အခန်း (၂၃၅)
Vol. 24 Ch. 235
အခန်း။ ၂၃၅
ဝုန်း…
ဝုန်း….
ဝုန်း….
ပေါက်ကွဲသံများက တစ်ခုပြီးတစ်ခု အဆက်မပြတ် မြည်ဟီးနေဆဲပင်။
ကျောင်းအုပ်ကြီး၏ မျက်ခုံးများမှာလည်း တလှုပ်လှုပ် တုန်ယင်နေပြီး ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေမိသည်။
ကြည့်ရသည်မှာ သူက ရွှီရန်ကို အပြစ်တင် ညည်းညူနေသလို ရှိသော်လည်း တကယ်တမ်းမူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းနေပြီး ရင်ထဲတွင် အစိုးရိမ်ကြီး စိုးရိမ်နေခြင်းပင်။
ဤစင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်၏ ဖျက်ဆီးအားမှာ တောင်ကုန်းအဆင့်၏ အတိုင်းအတာထက်ပင် ကျော်လွန်နေသည်။
ထို့ပြင် အချက်ပေါင်း ၃၀ တိတိ ဆင့်ကဲတိုက်ခိုက်လိုက်ခြင်းမှ ထွက်ပေါ်လာသော ပေါက်ကွဲမှုအရှိန်မှာ ဂျီဩမေတြီကိန်းဂဏန်းများကဲ့သို့ပင် တိုးပွားလာခဲ့သည်။
မရေမတွက်နိုင်သော ပေါက်ကွဲမှုများမှာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာ အဏုမြူဓာတ်ပေါင်းဖိုငယ်တစ်ခု ပေါက်ကွဲသကဲ့သို့ပင် ပြင်းထန်လှသည်။
ထိတ်လန့်ဖွယ်ကောင်းသော ထိုမိုးကြိုးပေါက်ကွဲမှုကြီးကြောင့် သားရဲတိုက်ခိုက်ရေးကွင်းတစ်ခုလုံး တုန်ခါသွားကာ ဧရာမ မှိုပွင့်ပုံစံ မီးခိုးလုံးကြီးမှာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ အကာအကွယ်အတားအဆီးများသာ မရှိပါက ပြင်းထန်သော တုန်ခါမှုလှိုင်းများကြောင့် ပွဲကြည့်စင်ပေါ်ရှိ ကလေးငယ်များပင် ထိခိုက်သွားနိုင်ချေ ရှိသည်။
အားကြီးလိုက်တာ။
တကယ်ကို အားကြီးလွန်းတယ်။
စင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်၏ အဆင့်အတန်းမှာ နတ်ဘုရားသတ် သံချပ်ကာထက် တစ်ဆင့်မြင့်နေသည်မှာ ထင်ရှားလှသည်။
မျက်လုံးရှိသူတိုင်း ထိုအချက်ကို သိနိုင်သည်။
ထိပ်တန်းအဆင့်ရှိ ပါရမီရှင်များမှာ အချင်းချင်း အင်အားချင်း တူညီနေခြင်းမျိုး မဟုတ်ဘဲ အဆင့်တစ်ခုစီ ခြားနားနေသကဲ့သို့ပင်။ တစ်ဆင့်တည်း ကွာခြားခြင်းဖြစ်သော်လည်း လက်တွေ့အင်အားမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေခြင်းမျိုးပင်။
ဥပမာအားဖြင့် စင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်သည် နတ်ဘုရားသတ် သံချပ်ကာကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိသည်။
ဒါဆိုရင် ရွှီရန်တော့ ရှုံးသွားပြီ မဟုတ်လား။
ဒီလိုမျိုး စင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်ရဲ့ တိုက်ခိုက်မှုကို ဘာအကာအကွယ်မှမပါဘဲ ရင်ဆိုင်ခဲ့တာကြောင့် သူ့မှာ သွေးစွမ်းအင် နှစ်သိန်းရှိနေရင်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။
