← Chapters

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇) -ရွှေအမြုတေ - အပိုင်း (၁)

~အပြင်လောကတွင်...

စုယွီ တံခါးပိတ်ကျင့်ကြံနေစဉ် ကာလအတွင်း...

အနောက်ရေစီး မြို့တော်ရှိ ချန်မိသားစု...

လွန်ခဲ့သော နှစ်အနည်းငယ်က ချန်မိသားစု၏ ခေါင်းဆောင်ဟောင်း ဖြစ်သူ ချန်ရှူသည် အိုမင်းမစွမ်းဖြစ်၍ ကွယ်လွန်သွားခဲ့ရာ၊ ချန်ယောက်သည် မျိုးနွယ်စုခေါင်းဆောင်သစ်အဖြစ် ဆက်ခံခဲ့သည်။ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်ရောက်ရန် ကြိုးစားရင်း မအောင်မြင်ခဲ့သော ယခင် ခေါင်းဆောင်ဟောင်း ချန်ချူမှာ ရာထူးမှ အနားယူလိုက်ပြီ ဖြစ်၏။ သူ့နေရာကို ဆက်ခံသူမှာ အသက် (၅၀) ကျော်အရွယ်၊ ဝိညာဉ်စုဆောင်းခြင်း အဆင့် (၉) သို့ ရောက်ရှိနေသော ချန်ကျန်း ဖြစ်သည်။

လွန်ခဲ့သော (၆) လကျော်က အနောက်ပိုင်း ရေမြို့တော်အနီးရှိ ကျင့်ကြံသူ မိသားစုများ ဖြစ်ကြသော ဝမ်မိသားစုနှင့် ထျန်းမိသားစုတို့သည် ရုတ်တရက် မဟာမိတ်ဖွဲ့ကာ ချန်မိသားစုကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ ချန်မိသားစု၏ အရင်းအမြစ်နေရာ (၂) ခုကို သိမ်းပိုက်သွားခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် ချန်မိသားစုမှ ကျင့်ကြံသူအများအပြား သေဆုံးခဲ့ရသည်။

ဝမ်မိသားစုနှင့် ထျန်းမိသားစုတို့က ချန်မိသားစုကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် ကြံစည်နေစဉ်မှာပင်၊ စုမိသားစု၏ ဒုတိယဘိုးဘေး ဖြစ်သူ စုကျင်းပန်းသည် လူအင်အားဖြင့် ရောက်ရှိလာပြီး သူတို့ကို ဆုတ်ခွာသွားရန် ကိုယ်တိုင် ဝင်ရောက် ဖျန်ဖြေပေးခဲ့လေ၏။

အနောက်ပိုင်း ရေမြို့တော်အတွင်း၌...

စုကျင်းပန်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ချန်ယောက်နှင့် ချန်ကျန်းတို့ကို ကြည့်ကာ မေးလိုက်သည်။

“ဝမ်မိသားစုနဲ့ ထျန်းမိသားစုက ဘယ်တုန်းကများ ဒီလောက် အင်အားကြီးလာကြတာလဲ... သူတို့ဆီမှာ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်စီတောင် ရှိနေပါလား... ကြည့်ရတာ သူတို့ အင်အားက သာမန်တော့ မဟုတ်ဘူး”

ချန်ယောက်သည် သက်ပြင်းချလိုက်ပြီး စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။

“ကျွန်တော်လည်း မသေချာဘူးဗျာ... သူတို့ လာမတိုက်ခင်အထိတော့ ဝမ်မိသားစုနဲ့ ထျန်းမိသားစုမှာ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူးလို့ ထင်ထားခဲ့တာ”

“ဒါပေမဲ့ ကျွန်တော် ပြန်တိုက်ဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ... သူတို့ဘက်က အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ လေးယောက် ရုတ်တရက် ထွက်လာကြတယ်”

“အဲဒီထဲက နှစ်ယောက်ကိုတော့ ကျွန်တော် ရင်းနှီးပါတယ်... သူတို့က ဝမ်မိသားစုနဲ့ ထျန်းမိသားစုရဲ့ မူလမျိုးနွယ်တွေပါပဲ”

“ဒါပေမဲ့ ကျန်တဲ့ နှစ်ယောက်ကတော့ စွမ်းအား အတော်ကြီးတယ်... တကယ်လို့သာ ကျွန်တော် သတိမထားခဲ့မိရင် သူတို့ထောင်ချောက်ထဲ သက်ဆင်းမိသွားလောက်ပြီ”

တကယ့်ကို ထူးဆန်းနေပါလား။

စုကျင်းပန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“ဒီမိသားစု နှစ်စုမှာ တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို စုံစမ်းဖို့ ကျွန်တော်တို့ မိသားစုကို စေခိုင်းလိုက်ပါ့မယ်”

ချန်မိသားစုကို ရန်စရဲလောက်သည်အထိ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ ရုတ်တရက် ပေါ်ပေါက်လာခြင်းက ဝမ်မိသားစုနှင့် ထျန်းမိသားစုတို့သည် စုမိသားစုကိုပင် မျက်လုံးထဲ မထည့်တော့ကြောင်း ပြသနေခြင်း ဖြစ်၏။

မပြန်မီတွင် စုကျင်းပန်းသည် ဒုတိယအဆင့် အလယ်အလတ်တန်းစား လမင်းအဆောင်လက်ဖွဲ့ တစ်ခုနှင့် ဒုတိယအဆင့် အဆင့်နိမ့် လမင်းအဆောင်လက်ဖွဲ့ နှစ်ခုတို့ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၄၀၀) ဖြင့် ချန်မိသားစုအား ရောင်းချပေးခဲ့သည်။

ဒီဈေးနှုန်းက ချန်မိသားစုအတွက်တော့ မသက်သာလှပေ။

သို့သော်လည်း ဒုတိယအဆင့် လမင်းအဆောင်လက်ဖွဲ့ သုံးခုကို လက်ခံရရှိလိုက်သည့်အခါ ချန်မိသားစုမှာ အလွန် ဝမ်းမြောက်သွားကြ၏။

ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းတွင် လမင်းအဆောင်လက်ဖွဲ့၏ ကျော်ကြားမှုကို မသိသူ မည်သူ ရှိပါမည်နည်း။ ပြင်ပသို့ ထွက်ခွာကျင့်ကြံကြသော ယွင်ကျန်းဂိုဏ်းသား တပည့်တိုင်းသည် ကာကွယ်ရေးအတွက် လမင်းအဆောင်လက်ဖွဲ့ကို ဆောင်ထားလေ့ရှိကြ၏။

လမင်းအဆောင်လက်ဖွဲ့နှင့် ရင်ဆိုင်ရလျှင် သာမန်လူများအဖို့ ကိုင်တွယ်ဖြေရှင်းရန် အလွန် ခက်ခဲလှပေသည်။

ကြိုတင်ခန့်မှန်းပြီး ရှောင်တိမ်းနိုင်မှသာ၊ သို့မဟုတ် အင်အားသုံးပြီး ဖြိုခွင်းနိုင်မှသာ အဆင်ပြေပေလိမ့်မည်။

ချန်မိသားစုအတွက် အဆောင်လက်ဖွဲ့ သုံးခု ထားခဲ့ပြီးနောက် စုကျင်းပန်းနှင့် သူ့လူများသည် ဆေးလုံးမျှော်စင်တောင်သို့ ပြန်လည် ထွက်ခွာသွားကြလေသည်။

ဝမ်မိသားစုနှင့် ထျန်းမိသားစု၏ အခြေအနေကို စုံစမ်းမည်ဟု သူ ပြောခဲ့ခြင်းမှာ ပေါ့ပေါ့တန်တန် ပြောခဲ့ခြင်း မဟုတ်ပေ။ သူ အလွန် အလေးအနက်ထားသော ကိစ္စတစ်ခု ဖြစ်သည်။

အကြောင်းမူကား ဝမ်မိသားစုနှင့် ထျန်းမိသားစုတို့က ချန်မိသားစုကို တိုက်ခိုက်ခြင်းအပြင်၊ ယွင်ကျန်းဂိုဏ်း နယ်မြေတစ်ခုလုံးသည် မကြာသေးမီက ဝရုန်းသုန်းကား ဖြစ်နေခြင်းကြောင့်ပင်။

ကျင့်ကြံသူ မိသားစုတိုင်းသည် ဂနာမငြိမ် ဖြစ်နေကြပြီး၊ အချင်းချင်း ပဋိပက္ခများနှင့် အငြင်းပွားမှုများ တိုးပွားလာနေ၏။

ဤအခြေအနေသည် ယွင်ကျန်းဂိုဏ်း နယ်မြေပြင်ပတွင်ပါ ဖြစ်ပွားနေခြင်း ဖြစ်သည်။

တာ့ယွဲ့စီရင်စု ၏ ဈေးကွက်အသီးသီးမှ သတင်းများအရ၊ မကြာသေးမီ နှစ်များအတွင်း ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များနှင့် ဝိညာဉ်အခင်းအကျင်း ရောင်းအားများ မြင့်တက်လာခဲ့သည်။

အကြောင်းရင်းမှာ အချို့သော ကျင့်ကြံသူ မိသားစုများသည် စစ်မီးမွှေးပြီး အရင်းအမြစ်များကို လုယူနေကြသောကြောင့် ဖြစ်၏။

ဤကိစ္စသည် စုမိသားစုကို တိုက်ရိုက် သက်ရောက်မှု မရှိသေးဘဲ၊ စုမိသားစု ဆေးလုံးမျှော်စင်၏ ဆေးလုံးရောင်းအားကိုပင် မြင့်တက်စေကာ လွန်ခဲ့သော တစ်နှစ်အတွင်း အမြတ်ငွေ (၅၀) ရာခိုင်နှုန်းခန့် ပိုမို ရရှိစေခဲ့သည်။

သို့သော် စုမိသားစုသည် ဤမငြိမ်မသက်မှု၏ နောက်ကွယ်မှ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိလိုက်၏။

သို့သော်လည်း စုမိသားစု ဆက်သွယ်ခဲ့သော ဝမ်မိသားစုနှင့် ထျန်းမိသားစုမှ လူများကို ကြည့်ရသည်မှာ ပုံမှန်မဟုတ်သည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရပေ။

ထို့ကြောင့် စုကျင်းပန်း ပေါ်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဝမ်မိသားစုနှင့် ထျန်းမိသားစု လူများကို ဆုတ်ခွာသွားရန် တိုက်တွန်းဖို့သာ ဖြစ်သည်။

ညဉ့်နက်သန်းခေါင်ယံတွင်...

အနောက်ပိုင်း ရေမြို့တော်၏ အပြင်ဘက်တွင် အရိပ်မည်းအချို့ ရုတ်တရက် ပေါ်ထွက်လာကြ၏။ ချန်မိသားစုက တုံ့ပြန်ချိန် မရလိုက်ခင်မှာပင်၊ ထိုသူများသည် မြို့တော်၏ ကာကွယ်ရေး အခင်းအကျင်းကို ဖျက်ဆီးပြီး မြို့ထဲသို့ ဝင်ရောက် စီးနင်းလိုက်ကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်မိသားစုဘက်မှ အထိအခိုက် အကျအဆုံးများစွာ ဖြစ်ပေါ်သွားခဲ့ရသည်။

သို့သော်... တိုက်ခိုက်သူများက အသာစီးရပြီး ချန်မိသားစုကို လက်ဝါးကြီးအုပ်နိုင်ပြီဟု ထင်မှတ်နေချိန်မှာပင်၊ မျိုးနွယ်စုခေါင်းဆောင် ချန်ယောက်၊ လက်ရှိခေါင်းဆောင် ချန်ကျန်းနှင့် အခြားသူများ ရုတ်တရက် ထွက်ပေါ်လာကြ၏။

အဆောင်လက်ဖွဲ့ အများအပြား ညကောင်းကင်ယံတွင် ရုတ်တရက် လင်းလက်သွားပြီး၊ ဦးဆောင်လာသော အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများသည် လေထဲတွင် ချုပ်နှောင်ခံလိုက်ရကာ လှုပ်ရှား၍ မရတော့ချေ။

“ဝုန်း...”

