← Chapters

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၇၈) ညွှန်ကြားချက်

ယိမိသားစုသည် ဂမ္ဘီရကြိုးထုံးပညာကို တတ်မြောက်သူများဆိုလျှင် ကြည့်မရကြပါ။ ဂမ္ဘီရကြိုးထုံးပညာကို တတ်မြောက်သူများကို တွေ့လျှင် ၎င်းတို့သည် နေမထိထိုင်မသာဖြစ်တတ်ကြပါသည်။ သူတို့သည် စကြာဝဠာကြီး၏ လျှို့ဝှက်ချက်များကို သိသူမှာ သူတို့မိသားစုသာ ရှိသည်ဆိုပြီး ဂုဏ်မောက်နေကြခြင်း ဖြစ်သည်။ ထိုပညာကို တခြားသူတတ်မြောက်နေသည်ဆိုပါက၊ ၎င်းတို့သည် ဦးခေါင်းပေါ်တွင် ဓားတစ်ချောင်းတင်ထားသလို ခံစားနေရပါသည်။

ယခုနှစ်အတွင်းတွင် ၎င်းတို့သည် နှင်းမုန်တိုင်းကြောင့် အထိနာခဲ့ရပါသည်။ ရာသီဥတုပြောင်းလဲသွာသောအခါ၊ လူအများစုသည် ယခင်နေရာများကို ပြန်လာကြပြီး၊ အနာဂတ်အတွက် တစ်ခုခုမှန်းဆနိုင်သော သဲလွန်စများရှိလေမလား ရှာကြလေသည်။ ယိမိသားစုကလည်း သူတို့တတ်နိုင်

သလောက် အကူအညီပေးနိုင်သည်။

မြေခွေးမျိုးနွယ်စုအကြီးအကဲရောက်ရှိလာသောအခါ၊ ၎င်းတို့စိတ်ရှုပ်ထွေးနေသော ကိစ္စများကို ဖွင့်ဟတိုင်ပင်ခွင့်ရှိသွားပါသည်။ သူတို့၏ အဆင်မပြေမှုများကို ပြောပြကြသည်။

သူတို့စိတ်ထဲတွင် ခြိမ်းခြောက်သည်ဟု ခံစားနေရခြင်းမှာ မီးတောက်ဦးချိုမျိုးနွယ်စုများကြောင့်လား။

ယိမိသားစုဝင်တစ်ယောက်က ပြောထားသော အနာဂတ်အတွက် ဟောကိန်းတစ်ခု ရှိနေပါသည်။ တော်ဝင်မိသားစု၆ခုက ထိုကိစ္စနင့် ပတ်သက်ပြီး၊ စိတ်ပူနေကြပါသည်။ မီးတောက်ဦချိုမျိုးနွယ်စုဝင်များ ဘုရင့်မြို့တော်သို့ ရောက်လာတုန်းက၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်သည် လင်လုမျိုးနွယ်စုအကြီးအကဲကို သိုင်းတစ်ကွက်ထဲနှင့် အနိုင်ရသွားပါသည်။ ထို့နောက်သူသည် မြို့တော်တံခါးများကို ဖျက်ဆီး

သွားကြပါသည်။ ထိုစဉ်ကတည်းက မြို့တော်မှလူများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို သတိထားမိသွားသည်။ ထိုအချိန်ကတည်းက သူတို့လူတစ်ယောက်သည် မီးတောက်ဦးချိုမျိုးနွယ်စုမှ သူတို့အတွက် နောင်တချိန်တွင် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည်ဟု ဟောကိန်းထုတ်ထားခဲ့သော်လည်း၊ အများစုက မယုံကြည်ခဲ့ပါ။

အခုဆိုလျှင် မြေခွေးမျိုးနွယ်စုအကြီးအကဲပြောသည်ကို နားထောင်ပြီးသွားသောအခါ၊ ယိမိသားစုက အစီအစဉ်များ စတင်ဆွဲပါတော့သည်။ နောက်တစ်နေ့ရောက်လျှင် သူတို့သည် မြို့တော်သခင်အပါအဝင် မိသားစုခေါင်းဆောင်များနှင့် ဆွေးနွေးရန် နန်းတော်ကြီးဆီသို့ သွားကြမည် ဖြစ်သည်။

၎င်းတို့သည် ပြဿနာကြီးထွားမလာခင် ဖြေရှင်းရန် ဆွေးနွေးတိုင်ပင်ကြမည် ဖြစ်သည်။ ၎င်းတို့သည် မြို့တော်တံခါးများ ဖျက်ဆီးခံလိုက်ရကတည်းက၊ စိတ်ပျက်နေကြခြင်း ဖြစ်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက ရာသီဥတုကို ခန့်မှန်းနိုင်တယ် ဟုတ်လား”

“ရာသီဥတုကိစ္စကို ခဏထားပါဦး…သူတို့တွေ သားရဲဘုရင်ကြီးဆီကလွတ်လာတယ်ဆိုတာ တကယ်လား…” အားလုံးမှာ ထိုအဖြစ်အပျက်ကြောင့် တုန်လှုပ်နေကြသည်။ “စုစည်းထားသမျှ ပျက်စီးမှာ…ပျက်စီးသွားသမျှ စုစည်းမှာ” ဟူသောဟောကိန်းအကြောင်းကိုတွေးပြီး သူတို့သည် စိတ်မသက်မသာဖြစ်နေကြသည်။

နန်းတော်ထဲတွင် အခြေအနေများ တင်းမာနေပါသည်။ အားလုံး၏ ခေါင်းထဲတွင် မေးလိုသော မေးခွန်းများစွာပြည့်နှက်နေသည်။ အချိန်ကြာမြင့်စွာ သံသယဝင်နေသူများသည် အခုတော့ သူတို့သိလိုသည်များကို မေးခွင့်ရသွားပြီဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာ ဤအကြောင်းများကို ကြားမည်ဆိုပါက၊ နှလုံးရောဂါရသွားမည် ဖြစ်သည်။ “အဓိပ္ပါယ်မရှိတာကွာ…သူတို့သာ သားရဲဘုရင်ကြီးကို အနိုင်ယူနိုင်မည်ဆိုပါ

က မီးလျှံသလင်းကျောက်များနှင့် ဆားများကို စွန့်ပစ်ထားခဲ့မည် မဟုတ်ပါ။

သို့သော် ထိုလူများက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ခြိမ်းခြောက်မှုတစ်ခုဟု မြင်နေကြပြီး၊ ထိုအမြင်ကို ပြောင်းလဲပေးရန် မလွယ်ကူလှပါ။

အအေးဆုံးဆောင်းရာသီများသည်ပင် အချိန်တန်လျှင် ကုန်ဆုံးသွားမည် ဖြစ်သည်။

ဆောင်းရာသီသည် ပုံမှန်ထက်စောစီးစွာဝင်လာခဲ့ပြီး၊ ဆောင်းတွင်းမှာလည်း ခါတိုင်းထက် ပိုရှည်ကြာခဲ့သည်။

နှင်းများကျဆင်းနေမှု ရပ်တန့်သွားသောအခါ၊ နေလုံးကြီးသည် တိမ်များကြားမှ တိုးထွက်လာပါသည်။ ထိုအခါ အားလုံးမှာ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြပါတော့သည်။

ရာသီဥတုမှာ နေသာနေပါသည်။ ဆောင်းတွင်း

မှာ နောက်ဆုံးတွင် ကုန်ဆုံးသွားပြီ ဖြစ်သည်။ အပူချိန်များပြန်လည်မြင့်တက်လာသလို အားလုံးမှာ နွေရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ မလုပ်ရသေးပါ။

မျိုးနွယ်စုဝင်များသည် နှင်းများကို ရှင်းလင်းနေကြသည်။ သို့သော် နှင်းအတော်များများကို ရှောက်ရွှမ်က ရှင်းလင်းထားပြီးသားဖြစ်သည်။ တချို့နေရာများတွင် ဒူးခေါင်းနစ်သည်အထိ နှင်းများဖုံးလွှမ်းနေပါသည်။ ထိုနေရာများသည် ရှောက်ရွှမ်လေ့ကျင့်ရေးဆင်းသော နေရာများဖြစ်သည်။ ရွာထဲရှိနှင်းများကို ကြိုတင်ရှင်းလင်းထားသဖြင့်၊ နှင်းများအလုံးအရင်းလိုက် အရည်ပျော်ကျခြင်းမျိုးဖြစ်ပေါ်မလာပါ။

အိမ်ခေါင်မိုးများပေါ်မှ နှင်းများလည်းအရည်ပျော်လာကျလာပါသည်။ ကင်းအဖွဲ့သည် နှင်းမျှော်စင်များ ပြိုကျလာသော်လည်း၊ ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရသည်။ သို့သော် ရာသီဥတုနွေးထွေးလာသည့်အတွက်တော့ ပျော်ရွှင်နေကြပါသည်။ ရာသီဥတု နွေးလာပြီဆိုလျှင်

၎င်းတို့သည် အမဲလိုက်၍ ရတော့မည် မဟုတ်ပါလား။

နှင်းများအရည်ပျော်ကျလာသောအခါ၊ ရွာရှေ့မှ မြစ်သည် ရေများပြည့်လျှံလာပြီး ရေကြီးပါတော့သည်။ထို့ကြောင့် တောင်ခြေတွင် နေသူများအားလုံး တောင်ပေါ်သို့ ပြောင်းနေကြရသည်။တောအုပ်ထဲတွင်လည်း ကြီးမားသောရေအိုင်ကြီးများ ရှိနေသောကြောင့်၊ အမဲလိုက်ရန် မလွယ်ကူသေးပါ။ သို့သော် ရေများကြီးလာသောကြောင့် သားကောင်များသည် ပုန်းအောင်နေရာမှ ထွက်လာကြပါသည်။ ထိုအခါ မုဆိုးများသည် ထိုသားကောင်လေးများကို အလွယ်တကူဖမ်းနိုင်ပါတော့သည်။

ရှည်လျားလှသော ဆောင်းတွင်းကြီးပြီးဆုံးသောအခါ၊ ဘဲများသည် ဘဲခြံများထဲမှ ထွက်ခွာလာပြီး၊ ပျော်ရွှင်စွာ အော်ဟစ်ကြရင်း မြစ်ထဲသို့ ခုန်ဆင်းသွားပါတော့သည်။ တချို့ဘဲများကတော့ တောထဲသို့ ပျံဝင်သွားကြသည်။

