← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၇၅)

နှင်းမုန်တိုင်းက ပိုဆိုးလာပြီဖြစ်ပါသည်။ ယခင်ကထက် နှင်းများထူထပ်စွာ ကျနေပါသည်။

သို့သော် ဆားတွင်းတွင် တိုက်သော နှင်းမုန်တိုင်းလောက်တော့ များလောက်တော့မပြင်းထန်ပါ။

ရှောက်ရွှမ်သည် ရက်ပေါင်းများစွာ အနားယူလာခဲ့ရပါသည်။ သူသည် အားပြန်ပြည့်လာသောအခါ၊ အိမ်ပြင်သို့ ထွက်လာပြီး လေ့ကျင့်ရေးကွင်းများဆီသို့ လျှောက်သွားပါသည်။

ထိုနေရာတွင် မည်သူမှ မနေကြသလို၊ မြေဆီလွှာမှာလည်း စိုက်ပျိုးရေးအတွက် မသင့်တော်ပါ။ ထိုနေရာသည် ကလေးများကစားသော မြေကွက်လပ်တစ်ခုသာ ဖြစ်နေပါသည်။ အရင်တုန်းကဆိုလျှင်၊ ထိုနေရာတွင် လူငယ်

များသည် ဓားခုတ်မြားပစ် စသည်တို့ကို လေ့ကျင့်လေ့ရှိသည်။ ဆောင်းတွင်းရောက်ပြီဆိုလျှင်တော့၊ ကလေးများမဆိုထားနှင့်၊ အဆင့်မြင့်မျိုးနွယ်စုစစ်သည်တော်များပင် အိမ်ပြင်သို့ မထွက်ချင်ကြတော့ပါ။ ရှောက်ရွှမ်သည် ထိုမြေကွက်လပ်ထဲတွင် တစ်ယောက်တည်း ဖြစ်နေပါသည်။

ထိုနေရာကို မည်သူမှ မသုံးသောကြောင့်၊ မျိုးနွယ်စုဝင်များကို ထိုနေရာမှ နှင်းများကို မရှင်းလင်းပါ။ ထို့ကြောင့် ထိုနေရာမှ နှင်းထုက ပိုထူထပ်လာပါသည်။

ရှောက်ရွှမ်သည် ရှင်းထားသောလမ်းအတိုင်း လျှောက်သွားပသည်။ သူသည် နှင်းနံရံကြီးကို မြင်လိုက်ရသောအခါ၊ သက်ပြင်းချလိုက်မိပါသည်။

သူသည် ကိုယ်ထဲမှ နတ်စွမ်းအင်များကို နှိုးထလိုက်ပါသည်။ သို့သော် ရန်သူမရှိသောကြောင့်

နတ်စွမ်းအင်များမှာ ကြမ်းတမ်းစွာ နိုးထလာခြင်း မရှိပါ။ ရန်သူမရှိသောကြောင့် နတ်စွမ်းအင်များကို အလျင်အမြန်ထုတ်ရ မလိုအပ်ပါ။

နတ်စွမ်းအင်များသည် သူ့တကိုယ်လုံးတွင် စီးဆင်းနေပြီး၊ နတ်မီးတောက်များမှ ပညာဆက်ခံနိုင်မှု စွမ်းရည်က လည်တွင်ဆွဲထားသော ဘိုးဘေးများ၏ အရိုးလေးဆီသို့ စီးဆင်းသွားပါသည်။ ဘိုးဘေးများ၏ အရိုးလေးမှ စွမ်းအင်များသည် တဖြည်းဖြည်းထွက်ပေါ်လာပါသည်။

အတိတ်တုန်းကဆိုလျှင် သူသည် အရိုးလေးမှ စွမ်းအင်ကို ထုတ်ယူရန် လေ့ကျင့်နေကြဖြစ်သည်။ သူသည် ထိုစွမ်းအင်များကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေပါသည်။ လောလောဆယ်တွင် ထိုစွမ်းအင်များမှာ သူ့အတွက် အရမ်းအားကောင်းရန်မလိုအပ်သေးပါ။

“ဝှစ်…”

ဘိုးဘေးများ၏ အရိုးလေးမှ မီးတောက်များ

ထွက်ပေါ်လာပြီး၊ တဖြည်းဖြည်းနှင့် ရှောက်ရွှမ်၏ ကိုယ်ကို လွှမ်းခြုံသွားပါသည်။ သူ့တကိုယ်လုံးရှိ မွှေးညှင်းပေါက်လေးများမှ စွမ်းအင်များတိုးထွက်လာပါသည်။ ထို့နောက် လေပြင်းများတိုက်ခတ်လာပြီး၊ စွမ်းအင်များက ပိုမိုကြီးမားလာပါသည်။

သူ့ခြေထောက်အောက်မှ နှင်းမြေပြင်ပေါ်တွင် စက်ဝိုင်းပုံစံ အဝိုင်းတစ်ခု ဖြစ်သွားပါသည်။

ရှောက်ရွှမ်၏လက်တစ်ကမ်းစာလောက်တွင် သုံးမီတာလောက်မြင့်သော နှင်းထုကြီး ရှိနေပါသည်။ သို့သော် ထိုနှင်းထုကြီး မျက်စိအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားပါသည်။ မမြင််ရသောလက်တစ်ဖက်က ရှောက်ရွှမ်ရှေ့တွင်ရှိသော တံတိုင်းကြီးကို တွန်းလိုက်သလို ဖြစ်သွားပါသည်။

လေပြင်းများတိုက်ခတ်လာပြီး၊ နှင်းများကျလာသောအခါ ရှောက်ရွှမ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးသွားပါသည်။

“ဝုန်း…”

ခြေတစ်လှမ်းလှမ်းလိုက်သောအခါ၊ ဧရာမသားရဲကြီးတစ်ကောင် မြေပြင်ကို ခွာနှင့် ပေါက်လိုက်သလို အသံကြီးထွက်ပေါ်လာပါသည်။ ထို့နောက် ရှောက်ရွှမ်ဆီမှ ထွက်လာသော စွမ်းအင်များနှင့် အနားတွင်ရှိသော နှင်းထုကြီးတို့မှာ ဝင်တိုက်မိကြပါသည်။ ထို့နောက်နှင်းနံရံကြီးပေါ်တွင် ကြီးမားသော စက်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်သွားပါသည်။လေထဲတွင် နှင်းများလွင့်စင်ထွက်သွားပါသည်။

ရှောက်ရွှမ်သည် ခြေတစ်လှမ်းလိုက်ပြီးနောက် ပြန်ရပ်လိုက်ပါသည်။ ထို့နောက် နောက်ခြေတစ်လှမ်းလှမ်းလိုက်ပါသည်။

ပထမခြေလှမ်းလိုပင်၊ ဒုတိယခြေလှမ်းလှမ်းလိုက်သောအခါ မြေပြင်ပေါ်တွင် ခွာပေါက်သံကြီးဝုန်းခနဲ ထွက်ပေါ်လာပြီး နှင်းများလွင့်စင့်ထွက်သွားသလို၊ နံရံပေါ်မှ အပေါက်ကြီးက ပိုကြီးလာပါသည်။

သို့သော် ထိုခြေလှမ်း၂လှမ်းကြောင့် ဖြစ်ပေါ်လာသောစွမ်းအင်မှာ လင်လုမျိုးနွယ်စုကို တိုက်ခိုက်သော အချိန်တုန်းက ဖြစ်ပေါ်လာသော စွမ်းအင်လောက် ပြင်းထန်မှုမရှိပါ။ အခုခြေလှမ်းများမှာ အသံကျယ်လောင်သော်လည်း၊ ထင်သလောက် စွမ်းအားမကြီးပါ။ စွမ်းအင်လှိုင်းမှာ ရှောက်ရွှမ်ထိန်းချုပ်ထားသဖြင့် တည်ငြိမ်နေပါသည်။ အရင်လိုပေါက်ကွဲပြီး ထွက်လာခြင်း မဟုတ်ပါ။

ရှောက်ရွှမ်သည် ဘိုးဘေးများ၏ အရိုးမှ စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပါသည်။ အခုဆိုလျှင် သူသည် ထိုစွမ်းအင်များကို လိုသလောက်သာ ထုတ်ယူသုံးနိုင်ပြီ ဖြစ်ပါသည်။ သူသည် ပစ်မှတ်တစ်ခုတည်းကိုထိအောင် ရွေးချယ်တိုက်ခိုက်နိုင်ပြီ ဖြစ်ပါသည်။

သို့သော် ထိုမျှနှင့် မလုံလောက်သေးပေ။ ရှောက်ရွှမ်သည် သူ့ကိုယ်သူ မကျေနပ်သေးပါ။

တတိယခြေလှမ်း…။

စတုတ္ထခြေလှမ်း…။

ရှောက်ရွှမ်သည် တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့တိုးသွားပါသည်။ ဝုန်းခနဲပေါက်ကွဲသံများမှာ တဖြည်းဖြည်းတိုးသွားပြီး၊ မြေပြင်မှာလည်း ငြိမ်သက်သွားပါသည်။ နှင်းများကျဆင်းနေမှုလည်း ရပ်တန့်သွားပါသည်။

အရာအားလုံးမှာ ငြိမ်သက်သွားပြီဖြစ်ပါသည်။

ပြီးခဲ့သောအခေါက်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်၊ ကိုယ်တွင်းမှ စွမ်းအင်များသည် သွက်လက်စွာလှုပ်ရှားနေပါသည်။ ရှောက်ရွှမ်သည် ဘိုးဘေးများ၏ အရိုးလေးမှ ထွက်လာသောစွမ်းအင်ကို တောင့်ခံနိုင်ပြီ ဖြစ်ပါသည်။ သူ့ခန္ဓာကိုယ်လည်း ပြောင်းလဲသွားပါသည်။ နတ်အမှတ်အသားများမှာ မီးတောင်မှ ချော်ရည်များလို တောက်ပလာပါသည်။

နတ်မီးတောက်များနှင့်အတူ၊ အပြာရောင်မီးတောက်များသည် သူ့ရင်ဘတ်ဆီသို့ စီးဝင်လာပါသည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် အပြင်ဘက်ကမ္ဘာမှ အသံများကို မကြားရပါ။ နားထဲတွင် သူ့ကိုယ်တွင်းမှ သွေးများ စီးဆင်းနေသံကိုပင်ကြားနေရသလို နှလုံးခုန်သံတဒုတ်ဒုတ်ကိုလည်း ကြားနေရပါသည်။

