← Chapters

အခန်း (၁၇၁)

Vol. 15 Ch. 171

အခန်း (၁၇၁)

Vol. 15 Ch. 171

ဘေးအိမ်မှ လောင်ကျန်းက သူ့တစ်နှစ်အရွယ်သားလေးနဲ့အတူ လမ်းလျှောက်ထွက်နေချိန် ဖြစ်နေခဲ့သည်။

ဟုတ်ပါတယ် အခု သူလည်း ကလေးလေးကို လမ်းလျှောက်ထွက်ပေးဖို့အတွက် တာဝန်ရှိနေပြီလေ။

ဘေးအိမ်က ရဲဘော်ရှောင်လု အိမ်ပြန်ရောက်သည်နှင့် သူ့သားအမြွှာလေးနှစ်ယောက်ဟာ ပြေးလာကြပြီး သူတို့ဖေဖေရင်ခွင်ထဲ ပစ်ဝင်ကြတာကိုမြင်ရသဖြင့် သူတကယ်ပင် ဝမ်းနည်းနေမိလျက်။

သူ့သားလေးကို သူ နေ့တိုင်းလမ်းလျှောက်ထွက်ဖို့ ခေါ်သွားတာတောင်မှ သူ့သားလေးက သူအိမ်ပြန်ရောက်တဲ့အခါ လျစ်လျူရှုထားတယ်လေ။

ကျန်းချန်ပေ့သည် သူ့ကလေးနှင့် အတူတူလမ်းလျှောက်ထွက်သည့်အခါ သူနှင့်အဖြစ်တူတဲ့ နိုင်ငံရေးအရာရှိလျိုနှင့်တောင် တွေ့ရတတ်ပြီး ထိုအချိန်မှသာ သူက တခြားလူထက် သာလွန်တယ်လို့ ခံစားမိသည်ပင်။

သူ့သား သွင်းသွင်းလေးက ထျောင့်ထျောင့်လေးထက် ပိုကောင်းတယ်လေ...

ထျောင့်ထျောင့်လေးရဲ့ ခြေလက်သေးသေးလေးတွေက အရမ်းသန်မာပြီး သူမလေးရဲ့ ဖေဖေကိုယ်ပေါ်ကို "ထိုးနှက်၊ ကန်ကျောက်"တတ်သည်ကြောင့် ဒဏ်ရာဒဏ်ချက်များစွာဖြစ်စေလေရဲ့။

သူ့ဖေဖေ့မျက်နှာကို ရိုက်ပစ်လိုက်တယ်...

လောင်ကျန်း: Pff—

ငါ မရယ်ပါဘူးကွာ...

နိုင်ငံရေးအရာရှိလျိုက ဒေါသတကြီးဖြင့် "ကြည့်စမ်းပါဦး၊ ငါ့သမီးက ငါ့ကို ကန်လိုက် ရိုက်လိုက်နဲ့ လုပ်နေပြီးတော့ ရယ်နေသေးတာ၊ ဒါကို ပျော်စရာကောင်းတယ်လို့ သူမထင်နေတာလား"

ကျန်းချန်ပေ့ ပြုံးကာ ဖျောင်းဖျသည့်လေသံဖြင့် "ကလေးက မင်းနဲ့ကစားနေတာလေ၊ ဘာလို့စိတ်အနှောင့်အယှက်ဖြစ်နေတာလဲကွာ? နောက်နှစ်ချက်လောက်ထပ်ခံလိုက်ပါဦး၊ ကလေးရဲ့အားက ဘယ်လောက်ရှိမှာမို့လဲ? ဘာလို့ ကလေးနဲ့ ငြင်းခုန်နေရတာတုန်းကွ..."

နိုင်ငံရေးအရာရှိလျို: "ဒီကလေးမလေး အနာဂတ်မှာ သူမခင်ပွန်းကို ရိုက်နှက်မှာကိုပဲ ကြောက်မိတယ်ဟေ့"

လောင်ကျန်း တစ်ကိုယ်တည်း တွေးနေမိလျက်... ကျစ်... သူမလေးက လူဆိုးမလေးဖြစ်လာမယ့်ပုံပဲဟ...