ဘဲခြံစောင့်မှာ အခုတော့ ဘဲဝတုတ်၏ ဘဲပေါက်ကလေးများကို မြင်တွေ့ရပြီ ဖြစ်သည်။

ဘဲပေါက်လေးများကိုကြည့်ရသည်မှာ အမွှေးပွပွ ဘောလုံးလေးများလိမ့်နေသလို ခံစားရပါသည်။

“၃၁ကောင် ကွက်တိပဲ” ဘဲခြံစောင့် ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။ “ဟေ့ဘဲပေါက်လေးတွေ မင်းတို့ဘာတွေစားနေကြတာလဲ”

ရှောက်ရွှမ်က ကြည့်လိုက်ပြီး “မြေကြီးတွေစားနေတာ ထင်တာပဲ” ဟုပြောလိုက်သည်။

အစကတော့ ဘဲပေါက်လေးများစားနေသည်မှာ တီကောင်လေးများဟုထင်သော်လည်း၊ သူတို့စားနေသည်မှာ လက်မလောက်ရှိသော ပိုးမွှားလေးများ ဖြစ်နေသည်။ ဘဲပေါက်လေးများ၏ ပါးစပ်ထဲတွင် ချွန်ထက်သောသွားများ အပြည့်ဖြစ်နေပါသည်။

“ကြည်ရတာ မြေကြီးအောက်က ပိုးမွှားလေးတွေဖြစ်မယ်” ရှောက်ရွှမ်သည် ထိုပိုးကောင်လေးများမှာ ဘာကောင်တွေမှန်းမသိပါ။ ထိုပိုးကောင်လေးများမှာ သူတို့နေသော တွင်းများထဲသို့ ရေများဝင်လာသောကြောင့် မြေပေါ်သို့ ထွက်လာကြခြင်းဖြစ်ပါသည်။

ရေများကြီးနေသောကြောင့် တီကောင်များနှင့် ပိုးမွှားများမှာ မြစ်ကမ်းပေါ်သို့ တက်လာကြသည်။ မြစ်ရေလျှံသဖြင့်၊ ပိုးမွှားများခိုအောင်းရာတွင်းများထဲ ရေများဝင်ကုန်ပါသည်။ ထို့ကြောင့် ပိုးမွှားများက တောင်ပေါ်သို့ နေရာပြောင်းလာကြခြင်း ဖြစ်သည်။ ထိုအခါ ဘဲပေါက်ကလေးများက ဝမ်းမြောက်ဝမ်းသာနှင့် ထိုပိုးကောင်များကို စားသောက်ကြပါတော့သည်။

ဘဲဝတုတ်နှင့် သူ့ဘဲပေါက်၃၁ကောင်တို့သည် မြစ်ထဲတွင် မျောပါနေသော ပိုးမွှားလေးများကို စားသောက်ကြသည်။ သူတို့သည် အခြားဘဲများမစားသော အစာများကိုလည်း စားသောက်ကြသည်။

ထိုဘဲများရှိနေလျှင်၊ ရွာသားများသည် ပိုးမွှားများကို တကူးတက နှိမ်နင်းနေရန် မလိုတော့ပါ။ မြစ်ကမ်းတလျှောက်တွင် ဘဲပေါက်ကလေးများသည် ပျော်ရွှင်စွာ ဆော့ကစားနေကြလေသည်။

ရာသီဥတုမှာ လျင်မြန်စွာပြောင်းလဲနေသည်။ မနေ့ကတော့ သားမွှေးအင်္ကျီကြီးများကို ဝတ်ဆင်ခဲ့ရသော်လည်း၊ ဒီနေ့တွင်တော့ သာမန်အမဲလိုက် ဝတ်စုံများဖြင့် နေနိုင်ကြသည်။ အလုပ်လုပ်နေသူများမှာ ချွေးများပင် စိုရွှဲနေပါတော့သည်။

“ရာသီဥတုက ထူးဆန်းတာတော့ အမှန်ပဲ” ရှောက်ရွှမ်က ပြောလိုက်သည်။

ထိုသို့ပြောင်းလဲနေခြင်းမှာ ဘာကြောင့်မှန်းလဲ ရှောက်ရွှမ်မသိပါ။

ဆောင်းရာသီကုန်ဆုံးသွားပြီဖြစ်သောကြောင့်၊ နှစ်စဉ်ကျင်းပနေကျဖြစ်သော ရိုးရာအခမ်းအနား

ပွဲကို ကျင်းပကြတော့မည် ဖြစ်သည်။ သို့သော် အကြီးအကဲနှင့် နတ်ဆေးဆရာမတို့က ထို့နေ့များအတွင်း စိတ်ပျက်လက်ပျက်ဖြစ်နေကြပါသည်။

သူတို့သည် သတင်းတစ်ခုခုကို စောင့်မျှော်နေကြကြောင်း ရှောက်ရွှမ်သိထားပါသည်။ သူတို့မျှော်လင့်ထားသော ကိစ္စမှာ အခုဆောင်းတွင်းတွင် ဖြစ်ပေါ်မလာသော်၊ နောင်ဆောင်းတွင်းတွင်တော့ ဖြစ်နိုင်ကောင်းသည်ဟု မျှော်လင့်နေကြသည်။

သို့သော် သူတို့၏ အကြံအစည်အလုပ်ဖြစ်မည် မဟုတ်သည်ကို ရှောက်ရွှမ်စိတ်ထဲမှ သိနေလေသည်။

သူတို့ရွာမှ မြစ်သည် အခြားရွာမှ မြစ်တစ်ခုနှင့် ဆက်စပ်နေသည်။ အန္တရာယ်ရှိသော သားရဲများ မြစ်ထဲသို့ ဝင်မည်စိုးသောကြောင့်၊ မြစ်ထဲတွင် ဇကာများ ခံထားပါသည်။ သို့သော် ရေကတော့ စီးမြဲစီးလျက်ပင်။ မြစ်ရေပြင်သည် အခုဆိုလျှင် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။

ထိုနေ့ညတွင် ရိုးရာအခမ်းအနားကို ကျင်းပနေကျအတိုင်းကျင်းပကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကင်းထောက်အဖွဲ့ကတော့ ပြန်ရောက်မလာသေးပါ။ နှင်းတောကို ဖြတ်ကျော်ပြီး သွားလာရခြင်းမှာ ပုံမှန်ထက် အချိန်ယူပါသည်။

ရွာသူရွာသားများမှာ ရိုးရာအခမ်းအနားပွဲကျင်းပနေသော်လည်း၊ မပျော်ရွှင်ကြပါ။ နတ်ဆေးဆရာမနှင့် အကြီးအကဲတို့သည် ရွှင်လန်းတက်ကြွမှုမရှိဘဲ၊ စိတ်ပျက်နေသလို ဖြစ်နေသည်။ သို့သော် ဘိုးဘေးများကို ပူဇော်ကန်တော့ရမည့် အချိန်ဖြစ်သောကြောင့်၊ ခံစားချက်များကို ဘေးချိတ်ထားလိုက်ရသည်။ တခြားကိစ္စများအကြောင်းကို နောက်မှ တွေးတောရမည်ဖြစ်သည်။

နတ်ဆေးဆရာမက မျိုးနွယ်စုသီချင်းကို စတင်သီဆိုသောအခါ၊ မီးဖိုကြီးထဲမှ မီးတောက်များက ဟုန်းဟုန်းတောက်လာသည်။

ထိုမီးတောက်များမှ ထွက်ပေါ်လာသော အပူဓာတ်ကြောင့်၊ အအေးဓာတ်များ ပျောက်ကွယ်သွားပါသည်။

ထို့နောက် ရှောက်ရွှမ်၏ အရိုးလေးမှာလည်း မီးများစတင်တောက်လာသည်။ ဘိုးဘေးများ၏ အရိုးလေးမှ မီးတောက်များသည် မီးဖိုကြီးထဲမှ မီးတောက်များနှင့် ပူးပေါင်းသွားပြီး၊ ဧရာမဘီလူးကြီးတစ်ကောင် ဖြစ်ပေါ်လာသည်။

မျိုးနွယ်စုဝင်များသည် ဤတစ်ခေါက်တွင် မီးတောက်ဘီလူးကြီးကို မြင်ရသောအခါတွင် မအံ့ဩကြတော့ပါ။ သို့သော် ရှောက်ရွှမ်စိတ်ထဲတွင်တော့ ထူးခြားမှု တစ်စုံတရာကို ခံစားမိနေသည်။

သူ့ကိုယ်ထဲမှ ပညာဆက်ခံနိုင်မှု စွမ်းရည်များသည် ပြင်းထန်စွာ စီးဆင်းနေခြင်း မရှိတော့ပါ။ မီးတောက်ဘီလူးကြီးထွက်ပေါ်လာခြင်းမှာ ဘိုးဘေးများ၏ အရိုးလေးမှ ထွက်ပေါ်လာသော စွမ်းအင်များကြောင့် ဖြစ်သည်။ ရှောက်ရွှမ်က ထိုစွမ်းအင်များကို ထိန်းချုပ်ခြင်း မရှိပါ။

မီးတောက်ဘီလူးကြီးထွက်ပေါ်လာသောအခါ၊ အားလုံးမှာ ဒူးထောက်ပြီး ဆုတောင်းလိုက်ကြသည်။ မောက်မာသော စစ်သည်တော်များပင် မီးတောက်ဘီလူးကြီး ရှေ့မှောက်တွင် ဒူးထောက်အရိုအသေပေးကြပါသည်။ ကျန်းလောနှင့်အတူဆားကွင်းသို့ လိုက်ပါခဲ့ကြသော စစ်သည်တော်များကတတော့ တရိုတသေ ကန်တော့ကြပါသည်။ ဘိုးဘေးများ၏ ကာကွယ်မှုမပါလျှင်၊၎င်းတို့သည် အသက်ရှင်ကြမည် မဟုတ်ပါ။

ရှောက်ရွှမ်သည် မီးတောက်ဘီလူးကြီးကို မော့ကြည့်လိုက်ပါသည်။ မနှစ်တုန်းကဆိုလျှင် မီးတောက်ဘီလူးကြီးသည် ရှောက်ရွှမ်ရှိရာသို့ မျက်နှာမူထားသည်။ ယနေ့တွင်လည်း မီးတောက်ဘီလူးကြီးသည် အရင်သူမျက်နှာမူနေကြနေရာသို့ မျက်နှာမူထားပါသည်။ သို့သော် မီးတောက်ဘီလူးကြီးသည် လက်တစ်ဖက်ကို မြှောက်ပြီး၊ အရပ်မျက်နှာတစ်ဖက်ကို ညွှန်ပြနေလေသည်။

