← Chapters

အခန်း (၂၃၄)

Vol. 24 Ch. 234

အခန်း (၂၃၄)

Vol. 24 Ch. 234

အခန်း။ ၂၃၄

"ငါ ရှုံးပါပြီ..."

သူသည် ခေါင်းငိုက်စိုက်ချလိုက်ရတော့သည်။

သူ့ကိုယ်သူ အလွန်အမင်း ယုံကြည်ချက်ရှိသူဖြစ်သော်လည်း ရွှီရန်၏ သာသာယာယာနှင့် အပြတ်အသတ် အနိုင်ယူသွားပုံကို မြင်လိုက်ရချိန်တွင် ထိုယုံကြည်ချက်များမှာ တုန်လှုပ်သွားခဲ့ရသည်။

ရွှီရန်က လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်သောအသံဖြင့် "မင်းရဲ့ ပြဿနာက နှစ်

ဖက်ခွချင်နေတာပဲ။ နည်းစနစ်တွေကိုလည်း လက်မလွှတ်နိုင်သလို ပြင်းထန်တဲ့ အကွက်တွေကိုလည်း ရဲရဲဝံ့ဝံ့ မသုံးရဲဘူး။ အဲဒါကြောင့် ဘယ်ဖက်ကမှ ထိရောက်မလာတာ"

"မင်း တစ်ခုခုကို ရွေးချယ်ဖို့ လိုတယ်"

"အမှန်အတိုင်းပြောရရင် တိုက်ခိုက်ရေးနည်းစနစ်တွေကို သင်ဖို့ဆိုရင် မင်းမှာ အဲဒီလောက်အထိ ပါရမီမရှိဘူး။ ခပ်ကြမ်းကြမ်း တိုက်ကွက်တွေက မင်းနဲ့ ပိုလိုက်ဖက်တယ်။ ဒါပေမဲ့ တကယ်လို့ မင်း နည်းစနစ်အချို့ကို သင်ချင်တယ်ဆိုရင်တော့ နောက်လာမယ့် ရက်ပေါင်းနှစ်ရာအတွင်း ငါ့ဆီ လာခဲ့လို့ရပါတယ်။ အနည်းအကျဉ်း သိထားတာကတော့ ဆိုးမှာမဟုတ်ဘူးလေ"

ထိုစကားများကို ကြားပြီးနောက် ချန်ကျွင်းသည် ရွှီရန်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေမိသည်။

သားရဲတိုက်ခိုက်ရေးကွင်းရှိ ကျောင်းအုပ်ကြီးများနှင့် နည်းပြများမှာလည်း ထိုနည်းတူပင် ထူးထူးခြားခြား မျက်နှာပေးများ ဖြစ်သွားကြသည်။

နေပါဦး... ဒါက ဘယ်လိုဖြစ်ပြီး ပညာသင်ပေးတဲ့ အခြေအနေကြီး ဖြစ်သွားတာလဲ။ ပြီးတော့ သူ ပြောနေပုံကလည်း တကယ်ကြီး ဆရာတစ်ယောက်လို အလေးအနက် ဖြစ်နေတာပဲ။

ကျောင်းအုပ်ကြီး ချန်ချီက ဝမ်းသာအားရ မတ်တတ်ရပ်လိုက်ပြီး အသံချဲ့စက်ကို ကိုင်ကာ အော်ပြောလိုက်သည်။

"ကဲ... အားလုံးကို မိတ်ဆက်ပေးပါရစေ။ ဒါကတော့ လေ့ကျင့်ရေးခရီးကနေ အခုလေးတင် ပြန်ရောက်လာတဲ့ ရွှီရန်ပါ"

"ငါတို့ကျောင်းရဲ့ ပါရမီရှင်ကလေး ကိုယ်တိုင်ဖန်တီးထားတဲ့ ဆန်းကြယ်တဲ့ ခြေလှမ်းရဲ့ စွမ်းရည်ကို အားလုံးလည်း မျက်မြင်တွေ့ခဲ့ကြပြီးပြီ"

