← Chapters

အခန်း (၈၃)

Vol. 9 Ch. 83

အခန်း (၈၃)

Vol. 9 Ch. 83

အမှတ်မထင် ဖူးစာ

အပိုင်း ၈၃

လမ်းတစ်လျှောက်တွင် ယန်ရွှယ်သည် သူမအရင်နှစ်ခေါက် လာခဲ့စဉ်က ရှန်ရှို့ဖန်နှင့် လွဲခဲ့ရကြောင်း အဘွားအိုအား ပြောပြနေ၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ အိမ်သို့မရောက်မီမှာပင် ရှန်ရှို့ဖန်၏ သွက်လက်မြန်ဆန်လှသော စကားသံများကို ကြားနေရပြီပင်။

ထိုကဲ့သို့သော တိုက်ဆိုင်မှုကြောင့် ယန်ရွှယ်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။

သူတို့ကို မြင်လိုက်ရသောအခါ ရှန်ရှို့ဖန်က အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်သည်။ "အို... နောက်ဆုံးတော့ ဆုံကြပြီပဲ။ ဒီတစ်ခါတော့ ငါအိမ်မှာရှိနေတယ်နော်။ အရင်နှစ်ခေါက် မင်းတို့လာတုန်းက ငါမရှိတာ တကယ့်ကို ကံဆိုးတာပဲ"

ထို့နောက် သူမက အဘွားအိုအား မဝံ့မရဲဖြင့် ကြည့်ကာ ဝေခွဲမရဖြစ်နေသည်။ "ဒါက..."

"ကျွန်မရဲ့ အဘွားပါ" ယန်ရွှယ်က အဘွားအိုအား အိမ်ထဲသို့ တွဲကူဝင်ရင်း မိတ်ဆက်ပေးလိုက်သည်။ အဘွားအိုအားလည်း ပြောပြလိုက်၏။ "ဒါက သမီးအမေမိသားစုဘက်က အဒေါ်ရှို့ဖန်လေ"

"သူ့ကို ငယ်ငယ်က အကြိမ်အနည်းငယ် မြင်ဖူးသလိုပဲ" အဘွားအိုက နွေးထွေးစွာ ပြောလိုက်သည်။ "အခု အသက်သုံးဆယ်ကျော်နေပြီဆိုတာ မယုံနိုင်စရာပဲ" ထို့နောက် ရှန်ရှို့ဖန်ဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။ "ငါတို့ ရှောင်ယွဲ့ကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်အေ"

ရှန်ရှို့ဖန်ကမူ ရှက်ကိုးရှက်ကန်းဖြင့် လက်ခါပြလိုက်သည်။ "အို... ကျွန်မကို ကျေးဇူးမတင်ပါနဲ့၊ ကျွန်မက အရာအားလုံးကို ရှုပ်ထွေးအောင် လုပ်မိခဲ့တာပါ"

"တချို့ အမှားတွေက အကောင်းဖြစ်တတ်ပါတယ်" အဘွားအိုက တဟားဟား ရယ်မောလိုက်သည်။ "အဲဒီလို အမှားမျိုးသာ မရှိခဲ့ရင် ရှောင်ရွှယ် တစ်ယောက် ချီဖန့်လို လူရည်ချောလေးနဲ့ ဘယ်ဆုံပါ့မလဲ"

အရင်က ရှန်ရှို့ဖန်သည် ချီဖန့်၏ ရုပ်ရည်နှင့် ယန်ရွှယ်အပေါ် ဆက်ဆံပုံကိုသာ အသိအမှတ်ပြုခဲ့သော်လည်း၊ ယခုအခါ အဘွားအိုကိုပါ မိသားစုကဲ့သို့ စောင့်ရှောက်နေသည်အား မြင်လိုက်ရသောအခါတွင်မူ သူမ၏ စိတ်မှာ ကျေနပ်သွားရ၏။

အိမ်ထဲတွင် အခြေချပြီးနောက် အဘွားအိုက ချီဖန့်အကြောင်းကို မေးလိုက်သည်။ "သူကလည်း လူတော်လေးလို့ ကြားတယ်၊ မင်းအမေက သူ့ကို တခြားသူတွေနဲ့များ မိတ်ဆက်ပေးသေးလား"