လူအတော်များများက ထိုအဖြစ်ကို မြင်လိုက်ရ

ပါသည်။ ခေါင်းများငုံ့ထားသော လူများပင် ထိုအဖြစ်ကို မြင်လိုက်ရသည်။

“ဘိုးဘေးများခင်ဗျာ…ဘာကို ညွှန်ပြနေတာလဲခင်ဗျာ”

နတ်ဆေးဆရာမကတော့ အံ့ဩနေလေသည်။ သူမသည် မီးဖိုကြီးနားတွင် ရပ်နေပြီး တုန်လှုပ်စွာဖြင့် မီးတောက်ဘီလူးကြီးကို ကြည့်လိုက်မိသည်။ မီးတောက်ဘီလူးကြီးပျောက်ကွယ်သွားသောအခါမှသာ၊ သူမသည် ရိုးရာအခမ်းအနားပွဲကို ဆက်လက်လုပ်ဆောင်ပါသည်။

ရိုးရာအခမ်းအနားပြီးဆုံးသွားသောအခါ၊ အားလုံးမှာ အိမ်သို့ပြန်သွားကြပြီး ဖြစ်ခဲ့သည့် အကြောင်းများကို ဆွေးနွေးနေကြသည်။

မီးဖိုကြီး၏ဘေးနားတွင် မီးစာများသာကျန်ခဲ့လေသည်။

နတ်ဆေးဆရာမသည် ထိုနားတွင်ပင် ရပ်နေဆဲ

ဖြစ်သည်။

“ရှောက်ရွှမ်…ကြားလိုက်လား” သူမက မေးလိုက်ပါသည်။

“ဘာကို ကြားရမှာလဲ”

“ဘိုးဘေးတွေရဲ့အသံကိုလေ” သူမသည် မျက်လုံးများကို မှိတ်ထားလိုက်သည်။

“သူတို့ကဘာပြောလို့လဲ” ရှောက်ရွှမ်ကမေးလိုက်သည်။

ရှောက်ရွှမ်သည် သူမကို မယုံနိုင်စွာကြည့်နေပြီး “အရှင်မက ရွာပြောင်းဖို့ စိတ်ကူးနေတာလား” ဟုမေးလိုက်ပါသည်။

“ဟုတ်တယ်…ခုနက ဘိုးဘေးတွေက ငါတို့နေရာပြောင်းရမယ်လို့ ညွှန်ကြားသွားတယ်”နတ်ဆေးဆရာမက ပြောလိုက်ပါသည်။

“ဒါပေမဲ့ ကျွန်တော်တို့က ဘယ်လိုပြန်မှာလဲ…ရွှင်ချန်းတို့ ပြန်ရောက်လာတာကို စောင့်ပြီး ဘာသတင်းထူးလဲ မစောင့်တော့ဘူးလား”

“သူတို့တွေဆီက သတင်းကောင်းပါလာမှာ မဟုတ်ဘူး” သူမက သက်ပြင်းချလိုက်မိပါသည်။ “ဒါပေမဲ့ ဘိုးဘေးတွေက ငါတို့ ပြန်ရမယ့်အချိန်ကိုတော့ အတိအကျပြောမသွားဘူး”

နတ်ဆေးဆရာမက ထိုသို့ ယူဆပါသည်။ ဘိုးဘေးများက ပြန်ရမည်ဟုပြောလျှင် ပြန်ချိန်တန်ပြီ ဖြစ်သောကြောင့်ဖြစ်ပါသည်။ ဘယ်လိုပြန်ရမလဲဆိုတာကိုတော့ သူတို့ဟာသူတို့ နည်းလမ်းရှာရမည် ဖြစ်သည်။ နည်းလမ်းတစ်ခု ရှိကောင်းရှိမည် ဖြစ်သော်လည်း၊ သူတို့သည် ထိုနည်းလမ်းကို မသိကြသေးပါ။

ရှောက်ရွှမ်က သူမစကားများကို သေချာနားထောင်နေသည်။ ထို့နောက် ရှောက်ရွှမ်သည် နတ်ဆေးဆရာမကို မော့ကြည့်လိုက်သည်။

“ဘာလို့ ငါ့ကို ကြည့်နေတာလဲ”

နတ်ဆေးဆရာမက ပြုံးလိုက်ပြီး “တစ်နေ့နေ့မှာတော့ ဘိုးဘေးတွေက ငါတို့ကို နည်းလမ်းပြောပြမယ်ထင်တာပဲ”

“အဲဒီလိုဖြစ်ပါစေလို့ မျှော်လင့်ရတာပါပဲဗျာ” ရှောက်ရွှမ်က ခပ်ဖွဖွပြုံးလိုက်မိသည်။

ထိုအချိန်၊ ပင်လယ်၏အခြားဘက်ကမ်း၌ သားရဲပျော်စံရာမြေတွင်၊ မီးတောက်ဦးချိုမျိုးနွယ်စုသည် ရိုးရာအခမ်းအနားပွဲကို ကျင်းပနေသည်။ နတ်ဆေးဆရာကြီးသည် မီးဖိုနားတွင်ရပ်နေပြီး၊ မီးမျိုးစေ့ကို ကြည့်လိုက်ကာ၊ မီးဖိုကြီးထဲမှ ထွက်လာသော မီးတောက်ဘီလူးကြီးကို ကြည့်နေသည်။ မီးတောက်ဘီလူးကြီးသည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး၊ အရပ်မျက်နှာတစ်ဖက်ကို ညွှန်ပြလိုက်ပါသည်။

မီးတောက်ဘီလူးကြီးသည် ဘာကိုဆိုလိုချင်နေပါသနည်း။

အဖိုးအိုသည် ညကောင်းကင်အောက်တွင် မလှုပ်မရှား တိတ်ဆိတ်စွာ မတ်တပ်ရပ်နေပါတော့သည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၇၉) ထွက်ခွာချိန်

ရိုးရာအခမ်းအနားပြီးဆုံးပြီးနောက် ၂ရက်ကြာသောအခါ၊ တောင်လေအကြီးအကဲသည် ရွာသို့ ရောက်လာပါသည်။ သူ့ကိုကြည့်ရသည်မှာ အလျင်လိုသည်နှင့် တူနေပါသည်။

“မင်းတို့အကြီးအကဲဘယ်မှာလဲ…သူနဲ့စကားပြောချင်လို့ပါ”

တောင်လေအကြီးအကဲသည် ကျန်းလောနှင့်တွေ့ဆုံရန် ကင်းအဖွဲ့ကို လိုက်ပို့ခိုင်းသည်။ “ကျန်းလောမရှိရင်လည်း မင်းတို့ရဲ့ဝါစဉ်ကြီးပုဂ္ဂိုလ်နဲ့ပဲ တွေ့မယ်လေ”

ဆားတွင်းများက ဖြစ်ရပ်ပြီးဆုံးသည့်နောက်ပိုင်းတွင်၊ တောင်လေမျိုးနွယ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဝါစဉ်ကြီးကပုဂ္ဂိုလ်အကြောင်းကို သတိထားမိသွားပါသည်။

သူတို့သည် ရှောက်ရွှမ်ကို လျှော့မတွက်ရဲတော့ပါ။ သားရဲဘုရင်ကြီးနှင့် တွေ့ဆုံတုန်းကဆိုလျှင်၊ ရှောက်ရွှမ်သာမကယ်တင်ခဲ့ပါက၊ သူတို့သည် အသက်ရှင်သန်မည် မဟုတ်ပါ။

“ဝါစဉ်ကြီးပုဂ္ဂိုလ်နဲ့ အကြီးအကဲ၂ယောက်လုံးရှိပါတယ်” ကင်းအဖွဲ့က ဆက်သားတစ်ယောက်ကို စေလွှတ်ပြီး၊ ဧည့်သည်ကို ခေါ်လာခွင့်ပြုလိုက်ပါသည်။

တောင်လေမျိုးနွယ်စုနှင့် မီးတောက်ဦးချိုမျိုးနွယ်စုတို့သည် ဆားတွင်းများတွင် လက်တွဲပြီး အတူတကွလုပ်ဆောင်လာသည်မှာ ကြာပြီဖြစ်သည်။

တောင်လေမျိုးနွယ်စုအကြီးအကဲ၏မျက်နှာသည် အရေးကြီးသည့် ကိစ္စတစ်စုံတရာကို တိုင်ပင်ရန်ရှိသည့်အလား တည်ကြည်လေးနက်နေပါသည်။ ကင်းအဖွဲ့လည်း အချိန်ဆွဲမနေတော့ဘဲ၊ ဧည့်သည်ကို တောင်ပေါ်သို့ လိုက်ပို့လိုက်သည်။

ထုံးစံအရဆိုလျှင်၊ ဆောင်းတွင်းကုန်ဆုံးပြီး ရိုးရာအခမ်းအနား ကျင်းပပြီးသည့် အချိန်ဆိုလျှင်၊ မျိုးနွယ်စုဝင်များသည် အမဲလိုက်ထွက်လေ့ရှိပါသည်။ အရင်တုန်းကတော့ မျိုးနွယ်စုမှ အရေးကြီးသောပုဂ္ဂိုလ်များသည် တောင်ပေါ်တွင် အမဲလိုက်ထွက်ရန်အတွက် တွေ့ဆုံဆွေးနွေးကြသည်။

သို့သော် ယနေ့တွင်တော့ ၎င်းတို့သည် အခြားအကြောင်းများကို ဆွေးနွေးနေကြပါသည်။

နတ်ဆေးဆရာမသည် ရိုးရာအခမ်းအနားတွင် ဘိုးဘေးများပြောသွားသော ညွှန်ကြားချက်များအကြောင်းကို ပြန်ပြောပြပါသည်။ ထို့နောက် သူမအမြင်ကိုလည်း ပြောပြသည်။သို့သော် ဆွေးနွေးပွဲတွင် သူတို့လိုချင်သောအဖြေကို ရှာမရပါ။ အခြေအနေမှာ မသေချာမရေရာသောကြောင့်၊ အားလုံးက မပြောင်းရွှေ့ချင်ကြပါသည်။ ဖြစ်နိုင်ချေကလည်း အများကြီးရှိနေသဖြင့် ဤကိစ္စသည် ပေါ့ဆ၍ မရပါ။

ထိုအချိန်တွင် အစောင့်တစ်ယောက်က တောင်လေမျိုးနွယ်စုအကြီးအကဲရောက်နေကြောင်းကို သတင်းလာပို့သည်။

