← Chapters

အခန်း (၂၃၆)

Vol. 24 Ch. 236

အခန်း (၂၃၆)

Vol. 24 Ch. 236

အခန်း။ ၂၃၆

ဤဓားချက်မှာ မြန်ဆန်ရုံသာမက ပြင်းထန်လွန်းလှပြီး ကြီးမားသော စွမ်းအားနှင့် ဖိအားများ ပါဝင်နေသည်။

၎င်းက ဟော့ယွမ်၏ နှလုံးသားကိုပင် တုန်ယင်သွားစေသည်။

အရေးပေါ်အခြေအနေတွင် နတ်စစ်သူကြီးသည် ထိုဓားချက်ကို ထိပ်တိုက်ရင်ဆိုင်ရန်မှတစ်ပါး အခြားမရှိတော့ချေ။

"ဂလောင်"

"ဖမ်းမိပြီ"

ဟော့ယွမ်၏ ရင်ထဲတွင် ဝမ်းသာပီတိများ လွှမ်းမိုးသွားသည်။

သို့သော်လည်း ခဏချင်းမှာပင် သူ ထိတ်လန့်သွားရပြန်သည်။

နတ်စစ်သူကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်တော့မည့်အလား ဖြစ်နေပြီး ၎င်းကို ထိန်းထားနိုင်ရန်အတွက် ဟော့ယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များကို ရူးသွပ်မတတ် စုပ်ယူနေတော့သည်။

သို့သော် ဤဓားချက်မှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။

နတ်စစ်သူကြီး၏ စွမ်းအင်ကုန်ဆုံးမှုမှာလည်း တစ်ခါဖူးမျှ မကြုံဖူးလောက်အောင် မြန်ဆန်လွန်းနေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် နတ်စစ်သူကြီးမှာ ပွင့်ထွက်ကာ ပျက်စီးသွားတော့သည်။

ဟော့ယွမ်သည်လည်း ဓားချက်အရှိန်ကြောင့် ဘေးသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်တွင် လိမ့်သွားရတော့သည်။

လူအားလုံး ဆွံ့အသွားကြသည်။

ဒါက ဘယ်လို နည်းစနစ်မျိုးလဲ။

သူ့ရဲ့ ကိုယ်တိုင်တိုက်ခိုက်တဲ့ စွမ်းရည်တွေကပဲ သန်မာတာမဟုတ်ဘဲ ရုပ်သေးရုပ်တွေကိုပါ ထိန်းချုပ်နိုင်တာလား။ ပြီးတော့ အဲဒီရုပ်သေးကလည်း ဒီလောက်အထိ အစွမ်းထက်နေတာလား။

ပထမတစ်ချက်ကတော့ စမ်းသပ်ကြည့်ရုံသက်သက်ပဲ ရှိသေးတာ။

ရုပ်သေးရုပ်ကို လျှပ်စီးတွေကြားထဲမှာ အတင်းခံခိုင်းထားတာတောင်မှပေါ့။

ဒုတိယတစ်ချက်မှာတော့ အနည်းငယ် အလေးအနက်ထားလိုက်ပုံပဲ။

အဲဒီ အလေးအနက်ထားလိုက်တဲ့ ဒုတိယဓားချက်ကတင် ဟော့ယွမ်ကို တိုက်ရိုက် အလဲထိုးလိုက်တာပဲ။

တကယ့်ကို ထိတ်လန့်စရာပဲ။

သူ့မှာ ဘယ်လိုဖြစ်ပြီး အနိုင်မခံနိုင်တဲ့ နည်းစနစ်တွေ ဒီလောက်တောင် များနေရတာလဲ။

သူက တကယ်ပဲ အနိုင်မခံနိုင်တဲ့သူလား။

အားလုံး၏ အကြည့်များမှာ တည်ငြိမ်စွာ မတ်မတ်ရပ်နေသော ရွှီရန်ထံမှတစ်ဆင့် ဟော့ယွမ်ထံသို့ ပြောင်းလဲကျရောက်သွားကြသည်။