"မိတ်ဆက်ပေးတာပေါ့၊ အဲဒီလိုလွဲသွားခဲ့တာ ဆိုတော့ သူ့ကို ကျွန်မတို့က အကြွေးတင်နေသလို ဖြစ်နေတာလေ။ ဒါပေမဲ့ သူ့အဒေါ်ပြောတာတော့ သူက မလောသေးဘူးတဲ့၊ တကယ်ပဲ အဖော်မရှာချင်တာလား ဒါမှမဟုတ် ကျွန်မကိုပဲ ကြားထဲက မပါစေချင်တော့တာလားတော့ မသိပါဘူး"

ယန်ရွှယ်မှာ ချီဖန့်၏ လေးနက်သော အကြည့်များ သူမအပေါ်သို့ ကျရောက်နေသည်ကို ခံစားလိုက်ရသဖြင့်၊ သူမ၏ ခြေထောက်ဖြင့် သူ့ကို မသိမသာ တို့လိုက်သည်။ ထိုအခါမှ သူက အကြည့်လွှဲလိုက်ပြီး ထရပ်လိုက်၏။ "ကျွန်တော် သွားလိုက်အုံးမယ်၊ သမဝါယမဆိုင်ကို ဝင်စရာရှိလို့"

ရေကြီးပြီးနောက်တွင် မိသားစုအတော်များများမှာ အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြသည်။ ကျန်းတဝေက ချီဖန့်အား ပြင်ခိုင်းရန် စဉ်းစားခဲ့လျှင် အခြားသူများလည်း ထိုသို့ပင် စဉ်းစားကြမည်မှာ မလွဲပင်။

လွန်ခဲ့သောရက်အနည်းငယ်က သူသည် စက်ပြင်အလုပ်ရုံတွင် ယာယီအလုပ်လုပ်ခဲ့ပြီး၊ နေ့လယ်နှင့် ညနေပိုင်းများတွင် လူများက ပစ္စည်းလာပြင်ခိုင်းတတ်ကြသည်။ ပြင်ခပေးရုံဖြင့်ပင် သူသည် ငါးယွမ်၊ ခြောက်ယွမ်ခန့် ရရှိနေပြီ ဖြစ်၏။ သို့သော် ပစ္စည်းအများစုမှာ အပိုပစ္စည်းများ လိုအပ်နေပြီး၊ ကျန်းတဝေတို့၏ အပ်ချုပ်စက်အပ်သာမက အခြားလိုအပ်သည်များကိုပါ ဝယ်ယူရန် သူ စီစဉ်ထားသည်။

အနည်းငယ် အခက်တွေ့စေသည့်အရာမှာ အတွင်းရေးမှူး လျန်၏ ရေဒီယိုဖြစ်ပြီး၊ ထရန်စစ္စတာ တစ်လုံး ပျက်နေသဖြင့် ဒေသတွင်း ဆိုင်များတွင် ရှိချင်မှ ရှိပေလိမ့်မည်။

ရေဒီယိုအပိုပစ္စည်းများမှာ ရှာရခက်လွန်းလှသည်။ သူ တက္ကသိုလ်တက်စဉ်ကပင် အစုံအလင်ရရန် နေရာအနှံ့သို့ ရက်ပေါင်းများစွာ လှည့်ပတ်ရှာဖွေခဲ့ရဖူး၏။

ထိုစဉ်က သူသည် ကုန်တိုက်ကြီးများနှင့် ဈေးများကို အမြဲစောင့်ကြည့်နေခဲ့ရသည်။ ရေဒီယိုအပိုပစ္စည်းများ ရနိုင်သည့် သတင်းကြားသည်နှင့် တန်းစီရန် ပြေးသွားရသည်၊ နောက်ကျသွားပါက ပစ္စည်းများမှာ ကုန်သွားတတ်သောကြောင့်ပင်။

သမဝါယမဆိုင်တွင် သွားမေးသောအခါ ထင်သည့်အတိုင်းပင် ထရန်စစ္စတာမှာ မရှိတော့ပေ။ အရင်က အနည်းငယ် ရောက်လာသော်လည်း ရောက်ရောက်ချင်းပင် ကုန်သွားခဲ့သည်။