သူ ကလေးမလေးကို ပိုကြည့်မိလေလေ သူ့မှာ သမီးတစ်ယောက်မရှိတာလဲ ကောင်းသားပဲလို့ တွေးမိနေလျက်။

"စိတ်လျှော့ဦး ဟုတ်ပြီလား... ကလေးမလေး ဘယ်လောက်တက်ကြွလိုက်သလဲ ကြည့်စမ်းပါကွာ"

နိုင်ငံရေးအရာရှိလျို: "…"

ကျန်းချန်ပေ့ ကလေးနှင့်အတူ ပြန်သွားတဲ့အခါ လေမချွန်ဘဲ မနေနိုင်တော့ပေ။ သူ့မိသားစု သွင်းသွင်းလည်း နောက်နှစ်မှာ မူကြိုတက်သင့်ပြီပဲ။ အိမ်နီးချင်းကလေးတွေအားလုံး မူကြိုတက်နေကြပြီလေ။

ညဘက်၌ ရှမင်ရှီးက ကလေးလေးနှစ်ယောက်နှင့်အတူတူ အိပ်ပျော်သွားလေပြီ။ ချင်းရို့က ညအိပ်ဝတ်စုံ ဝတ်လိုက်ပြီး အိပ်ရာပေါ်မှာ စာအုပ်ထိုင်ဖတ်နေခဲ့သည်။ လုယန် ရေချိုးပြီးနောက် လေပွေအလား တံခါးကို တွန်းဖွင့်လာပြီး ပြန်ပိတ်လိုက်တော့သည်။

လုယန် သူ့ဇနီးလေးကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလျက် အလင်းရောင်မှိန်မှိန်အောက်ရှိ သူ့ဇနီးလေးရဲ့ နူးနူးညံ့ညံ့ပါးပြင်လေးကို ကြည့်ရင်း နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်လေ၏။ အခုရက်ပိုင်းတွေမှာ ကလေးတွေ မူကြိုသွားတက်ကြသဖြင့် နေ့ရက်တွေက ပိုမိုသက်တောင့်သက်သာရှိလာသည်ပင်။

ချင်းရို့ သူ့ပေါ်မှာ ထိုင်၍ လည်ပင်းကို ပွေ့ဖက်ထားပြီး မျက်လုံးချင်းဆုံကြည့်ကာ "လုယန် ရှင် ကျောက်ကျန်းဟုန်ကို ဆက်သွယ်လို့ရလား"

လုယန် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။ "ဘာဖြစ်လို့လဲ"

ချင်းရို့ ပြုံး၍ ဒီနေ့ဖြစ်ပျက်ခဲ့တာကို အတိုချုံးပြောပြလိုက်၏။

ချင်းရို့ အခုလေးတင် စာအုပ်ဖတ်နေရင်းနဲ့ တွေးကြည့်မိတော့ ဤဇာတ်လမ်းဟာ အမှန်တကယ်ကို မှော်ဆန်လွန်းတယ်လို့ ခံစားခဲ့ရလျက်။

အစားထိုး၊ လရောင်ဖြူလေး၊ ဇနီးဟောင်း၊ မိန်းမတစ်ယောက်အပေါ် ကြွေသွားတဲ့ ညီအစ်ကိုကောင်း၊ ၁၉၇၀နှစ်များ၌ စာနှင့် ဆက်သွယ်ခြင်း၊ တိုက်ဆိုင်လွန်းတဲ့ ထူးထူးဆန်းဆန်းအခြေအနေတွေ၊ စာအုပ်ကို မျောက်ခိုးသွားခြင်း... စသဖြင့် အမျိုးစုံပါဝင်နေတာပဲနော်...

