင်၊ ညဘက်တွင် အနားယူကြပါသည်။ အခုတော့ ၎င်းတို့သည် နေ့ရောညပါ ခရီးသွားရမည် ဖြစ်ပါသည်။
သားရဲဘုရင်ကြီးသွားခဲ့သောလမ်းကြောင်းအတိုင်းဆက်လိုက်သွားခြင်းမှ ကောင်းကျိုး၂ခုရပါသည်။ ပထမတစ်ခုမှာ နှင်းများမထူထပ်ခြင်း
နှင့် ဒုတိယတစ်ခုမှ အဆိပ်ဆားများ မရှိခြင်း ဖြစ်ပါသည်။
တောင်လေမျိုးနွယ်စုဝင်များသည် အခုတော့ အသုံးဝင်လာပြီဖြစ်သည်။ နှင်းများမှာ ထူထပ်လွန်းသောကြောင့်၊ ၎င်းတို့မြင်ကွင်းကို ပိတ်ဆို့ထားသလို ဖြစ်နေပါသည်။ ရှေ့တွင် အန္တရာယ်ရှိလား၊မရှိလား မမြင်ရပါ။ တောင်လေမျိုးနွယ်စုဝင်များသည် အတောင်ပံပါသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြသူများဖြစ်သည်။ အမြင့်ကြီးသို့ မပျံနိင်သော်လည်း၊ အဝေးကို မျှော်ကြည့်နိုင်သည့် အမြင့်လောက်ထိတော့ ပျံနိုင်ပါသည်။
“ဘေးကင်းတယ်…သွားကြမယ်” တောင်လေမျိုးနွယ်စု အကြီးအကဲ လန်မုက ပြောလိုက်ပါသည်။ အစကတည်းက ၎င်းတို့သည် သူတို့၏ အစွမ်းကို ပြချင်နေကြခြင်း ဖြစ်သည်။ သူတို့သည် အစစအရာရာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကိုသာ အားကိုးနေရကြသည်။ အခုတော့ ၎င်းတို့သည် ရင်ကော့နိုင်ပြီဖြစ်ပါသည်။
သားရဲဘုရင်ကြီးမရှိကြောင်းကို သိလိုက်ရသောအခါမှ၊ အားလုံး စိတ်ချမ်းသာရာရသွားသည်။ ခြေသံများကလည်း ကျယ်လောင်လာသည်။ ၎င်းတို့သည် သားရဲဘုရင်ကြီးနှင့် ရင်ဆိုင်ရမည့်အစား နှင်းတောထဲမှသာ ဖြတ်သွားချင်နေပါသည်။
သွားရင်းနှင့်၊ ရှောက်ရွှမ်၏ နှလုံးခုန်မြန်ဆန်လာသည်။ ရှောက်ရွှမ်သည် ဆက်မသွားတော့ဘဲ၊ ခေါင်းကိုစောင်းငဲ့၍ နားစွင့်နေလိုက်ပါသည်။
ရှောက်ရွှမ်သည် ခဏလောက် နားစွင့်ကြည့်လိုက်သောအခါ၊ နှလုံးခုန်သံ၂ချက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ အသံမှာ အဝေးမှ လာသလို၊ အနီးမှလာသလို ဖြစ်နေပါသည်။
သားရဲဘုရင်ကြီးများလား။
ဟိုကောင်တွေပြောတော့ ဘေးကင်းတယ်ဆို…။
နှင်းပြင်ပေါ်သို့ ကြည့်လိုက်သောအခါတွင်
လည်း သားရဲဘုရင်ကြီး၏ အရိပ်အယောင်ကို မမြင်ရပါ။
“နှလုံးခုန်သံကို ထပ်ကြားနေရပြန်ပြီ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
