← Chapters

အခန်း (၁၇၂)

Vol. 15 Ch. 172

အခန်း (၁၇၂)

Vol. 15 Ch. 172

ကျောက်ကျန်းဟုန်သည် ယခင်က ထန်ရို့အား အရမ်းချစ်ခဲ့ပေမယ့်လည်း ကွာရှင်းပြတ်စဲပြီးနောက်တွင် အတိတ်ကို လွမ်းဆွတ်တမ်းတမနေချင်တော့ပေ။ သူမကို ကယ်တင်ပေးဖို့ မျက်နှာချင်းဆိုင်တွေ့ကြဖို့အတွက် ကြိုးစားနေတဲ့ ထန်ရို့ကိုလည်း တိုက်ရိုက်သာ ငြင်းဆန်ပစ်လိုက်၏။

ထိုအချိန်မှစ၍ နာကျင်ဝမ်းနည်းမှုတွေအကြောင်း ရေးသားတဲ့စာပေတွေကို သူ နှစ်ခြိုက်လာခဲ့သည်။

နေ့တိုင်း ကောင်းကင်ပြာပြာနှင့် ပင်လယ်ကြီးကို ကြည့်ပြီး တစ်ယောက်တည်း ဝမ်းနည်းနေတတ်ကာ သူ့စိတ်သူ ထိန်းညှိဖို့အတွက် စကားလုံးတချို့ ရေးသားရင်း တဖြည်းဖြည်း စိတ်သက်သာရာရလာခဲ့သည်ပင်။

ယဲ့မင်ရှို့ ရေးထားတဲ့စာကို သူ အခုလေးတင် ဖတ်ပြီးသွားလေပြီ။ သူ ဖတ်နေရင်း နားလည်သဘောပေါက်လာကာ စိတ်လှုပ်ရှားလာပြီး နဂိုက သေဆုံးသွားတဲ့ နှလုံးသားလေးမှာ ရုတ်တရက် ပြန်လည်ရှင်သန်လာသည့်အလား။

သူ့ဘဝရဲ့ ဒုတိယမြောက်နွေဦးကို သူရှာတွေ့တာများဖြစ်မလား...

"ညီအစ်ကိုကောင်းရေ မင်း ငါ့ကို ကူညီရမယ်နော်"

ကျောက်ကျန်းဟုန် နေမကောင်းတာမျိုး မဟုတ်ပါပေ။ ဘာပဲဖြစ်ဖြစ်လေ သူ့အရှေ့က လုယန်ဟာ ၃နှစ်ကြာအိမ်ထောင်ရေးသက်တမ်းရှိပြီဖြစ်တဲ့ အတွေ့အကြုံရှိသူ "ရဲဘော်ဟောင်း"ဖြစ်နေသည်ကိုး...

တစ်ယောက်နဲ့တစ်ယောက် သုံးရက်လောက်တွေ့ပြီးတဲ့နောက် တလေးတစား ဆက်ဆံခဲ့ကြတာပေါ့လေ...

သူက ညီအစ်ကိုလုယန်ကို အတိတ်ကလိုမျိုး ကြည့်လို့မရတော့ဘဲ မောကြည့်ရတဲ့ အနေအထားဖြင့် ကြည့်ရတော့မည်ပင်။

ညီအစ်ကိုလု စစ်သင်္ဘောပေါ်မှ ဆင်းလာတဲ့အခါ သူ့ဇနီးနှင့် ကလေးတွေက ဆိပ်ကမ်းမှာ သူ့ကိုလာကြိုကြပြီး စေးကပ်နေကြတယ်လို့ ဆိုကြသည်။

သူတို့ဇနီးမောင်နှံဟာ သူများတွေ အားကျမနာလိုဖြစ်ရလောက်အောင် ချိုမြိန်ကြတယ်ဆိုပဲ။

ကျောက်ကျန်းဟုန်လည်း သူမနာလိုမဖြစ်ပါဘူးလို့ပြောရင် လိမ်ညာတာပဲပေါ့....

သူလည်း သင်္ဘောပေါ်က ဆင်းလာတာနဲ့ သူ့ဇနီးလေးနှင့် သားသမီးတွေကို တွေ့ချင်သလို အိမ်ပြန်ရောက်တဲ့အခါ ထမင်းဟင်းပူပူနွေးနွေးနှင့် ချစ်ရသူကိုလည်း လိုချင်မိပါသည်။

အခုအချိန်မှာ ညီအကိုလုက စီနီယာပဲလေ... ညီအကိုလုရဲ့ ဘဝနေထိုင်မှုကို တွေးကြည့်နေရင်း...

