← Chapters

အခန်း (၁၈၀)

Vol. 15 Ch. 180

အခန်း (၁၈၀)

Vol. 15 Ch. 180

ယဲ့မိဘနှစ်ပါးလည်း ယဲ့မင်ရှို့ထံ စာတစ်စောင်ပြန်ရေးခဲ့ပြီး သူမအိမ်ထောင်ရေးကို သူမကိုယ်တိုင်ဆုံးဖြတ်နိုင်ကြောင်း၊ သူမလက်တွဲဖော်ကို အိမ်ပြန်ခေါ်လာစရာမလိုကြောင်း... ပြောခဲ့လေသည်။

၁၉၇၅ခုနှစ် ဖေဖော်ဝါရီလသည် လူနာပြက္ဒဒိန် ၁၂လမြောက်ဖြစ်ပြီး နှစ်သစ်ကူးချိန်နီးကပ်လို့လာလေပြီ။

ချင်းရို့က သူမကလေးနှစ်ယောက်ကို ယူနစ်သို့ ခေါ်သွားခဲ့၏။ နှစ်ကုန်၌ ယူနစ်မှာလည်း လှုပ်ရှားမှုတွေရှိပြီး မိသားစုဝင်တွေကိုပါ ခေါ်လာနိုင်ပြီး ဒါဟာ နောက်ပိုင်းမျိုးဆက်တွေရဲ့ နှစ်ပတ်လည်အစည်းအဝေးလို့လည်း ပြောလို့ရလေရဲ့။

ဝန်ထမ်းတိုင်းအတွက် အကျိုးခံစားခွင့်တချို့ရှိပြီး အမှန်တကယ်တော့ အထက်ဖော်ပြပါ အကြောင်းအရာပုံစံမှာ ဥယျာဉ်လှုပ်ရှားမှုနှင့် ညီမျှလေသည်။

မျက်စိပိတ်ထားပြီး နှာခေါင်းကိုထိခြင်း၊ လက်စွပ်စွပ်ခြင်း၊ မြားပစ်ခြင်း၊ တူနဲ့ ပဲစေ့ကောက်ခြင်း စသဖြင့် ကစားနည်းမျိုးစုံကို စီစဥ်ထားကာ လိုအပ်ချက်များ ပြည့်မီပါက ဆပ်ပြာအတုံးသေး၊ သွားတိုက်ဆေး၊ သွားပွတ်တံနှင့် အခြားပစ္စည်းသေးသေးလေးတွေကို ရရှိနိုင်ပေသည်။

ချင်းရို့က ကလေးတစ်ယောက်စီကို လက်တစ်ဖက်စီမှာ ကိုင်ထားလျက်။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က ပတ်ပတ်လည်ကို ကြည့်ရှုနေကြသည်။

"ရှောင်ချင်းရေ နင့်ကလေးတွေက ဒီလောက်ကြီးလာပြီနော်၊ အရမ်းချစ်စရာကောင်းတာပဲဟယ်"

"ဒါက အမြွှာလေးတွေမလား၊ အကြီးလေးက ဘယ်သူလဲ၊ အငယ်လေးက ဘယ် သူလဲ?"

"ဖက်ထုပ်လေးက သားညီလေးပါ!" ဖက်ထုပ်လေးက တိုက်ရိုက်ဖြေလိုက်၏။

ကျိုးကျိုး: "ကောကောက ညီလေးပြောသလိုပါပဲ"

ဖက်ထုပ်လေး: "…"

ဖက်ထုပ်လေးက သူ့အကိုကျိုးကျိုးကို ပွေ့ဖက်လိုက်ရင်း သူ့မေမေလိုမျိုး ကျောပုတ်ပေးကာ ကလေးအသံလေးနဲ့ တိုးတိုးလေး ချော့လိုက်၏။

"တိတိရေ လိမ္မာနော်"

ကျိုးကျိုး: "…"

ချင်းရို့မှာ မရယ်မောဘဲ မနေနိုင်တော့သလို သူမပတ်ဝန်းကျင်ရှိ လုပ်ဖော်ကိုင်ဖက်များအားလုံးလည်း ကျယ်လောင်စွာ ရယ်မောကြတော့သည်။

ကျန်းရွှယ်ချင်က ချင်းရို့အား ပြောလာခဲ့၏။ "နင့်မိသားစုရဲ့ အကြီးလေးက အရမ်းတော်တယ်နော်၊ သူ့ညီလေးကို ဘယ်လိုချော့ရမလဲဆိုတာ သိတာပဲ"

"အငယ်လေးကလဲ အရမ်းထက်မြက်တာပဲ၊ သူ့ကောကောကို သူ့ကို အလွှတ်ပေးစေချင်နေတာ"

သူတို့က ဘယ်သူကအကြီး၊ ဘယ်သူကအငယ်လဲဆိုတာကို မသိကြပေ။

မေမေချင်းရို့နှင့် အစ်ကိုကြီးက အနှီဖက်ထုပ်လေးကို မဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ကြ၏။ ဖက်ထုပ်လေး သူ့အလိုလို ကွဲထွက်သွားပါက အဆာပလာတွေ ပေါ်လာလိမ့်မှာပေါ့။

"ဒေါ်လေးတွေကို ပြောပြပါဦး၊ သားတို့နာမည်ဘယ်လိုခေါ်လဲ?"