အကြီးအကဲ၃ယောက်လုံး၏ စိတ်ထဲတွင် ခဲများဆွဲထားသလို လေးလံသွားပါသည်။ ၎င်းတို့သည် ဖိအားဒဏ်ကြောင့် မွန်းကြပ်လာပါသည်။
“သားရဲဘုရင်ကြီးလား…”
“ဘယ်မှာလဲ…”
“မဖြစ်နိုင်ပါဘူး…ခုနကတင် ကျုပ်ကြည့်ထားတာ…ဘာကောင်မှ မတွေ့ဘူး” တောင်လေမျိုးနွယ်စုအကြီးအကဲက ပြောလိုက်ပါသည်။
“ဒုတ်… ဒုတ်… ဒုတ်…”
နှလုံးခုန်သံများမှာ ပိုမြန်ဆန်လာပါသည်။
ရှောက်ရွှမ်သည် နှင်းထုကြီး၏ နံရံပေါ်သို့ ကြည့်လိုက်ပါသည်။
အားလုံးကလည်း ရှောက်ရွှမ်ကြည့်သည့်နေရာကို လိုက်ကြည့်နေကြပါသည်။
“ဂျွတ်…”
ရေခဲများ အက်ကွဲကုန်ပြီး၊ ကျောက်တုံးများလိမ့်ကျလာသည်။
“ဝုန်း…
ကြီးမားလှသော မြွေဟောက်ဘုရင်ကြီး၏ ဦးခေါင်းကြီးသည် မြေကြီးအောက်မှ တိုးထွက်လာသည်။၎င်းသည် ခေါင်းပေါ်မှ နှင်းများကို ခါထုတ်လိုက်သောအခါ၊ အချွန်အတက်များအပြည့်နှင့် မျက်နှာကြီးပေါ်ထွက်လာပါသည်။
သားရဲဘုရက်ကြီးပင်ဖြစ်သည်။ ၎င်းသည် မြေကြီးအောက်တွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့သည် သားရဲဘုရင်ကြီးကို မမြင်မိကြခြင်းဖြစ်ပါသည်။
သူတို့သည် ထွက်ပြေးလျှင်ကောင်းမလား၊ သေချင်ယောင်ဆောင်နေလျှင် ကောင်းမလား စဉ်းစားနေမိကြပါသည်။
သားရဲဘုရင်ကြီးအကြောင်းကို ဘယ်သူမှ မသိသောကြောင့်၊ ဘာလုပ်ရမလဲ မသိဖြစ်နေကြပါသည်။
အားလုံးမှာ စိတ်ဓာတ်များ ကျသွားကြသည်။
အရင်အခေါက်တုန်းကတော့ အဝေးမှသာလှမ်းမြင်လိုက်ရသောကြောင့်၊ အခုလောက်ကြောက်စိတ်များဖြစ်ပေါ်မလာပါ။ အခုတော့ သားရဲဘုရင်ကြီးနှင့် အနီးကပ်ရင်ဆိုင်နေရပြီဖြစ်သည်။
သားရဲဘုရင်ကြီး၏ လည်မျိုမှာ မြေကြီးအောက်ထဲတွင်သာ ရှိနေပါသေးသည်။ ၎င်းသည် ဦးခေါင်းကြီးကို မလိုက်ပြီး၊အားလုံးကို ကြည့်လိုက်ပါသည်။
၎င်း၏နှာခေါင်းပေါက်ကြီးမှ အခိုးအငွေ့များကို ထွက်လာပါသည်။ လေမှာ ရုတ်တရက် အေးစက်သွားပါသည်။ ဒါတောင် သားရဲဘုရင်ကြီးသည် အသက်ကို ပုံမှန်ရှူထုတ်လိုက်ခြင်းသာဖြစ်ပါသည်။
ဒေါသထွက်နေသည့်အချိန်များဆိုလျှင် ဘာတွေဖြစ်လာမလဲ မည်သူမှ မသိကြပါ။