ကျင့်ကြံသူတွေဆိုတာ အကာအကွယ်မဲ့ရင် ထိခိုက်လွယ်တဲ့ မှော်ဆရာတွေလိုပါပဲ။
ဒါမှမဟုတ် သူ့မှာ ဒိုင်းတစ်ခုခု ရှိနေလို့လား။
လုံးဝ မဖြစ်နိုင်တာ။
ထိုသို့တွေးမိလိုက်သည်နှင့် ရလဒ်က ထွက်ပေါ်သွားပြီဟု အားလုံးက ယုံကြည်လိုက်ကြသည်။
စစ်တလင်းအတွင်း၌မူ ဟော့ယွမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏နောက်ကွယ်မှ နတ်စစ်သူကြီးသည် ဓားအစုံကို သာသာယာယာကိုင်ဆောင်ထားပြီး အောင်နိုင်သူတစ်ဦး၏ အနေအထားအတိုင်း ရှိနေသည်။ သူသည် အစကတည်းက ရွှီရန်အား တုံ့ပြန်ရန် အခွင့်အရေး လုံးဝမပေးခဲ့ဘဲ နတ်စစ်သူကြီး၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သော အချက် ၃၀ တိတိ ခုတ်ပိုင်းမှုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤတိုက်ကွက်မျိုးဆိုလျှင် သွေးစွမ်းအင် တစ်
သိန်းရှိသော သားရဲများပင် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပေလိမ့်မည်။
ရွှီရန်ကတော့ လူတစ်ယောက်တည်းပဲလေ။
သေချာပေါက် မခံနိုင်ပါဘူး။
ဟော့ယွမ်က ခေါင်းကို မော့ထားပြီး အောင်ပွဲအတွက် ဂုဏ်ပြုသံတွေကို နားစွင့်ရန် အသင့်ပြင်လိုက်သည်။
အားလုံး၏ အကြည့်များမှာ မိုးကြိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နေရာဆီသို့ စုပြုံရောက်ရှိသွားကြသည်...။
"ပေါက်ကွဲမှုတွေ ငြိမ်သွားတဲ့အခါမှာတော့ မြေပြင်ပေါ်မှာ သတိမေ့ပြီး လဲကျနေတဲ့ ဖရိုဖရဲ ပုံစံမျိုးကိုပဲ တွေ့ရတော့မှာပါ..."
"ဒီအဘိုးကြီး ချန်ချီကတော့ တကယ်ကို ယုံကြည်ချက်ရှိလွန်းတယ်။ အခုထိတောင် စိုးရိမ်တဲ့ အရိပ်အယောင် မပြသေးဘူး"
"သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေတာလား"
"မဟုတ်ဘူး... ငါကြည့်ရသလောက်တော့ သူ စိတ်လှုပ်ရှားနေတာ။ ဒါပေမဲ့ မနေ့ညက ကြွားထားတာတွေ ရှိတော့ အခု ပြန်နှုတ်ဖို့ ခက်နေတာလေ... အနေရခက်တဲ့ အခြေအနေမှာ ပိတ်မိနေတာ..."
"အော်... ဒါက ပွဲမပြီးခင် အောင်ပွဲခံချင်နေတဲ့ အဘိုးကြီး ချန်ချီရဲ့ ပုံစံပေါ့လေ ဟားဟား"
ထိုသို့ ဝေဖန်ဆွေးနွေးနေကြစဉ် နည်းပြများက တည်ကြည်စွာ ခေါင်းခါယမ်းလိုက်ပြီး သူတို့နောက်ကွယ်မှ ကျောင်းသားများကို ကြည့်ကာ "မှတ်ထားကြ... ဘယ်လိုတိုက်ခိုက်မှုမျိုးပဲဖြစ်ဖြစ် အန္တရာယ်ရှိတယ်လို့ ခံစားရရင် ဘယ်တော့မှ ထိပ်တိုက် မရင်ဆိုင်နဲ့။ အခုလေးတင် ဖြစ်သွားတဲ့ တိုက်ပွဲမှာ ကျင့်ပြည်နယ် မူကြိုကျောင်းက ရွှီရန်က မလုပ်သင့်မထိုက်တန်တဲ့ အရာကို လုပ်ပြသွားတဲ့ ပြဌာန်းစာအုပ်ထဲက သာဓကတစ်ခုပဲ" ဟု သွန်သင်လိုက်သည်။
"လုံးဝ အတုမယူကြနဲ့"
"ဒါပေမဲ့... ဒါပေမဲ့ နည်းပြခင်ဗျာ သူက ဘာဒဏ်ရာမှ မရထားသလိုပဲ..."