"လုကျိုးကျိုး"

"လုကျောင်ကျစ်"

"တကယ်လား? အဲ့ဒါ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးပေါ့..."

ချင်းရို့က ကျန်းရွှယ်ချင်ကို အပြုံးလေးနှင့် ကြည့်လိုက်ပြီး "လုဝေကျိုး၊ လုဝေကျယ်"

ကလေးလေးတွေရဲ့ နာမည်တွေကို အသုံးပြုဖို့ အခွင့်အရေး မရသေးဘူး။

"ငါ နင့်ကို တကယ်အားကျမိတယ်ဟာ"

နံဘေးရှိ အယ်ဒီတာအဖွဲ့မှ ရှီရှန်းယီက ပြောလာခဲ့၏။

"ငါတို့အားလုံးက အသက်အတူတူပဲကို၊ နင့်သားတွေကတော့ သုံးနှစ်နီးပါးရှိနေပြီ"

"နင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုထားလို့ ငါတို့ငှာနက လူငယ်လေးဘယ်နှယောက်လောက် ကြေကွဲနေခဲ့ရသလဲဆိုတာ ငါမသိတော့ပါဘူးဟယ်။ လူသစ်လေးတွေအားလုံး နင့်ပဲ ချောင်းကြည့်နေကြတာလေ။ နင် အိမ်ထောင်ပြုပြီး ကလေးတွေတောင်ရှိနေပြီလို့ သူတို့သိလိုက်ရတဲ့အချိန် သူတို့ရဲ့ စိတ်ပျက်သွားတဲ့ မျက်လုံးတွေကို ကြည့်လိုက်ရင်..."

"ငှာနဒါရိုက်တာလည်း နင့်ကို ညဆိုင်း ပြောင်းစေချင်နေတာ။ နင် ဘာလို့ သဘောမတူတာတုန်း? လစာအများကြီးတိုးနိုင်တဲ့ဟာ။ နင်က ဒီနှစ်မှာ ငါတို့ပြည်နယ်က ထူးချွန်တဲ့ကြေညာသူတစ်ဦး ဖြစ်လာလိမ့်မယ်"

ချင်းရို့ ခေါင်းခါလိုက်၏။ ဒါရိုက်တာက သူမကို ညဘက်စာပေအစီအစဉ်ကို ပြောင်းစေချင်ကြောင်း၊ ညအချိန်က ပရိသတ်အများဆုံးအချိန်ဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် သူမကတော့ ညပိုင်းမလုပ်ချင်ပါဘူးနော်။

တခြားအဆင်မပြေတာတွေကို ဘေးဖယ်ထားလိုက်ပါဦး၊ ညနက် အလုပ်ဆင်းချိန် အပြန်လမ်းမှာ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်သူက တာဝန်ယူမှာလဲ? ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ?

သူမကတော့ သူမကိုယ်သူမ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးဆီ မတွန်းပို့ချင်ပါဘူးနော်။

သို့သော်လည်း အသံလွှင့်ဌာန၌ သူမအား ညအစီအစဥ်ကို ယူစေချင်ကြတဲ့ လူအနည်းစုရှိပေသည်။

"ညဘက်က ဘယ်လောက်ကောင်းလိုက်သလဲဟာ၊ လူအများစုက ညဘက်အစီအစဥ်တွေကို နားထောင်ကြတာလေ။ နင် ညပိုင်းအစီအစဥ်ယူဖို့အတွက် မျှော်လင့်နေကြတာ ငါတို့ဌာနမှာ ဘယ်လောက်များသလဲလို့ ငါသိချင်မိတယ်"

"အမှန်ပဲ၊ နင် ညဘက်အလုပ်လုပ်ရင် နေ့ခင်းဘက်မှာ အားလပ်ချိန်ရှိတယ်လေ"

"ချင်းရို့ရေ ရိုးရိုးသားသားပြောရရင်... နင် ညဆိုင်းအလုပ်လုပ်ဖို့ စဉ်းစား ကြည့်ပါလား၊ နင် လမ်းမှာ တစ်ခုခုဖြစ်မှာကြောက်ရင် ငါတို့ဌာနက အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေက နင့်ကို စက်ဘီးစီးပြီးတော့ လိုက်စောင့်ကြပ်ပေးပြီး ပြန်ပို့ပေးလို့ရတယ်လေ။ သိပ်မှမဝေးတဲ့ဟာ"

"ဟုတ်တယ်၊ တစ်ယောက်ယောက်က နင့်ကို အသွားအပြန် ခေါ်သွားပေးတဲ့သူရှိရင် ပိုလုံခြုံတာပေါ့၊ ဘာဖြစ်နိုင်မှာတုန်း?"