သို့သော် ထရန်စစ္စတာမှလွဲ၍ ရေဒီယိုစပီကာ၊ ကာပါစီတာနှင့် သံလိုက်ချောင်းများမှာမူ အလုံအလောက် ရှိနေသည်။ ပစ္စည်းအသစ်များစွာ လက်ကျန်ရှိနေသည်ကို သူ တွေ့လိုက်ရ၏။

ပစ္စည်းဝယ်၍ရလျှင် ပြင်ပေးရန်နှင့် မရလျှင် ဆိုင်းငံ့ထားရန် အတွင်းရေးမှူး လျန်က ပြောထားသော်လည်း၊ ချီဖန့်သည် ပစ္စည်းများကို ကြည့်ပြီးနောက် သူ၏နာရီကို တစ်ချက်ကြည့်ကာ ခရီးဝေးကားဂိတ်ဘက်သို့ ဦးတည်သွားလိုက်သည်။

ယန်ရွှယ်မှာ လူအများအပြားနှင့် ရုတ်တရက် ရောက်လာသဖြင့် ရှန်ရှို့ဖန့်၏အိမ်တွင် ထမင်းစားရန် အစကတည်းက မရည်ရွယ်ခဲ့ပေ။

သို့သော် ချီဖန့်မှာ ဆိုင်တွင် အချိန်အတော်ကြာနေပြီး နေ့လယ်စာစားချိန် နီးကပ်လာသဖြင့် ယန်ရွှယ် ပြန်ရန် ဟန်ပြင်လိုက်သည်။ ထိုအခါ ရှန်ရှို့ဖန်က ချက်ချင်း တားမြစ်လာ၏။ "ပြန်မယ်၊ ဘာလို့လဲ။ ညည်း ချီဖန့်တောင် ပြန်မရောက်သေးတာကို"

ထို့နောက် သူမက ဟင်းခြင်းတောင်းကို ဆွဲကာ ဈေးသို့သွားရန် ပြင်လိုက်၏။ "ဒီမှာ စောင့်နေကြ၊ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်"

ယန်ရွှယ်လည်း အိမ်တွင် ဒီအတိုင်း ထိုင်မနေချင်သဖြင့် လိုက်သွားပြီး ဟင်းသီးဟင်းရွက်အချို့နှင့် လတ်ဆတ်သော ကြွက်နားရွက်မှိုအချို့ကို ကိုယ်တိုင်ဝယ်ယူခဲ့လိုက်သည်။

ထိုခေတ်တွင် ကြွက်နားရွက်မှိုများမှာ သဘာဝအတိုင်း ရရှိသည့်အရာများဖြစ်၍ အေးခဲမှိုများထက်ပင် ဈေးကြီးပြီး၊ တစ်ပေါင်လျှင် ပြားငါးဆယ်ခန့် ပေးရ၏။ ရှန်ရှို့ဖန်ကမူ နှမြောတသစွာဖြင့် ပြောလိုက်သည်။ "ဘာလို့ ဒီလောက်ဈေးကြီးတာကို ဝယ်ရတာလဲ"

အမှန်တော့ ယန်ရွှယ်သည် နောက်ပိုင်းတွင် သူမကိုယ်တိုင် ပြန်ရောင်းရန် ဈေးနှုန်းကို သိချင်သောကြောင့်ပင်။ သူမ ပြုံးလျက် ပြောလိုက်သည်။"ကျွန်မတို့အိမ်မှာလဲ ဒါတွေရှိပါတယ်၊ နောက်မှ အဒေါ့်အတွက် ယူလာပေးမယ်၊ အဲ့ကျရင်တော့ ဈေးကြီးတယ်လို့ မထင်တော့ဘူးပေါ့"

၎င်းတို့ကို တောင်ပေါ်မှ ရှာဖွေရရှိသည်ဟု ရှန်ရှို့ဖန်က ထင်နေလေသည်။ "ငါ့ကို ဘာလို့ပေးမှာလဲ၊ ဒါမျိုးတွေ ရှာရတာ မလွယ်ပါဘူး။ မင်း မောင်လေးနဲ့ အဘွားအတွက်ပဲ ပြန်ရောင်းဖို့ သိမ်းထားလိုက်"