ကျန်းလောက အားလုံးကို အစည်းအဝေးပြီးပြီဖြစ်ကြောင်းပြောပြီး၊ ပြန်ခိုင်းလိုက်သည်။ ဆောင်းတွင်းပြီးဆုံးသောအခါတွင် ဆက်လက်ကျင်းပရန် အစည်းအဝေးပေါင်းများစွာရှိနေပါသေးသည်။

လန်မုကို မြင်သောအခါ၊ ကျန်းလော်ရင်ထိတ်သွားပါသည်။ တောင်လေမျိုးနွယ်စုသည် ဆောင်းကုန်လျှင် မြေခွေးမျိုးနွယ်စုနှင့် စစ်ခင်းရန် စီစဉ်ထားသည်။ ဆားတွင်းတွင် ကျန်ခဲ့‌သော မြေခွေးမျိုးနွယ်စုသာ အသက်မရှင်ဘူးဆိုလျှင်၊ ၎င်းတို့မျိုးနွယ်စုသည် အတော်အင်အားနည်းသွားမည် ဖြစ်သည်။ ထိုအခါ တောင်လေမျိုးနွယ်စုအတွက် တိုက်ခိုက်ရမည်မှာ ပိုလွယ်ကူသွားမည် ဖြစ်သည်။ သို့သော် လုမင်ကိုကြည့်ရသည်မှာ သတင်းကောင်းကြားလာရသော ပုံနှင့်မတူပါ။

မြေခွေးမျိုးနွယ်စုဝင်များ အိမ်သို့ ကောင်းမွန်စွာ ပြန်ရောက်လာခြင်းများလား။

“အခြေအနေဘယ်လိုလဲ…မြေခွေးမျိုးနွယ်စုတွေ ဘာဖြစ်သွားကြလဲ” ကျန်းလော်က မေးလိုက်ပါသည်။

“အဲဒီကိစ္စပဲ မဟုတ်ဘူး…”လန်မုက ထိုင်လိုက်ပြီး ကျန်းလော်ကို သူပြောစရာရှိသည်ကို ပြောလိုက်သည်။

“ဆောင်းတွင်းတုန်းက ငါတို့ပြန်ရောက်လာတဲ့အချိန်မှာ မြေခွေးမျိုးနွယ်စုတွေကို အကဲခတ်ဖို့ ကင်းထောက်တွေ မလွှတ်ဖြစ်ဘူး…ဆောင်းကုန်သွားတော့မှာ ငါတို့လည်း ကင်းထောက်တချို့ကိုလွှတ်လိုက်တယ်…မြေခွေးမျိုးနွယ်စုတွေ လှုပ်ရှားနေပြီဆိုတာကို ငါတို့လည်းမသိဘူး…ငါတို့လွှတ်လိုက်တဲ့ ကင်းထောက်အဖွဲ့က လူအင်အားသိပ်မကောင်းတော့ တိုက်ခိုက်လို့မရဘူး…တိုက်ခိုက်ဖို့အခွင့်မသာဘူးဆိုပါတော့ဗျာ…နောက်ပြီးတော့ သူတို့မျိုးနွယ်စုဝင်တချို့က

နေရာပြောင်းသွားကြပြီ… အိပ်ရာပေါ်လဲနေတဲ့လူနာတွေလောက်ပဲ ကျန်တော့တယ်” လန်မုသည် ဒေါသထွက်နေပါသည်။သူသည် ဒေါသများကို မျိုသိပ်ပြီး ဆောင်းကုန်သည့်အချိန်ထိ စောင့်နေရလေသည်။

“သူတို့ဘယ်ကို ပြောင်းသွားကြတာလဲ” ကျန်းလောကမေးလိုက်ပါသည်။

လန်မုက ထိုင်နေသော ရှောက်ရွှမ်ကို ကြည့်လိုက်ပြီးနောက် “ဘုရင့်မြို့တော်ကို ပြောင်းသွားကြတာ”ဟုပြောလိုက်ပါသည်။

“ဘုရင့်မြို့တော်ဟုတ်လား…ဘုရင့်မြို့တော်ကလူတွေရဲ့အကူအညီကို တောင်းတယ်ပေါ့လေ” ကျန်းလောက အံ့ဩနေပါသည်။ “ကြည့်ရတာတော့ သူတို့လူတွေ အတော်များများ ဆားတွင်းမှာ သေကုန်တယ်ထင်တယ်…အဲဒီလိုသာမဖြစ်ဘူးဆိုရင် သူတို့တွေ ဘုရင့်မြို့တော်ကို ပြောင်းသွားမှာ မဟုတ်ဘူး”

“ဟုတ်တယ်…ငါတို့ရထားတဲ့သတင်းတွေအရဆိုရင် ရှန်မျိုးနွယ်စုဝင်၂၀လောက်ပဲ ဆားတွင်းတွေကနေ ပြန်လာတယ်ကြားတယ် ဒဏ်ရာတွေလည်း တော်တော်ရလာတယ်…မြေခွေးမျိုးနွယ်စုလည်း အဲဒီလိုပဲ ဖြစ်မှာပဲ…ဒါပေမဲ့…”

“ပြောစရာရှိတာကို ပြောပါ…” ဘာစကားတစ်ခွန်းမှ မပြောသော ရှောက်ရွှမ်က ဝင်ပြောလိုက်သည်။ လန်မုသည် ပြောစရာတစ်ခုခုမရှိဘဲနှင့် ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်မည် မဟုတ်ပါ။

လန်မုက ခဏရပ်လိုက်ပြီး မေးလိုက်သည်။ “ဝါစဉ်ကြီးရှောက်ရွှမ်က ဆောင်းမဝင်ခင်တုန်းက ဘုရင့်မြို့တော်ကို သွားခဲ့တယ်ဆို”

“ဟုတ်ပါတယ်” ရှောက်ရွှမ်က ဖြေလိုက်သည်။

“မြို့ကြီး၆မြို့ကလူတွေက အဲဒီအချိန်မှာပဲ ကြေညာချက်တစ်ခုကို ထုတ်လိုက်တယ်…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကို ဖမ်းမိတဲ့လူတွေကို ဆုတော်ငွေချီးမြှင့်မယ် ပြောတယ်…ကြည့်

ရတာတော မြို့တော်တံတိုင်းတွေကို ဖျက်သွားတာကို မကျေနပ်လို့ ဖြစ်မယ်” လန်မုက အခုအချိန်ထိမယုံနိုင်ဖြစ်နေပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူတို့၏ မြို့တော်တံတိုင်းများကို ဖျက်ဆီးသွားသည် မဟုတ်ပါလား၊

တောင်လေမျိုးနွယ်စုသည် အခြားလူများထက် သတင်းကို စောစီးစွာ ရလာပါသည်။ သူတို့သည် တောအုပ်အပြင်ဘက်ဒေသတွင်နေထိုင်သူများဖြစ်သည်။ သူတို့သည် မြေခွေးမျိုးနွယ်စု၏ သတင်းကို ဘယ်အချိန်ကတည်းက ရလာမှန်း မသိပါ။ ငှက်များက သတင်းပို့ပေးခြင်း ဖြစ်နိုင်ပါသည်။ တောင်လေမျိုးနွယ်စုဝင်များသည် သတင်းအချက်အလက်စုဆောင်းရာတွင် ကျွမ်းကျင်လှသည်။ လန်မုကပြောသည်ဆိုလျှင် လွဲခဲလှပါသည်။

“ငါတို့က တံတိုင်းလေးတစ်ခု ဖြိုမိတာကို ၊ ဒီကောင်တွေက ငါတို့ကို တိုက်ခိုက်မယ်ပေါ့လေ” ကျန်းလော်က ဒေါသထွက်နေပါသည်။ “ဒီကောင်တွေ သက်သက်ရမယ်ရှာတာပါကွာ…သူတို့

တံတိုင်းကဖြင့် လေတိုက်ရင်လဲတော့မယ့်ပုံစံနဲ့…အဲဒါကို ငါတို့ကို အလကားအပြစ်လာတင်နေတယ်”

လန်မု၏ မျက်နှာသည်လည်း ရှုံ့မဲ့နေပါသည်။ ကျန်းလော်၏ လေတိုက်လျှင် လဲတော့မည်ဆိုသည့်စကားမှာ ဘာစကားနည်း။ “အဲဒါဘုရင့်မြို့တော်က တံတိုင်းလေ…မင်းတို့ရဲ့ နောက်ဖေးခြံစည်းရိုးမဟုတ်ဘူး…”

“ရာသီဥတုဖောက်ပြန်သွားတာ မီးတောက်ဦးချိုမျိုးနွယ်စုတွေကြောင့်လို့ ပြောတယ်…” လန်မုက ကျန်းလောကို ကြည့်လိုက်ပါသည်။ ရှောက်ရွှမ်ကို ကြည့်လိုက်သည့်အခါတွင်လည်း၊ မျက်နှာရှုံ့မဲ့နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် လန်မုက ဆက်ပြီး “ သားရဲဘုရင်ကြီးထွက်လာအောင် မီးတောက်ဦးချိုမျိုးနွယ်စုက မြှားခေါ်တာလို့လည်း ပြောနေကြတယ်…”

“အဓိပ္ပါယ်မရှိတာဗျာ” ကျန်းလော်၏ မျက်နှာကြီးသည် ဒေါသကြောင့် ညိုမဲနေ

ပါသည်။ မြေခွေးမျိုးနွယ်စုဝင်များသည် ဖြစ်ခဲ့သမျှ အရာရာအတွက် သူတို့ကို အပြစ်တင်နေခြင်းဖြစ်သည်။ “ခင်ဗျားတို့ကောယုံနိုင်လား”

“ကျုပ်တော့ မယုံပါဘူး…အဲဒီလိုပြောရတာ အကြောင်းတော့ ရှိမှာပေါ…ဒါပေမဲ့ ဒီကောင်တွေ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကို တိုက်ဖို့ ကြံနေတာတော့ အမှန်ပဲ…အဲဒါကြောင့် ကျုပ်လည်း သတင်းကြားကြားချင်းလာခဲ့ရတာ…” တောင်လေမျိုးနွယ်စုဝင်အကြီးအကဲသည်လည်း ဆားတွင်းများတွင် ရှိနေခဲ့သူ ဖြစ်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာ သူတို့ပြောသလို လုပ်ကြံသည်ဆိုပါက၊ သားရဲဘုရင်ကြီးနှင့်တွေ့စဉ်တုန်းက ရုပ်ပျက်ဆင်းပျက်ထွက်ပြေးစရာလိုပါ့မလား၊ ဒါပေမဲ့ သားရဲဘုရင်ကြီးထွက်လာတာက ခင်ဗျားတိ့နဲ့ မဆိုင်ဘူးဆိုရင်…” လန်မုက မယုံနိုင်သေးပါ။ အားလုံးမှာ ထိုစဉ်တုန်းက သားရဲဘုရင်ကြီး၏ ဟိန်းဟောက်သံကြောင့်၊ အားလုံးမှာ သတိမေ့မြောသွားခြင်း ဖြစ်ပါသည်။ အဖြစ်မှန်ကို သိသူမှာ တစ်ယောက်သာ ရှိလေသည်။