ချန်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင် ချန်ယောက်နှင့် ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲတို့က ရုတ်တရက် တိုက်ခိုက်လိုက်ကြ၏။ မန္တန် အစွမ်းကြောင့် လူအများအပြား ချက်ချင်း ဒဏ်ရာအပြင်းအထန် ရသွားကြပြီး၊ ထိုရုပ်သေးသားရဲက အခွင့်ကောင်းယူကာ အခြေခံတည်ဆောက်ခြင်း အဆင့် (၁) ကျင့်ကြံသူ တစ်ဦး၏ ရင်ဘတ်ကို လက်သည်းဖြင့် ထိုးဖောက်သတ်ဖြတ်လိုက်သည်။

“ဘုန်း... ဖောက်...”

နောက်ထပ် လက်သည်းတစ်ချက်ဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့် (၃) ကျင့်ကြံသူ တစ်ဦး၏ ဦးခေါင်းကို ရိုက်ခွဲပစ်လိုက်ပြန်၏။

“သတ်ကြ...”

သတ်ဖြတ်လိုစိတ် ပြင်းထန်နေသော ချန်ယောက်၏ အသံကြီးသည် အနောက်ပိုင်း ရေမြို့တော် တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး၊ ချန်မိသားစု ကျင့်ကြံသူ အားလုံးသည် ရဲရဲဝံ့ဝံ့ ပြန်လည် တိုက်ခိုက်ကြလေတော့၏။

တိုက်ပွဲအပြီးတွင်... ချန်မိသားစုသည် ဒုတိယအဆင့် လမင်းအဆောင်လက်ဖွဲ့များကို အသုံးပြု၍ အောင်မြင်စွာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။

သူတို့သည် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး၊ နှစ်ဦးကို အရှင်ဖမ်းမိခဲ့သည်။

အနောက်ပိုင်း ရေမြို့တော်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ဝမ်မိသားစုနှင့် ထျန်းမိသားစုမှ ကျန်ရှိနေသော ကျင့်ကြံသူ ထက်ဝက်ခန့် သေဆုံးခဲ့ရပြီး၊ ကျန်လူများမှာ လက်နက်ချ အညံ့ခံလိုက်ကြ၏။

သို့သော်... ဤဖြစ်ရပ်အတွင်း ချန်မိသားစုထဲမှ သစ္စာဖောက်အချို့ကို တွေ့ရှိခဲ့ရသည်။ ထိုအထဲမှ နှစ်ဦးမှာ မကြာသေးမီကမှ ချန်မိသားစုသို့ ဝင်ရောက်လာသူများ ဖြစ်ပြီး၊ ၎င်းတို့သည် မြို့တော်၏ ကာကွယ်ရေး အခင်းအကျင်းကြီးကို ဖျက်ဆီးကာ ဝမ်မိသားစုနှင့် ထျန်းမိသားစုကို မြို့ထဲသို့ ဝင်ရောက်ခွင့် ပေးခဲ့ကြခြင်း ဖြစ်သည်။

ချန်ယောက်က ထိုနှစ်ဦးကို ဖမ်းဆီးလိုက်သောအခါ၊ ၎င်းတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ မိမိကိုယ်ကို အဆုံးစီရင်သွားကြသည်မှာ အံ့အားသင့်စရာပင်။

သူတို့သည် စကားတစ်လုံးမျှ မဆိုခဲ့သလို၊ သဲလွန်စ တစ်ခုမျှလည်း ချန်မထားခဲ့ချေ။

ထိုသစ္စာဖောက် နှစ်ယောက် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ချန်ယောက်၊ ချန်ကျန်းနှင့် ချန်မိသားစု အကြီးအကဲများ၏ မျက်နှာထားများ ပျက်ယွင်းသွားကြ၏။ သူတို့ အရှင်ဖမ်းမိထားသော အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ဦးကို သွားရောက် ကြည့်ရှုလိုက်သောအခါ၊ ထိုသူများလည်း မည်သည့်အချိန်ကတည်းက သေဆုံးနေမှန်း မသိရအောင် အသက်ပျောက်နေကြသည်ကို တွေ့လိုက်ရသည်။

ဤထူးဆန်းအံ့သြဖွယ် ကောင်းသော မြင်ကွင်းသည် ချန်ယောက်၊ ချန်ကျန်းနှင့် ချန်မိသားစုဝင် အားလုံး၏ ကျောရိုးထဲထိ စိမ့်တက်သွားစေခဲ့သည်။

ယခုတစ်ကြိမ်တွင် စုမိသားစုထံမှ ရရှိထားသော အဆောင်လက်ဖွဲ့များကြောင့် မိသားစုကို ကာကွယ်နိုင်ခဲ့သော်လည်း၊ ဤဖြစ်ရပ်သည် သူတို့အားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

ဒီလူတွေက အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေလေ... သူတို့ကို သေစေလောက်တဲ့ ဒဏ်ရာတောင် မပေးရသေးဘဲနဲ့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလဲ။

အခန်း (၃၀၈) -ရွှေအမြုတေ - အပိုင်း (၂)

~ဘာတွေ ဖြစ်ကုန်တာလဲ။

“မြန်မြန်လုပ်ကြစမ်း... ကျန်တဲ့သူတွေကို သေချာ ထိန်းသိမ်းထား... နောက်ထပ် လူအသေအပျောက် အဖြစ်ခံလို့ မဖြစ်ဘူး”

ချန်ယောက်က ကပျာကယာ အမိန့်ပေးလိုက်သည်။

“ခေါင်းဆောင်... ဆေးလုံးမျှော်စင်တောင်ကို လူလွှတ်ပြီး စုမိသားစုကို သွားအကြောင်းကြားလိုက်ပါ... စုမိသားစုကိုပဲ ဆုံးဖြတ်ခိုင်းကြတာပေါ့”

ချန်ယောက်သည် အနည်းငယ် ထိတ်လန့်တုန်လှုပ်နေ၏။ မြို့တော် ကာကွယ်ရေး အခင်းအကျင်းကို အမြန်ဆုံး ပြုပြင်ရန် အမိန့်ပေးနေရပြီး ဝမ်မိသားစုနှင့် ထျန်းမိသားစုကို ပြန်လည် တိုက်ခိုက်ရန် လူလွှတ်ဖို့ပင် သတ္တိမရှိတော့ပေ။

ဒီကိစ္စက တကယ့်ကို ပုံမှန်မဟုတ်ဘူး။ သူ့ချန်မိသားစု တစ်ခုတည်းနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်သော အတိုင်းအတာထက် ကျော်လွန်နေပြီဟု သူ သံသယ ဝင်နေ၏။

အကောင်းဆုံးကတော့ စုမိသားစုကို အကြောင်းကြားပြီး လူကြီးတွေကိုပဲ ရှင်းခိုင်းလိုက်တာ အကောင်းဆုံးပါပဲ။

*

ဆေးလုံးမျှော်စင်တောင်...