အဆုံးတွင် သူတို့သည် ဟင်းချက်စားပြီးနောက်၊ နွေရာသီ၏ အိပ်ငိုက်မှုကို မအောင့်နိုင်သော ယန်ကျိအန်းပင်လျှင် ရှန်ရှို့ဖန်၏ ကလေးများနှင့်အတူ တစ်ရေးအိပ်လိုက်သည်။ ထိုအချိန်မှသာ ချီဖန့်တစ်ယောက် ပြန်ရောက်လာတော့၏။

ခရီးပန်းလာသဖြင့် သူ၏မျက်နှာမှာ နီမြန်းနေပြီး အင်္ကျီလက်တိုမှာလည်း ချွေးများဖြင့် စိုရွှဲကာ ကိုယ်တွင် ကပ်နေသည်။ သူ၏လက်ထဲတွင်မူ ယန်ရွှယ် မသိသော ပစ္စည်းများစွာ ပါလာခဲ့သည်။

ရှန်ရှို့ဖန်မှာလည်း အံ့ဩသွားရသည်။ "မင်း ဘာတွေ အများကြီး ဝယ်လာတာလဲ၊ ဆိုင်တစ်ဝက်လောက်ကို သယ်လာတာလား"

"မြို့ထဲမှာ မရှိတဲ့ ပစ္စည်းတစ်ခုအတွက် ခရိုင်အထိ သွားလိုက်ရလို့ပါ" ချီဖန့်က ပစ္စည်းများကို ချလိုက်ရင်း ရှန်ရှို့ဖန်အား မေးလိုက်သည်။ "ကျွန်တော် လက်ဆေးလို့ ရမလား"

"ရတာပေါ့၊ ရတာပေါ့" ရှန်ရှို့ဖန်က လက်ဆေးဇလုံကို ပြပြီး ရေထည့်ပေးလိုက်သည်။ "ဒါတွေနဲ့ ဘာလုပ်ဖို့ စီစဉ်ထားလို့လဲ"

ချီဖန့်က ကျေးဇူးတင်စကားဆိုကာ လက်ဆေးလိုက်သည်။ "သစ်တောစခန်းက လူတွေအတွက် ပစ္စည်းတချို့ ပြင်ပေးဖို့ပါ"

"နင်က ဒါတွေလဲ တတ်တာလား" ရှန်ရှို့ဖန်က အံ့ဩတကြီး မေးလိုက်၏။

ချီဖန့် စိတ်မကောက်စေရန် ယန်ရွှယ်က အခွင့်ကောင်းယူကာ ချီးမွမ်းလိုက်သည်။ "ဟိုတစ်နေ့က သစ်တောစခန်းမှာ ရေကြီးတုန်းက လူတော်တော်များများရဲ့ ပစ္စည်းတွေ ပျက်ကုန်ကြလို့ပါ"

"မိုးက တော်တော်သည်းတာ၊ မြို့ထဲက အိမ်တွေထဲအထိ ရေဝင်ကုန်တာလေ" ရှန်ရှို့ဖန်ကလည်း ထောက်ခံလိုက်သည်။ ထို့နောက် လက်ဆေးနေသော ချီဖန့်ကို ကြည့်ကာ မေးလိုက်ပြန်၏။ "နင် ရေဒီယိုတွေရော ပြင်တတ်လား"

သူမက ဆက်ရှင်းပြသည်။ "အကြီးအကျယ်တော့ မဟုတ်ပါဘူး၊ ခလုတ်တစ်ခုက အလုပ်သိပ်မလုပ်လို့၊ ပြင်ဖို့လဲ အခွင့်မသာသေးတာနဲ့"

"ကျွန်တော် ကြည့်ပေးပါ့မယ်" ချီဖန့်ကမူ ပြင်နိုင်၊ မပြင်နိုင် အတည်မပြုဘဲ လက်ကို သုတ်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။

ရှန်ရှို့ဖန်သည် ဘက်ထရီဖြင့်သုံးသော ထရန်စစ္စတာ ရေဒီယိုအသေးလေးကို ယူလာခဲ့လိုက်သည်။ ၎င်းမှာ သယ်ဆောင်ရလွယ်ကူသော်လည်း လိုင်းသိပ်မစုံပေ။