နည်းပြ၏ စကားပင် မဆုံးသေးမီမှာပင် ပေါက်ကွဲမှုအရှိန်များ ငြိမ်သက်သွားပြီးနောက် စစ်တလင်းအတွင်း၌ မတ်မတ်ရပ်နေဆဲဖြစ်သော ကောင်လေးတစ်ဦးကို ကျောင်းသားအချို့က မြင်တွေ့လိုက်ရသည်။
နည်းပြဖြစ်သူလည်း လှည့်ကြည့်လိုက်ရာ သူ၏ စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်ဆို့သွားပြီး မည်သို့ဖော်ပြရမှန်းပင် မသိတော့ချေ။
ရွှီရန်မှာ တည်ငြိမ်စွာ ရပ်နေပြီး မည်သည့်ဒဏ်ရာဒဏ်ချက်မျှ မရှိဘဲ လုံးဝဥဿုံ ဘေးကင်းနေသည်ကိုသာ တွေ့လိုက်ရသောကြောင့်ပင်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဟော့ယွမ်၏ သူငယ်အိမ်တို့မှာ တုန်ယင်သွားတော့သည်။
ပွဲကြည့်စင်ပေါ်ရှိ လူအားလုံးမှာ မှင်တက်ဆွံ့အကုန်ကြသည်။ သူတို့သည် ရွှီရန်ကိုတစ်လှည့် ကျောင်းအုပ်ကြီး ချန်ချီကိုတစ်လှည့် ကြည့်နေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ "ခင်ဗျား ဒီဘီလူးသတ္တဝါကြီးကို ဘယ်ကနေ ရှာလာတာလဲ။ သူက ရှစ်နှစ်သား လုံးဝမဟုတ်ဘူး" ဟု ပြောနေကြသကဲ့သို့ပင်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ပြီးတာတောင် ဘာဒဏ်ရာမှ မရဘူးလား အဲဒီအပြင် နေရာကနေတောင် မရွေ့ဘူးနော်"
"ဒါက ဘယ်လို လူသားမဟုတ်တဲ့ ထူးဆန်းတဲ့ကောင်လဲ လူ့ခန္ဓာကိုယ်က ဒီလောက်အထိ သန်မာစရာ အကြောင်းမရှိဘူးလေ"
"ခုနက သူ ဒိုင်းတစ်ခုခု သုံးလိုက်တာလား"
ကျောင်းအုပ်ကြီး ချန်ချီမှာလည်း အခြားသူများနည်းတူ အံ့အားသင့်နေမိသည်။
သို့သော်လည်း လူအများ၏ အကြည့်များမှာ သူ့ထံသို့ စုပြုံရောက်ရှိလာသည်ကို သတိပြုမိလိုက်သဖြင့် သူသည် အစကတည်းက သိနေခဲ့သကဲ့သို့ပင် တည်ငြိမ်သော ဟန်ပန်ကို အလျင်အမြန် ဖမ်းလိုက်သည်။
သို့သော် သူ၏ရင်ထဲတွင်မူ သက်ပြင်းတစ်ချက်ကို ခိုး၍ချလိုက်မိသည်။
"အော်... ဒါက မောက်မာတာမှ မဟုတ်တာ။ ဒီကောင်လေးက တကယ်ကြီး ထိပ်တိုက် ရင်ဆိုင်လိုက်တာလား။ လွန်ခဲ့တဲ့ ရက်ပေါင်းနှစ်ရာတုန်းက သူက ကပ်ဘေးမီးတောက်ဆယ်စက်တောင် သုံးခဲ့တာဆိုတော့ အခုဆိုရင် ပိုပြီးတော့တောင် ထိတ်လန့်စရာကောင်းနေပြီပဲ"
"အဲဒါကြောင့်ပဲ ဖြစ်မယ် ဒါကြောင့် သူက ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့တာ"
ကျောင်းအုပ်ကြီး၏ မျက်မှောင်များ ပြေလျော့သွားတော့သည်။
သားရဲတိုက်ခိုက်ရေးကွင်းအတွင်းရှိ လူငယ်လေးကို ကြည့်ကာ သူသည် နွေးထွေးစွာ ပြုံးလိုက်မိသည်။
ထိုအချိန်တွင် ရွှီရန်၏ တောက်ပသော မျက်ဝန်းများသည် ဟော့ယွမ်ထံသို့ ကျရောက်သွားသည်။
"ဖျက်ဆီးအားကတော့ အတော်အသင့်ရှိသားပဲ။ မင်းက ကိုယ့်အားသာချက်ကို သုံးတတ်ပြီး အားနည်းချက်ကို ရှောင်တတ်တာပဲ။ အစကတည်းက အပြင်းထန်ဆုံး တိုက်ကွက်နဲ့ စတင်ခဲ့တာကိုး။ မင်းရဲ့ ဉာဏ်ရည်က ချန်ကျွင်းထက်တော့ နည်းနည်း ပိုမြင့်တယ်လို့ ပြောလို့ရတယ် အဲဒီကောင်ကတော့ မပြောနဲ့တော့"
ဟော့ယွမ် "..."