နေလမင်းကျွန်း... တတိယအဆင့် ရေခဲမီး ဂူစံအိမ်...

“ဝုန်း...”

မြေကမ္ဘာ မီးလျှံမျောက်ဝံနှင့် အမွှေးနက် လင်းယုန်တို့ကို အသက်ရှူရ ကြပ်သွားစေလောက်သည့် အားကောင်းသော အရှိန်အဝါကြီးတစ်ခုသည် နေလမင်းကျွန်းတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားသည်။ ဂူစံအိမ်အတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင်များအားလုံးကို ရုန်းရင်းဆန်ခတ် ဖြစ်သွားစေလေသည်။

မူလက တည်ငြိမ်အေးဆေးနေသော ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များသည် ဤအခိုက်အတန့်၌ ဆူပွက်လာပြီး ဧရာမ လှိုင်းလုံးကြီးများအသွင် ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေတော့၏။

မှန်းဆ၍ မရနိုင်သော ကောင်းကင်ဘုံ စွမ်းအားတစ်ခုသည် ရုတ်ချည်း သက်ဆင်းလာပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ နေလမင်းကျွန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။

“ဝူး... ဝူး... ဝူး...”

မြေကမ္ဘာ မီးလျှံမျောက်ဝံသည် အလွန်အမင်း ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။ ကောင်းကင်ဘုံ စွမ်းအား ကျရောက်လာသည့် ခဏ၌ပင် ၎င်းသည် မြေကြီးပေါ်သို့ ဝပ်ဆင်းသွားပြီး တဆတ်ဆတ် တုန်လှုပ်နေတော့၏။ ကမ္ဘာပျက်ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရပြီး၊ ထိုစွမ်းအားသည် ၎င်း၏ ခန္ဓာကိုယ်နှင့် သွေးကြောများထဲအထိ ကြောက်ရွံ့မှုကို ထိုးသွင်းပေးလိုက်သကဲ့သို့ပင်။

ဝိညာဉ်သစ်သီးပင်ပေါ်တွင် နားနေသော အမွှေးနက် လင်းယုန်သည်လည်း မျက်လုံးများ ပြူးကျယ်သွားပြီး ဂူစံအိမ် အလယ်ဗဟိုရှိ လူသားကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။

ကောင်းကင်ဘုံ စွမ်းအား ကျရောက်လာချိန်တွင် ဂူစံအိမ်အတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင် အားလုံးသည် မမြင်ရသော ဧရာမ လက်ကြီးတစ်ဖက်၏ ထိန်းချုပ်မှုကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရိုင်းစိုင်းကြမ်းတမ်းသော လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားပြီး ဂူစံအိမ် အလယ်ဗဟိုရှိ လူသားဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့၏။

ကောင်းကင်ဘုံ အလိုတော်ကို ဖီဆန်ရဲသော ထိုလူသားကို ချေမှုန်းပစ်ချင်နေသကဲ့သို့ပင်။

“ဝုန်း...”

သို့သော်လည်း...

ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်လှိုင်းလုံးကြီးများက ထိုလူသားကို ရိုက်ခတ်လိုက်သောအခါ၊ ထိုလူသားသည် ကောင်းကင်နှင့် မြေကြီးကြားတွင် တည်ရှိနေသော မိုးထိတိမ်ဖျား တောင်ကြီးတစ်လုံးအလား မတုန်မလှုပ် ရှိနေဆဲပင်။

ဧရာမ စွမ်းအင်လှိုင်းလုံးကြီးများက သူ့ကို ရိုက်ခတ်မိပြီးနောက် ပြန်လည် ကွဲကြေပျက်စီးသွားကြသည်သာ အဖတ်တင်လေသည်။

စုယွီသည် တင်ပျဉ်ခွေ ထိုင်နေရင်း "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" ကို စိတ်ထဲတွင် လည်ပတ်နေ၏။ တောက်ပသော ဝိညာဉ်အလင်းတန်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေပြီး အစိတ်အပိုင်းတိုင်းကို ထွန်းလင်းပေးနေ၏။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းနှင့် အတွင်းရှိ ဝိညာဉ်စွမ်းအင် ကြိုးမျှင် တစ်ချောင်းချင်းစီတိုင်းသည် သူ့ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိနေသည်။

သူ့ဝိညာဉ်သည် ရွှေပုစဉ်းကောင်လေး အသွင်ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်ပင်လယ် ၏ နက်ရှိုင်းသော နေရာတွင် နားခိုနေကာ၊ ကြီးမားလှသော ကောင်းကင်ဘုံ စွမ်းအားကို ဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်နေလေသည်။ သူ့မျက်နှာထားသည် အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိချေ။

သူ့ဒန်တျန် အတွင်း၌ ဖွဲ့စည်းလာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားရင်း၊ စုယွီသည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် "ဓာတ်ကြီးငါးပါး နည်းစနစ်" ၏ ရွှေအမြုတေ အဆင့် ကျင့်စဉ်ကို စတင်လည်ပတ်လိုက်တော့၏။ ကောင်းကင်ဘုံ စွမ်းအား၏ ဖိနှိပ်မှုကို ခံနေရသော ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဘုံ လမ်းကြောင်း အတိုင်း လှည့်ပတ်စီးဆင်းစေလိုက်သည်။

ဤကြောက်မက်ဖွယ် ဖိနှိပ်မှုအောက်တွင် သူ့ဒန်တျန်အတွင်းရှိ ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များသည် ဖြည်းညှင်းစွာ ပြောင်းလဲလာတော့၏။ ဓာတ်ကြီးငါးပါး အခြေခံတည်ဆောက်ခြင်း မျိုးစေ့များသည် ဗဟိုချက်မဆီသို့ တဖြည်းဖြည်း စုစည်းလာပြီး တစ်သားတည်း ပေါင်းစပ်သွားကြလေသည်။

အပြင်လောကတွင်...