သူ့အရေပြားနားတွင် ရေငွေ့များဖြစ်ပေါ်နေပါသည်။ ထို့နောက် သူ့နားတွင် တရွှီရွှီတိုက်ခတ်နေသာ လေအေးများ ပျောက်ကွယ်သွားပါသည်။

အရင်တုန်းကဆိုလျှင်၊ သူ့ခန္ဓာကိုယ်မှ ကြွက်သားများသည် ဘိုးဘေးများ၏အရိုးမှ စွမ်းအင်ကို ထုတ်ယူလိုက်လျှင်တောင့်တင်းလာပါသည်။ အခုတော့ သူ၏လှုပ်ရှားမှုများမှာ ငြင်သာသိမ်မွေ့လာပြီဖြစ်သည်။ ခြေလှမ်းတိုင်းကလည်း အရင်ကထက် လွယ်ကူလာပါသည်။

ကျယ်ပြန့်သော မြေပြင်ကျယ်ကြီးပေါ်တွင် ရှောက်ရွှမ်ကို ကြည့်ရသည်မှာ အနီရောင် ငါးတစ်

ကောင်နှင့် တူနေပါသည်။

ကျန်းလော်က ရှောက်ရွှမ်ကို တောင်ကုန်းပေါ်မှ ကြည့်ရင်း ဒီကောင် ဂြိုဟ်သားများ ဖြစ်နေမလားဟု တွေးလိုက်မိပါသည်။ ဘိုးဘေးများ၏ အရိုးမှ စွမ်းအင်ကို ရှောက်ရွှမ်မှ လွဲပြီး ဘယ်သူကမှ နားမလည်ပါ။ ထိုစွမ်းအင်ကို သုံးပြီး သားရဲဘုရင်ကြီးကို တိုက်ခိုက်တုန်းကဆိုလျှင်၊ ကျန်းလော်က အနားတွင်ရှိခဲ့ပါသည်။ ရှောက်ရွှမ်ကို လက်နှင့်သာသွားကိုင်ရသေးသည်၊ ဝုန်းခနဲ ပေါက်ကွဲပြီး သူသည် လေထဲသို့ မြောက်တက်သွားပါသည်။ ကျန်းလောမှာ ထိုအဖြစ်ပြီးသောအခါ လမ်းပင်မလျှောက်နိုင်တော့ပါ။ ထို့ကြောင့် သုန့်ကန်းက ချီပိုးပြီး လျှောက်လာရသည်။ ကျန်းလော်သည် ရက်အတော်ကြာအနားယူပြီးမှသာ လမ်းလျှောက်နိုင်ပါတော့သည်။

ရှောက်ရွှမ်သည် အခုတော့ အများကြီးတိုးတက်လာပြီဖြစ်သည်။ အစပိုင်းတွင် သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း၊ ဝုန်းခနဲ ပေါက်ကွဲသံကြီးများထွက်လာပြီး၊ စွမ်းအင်များ

က အများကြီးထွက်ကုန်ပါသည်။ အခုတော့ ရှောက်ရွှမ်သည် ထိုသို့မဖြစ်အောင် ထိန်းချုပ်နိင်ပြီ ဖြစ်ပါသည်။ ကျန်းလော်က ထိုအဖြစ်ကို ယုံပင် မယုံနိုင်ပါ။

ထိုကဲ့သို့ စွမ်းအင်မျိုးကို ထိန်းချုပ်ရန်မှာ ဖြစ်နိုင်ပါ့မလား။ ထိုမျှလွယ်ကူမည်ဆိုလျှင်၊ အရင်တုန်းကတည်းက ရှောက်ရွှမ်လိုလူများ ထွက်ပေါ်လာမည် ဖြစ်ပါသည်။

သားမွေးဝတ်ရုံကြီးကို ခြုံထားသော နတ်ဆေးဆရာမက ရှောက်ရွှမ်ကို ဂုဏ်ယူစွာ ကြည့်နေပါသည်။ သူမ၏ မျက်နှာမှာ အအေးဓာတ်ကြောင့် ထုံကျင်နေပါသည်။ သူမသည် ကျန်းလောဘက်သို့လှည့်လာပြီး “အစီအစဉ်တွေ လုပ်ပြီးသွားပြီလား” ဟုမေးလိုက်ပါသည်။

“အင်း…သူတို့တွေ ဒီနေ့မနက်က ထွက်သွားကြတယ်” ကျန်းလော်က စိတ်ပူနေပါသည် “ ဒီကောင်တွေ ဘာမှမဖြစ်လောက်ပါဘူး”။

“အင်း…မျှော်လင့်ရတာပဲ” နတ်ဆေးဆရာမက ရှောက်ရွှမ်ကို ကြည့်လိုက်ပြီးနောက်၊ ကျန်းလောနှင့်အတူ တောင်အောက်သို့ ဆင်းလာပါသည်။ ရှောက်ရွှမ်ကတော့ နှင်းတောထဲတွင် လွယ်ကူစွာ လမ်းလျှောက်နိုင်သော်လည်း၊ တစ်ယောက်ကတော့ ဒဏ်ရာရနေပြီး၊ တစ်ယောက်ကတော့ အိုမင်းနေပြီ ဖြစ်ပါသည်။ သူတို့သည် အအေးဒဏ်ကို မခံနိုင်ကြပါ။

လမ်းခဏလျှောက်လိုက်ပြီးနောက်၊ ရှောက်ရွှမ်မှာ ချွေးများပင် ထွက်လာပါသည်။ သူသည် အသက်ရှူမှန်အောင် ထိန်းသိမ်းလိုက်ပြီး၊ လမ်းဆက်လျှောက်ပါသည်။

ရှေ့တွင် ၃မီတာလောက်ကျယ်သော လမ်းတစ်ခုဖြစ်ပေါ်နေပါသည်။ နှင်းများမရှိတော့သဖြင့်၊ နှင်းများအောက်တွင် ရှိသော အညစ်အကြေးများ ထွက်ပေါ်လာပါသည်။ သို့သော် နှင်းများကျနေဆဲဖြစ်သောကြောင့် မကြာခင်၊ မြေပြင်ကို နှင်းများကပြန်လည်ဖုံးလွှမ်းသွားပါသည်။

ရှောက်ရွှမ်ဆီမှ ထွက်ပေါ်လာသော တွန်းအားကြောင့်၊ နှင်းထုကြီးမှာ တဖြည်းဖြည်း ပိုသိပ်သည်းလာပါသည်။

ရှေ့သို့ ဆက်တိုးသွားလေ၊ နှင်းနံရံကြီးက ပိုသိပ်သည်းလာလေ ဖြစ်သည်။ ခြေလှမ်းတိုင်းကလည်း လှမ်းရသည်မှာ ပိုခက်ခဲလာပါသည်။

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ခြေထောက်အောက်မှ နှင်းများက အသံများ မြည်လာပါသည်။

တောင်ခြေတွင် ကင်းအဖွဲ့က နှင်းများကို ရှင်းလင်းရန် ဂေါ်ပြားများကို ယူဆောင်လာပါသည်။ ထို့နောက် လေးထောင့်ပုံစံ အကွက်တစ်ခုကို ဖော်လိုက်ပါသည်။

စစ်သည်တော် ၂၀လုံးသည် လေးထောင့်ကွက်ထဲသို့ တိုးဝင်သွားကြပြီး၊ နှင်းနံရံကို မှီလိုက်ပါသည်။

ထိုနေရာတွင် လေများတိုက်ခတ်မနေသောကြောင့်၊ သိပ်မအေးလှပါ။

“ဒီရာသီကြီးက ဘယ်တော့မှ ပြီးမှာလဲကွာ” တစ်ယောက်က မေးလိုက်ပါသည်။

“မသိဘူး…ဒီနေရာကို ရှင်းပြီးသွားရင်တော့ အိမ်ခေါင်မိုးပေါ်က နှင်းတွေကို ရှင်းပစ်ရမယ်…မဟုတ်ရင် ငါ့အိမ်ပြိုကျတော့မယ်ကွ”

“ငါတို့တော့ ဒီနှင်းမုန်တိုင်းကြီးကို တခါမှ မမြင်ဖူးပါဘူးကွာ…တခြားနေရာတွေမှာကော ဘယ်လိုနေမလဲ မသိဘူး”

“အေး…ငါလည်း မမြင်ဖူးဘူး”

ကင်းအဖွဲ့က ယာယီစခန်းတစ်ခုတွင် စကားပြောနေကြပါသည်။

ပြောရင်းနှင့်၊ နှင်းများက စစ်သည်တော်များပေါ်ပြုတ်ကျလာသည်။

“အား…” သူသည် ခေါင်းပေါ်က နှင်းများကို ခါချလိုက်ပါသည်။ နာတော့မနာသော်လည်း၊ ခေါင်းပေါ်တွင် အေးခနဲ ဖြစ်သွားပါသည်။

အားလုံးကို နံရံကြီးကို မော့ကြည့်လိုက်ပြီး၊ ထိုနှင်းခဲဘာကြောင့် ပြုတ်ကျလာလဲ တွေးနေမိကြသည်။ လေတိုက်သောကြောင့်များလား။

“သတိထားဟေ့…နောက်ထပ် နှင်းခဲတွေ ကျလာပြီ”

နှင်းခဲများ ပြုတ်ကျလာသည်မှာတစ်စုံတစ်ယောက်က တွန်းချလိုက်သလို ဖြစ်နေပါသည်။

အားလုံးက ပြုတ်ကျလာသော နှင်းခဲများကို ရှောင်တိမ်းလိုက်ပါသည်။

“ဘာအသံကြီးလဲ…”

“ဖောက်…ဖောက်…ဖောက်”

အသံကပို ပြတ်သားလာသည်။

အားလုံးက အအေးဓာတ်များကို မေ့သွားပြီး အသံလာရာဘက်သို့ ကြည့်လိုက်မိပါသည်။

“ဝေါ…”

နှင်းနံရံကြီးမှာ အက်ကွဲသွားပြီး၊တောင်ကုန်းပေါ်မှ နှင်းလုံးကြီးများ လိမ့်ဆင်းလာသည်ကိုတွေ့လိုက်ရပါသည်။

“အခြေအနေမကောင်းဘူး…ပြေးဟေ့”

တချို့လူများမှာ တောင်ပေါ်မှ နှင်းခဲများ ထိုသို့ လိမ့်ဆင်းလာခြင်းကို နှင်းတောင်များကို သွားတုန်းက မြင်ဖူးခဲ့ကြပါသည်။ ပြင်းထန်သော စွမ်းအင်တစ်ခုကြောင့် ထိုသို့ ဖြစ်ပေါ်တတ်သည်ဟု ကြားဖူးထားကြပါသည်။