ဒီဇာတ်လမ်းဟာ စာအုပ်တစ်အုပ်မှာ အမှန်တကယ်ရှိတယ်ဆိုရင် သာမန်စာရေးဆရာတွေ ရေးသားနိုင်တဲ့ ဇာတ်လမ်းမျိုး မဟုတ်ပါပေ။

နောက်ဆုံးတွင် ဒီနှစ်မျိုးကို အတူတူပေါင်းစည်းလိုက်နိုင်ရင်တော့ ဒါဟာ ခေတ်ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်သွားလိမ့်မှာပေါ့။

ချင်းရို့ ပြောပြတာကို နားထောင်ပြီးနောက် လုယန်ပြောလာသည်မှာ

"... ဒီလိုမျိုးဖြစ်နိုင်သေးတာလား?"

ကြားရတာကြီးက အရမ်းထူးဆန်းနေတယ်လေ။

"ဒါဟာ တိုက်ဆိုင်မှုပဲ"

ချင်းရို့ စာကို လုယန်ဆီ ပေးလိုက်ရင်း "အရာရှိလုရေ... မဟုတ်ဘူး၊ လုကောရေ စာတစ်စောင် သွားပို့ပေးနော်"

"ထားထားလိုက်၊ ကိုယ်မှတ်ထားလိုက်ပြီ"

လုယန် စာအိတ်ကို ဘေးသို့ပစ်လိုက်ပြီး ချင်းရို့ခါးလေးကို ပွေ့ဖက်ကာ အနေအထားရွှေ့လိုက်ပြီးနောက် သူမအပေါ်ဖိထားလိုက်၏။ ဒီလိုညမှာ သူ တခြားသူတွေရဲ့ ကိစ္စကို ဂရုမစိုက်ချင်ပါဘူးနော်။ သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဇနီးလေးကိုပဲ ပွေ့ဖက်ချင်တာပါနော်။

"ပြီးတော့ ကျွန်မ တပ်မတော်ဆီကို သတင်းပို့ထားတာလေးတစ်ခုရှိတယ်၊ အပ်ချုပ်စက်ဝယ်ဖို့အတွက် လျှောက်ထားတယ်နော်"

"ဝယ်လေ၊ မင်းလိုချင်ရင် ဝယ်လိုက်။ ကိုယ်တို့သားတွေအတွက် အဝတ်အစားတွေ ချုပ်ပေးပေါ့"

"ရှင့်အတွက် ချုပ်ပေးမလို့လေ"

"ကိုယ်က မလိုပါဘူးကွာ၊ ကိုယ်ဝတ်ဖို့က လုံလောက်နေပါပြီ"

"ရှင့်မိန်းမ ချုပ်ပေးမှာကို မကြိုက်ဘူးလား-- အမ်း--"

*** (ပြိုင်ကားကြီးဖြတ်သွားပါပြီကွယ် 😝)

နောက်တစ်နေ့တွင် လုယန် စာကိုယူထားလိုက်ပြီး နောက်ရက်အနည်းငယ်တွင် ကျောက်ကျန်းဟုန်ကိုတွေ့ရန် သူ့ယူနစ်ဆီ သွားခဲ့သည်။

ကျောက်ကျန်းဟုန်သည် မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီး၊ နှာတံမြင့်မြင့်၊ ချောမောခန့်ညားတဲ့ မျက်နှာအသွင်အပြင်နှင့် သုံးဖက်မြင် ခန့်ညားလှသော သူ့အရှေ့က စစ်ယူနီဖောင်း ဝတ်ထားတဲ့ အမျိုးသားကို ကြည့်လိုက်၏။

ကောင်းကင်ပြာပြာ၊ တိမ်တိုက်ဖြူဖြူတွေနှင့် ပင်လယ်လေနုနုအောက်ရှိ စိတ်အခြေအနေကောင်းနေတဲ့ လုကောဟာ ချောမောခန့်ညားလွန်းနေသည်ပင်။

သူတို့နှစ်ဦးသားတွေ့ကြတဲ့အခါ ဝမ်းနည်းအားငယ်မှုသာ ကျန်ရှိနေလျက်။ မနှိုင်းယှဥ်တာပဲ ပိုကောင်းပါတယ်၊ မဟုတ်လို့ နှိုင်းယှဉ်ကြည့်မိရင် ပိုဝမ်းနည်းစရာကောင်းတယ်လေ...