သားရဲကြီးကိုကြည့်ပြီး အားလုံးမှာ မလှုပ်မယှက် ဒီအတိုင်းရပ်နေမိကြပြီး၊ အသက်ပင် မရှူရဲကြတော့ပါ။
အားလုံးမှာ အကြီးအကဲများဘာပြောမလဲဆိုတာကို စောင့်နေကြပါသည်။ ပြေးဟု အမိန့်ပေး
လျှင်၊ ပြေးလိုက်မည် ဖြစ်သည်။ တိုက်ဟုပြောလျှင်တော့ သားရဲကြီးကို အသေခံတိုက်ခိုက်မည် ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့ကိုတော့ မီးလျှံသလင်းကျောက်များကိုသယ်ဆောင်ပြီး ရွာသို့ ပြန်စေမည် ဖြစ်သည်။
အကြီးအကဲများမှာလည်း ဆုံးဖြတ်ချက်ချရန် ခက်ခဲနေပါသည်။ တစ်ခုခုမှားသွားပါက အသက်ပေါင်းများစွာ စတေးလိုက်ရမည် ဖြစ်ပါသည်။
“ပြေးကြမလား”
ထွက်ပြေးလျှင် သားရဲကြီးများ စိတ်ဆိုးသွားမလား။ သားရဲအများစုသည် ထွက်ပြေးသည့်သားကောင်ဆိုလျှင် လိုက်ဖမ်းလေ့ရှိသည်။ ဒီအတိုင်း မလှုပ်မရှားဘဲနေနေပါက ချမ်းသာရရမည်လား။
ပြေးရမှာလား၊ မပြေးရဘူးလား။
သားရဲဘုရင်ကြီးနောက်တကြိမ်ထပ်အော်
လျှင်၊ အားလုံးမှာ အေးခဲပြီး သေကုန်ကြတော့မည် ဖြစ်ပါသည်။
ထိုအချိန်တွင် အားလုံးသည် ရှောက်ရွှမ်ကို ကြည့်လိုက်မိကြသည်။
သားရဲဘုရင်ကြီးသည် အားလုံးကို ကြည့်လိုက်ပြီးနောက်၊ ရှောက်ရွှမ်နားသို့ ချဉ်းကပ်လာပါသည်။
ရှောက်ရွှမ်၏ ခြေဖျားလက်ဖျားများ အေးစက်လာပါသည်။ သူ့ဘဝတွင် တခါမှ သားရဲဘုရင်ကြီးတစ်ကောင်နှင့် အခုလို နီးနီးကပ်ကပ်မနေဖူးပါ။ သားရဲဘုရင်ကြီးသည် ဒေါသထွက်လာလျှင် အားလုံးကို သတ်ပစ်မလား မည်သူမျှ မပြောနိုင်ပါ။
သားရဲဘုရင်ကြီးက အနားကပ်လာသောအခါ၊ အားလုံးက နောက်ဆုတ်သွားသော်လည်း၊ ရှောက်ရွှမ်ကတော့ ရပ်မြဲအတိုင်းရပ်နေပါသည်။ ရှောက်ရွှမ်သည် နောက်သို့ဆုတ်လည်း အပိုဖြစ်သည်ဆို
တာကို သိထားပါသည်။
သားရဲကြီးသည် ရှောက်ရွှမ်နှင့် ၁၀မီတာလောက် အကွာသို့ ရောက်လာပြီဖြစ်ပါသည်။ ရှောက်ရွှမ်၏ကိုယ်လုံးသည် သားရဲဘုရင်ကြီး၏ နှာခေါင်းပေါက်လောက်ပင် မရှိပါ။
ရှောက်ရွှမ်သည် ၎င်း၏ အေးစက်သော မျက်လုံးများထဲမှ နှင်းခဲပုံစံ အမှတ်အသားများကို တွေ့လိုက်ရပါသည်။ သားရဲဘုရင်ကြီးသည် ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေဟန်ဖြင့် မျက်လုံးများကို မှေးစင်းလိုက်ပါသည်။ ဒေါသထွက်သော အရိပ်အယောင်ကိုတော့ မတွေ့ရပေ။
