← Chapters

အခန်း (၁၇၄)

Vol. 15 Ch. 174

အခန်း (၁၇၄)

Vol. 15 Ch. 174

ကျောက်ကျန်းဟုန်သည် အနာဂတ်တွင် ယဲ့မင်ရှို့ကို လုယန်နှင့် တွေ့ဆုံခွင့်မပေးသင့်ဘူးလို့ တွေးနေမိလျက်။

ဒါဟာ တကယ့်ကို ဘေးအန္တရာယ်တစ်ခုဖြစ်လာလိမ့်မှာ...

နားမလည်နိုင်လောက်အောင်ပါပဲကွာ.. မင်း ဘယ်လိုတယောမျိုးကစားနေတာလဲဟေ?

လုယန် တယောတီးခြင်းက သူ ဂစ်တာတီးခြင်းကို နောက်ကျကျန်ရစ်ဖြစ်စေနိုင်ပြီလားကွာ? လုယန် တကယ့်ကို ကျွမ်းကျင်နေလိမ့်မယ်လို့ သူ လုံးဝမထင်ထားခဲ့ပေ။

"လောင်ကျောက်?"

"လောင်လု.....”

ကျောက်ကျန်းဟုန် စကားအနည်းငယ်ပြောဖို့ အချိန်မရခင်မှာပင် အိမ်အပြင်သို့ ပြေးထွက်လာတဲ့ တက်ကြွနေတဲ့ ကလေးပေါက်စလေးနှစ်ယောက်ကို တွေ့လိုက်ရ၏။

"ပါးပါး ပါးပါး..."

လူပိစိလေးနှစ်ယောက်ဟာ ရှပ်အင်္ကျီအဖြူနှင့် စစ်စိမ်းရောင်ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး ဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကောင်းနေလျက်။ သူတို့လေးတွေက သူတို့ဖေဖေဆီ ပြေးသွားကြပြီး သီချင်းဆိုချင်ကြောင်း အော်ဟစ်နေခဲ့ကြ၏။

"ပါးပါး ပါးပါး သား သီချင်းဆိုချင်တယ်"

"သီချင်းဆိုမယ် သီချင်းဆိုမယ်!!"

…

"ဦးလေးကျောက်လို့ ခေါ်လိုက်"

ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ ကျောက်ကျန်းဟုန်ကိုတွေ့လိုက်ရ၍ "မင်္ဂလာပါ ဦးလေးကျောက်" လို့ တညီတညွတ်တည်း အော်လိုက်ကြလေရဲ့။

ဤမြင်ကွင်းမှာ သက်ရောက်မှုကြီးမားလွန်းလှသည်။ သူ့အရှေ့မှ လူကြီးနှင့် လူပိစိလေးတွေရဲ့ မျက်နှာအသွင်အပြင်မှာ အလွန့်အလွန် ဆင်တူနေကြသည်မှာ လုယန်ကို ပုံတူကူးထားတဲ့ လုယန်အသေးစားဗားရှင်းနှယ် အတိအကျ ဆင်တူနေသည်ပင်။ တူညီတဲ့အမြွှာလေးနှစ်ယောက်ရှိရတာ ပျော်ရွှင်စရာပဲကွာ...

ကျောက်ကျန်းဟုန် အနည်းငယ် ပခုံးတွန့်သွားကာ အတော်လေး စိတ်ဓာတ်ကျရတယ်လို့ ခံစားမိသွားရ၏။ သူ တကယ်ပင် မနာလိုဖြစ်မိပါသည်။ သူက အသက်နည်းနည်းလေးပိုကြီးပေမယ့် တစ်ဖက်လူရဲ့ ကလေးတွေက သူ့ကို ဦးလေးလို့ ခေါ်တောင်ခေါ်နေကြပြီလေ။

- ငါ ဘာလို့ သူ့အိမ်ကို လာမိတာလဲကွာ?

လက်ဆောင်ကိုချပြီး ပြန်သွားလိုက်ချင်ပြီဟေ့...

ပြန်မသွားခင်တွင် ကျောက်ကျန်းဟုန်က ဒီကောင်လေးနှစ်ယောက် သီချင်းဆိုတာကို အမှန်တကယ် ကြားချင်ခဲ့သည်ပင်။

ကလေးတွေရဲ့ မေမေက အသံကောင်းပြီး အနုပညာအဖွဲ့မှာ သီချင်းဆိုလေ့ရှိတာကြောင့် သူ့သားတွေကလည်း သီချင်းဆိုရတာ အရမ်းနှစ်ခြိုက်ကြတာဟာ သူတို့မေမေရဲ့ စွမ်းရည်ကို အမွေရထားတာကြောင့်များဖြစ်နိုင်မလားလေ...