ဒါက ချီးကျူးစကားလို့ ငါ လုံးဝမခံစားရဘူး။
"မင်း ဘာလို့ ဒဏ်ရာမရတာလဲ"
ရွှီရန်က ပုခုံးတွန့်လိုက်ရင်း "အမြဲတမ်း ပြင်းပြင်းထန်ထန် ကျင့်ကြံနေလို့ပေါ့" ဟု ပြန်ဖြေသည်။
ဟော့ယွမ်က မကျေမနပ်ဖြင့် "မင်း ငါ့ကို နောက်နေတာလား ဘယ်လောက်ပဲ ကျင့်ကျင့် ဒီအဆင့်ထိ ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး "ယုံတာ မယုံတာကတော့ မင်းအပိုင်းပေါ့။ အခုတော့ မင်းရဲ့ နတ်စစ်သူကြီးက ဘယ်လောက် အရည်အသွေးရှိလဲဆိုတာ ငါစမ်းကြည့်ချင်တယ်..."
"ငါ့ရဲ့ ရုပ်သေးရုပ်က မင်းရဲ့ မိုးကြိုးတွေကို အသာလေး ခံနိုင်ရည်ရှိမှာပါ"
ဟော့ယွမ်က နှာခေါင်းရှုံ့လိုက်သည်။
"ငါ့ကို လာပြီး အထင်မသေးနဲ့ မင်းရဲ့ အဲဒီလို အပေါ်စီးကနေ ကြည့်နေတဲ့ အမူအရာက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကြီး"
သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
အကြည့်ကို တစ်ချက်တည်း စုစည်းလိုက်ရာ သူ့နောက်ကွယ်ရှိ နတ်စစ်သူကြီးက ဓားအစုံကို နောက်တစ်ကြိမ် မြှောက်လိုက်ပြန်သည်။
၎င်းကို မြင်သောအခါ ရွှီရန်မှာ မလှုပ်မယှက် ရပ်နေဆဲပင်။ သူ၏လက်ကို တစ်ချက်ခါလိုက်
သည်နှင့် မိုဓားစစ်သည်တော်တစ်ဦးမှာ လေထဲတွင် ကြီးထွားလာပြီး လေးမီတာခန့်မြင့်သော သံနက်ရောင် စစ်သည်တော်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ ပြိုကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ နတ်စစ်သူကြီးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
"ဝုန်း"
"ဝုန်း"
"ဝုန်း"
မိုဓားစစ်သည်တော် ရှေ့သို့ လှမ်းလိုက်တိုင်း သားရဲတိုက်ခိုက်ရေးကွင်းတစ်ခုလုံး တုန်ခါသွားရသည်။
နတ်စစ်သူကြီးက ဓားကို မြှောက်ကာ အားပါပါဖြင့် စောင်းခုတ်လိုက်သည်။
ဓားအစုံမှ မိုးကြိုးတိမ်တိုက်များ ပွင့်ထွက်လာပြီး မိုဓားစစ်သည်တော်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေရန် ရည်ရွယ်ကာ တိုက်မိသွားတော့သည်။
မိုဓားစစ်သည်တော်က သူ၏ ဓားကြီးကို ဝှေ့ယမ်းကာ ကြားဖြတ်ခုခံလိုက်သည်။
ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများသည် ထိုလေးလံသော ဓားကြီး၏ ခံစစ်ကို ဖောက်ထွက်နိုင်စွမ်း မရှိချေ။
လျှပ်စီးတန်းများမှာ မိုဓားစစ်သည်တော်၏ ပုခုံးနှင့် ရင်ဘတ်များကို ထိမှန်သွားသော်လည်း ၎င်းမှာ မည်သို့မျှ မဖြစ်ဘဲ တည်ငြိမ်နေဆဲပင်...။
ရွှီရန်က ခေါင်းခါယမ်းလိုက်ရင်း "ဒီလောက်ပဲလား" ဟု ပြောလိုက်သည်။
သူ၏ စိတ်အာရုံဖြင့် ခိုင်းစေလိုက်ရာ မိုဓားစစ်သည်တော်က ဓားကို မြှောက်လိုက်ကာ အစွမ်းကုန် ခုတ်လိုက်သည်။
ဤတစ်ချက်မှာ ယခင်တိုက်ကွက်များနှင့် မတူတော့ဘဲ ပိုမိုပြင်းထန်လှကာ သူ၏ တိုက်ခိုက်
နိုင်စွမ်း သုံးပုံတစ်ပုံခန့်ကို အသုံးပြုထားခြင်းပင်။
"တကယ်ကို လေးလံတဲ့ ဓားချက်ပဲ"
ဟော့ယွမ်မှာ ထိတ်လန့်သွားပြီး သူ၏မျက်ဝန်းထဲတွင် တဖြည်းဖြည်း ကြီးမားလာသော ဓားကြီးကို ကြည့်ကာ ခေါင်းကို အမြန်မော့လိုက်မိသည်။