← Chapters

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အခန်း (၁၀၉) - အောင်ပွဲခံ ပြန်လာခြင်း.. ထိုအရူးများ နောက်ဆုံးတော့ ထွက်သွားကြပြီ

~ညဉ့်နက်သန်းခေါင်ယံ အချိန်။ ဒုစရိုက်မြို့တော်၏ မှောင်မည်းလှသော လမ်းကြားတစ်ခု အတွင်းဝယ်။

တိုက်ပွဲသည် မျှော်လင့်ထားသည်ထက်ပင် ပိုမို လျင်မြန်စွာ ပြီးဆုံးသွားခဲ့၏။ အနက်ရောင်ကျားဂိုဏ်းမှ လူမိုက် (၂၀) ကျော်နှင့်အတူ သခင်လေး ကျောက်ထျန်းပါးနှင့် သူ၏ အစေခံအိုကြီးတို့မှာ မြေပြင်ပေါ်တွင် သပ်ရပ်စွာ စီတန်း လဲလျောင်းနေကြ၏။ သူတို့၏ တန်ဖိုးရှိသမျှ အရာအားလုံးမှာ လုယက်ခြင်း ခံလိုက်ရပြီ ဖြစ်ရာ... အတွင်းခံ ဘောင်းဘီလေးများဖြင့်သာ ချမ်းစိမ့်လှသော ညလေအောက်တွင် တုန်တုန်ရင်ရင် ဖြစ်နေကြရရှာသည်။

“ဂိုဏ်းချုပ်... ဒီကောင်လေးက မေ့လဲနေတယ်ဗျ။ ဘယ်လို ဆက်လုပ်ရမလဲ ခင်ဗျာ”

ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) သည် သေနေသော ဝက်တစ်ကောင်ပမာ ပုံလျက်သား ဖြစ်နေသည့် ကျောက်ထျန်းပါးကို ခြေထောက်ဖြင့် တို့ကြည့်ရင်း ရွံရှာဖွယ် အမူအရာဖြင့် မေးလိုက်၏။

“ဒီလောက် စိတ်ဓာတ် ပျော့ညံ့တာများ ဒုစရိုက်လောကထဲ လာဝင်သေးတယ်နော်။ တော်တော် ညံ့တဲ့ကောင်ပဲ”

ကျန်းချန်က ကျောက်ထျန်းပါးကို တစ်ချက် ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် တွက်ချက်မှုများ ရှိနေပေသည်။ ကလေးကို ရိုက်လျှင် လူကြီး လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ကျောက်ထျန်းပါး၏ ဖခင် မြို့စားမင်းကြီးမှာ ယခုအချိန်ထိ ပေါ်မလာသေးသော်လည်း သတင်းစကားကိုတော့ သေချာပေါက် ရရှိပြီးလောက်ပြီ ဖြစ်သည်။

“သူ့ကို နှိုးလိုက်ကြစမ်း” ကျန်းချန်က တည်ငြိမ်စွာပင် ဆိုလိုက်၏။

ကျောက်ကပ်ကြော် က ချက်ချင်းပင် သဘောပေါက်သွားပြီးနောက်... သူ၏ ဝိညာဉ်သိုလှောင်အိတ်ထဲမှ ကိုယ်တိုင် ဖော်စပ်ထားသော "အစွမ်းထက် အားအင်ဆေး" (ကုန်ကြမ်းများကတော့ မသန့်စင်လှသော်လည်း နွားတစ်ကောင်ကိုပင် ထခုန်စေနိုင်သည်ဟု သတင်းကြီးသည်) ပုလင်းကို ထုတ်ယူလိုက်သည်။ သူသည် အဖုံးကို ဖွင့်လိုက်ပြီး ကျောက်ထျန်းပါး၏ နှာခေါင်းရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။

“ဟတ်... ချိုးးးး...”

ကျောက်ထျန်းပါး တစ်ယောက် နှာချေလိုက်ရင်း ဆတ်ခနဲ နိုးလာခဲ့၏။ မျက်ရည်၊ နှာရည်များလည်း တရွှဲရွှဲ စီးကျနေ၏။ သူသည် မိမိ၏ အခြေအနေကို သဘောပေါက်လိုက်သောအခါ... အထူးသဖြင့် ပန်းပြောက်ပါသော ဘောင်းဘီတိုလေး တစ်ထည်တည်းဖြင့် အရှက်ရဖွယ် ဖြစ်နေပုံကို မြင်လိုက်ရသောအခါ ဒေါသနှင့် အရှက်ကြောင့် တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ သူက ကျန်းချန်ကို လက်ညှိုးထိုးပြရင်း အသံများ တုန်ယင်ကာ အော်ဟစ်လိုက်လေ၏။

“မင်း... မင်းတို့ တကယ် လုပ်ရဲတယ်ပေါ့... ငါ့အဖေက မြို့စားမင်းကြီးကွ။ သူက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”

“အော်... အဲ့ဒီလိုလား”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်လှသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူသည် ဖြည်းညှင်းစွာ ဆောင့်ကြောင့်ထိုင်လိုက်ရင်း ကျောက်ထျန်းပါး၏ ထိတ်လန့်နေသော မျက်ဝန်းများကို စိုက်ကြည့်လိုက်၏။ သူ၏ အသံမှာ ရေခဲပမာ အေးစက်နေ၏။

“သခင်လေးကျောက်... တစ်ခုတော့ မှားနေပြီထင်တယ်”

“မေးခွန်းက မင်းအဖေက ကျုပ်တို့ကို အလွတ်ပေးမလား ဆိုတာ မဟုတ်ဘူး...”

ကျန်းချန်က လက်ကို ဆန့်ထုတ်လိုက်ပြီး ကျောက်ထျန်းပါး၏ ဖြူနုနေသော ပါးကို ညင်သာစွာ ပုတ်လိုက်၏။ လက်တစ်ချက် ပုတ်လိုက်တိုင်း ကျောက်ထျန်းပါးမှာ သိမ့်ခနဲ တုန်သွားရရှာသည်။

“မေးခွန်းက... ငါကော မင်းအဖေကို အသက်ချမ်းသာ ပေးမလား ဆိုတာပဲ”

ထိုသို့ပြောပြီးနောက် ကျန်းချန်က မတ်တတ်ရပ်လိုက်ပြီး အနောက်မှ တပည့်များကို လက်ယပ်ခေါ်လိုက်၏။

“ညီအစ်ကိုတို့... သွားကြစို့။ အခု မပြန်ရင် ထမင်းဝိုင်း နောက်ကျသွားလိမ့်မယ်”

“အမိန့်တော် အတိုင်းပါ ဂိုဏ်းချုပ်”

ကစားသမား (၂၀) လုံးက တညီတညွတ်တည်း ဖြေကြားလိုက်ကြပြီးနောက်... ကျောက်ထျန်းပါး တစ်ဘဝလုံး မေ့နိုင်တော့မည် မဟုတ်သော အလုပ်တစ်ခုကို လုပ်ဆောင်လိုက်ကြလေတော့သည်။

မထွက်ခွာမီမှာ သူတို့တစ်ဦးချင်းစီက ရှေ့သို့ တိုးလာကြပြီး... ဘယ်သူ ယူလာမှန်းမသိသော မှင်တံများဖြင့် ကျောက်ထျန်းပါး၏ ဗလာကျင်းနေသော ဗိုက်သားပေါ်တွင် ကောက်ကောက်ကွေးကွေး စာလုံးများကို ရေးခြစ်လိုက်ကြ၏။

(ကွေ့ယွမ်ဂိုဏ်း စတုတ္ထကပ်ဘေး ဒီနေရာကို ရောက်ခဲ့တယ်..)