ချီဖန့်သည် စစ်ဆေးကြည့်ပြီးနောက် မေးလိုက်၏။ "ဝက်အူလှည့် ရှိလား"

"ရှိတယ်၊ ရှိတယ်" သူတကယ်ပြင်နိုင်မည်ကို မြင်လိုက်ရသဖြင့် ရှန်ရှို့ဖန်မှာ အံဆွဲထဲမှ ရှာဖွေကာ ကမ်းပေးလိုက်၏။

ချီဖန့် အာရုံစိုက်ကာ ရေဒီယိုကို အမြန်ဖြုတ်လိုက်သည်။ မကြာမီမှာပင် အစိတ်အပိုင်းအသေးလေးတစ်ခုကို လဲပေးလိုက်၏။ "အခု စမ်းကြည့်လိုက်ပါ"

စမ်းကြည့်လိုက်သောအခါ အားလုံး အဆင်ပြေသွားတော့သည်။ ရှန်ရှို့ဖန်ကမူ ချီးကျူးစကားများ ပြောကာ ဖရဲသီးဖြင့် ဧည့်ခံခဲ့သည်။

သို့သော် သူဝယ်လာသော အပိုပစ္စည်းများကို ကြည့်ပြီး ယန်ရွှယ်မှာ ၎င်းသည် သစ်တောစခန်းအတွက် ပစ္စည်းပြင်ပေးရုံသာ မဟုတ်နိုင်ဟု ခံစားလိုက်ရသည်။ အိမ်ပြန်လမ်းတွင် သူမက မေးလိုက်သည်။ "ရှင် တကယ်ပဲ ပြင်ဆင်ရေးဆိုင် ဖွင့်ဖို့ စဉ်းစားနေတာလား"

"မဟုတ်ပါဘူး" ချီဖန့်က အဘွားအိုအား ရထားပေါ်သို့ အရင်ကူတင်ပေးရင်း ပြောလိုက်သည်။ "ကိုယ် ကိုယ်တိုင် ရေဒီယိုအချို့ လုပ်မလို့ပါ"

"ကိုယ်... ကိုယ်တိုင်လား" ယန်ကျိအန်းက ပါးစပ်အဟောင်းသားနှင့် မေးလိုက်သည်။ အိမ်သို့ရောက်သည်နှင့် သူ၏အခန်းသို့ပင် မသွားတော့ဘဲ သူ၏ယောက်ဖ ရေဒီယိုတပ်ဆင်ပုံကို ကြည့်ရန် နောက်မှ တကောက်ကောက် လိုက်လေတော့၏။

"ဒီလောက် မြန်တယ်လား။ ဂဟေဆော်တဲ့ ကိရိယာတွေ ဘာတွေ မလိုဘူးလား" ယန်ရွှယ် မဝံ့မရဲ မေးလိုက်သည်။

"ခဲတံလို့ ခေါ်တာပါ" ချီဖန့် ပစ္စည်းများကို ချလိုက်ရင်း သူမကို လှမ်းကြည့်လိုက်သည်။ "မင်းက အတော်လေး သိတာပဲ"

သတင်းအချက်အလက်စုံသော ခေတ်သစ်မှ လာသူတစ်ဦးအနေဖြင့် ဤမျှလောက်ကို မသိဘဲ မနေပေ။ သို့သော် ယန်ရွှယ်မှာ အရာအားလုံးကို မသိသလို ဟန်ဆောင်၍မရတော့ပေ။

သူမသည် သူ့အကြည့်ကို ရင်ဆိုင်ရင်း အပြစ်မရှိသလို မျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။"သစ်တောစခန်းကို ရောက်လာပြီးမှ ကြားဖူးနားဝ ရှိတာပါ"

ချီဖန့်သည်လည်း ထိုအချက်ကို အတည်မပြုနိုင်သဖြင့် သူ၏မျက်ဝန်းများကို အောက်သို့ချကာ ယန်ကျိအန်းအား အစိတ်အပိုင်းများကို ပြလိုက်သည်။ "ဒါက စပီကာ၊ ဒါကတော့ ထရန်စစ္စတာ"

ယန်ကျိအန်းကမူ နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ ခေါင်းကိုသာ တဆတ်ဆတ် ညိတ်နေတော့သည်။