သားရဲဘုရင်ကြီးသည် လေများကို နောက်တကြိမ်မှုတ်ထုတ်လုက်သည်။
ထွက်ပေါ်လာသည့် အေးစက်သော အခိုးအငွေ့များမှာ ရှောက်ရွှမ်၏ မျက်နှာပေါ်သို့ ရိုက်ခတ်သွားပါသည်။ နောက်တစ်ကြိမ်သာ ထိုအခိုးအငွေ့များ ဒဏ်ကို ခံရပါက၊ ရှောက်ရွှမ်တကိုယ်လုံး
အေးခဲသွားတော့မည် ဖြစ်သည်။
“ရှောက်ရွှမ်…”
ကျန်းလော်သည် သတိဝင်လာပြီး ရှောက်ရွှမ်နားသို့ လှမ်းလာရန် ပြင်လိုက်သည်။ သို့သော် သူသည် ရှောက်ရွှမ်၏ကိုယ်ပေါ်မှ နတ်အမှတ်အသားများကို မြင်လိုက်ရသည်။
ရှောက်ရွှမ်သည် ရှိသမျှအတွင်းအားများကို ထုတ်ပြီး အအေးဓာတ်ကို တောင့်ခံနေပါသည်။
အပူနှင့် အအေးလွန်ဆွဲပွဲလေးတစ်ခုဖြစ်ပေါ်လာပါသည်။ အနီရောင်မီးတောက်များကြောင့် ရေခဲများပျော်ကြသွားလေသည်။
သူသည် သူ့ကိုယ်ထဲတွင် ဖြစ်ပေါ်နေသော အအေးဓာတ်များကို နတ်စွမ်းအင်များနှင့် တွန်းထုတ်လိုက်သည်။
သားရဲဘုရင်ကြီးသည် သူ့ကိုကြည့်ပြီး မ
ဟိန်းဟောက်လိုက်ပါစေနှင့်ဟုသာ ဆုတောင်းနေရပါသည်။ ရှောက်ရွှမ်သည် သာမန်မှုတ်ထုတ်လိုက်သော လေကိုတောင့်ခံနိုင်သော်လည်း၊ ဟိန်းဟောက်သံကြီးကိုတော့ တောင့်ခံနိုင်မည် မဟုတ်ပါ။ ထိုမျှသာ လွယ်မည်ဆိုလျှင်၊ မြေခွေးမျိုးနွယ်စုဝင်များ အသက်သေဆုံးကြမည် မဟုတ်ပေ။
ရှောက်ရွှမ်သည် သူ၏ကိုယ်ထဲမှ အတွင်းအားများကို သားရဲကြီးကို ရန်စသလိုမျိုးမဖြစ်အောင် သတိထားပြီး လှည့်ပတ်စေနေလိုက်ပါသည်။ ရှောက်ရွှမ်သည် သားရဲဘုရင်ကြီး၏မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်ပါသည်။ ၎င်းမှာ အေးစက်ပြီး ခံစားချက်ကင်းမဲ့သလိုဖြစ်နေပြီး၊ ၎င်း၏မျက်လုံးများထဲတွင် ရှောက်ရွှမ်ကို ကူညီချင်သည့် အရိပ်အယောင်များကို မတွေ့ရပါ။
ချက်ချင်းဆိုသလိုပင်၊ သားရဲကြီးသည် သူ၏ မျက်လုံးများကို ပိုမှေးလိုက်ပြီး၊ ခေါင်းကို နောက်သို့ဆုတ်ကာ၊ ရှောက်ရွှမ်ကို စိုက်ကြည့်နေပါတော့သည်။