ထူထဲလှသော ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်ဘုံ စွမ်းအား၏ တွန်းပို့မှုအောက်တွင် စုယွီ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။

သို့သော် စုယွီသည် ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် (၁၉) သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူ၏ ခန္ဓာကိုယ်သည် တတိယအဆင့်နိမ့် မိစ္ဆာသားရဲတစ်ကောင်နှင့် ယှဉ်နိုင်လောက်အောင် သန်မာနေပြီ ဖြစ်သည်။ ဤမျှလောက်သော ဝိညာဉ်စွမ်းအင် ရိုက်ခတ်မှုလေးက သူ့ကို မည်သို့ တုန်လှုပ်စေနိုင်ပါမည်နည်း။

ထိုဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်ပြီး အတွင်းသို့ တိုးဝင်လာသောအခါ၊ "ဓာတ်ကြီးငါးပါး နည်းစနစ်" ၏ ရွှေအမြုတေ အဆင့် ကျင့်စဉ်က ၎င်းတို့ကို အတင်းအကျပ် ဆွဲယူပြီး သန့်စင်ပစ်လိုက်သည်။ ထို့နောက် ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင် အဖြစ် ပြောင်းလဲပေးလိုက်ပြီး၊ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရန်အတွက် အားဖြည့်စွမ်းအင်များ ဖြစ်လာစေတော့၏။

မိမိခန္ဓာကိုယ်အတွင်းရှိ ကြောက်မက်ဖွယ် ကောင်းကင်ဘုံ စွမ်းအားနှင့် ပြင်ပမှ သဘာဝ ဝိညာဉ်စွမ်းအင်များ၏ တိုက်ခိုက်မှုကို ခံစားရင်း စုယွီ စိတ်ထဲတွင် တွေးလိုက်မိသည်။

'ရွှေအမြုတေ အဆင့်ရဲ့ ပထမဆုံး ကပ်ဘေး... ရုပ်ခန္ဓာ ကပ်ဘေး ဆိုတာ ဒါပဲလား... ကောင်းကင်ဘုံ စွမ်းအားနဲ့ သဘာဝ ဝိညာဉ်စွမ်းအင်တွေ ပေါင်းပြီး နှစ်ဖက်ညှပ်တိုက်တာပဲ... တကယ်လို့ ငါ့ခန္ဓာကိုယ်နဲ့ ဒန်တျန်ကသာ မခံနိုင်ဘူးဆိုရင်၊ ကျင့်ကြံမှုတွေ ပျက်စီးသွားနိုင်တယ်... ပိုဆိုးရင် ခန္ဓာကိုယ် ပေါက်ကွဲပြီး သေသွားနိုင်တယ်'

သို့သော်လည်း...

ထိုကဲ့သို့သော ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရသော်လည်း စုယွီသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် "ဓာတ်ကြီးငါးပါး နည်းစနစ်" ကို ဆက်လက်လည်ပတ်နေဆဲပင်။ သူ့ဒန်တျန်အတွင်းရှိ အခြေခံတည်ဆောက်ခြင်း မျိုးစေ့များနှင့် ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်ဘုံ စွမ်းအားအောက်တွင် ငြိမ်းချမ်းစွာ ပေါင်းစပ်နေကြ၏။ သဘာဝ ဝိညာဉ်စွမ်းအင်များ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုကို ခံနေရသည့် သူ့ခန္ဓာကိုယ်တွင်လည်း မည်သည့် နာကျင်မှုကိုမျှ မခံစားရပေ။

'ကြည့်ရတာ တာအိုဆရာ ပင်းယွီနဲ့ လော့ချန်ယွီ ပြောသလောက် မခက်ခဲပါလား'

'တော်တော်လေး လွယ်ကူနေတယ်... ဒီကောင်းကင်ဘုံ စွမ်းအားနဲ့ သဘာဝ ဝိညာဉ်စွမ်းအင်တွေက ငါ့ရဲ့ အမြုတေ ဖွဲ့စည်းမှုကို ပိုတောင် မြန်ဆန်စေသေးတယ်'

စုယွီ အံ့အားသင့်သွားမိသည်။

မတော်တဆမှု တစ်ခုခု ဖြစ်လာနိုင်သည်ဟု သူ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပင်းယွီနှင့် လော့ချန်ယွီတို့၏ ပြောစကားများအရ ရုပ်ခန္ဓာ ကပ်ဘေးတွင် ကောင်းကင်ဘုံ စွမ်းအားနှင့် သဘာဝ ဝိညာဉ်စွမ်းအင်များ၏ တိုက်ခိုက်မှုသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး နာကျင်ခံခက် ဖြစ်သည်ဟု ဆိုခဲ့သောကြောင့်ပင်။

သို့သော် သူ ကိုယ်တိုင် ကြုံတွေ့နေရသည်မှာ သူတို့ ပြောပြသည်နှင့် တခြားစီ ဖြစ်နေလေသည်။

စုယွီသည် ဂူစံအိမ် အပြင်ဘက်မှ အဆက်မပြတ် ဝင်ရောက်လာသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူရင်း "ဓာတ်ကြီးငါးပါး နည်းစနစ်" ကို ဆက်လက် ကျင့်ကြံနေလိုက်သည်။

တစ်ချိန်တည်းမှာပင်...