အမှန်တော့ ထိုသို့ဖြစ်ရမည် မဟုတ်ပါ။ တောင်ကုန်းမှာ သိပ်မမြင့်လှသလို၊ ဆင်ခြေလျောမှာလည်း မက်စောက်မှု မရှိပါ။ နှင်းများပြိုဆင်းခြင်း ဖြစ်ပေါ်စရာအကြောင်းမရှိပါ။

မည်သို့ပင်ဆိုစေ၊ သူတို့ကတော့ ဆက်ပြေးရမည်ဖြစ်သည်။

အားလုံးသည် ထွက်ပြေးလာရင်း၊ အတော်ဝေးဝေးသို့ရောက်မှ နောက်သို့ပြန်လှည့်ကြည့်လိုက်မိသည်။

သူတို့နားခဲ့သော ကွင်းပြင်ကြီးမှာ အခုတော့ နှင်းများဖုံးလွှမ်းသွားပြီ ဖြစ်ပါသည်။ တောင်ကုန်းပေါ်မှ ကြီးမားသော အဖြူရောင် တီကောင်ကြီးတစ်ကောင် ဆင်းလာသည်ကို တွေ့လိုက်ရပါသည်။ ၎င်းသည် လှုပ်လီလှုပ်လဲ့ဖြင့် စည်းချက်ညီညီဆင်းလာခြင်းဖြစ်ပါသည်။

အားလုံးမှာထိုအကောင်ကြီးကိုမြင်သောအခါ မျက်လုံးပြူးသွားကြသည်။ ဘာတွေဖြစ်နေတာ

လဲ။ ထို့နောက် ရှောက်ရွှမ်ရောက်လာသည်ကို မြင်သောအခါ အားလုံးမှာ မတ်တပ်ရပ်လိုက်မိလေသည်။

“အကိုကြီး…”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၇၆) လမ်းမ

အစောင့်များသည် ရှောက်ရွှမ်၏လေ့ကျင့်မှုပြီးဆုံးသွားပြီးနောက် ဖြစ်ပေါ်လာသော အဖြစ်အပျက်များကို သိရှိသောကြောင့်၊ ၎င်းတို့သည် နှင်းများကို ရှင်းလင်းပြီးနောက် အခြေအနေကို ဆက်ကြည့်နေကြသည်။

သူတို့ရှင်းခဲ့သော စင်္ကြံလမ်းမှ ဒီအတိုင်းသာရှိနေပါသေးသည်။ အရင်တုန်းက အနားယူသောနေရာကို အခုတော့ စခန်းတစ်ခုအဖြစ်အသွင်ပြောင်းထားသည်။

အစောင့်များက မူလအစီအစဉ်အတိုင်းဆက်လုပ်ချင်ကြပြီး၊ ထိုနေရာကို လွတ်လပ်စွာ အနားယူနိုင်သော နေရာတစ်ခုအဖြစ်ဖန်တီးချင်နေကြပါသည်။ သို့သော် ၎င်းတို့သည် အခုထိတော့ အေးစက်သော နှင်းများ၊လေပြင်းများကြားတွင်သာ ရှိနေပါသေးသည်။

တစ်နေ့တွင် ရှောက်ရွှမ်သည် ကင်းသမားများအား၊ ရေခဲတုံးလုပ်နည်းသင်ပြရန် အကြံရသွားသည်။ မြစ်ပေါ်မှ ရေခဲသည် ထူထဲလွန်းသောကြောင့်၊ ထိုနေရာမှ ရေခဲကို ယူရန် မသင့်တော့ပေ။ သူတို့သည် နှင်းများကို အရည်ကျိုပြီး၊ ပုံစံခွက်ထဲသို့ လောင်းထည့်မည် ဖြစ်ပြီး၊ ထိုပုံစံခွက်များထဲမှ ရေများကို အပြင်တွင် အေးခဲစေမည် ဖြစ်သည်။ အပြင်တွင် ရာသီဥတုအေးလွန်းသောကြောင့်၊ ရေများသည် အချိန်တိုအတွင်း အေးခဲသွားပါသည်။

မျိုးနွယ်စုဝင်များက ရှောက်ရွှမ်၏ အကြံကို နှစ်သက်ကြပါသည်။ ကင်းအလှည့်မကျသော စစ်သည်တော်များပင် ရှောက်ရွှမ်ကို လာကူညီနေကြသည်။

တောင်ပေါ်မှ တောင်အောက်တလျှောက်ရှိ၊ ရေခဲအိမ်များမှာ တိုင်တစ်လုံးကို ထောင်ထားသည်နှင့် တူပါသည်။ ထိုအိမ်များ၏ အုတ်မြစ်ကို

လည်း ရေခဲဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ အထပ်များအလွှာများဆောက်လုပ်ထားပါသည်။ ထို့ပြင် ထိုအိမ်များအားလုံးမှာ တောင်ထိပ်တွင်ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။

ကင်းအဖွဲ့က ကင်းလှည့်ရင်းနှင်းများကျဆင်းလာသည့်အခါများတွင်၊ ထိုရေခဲအိမ်များအတွင်း အနားယူနိုင်မည် ဖြစ်သည်။ အိမ်ထဲတွင် ရေနွေးကြမ်းသောက်ကာ အနားယူရင်း၊ အဝေးနေရာများသို့လည်း ကြည့်ရှုနိုင်မည် ဖြစ်သည်။ အိမ်များထဲတွင် ပုန်းနေကြသော ရွာသားများပင်၊ ထိုအိမ်များကို စိတ်ဝင်တစား လာကြည့်ကြပါသည်။

အစပိုင်းတွင်တော့ ရှောက်ရွှမ်သည် နှင်းများကို တချိန်လုံးကြည့်နေရသောကြောင့်၊ မျက်လုံးများ ကျိန်းစပ်သွားမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ထိုသူများအား သတိထားရန် သတိပေးလိုက်ပါသည်။ အခုအချိန်ထိတော့ ဘယ်သူမှ ဘာမှမ မဖြစ်သေးပါ။

“လာကြဟေ့…ဝါစဉ်ကြီး အကိုကြီးက နှင်းတွေကို ရှင်းပေးနေတယ်” တစ်ယောက်က နှင်းအိမ်ပြတင်းပေါက်ကို မီရင်းပြောလိုက်ပါသည်။

“ဘယ်မှာလဲ…ဖယ်ကြစမ်း…ကြည့်ရအောင်”

အားလုံးသည် ပြတင်းပေါက်အသေးလေးသုံးပေါက်တွင် စုပြုံတိုးနေကြပါသည်။

ထိုရေခဲအိမ်များကို ရှောက်ရွှမ်ရှင်းလင်းထားသည့်ပထမလမ်းကြောင်းနားတွင် ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ၊ ရှောက်ရွှမ်သည် လမ်းကြောင်းအသစ်ကို ဖော်ဆောင်နေပါသည်။

တောင်ပေါ်မှနေပြီးကြည့်လိုက်လျှင်၊ မီးတောက်များကို လွှမ်းခြုံထားသော လူတစ်ယောက်သည် နှင်းများကြားတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်ကို တွေ့နိုင်ပါသည်။ ရှေ့မှကြည့်လျှင်တော့၊ ထိုအရာမှာ တောင်ကုန်းပေါ်မှ လှိမ့်ဆင်းလာသော အဖြူရောင်တီကောင်

ကြီးတစ်ကောင်နှင့်တူနေပါသည်။

တုန်ခါမှုများပျောက်ကွယ်သွားသောအခါ၊ ကင်းအဖွဲ့ဝင်များသည် သူတို့သည် ၎င်းကို ဖျော်ဖြေမှုအနေဖြင့် ကြည့်နေကြပါသည်။ မျိုးနွယ်စုဝင်များသည် အားကြီးသူကို ကိုးကွယ်တတ်ကြသည်။ ရှောက်ရွှမ်သည် သွေးခဲမတတ်အေးသော အအေးဒဏ်နှင့် လေပြင်းများတိုက်ခတ်မှုကို တောင့်ခံနိုင်ပါသည်။ကျန်သူများက ရှောက်ရွှမ်ကို ဝိုင်းကူချင်ကြသော်လည်း၊ သူတို့သည် ထိုအအေးဒဏ်ကို တောင့်မခံနိုင်ကြပါ။ နှင်းထုမှာ သိပ်သည်းမာကျောလှပါသည်။ သူတို့သည် ထိုနှင်းထုများကို အနည်းငယ်တွန်းပြီးသောအခါ၊ ဆက်မတွန်းနိုင်ကြတော့ပါ။ သူတို့သည် ကိုယ့်ကိုယ်ကို ခွန်အားသန်စွမ်းသူများဟု ယူဆထားသောကြောင့်၊ နည်းနည်းလည်း ရှက်သွားပါသည်။

သုန့်ကန်းသည် ရှောက်ရွှမ်နားသို့ လျှောက်လာကာ၊ နှင်းများကို လက်နှင့် အသာတွန်းကြည့်ပြီး “တောင်ခြေက စခန်းတွေကော အခြေအနေ

ဘယ်လိုရှိလဲ”

“ထောင်ကျန်းနဲ့ သူ့အဖွဲ့တွေကတော့ ဒီနေ့စပြီး လှုပ်ရှားမယ်လို့ ပြောကြတယ်…ခပ်ဝေးဝေးကို မြင်ရအောင် မျှော်စင်တွေဆောက်မယ်လို့ ပြောတာပဲ…ဒါပေမဲ့ ရာသီဥတု ဒီလောက်အေးနေတော့ သူတို့တွေ ခပ်ဝေးဝေးကို သွားနိုင်ဦးမှာ မဟုတ်ဘူး” စစ်သည်တော်တစ်ယောက်က ပြောလိုက်သည်။

“နှင်းမျှော်စင်တွေဆောက်တယ်ဆိုတာ အရေးကြီးတဲ့အလုပ်ပဲ…မင်းတို့ အချောင်ခိုမနေကြနဲ့…ငါစောင့်ကြည့်နေမယ်” သုန့်ကန်းက သတိပေးလိုက်သည်။

“စိတ်ချပါ”

“အင်း…”သုန့်ကန်းက ပြောလိုက်ပြီးနောက်၊ ပြတင်းပေါက်တွင် စုပြုံနေသော လူများကို တွန်းဖယ်လိုက်ပြီး၊ အပြင်သို့ ကြည့်လိုက်ကာ “ရှောက်ရွှမ်အခြေအနေကို ကြည့်လိုက်ဦးမယ်”