ဦးခေါင်းပေါ်မှ အချွန်အတက်ကြီးများမှာ လှုပ်ရှားလာပါသည်။ ၎င်းကိုကြည့်ရသည်မှာ ရေခဲနှင့်ယက်လုပ်ထားသော ပုဝါကြီးကို ခြုံလွှမ်းထားသည်နှင့်တူနေပါသည်။ ထိုသို့ ခေါင်းပေါ်မှ အချွန်အတက်ကြီးများ လှုပ်ရှားလာခြင်းမှာ တိုက်ခိုက်တော့မည် လက္ခဏာဖြစ်ပါသည်။
“ပြေး…” ရှောက်ရွှမ်က အော်လိုက်ပါသည်။
အပူချိန်မှာ ရုတ်တရက်ကျဆင်းသွားပြီး၊ နှင်းတောကြီးမှာ ရွှံ့မြေလို ဖြစ်သွားပြီး၊ ၎င်းတို့၏ခြေထောက်များကို ဖမ်းဆုတ်ထားပါသည်။ ထိုအချိန်မှ ထွက်ပြေးလည်း လွတ်မြောက်တော့မည် မဟုတ်ပါ။
အားလုံး၏ ခြေလှမ်းများမှာ နှေးကွေးလေးလံသွားကြပါသည်။ နဂိုအမြန်နှုန်း ၁၀ပုံ၁ပုံလောက်သာ ရှိပါတော့သည်။
“ဘယ်လိုများဖြစ်တာလဲ”
ကျန်းလော်သည် မူလနေရာတွင် ရပ်နေဆဲဖြစ်သော ရှောက်ရွှမ်ကို မြင်လိုက်ရပါသည်။ သူသည် ရှောက်ရွှမ်ကိုလှမ်းဆွဲရန်ပြင်လိုက်သော်လည်း၊ သားရဲဘုရင်ကြီးက ပါးစပ်ကြီးကို ဖွင့်ဟလိုက်ပါသည်။
အေးစက်သော လေပွေတစ်ခုက ရှောက်ရွှမ်ဆီသို့ တည့်တည့်ဝင်သွားပါသည်။
“ဟာ…သွားပါပြီ”
ကျန်းလော်က ထိုသို့ တွေးလိုက်မိသည်။ ထိုအချိန်တွင် ကျန်းလော်သည် နောင်တရသွားပြီဖြစ်သည်။ သူသာ လျင်မြန်မှု ရှိပါက ရှောက်ရွှမ်ကို အချိန်မီကယ်တင်နိုင်မည် ဖြစ်ပါသည်။
သားရဲဘုရင်ကြီးကို ရင်ဆိုင်နိုင်သောလူမရှိပါ။ သူမှုတ်ထုတ်လိုက်သော အခိုးအငွေ့များ၏ ဒဏ်ကို ခံရသူတိုင်း အေးခဲပြီး သေဆုံးကုန်ကြသည် မဟုတ်ပါလား။
“ဝုန်း…” ဝုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ ကျန်းလော်သည် နောက်သို့လွင့်စင်ထွက်သွားပါသည်။ နှင်းများက ဖွာလန်ကျဲထွက်သွားပါသည်။
သားရဲဘုရင်ကြီးသည် ဖြူဖွေးနေသော နှင်းပြင်ပေါ်မှ လူသားလေးများကို ငုံ့ကြည့်လိုက်ပါသည်။ သူ့ကို ကြည့်ရသည်မှာ တလောကလုံးကို အစိုးရသော ဘုရင်ကြီးတစ်ပါးနှင့်တူနေပါသည်။
၎င်း၏ရှေ့တွင်တော့ မီးလုံးကြီးတစ်ခုထွက်ပေါ်လာပါသည်။ မီးတောက်များသည် အေးစက်သောလေများကြားမှ တဖြည်းဖြည်းနှင့် တိုးထွက်လာပြီး၊ လူရိပ်သဏ္ဍာန်တစ်ခုဖြစ်ပေါ်လာပါသည်။
သားရဲဘုရင်ကြီး၏ ရှေ့မှောက်တွင် နီရဲနေသော လူပုံသဏ္ဍာန်မီးတောက်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
(ဆက်ရန်…)