ဆေးလုံးမျှော်စင်တောင် တစ်ခုလုံးရှိ သဘာဝ ဝိညာဉ်သွေးကြောမှ စွမ်းအင်များသည်လည်း ထူးဆန်းစွာ စတင်လှုပ်ရှားလာကြ၏။ အလွန် အားကောင်းသော ဆွဲငင်အားတစ်ခုကြောင့် ဆေးလုံးမျှော်စင်တောင်၏ နေရာတစ်ခုဆီသို့ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် စီးဆင်းသွားကြတော့သည်။

မကြာမီမှာပင်... ဆေးလုံးမျှော်စင်တောင်၏ ကောင်းကင်ယံ၌ ကြီးမားသော ဝိညာဉ်စွမ်းအင် လေပွေကြီးတစ်ခု ပေါ်ပေါက်လာပြီး၊ မိုင်ရာချီ ထောင်ချီ ပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်တော့၏။

ဤလှုပ်ရှားမှုကြီးသည် ဆေးလုံးမျှော်စင်တောင် အနီးရှိ ကျင့်ကြံသူ အားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

“ဘာဖြစ်တာလဲ... ဘာလို့ ဝိညာဉ်စွမ်းအင်တွေအကုန်လုံး စုမိသားစုဆီ စီးသွားကြတာလဲ... ကျွတ် ကျွတ်... ကြောက်စရာကြီးပါလား”

ဆေးလုံးမျှော်စင်တောင်နှင့် မိုင်ဆယ်ဂဏန်းခန့် ဝေးသော နေရာတွင် ဆေးလုံးလာဝယ်ရန် ရောက်ရှိနေသော ကျင့်ကြံသူအချို့သည် ရုတ်တရက် ပေါ်ပေါက်လာသော ဤထူးခြားဆန်းကြယ်သည့် ဖြစ်ရပ်ကို ကြည့်ပြီး ထိတ်လန့်တကြား ဖြစ်ကုန်ကြ၏။

အချို့သော သူများကမူ ဒီရေလှိုင်းတမျှ ကြီးမားသော သဘာဝ ဝိညာဉ်စွမ်းအင် လှိုင်းကြီးကို မြင်လိုက်ရသောအခါ မျက်နှာပျက်ယွင်းသွားကြပြီး၊ ဆေးလုံးမျှော်စင်တောင်ဘက်သို့ မယုံနိုင်ဟန်ဖြင့် အကြည့်ပို့လွှတ်လိုက်ကြ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဒီလှုပ်ရှားမှုက... တစ်ယောက်ယောက် ရွှေအမြုတေ အဆင့်ကို စတင် ချိုးဖောက်နေတာများလား... ဒါပေမဲ့ ဆေးလုံးမျှော်စင်တောင်က ဒုတိယအဆင့် ဝိညာဉ်သွေးကြောပဲ ရှိတာလေ... ဒီမှာ ရွှေအမြုတေ အဆင့်တက်တယ် ဆိုတာ ကိုယ့်အနာဂတ်ကို ကိုယ်ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”

ထိုလူများသည် အလွန်အမင်း ထိတ်လန့်အံ့သြနေကြ၏။

အခြားသူများကမူ ဆေးလုံးမျှော်စင်တောင်ဘက်သို့ ငေးကြည့်ရင်း မျက်မှောင်ကြုတ်ကာ အတွေးနက်နေကြတော့၏။

အခန်း (၃၀၉) - ရွှေအမြုတေ - အပိုင်း (၃)

~“ဒါ ဘာအဓိပ္ပာယ်လဲဗျာ... သူနဲ့ ယွင်ကျန်းဂိုဏ်း နဲ့ ဆက်ဆံရေးက ဒီလောက်ကောင်းတာကို... အဆင့် (၄) ဝိညာဉ်သွေးကြော ကောင်းကင်ဂူမှာ သွားပြီး ရွှေအမြုတေ အဆင့်တက်လို့ ရသားနဲ့... ဘာလို့ ဒီဆေးလုံးမျှော်စင်တောင် လို အဆင့် (၂) ဝိညာဉ်သွေးကြောနေရာမှာမှ အဆင့်တက်ဖို့ ရွေးချယ်ရတာလဲ... သူ ရူးများ သွားပြီလား”

သဘာဝ ဝိညာဉ်စွမ်းအင်များ ဆေးလုံးမျှော်စင်တောင်သို့ စုပြုံတိုးဝင်သွားသည်ကို မြင်လိုက်ရသောအခါ လူတိုင်း ခြေလှမ်းတုံ့သွားကြ၏။ အားလုံးက တောင်ပေါ်သို့ အံ့သြတကြီး အကြည့်ပို့လွှတ်လိုက်ကြသည်။

ဆေးလုံးမျှော်စင်တောင် အတွင်း၌လည်း စုမိသားစုဝင် အားလုံး တုန်လှုပ်ခြောက်ခြားနေကြ၏။

ယွီခယ်အာ၊ ဇီယန်၊ ယွီချန်ချင်း၊ စုပင်း၊ စုကျင်းပန်း၊ စုရွီအန်း၊ လန်ရှီ၊ လန်ကုန်းနှင့် အခြားသူများသည် စုယွီ၏ နန်းတော်ရှေ့သို့ ရောက်လာကြ၏။ သို့သော် ယွီခယ်အာက သူတို့ကို တားဆီးလိုက်သည်။

ရှေ့နားတွင် တိမ်တိုက်ကြားများနှင့် ဒဏ်ရာရထားသော ကျားဝိညာဉ်သားရဲကြီးများက မျက်လုံးများ အရောင်တောက်လျက် စောင့်ကြပ်နေကြ၏။ သူတို့ထံမှ ထွက်ပေါ်နေသော တတိယအဆင့်နိမ့် မိစ္ဆာအရှိန်အဝါကြီးကြောင့် ဇီယန်၊ စုပင်းနှင့် အခြားသူများမှာ အသက်ရှူပင် ကြပ်လာပြီး ရှေ့ဆက်မတိုးရဲအောင် ဖြစ်သွားကြသည်။

တိမ်တိုက်ကျား မိခင်ကြီးသာမက ဟူတာနှင့် ဟူအာတို့ပါ ဘေးတွင် ရပ်နေကြ၏။ သူတို့သည် စုပင်းနှင့် အခြားသူများကို သွားဖြဲပြီး ခြိမ်းခြောက်နေကြ၏။

ပုံမှန်အချိန်တွင် သူတို့သည် ဟူတာ၊ ဟူအာ တို့နှင့် ရင်းနှီးကြသော်လည်း ယခုအချိန်တွင်မူ ထိုကျားနှစ်ကောင်သည် လုံးဝ လျှော့ပေးမည့်ပုံ မပေါ်ချေ။

သူတို့ဘေးတွင် လက်ရှစ်ချောင်း ကင်းမြီးကောက် မိစ္ဆာသားရဲကြီး တစ်ကောင်သည်လည်း မြေကြီးပေါ်တွင် ငြိမ်သက်စွာ ဝပ်နေလေသည်။