"လုကောရေ ငါ မင်းကို လုကောလို့ ခေါ်မယ်လေ၊ မရဘူးလားကွာ"

လုယန်: "…"

လုယန် သူ့ညာလက်ကို မြှောက်ကာ လက်ညိုးကို ကွေးလိုက်၏။ လုယန်ပေးလာတဲ့ အကြံဥာဏ်တချို့ကို ကျောက်ကျန်းဟုန်လည်း အသေအချာ နားထောင်ကာ သဘောတူစွာ ထပ်ခါထပ်ခါ ခေါင်းညိတ်လာခဲ့သည်။

"သူငယ်ချင်းကောင်းကြီးရေ သတင်းကောင်းလေး စောင့်နေနော်"

လုယန် တစ်ကိုယ်တည်း တွေးနေမိသည်မှာ မင့်လုကော ငါက မင်းရဲ့ သတင်းကို သိပ်စိတ်မဝင်စားပါဘူးကွာ၊ ဒါပေမဲ့ ငါ့ကို ကောလို့ ခေါ်ထားတာဆိုတော့ မင်း တာဝန်တချို့ယူသင့်တယ်ဟေ့...

ဒီဇင်ဘာလတွင် ချင်းရို့ ဝယ်ထားတဲ့ အပ်ချုပ်စက်မှာ မိသားစုခြံဝင်းဆီသို့ အောင်အောင်မြင်မြင် ရောက်ရှိလာကာ ပထမထပ်ရှိ အခန်းငယ်လေးတစ်ခုတွင် ထားလိုက်၏။ ယခင်က ပရိဘောဂအခန်းဖြစ်ခဲ့သော်လည်း ယခုအခါ အပ်ချုပ်အလုပ်ရုံနှင့် အသုံးဆောင်ခန်းဖြစ်လာလေပြီ။

လိပ်ပြာတံဆိပ် အပ်ချုပ်စက်ဟာ အသစ်စက်စက်တံဆိပ်တစ်ခုပင်။ ထောင့်နားမှာ ထားထားရင်တောင်မှ "ရွှေရောင်"တောက်ပနေကာ အေးစက်စက် သတ္တုအရောင် ထွက်ပေါ်နေလျက်။

ချင်းရို့ ယခင်က အပ်ချုပ်စက်ကို တစ်ခါမှ မနင်းဖူးပါပေ။

လုယန်က အားပေးသည့်အနေနှင့် ကာကီအထည်စ ၈ပေနှင့် ချည်ထည်စ ၁၀ပေကို သူ့ကိုယ်ပိုင်ငွေဖြင့် ဝယ်ပေးခဲ့ပါသည်။

ကလေးလေးနှစ်ယောက်ဟာ ခရာသေးသေးလေးတွေလိုမျိုး အော်ဟစ်နေကြကာ

"မားမား မားမား သားကို အသစ်ချုပ်ပေး... အင်္ကျီအသစ်တွေ..."

ချင်းရို့ သူမရဲ့ အထည်စလေးတွေကို ကြည့်ရင်း သားတို့ မားမားကို အရမ်းယုံကြည်လွန်းနေတာပဲနော်လို့ တွေးနေမိလျက်။

ချင်းရို့မှာ အထည်စလှလှလေးတွေနှင့် မချုပ်ဝံ့သေးသဖြင့် သူမအစ်မ ချင်းမျန့်ဆီမှ အတိုအစတွေ အများကြီးတောင်းယူလိုက်ပြီး အဝတ်အစားချုပ်နည်းကို သင်ယူလေ့လာပါတော့သည်။

ရဲဘော်ချင်းရို့မှာ ယခုထိ အဝတ်အစားချုပ်လုပ်ရာတွင် အရည်အချင်းမပေါ်လာသေးသော်လည်း နူးနူးညံ့ညံ့ ငါးမန်းတောင်ပံနှင့် အမြီးလေးတွေပါတဲ့ ချစ်စဖွယ်ကောင်းသော ငါးမန်းအရုပ်လေးနှစ်ကောင်ကို ချည်ထိုးတတ်သည်ဖြစ်ရာ ချစ်စရာငါးမန်းလေးကို ချည်နည်းနည်းဖြင့် ငါးမန်းပေါက်စနှစ်ကောင် ထပ်မံ ပြုလုပ်ပေးလိုက်သည်ပင်။

ချည်မှာ အဖိုးတန်သည်ကြောင့် အရုပ်လေးတွေက အရမ်းမကြီးဘဲ လူကြီးလက်သီးဆုပ်အရွယ်သာ။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က ငါးမန်းရုပ်လေးတွေ ရလာတာမို့ အရမ်းပျော်ရွှင်နေကြပါတော့သည်။

ငါးမန်းဘေဘီလေးစာအုပ်ရဲ့ သစ္စာရှိစာဖတ်ပရိသတ်တစ်ဦးဟာ ၎င်းကို မနှစ်သက်ဘဲ ဘယ်နေနိုင်မှာလဲနော်?