"ဒါ့အပြင် ကိုယ်ဖျောက်အတတ်ရဲ့ စွမ်းအားကိုလည်း မင်းတို့ သိကြမှာပါ။ ဒါတွေအားလုံးက သူကိုယ်တိုင် ဖန်တီးပြီး ပြန်သင်ပေးထားတဲ့ အတတ်ပညာတွေပဲ။ သူ့ရဲ့ သင်ကြားမှုရလဒ်တွေကလည်း အတော်လေး ထင်ရှားတာကြောင့် သူက ငါတို့ကျောင်းမှာ ဆရာလေး တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံထားရသူပါ။ သူ့အနေနဲ့ သက်တူရွယ်တူ ပါရမီရှင်တွေကို လေ့ကျင့်သင်ကြားပေးဖို့ အပြည့်အဝ အရည်အချင်းရှိပါတယ်"

ကျောင်းအုပ်ကြီးဟောင်းမှာ သူ၏ အချစ်ဆုံးတပည့်အကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေတော့သည်။

ကိုယ်ဖျောက်အတတ်ကို သင်ကြားပေးနေသည်ဆိုသည့်အချက်ကို ဖုံးကွယ်ထားရန် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဆန်းကြယ်သည့် ခြေလှမ်းနှင့် ကိုယ်ဖျောက်အတတ်တို့ကို သင်ကြားပေးနိုင်ကြောင်း ရွှီရန်ကိုယ်တိုင်က ပြောထားပြီးသား ဖြစ်သောကြောင့်ပင်။ တတ်မြောက်ခြင်း ရှိမရှိကတော့ တစ်ဦးချင်းစီ၏ ပါရမီအပေါ်တွင်သာ မူတည်သည်။

ထို့ကြောင့် ဤကဲ့သို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမှာ ကျောင်းအုပ်ကြီး၏ ကြိုတင်စီစဉ်ထားသည့် အကွက်တစ်ခုပင်။

စကားပြောပြီးနောက် ကျောင်းအုပ်ကြီးဟောင်းမှာ ပါးစပ်မစိနိုင်အောင် ပြုံးရင်း အသံချဲ့စက်ထဲသို့ တဟားဟား ရယ်မောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် မနာလိုအားကျသော အကြည့်များစွာမှာ ကျောင်းအုပ်ကြီးထံသို့ စုပြုံကာ ကျရောက်နေသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် အံ့ဩတုန်လှုပ်နေသော အကြည့်များကလည်း ရွှီရန်ကို အကဲခတ်နေကြသည်။

"မဆန်းတော့ပါဘူး... သူတို့ကျောင်းက ပါရမီရှင်တွေက ဘာလို့ လူအများကြီးကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်တာလဲဆိုတာ။ ခုနက ရွှေရောင်မျက်ဝန်းနဲ့ မိန်းကလေးဆိုရင် သွေးစွမ်းအင် နှစ်သောင်းကျော်လေးနဲ့တင် လူပေါင်း ၁၆ ယောက်ကို ယှဉ်တိုက်သွားတာလေ"

"ပြီးတော့ သူတို့အားလုံးက ဆန်းကြယ်တဲ့ ခြေလှမ်းကို သုံးနေကြတာပဲ... ကျွမ်းကျင်မှု အဆင့်အတန်းချင်း ကွာရင်ကွာမယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့ ကိုယ်ဟန်အတတ်က တကယ့်ကို အထင်ကြီးစရာပဲ"

"နေပါဦး... ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်ဖျောက်အတတ်လိုမျိုး မန္တန်ကို တခြားသူတွေကို သင်ပေးလို့ ရတာလား"

"ဒါဆို ငါတို့ဆီက ပါရမီရှင်တွေကော အဲဒီ ကိုယ်ဖျောက်အတတ်ကို သင်ယူခွင့်ရနိုင်မလား"

ကျောင်းအုပ်ကြီးဟောင်းက တဟားဟားရယ်လျက် ခေါင်းညိတ်ပြကာ "ရတာပေါ့... ပါရမီမြင့်မားသရွေ့တော့ သင်ယူခွင့်ရှိတာပေါ့" ဟု ပြောလိုက်သည်။

ထိုအခါ အားလုံး၏ မျက်လုံးများသည် ကြီးမားသော မျှော်လင့်ချက်များဖြင့် ရွှီရန်ထံသို့ ရောက်ရှိလာတော့သည်။