လာပါလာပါ... သားအဖတွေကြားထဲက အပြန်အလှန်ဆက်ဆံရေးကို ကြည့်ထားရမယ်... အနာဂတ်မှာ သင်ယူရမယ်ကွာ...

"လုယန် မင်းရဲ့သားလေးတွေ သီချင်းဆိုတာကို ငါနားထောင်လို့မလား?"

တယောကိုင်ထားတဲ့ လုယန်ရဲ့လက်မှာ အေးခဲသွားရလျက် "..."

"ပါးပါး ပါးပါး သီချင်းဆိုမယ် သီချင်းဆိုမယ်"

"သီချင်းဆိုမယ်"

ကလေးနှစ်ယောက်ရဲ့ လက်တွေက သူတို့ဖေဖေ ဒူးပေါ်မှာရှိနေကြကာ မျှော်လင့်စောင့်စားနေကြလျက်...

လုယန်: "ကောင်းပြီ"

လုယန်က တယောတီးပြီး ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က တညီတညွတ်တည်း သီချင်းဆိုကြလေပြီ။

"ပျံလွှားငယ်လေးတွေ... ရောင်စုံအဝတ်အစားတွေ ဝတ်ထား... နွေဦးတိုင်း ဒီကိုလာကြတယ်..."

ကလေးတွေရဲ့ အသံကို ကြားလိုက်ရချိန်တွင် ကျောက်ကျန်းဟုန်မှာ တုန်လှုပ်သွားရကာ "... ? ? ? ! ! !"

ဒါ... ဒါ... ဒါ... ဒါက...

သူ့ကိုယ်ဟန်အနေအထားကို ဆက်ထိန်းထားရင်း ရုတ်တရက် တုန်လှုပ်မနေတော့ပေ။

တုန်လှုပ်စရာ ဘာရှိလို့လဲ...?

"ပျံလွှားငှက်ငယ်လေး"ကို နားဆင်ဖို့ မင်ရှို့ကို လုအိမ်ဆီ သေချာပေါက် ခေါ်လာရမယ်။

ကျန်းချန်ပေ့သည် တယောဆွဲထုတ်ပြီး အိမ်ပြင်ထွက်လာတဲ့ ဘေးအိမ်က ရဲဘော်လုကို မြင်သည်နှင့် တံခါးနှင့် ပြတင်းပေါက်တွေကို အသေအချာ ပိတ်ထားတာ ပိုကောင်းကြောင်း သိလိုက်လေပြီ။

သို့သော် သူ့မိန်းမ ဟွမ်ရှင်းရင်က တံခါးနှင့် ပြတင်းပေါက်တွေကို ပြန်ဖွင့်လိုက်သဖြင့် ကလေးဆန်ဆန် အသံလေးတွေက အခန်းထဲသို့ ပျံ့လွင့်လာလေရဲ့။

လောင်ကျန်း: "..." မွန်းကျပ်သွားရပြီဟေ့။

သူ မေးဆတ်ကာ ပြောလိုက်၏။

"ဘာလဲ? မင်းလည်း သံစဉ်ကို နားထောင်ချင်တာလား၊ ဒါဆို ဘာလို့ ငါ့ရဲ့ အာ့ဟူကိုပဲ နားမထောင်တာလဲကွာ?"

ဟွမ်ရှင်းရင်က သူ့ကို ထူးမခြားနားဟန်ဖြင့် တစ်ချက်ကြည့်၍

"ဘေးအိမ်က မိသားစုဝင် တယောတီးနေတာကို နှောင့်ယှက်မနေနဲ့။ ကြည့်လိုက်စမ်းပါ... အရမ်းကောင်းပြီးတော့ ဘယ်လောက်တောင် မျက်စိပဒေသာရှိလိုက်သလဲလို့။ ခေါင်းဆောင်လုက သူ့သားတွေနဲ့အတူတူ သီချင်းဆိုနေကြတာ"

ကျန်းချန်ပေ့: "…"

ကျန်းချန်ပေ့သည် ခဏလောက်တော့ သူ့မိန်းမဟာ ရွဲ့စောင်းပြောနေသလားဆိုတာ သူ မသိတော့ပါချေ။

ဒီဝါကျမှာ မျက်စိပဒေသာဖြစ်တယ်ဆိုတာကပဲ မှန်နေတယ်နော်...