"ငါတို့ဌာနက လူသစ်လေး ရှောင်ကျန်းမှာ စက်ဘီးရှိတယ်။ သူ အသွားအပြန် စက်ဘီးလိုက်စီးပေးတာက အချိန်မှသိပ်မကြာဘဲ၊ ဒီလိုဆို အရမ်းအဆင်ပြေတယ်လေ"

…

"ငါက တပ်မတော်မိသားစုဝင်တစ်ယောက်ဆိုတာ နင်တို့ မေ့နေတာလားဟယ်၊ ငါတို့လောင်လုက ညဘက်ပဲ အိမ်ပြန်လာတာလေ၊ ဒီတော့ ငါတို့ အတူတူရှိဖို့လိုတယ်"

"ဘာများလဲလို့၊ နင့်လောင်လုက ရက်အနည်းငယ်ကြာမှ ပြန်လာတာကို။ အဲဒီ့ရက်တွေကျ နင် စောစောပြန်လိုက်ပေါ့၊ နင့်ကိုလာကြိုခိုင်းဖို့ နင့်လောင်လုကိုလဲ လာခေါ်ခိုင်းလို့ရတာပဲ"

"ကြည့်စမ်း၊ နင် ငါတို့ယူနစ်မှာ အလုပ်လုပ်တာ ဘယ်နှစ်နှစ်ရှိပြီလဲ? နင့်ရဲ့လောင်လုက ဒီကို ခဏခဏ မရောက်ဖူးဘူးပဲ"

"မဟုတ်ဘူး၊ အခုက ကောင်းနေပြီလို့ ငါထင်တယ်"

ချင်းရို့က ရှီရှန်းယီကို တစ်ချက်ကြည့်လိုက်၏။ ရှီရှန်းယီဟာ သူမအား ညဆိုင်းအလုပ်လုပ်ဖို့ ဆွဲဆောင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိခဲ့။ သူမရဲ့ စိတ်ရင်းအမှန် ဟုတ်မဟုတ်ကိုတော့ ချင်းရို့လည်း မသိတော့ပါချေ။

ချင်းရို့ နှလုံးသားထဲတွင် အကြိမ်အနည်းငယ် သရော်နေသော်ငြား အနည်းငယ်တုန်လှုပ်သွားရ၏။

ဆိုရိုးစကားအတိုင်း ဖရဲခင်းတွေဟာ လက်ခံနိုင်ဖွယ်မရှိသလို ဇီးပန်းပွင့်တွေကလည်း သရဖူဆောင်းဖို့ မထိုက်တန်ပေဘူး။ (ယုတ္တိမတန်တဲ့ သံသယတွေကို ရှောင်ရှားဖို့ အထူးသတိထားရမယ်လို့ ဆိုလိုတာပါ)

ညဘက်နောက်ကျမှ အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ဦးကို အိမ်ပြန်လိုက်ပို့ခိုင်းမယ်ဆိုရင် ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ မဟုတ်ဘူးလား?

သူမဟာ တီဗီစီးရီးထဲက ဦးနှောက်မရှိတဲ့ ကြာပန်းဖြူ မဟုတ်ဘူးလေ။ ဒါပေမယ့် သူမဟာ ဇာတ်ညွှန်းရေးသူ အလိုရှိတဲ့ ရှစ်နာရီခွေးသွေးဇာတ်ကွက်ကို ဖန်တီးဖို့ လူတွေကို အထင်လွဲစေမယ့် အရာတွေကို လုပ်ရမှာလားနော်...