ထိုအကြောင်းများကို စဉ်းစားမိသောအခါ၊ လန်မုသည် ရှောက်ရွှမ်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ သူသည် ရှောက်ရွှမ်နှင့်အကြည့်ချင်းဆုံသွားသောအခါ၊ ရင်ထိတ်သွားပါသည်။ ထို့ကြောင့် သူသည် အကြည့်လွှဲလိုက်ပါသည်။ သူသည် ထိုလူငယ်လေးကို ရန်မစချင်ပါ။

ဘယ်လိုအရူးမျိုးက ရာသီဥတုဖောက်ပြန်ခြင်းမှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အပြစ်ဖြစ်သည်ဟု သွားစွပ်စွဲခြင်း ဖြစ်မည်နည်း။ လန်မုသည် မပြန်ခင်တွင် “မီးတောက်ဦးချိုမျိုးနွယ်စုတွေက တခြားမြေကမ္ဘာကလာတာဆိုတာ ဟုတ်လား”

ကျန်းလော်မျက်မှောင်ကြုတ်သွားသည်။ သိသာသည်မှာအရေအကြီးဆုံးအချက်မှာ သူတို့အနေနှင့် အင်အားတောင့်တင်းမှု ရှိအောင် စည်းလုံးနေရေးဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုနေရာမှ မဟုတ်ဆိုသည်မှာ မှန်ပါသည်။ သို့သော်

နှစ်၁၀၀၀လောက်ကြာသောအခါ၊ လူများက ထိုအကြောင်းများကို မေ့သွားကြသည်။ အားလုံးက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အခြားမြေကမ္ဘာမှာလာခြင်းဖြစ်သည်ဟု ထင်ထားခြင်း ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဤဘက်မြေကမ္ဘာတွင် နေထိုင်လာသည်မှာ နှစ်ပေါင်း၁၀၀၀လောက်ရှိပြီဆိုတာကို သူတို့ မသိကြပါ။

လန်မုသည် ပါးစပ်အဟောင်းသားနှင့် ခေါင်းကိုခါလိုက်ပြီး၊ သက်ပြင်းချလိုက်မိကာ ဆိုလာသည်။ “အားလုံးသတိထားကြနော်”

မဆိုင်လျှင် ဝင်မပါတတ်ခြင်းမှာ လူ့သဘာဝပင် ဖြစ်သည်။ ထိုနှစ်က မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် လူထူထပ်သောနေရာကို စွန့်လွှတ်ပြီး၊ အခုနေရာသို့ ပြောင်းလာခြင်းဖြစ်သည်။ နေရာအသစ်မှ ပတ်ဝန်းကျင်ကိုသဘောကျခြင်း ကြောင့်လည်း ဖြစ်ပြီး၊ နေရာအသစ်သို့ပြောင်းရွှေလိုက်ခြင်းဖြင့် ၎င်းတို့လူများသည် သူတို့သည် ဘယ်မှလာသလဲဆိုတာကိုမေ့သွားအောင်

ဖြစ်သည်။ ဘိုးဘေးများ၏ မှတ်တမ်းများအရဆိုလျှင် နယ်ခံများက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ပြောင်းရွှေ့လာစဉ်တုန်းက ဘာအကူအညီမှ မပေးခဲ့ကြောင်းကို မှတ်တမ်းတင်ထားပါသည်။ ထိုစဉ်တုန်းက အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည်။ အခုလည်း သမိုင်းတပတ်ပြန်လည်လာတော့မည်လား။

လန်မုထွက်ခွာသွားသောအခါ၊ ရွှင်ချန်းနှင့် သူ့လူများပြန်ရောက်လာသည်။ သူတို့ရလာသောသတင်းမှာလည်း လန်မုပြောသွားသော သတင်းနှင့် အတူတူသာ ဖြစ်သည်။ အန်းပါ့မြို့တော်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို တိုက်ခိုက်ရန် ကြေညာချက်ထုတ်ထားပြီ ဖြစ်သည်။

ရွှင်ချန်းသည်လည်း ထိုကောလဟာလများကို ကြားခဲ့ပြီဖြစ်သည်။

“ငါတို့တွေ အင်အားတောင့်တင်းတာ ငါတို့အပြစ်လား”

ရှောက်ရွှမ်သည် ထိုကောလဟာလများကို မည်သူက ယုံလဲ သေချာမသိပါ။ သို့သော် မီးလျှံသလင်းကျောက်များနှင့် ဆားများကို ဆုချမည်ဟုဆိုထားသောကြောင့်၊ လူအများစုသည် ထိုဆုများကို ရရန် ကြိုးစားချင်ကြမည်သာဖြစ်သည်။

ထိုလူများသည် မီးတောက်ဦးချိုမျိုးနွယ်စုကို ချက်ချင်းမတိုက်ခိုက်သေးဘဲ၊ တဖြည်းဖြည်းချင်းအမှည့်ချွေရန် စီစဉ်ထားပါသည်။

မြို့ကြီး၆မြို့ကလူများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို တိုက်ခိုက်ချင်သည်ဆိုပါက သူတို့အနေနှင့်ဘာမှလုပ်စရာမလိုပါ။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ရင်ဆိုင်ရခက်ခဲသော မျိုးနွယ်စုဖြစ်သည်ကို ၎င်းတို့က သိထားသည်။ထိုအချိန်တွင် သူတို့အနေနှင့် ဘုရင့်မြို့တော်မှလူများနှင့် သဘောတူလိုက်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဘုရင့်မြို့တော်သည် မျိုးနွယ်စုပေါင်းများစွာကို လက်ခံထားပြီး၊ အထောက်အပံ့များကိုလည်း ပေးထားသည့် သတင်းများကို သူတို့ကြားထားပါသည်။ အခုအချိန်သည် ထိုလူ

များအနေနှင့် သူတို့၏ ဝေစုများကို ရသင့်အချိန်ရောက်ပြီဖြစ်သည်။

တောအုပ်ထဲတွင် ရင်းမြစ်များကို အပြိုင်အဆိုင်လုယက်နေသောကြောင့်၊ မျိုးနွယ်စုဝင်များသည် အချင်းချင်းသိပ်မဆက်သွယ်မိကြပါ။ မီးတောက်ဦးချိုမျိုးနွယ်စုတွင် မိတ်ဆွေဆို၍ သူတို့ရွာနီးချင်း ထိုက်ဟယ်မျိုးနွယ်စုဝင်များသာ ရှိပါတော့သည်။ တောင်လေမျိုးနွယ်စုများသည် သူတို့ကို ကျေးဇူးဆပ်ရန်လာခြင်းဖြစ်သော်လည်း၊ တိုက်ပွဲတွင်တော့ ဝင်ပါမည် မဟုတ်ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကလည်း တိုက်ပွဲတွင် ဝင်မပါခြင်းအတွက် တောင်လေမျိုးနွယ်စုဝင်များကို အပြစ်မတင်ပါ။

“ထွက်ခွာဖို့ အချိန်ကျပြီ” နတ်ဆေးဆရာက ပြောရင်းနှင့် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်လိုက်ပါသည်။ သူမသည် တောအုပ်ထဲသို့မျှော်ကြည့်လိုက်ပြီး၊ အစီအစဉ်များကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့သာ အခုနေရာတွင် ဆက်နေမည်ဆိုပါက၊ အဓိပ္ပါယ်မရှိသော ကိစ္စများကို ဖြေရှင်းနေရဦးမည် ဖြစ်သည်။ ယခုနေရာမှ စွန့်ခွာသွားခြင်းကသာ အကောင်းဆုံးဖြစ်သည်။ ဘိုးဘေးများ၏ ညွှန်ကြားချက်သာ မှားယွင်းမှုမရှိနိုင်ပါ။

ကျန်းလော်က အရေးပေါ်အစည်းအဝေလုပ်ရန် ကြေညာလိုက်သည်။ မကြာခင်တွင် မျိုးနွယ်စုတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။

လန်မုသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်တို့၏ ရွာကိုလာလျှင်၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ ရွာသို့လည်း လာမည် ဖြစ်သည်။ ထို့ကြောင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များက ထိုအကြောင်းများကို သိနေကြခြင်းဖြစ်သည်။

အကြီးအကဲက ထင်ထားသည်မှာ ကျန်းလော်သည် အကူအညီလာတောင်းသည်ဟု ဖြစ်သည်။ အကြီးအကဲကလည်း မီးတောက်ဦးချိုမျိုးနွယ်စုသည် သူတို့၏ အိမ်နီးချင်းများဖြစ်သဖြင့် ကူညီရန် အဆင်သင့်ရှိနေပါသည်။ သို့သော် ကျန်း

လောက သူတို့ကို လာနှုတ်ဆက်ခြင်းဖြစ်မည် ဟုထင်မထားပါ။

ကျန်းလော်သည် ထိုက်ဟယ်မျိုးနွယ်စုဝင်များက ကူညီမည်ဟူသော စကားကိုကြားသောအခါ ဝမ်းမြောက်သွားပါသည်။ သူတို့သည် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဖြစ်သော အိမ်နီးချင်းများဖြစ်ကြပါသည်။ ထို့ကြောင့် ဘိုးဘေးများကလည်း ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် မိတ်ဆွေဖွဲ့ထားရန် လိုလားနေခြင်း ဖြစ်ပေလိမ့်မည်။

ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲကို ကျေးဇူးတင်စကားပြောပြီးသွားသောအခါ၊ ကျန်းလောက “ကျုပ်လာတာ ခင်ဗျားတို့ကို နှုတ်ဆက်ဖို့လာတာဗျ” ကျန်းလော်က သူ၏ မတည့်အတူနေ မိတ်ဆွေကြီးကို ကြည့်ပြီး ပြောလိုက်သည်။

“ခင်ဗျားတို့ ရွာပြောင်းတော့မှာလား” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲသည် ကိုင်ထားသော ခွက်ပင် လွတ်ကျတော့မလို ဖြစ်သွားပါသည်။