(လက်စားချေချင်ရင် ချန်ဝူ တောင်တန်းက ဖက်တီးဆီ လာခဲ့လေ..)

စာရေးပြီးနောက် လူအုပ်ကြီးမှာ တဟားဟား ရယ်ရင်း ထွက်ခွာသွားကြတော့သည်။ ကျောက်ထျန်းပါး တစ်ယောက်တည်း အေးစက်လှသော မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့ကာ... သူ၏ ဗိုက်ပေါ်မှ စာလုံးများကို ငုံ့ကြည့်ရင်း အရှက်ရလွန်းသဖြင့် နောက်တစ်ကြိမ် မျက်ရည်များ စီးကျလာရပြန်လေတော့သည်။

---

တစ်နာရီ ကြာပြီးနောက်။ ဒုစရိုက်မြို့တော်၏ မြောက်ဘက်တံခါးဝ။

ကျန်းချန်သည် သူ၏ အဖွဲ့ကို ဦးဆောင်ကာ မြို့တံခါးဆီသို့ ခန့်ညားစွာ လျှောက်လှမ်းလာခဲ့၏။ ယခုအချိန်တွင် မြို့တံခါးဝ၌ လူအုပ်ကြီးမှာ စုရုံးနေကြပြီး လေထုမှာလည်း အတော်လေး တင်းမာနေ၏။

မြို့စားမင်း အိမ်တော်မှ သံမဏိကင်းတပ်သားများသည် တောက်ပြောင်သော ချပ်ဝတ်များကို ဝတ်ဆင်ကာ မြို့တံခါးကို ပိတ်ဆို့ထားကြသည်။ မြို့ပြင်သို့ ထွက်ခွာမည့်သူတိုင်းကို စေ့စေ့စပ်စပ် စစ်ဆေးနေကြ၏။

အဖွဲ့ကို ဦးဆောင်နေသူမှာ ခက်ထန်သော မျက်နှာထားနှင့် နက်နဲသော အရှိန်အဝါရှိသည့် အလယ်အလတ်အရွယ် စစ်ဗိုလ်ချုပ်ကြီး တစ်ဦး။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် အလယ်အလတ် အထိ ရောက်ရှိထားသူ ဖြစ်ပေသည်။ သူ၏ အေးစက်လှသော အကြည့်များသည် တစ်စုံတစ်ဦးကို ရှာဖွေနေသကဲ့သို့ လူအုပ်ပေါ်တွင် ဝေ့ဝဲနေ၏။

“ဒါ မြို့စားမင်းရဲ့ သံမဏိ ကင်းတပ်ပဲ”

“ကြားတာတော့ သခင်လေး ကျောက်ထျန်းပါး အနိုင်ကျင့်ခံလိုက်ရတာတဲ့။ အတွင်းခံ ဘောင်းဘီတိုလေးပဲ ကျန်တော့တာဆိုလား။ မြို့စားမင်းကြီးက ဒေါသထွက်ပြီး တစ်မြို့လုံးကို ပိတ်ပြီး လူဖမ်းခိုင်းနေတာလေ”

“ရှူး... ဘယ်သူကများ ကျောက်ထျန်းပါးကို ထိရဲတာလဲ။ သတ္တိကတော့ ပြောင်လှချေရဲ့”

ဘေးပတ်ဝန်းကျင်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူများသည် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြရင်း... သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသော သံမဏိကင်းတပ်သားများကို ကြည့်ကာ ကြောက်လန့်နေကြ၏။

သို့သော်လည်း ကျန်းချန်နှင့် အဖွဲ့မှာမူ ဘာမှမဖြစ်သကဲ့သို့ မြို့တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ကြ၏။

“ရပ်စမ်း”

ဗိုလ်ချုပ်ကြီးက သူတို့ကို တားဆီးလိုက်၏။ သူ၏ အကြည့်များသည် ဓားတစ်စင်းပမာ လူအုပ်ကို ဖြတ်သန်းကြည့်ရှုလိုက်ပြီးနောက်... ဝမ်သဲ့ဖာ၏ ထူးခြားလှသော ခေါင်းပေါင်းနက်ကြီးပေါ်တွင် ရပ်တန့်သွားကာ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။

“မင်းတို့ ဘာလုပ်နေတာလဲ။ ဝိညာဉ်သိုလှောင်အိတ်ကို ဖွင့်ပြီး အစစ်ခံစမ်း”

“ခင်ဗျားအဖေကိုပဲ သွားစစ်ခိုင်းလိုက်ပါလား”

ဝမ်သဲ့ဖာက လုံးဝ သည်းမခံပေ။ သူသည် တံခါးရွက်အရွယ်ရှိသော ဧရာမ ဒိုင်းကာကြီးကို မြေကြီးပေါ်သို့ "ဒုန်း" ခနဲ မြည်အောင် ဆောင့်ချလိုက်သည်။ ထို့နောက် သူ၏ ခေါင်းဆောင်းကြီးကို ချွတ်လိုက်ကာ... အဆီများဖြင့် ပြည့်နှက်နေသော သူ၏ ဝဖြိုးသည့် မျက်နှာကို ဖော်ထုတ်လျက် မောက်မာစွာ အော်ဟစ်လိုက်လေတော့သည်။

“ခင်ဗျား မျက်စိကန်းနေတာလား။ ဒီဝတ်စုံကို ခင်ဗျားတို့ မြို့ထဲမှာပဲ ခုနက ဝယ်လာတာ မမြင်ဘူးလား”

“ဘာလဲ... ခင်ဗျားတို့ မှောင်ခိုဈေးကွက်က ဝင်လို့ပဲ ရပြီး ထွက်လို့ မရတဲ့ နေရာလား။ ဒါမှမဟုတ် ဖက်တီးရဲ့ အလှအပကို စွဲလမ်းသွားလို့ ခင်ဗျားတို့ရဲ့ ဓားပြဘုရင်မ အဖြစ် သိမ်းထားချင်လို့လား”

ဤစကားများကြောင့် တစ်ကွင်းလုံး တိတ်ဆိတ်သွားရ၏။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာမူ ကြောင်အသွားကြ၏။

ဒီဖက်တီး ရူးနေတာလား။ မြို့စားမင်း အိမ်တော်က ဗိုလ်ချုပ်ကြီးကို ဘယ်လိုများ ပြောရဲရတာလဲ။