သည့်အပြင် ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များဖြစ်၍ ချင်းရို့သည် ခွေးသွေးဇာတ်ကွက်ကြီးတစ်ခုကို စိတ်ကူးကြည့်နိုင်ပါသည်။

[ကြာပန်းဖြူဇာတ်လိုက်မက ငွေအတွက် ညဆိုင်းအလုပ်လုပ်ပြီး အလုပ်ဆင်းတဲ့အခါ အမျိုးသားလုပ်ဖော်ကိုင်ဖက်များကို သူမအား ပြန်ပို့ပေးဖို့ တောင်းဆိုမယ်၊ အိမ်မှာ မကြာခဏ မရှိတတ်တဲ့ အမျိုးသားဇာတ်လိုက်က အရူးအမူးမနာလိုဖြစ်ပြီးတော့ ကြာပန်းဖြူနှင့် ဆန့်ကျင်ဘက်လိင်လုပ်ဖော်ကိုင်ဖက်တွေကြားထဲက မထင်မှတ်တဲ့ အနီးကပ်ထိတွေ့ဆက်ဆံရေးတွေကိုပင် မတော်တဆ ကြုံတွေ့ရလိမ့်မယ်။

အဲဒီအခါ အမျိုးသားဇာတ်လိုက်က မနာလိုတွေဖြစ်၊ ဒေါသတွေထွက်ပြီးတော့ တခြားသူနဲ့ ရန်ဖြစ်တဲ့အခါ ကြာပန်းဖြူမက သူ့ကို အမျိုးမျိုးစည်းရုံး ဖျောင်းဖျမယ်၊

"ရှင် နားလည်မှုလွဲနေတာ၊ ရှင် ကျွန်မကို မယုံဘူးပဲ၊ ကျွန်မတို့ဆက်ဆံရေးကို ရှင်စော်ကားနေတယ်"

"ငါနားမထောင်ဘူး၊ ငါနားမထောင်ဘူး..."

လင်မယားနှစ်ယောက် ခပ်တန်းတန်းဖြစ်သွားကြမယ်။ မကြာခဏ ရန်တွေဆက်တိုက်ဖြစ်၊ နားလည်မှုတွေလွဲ၊ သူတို့ဘေးက တစ်ယောက်ယောက်က အခြေအနေကို အခွင့်အရေးယူပြီး ဖောက်ပြန်... "ဇာတ်လမ်းအတက်အကျ"မျိုးစုံနှင့် ယုတ္တိမတန်တဲ့ စိတ်ကူးယဥ်ဇာတ်ကွက်တွေပေါ့....

နောက်ဆုံးမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးသက်တမ်း အနှစ်ငါးဆယ်လုံး တစ်ယောက်ကိုတစ်ယောက် ညှဥ်းပန်းနှိပ်စက်နေကြမယ်။ သားသမီးတွေကလည်း ဆိုးသွမ်းပြီး နာခံမှုမရှိကြ။

လိမ်လည်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဓားပြတိုက်ခြင်း၊ ထောင်ကျခြင်း... စသဖြင့် သွေးထွက်သံယို အလွန်များပြားပြီး ဇာတ်လမ်းတွဲ အပိုင်းတိုင်း ပဋိပက္ခတွေ ပြည့်နှက်နေသဖြင့် ကြည့်ရှုသူတွေကို မူးဝေသွားစေမယ်။]

-- အဲဒါက ဒီခေတ်ရဲ့ နာမည်ကြီး ဒရာမာတစ်ကား ဖြစ်လာလိမ့်မယ်။

မေ့လိုက်တော့... သူမက ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးပြီးတော့ ကလေးတွေကို ပြုစုပျိုးထောင်ရမယ်လေ။

ချင်းရို့သည် ဒါဟာ သူမ ဇာတ်လိုက်မ ဖြစ်မလာအောင် ရှောင်ရှားလိုက်တဲ့ အကြောင်းရင်းပဲပေါ့လို့ သူမဘာသာ တွေးနေမိလျက်။

အလုပ်မှ အိမ်ပြန်လာတဲ့အခါ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က အများကြီးရရှိခဲ့လေ၏။ သူတို့လေးတွေက ထင်းရှူးသီးတွေကို ကိုင်ဆောင်ထားတဲ့ ရှဉ့်လေးနှစ်ကောင်လိုမျိုး ဆပ်ပြာသေးသေးလေးတွေ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံလေးတွေကို လက်ထဲမှာ ကိုင်ထားခဲ့ကြသည်။

"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက သွားတွေကို ကောင်းကောင်းတိုက်ရမယ်နော်၊ ကိုယ့်သွားတွေကို ကောင်းကောင်း ဂရုစိုက်သင့်တယ်" ချင်းရို့က ယနေ့ ယူနစ်ကို ကလေးတွေခေါ်ပြီး ရောက်လာတဲ့အခါ ကလေးလေးနှစ်ယောက်က ချစ်စရာတွေရောင်းပြီး ဦးဦးဒေါ်ဒေါ်တွေဆီကနေ သကြားလုံးတွေ အများကြီး ရခဲ့ကြသည်။

"ဟုတ်"

ညီအကိုနှစ် ယောက် အတူတူ ခေါင်းညိတ် ကြလေရဲ့။

All Chapters