ဝမ်းနည်းစရာပဲ... သူ အရမ်းအားငယ်ရတယ်ကွာ... ပင်လယ်ကြီးကလွဲပြီး သူ့ဘဝမှာ လွမ်းဆွေးခြင်းနှင့် တိတ်ဆိတ်ခြင်းသာ ရှိနေလေရဲ့...

လုယန် သူ့ပခုံးကို ပုတ်ကာ သူ့လက်ထဲကစာကို ကမ်းပေးလိုက်၏။

ကျောက်ကျန်းဟုန် စာကိုယူလိုက်ပြီး မမျှော်လင့်သည့်လေသံဖြင့် "ဒါက ဘာလဲ၊ မင်း ငါ့ကိုပေးတာလား?"

လုယန် မျက်ခုံးပင့်ကာ "ကိုယ့်ဘာသာကြည့်စမ်းကွာ"

ကျောက်ကျန်းဟုန် စာကိုဖွင့်လိုက်ပြီး ခဏအကြာတွင် သူ့မျက်နှာမှာ နီမြန်းလာကာ စာကိုလျို့ဝှက်စွာကြည့်ရန် အမြန်နောက်လှည့်လိုက်၏။

သူ့အနောက်မှ လုယန်က တင်ပါးကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း သူ့ကို စိုက်ကြည့်နေရာ ကျောက်ကျန်းဟုန် သူခိုးဆီမှ ကာကွယ်လိုဟန်ဖြင့် တိတ်တဆိတ် ခြေလှမ်းနှစ်လှမ်းဆုတ်၍ စာကို နှစ်ကြိမ်မျှ သေချာကြည့်ပြီးမှ ဖတ်လိုက်ပါတော့သည်။

လုယန်: "…"

ကျောက်ကျန်းဟုန် သူ့လက်ထဲက စာကိုဖတ်နေရင်း သူ့မျက်နှာမှာ ရုတ်ချည်း နီရဲလာသလို သူ့ပါးပြင်တွေ ပြင်းပြင်းထန်ထန် ပူလောင်လာပြီး နားမလည်နိုင်လောက်အောင် စိတ်လှုပ်ရှားသလို ခံစားလိုက်ရ၏။ သူနှင့် ရင်းနှီးလွန်းတဲ့ လူတစ်ယောက်နှင့် တွေ့လိုက်ရတဲ့အခါ စိတ်လှုပ်ရှားနေသလိုမျိုးပင်။

ဒါ... အပြင်လူတွေကို ပြောပြလို့မတတ်ဘူးကွာ...

ဒီလိုတိုက်ဆိုင်တာမျိုးရှိတယ်လား?! တိုက်ဆိုင်လိုက်တာကွာ! ဒီလောက်တိုက်ဆိုင်တာလား ! !

- အဲဒီတုန်းက ကံကောင်းခြင်းတွေ ရခဲ့တာများလား?!

ကျောက်ကျန်းဟုန် သူ့ရှေ့က လုယန်ကို ထူးထူးဆန်းဆန်းအမူအရာနှင့် ကြည့်လိုက်၏။

နေ့တစ်ဝက်လောက်ကြာပြီးမှသာ အနှီစကားတစ်ခွန်းထွက်လာလေရဲ့....

"မင်းကလေးရဲ့ အနှီးတွေကို လွှင့်ပစ်လိုက်ပြီလား?"

လုယန်: "…"

လုယန် သူ့ကို နှာဘူးတစ်ကောင်ကို ကြည့်တဲ့အကြည့်မျိုးဖြင့် ကြည့်လိုက်ကာ

"မင်း ထပ်လိုချင်နေပြန်ပြီလား?"