ဗိုလ်ချုပ်ကြီးမှာမူ ဒေါသကြောင့်ပင် ရယ်ချင်စိတ် ပေါက်သွားရ၏။ သူ ဗိုလ်ချုပ် ဖြစ်လာကတည်းက ဘယ်သူကမှ သူ့ကို ဤကဲ့သို့ လာရောက် မပြောင်ချင်ဖူးသေးပေ။

“သေချင်နေတာပဲ”

ဗိုလ်ချုပ်ကြီးက ဟိန်းဟောက်လိုက်ရင်း လက်ထဲမှ လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ... အေးစက်သော အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ဝမ်သဲ့ဖာ၏ လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်လာ၏။ ဤလှံချက်တွင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် အလယ်အလတ်၏ စွမ်းအားများ အပြည့်အဝ ပါဝင်နေသဖြင့် ထိုမောက်မာလှသော ဖက်တီးကို နေရာမှာတင် အသက်ပျောက်သွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။

သို့သော်လည်း။

လှံဦးမှာ ဝမ်သဲ့ဖာကို ထိခါနီး ဆဲဆဲမှာပင်...

“ဝုန်း...”

အနောက်၌ တိတ်ဆိတ်စွာ ရပ်နေသော ဝတ်ရုံနက်ရှင်ထံမှ အလွန်တရာ ပြင်းထန်သည့် ဖိအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာလေတော့သည်။

ထိုဖိအားမှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ပြီးပြည့်စုံခြင်း ထက်ပင် ပိုမို ပြင်းထန်လှပြီး... ရွှေအမြုတေ အဆင့် ၏ အရှိန်အဝါများကိုပါ ဝိုးတဝါး ထုတ်လွှတ်နေ၏။

“ဘုန်း... အွတ်...”

ပထမဆုံး ထိမှန်သွားသော ဗိုလ်ချုပ်ကြီးမှာမူ ရင်ဘတ်ကို ဧရာမ တူကြီးဖြင့် အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး... လှံရော လူပါ အနောက်သို့ (၁၀) မီတာကျော် လွင့်ထွက်သွားကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေတော့သည်။ သူသည် အချိန်အတော်ကြာသည်အထိ ပြန်မထနိုင်တော့ပေ။

အခြားသော ကင်းတပ်သားများမှာလည်း ထိုဖိအားကြောင့် ခြေမခိုင်တော့ဘဲ ယိုင်နဲ့ကုန်ကြပြီး လက်ထဲမှ လက်နက်များကိုပင် မြဲအောင် မကိုင်နိုင်တော့ချေ။

ပရိသတ် တစ်ခုလုံး ထိတ်လန့် တုန်လှုပ်သွားကြရတော့၏။

အားလုံးက ထို ဝတ်ရုံနက်ရှင်ကို ကြောက်လန့်တကြား စိုက်ကြည့်နေမိကြသည်။ ရွှေအမြုတေ အဆင့် ပညာရှင် တစ်ဦး တဲ့လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ကျန်းချန်သည် သူ၏ ခမောက်ကို ဖြည်းညှင်းစွာ ချွတ်လိုက်ရာ... ငယ်ရွယ်သော်လည်း အေးစက်ပြီး ခန့်ညားလှသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ၏ အကြည့်များက လဲကျနေသော ကင်းတပ်သားများပေါ်သို့ ဂရုမစိုက်ဟန်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက်... သူ၏ အသံမှာ မကျယ်လောင်သော်လည်း နေရာတိုင်းသို့ ပီပြင်စွာ ပဲ့တင်ထပ်သွား၏။

“ငါက ကွေ့ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်... ကျန်းချန် ပဲ”

“မြို့စားမင်း ကျောက်ကို သွားပြောလိုက်ပါ။ သူ့သားရဲ့ ဝိညာဉ်သိုလှောင်အိတ်ကို ဒီတစ်ခေါက် ခရီးစဉ်အတွက် အခကြေးငွေ အဖြစ် ငါ လက်ခံလိုက်ပြီလို့”

“အကယ်၍ မကျေနပ်ဘူး ဆိုရင်တော့... ချန်ဝူ တောင်တန်းကို အချိန်မရွေး လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့...”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။

“ရွေးနုတ်ဖိုးကိုတော့ အဝဝ ယူလာခဲ့ဖို့ မမေ့နဲ့ဦး”

ထိုသို့ပြောပြီးနောက် သူသည် ကြောက်လန့်နေသော ကင်းတပ်သားများကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ... အနောက်မှ မောက်မာနေကြသော ကစားသမား (၂၀) ကို ဦးဆောင်ကာ မြို့တံခါး အပြင်ဘက်သို့ ထွက်ခွာသွားလေတော့သည်။

သူတို့၏ ပုံရိပ်များ ညအမှောင်ထုအတွင်း လုံးဝ ပျောက်ကွယ်သွားသည်အထိ မြို့တံခါးဝ၌ သေဆုံးခြင်း တိတ်ဆိတ်မှုမျိုး လွှမ်းမိုးနေဆဲ ဖြစ်ပေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်... တစ်စုံတစ်ယောက်က တုန်ယင်နေသော အသံဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

“ကွေ့ယွမ်ဂိုဏ်း... ကျန်းချန်... မကြာသေးခင်ကမှ သတင်းကြီးနေတဲ့ မိစ္ဆာခေါင်းဆောင်ကြီး မဟုတ်လား”

“ဘုရားရေ... ရွှေအမြုတေ အဆင့် ပညာရှင် ကိုယ်တိုင် ဆင်းလာတာကိုး။ သခင်လေးကျောက် ရှုံးတာလည်း မဆန်းပါဘူး”

“အဲ့ဒီ အရူးတွေ နောက်ဆုံးတော့ ထွက်သွားကြပြီ... တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာဗျာ”

ထိုညတွင်... "ကွေ့ယွမ်ဂိုဏ်း အရူးအုပ်စု" နှင့် "ရွှေအမြုတေအဆင့် မိစ္ဆာသခင် ကျန်းချန်" တို့၏ ရာဇဝင်စကားများသည် ဒုစရိုက်မြို့တော် တစ်ခုလုံးသို့ အံ့သြဖွယ်ရာ အမြန်နှုန်းဖြင့် ပျံ့နှံ့သွားလေတော့သည်။

သူတို့သည် မောက်မာကြသည်၊ ရက်စက်ကြသည်၊ မြို့စားမင်း၏ သားကိုပင် အဝတ်ဗလာကျင်းအောင် လုပ်ရဲကြသည်၊ မြို့စားမင်း အိမ်တော်မှ ဗိုလ်ချုပ်ကြီးကိုပင် တစ်ကွက်တည်းဖြင့် အနိုင်ယူရဲကြသည် ပင်။

ဤအရာသည်သာ မိစ္ဆာလမ်းစဉ် ဟု ခေါ်ဆိုထိုက်သော ကြောက်မက်ဖွယ် အင်အားစုပင် ဖြစ်တော့သည်။