ထိုအချိန်တွင် လျိုဝေကော ရောက်လာခဲ့သည်။ သူသည် မည်သူ့ကိုမျှ နှုတ်မဆက်ဘဲ အခန်းထဲဝင်ကာ ကုတင်ပေါ်တွင် ခေါင်းငုံ့၍ ထိုင်နေလေ၏။

ယန်ရွှယ် သူ့ကို အကဲခတ်ကြည့်ရာ တစ်ခုခု ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာပေးမှာ အတော်လေး ရှုပ်ထွေးနေ၏။

သူစိတ်မကောင်းဖြစ်နေလျှင် ဘာကြောင့် ပြုံးချင်နေသလို ဖြစ်နေသနည်း။ စိတ်ချမ်းသာနေလျှင်ကော ဘာကြောင့် ပခုံးများ တွဲကျနေသနည်း။

အဖြေရှာမရသဖြင့် သူမက သူမ၏မောင်လေးကို တို့လိုက်သည်။

ယန်ကျိအန်းမှာ အရိပ်အကဲ သိသဖြင့် သူ၏အခန်းထဲသို့ ဝင်သွားလေသည်။ ထိုအခါမှ ယန်ရွှယ်က မေးလိုက်၏။ "ရှင် ဘာဖြစ်နေတာလဲ"

ထိုအခါမှ လျိုဝေကောသည် ပြုံးလိုက်သော်လည်း မျက်နှာမှာ ပြန်ညှိုးသွားကာ သက်ပြင်းချလိုက်ပြန်သည်။

ချီဖန့်ကမူ လိုရင်းကိုသာ ပြောလိုက်သည်။ "မင်း ပြတင်းပေါက်ဖွင့်အိပ်လို့ လေဖြတ်သွားတာလား"

လျိုဝေကော၏ မျက်နှာ အကြောဆွဲနေသည်ကို မြင်ရသဖြင့် ယန်ရွှယ်မှာ ရယ်ချင်စိတ်ကို အတော်လေး ထိန်းလိုက်ရသည်။

လျိုဝေကောသည် ခေတ္တအောင့်ထားပြီးမှ အော်လိုက်သည်။ "ငါ့ကို ကောင်းကောင်းမွန်မွန်လေး ဆုတောင်းပေးလို့ မရဘူးလား"

ချီဖန့်ကမူ ဘာမှပြန်မပြောဘဲ သူကိုယ်တိုင် ရှင်းပြလာသည်အထိ စောင့်နေလိုက်၏။

မည်သူမျှ ထပ်မမေးတော့သဖြင့် လျိုဝေကောကပင် စပြောပြတော့သည်။ "လွန်ခဲ့တဲ့ နှစ်ရက်က ငါ့အမေက ကျိုးဝမ်ဟွေ့တို့အိမ်ကို မင်္ဂလာဆောင်ကိစ္စ သွားပြောတယ်လေ။ ဒါကို သူ့အဖေက မလောပါနဲ့အုံးတဲ့၊ စက်ရုံဒါရိုက်တာရဲ့ အဖေက အသက်ခုနစ်ဆယ် ပြည့်တော့မှာမို့လို့ ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေရလို့ အလုပ်များနေတယ်တဲ့။ အဲဒါပြီးမှ ဆွေးနွေးကြမယ်ဆိုပဲ"

ထိုခေတ်တွင် အရာရှိများ၏ မွေးနေ့ပွဲမှာ ဤမျှအရေးမကြီးသော်လည်း၊ စက်ရုံဒါရိုက်တာ၏ ဖခင် မွေးနေ့ကြောင့် သမီးဖြစ်သူ၏ မင်္ဂလာဆောင်ကို ရွှေ့ဆိုင်းရသည်မှာ အဓိပ္ပာယ်မရှိလှပေ။

ယန်ရွှယ်နှင့် ချီဖန့်တို့ ထင်သည့်အတိုင်းပင်၊ ကျိုးဝမ်ဟွေ့၏ အဖေမှာ အခွင့်အရေးကို လက်လွှတ်မည့်သူ မဟုတ်ပေ။