စစ်သည်တော်များက မျက်မှောင်ကြုတ်ပြီး သုန့်ကန်းကို ကြည့်လိုက်ကြသည်။ တကယ်တော့ သုန့်ကန်းသည် ထိုပြတင်းပေါက်မှ အပြင်ကိုကြည့်လိုသောကြောင့် အကြောင်းရှာလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် လက်အောက်ငယ်သားများအား ဆူငေါက်နေခြင်းဖြစ်သည်။

မြစ်၏အရှေ့ဘက်၊တောင်ခြေတွင် မျှော်စင်များကို ဆောက်လုပ်ကြပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရေခဲတုံးကြီးများကို ပို့ဆောင်ကြသည်။

စခန်းပေါင်းများစွာကို ဆောက်ပြီးသွားသောအခါ၊ စစ်သည်တော်များသည် ဘာမှ လုပ်စရာမရှိတော့ပါ။ ထို့ကြောင့် ၎င်းတို့သည် မျှော်စင်တစ်ခုမှ တစ်ခုကို ကူးသန်းသွားလာနိုင်သော လျှောက်လမ်းများကို ဖောက်လုပ်ကြသည်။ ထိုလျှောက်လမ်းများမှ သွားမည်ဆိုလျှင်၊ သူတို့သည် နှင်းတောထဲ လမ်းလျှောက်ရန် မလိုတော့ပါ။ မျှော်စင်တစ်ခုနှင့်တစ်ခုကို ဆက်သွယ်လိုက်

သောအခါ၊ တံတိုင်းကြီးတစ်ခုနှင့် တူလာပါသည်။

စစ်သည်တော်များသည် ၎င်းတို့ဖောက်လုပ်သောလမ်းများပြီးဆုံးသည်ကို တွေ့သောအခါ၊ ပျော်ရွှင်လာကြသည်။ထိုလျှောက်လမ်းများမှာ မြို့တော်တံတိုင်းတစ်ခုနှင့်တူနေပါသည်။ ရာသီဥတုပြင်းထန်လွန်းသော ဆောင်းတွင်းဖြစ်နေသောကြောင့် အခြားလုပ်စရာ ထွေထွေထူးထူးမရှိပါ။ ထို့ကြောင့် ၎င်းတို့သည် မျှော်စင်များနှင့် လျှောက်လမ်းများ ဖောက်လုပ်ခြင်းဖြင့် အပျင်းဖြေနေရသည်။

တောထဲတွင် သားကောင်များသိပ်မရှိတော့သလို မုဆိုးများကလည်း အမဲလိုက်မထွက်ကြတော့ပါ။ သူတို့အိမ်များထဲတွင် စားစရာများရှိနေသေးသဖြင့်၊ အငတ်ဘေးနှင့်တော့ ရင်ဆိုင်ရဦးမည် မဟုတ်ပါ။ သိုလှောင်ထားသော အစားအသောက်များကို မျှဝေသုံးစွဲမည်ဆိုပါက၊ ဆောင်းတွင်းတစ်တွင်းလုံးတော့ အစာငတ်ဦးမည် မဟုတ်ပါ။

လူအများက တောထဲသို့ လူ၅၀လောက်ပါသော အဖွဲ့တစ်ဖွဲ့က သွားမည်ဆိုတာကို မသိသေးပါ။ ထိုလူများကို အကြီးအကဲနှင့် နတ်ဆေးဆရာမက စေလွှတ်လိုက်ခြင်း ဖြစ်ပါသည်။ သူတို့သည် ရိုးရာအခမ်းအနားကို တက်ရတော့မည် မဟုတ်သော်လည်း၊ သူတို့ကို အထူးအခွင့်အရေးတစ်ခုတော့ ပေးမည် ဖြစ်သည်။ အကြီးအကဲနှင့် နတ်ဆေးဆရာမတို့အတွက်တော့၊ ထိုကိစ္စမှာ ရိုးရာအခမ်းအနားပွဲထက် အရေးကြီးပါသည်။ ထိုကိစ္စသည် မျိုးနွယ်စုတစ်ခုလုံး၏ အနာဂတ်နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

ထိုအဖွဲ့၏ခေါင်းဆောင်မှာ ရွှင်ချန်းဖြစ်သည်။ထိုလူသည် သုန့်ကန်းထက် နည်းနည်းငယ်မည် ဖြစ်ပြီး၊ အဆင့်မြင့် စစ်သည်တော် တစ်ယောက် ဖြစ်သည်။ အရင်နှစ်များတုန်းက သူသည် ရွာတွင်သိပ်နေလေ့မရှိသူဖြစ်ပါသည်။

ရွှင်ချန်းတို့အဖွဲ့သည် ရှောက်ရွှမ်နှင့်အတူ

ကမ်းရိုးတန်းသို့လိုက်ပါလာသော ပထမဆုံးအဖွဲ့ဖြစ်ပါသည်။ သူသည် ထိုလမ်းခရီးကို ၂ခါသွားဖူးသားဖြစ်ပြီး၊ အခုတခေါက်တတိယမြောက်အခေါက်ဖြစ်ပါသည်။

အခုတကြိမ်တွင်တော့၊ ရွှင်ချန်းနှင့် သူ့လူများသည် ကမ်းခြေသို့ အသက်စွန့်သွားကြမည် ဖြစ်သည်။ အခြားလူများကတော့ သူတို့သည် ထိုမျှအေးစက်လှသောရာသီဥတုထဲတွင် ခရီးသွားမည် ဖြစ်သောကြောင့် အံ့ဩနေကြပါသည်။

သို့သော် အကြီးအကဲနှင့် နတ်ဆေးဆရာမက ရာသီဥတု ထိုသို့ဖြစ်မည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ သူတို့၂ယောက်က ရာသီဥတုအခြေအနေကို ထိုသို့ ကြာကြာဖြစ်စေချင်နေကြပါသည်။ သူတို့၏တွက်ကိန်းအရဆိုလျှင် ရာသီဥတုထိုကဲ့သို့ ဖြစ်မှသာ၊ သူတို့၏ အစီအစဉ်များအောင်မြင်မည် ဖြစ်ပါသည်။

ရွှင်ချန်းသွားမည့်လမ်းမှာ ရှောက်ရွှမ်တစ်ယောက် မီးတောက်ဦးချိုမျိုးနွယ်စုကို လိုက်ရှာ

ရန် ရွေးချယ်ခဲ့သောလမ်းနှင့် မတူပါ။ ရှောက်ရွှမ်သည် သူတို့မျိုးနွယ်စုကို လိုက်ရှာခဲ့တုန်းက၊ လမ်းကြောင်းကိုတဖြောင့်တည်းသွားခဲ့ခြင်းဖြစ်ပါသည်။ ထိုလမ်းကြောင်းမှာ သွားလာရခက်ခဲသဖြင့်၊ အားလုံးမှာ အခြားလမ်းတစ်ခုကို ရွေးချယ်သွားလာကြပါသည်။

တောအုပ်ထဲတွင်သွားလာနေကြသော ခရီးမှာ ခက်ခဲကြမ်းတမ်းလှသည်။ သူတို့သည် တောအုပ်အပြင်သို့ရောက်ပြီး၊ အန်းပါ့မြို့တော်သို့ ဖြတ်ကျော်သွားသည့်အခါ၊ မြို့တော်အပြင်ဘက်တွင် လူတစ်ယောက်မှ မရှိကြောင်းကို သိလိုက်သည်။ အရင်တုန်းကဆိုလျှင် အန်းပါ့မြို့တော်သည် ဆောင်းရာသီများတွင်ပင် လူများ စည်ကားနေလေ့ရှိပါသည်။

တံတိုင်းမျှော်စင်များပေါ်တွင် လမ်းလျှောက်နေသော လူများမှလွဲ၍ အခြားလူများ တစ်ယောက်မှ မရှိပါ။ သူတို့သည် အန်းပါ့မြို့တော်ထဲတွင် အနားယူရန် နေရာတစ်ခုကို အရင်ရှာလိုက်ကြပြီး အစားအစာများ စားလိုက်ကြသည်။ အခြေအနေ

ကတော့ ၎င်းတို့သည် မြို့တော်ထဲသို့ ဝင်နိုင်မည့် ပုံမပေါ်ပါ။ အပြင်လူများဝင်မည်ကို စိုးရိမ်သောကြောင့် မြို့တော်တံခါးကို လုံခြုံစွာ ပိတ်ထားပါသည်။

“လမ်းဆက်လျှောက်ကြတာပေါ့” ရွှင်ချန်းကပြောလိုက်ပါသည်။

တောအုပ်ထဲက အခြေအနေနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင်၊ထိုနေရာတွင် နှင်းများသိပ်မရှိပါ။ အန်းပါ့မြို့တော်မှ လူများသည် ထိုကဲ့သို့ ဆောင်းတွင်းမျိုးကို သူတို့သက်တမ်းတလျှောက် မမြင်ဖူးကြပါ။သူတို့သည်ပြင်းထန်လှသော ရာသီဥတုဒဏ်ကြောင့် သွားရလာရ မလွယ်ကူတော့ပါ။ သို့သော် ရွှင်ချန်းတို့အဖွဲ့ကတော့ တောအုပ်ထဲသို့ ဆက်ဝင်သွားကြပါသည်။

နှင်းထုမှာ သူတို့၏ခါးစောင်းလောက်ရှိပါသည်။

သူတို့သည် ဖြတ်သွားဖြတ်လာခရီးသည်

တစ်ယောက်တလေကို တွေ့သည်အခါတိုင်း၊ ထိုသူများသည် “နှင်းတွေက ငါတို့တင်ပါးလောက်ထိရှိနေတာ၊ ဘယ်လိုလုပ်ဆက်သွားလို့ရမှာလဲ”ဟု ညည်းတွားသံများကို ကြားနေရပါသည်။ ထိုစကားများကို ကြားသောအခါ ရွှင်ချန်းတို့က မနေနိုင်တော့ပဲ “ မင်းတို့က ဒီလောက်လေးနဲ့ ညည်းနေတာ၊ တောထဲကို ရောက်သွားရင် ဒီထက်ပိုဆိုးတယ်ကွ” ဟုပြောလိုက်သည်။