ထိုအချိန်တွင်မူ လေသင်္ဘောပေါ်၌ ဝိညာဉ်ကျောက်တုံးများကို ရေတွက်ရင်း... မှောင်ခိုဈေးကွက် ခရီးစဉ် အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်နေကြသော ကစားသမားများမှာမူ... သူတို့ ဖန်တီးခဲ့သော ထို ဒဏ္ဍာရီကြီးကို လုံးဝ သတိမထားမိကြရှာချေ။

အခန်း (၁၁၀) - ဂိုဏ်းတော်၏ ပုံရိပ်သစ် .. အကြီးစား တည်ဆောက်ရေး စီမံကိန်းကြီး စတင်တော့မည်

~နောက်တစ်နေ့ နံနက်ခင်း။ ကွေ့ယွမ်ဂိုဏ်း၏ ကျောက်ကွင်းပြင်ကျယ်ကြီးထက်ဝယ် ။

အရုဏ်ဦး၏ ပထမဆုံးသော နေရောင်ခြည်တန်းများ ကျောက်ကွင်းပြင်ထက်သို့ ကျရောက်လာချိန်တွင် ကျန်ရှိနေခဲ့သော ကစားသမားများ အားလုံးမှာ ဂိမ်း၏ အလှည့်အပြောင်းကို အသည်းအသန် စောင့်ကြိုနေကြလေသည် ။

“ပြန်လာကြပြီဟေ့... ပြန်လာကြပြီ...”

မည်သူက အော်ဟစ်လိုက်သည်မသိသော်လည်း ဝေးကွာသော ကောင်းကင်ယံမှ လေသင်္ဘောတစ်စင်းသည် တိမ်တိုက်များကို ခွင်း၍ ကွင်းပြင်အလယ်သို့ တည်ငြိမ်စွာ ဆင်းသက်လာတော့သည် ။

သင်္ဘောတံခါး ပွင့်သွားသည်နှင့် အထောက်အပံ့ ပစ္စည်းများကိုယ်စီ ထမ်းပိုးထားသော စူးစမ်းရေး အဖွဲ့ဝင် အယောက် (၂၀) သည် ထွက်ပေါ်လာကြလေသည် ။

သူတို့တစ်ဦးချင်းစီ၏ ခါးတွင်မူ ဖောင်းကားနေသော အလယ်အလတ်အဆင့် ဝိညာဉ်သိုလှောင်အိတ် အများအပြား ချိတ်ဆွဲထားပြီး... မျက်နှာများမှာလည်း “ငါတို့ သူဌေးဖြစ်ပြီ” ဟူသော ဂုဏ်ယူဝင့်ကြွားသည့် အပြုံးများဖြင့် လင်းလက်နေကြတော့သည် ။

ဝမ်သဲ့ဖာ (ဒီဖဲရသီး မှည့်ပြီလား) သည် အရင်ဆုံး ခုန်ဆင်းလာပြီး သူ၏ မည်းနက်သော သံစည်ပိုင်းကြီးနှင့် တူသည့် ချပ်ဝတ်ကို “ဒေါင်... ဒေါင်” မြည်အောင် ပုတ်ပြလိုက်လေသည် ။

“ညီအစ်ကိုတို့ရေ... ဖက်တီး ပြန်လာပြီဟေ့။ ငါ့ကို လွမ်းနေကြလားဗျို့...”

“သွားစမ်းပါကွာ... ဘယ်သူက မင်းကို လွမ်းမှာလဲ။ မင်း သယ်လာတဲ့ ပစ္စည်းတွေကိုပဲ လွမ်းတာကွ...”

“မြန်မြန် ပြောစမ်းပါဦး။ မှောင်ခိုဈေးကွက်က ပျော်ဖို့ကောင်းလား။ အဲ့ဒီမှာ လှပျိုဖြူ ကျင့်ကြံသူလေးတွေရော ရှိရဲ့လား...”

ကျန်ရစ်ခဲ့သော ကစားသမားများမှာ ချက်ချင်းပင် ဝိုင်းအုံလာကြပြီး မနာလိုစိတ်၊ စပ်စုလိုစိတ်များဖြင့် မေးခွန်းများကို တရစပ် ပစ်ပေါက်ကြတော့သည် ။

“တိတ်တိတ်နေကြဦး...”

ဂိုဏ်းချုပ် ကျန်းချန်သည် လေသင်္ဘောပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။ သူ၏ အသံမှာ မကျယ်လောင်သော်လည်း ငြင်းဆန်၍မရသော အရှိန်အဝါများ ပါဝင်နေတော့သည် ။

ကွင်းပြင်ကြီးတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွား၏။

ကျန်းချန်သည် အောက်ဘက်တွင် စုရုံးနေကြသော၊ အနည်းငယ် ထူးဆန်းသော်လည်း တက်ကြွလှချေသည့် တပည့် အယောက် (၁၀၀) ကျော်ကို ဝေ့ဝဲကြည့်ကာ ခေါင်းညိတ်လိုက်လေသည် ။

“ဒီတစ်ခေါက် မှောင်ခိုဈေးကွက် ခရီးစဉ်ကတော့ တကယ့်ကို အကျိုးအမြတ် များခဲ့တယ်...”

သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်၏။

“ဝုန်း...”

သူနှင့် စူးစမ်းရေး အဖွဲ့ဝင်များ၏ ဝိညာဉ်သိုလှောင်အိတ်များ အတွင်းမှ မရေမတွက်နိုင်သော အထောက်အပံ့ ပစ္စည်းများသည် ရေတံခွန်ပမာ စီးကျလာပြီး ကွင်းပြင်အလယ်၌ တောင်ငယ်လေးများသဖွယ် စုပုံသွားတော့သည် ။

ထိုနေရာတွင် ဦးလေးကျန်း ဝယ်ယူလာသော သံမဏိ သတ္တုရိုင်းပုံကြီးများ၊ ရှန်နွန်နှင့် ဇီဝခွေးပေါက်လေးတို့ ဝယ်လာသော ထူးဆန်းသည့် ဆေးမြစ်များနှင့် အဆိပ်ပုံများ၊ မရေမတွက်နိုင်သော မန္တန်စာရွက်များနှင့် အခင်းအကျင်း အလံများ ပြည့်နှက်နေလေသည် ။

ကစားသမားများ အလိုချင်ဆုံး အရာမှာမူ သေတ္တာများအတွင်း စီတန်းထားသော မှော်လက်နက်များပင် ဖြစ်၏။ တစ်ပတ်ရစ် ပစ္စည်းများ ဖြစ်သော်လည်း သူတို့ ကိုင်ဆောင်ထားသော သံဓားစုတ်များထက်မူ အဆပေါင်းများစွာ သာလွန်နေသည် မဟုတ်ပါလော ။

“သောက်ကျိုးနည်း... ငါတို့ ချမ်းသာပြီဟေ့...”