"ငါး ငါး ငါး ငါး ! !"

"ငါး ငါး ! !"

"ပါးပါးမားမားမှာရော မရှိဘူးလားဟင်?"

…

ဟုတ်တာပေါ့ မားမားနဲ့ပါးပါးမှာလည်း ရှိသင့်တာပေါ့လေ။ ဒါပေမယ့် ချင်းရို့က အထည်စတွေ အများကြီး ဖြုန်းတီးဖို့ တွန့်ဆုတ်နေတာကြောင့် သော့ချိတ်အရွယ်အစား "ငါးမန်းစုံတွဲ"နှစ်ကောင်ကိုသာ ပြုလုပ်ခဲ့ပြီး ကြိုးနဲ့တွဲ၍ အခန်းဓာတ်ပုံနံရံမှာ ချိတ်ဆွဲထားလိုက်သည်။

"ဟုတ်ပြီ တစ်မိသားစုလုံး အစီအရီလေးဖြစ်သွားပြီနော်"

ကလေးနှစ်ယောက် ဝမ်းသာအားရ ခေါင်းညိတ်ပြကြလျက်။

ချင်းရို့ ကလေးလေးနှစ်ယောက်ကို ပြုံးပြကာ အနမ်းပေးလိုက်ပြီး နောက်ဆုံးမှာတော့ အဝတ်အစားတွေ စတင်ပြုလုပ်လေပြီ။

သူမ ကလေးလေးနှစ်ယောက်အတွက် ပုံစံတူ အင်္ကျီလေးနဲ့ ဘောင်းဘီတိုလေးကို ဦးဆုံးချုပ်လိုက်ပေသည်။ အဝတ်အစားတွေကို အနည်းငယ် ချောင်ချောင်ချိချိ ပြုလုပ်ထားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ချုံကျိုးကျွန်းရဲ့ ရာသီဥတုနဲ့ဆို အတိုလေးတွေ ဝတ်ရတာ သင့်လျော်တာပဲလေ...

ဘောင်းဘီတိုတွေကတော့ ကျွန်းပေါ်မှာ နေထိုင်ရခြင်းရဲ့ အကျိုးကျေးဇူးလို့လည်း ယူဆနိုင်လေရဲ့။

ဘာလို့ဆို အထည်စတွေ အကုန်အကျသက်သာလို့ပေါ့။

ကလေးလေးတွေ အရပ်ရှည်လာတယ်ဆိုရင်တောင်မှ ကိစ္စမရှိဘူးလေ။ သူတို့လေးတွေက နဂိုကတည်းက အတိုလေးဝတ်ထားကြတာဆိုတော့ ဘောင်းဘီတိုသွားလို့ စိုးရိမ်စရာ၊ ရှက်နေစရာ မလိုတော့ဘူးပေါ့။

ကလေးလေးတွေအတွက် အင်္ကျီအဖြူလက်တိုနှင့် စစ်စိမ်းရောင်ဘောင်းဘီတိုလေးတွေကို ပြုလုပ်ပေးထားခဲ့၏။ အင်္ကျီရင်ဘတ်နားမှာ ငါးမန်းငယ်လေးပုံကို ရိုးရိုးရှင်းရှင်း ချည်ထိုးပေးထားခဲ့သည်။ ဒီလိုရိုးရိုးရှင်းရှင်း စတိုင်မျိုးဆိုရင်တော့ ချင်းရို့အတွက် ဘာပြဿနာမှ ကြီးကြီးမားမား မရှိဘူးပေါ့။

ကလေးလေးနှစ်ယောက်ကို အဝတ်အသစ်တွေ စမ်းဝတ်ကြည့်ဖို့ ခေါ်လိုက်တဲ့အခါ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က သူတို့မေမေ ချုပ်ပေးထားတဲ့ အဝတ်အစားတွေကို စိတ်လှုပ်ရှားစွာ ဝတ်ဆင်လိုက်ကြပြီး သူတို့ရဲ့အရုပ်သေးလေးတွေကို ပျော်ရွှင်စွာ ပွေ့ဖက်ထားခဲ့ကြသည်။