၎င်းတို့သည် လမ်းတွင် ဓားပြတချို့တလေနှင့် တိုးပါသေးသည်။ များသောအားဖြင့် သူခိုးဓားပြများမှာ အခုလိုရာသီဥတုမျိုးတွင် အလုပ်လုပ်လေ့မရှိပါ။ အခုထွက်လာသော ဓားပြများမှာ ငတ်ပြတ်နေသောကြောင့် ဓားပြလာတိုက်ခြင်း ဖြစ်ပါသည်။ ဓားပြများ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်များကို မြင်နေရပါသည်။ သို့သော် သူတို့ကံမကောင်းသည်မှာ ရွှင်ချန်းတို့အဖွဲ့မှာ သာမန်လူများမဟုတ်ပါ။ သူတို့တွင် ကြင်နာသနားတတ်သည့် စိတ်ထားမျိုးရှိပါက၊ အခုလို ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါ။ ဓားပြများက အစာကို ကောင်းကောင်းမွန်မွန်

တောင်းမည်ဆိုပါက၊ ၎င်းတို့သည် နည်းနည်းလောက်ပေးလိုက်မည် ဖြစ်ပါသည်။ အခုတော့ သူတို့က ဓားထုတ်ပြီးခြိမ်းခြောက်သောကြောင့်၊ ရွှင်ချန်းတို့ ရက်စက်သည်မှာ ရွှင်ချန်းတို့၏ အပြစ်မဟုတ်တော့ပါ။

နှင်းများပေါ်တွင် သွေးများကရဲခနဲ ဖြစ်သွားပါသည်။ ထို့နောက် နှင်းပြင်ပေါ်တွင် အလောင်းများက ပြည့်နှက်သွားလေသည်။ ကံမကောင်းပါက ထိုသူများသည် ငတ်ပြတ်နေသူများ၏ ပစ်မှတ်ဖြစ်သွားမည် ဖြစ်ပါသည်။

ရွှင်ချန်းက ထိုသို့အဖြစ်များကို မြင်ဖူးနေကျဖြစ်ပါသည်။

ခရီးဆက်သွားသောအခါ၊ နှင်းများက တဖြည်းဖြည်းပါးသွားပါသည်။

ရွှင်ချန်း ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ သူသည် အခုလို အအေးဓာတ်လွန်ကဲသော ဆောင်းတွင်းမျိုးကို မနှစ်မျို့သော်လည်း၊ နတ်

ဆေးဆရာမနှင့် အကြီးအကဲတို့အဆိုအရတော့၊ ရာသီဥတု ထိုကဲ့သို့ အေးနေခြင်းမှာ သူတို့အတွက်ကောင်းသည်ဟုဆိုပါသည်။ အရေးအကြီးဆုံးအချက်က၊ ပင်လယ်ကြီးသည် အေးခဲသွား၊မသွားပင်ဖြစ်သည်။ နတ်ဆေးဆရာမက ပင်လယ်ရေများကို အေးခဲသွားစေချင်နေခြင်း ဖြစ်ပါသည်။

နတ်ဆေးဆရာမကတော့ ပင်လယ်ရေများအေးခဲသွားပြီး၊ ရေခဲပြင်ကြီးဖြစ်ပေါ်သွားမည်ဆိုပါက၊ သူတို့သည် ထိုရေခဲပြင်ပေါ်မှ ဖြတ်လျှောက်သွား၍ ရနိုင်မည် ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် နှစ်၁၀၀၀လောက်ကွဲကွာနေပြီ ဖြစ်သော၊ သူတို့၏မျိုးနွယ်စုဆီသို့ ပြန်နိုင်ကြမည်ဖြစ်ပြီး၊ နှစ်ခြမ်းကွဲနေသော မျိုးနွယ်စု၂ခုပြန်ပေါင်းစပ်နိုင်ကြမည် ဖြစ်ပါသည်။ ထိုအါ သူတို့တွင် ဖြစ်ပေါ်နေသော “သက်တမ်းတိုမှု”ကိုလည်း ကုသပြီးသားဖြစ်သွားပေလိမ့်မည်။ ထိုအခါ နှစ်၂၀လောက် အမဲလိုက်ပြီးသည်နှင့် အနားယူရန်လည်း လိုအပ်တော့မည် မဟုတ်ပါ။ အခြားမျိုးနွယ်စုများမှ မုဆိုးများသည် သူတို့ထက် အသက်အရွယ်ကြီးကြသော်လည်း၊ အမဲလိုက်ထွက်ရန် ခွန်အားဗလ

နှင့် ပြည့်စုံကြပါသေးသည်။

ထိုအကြောင်းကို စဉ်းစားမိသောအခါ၊ သူတို့သည် စိတ်မကောင်း ဖြစ်သွားပါသည်။

ပင်လယ်ရေများ အေးခဲသွားမှ ဖြစ်မည်။

အန်းပါ့မြို့တော်မှ ထွက်ခွာလာသောအခါ၊ သူတို့သည် မြို့ငယ်လေးတစ်ခုသို့ရောက်လာပါသည်။ ထိုမြို့တော်မှာ အန်းပါ့မြို့တော်နှင့် အတူတူပင် ဖြစ်သည်။ အပြင်လူများဝင်လာမည်စိုးသောကြောင့်၊ မြို့တံခါးကို တင်းကျပ်စွာ ပိတ်ထားပါသည်။သို့သော် နှင်းများကတော့ သူတို့၏ပေါင်လောက်အထိ ရှိနေပါသေးသည်။

ရွင်ချန်းသည်လမ်းဆက်လျှောက်လာရင်းနှင့်၊ ရွှင်ချန်း၏ စိတ်ထဲတွင် လေးလံလာပါသည်။

သွားရင်းနှင့် ကန္တရ၏အစွန်သို့ ရောက်လာသောအခါ၊ ရွှင်ချန်းသည် သက်ပြင်းချလိုက်ပြီး ကျယ်ပြန့်လှသော ကန္တရကြီးကိုကြည့်နေမိ

ပါသည်။ ထိုနေရာတွင်တော့ သဲများမှာ ၎င်းတို့၏ ဒူးဆစ်လောက်ထိ မြင့်နေပြီဖြစ်ပါသည်။

သူတို့သည် လမ်းဆက်လျှောက်လာရင်းနှင့် ဖုန်းဆိုးမြေတစ်ခုသို့ ရောက်လာကြသည်။

ထိုနေရာတွင် ရေခဲများကို လိုက်ရှာနေကြသော ကုလားအုတ်များကို တွေ့လိုက်ရသည်။ ၎င်းတို့အမွှေးများမှာ ရှည်လျားသောကြောင့် အအေးဒဏ်ကို ကာကွယ်နိုင်ကြသည်။ ၎င်းတို့သည် ရေခဲများကို ရေသောက်သည့်အနေဖြင့် စားကြခြင်းဖြစ်ပါသည်။

ရွှင်ချန်းတို့ကို မြင်သောအခါ၊ ကုလားအုတ်များသည် ထွက်ပြေးသွားပါသည်။ ရွှင်ချန်းက သူတို့နောက်သို့ ဆက်မလိုက်ပါ။ သူတို့တွင် စားစရာများရှိနေပါသေးသည်။ ထို့ကြောင့် သူသည် အမဲလိုက်စိတ်မဝင်စားသေးပါ။ ကမ်းရိုးတန်းနားသို့ ရောက်လေ၊ ၎င်းတို့၏ခြေလှမ်းများမှာ ပိုသွက်လက်လာလေဖြစ်သည်။

သဲပြင်များပေါ်တွင် တိုင်လုံးကြီးများနှင်တူသော ရှားစောင်းပင်များ ပေါက်နေပါသည်။ ထိုအပင်များကို ကြည့်ပြီး သူတို့ စိတ်ဓာတ်ကျသွားပါသည်။

“ပင်လယ်ရေတွေ…”

ပင်လယ်ရေများသည် အေးခဲမသွားသေးပါ။

ကမ်းခြေနားတွင် ရေခဲတချို့ကိုတွေ့ရသော်လည်း၊ သူတို့ရွာနားမှ မြစ်လိုမျိုးအေးခဲသွားခြင်းမရှိပါ။ ရေများထိုမျှခဲရုံလောက်နှင့် ၎င်းတို့သည်ထိုအပေါ်မှ လျှောက်သွားနိုင်ဦးမည် မဟုတ်ပါ။

ပင်လယ်ရေပြင် အေးခဲခြင်း မရှိသေးဘဲ၊ ဆက်လက်စီးဆင်းနေပါသည်။ လေများက လှိုင်းလှံးများကို ပင့်တက်ပေးလိုက်သောကြောင့်၊ လှိုင်းလုံးများက ရေခဲပြင်ကို ရိုက်ခတ်မိပါသည်။

အပြာရောင်ပင်လယ်ပြင်ကြီးနှင့် နှင်းများ

ဖုံးလွှမ်းနေသာ ကမ်းခြေတို့မှာ လွန်စွာလှပပါသည်။ သို့သော် ရွှင်ချန်းတို့ကတော့ စိတ်ပျက်သွားကြလေသည်။

သူတို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ ရှိသမျှအားအင်များ ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး၊ နှင်းလွှာဖုံးအုပ်ထားသော သဲပြင်ပေါ်တွင် ဒူးထောက်ကျသွားသည်။ ထို့နောက် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပါသည်။

သူတို့၏ တစ်ခုတည်းသော လမ်းကြောင်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်ပါသည်။

သူတို့သက်တမ်းအတွင်း ထိုပင်လယ်ကို ကျော်ဖြတ်နိုင်ပါတော့မလား သူတို့လည်း မသိတော့ပါ။

လူတစ်ယောက်သည် ဘယ်လောက်ကြာအောင် နေနိုင်မည်နည်း။ အလုပ်တစ်ခုတည်းကို နေ့စဉ်နှင်အမျှ လုပ်ကိုင်နေသူများအတွက်၊ ဘဝဆိုသည်မှာ တိုတိုလေးဖြစ်ပါသည်။ ရွှင်ချန်း

သည် သူ့ကိုယ်သူနောင်တချိန် ရွာတွင် ကြိးများကျစ်နေရမည့် အဖိုးအိုတစ်ဦးအဖြစ်မြင်ယောင်မိပါသည်။ အခြားမျိုးနွယ်စုမှ လူများကတော့ ထိုအရွယ်လောက်တွင် ပျော်ရွှင်စွာအမဲလိုက်နေဦးမည် ဖြစ်သည်။

သူသည် ထိုအတွေးများကို မထိန်းချုပ်နိုင်တော့ပါ။

ရွှင်ချန်းသည် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်မိသည်။ သူတို့အားလုံးသည် ရွာသို့ ပြန်လာကြပါသည်။ နတ်ဆေးဆရာမသာ ထိုအကြောင်းကို သိသွားပါက သတိမေ့သွားသည်အထိ ငိုကြွေးမိမလား မပြောတတ်ပါ။