ထိုအချိန်တွင် ဟော့ယွမ်၏ မျက်နှာမှာ နီမြန်းနေပြီး မြေပြင်မှ လှိမ့်ကာ ပြန်ထလာခဲ့သည်။ သူသည် အသက်ကို ပြင်းပြင်းရှူနေရပြီး ရွှီရန်ကို ကြည့်နေစဉ်မှာပင် ချွေးများမှာ မိုးရေကဲ့သို့ တရစပ် စီးကျနေတော့သည်။

ခုနက အစွမ်းထက်တဲ့ နတ်စစ်သူကြီးက ရွှီရန်ရဲ့ ဓားချက်ကို ခုခံဖို့အတွက် ငါ့ရဲ့ သွေးစွမ်းအင် အားလုံးကို စုပ်ယူသုံးစွဲသွားခဲ့တာ…

သူ့၏ နှလုံးသားကလည်း မသိမသာ တုန်ယင်နေမိသည်။

မနိုင်နိုင်ဘူးဆိုသည့် စကားလုံးက သူ့ဦးနှောက်ထဲတွင် စွဲထင်သွားတော့သည်။

"မင်း... တကယ် သန်မာတာပဲ..."

ရွှီရန်က တည်ငြိမ်စွာပင် "ဒါပေါ့" ဟု ပြန်ဖြေလိုက်သည်။

နောက်တစ်ခဏတွင် သူက စပ်စုသည့်လေသံဖြင့် မေးလိုက်သည်။

"ဒါနဲ့... မင်းရဲ့ စင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်မှာ ရန်သူကို ထိန်းချုပ်နိုင်တဲ့အစွမ်းတွေကော ရှိလား ငါ့အပေါ်ကို စမ်းသုံးကြည့်ပါလား"

ဟော့ယွမ်က ခါးသီးစွာ ပြုံးလိုက်ပြီး "မရှိပါဘူး။ အကုန်လုံးက တိုက်ခိုက်ရေးတွေချည်းပဲ..."

ရွှီရန်က မျက်ခုံးပင့်လိုက်ရင်း "အော်... အေးပါ နားလည်ပြီ"

ကြည့်ရတာ သူကို အသင်းဖော်အဖြစ် ထားဖို့တော့ မသင့်တော်ဘူးပဲ။

ငါ့ရဲ့ နတ်ဘုရားသတ်အဖွဲ့မှာ ငါ့နဲ့ ကျားမလေးက အားကောင်းတဲ့ တိုက်စစ်မှူးတွေပဲ။

ငါက အဓိက တိုက်စစ်မှူး၊ ကျားမလေးက ဒုတိယ တိုက်စစ်မှူးဆိုတော့ ငါတို့အတွက် လိုအပ်နေတာက အကူအညီပေးမဲ့သူပဲ။

ထင်ရှားသည်မှာ ဟော့ယွမ်သည် သူတို့အဖွဲ့အတွက် မသင့်တော်ဘဲ တစ်ကိုယ်တော်အဖွဲ့သာ ဖွဲ့သင့်သူ ဖြစ်သည်။

ရွှီရန်က ခေါင်းခါယမ်းလိုက်ရင်း "ဒါနဲ့... မင်းရဲ့ နတ်စစ်သူကြီးက ငါ့ဆီမှာ လာကပ်နေလို့ရလား အသင်းဖော်တွေကို သွေးပြန်ဖြည့်ပေးတာရော လုပ်ပေးနိုင်လား"

ဟော့ယွမ်က ခေါင်းခါပြသည်။

"မရဘူး"

ထိုအဖြေကို ကြားလိုက်ရသောအခါ ရွှီရန်က အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။

"နားလည်ပြီ သွားပြီး အနားယူလိုက်ပါဦး မဆိုးပါဘူး"

ဟော့ယွမ်မှာတော့ စိတ်ဓာတ်တွေပါ ပြိုလဲသွားသလို ခံစားလိုက်ရတော့သည်။

တစ်ချက်တည်းနဲ့ တုံ့ပြန်ဖို့တောင် အင်အားမရှိတော့တဲ့အထိ ဖြစ်သွားတာကို မဆိုးပါဘူးတဲ့လား။

ဒီလို နှစ်သိမ့်စကားမျိုးက တကယ်တော့ ပိုပြီးတော့တောင် နာကျင်ရတာ။

သို့သော် ဟော့ယွမ်အနေဖြင့် ပြန်လည်ချေပရန် အရည်အချင်း မရှိတော့ပေ...