“ဘယ်လိုဖြစ်တာလဲ”

ဒီကောင်တွေ မြို့ကြီး၆မြို့ကို ကြောက်သွားတာလား…။ဒီကောင်တွေ လူသူမရှိတဲ့နေရာမှာ သွားနေကြမှာလား။

သူတို့သိသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များမှာ သွေးကြောင်သူများ မဟုတ်ကြပေ။

“ခင်ဗျားတို့ ရွာပြောင်းသွားမယ်ဆိုရင် မောက်မာတဲ့ မြို့ကြီးသားတွေက ပျော်သွားမှာပေါ့…ကျုပ်တို့တွေ ကိုယ့်မြို့ကို တည်ထောင်မယ်ဆိုရင်၊ ကျုပ်တို့လည်း မြို့ကြီးသားတွေ ဖြစ်လာနိုင်တာပဲ…ဘာလို့ သူတို့ကို ကြောက်နေရမှာလဲ…သူတို့ပြောနေတာတွေကို ဂရုစိုက်မနေပါနဲ့…အလကားအဓိပ္ပါယ်မရှိတာတွေ…တောအုပ်ထဲမှာပဲ နေမယ်ဆိုရင် ခင်ဗျားတို့ ဘာမှ မဖြစ်စေရဘူး” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲက ပျော်ရွှင်စွာ ပြောလိုက်သည်။

“တကယ်တော့ ကျုပ်တို့က အခြားမြေကမ္ဘာ

တစ်နေရာက လာတာဗျ” ကျန်းလာ်ကပြောလိုက်သည်။

“အဲဒါကို ကျုပ်သိပါတယ်…ဒါပေမဲ့ အဲဒီကိစ္စက ရွာပြောင်းမယ့်ကိစ္စနဲ့ ဘာဆိုင်လို့လဲ” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲက ထိုအကြောင်းများကို မစဉ်းစားမိပါ။ သူတို့သည် အိမ်နီးချင်းကောင်းများကို လက်မလွှတ်ချင်ဖြစ်နေပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာ မရှိတော့ပါက၊ ကုန်ဖလှယ်ခရီးများထွက်လျှင် ကုန်စည်များကို ဝိုင်းသယ်ပိုးပေးမည့်လူများ ရှိတော့မည် မဟုတ်ပါ။

“မဟုတ်ဘူး…ကျုပ်တို့က ပြန်တော့မှာ” ကျန်းလော်သည် နတ်ဆေးဆရာမက ဘာကြောင့် ယုံကြည်ချက်ခိုင်မာနေလဲ မသိသော်လည်း၊ သူ့အနေနှင့် နတ်ဆေးဆရာမကိုတော့ ယုံကြည်ပါသည်။

“ပြန်မှာဟုတ်လား…ခင်ဗျားစကားက ဘာအဓိပ္ပါယ်လဲ”

ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲသည် ကျန်းလော်ပြောသွားသည့်စကားကို နားမလည်နိုင်ဖြစ်ပြီး ကျန်ခဲ့ပါတော့သည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၈၀) သဲလွန်စ

ဘိုးဘေးများသည် သူတို့နေထိုင်ခဲ့သောနေရာကို ပိုင်ဆိုင်ရန် တိုက်ခိုက်ကျော်လွှားလာရခြင်း ဖြစ်သည်။ အိမ်များ၊လယ်ကွင်းများနှင့် ရွာရှိအရာရာတိုင်းသည် အမှတ်ရစရာကောင်းနေပါသည်။ နေရာတိုင်းသည် သူ့သမိုင်းကြောင်းနှင့် သူရှိနေလေသည်။

အားလုံးသည် အထုပ်အပိုးများပြင်ဆင်ပြီးနောက် ထွက်ခွာရမည်ကို သိသောအခါ၊ မျိုးနွယ်စုဝင်များက တုန်လှုပ်သွားကြသည်။ သို့သော် သူတို့သည် အမိန့်ကိုနာခံရမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အထုပ်အပိုးများကို စိတ်မပါလက်မပါဖြင့် ပြင်ဆင်ကြလေသည်။ နောက်မှ သတိပြန်ဝင်လာပြီး၊ သူတို့သည် ရွာမှပြောင်းမည့်အကြောင်းကို ဆွေးနွေးကြပါသည်။

မြို့ကြီး၆မြို့က ၎င်းတို့ကို အညှိုးထားနေ

ကြောင်းသိသောအခါ၊ သူတို့အားလုံးမှာ ဒေါသထွက်သွားကြပါသည်။ အချို့စစ်သည်တော်များဆိုလျှင် ထိုမြို့များကို သွားတိုက်ခိုက်မည်ဟု ကြွေးကျော်နေကြပါသည်။ သုန့်ကန်းက ထိုလူများ၏ အော်သံကို ကြားသောအခါ၊ အော်ဟစ်နေသောလူကို ကြိမ်းမောင်းလိုက်ပါသည်။

“ငါတို့ကို ကြောက်မယ်များထင်နေတာလား…အဓိပ္ပါယ်မရှိတာကွာ…ငါတို့လို မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက ဘာလို့ ကျွန်ပိုင်ရှင်တွေကို ကြောက်နေရမှာလဲ…ငါတို့ရွာပြောင်းတယ်ဆိုတာ အမိမြေကို ပြန်မှာကွ” သုန့်ကန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပါသည်။

သုန့်ကန်း၏ အော်သံကို ကြားသောအခါ အားလုံးမှာ လုပ်လက်စများရပ်သွားလေသည်။

“ပြန်မယ်ဟုတ်လား…ဘယ်ကို ပြန်မှာလဲ”

“သုန့်ကန်းက ဘာကိုဆိုလိုချင်တာလဲ”

မြေပြင်ပေါ်သို့ ကိုင်ပေါက်ခံလိုက်ရသော စစ်သည်တော်သည် အံ့ဩစွာဖြင့်၊ “ကျွန်တော်တို့ နေရာက ဒီနေရာပဲ မဟုတ်ဘူးလား…ဘယ်ကို ပြန်မှာလဲ”

“ငါတို့ဘိုးဘေးတွေ နေခဲ့တဲ့နေရာကို ပြန်မှာလေ”သုန့်ကန်းက တောင်ခြေတွင်ရှိသော လူများကို စစ်တမ်းကောက်ယူကြည့်လိုက်သည်။ မျိုးနွယ်စုတစ်ခုလုံးမှာ ပုရွက်ဆိတ်များလို လှုပ်လှုပ်ရွရွဖြစ်နေပါသည်။ အမဲလိုက်မထွက်နိုင်သေးသော စစ်သည်တော်များ ရှိနေခြင်းကြောင့်၊ သူတို့သည် အခြေအနေများကို ထိန်းချုပ်ရဦးမည် ဖြစ်ပါသည်။

မြေပြင်ပေါ်တွင် ဝပ်နေသော စစ်သည်တော်များက ထွက်ခွာသွားသော သုန့်ကန်းကို ကြည့်လိုက်ပြီး သူဘာပြောသွားသလဲဆိုတာကို စဉ်းစားနေမိသည်။

ဘိုးဘေးတွေက ဘယ်နေရာကလာတာလဲ။

သူတို့တွေက…။ ရှောက်ရွှမ်သည် ဘိုးဘေးများနေထိုင်သောနေရာမှ လာခြင်းသာ ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုမူလ မြစ်ဖျားခံခဲ့ရာနေရာသို့ ပြန်ကြာမှာလား။

ရွှင်ချန်းတို့အဖွဲ့သည် ပင်လယ်ရေများ အေးခဲခြင်း မရှိသောကြောင့်၊ စိတ်ပျက်နေကြပါသည်။ သူတို့သည် မြို့ကြီး၆မြို့က သူတို့မျိုးနွယ်စုကို တိုက်ခိုက်မည်ဟု သတင်းရသောအခါ၊ သူတို့အားလုံးသည် တိုက်ခိုက်ရန်တာစူနေကြခြင်းဖြစ်သည်။ အခုတော့ မမျှော်လင့်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များတွင် ရောဂါတစ်ခု ဖြစ်နေပါသည်။ ရွှင်ချန်း၏ မိဘများက ထိုအကြောင်းများကို ဟိုးအရင်တုန်းက ပြောခဲ့ဖူးသည်။ ထိုစကားများကို အပြင်လူများကသာ ပြောခဲ့မည်ဆိုပါက သူသည် “မဟုတ်ဘူး…ရောဂါဖြစ်နေတာ ခင်ဗျားတို့”ဟုသာ ပြန်ပြောဖြစ်မည်

ဖြစ်သည်။

သို့သော် ရောဂါဖြစ်နေသည်ဆိုခြင်းမှာ အမှန်ပင် ဖြစ်သည်။ ရွှင်ချန်းက ထိုလူများကို အော်ဟစ်ရင်း၊ ဘယ်အချိန်များပြန်ကောင်းလာမလဲဟု မျှော်လင့်နေပါသည်။

အခုတော့ အခွင့်အရေးပေါ်လာပြီဖြစ်သည်။ နတ်ဆေးဆရာမ၏ အစီအစဉ်အပြည့်အစုံကို မသိသေးသော်လည်း၊ အကြီးအကဲနှင့် နတ်ဆေးဆရာမတို့က စီစဉ်သည်ဆိုတာကို သိသောကြောင့်၊ သူတို့သည် အမိန့်ကို နာခံရမည်သာ ဖြစ်သည်။

“ဘဲခြံတွေကို ဘယ်လိုလုပ်ကြမလဲ” ဘဲခြံစောင့်သူက ဘဲများကို ဒီအတိုင်းမထားခဲ့ချင်သောကြောင့် ရှောက်ရွှမ်ကို သွားမေးပါသည်။

“ဒီအတိုင်းပဲ ထားထားလိုက်…သူတို့ဟာသူတို့ ထွက်ချင်ထွက်သွားလိမ့်မယ်” ထိုဘဲများမှာ သာမန်ဘဲများသာ ဖြစ်ကြသည်။ သူတို့ကတော့

ထိုဘဲများကို သတ်စားမည့်အစား၊ တောထဲမှ ကြောက်မက်ဖွယ်သားရဲများကို အမဲလိုက်မည် ဖြစ်သည်။ ဘဲများကို သူတို့နှင့် အတူခေါ်လာမည်ဆိုပါက၊ အဆင်ပြေမည် မဟုတ်ပေ။ ဘဲများသည် တာဝန်ကျေပွန်စွာ ဥများဥပေးခဲ့ပြီ ဖြစ်ပါသည်။