သူတို့သည် အမိမြေကို ဘယ်အချိန်မှ ပြန်ရောက်တော့မလဲ မပြောတတ်တော့ပါ။ ဘယ်သူမှလည်း သိမည် မဟုတ်ပေ။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၇၇)

ဘုရင့်မြို့တော်တွင်…။

ဘုရင့်မြို့တော်မှလူများသည် ယခုနှစ်ဆောင်းတွင်းအတွက် ဘာမှမပြင်ဆင်ထားရသေးပါ။ ယိမိသားစုပင် ရာသီဥတုထိုမျှဆိုးဝါးလိမ့်မည်ဟု မျှော်လင့်မထားပါ။ ရာသီဥတုပြောင်းလဲမည်၊ နှင်းများပုံမှန်ထက်ပိုကျမည်ဟုသာ ထင်ထားခဲ့သည်။

နှင်းများကျဆင်းမည့်အချိန်ကိုလည်း ကြိုတင်ကြေညာထားခဲ့ပါသည်။

သို့သော် ရာသီဥတုအခြေအနေထိုမျှဆိုးဝါးပြင်းထန်လိမ့်မည်ဟုတော့ ထင်မထားပါ။

အားလုံးမှာ ထိုနေ့က စိတ်များလေးလံနေကြပါသည်။ မြို့တော်အပြင်ဘက်ရှိ လယ်ကွင်းများ

ထဲတွင် သီးနှံပင်များ သေဆုံးကုန်ကြသည်။ မြေပိုင်ရှင်အားလုံးမှာ ဒေါသူပုန်ထနေကြသဖြင့်၊ ၎င်းတို့၏ ကျွန်များမှာ နေစရာမရှိတော့ပါ။ နေ့စဉ်နှင့်အမျှ အရိုက်ခံရလျှင် ခံရ သို့မဟုတ် အပြင်သို့မောင်းထုတ်ခြင်းကို ခံနေရသည်။ အရိုက်ခံရပြီး သေသွားသည်က ပြဿနာမရှိပါ။ အပြင်သို့ မောင်းထုတ်ခံရပါက၊ သွေးများအေးခဲမတတ်အအေးဒဏ်ကို ခံစားရမည် ဖြစ်သည်။ အပြင်တွင် နှင်းများက လူတစ်ရပ်လောက် မြင့်နေပါသည်။ ၎င်းတို့သည် ထိုနှင်းတောထဲတွင် သေဆုံးရမည် ဖြစ်သည်။

ရွှေကောက်ပဲသီးနှံစိုက်ခင်းများထဲတွင် အခြေအနေမှာ မုန်တိုင်းထန်နေပါသည်။

မြေပိုင်ရှင် ကျိကျွီသည် လွန်ခဲ့သော ရက်များအတွင်း၊ ဒေါသများ အကြိမ်ကြိမ်ပေါက်ကွဲခဲ့ပါသည်။ ရာထူးအနိမ့်အမြင့်မရွေးစစ်သည်တော်များသည် ခေါင်းများကို ငုံ့ထားကြပြီး၊ အသံပင် မထွက်ရဲကြပါ။

ကျိကျွီသည် ရာသီဥတုကို ကြိမ်းမောင်းနေသော်လည်း၊ သူတကယ်စိတ်ဆိုးနေသည်မှာ ယိမိသားစုကိုသာဖြစ်သည်။

“ခွေးသူတောင်းစားတွေ…”

“ခွမ်း…”

သူအထူးနှစ်သောသော လက်ဖက်ရည်ခရားတစ်လုံးသည် မြေပြင်ပေါ်သို့ ခွမ်းခနဲ ကျကွဲသွားသည်။ ကြေးလင်ဗန်း၂ခုလည်း မြေပြင်ပေါ်သို့ ကျကွဲသွားသည်။

အဆင့်နိမ့်သော အိမ်တော်ထိန်းများက အပြင်တွင်သာ ရပ်စောင့်နေကြသည်။ ၎င်းတို့သည် ခြေထောက်များပင်တုန်ယင်နေကြသည်။ ၎င်းတို့သည် အထဲမဝင်ရဲသောကြောင့်၊ အပြင်မှသာ ရပ်စောင့်နေကြသည်။

အိမ်ထဲတွင်၊ အိမ်တော်ထိန်းကြီးသည် ကျိကျွီ

သူ၏ဒေါသများကို ဖောက်ခွဲပြီးချိန်အထိ စောင့်ဆိုင်းနေပါသည်။ ပြီးသောအခါ အပျက်အစီးများကို ဝင်ရောက်ရှင်းလင်းပေးပါသည်။အိမ်ထဲတွင် အဆင့်နိမ့်သော အိမ်တော်ထိန်းများမရှိကြပါ။ အိမ်ထဲသို့အခွင့်မရှိဘဲ မဝင်ရဲကြပါ။

အိမ်ထဲတွင်တော့ နွေးထွေးနေဆဲပင် ဖြစ်ပါသည်။ မီးဖိုထဲတွင် မီးများကို ဖိုထားပါသည်။ ကျိကျွီသည် ကောဇောအထူကြီးတစ်ချပ်ပေါ်တွင် တင်ပလ္လင်ခွေကာ ထိုင်နေကြပါသည်။ နောက်သီးနှံခင်းတစ်ခုပျက်စီးသွားသောကြောင့်၊ ကျိကျွီသည် စိတ်ပျက်နေပါသည်။

သူသည် ဆောင်းတွင်းအတွက် ကြိုတင်ပြင်ဆင်ထားသော်လည်း၊ သူ၏ အပင်များသည် ပြင်းထန်သော အအေးဒဏ်ကို မခံနိုင်ကြပါ။ ထိုသို့အဖြစ်မျိုးသည် ဘယ်နှခါဖြစ်ပြီးပြီနည်း။

၇ခါလား…။၈ခါလား…။

အတိတ်တုန်းကဆိုလျှင်၊ အခြားစိုက်ခင်းများမှ အပင်များသေဆုံးလေ့ရှိသော်လည်း၊ ကျိကျွီ၏ စိုက်ခင်းထဲမှ သီးနှံများသည် သေဆုံးလေ့မရှိပါ။ ဆောင်းတွင်းအတွက် ပြင်စရာရှိသည်များကို ပြင်ဆင်ပြီးသွားလျှင်၊ သူ့အပင်များသည် သေဆုံးလေ့မရှိပါ။ အခုတော့ သူ့အပင်များ သေဆုံးကုန်ကြပြီဖြစ်သည်။ မှန်ကန်စွာ ကြိုတင်ပြင်ဆင်ထားနိုင်ပါက၊ အမှားအယွင်းရှိမည် မဟုတ်ပါ။

ကျိကျီသည် သူ၏ စိုက်ပျိုးရေးနည်းစနစ်များမှာ လုံးဝပြီးပြည့်စုံသည်ဟု ထင်နေပါသည်။ ထောင်ချီရွှေကောက်ပဲသီးနှံအတွက်တော့၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ကြိုတင်ရိတ်သိမ်းနိုင်သွားခြင်းအတွက် ကျိကျီသည် နည်းနည်း စိတ်ပျက်နေပါသည်။အခုတော့ ၈ကြိမ်မြောက်အမှားက ဖြစ်လာပြန်ပြီ ဖြစ်သည်။ သူ့လိုမျိုးအရာရာပြီးပြည့်စုံမှ ကျေနပ်သူတစ်ယောက်က၊ ဘယ်လိုလုပ်ပြီး စိတ်များငြိမ်သက်နေနိုင်တော့မည်နည်း။

ရာသီဥတုကြောင့် ဖြစ်နေသော်လည်း၊

နောက်ဆက်တွဲများမှာ တကယ် ဖြစ်လာပါသည်။

“အရူးတွေ” ကျိကျီက နောက်တကြိမ်ကြိမ်းမောင်းလိုက်ပြန်ပါသည်။

သူသည် ယိမိသားစုကို ဆဲလိုက်ခြင်းဖြစ်ပါသည်။ အတိတ်တုန်းကဆိုလျှင်၊ ထိုလူများသည် မျက်နှာကိုမော့ကာ လမ်းလျှောက်တတ်ကြပါသည်။ အခုတော့ ထိုလူများသည် ကျိကျီမေးသည်ကိုပင် မဖြေနိုင်တော့ပါ။

အမှိုက်တွေ…အလကားကောင်တွေ…။

ကျိကျွီသည် ယိမိသားစုမှ အသက်အကြီးဆုံးသူနှင့် သွားတိုင်ပင်ချင်နေပါသည်။ သို့သော် ထိုလူက နှစ်ပေါင်းများစွာ အလုပ်လက်မခံသည်မှာ စိတ်ပျက်စရာပင် ဖြစ်သည်။ ကျိကျွီကသွားတွေ့မည်ဆိုလျှင်တောင်၊ ထိုလူက မျက်နှာကို ဖော်ပြမည်မဟုတ်ပါ။ ဗေဒင်ဟောကိန်းလည်း ထုတ်မပေးပါ။

ကျိကျွီသည် အာခြောက်နေသဖြင့်၊ ရေနွေးနည်းနည်းသောက်လိုက်ပါသည်။

အိမ်တော်ထိန်းကြီး၏ မျက်လုံးများသည် တုန်လှုပ်နေသည့် လူများကို ကြည့်လိုက်ပြီး၊ ဦးညွှတ်လိုက်ကာ “အပြင်မှာ သတင်းလာပို့တဲ့လူရောက်နေပါတယ်ခင်ဗျာ” ဟုပြောလိုက်ပါသည်။

“ဘာသတင်းလဲ” ကျိကျွီက စိတ်ရှုပ်သွားပါသည်။

အိမ်တော်ထိန်းမှာ ကျိကျွီ၏ မျက်နှာကို မကြည့်ရဲသောကြောင့် ခေါင်းငုံ့သွားပြီး၊ “သီးနှံတွေလိုချင်တယ်လို့ ပြောနေပါတယ်”

“ခလွမ်…”

ကျိကျွီကိုင်ထားသော သတ္တုခွက်လေးမှာ အောက်ပြုတ်ကျသွားပါသည်။ “အကုန်ထွက်သွားကြလို့ ပြောလိုက်ကွာ”

အိမ်တော်ထိန်းကြီးက တိတ်ဆိတ်သွားသော်လည်း၊ ထွက်မသွားသေးဘဲ “အန်းဘမြို့တော်က အခြားမျိုးနွယ်စုတစ်ခု ရောက်နေတယ်လို့ ကြားတယ်…မြို့တော်ရဲ့ ဘုရင်က မင်းမျိုးမင်းနွယ်တွေက သီးနှံတွေ ဝေပေးဖို့ အမိန့်ပေးလိုက်တယ်…မျိုးနွယ်စုတွေကို ချေးငှားလိုက်တဲ့ အနေနဲ့ ဆိုပါတော့”