“ဒါ မှောင်ခိုဈေးကွက်ကို ဓားပြတိုက်လာတာလား။ တကယ့်ကို အံ့မခန်းပဲဗျာ...”

ကျန်းချန်သည် ဤရိုးသားဖြူစင် (အမှန်တော့ တုံးအသော) သူများကို ကြည့်ကာ သိမ်မွေ့စွာ ပြုံးလိုက်လေသည် ။

“ဒီပစ္စည်းတွေ အားလုံးကို ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲမှာ ထားရှိမယ်။ မင်းတို့ လိုအပ်သလို ဂိုဏ်းစုဆောင်းမှတ်တွေနဲ့ လဲလှယ်နိုင်ပါတယ်...”

“ဒါပေမဲ့ ဒါက အရေးအကြီးဆုံး မဟုတ်သေးဘူး...”

ကျန်းချန်သည် သူ၏ ဝတ်ရုံအိတ်ထဲမှ ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်နေသော သားရေလိပ် တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ လေလံပွဲ၌ ဈေးကြီးပေး၍ ဝယ်ယူခဲ့သော မပြည့်စုံသည့် ရှေးဟောင်း ဂိုဏ်းတော် တည်ဆောက်ရေး ပုံစံများ ပင် ဖြစ်ချေသည် ။

“ကုန်ကြမ်းတွေလည်း ရှိပြီ၊ တည်ဆောက်ရေး ပုံစံတွေလည်း ရပြီဆိုတော့... ငါ အခု ကြေညာတယ်...”

ကျန်းချန်၏ အသံမှာ ရုတ်တရက် မြင့်တက်လာတော့သည် ။

“ဂိုဏ်းတော် တည်ဆောက်ရေး ဒုတိယ အဆင့်ကို တရားဝင် စတင်လိုက်ပြီ...”

စနစ်ကြီးကလည်း အသံပြဲကြီးနှင့် ချက်ချင်း အော်ဟစ်လိုက်တော့သည် ။

(ဆာဗာလုံးဆိုင်ရာ ကြေညာချက်။ အကြီးစား ဂိုဏ်းတော် တည်ဆောက်ရေး တာဝန်ကို ထုတ်ပြန်လိုက်ပါပြီ။)

(တာဝန်အမည် - အရာရာကို ပြန်လည် တည်ဆောက်စို့၊ အကြီးစား ဆောက်လုပ်ရေးကြီး စတင်ပြီ။)

(တာဝန် ဖော်ပြချက် - ဂိုဏ်းတော်၏ အင်အားမှာ တစ်နေ့တခြား တိုးတက်လာသည်နှင့်အမျှ မူလက ရှိနေသော အဆောက်အဦးဟောင်းများမှာ လုံလောက်မှု မရှိတော့ပါ။ ဂိုဏ်းချုပ်ကြီးမှ အဆောက်အဦး ပုံစံသစ်များနှင့် ကုန်ကြမ်းများစွာကို သယ်ဆောင်လာခဲ့ပါပြီ။ တပည့်တို့ အားလုံး စုပေါင်းပြီး ကွေ့ယွမ်ဂိုဏ်းကို အသွင်သစ် တစ်ခုဖြင့် ပြောင်းလဲပစ်ကြစို့။)

(အဆောက်အဦး အသစ်များ -)

(သိုင်းကျမ်းတိုက် - အဆင့်မြှင့်တင်ထားသော ဗားရှင်း။ လက်ရှိ ခန်းမကို ချဲ့ထွင်ပြီး 'ဉာဏ်အလင်းပွင့် အခန်း' ကို ထည့်သွင်းမည်။ ထိုနေရာ၌ ကျင့်ကြံပါက ကျင့်စဉ် ကျွမ်းကျင်မှု ရမှတ်များကို ပိုမို လျင်မြန်စွာ ရရှိနိုင်မည်။)

(ဝိညာဉ်သားရဲ ဥယျာဉ် - မိစ္ဆာသားရဲများကို မွေးမြူပြီး ယဉ်ပါးအောင် လုပ်ဆောင်နိုင်သည့် နေရာ။ ကိုယ်ပိုင် အိမ်မွေး တိရစ္ဆာန်လေးတွေ လိုချင်လား။ ဒါဆိုရင်တော့ အုတ်လာသယ်ကြတော့လေ။)

(ဆေးဖော်ဆောင် - တရားဝင် ဗားရှင်း။ ပျက်စီးသွားသော ဆေးဖော်ခန်းကို ပြန်လည် ပြုပြင်မည်။ မြေအောက်မီး စီးဆင်းမှု စနစ်ကို ထည့်သွင်းပြီး ဆေးဖော်စပ်မှု အောင်မြင်နှုန်းကို မြှင့်တင်ကာ ဆေးအိုး ပေါက်ကွဲနိုင်ခြေကို လျှော့ချပေးမည်။)

(သိုင်းကွင်း - သီးသန့် လေ့ကျင့်ရေး ကွင်းပြင်ကြီး။ သစ်သား အရုပ်များဖြင့် သိုင်းကွက် စမ်းသပ်နိုင်ပြီ ဖြစ်လို့ ကွင်းပြင်ကျယ်မှာ အချင်းချင်း ရိုက်နှက်နေစရာ မလိုတော့ပလ။)

(တာဝန် ဆုလာဘ် - ဂိုဏ်းစုဆောင်းမှတ် အမြောက်အမြား။ အဆောက်အဦး ဆိုင်ရာ အထူး ဘွဲ့ထူးများ။ ပြီးတော့... အဆောက်အဦးသစ်များကို ဦးစားပေး အသုံးပြုခွင့်။)

“ဝုန်း...”

ကွင်းပြင်ကြီးတစ်ခုလုံး အားပေးသံများဖြင့် နောက်တစ်ကြိမ် ပေါက်ကွဲထွက်သွားတော့သည် ။

“ဝိညာဉ်သားရဲ ဥယျာဉ် တဲ့လား။ ငါ အိမ်မွေးတိရစ္ဆာန် လိုချင်တယ်ဟေ့။ ပန်ဒါဝက်ဝံလေး ရှိရင် သိပ်ကောင်းမှာပဲ...”

“သိုင်းကွင်းဟေ့။ နောက်ဆုံးတော့ သေချာ တိုက်ခိုက်လို့ ရတော့မယ်...”

“သိုင်းကျမ်းတိုက် အသစ်ကတော့ ဂိမ်းကို အရူးအမူး ဆော့တဲ့သူတွေအတွက် နတ်ဘုံနတ်နန်းပဲဗျာ...”

ကစားသမားများ၏ စိတ်အားထက်သန်မှုမှာ ချက်ချင်းပင် တောက်လောင်လာခဲ့၏။ ယခင်က မနာလိုမှုများ ပျောက်ကွယ်သွားပြီး အင်္ဂါရပ်သစ်များအပေါ် မျှော်လင့်ချက်များဖြင့် အစားထိုး ဝင်ရောက်လာတော့သည် ။

“ဆောက်လုပ်ရေး အဖွဲ့... လူစုကြစမ်း...”