သားရဲတိုက်ခိုက်ရေးကွင်း၏ အလယ်ဗဟိုတွင်မူ ရွှီရန်မှာ မတတ်နိုင်သလို ဖြစ်နေရသည်။

ကျောင်းအုပ်ကြီးဟောင်းသည် ဤအချက်ကို အကြာကြီး အောင့်အီးထားခဲ့ရမှန်း သူသိသောကြောင့်သာ ထိုဂုဏ်သတင်းကို စိတ်ကြိုက်ခံစားခွင့် ပေးထားလိုက်ခြင်းပင်။

ဘာပဲပြောပြော လူကြီးတွေဆိုတာ ဒီလိုကိစ္စမျိုးမှာ ပိုပြီး စိတ်အားထက်သန်တတ်ကြတာ မဟုတ်ဘူးလား။

ရွှီရန်က ကျယ်လောင်သောအသံဖြင့် "နောက်ထပ် ဘယ်သူများ အောက်ဆင်းပြီး ပညာစမ်းချင်သေးလဲ အခွင့်အရေးဆိုတာ အဖိုးတန်ပါတယ်... လက်လွတ်မခံကြပါနဲ့" ဟု ကြေညာလိုက်သည်။

အမှန်တကယ်ပင် ရွှီရန်သည် လက်တွေ့သင်ကြားပြသမှုများကို စတင်တော့မည် ဖြစ်သည်။

ပွဲကြည့်စင်ပေါ်ရှိ ကျောင်းအုပ်ကြီးများနှင့် နည်းပြများမှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"ဟော့ယွမ်... မင်း သွားစမ်းကြည့်ပါလား မင်းရဲ့ စင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်က သူ့ကို အပြင်းထန်ဆုံးနည်းနဲ့ အနိုင်ယူနိုင်မလားဆိုတာ ကြည့်ရတာပေါ့"

"သူ တကယ်ပဲ အနိုင်မခံနိုင်ဘူးဆိုတာကို ငါတော့ မယုံဘူး"

အနောက်တိုင်းဒေသ မူကြိုကျောင်းမှ ခန့်ညားသော ကျောင်းအုပ်ကြီးက ရယ်မောလျက် ပြောလိုက်သည်။

ဆံပင်ခရမ်းရောင်နှင့် လူငယ်လေးတစ်ဦးသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

"နည်းစနစ်ဆိုတာ အကြွင်းမဲ့အင်အားရဲ့ ရှေ့မှာတော့ ဘာမှမဟုတ်ပါဘူး"

"ငါ ဒီပွဲကို အမြန်ဆုံးနဲ့ အပြတ်သားဆုံး အနိုင်ယူပြမယ်"

သူသည် ယုံကြည်ချက်အပြည့် ရှိနေပြီး သူ၏အကြည့်များမှာ မှောင်မိုက်မှုကို ခွင်းလိုက်သည့် လျှပ်စီးတန်းများကဲ့သို့ စူးရှလှသည်။

သူသည် ပွဲကြည့်စင်ပေါ်မှ လျင်မြန်စွာ ခုန်ဆင်းလာခဲ့သည်။

ရွှီရန်နှင့် မလှမ်းမကမ်းတွင် ဆင်းသက်လိုက်ပြီး ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။

"အနောက်တိုင်းဒေသက ဟော့ယွမ်ပါ။ စင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်အတတ်ကို ပိုင်ဆိုင်ထားသူပါ"

ရွှီရန်က မျက်ခုံးပင့်လိုက်မိသည်။ ၎င်းမှာ နောက်ထပ် ရင်းနှီးနေသော အမည်တစ်ခုပင်။

"အနိုင်မခံ အရှုံးမပေးတဲ့... ရွှီရန်ပါ"

ဟော့ယွမ်၏ အသံမှာ အေးစက်လှသည်။

"အနိုင်မခံဘူး ဟုတ်လား အဲဒါကို ငါ့ရဲ့ မိုးကြိုးနတ်ဘုရားက ခွင့်ပြုမပြု အရင်မေးကြည့်လိုက်ပါဦး"