“အရင်တုန်းကဆိုရင် ဒီကောင်တွေ ငါတို့ကို အဖက်တောင်မလုပ်ပါဘူး…အခုတော့ နှင်းမုန်တိုင်းလည်း ကျရော တစ်ယောက်ပြီး တစ်ယောက် ငါ့ဆီရောက်လာတယ်” ကျိကျွီက လှောင်လိုက်ပါသည်။ “ ဒီကောင်တွေကို ဘာမှ မပေးနိုင်ဘူးကွာ...ငါတို့ ရွှေကောက်ပဲသီးနှံစိုက်ခင်းတွေက ဘာမှမပေးနိုင်ဘူးလို့သာ ပြောလိုက်”

ဘုရင့်မြို့တော်မှ မင်းမျိုးမင်းနွယ်မိသားစုတွေက မျိုးနွယ်စုတွေကို မစောင့်ရှောက်ပေးချင်ကြပါ။ သို့သော် နှင်းမုန်တိုင်းကလည်း ရပ်တန့်မည့်ပုံမပေါ်သေးပါ။ ထို့ကြောင့် မျိုးနွယ်စုများသည် ဘုရင့်မြို့တော်သို့ လာရောက်အကူအညီတောင်းကြ

ပါသည်။ ထိုအခါ ဘုရင့်မြို့တော်ထဲတွင် အစားအသောက်များ တဖြည်းဖြည်းနည်းလာပါသည်။ မြို့တော်သည် အင်အားကောင်းလေ မျိုးနွယ်စုဝင်များက သူတို့အပေါ်အားကိုးလေဖြစ်ကြောင်းကို ၎င်းတို့က သိထားကြပါသည်။

ကျိကျွီစကားဆုံးသွားသောအခါ၊ အိမ်တော်ထိန်းက တခွန်းမှ ထပ်မပြောရဲတော့ပါ။ သူသည် ကျိကျွီစကားကို မြေဝယ်မကျနားထောင်သူဖြစ်ပါသည်။ ကျန်သည့်ကိစ္စများမှာ သူ့အလုပ်မဟုတ်ပါ။

ထို့နောက် ကျိကျွီသည် အခြားသောမင်းမျိုးမင်းနွယ်များကို ကာကွယ်ပေးနေသော အဆင့်နိမ့်အိမ်တော်ထိန်းများကို ခေါ်ပြီး၊ ကြိမ်းမောင်းပြန်ပါသည်။ ကျိကျွီသည် အိမ်တော်ထိန်း၂ယောက်ကို အလုပ်ထုတ်လိုက်ပါသည်။ ထိုလူများက ငိုကြွေးတောင်းပန်နေသော်လည်း ကျိကျွီက သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ပါ။

အလုပ်ဖြုတ်ခံလိုက်ရသော အိမ်တော်ထိန်း

များသည် မျှော်လင့်ချက်များ ပျောက်ဆုံးကုန်ပါသည်။ ထိုအချိန်တွင် လူတစ်ယောက် ရောက်လာပြန်သည်။ ထိုလူမှာ ထောင်ချီကောက်ပဲသီးနှံများကို ထိန်းသိမ်းစောင့်ရှောက်ရသော ကြီးကြပ်ရေးမှူးဖြစ်ပါသည်။

ထိုလူသည် ရေးကြီးသုတ်ပြာနှင့် ဝင်လာသောကြောင့်၊ ကျိကျွီသည် ဒေါသထွက်လာပြန်ပါသည်။ သို့သော် သူသည် ဒေါသများကို မျိုသိပ်ထားလိုက်ပြီးနောက်၊ “ဘာဖြစ်ပြန်ပြီလဲကွာ”ဟုမေးလိုက်ပါသည်။

“ဟုတ်...မဟုတ်” အစောင့်က မောပန်းနေပါသည်။ သူ၏မျက်နှာမှာလည်းနီရဲနေပါသည်။

“ဘာလဲ…ဟုတ်တာလား…မဟုတ်ဘူးလား” ကျိကျီက ဒေါသထွက်လာပြန်ပါသည်။

“သီးနှံတွေ မှည့်နေပြီ ဆရာ” အစောင့်ကပြောလိုက်ပါသည်။

သီးနှံများမှည့်နေပြီဆိုသော စကားကို ကြားသောအခါ၊ ကျိကျွီသည် အလျင်အမြန်ပေးထွက်သွားပါသည်။

မြေပြင်ပေါ်တွင် လူးလှိမ့်ငိုကြွေးနေသော အိမ်တော်ထိန်းသည် သူတို့၏ ဆရာများ စိတ်ပြောင်းသွားမလဲ မျှော်လင့်နေမိပါသည်။ ကျိကျွီစိတ်ကောင်းဝင်နေလျှင် တောင်းပန်ကြည်မည်ဟု စိတ်ကူးလိုက်မိပါသည်။

ထိုအကြောင်းကိုတွေးမိသောအခါ၊ အလုပ်ဖြုတ်ခံလိုက်ရသော အိမ်တော်ထိန်း၂ယောက်သည် အလျင်အမြန်ပြေးလာကြပါသည်။

ကျိကျွီ၏ ထောင်ချီရွှေကောက်ပဲသီးနှံများသည် နှင်းမုန်တိုင်းအလယ်တွင် ရင့်မှည်လာခြင်းဖြစ်ပါသည်။ မျှော်လင့်ထားသည့်အချိန်ထက် အတော်စောပြီး ရင့်မှည့်လာခြင်း ဖြစ်ပါသည်။

နှင်းများကျဆင်းနေသောကြောင့် ရွှေရောင်

သီးနှံများမှာ ယိမ်းထိုးနေကြပါသည်။ အစောင့်များသည် ထိုသီးနှံများမှ မွှေးပျံ့သော ရနံ့များကို ရနေကြပါသည်။ အနံ့တစ်ချက်ရှူလိုက်မိသည်နှင့် ၎င်းတို့သည် သွားရည်များကျလာကြပါသည်။

ကျိကျွီသည် ထိုသီးနှံများကို ကိုယ်တိုင် ရိတ်သိမ်းပါသည်။ ထို့နောက် သီးနှံများကို တစ်စေ့ချင်းအခွံခွာပါသည်။

အပေါ်ယံအခွံကို ခွာလိုက်သောအခါ၊ ဖြူဖွေးသောသီးနှံစေ့လေးပေါ်လာပါသည်။

ကျိကျွီသည် ရှောက်ရွှမ်ပြောသည်ကို ပြန်စဉ်းစားမိသောအခါ၊ မျက်မှောင်ကြုံ့သွားမိပါသည်။

“ရှောက်ရွှမ်…ငါ့သီးနှံတွေက ဘာရောင်ဖြစ်မယ်လို့ထင်လဲ”

“အဖြူရောင်…” ရှောက်ရွှမ်က ရုတ်တရက် ပြောလိုက်ပါသည်။

ဟုတ်ပါသည်။ သူ၏ သီးနှံများမှာ ရှောက်ရွှမ်ပြောလိုက်သည့်အတိုင်းအဖြူရောင် ဖြစ်နေပါသည်။

အဖြူရောင်ထောင်ချီရွှေကောက်ပဲသီးနှံများ ရလာသဖြင့် ကျိကျွီသည် စိတ်ကျေနပ်သွားပါသည်။ သူသည် ထောင်ချီရွှေကောက်ပဲသီးနှံများကို ထင်ယောင်ထင်မှားနှင့် မြင်နေခြင်း မဟုတ်ပါ။

မြို့တော်ထဲတွင် သီးနှံများကိုလိုအပ်နေသည့်အချိန်တွင်၊ ထောင်ချီရွှေကောက်ပဲသီးနှံများက ရင့်မှည့်လာခြင်း ဖြစ်ပါသည်။

သူသည် အပြင်တွင်ကျဆင်းနေသော နှင်းများကို တိတ်ဆိတ်စွာကြည့်လိုက်ပါသည်။ ထို့နောက် အိမ်တော်ထိန်းကြီးအား “သူတို့ကို ခေါ်လာခဲ့” ဟုပြောလိုက်ပါသည်။

“သူတို့ကိုပြောတာလား” အိမ်တော်ထိန်းကြီးက

အဆင့်နိမ့်အိမ်တော်ထိန်းများကို ညွှန်ပြလိုက်ပါသည်။

ကျိကျွီသည် သူ့စပါးကျီကို ဖွင့်ရန် ဆုံးဖြတ်လိုက်ပါသည်။ သူသည် သူ့ကို အကူအညီလာတောင်းသောသူများကို သဘောမကျပါ၊ ထိုလူများနှင့်လည်း တခါမှ စကားမပြောဖူးပါ။သို့သော် သူသည် ထောင်ချီရွှေကောက်ပဲသီးနှံမှ ပေးသောသဲလွန်စများ အတိုင်းလိုက်လုပ်ရန် ဆုံးဖြတ်လိုက်ပါသည်။ သူထင်သည်မှာ မှားလာ၊မှန်လား သိရရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။

ထိုအချိန်တွင်၊ ဘုရင့်မြို့တော်မှ ယိမိသားစုထံလာလည်သော အထူးဧည့်သည်တော်များများ ရောက်နေပါသည်။

ထိုသူများသည် မြို့တော်သို့ရောက်နေသော မျိုးနွယ်စုများအကြောင်းကို ဆွေးနွေးနေကြပါသည်။

ယိမိသားစုဆီသို့ ရောက်နေသူများမှာ မြေခွေး

မျိုးနွယ်စုအကြီးအကဲနှင့် ညှို့ငင်အားကောင်းသော အမျိုးသမီးတို့ဖြစ်ကြပါသည်။

ဆားကွင်းများကို ဖြတ်ကျော်လာပြီးသောအခါ၊ သူတို့တွင် လူ၁၀၀လောက်သာ ကျန်ခဲ့ပါတော့သည်။ သားရဲဘုရင်ကြီးက သူတို့နောက်သို့လိုက်သောအခါ၊ လမ်းကြောင်းပြောင်းပြီး ပြေးလွှားလာခဲ့ရသောကြောင့်၊မျိုးနွယ်စုဆီသို့ မပြန်နိုင်တော့ခြင်းဖြစ်ပါသည်။ ထို့နောက် ၎င်းတို့သည် ရှန်လူမျိုးများအား ငါးစာအဖြစ်အသုံးပြုပြီး၊ အောင်မြင်စွာ ထွက်ပြေးလာနိုင်ခဲ့ကြပါသည်။