ယွီခယ်အာသည် စုပင်း၊ ဇီယန်နှင့် အခြားသူများကို လှည့်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်မတို့ ဒီမှာပဲ နေခဲ့ရမယ်... သူ အဆင့်တက်နေတုန်း ကျွန်မ စောင့်ပေးရမယ်”

စုပင်းနှင့် အခြားသူများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။

ယခုအချိန်တွင် စုမိသားစု တစ်ခုလုံးသည် အမြင့်ဆုံး သတိပေးချက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တောင်ကာကွယ်ရေး အခင်းအကျင်းကြီးကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ကင်းလှည့်နေသော ကျင့်ကြံသူများမှ လွဲ၍ ကျန်မိသားစုဝင် အားလုံးကို အခန်းထဲ၌သာ နေရန်နှင့် အပြင်မထွက်ရန် အမိန့်ထုတ်ထားလေ၏။

စုပင်းသည် သဘာဝ ဝိညာဉ်စွမ်းအင် ပြောင်းလဲမှုများကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ထူးဆန်းသည်မှာ ဝိညာဉ်စွမ်းအင်များသည် အနီးနားရှိ နန်းတော် လျှို့ဝှက်ခန်းဆီသို့ စီးဆင်းသွားခြင်း မဟုတ်ဘဲ...

နန်းတော်၏ အောက်ခြေတည့်တည့်သို့ စီးဆင်းသွားခြင်း ဖြစ်သည်။

စုယွီသည် ယွင်ကျန်းဂိုဏ်းသို့ သွားရောက်ကာ တံခါးပိတ်ကျင့်ကြံခြင်း မပြုဘဲ မိသားစုထဲ၌သာ နေခဲ့သည်ကို စုပင်း သတိရလိုက်၏။ သူ့ရင်ထဲတွင် လှုပ်ရှားသွားပြီး တစ်စုံတစ်ရာကို ရိပ်မိလိုက်သည်။

အောက်ဘက်တွင်...

နေလမင်းကျွန်း ဂူစံအိမ်၏ အခင်းအကျင်း အကာအကွယ်များသည် အပြည့်အဝ ပွင့်နေပြီ ဖြစ်သည်။

ပြင်ပလောကမှ ဝိညာဉ်စွမ်းအင်များ ဒီရေအလား ဝင်ရောက်လာသော်လည်း၊ ဤနေရာရှိ လျင်မြန်သော စွမ်းအင်သုံးစွဲမှုကို ဖြည့်ဆည်းပေးရန် မလုံလောက်ချေ။

နေလမင်းကျွန်း ဂူစံအိမ်အတွင်းရှိ ဝိညာဉ်စွမ်းအင် အားလုံးနီးပါး ကုန်ခန်းသွားသည်ကို စုယွီ သတိထားမိလိုက်သည်။ သူသည် တည်ငြိမ်စွာဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို လှမ်းယူလိုက်၏။

ချက်ချင်းပင်...

အလွန် သန့်စင်သော စွမ်းအင်လှိုင်း တစ်ခုသည် အားကောင်းသော ဖိအားနှင့်အတူ သူ့လက်ထဲမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ ထိုစွမ်းအင်များသည် အေးမြသော စမ်းရေအလား ထိုးဖောက်ဝင်ရောက်လာပြီး စုယွီကို ချက်ချင်း လန်းဆန်းတက်ကြွသွားစေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများ၏ အကူအညီဖြင့် သူ့ဒန်တျန် အတွင်းရှိ ဓာတ်ကြီးငါးပါး အခြေခံတည်ဆောက်ခြင်း မျိုးစေ့နှင့် ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင် စုစည်းမှု အရှိန်သည် နှစ်ဆကျော် မြန်ဆန်လာခဲ့သည်။

ထိုအခြေအနေကို ခံစားလိုက်ရသောအခါ စုယွီ စိတ်ထဲတွင် ဝမ်းမြောက်စွာ ရေရွတ်လိုက်မိ၏။

'ဒါက တကယ့် ရတနာပါလား'

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။

တစ်ရက် ကြာပြီးနောက်...

အပြင်လောကတွင်... သဘာဝ ဝိညာဉ်စွမ်းအင်များ၏ လှုပ်ရှားမှုသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။ ဆေးလုံးမျှော်စင်တောင်ပေါ်တွင် ဝဲပျံနေသော ဝိညာဉ်စွမ်းအင် လေပွေကြီးသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူအချို့၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး၊ အချို့မှာ အံ့အားသင့်သွားကြသည်။

“သူ... သူ အောင်မြင်သွားပြီလား”

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်မေးမြန်းလိုက်၏။

“မဟုတ်သေးဘူး... မပြီးသေးဘူး”

အတွေ့အကြုံရင့်သော ကျင့်ကြံသူတစ်ဦးက တိုးညှင်းစွာ ပြောလိုက်သည်။

“ရွှေအမြုတေ အဆင့်တက်ရာမှာ ကပ်ဘေး သုံးပါး ရှိတယ်... ရုပ်ခန္ဓာ ကပ်ဘေး ၊ စိတ်နှလုံး ကပ်ဘေး နဲ့ ဝိညာဉ်စွမ်းအင် ကပ်ဘေးတို့ပဲ”

“အခု ပုံစံကြည့်ရတာ... သူ ရုပ်ခန္ဓာ ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပြီ ထင်တယ်”

သို့သော် သူ့အသံထဲတွင် အံ့သြမှုနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေ၏။

ကြားတောင် မကြားဖူးဘူး။

အဆင့် (၂) ဝိညာဉ်သွေးကြော နေရာမှာ ရွှေအမြုတေ အဆင့်ရဲ့ ရုပ်ခန္ဓာ ကပ်ဘေးကို ဘယ်လိုလုပ် ကျော်ဖြတ်နိုင်မှာလဲ။ တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။

ဆေးလုံးမျှော်စင်တောင် အတွင်း၌ ယွီခယ်အာ၊ စုပင်းနှင့် အခြားသူများသည် ဝိညာဉ်စွမ်းအင် ပြောင်းလဲမှုကို သတိထားမိလိုက်သည့်အခါ သူတို့၏ မျက်နှာများ ဝင်းပသွားကြ၏။

စုပင်းသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

“သူ... သူ ပထမအဆင့်ကို အောင်မြင်သွားပြီ”

သူ့ဘေးတွင်...