သူ၏စကားများမှာ "လျိုမိသားစုက ငါ့ကို လက်ဆောင်အတွက် မကူညီရင် မင်္ဂလာဆောင်ကို ဆွဲဆန့်ထားမယ်" ဟု အရိပ်အမြွက် ပြောနေခြင်းပင်။

သူသည် လျိုမိသားစုကို လုံးဝ အထင်မကြီးဘဲ မင်္ဂလာဆောင်ရန် အသည်းအသန်ဖြစ်နေသည့် တောသားများဟုသာ မြင်နေသည်။ အကယ်၍ ကျန်းမိသားစုသာဆိုလျှင် သူ ဤကဲ့သို့ ပြောရဲပါမည်လား။

"ငါ့အမေ ပြန်လာတော့ တော်တော် စိတ်တိုနေတယ်၊ သူ့ကို အရှက်မရှိတဲ့လူလို့ ဆဲနေတာ။” လျိုဝေကောမှာ မျက်နှာကို လက်ဖြင့်အုပ်ကာ မေးလိုက်သည်။ “ဒီမင်္ဂလာဆောင်က တကယ်ပဲ မဖြစ်တော့ဘူးလား"

မည်သူမျှ ချက်ချင်းပြန်မဖြေသဖြင့် သူက လှမ်းကြည့်လိုက်သည်။ "ငါတို့ ပေးထားတဲ့ ဂျင်ဆင်းလဲ အလကား ဖြစ်သွားပြီ ထင်တယ်"

တုံ့ပြန်မှုက မရှိသေးပေ။ ချီဖန့်ကမူ အကြည့်ကို ချလျက် သူ၏ ပစ္စည်းများကိုသာ ဆက်ကိုင်တွယ်နေ၏။

"ချီဖန့်၊ မင်းရဲ့ တုံ့ပြန်မှုက ဒါပဲလား။ ငါက မိန်းမရော ဂျင်ဆင်းရော ဆုံးရှုံးရတော့မယ့်ဟာကို မင်းက ဒီအတိုင်း ထိုင်နေတယ်ပေါ့။ ငါတို့က သူငယ်ချင်းတွေကော ဟုတ်ရဲ့လား"

"ဒါဆိုရင်လဲ အရင်ဆုံး ပြုံးနေတာကို ရပ်လိုက်အုံးလေ" ချီဖန့်က သူ့ကို လှမ်းကြည့်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။ "မင်းလက်က ဖုံးမထားနိုင်ဘူး"

လျိုဝေကော၏ ဟန်ဆောင်မှုမှာ ချက်ချင်း ပျက်စီးသွားတော့သည်။ "မင်း မျက်လုံးက ဘာလို့ ဒီလောက် စူးရှနေရတာလဲ။ ငါ့ကို နည်းနည်းလောက်တောင် ဟန်ဆောင်ခွင့် မပေးတော့ဘူးလား"

ချီဖန့်က ပြန်မဖြေသော်လည်း သူ၏အကြည့်ကမူ "မင်းကိုယ်တိုင် မဖုံးနိုင်တာလေ" ဟု ပြောနေသကဲ့သို့ပငိ။

သူ၏ ညံ့ဖျင်းလှသော သရုပ်ဆောင်မှုကြောင့် ယန်ရွှယ်လည်း ဆွံ့အသွားတော့သည်။ "ဒါနဲ့ အဲဒါက အမှန်ပဲလား"

"တစ်ဝက်ကတော့ အမှန်ပဲ။ သူ့အဖေက အဲ့လို ပြောတာလည်း အမှန်ပဲ။ ငါ့အမေ စိတ်တိုလွန်းလို့ မျက်နှာပျက်သွားတာလဲ အမှန်ပဲ။ အရှက်မရှိတဲ့လူလို့ ဆဲပြီး ဂျင်ဆင်းကို ပြန်သွားတောင်းခိုင်းတာလဲ အမှန်ပဲရယ်"

ဟွမ်ဖန့်ယင်းသာ ထိုသို့ပြောလျှင် သူမ အမှန်တကယ် စိတ်တိုနေခြင်း ဖြစ်ပေလိမ့်မည်။ ကျိုးဝမ်ဟွေ့၏ အဖေမှာ သမီးဖြစ်သူကို ရောင်းစားနေသကဲ့သို့ ပြုမူနေသည်မှာ တကယ့်ကို ယုတ်မာလှ၏။