ကလေးငယ်နှစ်ဦးဟာ မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး မှန်ထဲမှာ သူတို့ကိုယ်သူတို့ ကြည့်နေကြရင်း ကလေးဆန်ဆန်မျက်နှာလေးဟာ နီမြန်းလာလေ၏။

ဤခေတ်ကာလ၌ စစ်စိမ်းရောင်ဘောင်းဘီတိုတွေက ရေပန်းစားနေသောအရောင်လေးပင်။ သူတို့က ငါးမန်းရုပ်လေးပါတဲ့ အင်္ကျီအဖြူလေးကိုလည်း အထူးတလည်နှစ်ခြိုက်နေကြလျက်။ အင်္ကျီလက်တိုအောက်ရှိ လက်မောင်းသေးသေးလေးတွေဟာလည်း နူးညံ့ပျော့ပျောင်းနေလေရဲ့။

ချင်းရို့ ဒါကိုမြင်သောအခါ အလွန်ကျေနပ်နေမိပြီး အခုအဝတ်အစားတွေဟာ နောက်ပိုင်းမျိုးဆက်များတွင် ရောင်းချလာမယ့် ကလေးအ၀တ်အစားတွေထက် ပိုကောင်းတယ်လို့ ထင်မြင်မိပေသည်။

ဟုတ်တာပေါ့... အဓိကအကြောင်းအရင်းကတော့ သူတို့ရဲ့ ကလေးလေးနှစ်ယောက်က အရမ်းကိုကြည့်ကောင်းပြီး ဘယ်အဝတ်အစားကိုပဲဝတ်ဝတ် မော်ဒယ်လ်သေးသေးလေးတွေနဲ့ တူနေလို့ပဲပေါ့နော်...

"မားမားရဲ့ ချုပ်ပေးတဲ့ အဝတ်အစားလေး! !"

"အဝတ်အစားလှလှလေး! !"

…

ကလေးလေးနှစ်ယောက်ဟာ သူတို့မေမေကို သက်တံ့လေးတွေ မှုတ်ထုတ်နေကြလျက်။ (အရမ်းတွေမြှောက်ပင့်နေကြတာပါ)

ချင်းရို့လည်း ကလေးတွေကြောင့် မူးဝေသွားရကာ လုယန်အတွက် ဝတ်စုံချုပ်ပေးဖို့ လုပ်နေပါတော့သည်။

ချင်းရို့က လုယန်အတွက် ဝတ်စုံချုပ်ပေးရာတွင် များစွာအားစိုက်ထုတ်ထားရသည်ပင်။ ကလေးနှစ်ယောက်လိုမျိုး လုယန်အတွက်လည်း အရောင်ဆင်တူ ရှပ်အင်္ကျီအဖြူနှင့် စစ်စိမ်းရောင် ဘောင်းဘီရှည်ကို ကြယ်သီးတွေနဲ့ ချုပ်ပေးခဲ့သည်။

လုယန် ပြန်ရောက်လာချိန်တွင် ချင်းရို့က စမ်းဝတ်ကြည့်ရန် တိုက်တွန်းလိုက်ရာ လုယန်က သူမအား အပြုံးလေးနှင့် ကြည့်လိုက်လေ၏။ သူတို့ဟာ ကာလကြာရှည်ပြီဖြစ်တဲ့ စုံတွဲဖြစ်နေပြီဖြစ်၍ ရှောင်ရှားစရာ ဘာမှမရှိတာကြောင့် လုယန်လည်း သူ့ဇနီးလေးရှေ့မှောက် နေရာမှာတင် အ၀တ်အစားအသစ်ကို လဲဝတ်လိုက်သည်။

"မဆိုးပါဘူး၊ အဆင်ပြေတယ်"

လုယန်ကတော့ ချီးကျူးစကားတွေကို မတွန့်မတိုပြောဆိုလာလေ၏။

ချင်းရို့က သူ့ရှေ့မှာ ရပ်ကာ သူ့အတွက် ကော်လာကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးလိုက်ပြီး အလယ်မှ ရှပ်အင်္ကျီကြယ်သီးတပ်ပေးနေရင်း သူ့ရင်ဘတ်ကို သူမလက်ချောင်းတွေနှင့် ဖြေးဖြေးလေး ပွတ်ဆွဲနေလိုက်သည်။

သေသပ်စွာချုပ်ထားတဲ့ ရှပ်အင်္ကျီမှာ သူ့ကိုယ်ပေါ်မှာ ချပ်ရပ်ကပ်နေပြီး ကြွက်သားလိုင်းတွေတောင် ခပ်ရေးရေးလေး ပေါ်နေလေရဲ့။

All Chapters