ဇီယန်၊ လန်ရှီ၊ လန်ကုန်း၊ လီပင်ချန်နှင့် စုမိသားစုအပေါ် သစ္စာရှိသော အခြားကျင့်ကြံသူ အားလုံးသည် အသက်ရှူရပ်မတတ် စောင့်မျှော်နေကြ၏။ သူတို့၏ ရင်ထဲတွင် အံ့သြမှုနှင့် ဝမ်းမြောက်မှုများ ရောပြွမ်းနေလေသည်။

ဒါက ရွှေအမြုတေ အဆင့် သူတော်စင် တစ်ပါးပဲ။

အကယ်၍ စုယွီသာ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့လျှင် စုမိသားစုသည် ကောင်းကင်ဘုံသို့ တကယ်ပင် ပျံတက်နိုင်တော့မည်။

သူတို့၏ သစ္စာတရားသည် စုမိသားစုအပေါ်၌ ရှိပြီး၊ သူတို့၏ ကံကြမ္မာသည်လည်း မိသားစုနှင့် ဆက်နွယ်နေ၏။ ဂုဏ်အသရေဖြစ်စေ၊ အရှက်ရစေ အတူတူပင် ခံစားကြရမည်။

သူတို့သည်လည်း စုယွီ၏ အောင်မြင်မှုကို အပြင်းအထန် ဆုတောင်းပေးနေသူများ ဖြစ်ကြ၏။

နေလမင်းကျွန်း အတွင်း၌...

ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများ အားလုံးနှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသောင်းနီးပါး ကုန်ဆုံးသွားပြီးနောက်၊ စုယွီသည် နောက်ဆုံးတွင် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီတည်း။

ဒန်တျန် အတွင်းရှိ ဓာတ်ကြီးငါးပါး အခြေခံတည်ဆောက်ခြင်း မျိုးစေ့နှင့် ပြင်ပတွင် ဆေးလုံးအသွင် ခဲလုနီးပါး ဖြစ်နေသော သိပ်သည်းလှသည့် ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များကို သူ ကြည့်လိုက်သည်။

စုယွီ စိတ်ထဲတွင် တွေးလိုက်မိ၏။

'ပထမ ကပ်ဘေးဖြစ်တဲ့ ရုပ်ခန္ဓာ ကပ်ဘေးက တကယ်တမ်းကျတော့ သိပ်မခက်ပါဘူး'

“ဝီ...”

ရုတ်တရက် ထူးဆန်းသော စွမ်းအားတစ်ခု သက်ဆင်းလာသည်။ စုယွီ၏ ရင်ထဲရှိ နက်ရှိုင်းသော နေရာမှ အတိတ်က အဖြစ်အပျက်များ ပေါ်ထွက်လာသည်။

စုယွီ.. ရုတ်တရက် နိုးထလာပြီး သူ၏ ကူးပြောင်းလာခြင်း နှင့် ကျင့်ကြံခြင်း ခရီးစဉ်အားလုံးသည် အိပ်မက်တစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရသည့် ထူးဆန်းသော အဖြစ်အပျက်လည်း ပါဝင်၏။ ကွန်ပျူတာထဲမှ အသင်းဖော်၏ အသံများ ထွက်ပေါ်လာပြီး၊ သူ့အား ဒဏ္ဍာရီလာ သားရဲတစ်ကောင်က သတ်ဖြတ်တော့မည် ဖြစ်ကြောင်းနှင့် ပြန်လည်တိုက်ခိုက်ရန် တိုက်တွန်းနေသံများ ကြားလိုက်ရသည်။

“ဒီကျင့်ကြံခြင်း ဆိုတာတွေ အကုန်လုံးက အတုအယောင်တွေပဲ”

“စိတ်ကူးယဉ်နေတာ ရပ်ပြီး မင်းရဲ့ ဂိမ်းကို ဆက်ဆော့စမ်းပါကွာ”

စုယွီသည် ထိုမြင်ကွင်းကို အေးဆေးစွာ ပြန်လည်ကြည့်ရှုရင်း၊ သူကိုယ်တိုင် သားရဲကို သူရဲကောင်းဆန်ဆန် အနိုင်ယူလိုက်ပြီး အင်မော်တယ် လက်နက် တစ်ခု ပေါက်ကွဲလာပုံကို ကြည့်နေလိုက်သည်။

သူ အသံထွက် မရယ်ဘဲ မနေနိုင်တော့ချေ။ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ရင်း တွေးလိုက်မိသည်။

'အာ... လွမ်းစရာပဲ'

“ဝုန်း...”

နောက်တစ်ခဏတွင်... အရာအားလုံးသည် မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းတန်းများ အဖြစ် ကွဲကြေပျက်စီးသွားတော့၏။

စုယွီ၏ ဝိညာဉ်သည် ရှေးဟောင်း သားရဲတစ်ကောင် ဖြစ်သော ရွှေပုစဉ်း အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် စုယွီ၏ စိတ်ဝိညာဉ်ပင်လယ် ကို ရွှေကဲ့သို့ ခိုင်မာသွားစေမည့် ယုံကြည်ရခက်လောက်အောင် အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။

ပထမဆုံးသော စိတ်အာရုံချောက်ချားခြင်း သည် လွမ်းမောဖွယ် အတိတ်ကို ပြန်လည်သတိရစေသဖြင့် စုယွီအတွက် နှစ်သက်စရာ ကောင်းနေခဲ့သည်။

သူ ဆက်လက် တွေးတောလိုက်မိသည်။

'ငါ ဘယ်တော့မှ အင်မော်တယ် လက်နက် အစစ်ကို ရနိုင်မလဲ မသိဘူး... တကယ်လို့သာ ဂိမ်းထဲကလို သားရဲတွေကို သတ်ပြီး အင်မော်တယ် လက်နက်တွေ လက်ဆောင်ရနိုင်မယ်ဆိုရင်... ဘဝကြီးက ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်... ဟင်း’

All Chapters