“ဒီနေ့တော့ ဘဲဥတွေ သိပ်မရှိဘူး…ဒီဘဲတွေကို ငါတို့ဘယ်လိုလုပ်ရင် ကောင်းမလဲ”

“ချက်ပြီးသယ်လာခဲ့လိုက်ကွာ…”

“ဘဲဝတုတ်ကိုကော…”

ရှောက်ရွှမ်သည် ဘဲပေါက်လေးများနှင့် ပျော်ရွှင်နေသော ဘဲဝတုတ်ကို ကြည့်လိုက်မိပါသည်။ ရှောက်ရွှမ်သည် ဘဲများနောက်တသုတ်ပေါက်သည်ကို ကြည့်ခွင့်ရတော့မည် မဟုတ်ပေ။ ဘဲဝတုတ်သည် သူတို့မျိုးနွယ်စုအတွက် ဥများဥပေးခဲ့သောကြောင့်၊ သူသည် ဘဲဝတုတ်ကို မသတ်ပေ။

“ဒီအတိုင်းပဲထားခဲ့လိုက်”

ကြေးဒယ်အိုးကြီးကို အရည်ကျိုလိုက်ပြီး အခြားအိုးခွက်ပန်းကန်များပြုလုပ်ကာ၊ ရွာသူရွာသားများကို ခွဲဝေပေးလိုက်ပြီဖြစ်သည်။ ထိုပစ္စည်းများကို မထားခဲ့ရက်သဖြင့်၊ သူတို့နှင့် အတူယူဆောင်လာပါသည်။ဆားကြမ်းများကိုတော့ ဆားချောများအဖြစ်ချက်လုပ်ပြီး၊ တပါတည်းသယ်ဆောင်လာပါသည်။ ထို့ပြင် နတ်ဆေးဆရာမသည် ကျန်သောဆားမျးကို စောင့်ရှောက်ရန် လူများစေလွှတ်ခဲ့သည်။

ရှောက်ရွှမ်သည် ရွာပြောင်းရွှေ့ခြင်းကို တခါကြုံဖူးခဲ့ပြီဖြစ်သည်။ အခုတစ်ခေါက်မှာ သူ့အတွက် ဒုတိယအကြိမ်ဖြစ်သည်။ သို့သော် အခုတစ်ခေါက်ကတော့ အရင်တစ်ခေါက်နှင့် မတူတော့။ အခုတခေါက်တွင်တော့ ရန်သူများက စောင့်ကြည့်နေတော့မည် ဖြစ်သည်။ ထို့ကြောင့် လမ်းခရီးသည် အရာရာ အဆင်ပြေချောမွေ့သော လမ်းခရီးဖြစ်လာမည် မဟုတ်ပေ။

ရှောက်ရွှမ်နှင့် ကျန်းလော်တို့သည် သွားမည့်လမ်းကြောင်းကို တိုင်ပင်နေကြသည်။ သူတို့သည် ရွှင်ချန်းသွားခဲ့သော လမ်းအတိုင်း ဆက်မသွားချင်ပါ။ ထိုလမ်းအတိုင်းသွားပါက ချောင်းမြောင်းတိုက်ခိုက်ခံရနိုင်ခြေရှိသည်။ သူတို့ရွေးချယ်ထားသော လမ်းကြောင်းသည် မြို့တော်များကို ဖြတ်သန်းသွားရမည် ဖြစ်သဖြင့်၊ ရိက္ခာအတွက် စိတ်ပူစရာမလိုတော့ပေ။ ရှောက်ရွှမ်ရွေးချယ်ထားသောလမ်းသည် ဘေးကင်းသောလမ်းဖြစ်သည်။ ထိုလမ်းအတိုင်းသွားလျှင် လူသူထူထပ်သောနေရာများကို ဖြတ်ကျော်ရန် လိုတော့မည် မဟုတ်ပါ။ တောအုပ်ကို ဖြတ်သန်းရမည်မှာ အန္တရာယ်များသော်လည်း၊ ထိုလမ်းကြောင်းမှာ အတိုဆုံးလမ်းကြောင်းသာ ဖြစ်သည်။ သူတို့အဖွဲ့သည် လူအင်အားတောင့်တင်းသဖြင့်၊ သားရဲကြီးများကို တိုက်ခိုက်နှိမ်နင်းနိုင်ပါသည်။

“ဒီလမ်းကြောင်းအတိုင်းသွားမယ်” ကျန်းလော်က ရှောက်ရွှမ်ဆွဲပြသော မြေပုံကို လက်ညှိုးထိုးပြလိုက်သည်။ “အခြေအနေတွေကို အကဲခတ်ဖို့

ကင်းထောက်အဖွဲ့ကို လွှတ်လိုက်…ပြီးရင် သွားမယ့်လမ်းကို ကြိုရှင်းထားလိုက်”

ထိုနေ့ညက မျိုးနွယ်စုတစ်ခုလုံး ကောင်းကောင်းအိပ်မပျော်ကြပါ။ ရှောက်ရွှမ်ကတော့ အိပ်မက်ပင် မက်နေပါသည်။ သူသည် မျိုးနွယ်စု၏ ပထမဆုံးနတ်ဆေးဆရာအကြောင်းကို အိပ်မက်နေခြင်းဖြစ်သည်။ ထိုနတ်ဆေးဆရာ၏ မျက်နှာကိုမမြင်လိုက်ရသော်လည်း၊ ရှောက်ရွှမ်စိတ်ထဲတွင် ထိုသူကို ရင်းနှီးနေပါသည်။ ထိုလူမှာ နတ်ဆေးဆရာများထဲတွင် အစွမ်းအထက်ဆုံးနတ်ဆေးဆရာ ဖြစ်ပါသည်။ အရိုးလေး၆ချောင်း၏ မူလပိုင်ရှင်လည်း ဖြစ်သည်။

သူ့အိပ်မက်ထဲတွင် နတ်ဆေးဆရာက ရှည်လျားလှသော စင်္ကြံလမ်းပေါ်တွင် လမ်းလျှောက်နေသည်။

ထိုလျှောက်လမ်းမှာ ရှောက်ရွှမ်ရင်းနှီးပြီးသား လမ်းဖြစ်ပါသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေပြီး၊ ရေစီးသံများကို ကြားနေရသည်။

သူ့နားတွင် တဖြည်းဖြည်းချင်းရွေ့လျားနေသော အရိပ်မည်းကြီးတစ်ခု ဖြတ်သန်းသွားပါသည်။ ထိုအရိပ်ကြီးမှာ သမုဒ္ဒရာတစ်ဖက်ကမ်းတွင် နေသော ဧရာမသားရဲကြီးတစ်ကောင် ဖြစ်ပါသည်။

ရှောက်ရွှမ်၏မျက်လုံးများ ပွင့်လာသည်။ သူသည် အိပ်ချင်မူးတူးဖြစ်နေသော်လည်း၊ အိပ်မက်ထဲတွင် မြင်ခဲ့သည်အရာများကို မှတ်မိနေသည်။

မနက်လင်းလာသောအခါ ကောင်းကင်ကြီးက ကြည်လင်နေပါသလို နေရောင်ခြည်အလင်းတန်းများက ပြတင်းပေါက်မှ တဆင့်ဝင်လာသည်။ အရောင်မှိန်မှိန် အရိပ်များမှလွဲပြီး၊ သူသည် ကျန်သည့်အရာများအားလုံးကို မှတ်မိနေပါသည်။

ရှောက်ရွှမ်သည် အိပ်ရာမှ ထပြီး ကိုယ်လက်

သန့်စင်လိုက်သည်။ မျက်နှာသစ်၊ မနက်စာစားပြီးသွားသောအခါ၊ သူသည် နတ်ဆေးဆရာမဆီသို့ သွားပါသည်။

မနက်ခင်းအစောကြီးဖြစ်နေသော်လည်း၊ နတ်ဆေးဆရာမက အိမ်ထဲတွင် မရှိပါ။ သူမသည် အိမ်ပြင်ထွက်ပြီး မီးဖိုကြီးနားတွင် ရပ်နေသည်။

သူမသည် တစ်ညလုံးအိပ်၍ မပျော်သဖြင့် မီးဖိုကြီးနားတွင်သာ မတ်တပ်ရပ်နေပါသည်။ သူမကို ကြည့်ရသည်မှာ တည်ငြိမ်ဟန်ရှိသော်လည်း၊ မျက်ကွင်းများကတော့ ညိုနေပါသည်။ မျက်လုံးများမှာလည်း နီရဲနေလေသည်။

စိတ်ထဲတွင်တော့ ပြင်ပဟန်ပန်လို တည်ငြိမ်မှု ရှိချင်မှရှိမည် ဖြစ်သည်။မျိုးနွယ်စုတစ်ခုလုံးကို ပြောင်းရွှေ့ရမည့် ကိစ္စမှာ လွယ်ကူသော ကိစ္စမဟုတ်ပါ။ သူမနှင့် အကြီးအကဲတို့သည် ကြီးမားသောဖိအားများကို ရင်ဆိုင်နေရပါသည်။

သူမသည် ရှောက်ရွှမ်ကို မြင်သောအခါ၊ “ဘာ

လို့ အလျင်စလိုဖြစ်နေတာလဲ” ဟုမေးလိုက်သည်။

“ကျွန်တော်နားမလည်တာတစ်ခုရှိလို့ပါ”

ရှောက်ရွှမ်က သူ့အိပ်မက်အကြောင်းကို ပြောပြလိုက်သည်။ ထိုအိပ်မက်မှာ ဘိုးဘေးများက သတိပေးခြင်းလား၊ သူပဲအတွေးလွန်နေခြင်းလား ရှောက်ရွှမ်မသိတော့ပါ။

ရှောက်ရွှမ်၏စကားများကို နားထောင်ပြီးသောအခါ၊ နတ်ဆေးဆရာမ၏ မျက်လုံးများမှာ အရောင်လက်သွားပါသည်။ ထို့နောက် မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

“အဲဒါငါတို့သွားရမယ့်လမ်းပဲ…ဘိုးဘေးတွေက ငါတို့ကို လမ်းပြလိုက်တာဗျ… ငါတို့ပြောင်းမယ့်နေရာကို ရောက်ရင် အားလုံးက မင်းအိပ်မက်ထဲကအတိုင်းဖြစ်နေလိမ့်မယ်…သွားရမယ့်လမ်းကြောင်းလည်း ပေါ်လာလိမ့်မယ်” နတ်ဆေးဆရာမက ယုံကြည်စွာဖြင့် ပြောလိုက်သည်။