သူ၏စကားအဆုံးတွင် သူ၏ပတ်ဝန်းကျင်၌ လျှပ်စီးတန်းများ ဝုန်းခနဲ ထွက်ပေါ်လာသည်။ တုတ်ခိုင်သော လျှပ်စီးတန်းများမှာ နဂါးများ၊ မြွေများကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး ကြောက်မက်ဖွယ်ကောင်းကာ ဝိညာဉ်ကိုပင် တုန်လှုပ်စေမည့် လျှပ်စီးများဖြင့် ဖွဲ့စည်းထားသော နတ်စစ်သူကြီးတစ်ပါးအသွင် ပေါ်ပေါက်လာတော့သည်။

ထိုနတ်စစ်သူကြီးမှာ သုံးမီတာခန့် မြင့်မားပြီး လျှပ်စစ်များဖြင့် သွန်းလုပ်ထားပုံရသည်။ ၎င်း၏ ကိုယ်ပေါ်ရှိ သံချပ်ကာ အစိတ်အပိုင်းတစ်ခုချင်းစီကိုပင် အထင်အသား မြင်တွေ့နေရသည်။

၎င်း၏ လက်နှစ်ဖက်တွင် ဓားရှည်များကို ကိုင်ဆောင်ထားပြီး ရွှီရန်ဆီသို့ ကရုဏာကင်းမဲ့စွာ ဝှေ့ယမ်းလိုက်သည်။

ခဏချင်းအတွင်းမှာပင် မိုးချုန်းသံများနှင့် လျှပ်စီးသံများ ဆူညံသွားတော့သည်။

ဓားရှည်နှစ်လက်သည် လျှပ်စီးတန်းပေါင်း ဒါဇင်နှင့်ချီ၍ ဆွဲဆောင်လိုက်ကာ ရွှီရန်ဆီသို့ အလင်းနှုန်းဖြင့် ခုတ်ပိုင်းချလိုက်သည်။ အလွန်မြန်ဆန်လှသဖြင့် ရှောင်တိမ်းရန်ပင် ခဲယဉ်းသည်။

ရွှီရန်က မျက်ခုံးပင့်လိုက်ရင်း မသိမသာ ခေါင်းညိတ်လိုက်မိသည်။

"တကယ်ကို ထက်မြက်တဲ့ ပါရမီအရိုးအဆစ်ပဲ။ သူ့ရဲ့ ဖျက်ဆီးအားကတော့ တကယ့်ကို အထင်ကြီးစရာပဲ"

ပထမတစ်ချက် ခုတ်ပိုင်းပြီးနောက် နတ်စစ်သူကြီးသည် နောက်ထပ် တိုက်ကွက်တစ်ခုအတွက် ဓားကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ဤအတတ်သည် အမြန်နှုန်းကို အခြေခံထားသော တိုက်ခိုက်ရေးပုံစံဖြစ်ကြောင်း ထင်ရှားနေသည်။

ဖျက်ဆီးအား အလွန်ပြင်းထန်ပြီး တိုက်ခိုက်မှုနှုန်းကလည်း မြန်ဆန်လှသည့်အပြင် မန္တန်တိုက်ကွက်များပါ ပါဝင်နေသည်။ ထို့ပြင် ဤနတ်စစ်သူကြီးသည် တုနှိုင်းမဲ့သော ခံစစ်စွမ်းအားကိုလည်း ပေးစွမ်းနိုင်ပြီး နတ်စစ်သူကြီးသာ ပျက်စီးမသွားပါက ပိုင်ရှင်ဖြစ်သူကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ရွှီရန်၏ မျက်ဝန်းများမှာ တောက်ပလာသည်။

သူသည် နေရာမှ မရွေ့ဘဲ ရှောင်တိမ်းခြင်းလည်း မပြုဘဲ သူ၏လက်နှစ်ဖက်ကို မြှောက်ကာ မျက်နှာကို ကာကွယ်လိုက်ရုံသာ ပြုလုပ်လိုက်သည်။

ဝုန်း ဝုန်း ဝုန်း…

မိုးခြိမ်းသံများ ဆူညံသွားတော့သည်။

နတ်စစ်သူကြီး၏ ဓားချက်များမှာ ပိုမိုမြန်ဆန်လာပြီး ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားကာ ခဏချင်းအတွင်းမှာပင် အချက်ပေါင်း ၃၀ တိတိ ခုတ်ပိုင်းလိုက်သည်။