ဒီဆရာမဟွမ်ရဲ့ ဦးနှောက်ပျက်သွားပြီလားလို့ သူတွေးနေမိလျက်။

ကျန်းချန်ပေ့ သက်ပြင်းချလျက် "နားထောင်ကြည့်လေ၊ အားလုံးက ဒီလိုမျိုး ဆိုကြ
 တာပဲလေ..."

"သူများကလေးက အသက်ဘယ်လောက်ရှိပြီမို့တုန်း? ဒီလောက်ဆိုနိုင်တာနဲ့တင် တော်တော်လေး ကောင်းနေပြီလေ။ ကလေးတိုင်းကို ဖွံ့ဖြိုးမှုဆိုင်ရာ ရှုထောင့်ကနေကြည့်ပြီးတော့ တိုးတက်ကြီးထွားနိုင်တဲ့ စွမ်းအားတွေရှိမယ်လို့ ယုံကြည်ပေးရမယ်"

ဆရာမဟွမ်က ဒီကလေးနှစ်ယောက် သီချင်းကောင်းကောင်းဆိုနိုင်တယ်လို့ ခံစားရသည်ပင်။

ဟုတ်ပါတယ်၊ ဒါကို ပေါ့ပေါ့လေး သတ်မှတ်ပစ်လိုက်လို့မရဘူးလေ။

"နှောင်းပန်းလေးတွေ"ဆိုတဲ့ စကားလုံးလေးလုံးကို ရှင် မကြားဖူးဘူးလား?

ကျန်းချန်ပေ့ နှာခေါင်းရှုံ့ကာဖြင့် "ငါကြားဖူးတာကတော့ အသက်သုံးနှစ်ဆိုရင် ကြီးပြီ၊ အသက် ခုနစ်နှစ်ဆို အသက်ကြီးလာပြီ၊ အသက်ဆယ့်နှစ်နှစ်ဆို အသက်ပြည့်..."

"ဒါဆို ရှင် *ရှန်းကျုံ့ရုံအကြောင်း သင်ယူပြီးပြီလား? အခုတော့ နောက်ကျလွန်းသွားပြီမို့ ကောင်းမှာမဟုတ်တော့ဘူးနော်"

(*ရှန်းကျုံ့ရုံ - စကားပြေတစ်ပုဒ်ပါ)

လောင်ကျန်းက သေချာစွာပြောလာခဲ့သည်။

"ငါတို့သားလေး သွင်းသွင်းက ပိုကောင်းတယ်လို့ ငါထင်တယ်နော်။ သူက အစောကြီး စကားပြောတတ်တယ်လေ၊ ဘေးအိမ်က ကလေးတွေထက် ပိုစောသေးတယ်"

ခေါင်းဆောင်ကျန်းက ဒီကိစ္စကို စိစစ်စုံစမ်းပြီးသွားပြီဖြစ်ရာ သူတို့ရဲ့ သွင်းသွင်းလေးက ပိုကောင်းသည်ပင်။

ဆရာမဟွမ်က မျက်ခုံးပင့်လျက် "ဒါဆို အဲဒီလီချင့်ဟွားရဲ့ ထျောင့်ထျောင့်လေးက ပိုတော်တာပေါ့။ သူမ ဘယ်နှနှစ်ပဲရှိသေးလို့လဲ ဒီလောက်လျှာစောင်းထက်နေလိုက်တာ"

ကျန်းချန်ပေ့: "…"

"မင်းတို့မိန်းမတွေနဲ့ ငါ မယှဉ်နိုင်ဘူးကွာ"

"ဟမ့် ကောက်ချက်ချရရင် ဘေးအိမ်မှာ အဆိုတော်တစ်ယောက် ရှိကောင်းရှိလာလိမ့်မှာ"

ဆရာမဟွမ်က ဘေးအိမ်က ရှောင်ချာကျင်းဟာ အရမ်းတော်တာကြောင့် အနာဂတ်မှာ သူ့သားတွေကို ဘယ်လိုသင်ပေးမလဲဆိုတာ သူတို့လည်းမသိသဖြင့် သူများတွေကို စောစောစီးစီး သွားရယ်နေလို့မရဘူးလေ။

သတိထားရမယ်...