ဆားကွင်းများမှ ဖြတ်ကျော်လာပြီးသောအခါ၊ မြေခွေးမျိုးနွယ်စုအကြီးအကဲသည် သူ၏ ကျန်နေသေးသောလူများကို ခေါ်လိုက်ပါသည်။ သူသည် မျိုးနွယ်စုဆီသို့ မပြန်သေးပါ။ သူရလာသော ဆားခဲများနှင့် မီးလျှံသလင်းကျောက်များကို ဆုံးရှုံးလိုက်ရသလို၊ အသက်ပေါင်းများစွာကိုလည်း စတေးလိုက်ရပါသည်။ ထို့ကြောင့် သူသည် ရွာသို့ ပြန်ရောက်လျှင်၊ အကြီးအကဲနေရာ

မှ ဖယ်ပေးရတော့မည် ဖြစ်သည်။

ထို့ကြောင့် သူသည် ရွာသို့ မပြန်ခင်၊ အဖြေတစ်ခုကို လိုချင်နေခြင်းဖြစ်ပါသည်။

သူနှင့်အတူပါလာသော အမျိုးသမီးမှာ ယိမိသားစုဝင်တစ်ယောက် ဖြစ်ပါသည်။ သူမသည် ကြိုးထုံးဗေဒင်ဟောသည့်အတတ်ကို မတတ်မြောက်သဖြင့်၊ မိသားစုအတွင်း ကောင်းစွာ နေရာမပေးခံရပါ။ ထို့ကြောင့် သူမသည် မြေခွေးမျိုးနွယ်စုနှင့်သာနေထိုင်ခြင်း ဖြစ်ပါသည်။ သို့သော် မြေခွေးမျိုးနွယ်စုဝင်များနှင့် ယိမိသားစုတို့သည် အဆက်အသွယ် ရှိကြပါသေးသည်။

မြေခွေးမျိုးနွယ်စုအကြီးအကဲသည် ယိမိသားစု၏အကူအညီကြောင့်၊ ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း ဖြစ်ပါသည်။

အခုတခေါက်တွင်တော့၊ မြေခွေးမျိုးနွယ်စုအကြီးအကဲသည် ယိမိသားစုထံမှ အကူအညီလာတောင်းခြင်း ဖြစ်ပါသည်။

သူသည် ယိမိသားစုနှင့် ပူးပေါင်းပြီး မီးတောက်ဦးချိုမျိုးနွယ်စုကို တိုက်ခိုက်ချင်နေပါသည်။

ယိမိသားစုက တောင်လေမျိုးနွယ်စုနှင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တိုက်ခိုက်ရန် သဘောမတူပါ။ တိုက်ပွဲကို အနိုင်ရမည်ဆိုလျှင်တောင် သူတို့ဘက်တွင်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် သူတို့သည် စွန့်စားရန် မထိုက်တန်ဟုဆုံးဖြတ်လိုက်ပါသည်။ သို့သော် တောင်လေမျိုးနွယ်စုနှင့် ထိုက်ဟယ်မျိုးနွယ်စုတို့ကို တိုက်ခိုက်မည့်အစား၊ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို တိုက်ခိုက်ရန် စဉ်းစားနေကြပါသည်။

ထိုသို့ စဉ်းစားသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အပြင်လူများဖြစ်သည်ဟု ယူဆခြင်းကြောင့်သာ ဖြစ်ပါသည်။ ယိမိသားစုအပါအဝင် ဘုရင့်မြို့တော်ရှိ မိသားစုများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို သတိနှင့် စောင့်ကြည့်နေကြပါသည်။ ထို့ကြောင့် မြေခွေး

မျိုးနွယ်စုအကြီးအကဲသည် ထိုအမျိုးသမီးဆီမှ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သတင်းကို သိနေခြင်းဖြစ်သည်။ သူမသည် ဆောင်းမဝင်ခင်ကတည်းက၊ သတင်းများကို ကြိုတင်ရရှိထားခြင်း ဖြစ်သည်။

မြေခွေးမျိုးနွယ်စုအကြီးအကဲသည် မျိုးနွယ်စုသုံးခုလုံးကို ဖျက်ဆီးပစ်ချင်နေသော်လည်း၊ သူသည် စိတ်ရှည်လက်ရှည်နှင့် မျိုးနွယ်စုတစ်ခုပြီးမှ တစ်ခုကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ပါသည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုကို ပထမဆုံးတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။ သူသည် ပြီးခဲ့သော အဖြစ်အပျက်များအကြောင်းကို တွေးမိသည့်အခါတိုင်း၊ မီးတောက်ဦးချိုမျိုးနွယ်စုကိုသာ ကျိန်ဆဲမိပါတော့သည်။

သူသည် ယိမိသားစုဝင်များကို ရန်စ၍ မဖြစ်သေးပါ။

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက ရာသီဥတုပြောင်းမယ်ဆိုတာကို သိနေသလိုပဲ…သူ

တို့ခန့်မှန်းချက်တွေက မင်းခန့်မှန်းချက်ထက်တောင် ပိုတိကျနေသးတယ်…သူတို့ရောက်လာတဲ့ အချိန်ကလည်း နှင်းမုန်တိုင်းမကျခင်လေးတင် ရောက်လာတာ…ပြန်သွားတော့လည်း လေတွေတိုက်တာ ရပ်သွားတဲ့နေ့…” ထိုအရာများမှာ သူ၏ခန့်မှန်းချက်များဖြစ်သော်လည်း အကြီးအကဲသည် သူ့ကိုယ်သူမယုံကြည်တော့ပါ။

“မီးတောက်ဦးချိုမျိုးနွယ်စုတွေက သားရဲဘုရင်ကြီးနဲ့ တိုးတာတောင် တကောင်မှ မသေကြဘူး…အားလုံးအစားပဲ ခံလိုက်ရတာလား…ဘာမှမဖြစ်ဘဲ လွတ်သွားတာများလား…မြေကြီးပေါ်မှာလည်း သွေးစသွေးနတွေ ဘာမှမတွေ့ရဘူး…ဒီကောင်တွေမှာ ဆားတွေနဲ့ မီးလျှံသလင်းကျောက်တွေ အများကြီးကို တွေ့လိုက်ရတယ်…”

ယိမိသားစုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက သူတို့ထက် ပိုတိကျသော ခန့်မှန်းချက်ကို ပြုလုပ်နိုင်သောကြောင့်၊စိတ်ပျက်နေကြပါသည်။ အခုတော့ မီးတောက်ဦးချိုမျိုးနွယ်စုသည် သားရဲဘုရင်ကြီး၏ လက်မှ လွတ်မြောက်

လာခြင်းအတွက်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ပို၍ပင် မနာလို ဖြစ်နေပါသည်။ မီးလျှံသလင်းကျောက်များကိစ္စသည် ထိပ်တန်းဦးစားပေးကိစ္စမဟုတ်တော့ပါ။

“ခင်ဗျားပြောတာ မှန်တယ်…”စားပွဲထိပ်တွင် ထိုင်နေသောလူက ကျယ်လောင်သော အသံကြီးဖြင့် ပြောလိုက်ပါသည်။ သူသည် အရည်အသွေးကောင်းသော ဆားများကို ဖွက်ထားသည့် မြေခွေးမျိုးနွယ်စုဝင်များအကြောင်းကို မေ့ထားရန် ဆုံးဖြတ်လိုက်ပါသည်။ ယိမိသားစုဝင်များသည် ဆားများကို သိပ်စိတ်မဝင်စားသော်လည်း၊ ကျန်သူများကတော့ ထိုသို့မဟုတ်ပါ။

“မှန်တယ်…”

မြေခွေးမျိုးနွယ်စုအကြီးအကဲက အမျိုးသမီးကိုကြည့်လိုက်ပါသည်။ ထိုအခါ သူမသည် လျင်မြန်စွာ မတ်တပ်ထလိုက်ပြီး၊ ဦးညွှတ်လိုက်ခါ “မှန်ပါတယ်”ဟုပြောလိုက်သည်။ သူမသည် ဦးခေါင်းကို ညွှတ်လိုက်သော်လည်း၊ သူမ၏

မျက်လုံးများထဲတွင် ထူးဆန်းသည့်အရိပ်အယောင်များ ဖြတ်သန်းသွားပါသည်။ မြေခွေးမျိုးနွယ်စုအကြီးအကဲက သိပ်မယုံကြည်သော်လည်း၊ သူမကတော့ ထိုအကြောင်းအရာများမှာ သူတို့ထင်ထားသလိုသာ ဖြစ်လိမ့်မည်ဆိုကို သိနေပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိရမည် ဖြစ်သည်။

ယိမိသားစုဝင်များသည် အစပိုင်းတွင် ထိုလူ၂ယောက်ကို မယုံကြပါ။ သို့သော် နောက်ပိုင်းတွင် အခြားအဖွဲ့ဝင်များနှင့် သီးခြားပြောဆိုပြီးသွားသောအခါမှ၊ ယုံကြည်သွားကြပါတော့သည်။

သူတို့သည် မေးခွန်းမေးမြန်းရာတွင် လိမ္မာပါးနပ်လှသည်။ မြေခွေးမျိုးနွယ်စုအကြီးအကဲ၏ စကားများမှာ အားလုံးမှန်ကန်ချင်မှ မှန်ကန်မည် ဖြစ်သော်လည်း၊ တစိတ်တပိုင်းတော့ မှန်ကန်မည် ဖြစ်သည်။

ယိမိသားစု၏ အဆင့်မြင့် အဖွဲ့ဝင်များသည် ထိုအကြောင်းကို ဆွေးနွေးနေကြသည်။

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကို စောင့်ကြည့်ကြပါလို့ ငါပြောထားဖူးသားပဲ”

“မီးတောက်ဦးချိုမျိုးနွယ်စု ပြိုကွဲရမယ်”

“မနက်ဖြန်ကျရင်...မြို့တော်သခင်ရယ် အခြားမျိုးနွယ်စုတွေရယ်နဲ့ တိုင်ပင်လိုက်ဦးမယ်” စားပွဲဝိုင်းထိပ်တွင် ထိုင်နေသောသူက ပြောလိုက်ပါသည်။

သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ပြဿနာကို ဖြေရှင်းရမည် ဖြစ်သည်။ ရာသီဥတုထိုသို့ပြောင်းလဲလာခြင်းမှာ ကောင်းကင်မှပေးသော လက်ဆောင်တစ်ခုများလား။

(ဆက်ရန်…)

All Chapters