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်းသည် ဒုတိယအကြိမ် လူပျိုပြန်ဖြစ်သွားသည့်အလား တက်ကြွနေလေသည် ။ သူသည် ပြစ်ဒဏ်ခတ်ရေး အကြီးအကဲထံမှ လုထားသော ခရမ်းရွှေရောင် ဝတ်ရုံကို ခါးတွင် သေချာ ပတ်လိုက်ပြီး၊ အသစ်ဝယ်ထားသော သံမဏိ ဂေါ်ပြားကို ဆွဲကိုင်လျက် ကျောက်တုံးကြီးပေါ်သို့ တက်ကာ ကြွေးကြော်လိုက်လေသည် ။

“ပစ္စည်းတွေ အကုန် စုံပြီဟေ့။ ဒီတစ်ခါတော့ ငါတို့က ခိုးဆောက်တာ မဟုတ်ဘူး။ စနစ်တကျနဲ့ စစ်တပ်ကြီးလို ဆောက်ကြမှာကွ...”

“ခွန်အားလိုင်းတွေ ကျောက်တုံးသွားသယ်ကြ။ လျင်မြန်မှုလိုင်းတွေ သစ်သွားခုတ်ကြ။ မန္တန်သမားတွေ... ဟေ့ မန္တန်သမားတွေ... ဒီကို လာပြီး ရွှံ့နယ်ကြစမ်း။ ဆာဗာ တစ်ခုလုံးမှာ အမိုက်ဆုံး ဂိုဏ်းတော်ကြီးကို ဆောက်ပြကြမယ်ဟေ့...”

“အေးဟေ့...”

ဦးလေးကျန်း၏ ကွပ်ကဲမှုအောက်တွင် ကစားသမား အယောက် (၁၀၀) ကျော်သည် လျင်မြန်စွာ လှုပ်ရှားကြတော့သည် ။

အချို့က သစ်လုံးများကို ထမ်းပြီး ဟိုပြေးဒီပြေး လုပ်နေကြသည်၊ အချို့က ဂေါ်ပြားများကို ကိုင်ကာ အုတ်မြစ်တူးနေကြသည်၊ အချို့ကမူ တည်ဆောက်ရေး ပုံစံများကို ကြည့်ပြီး အငြင်းပွားနေကြလေသည် ။

ကွေ့ယွမ်ဂိုဏ်း တစ်ခုလုံးသည် ဆူညံပွက်လောရိုက်နေသော ဆောက်လုပ်ရေးခွင်ကြီးတစ်ခု အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့၏။

စင်မြှင့်ထက်တွင် ရပ်နေသော ကျန်းချန်သည် အောက်ဘက်မှ အလုပ်များပြီး ပျော်ရွှင်နေကြသော မြင်ကွင်းကို ကြည့်ကာ အောင်မြင်မှု ခံစားချက်ကို ရရှိနေမိလေသည် ။

အစပိုင်းတွင် ပြိုပျက်လုနီးပါး သက်ငယ်မိုး တဲအိုလေး အနည်းငယ်သာ ရှိခဲ့ရာမှ ၊ ယခုအခါ လူဦးရေ ထူထပ်လာပြီး (အားလုံးက ကြောင်တောင်တောင် ဖြစ်နေသော်လည်း) အရင်းအမြစ်များစွာ ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ရာ... ကွေ့ယွမ်ဂိုဏ်းသည် နောက်ဆုံး၌ ကျင့်ကြံခြင်း ဂိုဏ်းကြီးတစ်ခု၏ ပုံသဏ္ဌာန်ကို စတင် ပိုင်ဆိုင်လာခဲ့ချေပြီ ။

“ဒါပေမဲ့လည်း...”

ကျန်းချန်သည် ဝေးကွာသော အရပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ရင်း နက်နဲစွာ တွေးတောနေမိလေသည် ။

“ဒါဟာ အစပျိုးရုံသာ ရှိသေးတယ်...”

“မှောင်ခိုဈေးကွက် ခရီးစဉ်က အရင်းအမြစ် ပြဿနာကို ဖြေရှင်းပေးခဲ့ပေမဲ့ ငါတို့ရဲ့ အင်အားကိုလည်း အတိအလင်း ပြသလိုက်သလို ဖြစ်သွားပြီ။ ဟို မြို့စားမင်း ကျောက် ရော၊ တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ ချင်းယန်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေရော... ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး...”

“စစ်မှန်တဲ့ စိန်ခေါ်မှုတွေက... အခုမှ လာမှာပဲ...”

အခန်း (၁၁၁) - ဝိညာဉ်သားရဲ ဥယျာဉ် တည်ဆောက်ပြီးစီးခြင်း .. အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်က ရွှေအမြုတေအဆင့် ကျင့်ကြံသူပါ

~နံနက်ခင်း အစောပိုင်းအချိန်။ ကွေ့ယွမ်ဂိုဏ်း၏ တောင်နောက်ဘက်၌။

မှောင်ခိုဈေးကွက် ခရီးစဉ်မှ သယ်ဆောင်လာသော အရင်းအမြစ် အမြောက်အမြား၏ ပံ့ပိုးမှုကြောင့် ယခုအခါ ကွေ့ယွမ်ဂိုဏ်းသည် ယခင်နှင့် လုံးဝ မတူတော့ဘဲ ပြောင်းလဲတိုးတက်နေ၏။

“ဝုန်း...”

ဝိညာဉ်သားရဲ ဥယျာဉ်၏ အထက် ကောင်းကင်ယံ၌ ရင်းနှီးသော ပုံရိပ်တစ်ခု ဘွားခနဲ ပေါ်လာ၏။ တိမ်တိုက်ပုံစံ ပန်းထိုးထားသော ဝတ်ရုံကို ဆင်မြန်းလျက် ကျန်းချန်သည် ဟင်းလင်းပြင်ကို နင်းဖြတ်ကာ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။

အပြင်ပန်းတွင်မူ သူသည် တည်ငြိမ်အေးဆေးကာ ခန့်ညားနက်နဲနေသော်လည်း အတွင်းစိတ်ထဲတွင်မူ ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ တုန်လှုပ်ချောက်ချားမှုကို ခံစားနေရ၏။

(အချက်ပေးသံ။ ဂိုဏ်း၏ အဓိက အဆောက်အဦးဖြစ်သော ‘ဝိညာဉ်သားရဲ ဥယျာဉ်’ တည်ဆောက်မှု ပြီးစီးသွားပါပြီ။)

(ဂိုဏ်းတော် တည်ဆောက်ရေး အဆင့်အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။)

(တပည့် အယောက် တစ်ရာ့သုံးဆယ်ခြောက်ဦး၏ ဂိုဏ်းအပေါ် သံယောဇဉ်တွယ်မှုမှာ သိသိသာသာ မြင့်တက်လာခဲ့ပါပြီ။)

(စနစ်၏ ဒုတိယ ဗားရှင်း အဆင့်မြှင့်တင်မှု ပြီးစီးပါပြီ။)

(ပိုင်ရှင်၏ ကျင့်ကြံမှုအဆင့်ကို ကစားသမားများနှင့် တိုက်ရိုက် ချိတ်ဆက်ပေးမည့် စနစ်ကို စတင်လိုက်ပါပြီ... တွက်ချက်နေပါသည်...)