ရှောင်ချာကျင်းဟာ သူမရဲ့ လုအကြီးကြီးက လုပိစိလေးနှစ်ယောက်ကို သီချင်းဆိုဖို့ ခေါ်သွားတော့မယ်ဆိုကတည်းက တစ်ယောက်တည်း ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်းကိုတော့ ဆရာမဟွမ် မသိသည်မှာ သနားစရာကောင်းလှသည်ပင်။

ချင်းရို့ကတော့ ဒီလိုစိတ်ဆင်းရဲစရာအသံတွေ နားထောင်ဖို့ အိမ်ထဲမှာ မနေချင်ပါဘူးနော်။

ရဲဘော်လောင်လုက သူမအား သစ္စာဖောက်တစ်ဦးအလား ကြည့်တဲ့အခါ ချင်းရို့လည်း ဆင်ခြေတစ်ခုရှာကာ ထွက်ပြေးသွားတော့သည်။

သူမ သီချင်းလေးညည်း၍ ကမ်းခြေမှာ လမ်းလျှောက်ရင်း ခရုခွံလှလှလေးတွေကောက်ပြီးနောက် ဝက်လက်တွေ သွားဝယ်ခဲ့သည်။ ထို့နောက် အိမ်ပြန်ပြီး ဝက်လက်စတူးတစ်အိုးချက်ရန် စီစဥ်ထားခဲ့သည်။

ဒီညတော့ သူမ မြေအိုးဟင်းလျာတွေအပြည့် ပြင်ဆင်မည်ဖြစ်ပြီး လုမိသားစုထမင်းဝိုင်းကို သူမရဲ့ မြေအိုးဟင်းလျာတွေနဲ့ လွှမ်းမိုးထားရမယ်ဟေ့...

လွန်ခဲ့သည့်သုံးနှစ်အတွင်းတွင် ရဲဘော်ချင်းရို့က မီးဖိုငယ်လေးတွေနှင့် အဖုံးပါ အိုးများစွာကို စုဆောင်းထားခဲ့သဖြင့် သူတို့အိမ်မှာ ဒလိမ့်တုံးတွေထက် မြေအိုးငယ်လေးတွေ ပိုများနေပြီဖြစ်သည်။

မြေအိုးယာဂုနှင့် မြေအိုးထမင်းကတော့ သူမအကြိုက်ဆုံးပင်။

ချင်းရို့ ဝက်လက်တွေဝယ်ပြီး အိမ်ပြန်ရောက်တဲ့အခါ အိမ်မှာ ဧည့်သည်တစ်ယောက်ရှိနေတာကို သတိထားမိသွားရပြီး သေသေချာချာကြည့်လိုက်ရာ ရဲဘော်ကျောက်ကျန်းဟုန် ဖြစ်နေတာကို တွေ့ရှိသွားရသည်။

ကျောက်ကျန်းဟုန်က သူမကို တွေ့ရတာ အရမ်းပျော်မြူးနေလေ၏။ ကျောက်ကျန်းဟုန်က ချင်းရို့အား ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီးနောက် ကျေးဇူးတင်စကားပြောလေပြီ။

"ကျေးဇူးတင်ပါတယ် မရီးရေ၊ မရီးကြောင့်သာ မဟုတ်ရင် မင်ရှို့နဲ့ သိလိုက်ရမှာ မဟုတ်ဘူးဗျာ"

ချင်းရို့: "... မဟုတ်တာ၊ ဒါဟာ ရှင်တို့နှစ်ယောက်အတွက် ဘုရားသခင် ပေးခဲ့တဲ့ ကံကြမ္မာပါပဲ" တကယ်တော့ မျောက်ကပေးတဲ့ ကံကြမ္မာပါနော်...

ထိုအချိန်တွင် လုယန် ကြားဝင်ဖြတ်ကာဖြင့် "ခယ်မလေးပါကွာ"

ကျောက်ကျန်းဟုန်က "လုကော"ကို တစ်ချက်ကြည့်လိုက်ပြီး အခုမှ ဘယ်လိုကျိုးနွံရမလဲဆိုတာ သိသွားပြီလားလို့ စိတ်ထဲမှာ လှောင်ရယ်လိုက်လေ၏။ အခုတော့ ငါ့ကို အစ်ကိုတစ်ယောက်လို သတ်မှတ်ပြီပေါ့လေ? လုကော?

"ဒီနေ့ အိမ်မှာ ဧည့်သည်ရှိတာဆိုတော့ ဟင်းပွဲများများ ချက်လိုက်မယ်နော်"

"ခယ်မလေးရေ ဒုက္ခမရှာပါနဲ့ဗျာ"

"ဒုက္ခမများပါဘူး၊ ဒုက္ခမများပါဘူး" ချင်းရို့က မြေအိုးဟင်းလျာများစွာကို တစ်ပြိုင်နက်တည်း ချက်ပြုတ်ဖို့ ကြိုးစားနေရုံလေးပင်။

All Chapters