"အဲဒါနဲ့ ဘာဆက်ဖြစ်လဲ" ယန်ရွှယ်မှာ စိတ်ဝင်စားဟန်ဖြင့် ရေအေးတစ်ခွက် ကမ်းပေးလိုက်သည်။

ဤကဲ့သို့ တုံ့ပြန်တတ်သောကြောင့်ပင် လျိုဝေကောသည် ယန်ရွှယ်အား သတင်းများ ပြောပြရသည်ကို နှစ်သက်ခြင်း ဖြစ်သည်။ "ကျိုးဝမ်ဟွေ့ သိသွားတော့ သူမ ချက်ချင်း အိမ်ပြန်သွားတယ်"

သူက ခေတ္တရပ်လိုက်ပြီး ပြုံးလိုက်ပြန်သည်။ "သူ့အဖေကို ဘာပြောလိုက်လဲ ခန့်မှန်းကြည့်"

သူ့အဖေ အကျိုးအမြတ်ရော လူပါ မဆုံးရှုံးရအောင် တစ်ခုခု ပြောလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ယန်ရွှယ် ဆက်မေးလိုက်သည်။ "ဘာပြောလိုက်လို့လဲ။ ရှင်ကလွဲရင် ဘယ်သူ့ကိုမှ မယူဘူးလို့လား"

"အဲဒါထက် ပိုတယ်" လျိုဝေကောသည် အသံကို နှိမ့်လိုက်၏။ "သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောလိုက်တာလေ၊ အကယ်၍ သူ့အဖေက မလောဘူးဆိုရင်လဲ ဗိုက်ကြီးလာတဲ့အထိ စောင့်လို့ရတယ်တဲ့"

၎င်းမှာ ကျိုးဝမ်ဟွေ့ ပြောမည့် စကားမျိုးမဟုတ်ပေ။ ယန်ရွှယ် လျိုဝေကောကို ကြည့်လိုက်သည်။ "သူမ အရိုက်ခံရသေးလား"

"အရိုက်ခံရတာပေါ့" လျိုဝေကော သက်ပြင်းချလိုက်မိသည်။ "သူ့အဖေက အဲဒီမှာတင် ပါးရိုက်လိုက်တာ။ သူ့အမေက တားလို့သာ တော်တော့တယ်၊ ဒါတောင် မျက်နှာက ရောင်သွားတယ်"

သို့သော် ရိုက်ရုံဖြင့် ဘာမှပြောင်းလဲမည်မဟုတ်ပေ။ ကိစ္စက ပြီးသွားပြီဖြစ်ကာ သူမမှာ "ကိုယ်ဝန်" ရှိနေပြီဟု ဆိုနေသည် မဟုတ်ပါလား။ သူ၏ဖခင်က လူတောမတိုးရဲအောင် လျိုဝေကောအား လူမိုက်ဟု စွပ်စွဲရဲပါမည်လား။

ထို့အပြင် နှစ်ဖက်မိသားစုမှာလည်း စေ့စပ်ပြီးသား ဖြစ်၏။ အမှန်တကယ်တော့ သူတို့မှာ ဘာမှမဖြစ်ခဲ့ကြသော်လည်း သူမ၏ဖခင်မှာ သိနိုင်မည်မဟုတ်ပေ။

ကျိုး မိသားစု ရူးမသွားသေးသည်မှာ ထင်ရှားလှသည်။ ဗိုက်မထင်ရှားမီ မင်္ဂလာဆောင်ရန် သူတို့ကပင် ပြန်လည် လောဆော်လာကြတော့၏။ ယခင်က လျိုမိသားစုက အသည်းအသန်ဖြစ်ခဲ့သော်လည်း ယခုမူ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ကျိုး မိသားစုကသာ အသည်းအသန် ဖြစ်နေရတော့သည်။

ကျိုးဝမ်ဟွေ့၏ ဖခင်မှာ မိမိသမီးကို ထိုကဲ့သို့ ပြောရသည်အထိ ဖြစ်အောင် လုပ်ဆောင်ခဲ့သူ ဖြစ်ပေသည်။

All Chapters