“ဝုန်း...”

ထိုခဏ၌ ကျန်းချန်သည် သူ၏ ဒန်တျန် တစ်ခုလုံး ဟင်းလင်းပြင် လေဟာနယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။

မကြုံစဖူးလောက်အောင် ကျယ်ပြောပြီး ပြင်းထန်သည့် စွမ်းအင်များမှာ လေဟာနယ်ထဲမှ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာတော့၏။ ဤစွမ်းအင်မှာ သာမန် ဝိညာဉ်စွမ်းအင်များနှင့် မတူဘဲ ကြမ်းတမ်းလှသော်လည်း အတိုင်းအဆမရှိသော သက်စွမ်းအားများ ကိန်းဝပ်နေ၏။ ၎င်းမှာ မသေနိုင်သော ကစားသမား တစ်ရာကျော်ထံမှ ပြန်လည် စီးဝင်လာသော မူလ အနှစ်သာရ စွမ်းအင်များပင် ဖြစ်ချေသည်။

“ဒါ... ဒါက နည်းနည်း များလွန်းနေတာ မဟုတ်လား...”

ကျန်းချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ တည်ငြိမ်မှုမှာ ပျက်ပြားလုနီးပါး ဖြစ်သွားရ၏။

မူလက သူသည် ချီစုစည်းမှု အဆင့် (၉) ပြီးပြည့်စုံခြင်း အခြေအနေ၌သာ ရှိနေခဲ့ခြင်း ဖြစ်၏။ သို့သော် ဤစွမ်းအင်များ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်၏ အတားအဆီးမှာ စက္ကူတစ်ချပ်ပမာ "ဂျွတ်" ခနဲ မြည်ကာ ပေါက်ထွက်သွားတော့သည်။ ဝိညာဉ်စွမ်းအင်များမှာ အရည်အဖြစ်သို့ ပြောင်းလဲသွားပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။

သို့သော် ဤသည်မှာ အစပျိုးခြင်းမျှသာ ရှိသေး၏။ ထိုစွမ်းအင်များမှာ ရပ်တန့်သွားခြင်း မရှိဘဲ ပိုမို ပြင်းထန်လာ၏။

အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်း... အလယ်အလတ်... နှောင်းပိုင်း... ပြီးပြည့်စုံခြင်း...။

အသက်ရှူကြိမ် သုံးကြိမ်အတွင်းမှာပင် ကျန်းချန်သည် သာမန် ကျင့်ကြံသူတစ်ဦး နှစ်ပေါင်း တစ်ရာခန့် ကြိုးစားရမည့် ခရီးကို ဖြတ်ကျော်လိုက်၏။

“တော်ပြီ... တော်တော့... ပေါက်ကွဲတော့မယ်...”

ကျန်းချန်သည် စိတ်ထဲမှ ရူးသွပ်စွာ အော်ဟစ်နေမိ၏။ သို့သော် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာမူ ဆက်လက် ဖိသိပ်နေဆဲ ဖြစ်၏။

နောက်ဆုံးတွင် အရေအတွက် တိုးပွားရာမှ အရည်အသွေး ပြောင်းလဲမှုသို့ ရောက်ရှိသွားတော့သည်။

“ဝုန်း...”

သူ၏ ဒန်တျန်၊ ချီပင်လယ်၏ အလယ်ဗဟို၌ ကျယ်ပြောလှသော အရည်အသွေးရှိ အနှစ်သာရ စွမ်းအင်များသည် ရုတ်တရက် ပြိုကွဲသွားပြီး တောက်ပလှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။

တာအို၏ စည်းချက်များ ကိန်းဝပ်နေပြီး ဝိုင်းစက်တောက်ပလှသော ရွှေအမြုတေ တစ်ခုမှာ ပီပြင်စွာ ပေါ်ပေါက်လာခဲ့၏။

(ဂုဏ်ယူပါတယ် ..ဂိုဏ်းချုပ်.. ကျင့်စဉ် အဆင့်တက်ခြင်း အောင်မြင်ပါပြီ။ အထွတ်အထိပ် ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားပါပြီ။)

(လက်ရှိအဆင့် - ရွှေအမြုတေအဆင့် အစောပိုင်း။)

(အထူးစွမ်းအားကို ရရှိခဲ့ပါပြီ - ဂိုဏ်းချုပ်ရဲ့ နှုတ်ထွက်စကားဟာ တာအို ဖြစ်ပါတယ်။ (ဂိုဏ်းအတွင်းမှာသာ အကျိုးသက်ရောက်မှု ရှိပါတယ်။)

(အလိုအလျောက် စွမ်းအားကို ရရှိခဲ့ပါပြီ - မိစ္ဆာသခင်၏ ဖိနှိပ်မှု (အဆင့်နိမ့် သတ္တဝါတွေအပေါ် ဝိညာဉ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကို ဖြစ်ပေါ်စေတယ်။)

အလွန်တရာ ပြင်းထန်သည့် ဖိအားတစ်ခုသည် ကျန်းချန်ထံမှ ပေါက်ကွဲထွက်လာ၏။

ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ စနစ်၏ အထူးပြုလုပ်ချက်များ မဟုတ်သလို၊ လှည့်စားထားသော ထင်ယောင်ထင်မှားများလည်း မဟုတ်တော့ပေ။

ဤသည်မှာ ရွှေအမြုတေအဆင့်၏ စစ်မှန်သော စွမ်းအားပင် ဖြစ်ချေသည်။

မိုင် တစ်ရာ ပတ်လည်အတွင်းရှိ လေထုမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။ ကွေ့ယွမ်ဂိုဏ်း၏ တောင်နောက်ဘက်ရှိ ငှက်များနှင့် သားရဲများ အားလုံးမှာ မြေပြင်ပေါ်၌ ဝပ်စင်းကာ ကြောက်လန့်တကြား တုန်ရင်နေကြ၏။

အောက်ဘက်တွင် ရပ်နေသော ကစားသမား တစ်ရာကျော်မှာလည်း စနစ်၏ သတိပေးချက်ကို တပြိုင်နက်တည်း ရရှိလိုက်ကြ၏။

(သတိပေးချက်။ ဂိုဏ်းချုပ် ကျန်းချန်ထံမှ မရည်ရွယ်ဘဲ ထွက်ပေါ်လာသော ဖိအားကြောင့် သင်၏ စွမ်းဆောင်ရည် အားလုံး (၂၀) ရာခိုင်နှုန်း ခေတ္တ လျော့ကျသွားပါသည်။ ဂိုဏ်းချုပ်၏ မျက်နှာတော်ကို တည့်တည့် မကြည့်ရပါ။)

“သောက်ကျိုးနည်း... ဂိုဏ်းချုပ်ကြီး အဆင့်တက်သွားတာလား...”