ကျောက်ကျန်းဟုန်သည် သူ့ရှေ့က ခွေးနှင့်တူတဲ့ ရဲဘော်လုယန်ဟာ ပိုပြီးမျက်စိပဒေသဖြစ်လာတယ်လို့ ရုတ်တရက် ခံစားလိုက်ရသဖြင့် ရှေ့တိုးကာ လုယန် ပုခုံးပေါ် လက်တင်၍

"ညီအစ်ကိုကောင်းရေ လောင်ဝမ်လည်း လက်တွဲဖော်တစ်ယောက်ရှာနိုင်သွားပြီလို့ ငါကြားမိတယ်ကွာ၊ အဲဒါက မင်း သူ့ကို အကြံကောင်းတွေ ပေးလိုက်လို့ဆို"

"မင်း ငါ့ကိုလည်း အကြံလေးပေးပါဦးကွာ"

ကျောက်ကျန်းဟုန် အိမ်ထောင်တစ်ခါကျခဲ့ဖူးကာ ယခု ကွာရှင်းပြတ်စဲပြီးသော်လည်း သူဟာ ယောကျ်ားမိန်းမဆက်ဆံရေးနှင့် ပတ်သက်လာရင်တော့ အမှန်တကယ် ကလေးတစ်ယောက်လိုပါပဲ။ မဟုတ်ရင် သူလည်း ကလေးရပြီးတာ ကြာလှပေါ့...

သူတို့လက်ထပ်ပြီးစဥ်အခါက ထန်ရို့ဟာ သူမကို ထိခွင့်မပေးခဲ့ဘဲ သူတို့ရင်းနှီးဖို့အတွက် အချိန်တစ်ခုပေးရမယ်လို့ ပြောခဲ့ရာ ကျောက်ကျန်းဟုန်လည်း သူမကို လက်ထပ်ပြီးခဲ့ပြီမို့ သူမတောင်းဆိုချက်ကို ပျော်ပျော်ကြီး သဘောတူခဲ့လေ၏။

အလျင်လိုစရာအကြောင်းမရှိဘူးလို့ သူတွေးခဲ့ပြီး အနာဂတ်မှာ သူတို့နှစ်ယောက် လိုက်လျောညီထွေဖြစ်လာဖို့ အချိန်တွေ အများကြီးရှိတယ်လို့ တွေးခဲ့သည်ပင်။

ရလဒ်အနေနဲ့ တစ်နှစ်ပြီးတစ်နှစ် သူမဟာ အဆင်မပြေဖြစ်နေသေးဆဲ။ သူတို့နှစ်ယောက်အတူတူရှိချိန် နည်းပါးလွန်းတာကြောင့် လက်မခံနိုင်သေးဘူးလို့ ဆိုကာ ငြင်းဆန်နေဆဲပင်။

တစ်ခါက သူငယ်ချင်းတွေနှင့် သောက်ပြီး အိမ်ပြန်ရောက်တော့ အမှားတစ်ခုလုပ်မိလုနီးပါးဖြစ်သွားခဲ့ပေမယ့် ကံကောင်းထောက်မစွာဖြင့် ကားကို အဆုံးထိမသွားဘဲ ရပ်တန့်ခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် ကျောက်ကျန်းဟုန်က ထန်ရို့အပေါ် အပြစ်ရှိကြောင်း ခံစားခဲ့ရကာ ထန်ရို့ရဲ့ အပြစ်တင်ကဲ့ရဲ့ရှုတ်ချမှုကို အပြည့်အဝ လက်ခံခဲ့ရသည်။

သူသည် အရင်က ထန်ရို့ကို ချစ်ခဲ့၍ သူမကို လက်ထပ်ခဲ့ခြင်းပင်။ သူမက သူ့ကို တဖြည်းဖြည်းနဲ့ လက်ခံလာလိမ့်မယ်လို့ တွေးထားခဲ့ပေမယ့် နောက်ဆုံးမှာ ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်သူသိမလဲလေ...

All Chapters