ထိုဓားချက် ၃၀ စလုံးမှာ ရွှီရန်၏ကိုယ်ပေါ်သို့ တည့်တည့်ကျရောက်သွားသည်။

မရေမတွက်နိုင်သော လျှပ်စီးတန်းများမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားပြီး စွမ်းအင်မြင့် အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထို့နောက်တွင်မူ ပေါက်ကွဲသံကြီးနှင့်အတူ ဝုန်းခနဲ ပွင့်ထွက်သွားတော့သည်

ဧရာမ မှိုပွင့်ပုံစံ မီးခိုးလုံးကြီးတစ်ခုမှာ ရွှီရန် ရပ်နေသည့်နေရာမှ ထွက်ပေါ်လာသည်။

ရိုက်ခတ်လာသော အလင်းတန်းများကြောင့် အတွင်းတွင် ဘာဖြစ်နေသည်ကို မမြင်ရတော့ချေ။

ပွဲကြည့်စင်ပေါ်ရှိ ကျောင်းအုပ်ကြီးများနှင့် နည်းပြများအားလုံးမှာ မျက်မှောင်ကြုတ်ကာ မျက်တောင်များပင် တုန်လှုပ်သွားကြသည်။ သူတို့မှာ မနေနိုင်တော့ဘဲ မတ်တတ်ရပ်လိုက်ကြပြီး ချန်ချီကို ကြည့်လိုက်ကြသည်။

"အဘိုးကြီးချန်... မင်းရဲ့ ချန်ပီယံက ဟော့ယွမ်ရဲ့ အရှိန်ပြင်း တိုက်ကွက်တွေကို မရှောင်နိုင်ခဲ့ဘူးဗျ"

"မင်းရဲ့ ပါရမီရှင်ကလေးကို သွားမကယ်တော့ဘူးလား ဒီလောက်ပြင်းထန်တဲ့ ပေါက်ကွဲမှုကို အသက် ၁၁၊ ၁၂ နှစ်အရွယ် ကလေးတစ်ယောက် မခံနိုင်ဘူးလေ။ ဘာလို့ ပွဲကို မရပ်ခိုင်းတာလဲ"

"မင်းက သူ့ကို ယုံကြည်လွန်းနေတာ မဟုတ်ဘူးလား သူ့ရဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ ဉာဏ်ရည်က ဘယ်လောက်ပဲ မြင့်နေပါစေ။ အခုလို အကြွင်းမဲ့ ဖျက်ဆီးအားနဲ့ ပေါက်ကွဲအားတွေရဲ့ ရှေ့မှာတော့ အကန့်အသတ် ရှိသွားပြီလေ"

လူတိုင်းက ကျောင်းအုပ်ကြီးဟောင်းထက်ပင် ပို၍ စိုးရိမ်ပူပန်နေကြသည်။

ကျောင်းအုပ်ကြီးဟောင်းမှာလည်း ကောင်းကင်သို့ ထိုးတက်သွားသော လျှပ်စီးများကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေရှာသည်။

စိတ်မအေးနိုင်သော်လည်း သူသည် ယုံကြည်မှုကိုသာ ရွေးချယ်လိုက်သည်။

"အဆင်ပြေမှာပါ..."

သူသည် စိုးရိမ်စိတ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ဒီကောင်လေး... ဘာလို့ မရှောင်တာလဲ...

အောင့်ခံပြတာက ကြည့်ကောင်းတယ်လို့ ထင်နေတာလား။

တကယ်လို့ တစ်ခုခု ဖြစ်သွားရင်တော့ ရယ်စရာကြီး ဖြစ်တော့မှာပဲ။

ဒါပေမဲ့ တစ်ခုခုဖြစ်သွားရင်တောင် ဒါက တရားဝင်ပွဲမဟုတ်တော့ ကိစ္စမရှိပါဘူး။ သူ့အတွက် သင်ခန်းစာတစ်ခု ဖြစ်သွားတာပေါ့... တခြားပါရမီရှင်တွေကို အထင်မသေးဖို့ ငါပြောတာကို သူက နားမထောင်ဘူးလေ။

အခုတော့ ကြည့်စမ်း။

အကြောက်ဆုံး မိုးကြိုးတွေနဲ့ တဝကြီး အထုခံလိုက်ရပြီ မဟုတ်လား။

All Chapters