“ဒီ ဖိအားကြီးက... အရင် ချင်းယန်ဂိုဏ်းက အဘိုးကြီးထက် အဆတစ်သန်းလောက် ပိုပြင်းတယ်ဗျ...”

“ဒါဟာ အမြင့်ဆုံးအဆင့်ရှိတဲ့ ရန်သူ့ခေါင်းဆောင်ကြီးရဲ့ ဖိနှိပ်မှုမျိုးပေါ့။ ငါတော့ သဘောကျလိုက်တာဗျာ...”

ကစားသမားများသည် ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားနေကြ၏။ သူတို့၏ ခေါင်းဆောင်ကြီး ပိုမို အင်အားကြီးလာလေ၊ သူတို့ အပြင်ထွက်ပြီး ပြဿနာရှာရန် ပိုမို ရဲတင်းလာလေ ဖြစ်ပေသည်။

ကျန်းချန်သည် လေထဲတွင် ဝဲပျံနေရင်း သူ၏ လက်သီးကို ဖြည်းညှင်းစွာ ဆုပ်လိုက်၏။ မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ အတိုင်းအဆမရှိသော စွမ်းအားများကို ခံစားမိသောအခါ သူသည် လေတစ်ချက်ကို အဝရှူလိုက်ရင်း မျက်ဝန်းများမှာ အနည်းငယ် စိုစွတ်လာရ၏။

နောက်ဆုံးတော့... နောက်ဆုံးတော့ ငါ ဟန်ဆောင်နေစရာ မလိုတော့ဘူး။ အရင်ကဆို အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်တွေကိုတောင် လှည့်ကွက်တွေ သုံးပြီး ရင်ဆိုင်ခဲ့ရတာ။ အခုတော့လား... ငါ့လက်တစ်ချက်နဲ့တင် သူတို့ကို ရိုက်သတ်ပစ်လို့ ရပြီ။

ဤအခိုက်အတန့်တွင် ကျန်းချန်၏ စိတ်နေစိတ်ထားမှာ လုံးဝ ပြောင်းလဲသွားခဲ့၏။ သူသည် သတိကြီးစွာ ထားနေရသော "လူလိမ်" ဘဝမှနေ၍ အရာအားလုံးကို ထိန်းချုပ်နိုင်သည့် စစ်မှန်သော ဂိုဏ်းချုပ်ကြီး တစ်ဦးအဖြစ်သို့ အသွင်ပြောင်းသွားခဲ့၏။

သူသည် အောက်ဘက်မှ ချစ်စရာကောင်းသော တပည့်များကို ငုံ့ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ယခင်ကထက် ပိုမို ယုံကြည်ချက်ရှိပြီး လွှမ်းမိုးနိုင်စွမ်း ရှိနေတော့သည်။

“ဟမ်း...”

ကျန်းချန်သည် သူ၏ အရှိန်အဝါကို ပြန်လည် သိမ်းဆည်းလိုက်ပြီး အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အလင်းတန်း အချို့မှာ လွင့်ပျံထွက်လာ၏။

“ဝိညာဉ်သားရဲ ဥယျာဉ် တည်ဆောက်မှု ပြီးစီးပြီ ဖြစ်လို့ ဝိညာဉ်သားရဲတွေ လိုအပ်နေပြီ ဖြစ်တယ်...”

“ဒါတွေကတော့ ‘ဝိညာဉ်အားလုံး ကတိကဝတ်’ နဲ့ ‘သားရဲဖမ်းကွင်း’ တွေပဲ။ မင်းတို့ ဒါတွေကို ယူပြီး တောင်နက်ထဲကို သွားကြတော့လေ...”

သူသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်တွင် စစ်မှန်သော အပြုံးတစ်ခုကို ဆင်မြန်းလျက် ဆိုလိုက်၏။

“အကယ်၍ မင်းတို့ အဆင့် (၂) ထိပ်သီး၊ ဒါမှမဟုတ် အဆင့် (၃) ရွှေအမြုတေအဆင့် မိစ္ဆာဘုရင်တွေနဲ့ တွေ့ရင်တောင်မှ...”

“မနိုင်တော့ဘူး ဆိုရင် ငါ့အမည်ကိုသာ ခေါ်လိုက်ကြစမ်း...”

“သွားကြတော့... ချန်ဝူ တောင်တန်းကြီးကို ငါတို့ ကွေ့ယွမ်ဂိုဏ်းရဲ့ အင်အားကို ပြသလိုက်ကြစို့...”

စကားပင် မဆုံးသေးမီမှာပင် ကစားသမားများမှာ ရူးသွပ်စွာ အော်ဟစ်ကုန်ကြတော့သည်။

“သောက်ကျိုးနည်း... ဂိုဏ်းချုပ်ကြီးကတော့ ရှယ်ပဲဗျာ...”

“အင်အားကြီးတဲ့ နောက်ခံ ရှိရတာ တကယ့်ကို ကောင်းတာပဲ...”

“ညီအစ်ကိုတို့ရေ... ကြားလိုက်လား။ အဆင့် (၃) မိစ္ဆာဘုရင် ဖြစ်ရင်တောင် ဂိုဏ်းချုပ်ကို ခေါ်လို့ရတယ်တဲ့ဗျ။ သွားကြစို့...”

အားလုံးသည် သိုင်းကျမ်းများနှင့် သားရဲဖမ်းကိရိယာများကို အလုအယက် ဝယ်ယူကြပြီးနောက်... ချန်ဝူ တောင်တန်းကြီး၏ အနက်ရှိုင်းဆုံး နေရာများဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေတော့သည်။

---

တစ်နာရီ ကြာပြီးနောက်။ တောင်နက် သစ်တောအုပ်အတွင်း၌။

ဝမ်သဲ့ဖာသည် လက်ထဲတွင် သားရဲဖမ်းကွင်း သုံးခုကို ကိုင်ထားရင်း ချုံပုတ်တစ်ခု၏ အနောက်တွင် ဖင်တရမ်းရမ်းဖြင့် ပုန်းအောင်းနေ၏။

သူ၏ ရှေ့တွင်မူ အမွှေးအမည်းများဖြင့် ဖုံးလွှမ်းနေပြီး ကားတစ်စီးနီးပါး ကြီးမားလှသော၊ ချွန်ထက်သည့် အစွယ်ကြီးများရှိသည့် အဆင့် (၂) သံခွံ တောဝက်ကြီး တစ်ကောင်မှာ သစ်ပင်ကို ကိုယ်ဖြင့် ပွတ်တိုက်နေ၏။

“ဒီကောင်ပဲ...”

ဝမ်သဲ့ဖာက ပါးစပ်မှ ထွက်လာသော သွားရည်ကို သုတ်လိုက်၏။

“ဒါကို ခံစားလိုက်စမ်း... သားရဲဖမ်းကွင်းထဲ ဝင်လိုက်တော့...”

All Chapters