သူမသည် ဘိုးဘေးများက လိမ်ညာမည် မဟုတ်ကြောင်းကို သိထားပါသည်။

“ဒါပေမဲ့…”

“စိတ်မပူပါနဲ့…အဲဒါဘိုးဘေးတွေပေးလိုက်တဲ့ သဲလွန်စပါ”

“ဒါပေမဲ့…”

ရှောက်ရွှမ်စကားမဆုံးမီ၊ နတ်ဆေးဆရာမက “မင်းအနေနဲ့ ဘိုးဘေးတွေကို ယုံကြည်ရမယ်”

“ယုံပါတယ်” ရှောက်ရွှမ်က မဝံ့မရဲနှင့် ပြောလိုက်သည်။

“အဲဒါဆိုလည်း ပြီးတာပဲ…ငါတို့လုပ်စရာရှိတာက မျိုးနွယ်စုတစ်ခုလုံးကို အဲဒီနေရာကို ရောက်အောင်ပို့ဖို့ပဲ”

ရှောက်ရွှမ်နှင့်တွေ့ဆုံပြီးသောအခါ၊ နတ်

ဆေးဆရာမသည် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပါသည်။ ထို့နောက် သူမသည် ကျန်းလော်နှင့်သွားတွေ့ပါသည်။ ကျန်းလော်သည်လည်း အိပ်ရေးမဝသေးသောကြောင့်၊ စိတ်များဖိစီးနေပါသည်။ မနက်စောစောသာရှိသေးသော်လည်း၊ ကျန်းလောသည် လက်အောက်ငယ်သားတစ်ယောက်ကို ဆူပူနေပါသည်။

နတ်ဆေးဆရာမက အလျင်စလို ထွက်သွားသောအခါ၊ ရှောက်ရွှမ်က ခေါင်းကုတ်လိုက်ပါသည်။ ရှောက်ရွှမ်ကတော့ သူတို့ပြောင်းရွှေ့မည့်နေရာအသစ်မှာ အိပ်မက်ထဲကအတိုင်း ဖြစ်မည်မဟုတ်ဟုသာ ထင်ထားခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ရေစီးသံများကို ကြားပြီး၊ ကြီးမားသော အရိပ်မည်းကြီးများကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ သူသည် ထိုအရာများကို အပြင်တွင် မမြင်ဖူးပါ။

နောက်၂ရက်ကြာသောအခါ၊ မျိုးနွယ်စုတစ်ခုလုံးသည် အဆင်သင့် ဖြစ်နေပါသည်။

ကင်းထောက်များလည်း ပြန်ရောက်လာပြီ ဖြစ်သည်။ သူတို့အဖွဲ့သည် သွားရမည့်လမ်းကို ရှင်းလင်းလာခဲ့ပြီဖြစ်သည်။

တောင်ပေါ်တွင်တော့ မီးဖိုကြီးက ရှိနေဆဲဖြစ်သော်လည်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များတော့ မရှိတော့ပါ။ မီးဖိုကြီးမှာ အခုဆိုလျှင် အသုံးမဝင်တော့ပါ။

အိမ်များရှိနေသေးသော်လည်း၊ လူသူတစ်ယောက်မှမရှိတော့သလို၊ အရာအားလုံးမှာ တိတ်ဆိတ်ခြောက်ကပ်နေပါသည်။

လယ်ကွင်းများထဲတွင်လည်း၊ ပေါင်းပင်များ ပေါက်နေပြီဖြစ်သည်။ ကောက်ပဲသီးနှံများ စိုက်ပျိုးရန် ပြင်ဆင်နေသော လယ်သမားများသည် လက်လျှော့သွားပြီး၊ သူတို့မျိုးစေ့ကို ပြန်သိမ်းထားလိုက်ပါသည်။

လူများတူးဖော်ထားသော မြစ်ထဲတွင်တော့၊ အရောင်အသွေးစုံလင်သော ဘဲများက ပျော်ရွှင်

စွာ ကူးခတ်နေပါသည်။ ရေများကလည်း နွေးထွေးနေသည်။

“အဲဒါတွေကို ထိုက်ဟယ်မျိုးနွယ်စုတွေအတွက် တကယ်ထားခဲ့တော့မလို့လား” သုန့်ကန်းက ထိုဘဲလေးများကို မထားခဲ့ချင်ပေ။ ရွာမှ ထွက်ခွာသွားလျှင် ဘဲပေါက်လေးများမှာ ပိုင်ရှင်မဲ့ဖြစ်သွားတော့မည် ဖြစ်သည်။ သူတို့သည် တခြားလူများကို မပေးချင်သဖြင့်၊ ထိုနေရာကို ထိုက်ဟယ်မျိုးနွယ်စုဝင်များကို ပေးခဲ့ပါသည်။

“ဒီကောင်တွေကို ဘဲတွေက အကျိုးပြုမှာပါ”

“အားလုံးကို သတ်မစားလောက်ဘူးလို့ပဲ မျှော်လင့်ရတာပဲ” ဘဲခြံနားတွင် နေသူတစ်ယောက်က ပြောလိုက်ပါသည်။

“ကျန်တဲ့ဟာတွေ ငါစိတ်မဝင်စားဘူး...ဒါပေမဲ့ ဘဲဝတုတ်ကိုတော့ လွမ်းနေတော့မှာပဲကွာ” ဘဲခြံစောင့်က ပြောလိုက်ပါသည်။

ရွာသားများသည် တန်းစီပြီးထွက်ခွာသွားကြသည်။ ဘဲများက ရွာမှထွက်ခွာသွားသူများကို ကြည့်နေသော်လည်း၊ နောက်မှ လိုက်မသွားကြပါ။ နောက်ဆုံးလူတစ်ယောက်က တံတားကို ဖြတ်ကျော်သွားပြီးသောအခါ၊ဘဲများမှာ ရေထဲတွင် ဆက်လက်ကူးခတ်နေပါတော့သည်။

ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ ရွာနားမှ ဖြတ်ကျော်သောအခါ၊သူတို့ကို စောင့်နေသော လူတစ်စုကို တွေ့လိုက်ရပါသည်။ ထိုသူများမှာ မုဆိုးများဖြစ်ကြပါသည်…အားလုံးက ထိုသူများကို သိကြပါသည်။ထိုလူများမှာ ထောင်ချီရွှေကောက်ပဲသီးနှံများကို စိုက်ပျိုးခဲ့တုန်းက ရွာတွင်နေသွားသော ချွမ်းပိုင်တို့အဖွဲ့ဖြစ်သည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို လာနှုတ်ဆက်ခြင်းဖြစ်သည်။

ယခုတခေါက်သည် သူတို့မျိုးနွယ်စု၂ခု နောက်ဆုံးတွေ့ဆုံခြင်းဖြစ်သည်။ နောက်ဆိုလျှင်တော့ သူတို့အချင်းချင်း လွမ်းနေမိကြတော့ပေလိမ့်မည်။

“ရော့…ဒါတွေယူသွားလိုက်” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲက အဝတ်အိတ်ကြီး၂လုံးကို ပေးလိုက်သည်။ ထိုအိတ်များထဲတွင် ဆေးမြစ်များအပြည့်ထည့်ထားသည်။ ထိုဆေးမြစ်များကို ရရှိရန် ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် ၂ရက်အတွင်း ကမန်းကတမ်းတူးထားရခြင်းဖြစ်သည်။

“ကျေးဇူးပဲကွာ…အစစအရာရာ အဆင်ပြေပါစေ” ကျန်းလောက ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲ၏ ပုခုံးကို ပုတ်လိုက်ပြီး နှုတ်ဆက်လိုက်ပါသည်။

“ အေးပါ…နောက်ပြီးတော့ ဟိုအစိမ်းရောင်ဘဲလေးတွေကို အကုန်မစားပစ်နဲ့နော်…ဒီကောင်တွေကို မွေးထားရင် မင်းတို့အတွက် အကျိုးရှိလိမ့်မယ်… အဲဒီအကြောင်းတွေကို ရှောက်ရွှမ်က မင်းတို့ကို ပြောပြထားမှာပါ” ကျန်းလော်က ပြောလိုက်သည်။

“ငါနားလည်ပါတယ်…စိတ်မပူပါနဲ့” ထိုက်ဟယ်

မျိုးနွယ်စုအကြီးအကဲက ပြန်ပြောသည်။

သူတို့သည် အချိန်အတော်ကြာအောင် နှုတ်ဆက်နေကြပါသည်။

၂ဖက်လုံးသည် ခင်မင်သူအချင်းချင်း နှုတ်ဆက်စကားများပြောနေကြသည်။

အဖိုးအို၂ယောက်ဆိုလျှင် အချင်းချင်းဖက်ပြီး ငိုနေကြပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ထိုက်ဟယ်မျိုးနွယ်စုမှ လူများအချင်းချင်း လက်ထပ်မှုများရှိခဲ့ပါသည်။

ထိုအဖိုးအိုများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် အတူထွက်ခွာချင်သော်လည်း၊ သူတို့မှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည်။ သူတို့လိုက်ပါလာလျှင် အားလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည် ဖြစ်သည်။

နတ်ဆေးဆရာမက အဖွားအိုများ၏ ဦးခေါင်းများကို ငြင်သာစွာပုတ်ပေးလိုက်ပြီး “ဒီမှာပဲ နေခဲ့

ကြနော်”

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ရာစုနှစ်ပေါင်းများစွာနေထိုင်လာခဲ့သော နေရာကို စွန့်ခွာရတော့မည် ဖြစ်သည်။

ကျန်းလော်သည် နောက်ပြန်လှည့်ပြီး တောင်ကုန်းပေါ်သို့ မျှော်ကြည့်လိုက်ပါသည်။ သစ်ပင်များက ကွယ်နေသောကြောင့် တောင်ကုန်းကို မမြင်ရပေ…သူသည်နောက် ပြန်လှည့်လိုက်ပြီး၊ ရှေ့သို့သာဆက်သွားရန် ဆုံးဖြတ်လိုက်ပါသည်။

သူတို့၏ ဘိုးဘေးများ၏အဆိုအရတော့ မီးတောက်ဦးချိုမျိုးနွယ်စုသည် တစ်နေ့တွင် အမိမြေသို့ ပြန်ရောက်ရမည် ဖြစ်သည်။ ထိုအိပ်မက်များ အမှန်တကယ်ဖြစ်ပေါ်လာသည်ကို မြင်တွေ့ရ၊မရကိုတော့ ဆက်လက်ပြီးစောင့်ကြည့်ရပေဦးမည်။

(ဆက်ရန်…)

All Chapters