ရွှီရန်ကတော့ သိပ်ဂုဏ်မဆာနေဘဲ "နောက်ထပ် ဘယ်သူ စမ်းကြည့်ချင်သေးလဲ ဘယ်သူမှ မရှိတော့ဘူးဆိုရင်တော့ ငါတို့ ကျင်းပြည်နယ် မူကြိုကျောင်းက ဗီလာဇုန်ကို ပြောင်းတော့မယ်နော်" ဟု ပြောလိုက်သည်။

ပွဲကြည့်စင်ပေါ်တွင်မူ ကျောင်းအုပ်ကြီးများနှင့် နည်းပြများမှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။

"စင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်တောင် တစ်ကွက်တည်းနဲ့ အလဲထိုးခံလိုက်ရတာပဲ..."

"ဒီ တိုက်ခိုက်နိုင်စွမ်းက နည်းနည်းတော့ လွန်မနေဘူးလား"

"သူ့ရဲ့ အင်အားက တခြားသူတွေထက် အပြတ်အသတ်ကို သာနေတာပဲ..."

"အဘိုးကြီးချန် တစ်ယောက် ဘာလို့ ဒီလောက် ကြွားနေတာလဲဆိုတာ မဆန်းတော့ပါဘူး။ ဒီနေ့တော့ သူ့ရဲ့ အစွမ်းကို တကယ်ပဲ မျက်မြင်တွေ့လိုက်ရပြီ"

"ဒါပေမဲ့ သူက တကယ်ပဲ အနိုင်မခံနိုင်တာလား သူ့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား"

မြို့တော်မူကြိုကျောင်း တစ်နေရာတွင်မူ ကျောင်းအုပ်ကြီးက ခေါင်းလှည့်ကာ "ရိဟို... မင်းရော ယုံကြည်မှု ရှိလား မင်းရဲ့ မှန်ရိပ်ပုံတူရုပ်သေးက သူ့ရုပ်သေးကို ယှဉ်နိုင်မလား" ဟု မေးလိုက်သည်။

သူမသည် နောက်တွင် ထိုင်နေသော မိန်းကလေးကို ကြည့်လိုက်သည်။

ထိုမိန်းကလေးတွင် မှန်သားမျှင်နုလေးများကဲ့သို့ အလင်းပြန်နေသည့် ထူးခြားသော ဆံပင်အပြာနုရောင်များ ရှိပြီး အလွန်ထူးခြားဆန်းပြားသော အလှတရားကို ပိုင်ဆိုင်ထားသည်။

မိန်းကလေးမှာ ငေးငိုင်နေပုံရကာ ကျောင်းအုပ်ကြီးဖြစ်သူ အဘွားအို၏ စကားကို ကြားပုံမရပေ။

အဘွားအိုက အကြိမ်ကြိမ် ထပ်မံခေါ်လိုက်သည်။

"ရိဟို ရိဟို ငါပြောတာ နားထောင်နေရဲ့လား"

မိန်းကလေးက နုနယ်စွာ မော့ကြည့်လာပြီး "ဟင်" ဟု ပြန်ထူးသည်။

"ငါမေးတာက ရွှီရန်ကို အနိုင်ယူဖို့ မင်းမှာ ယုံကြည်မှု ရှိလားလို့ မင်းရဲ့ မှန်ရိပ်ပုံတူ ရုပ်သေးက သူ့ရုပ်သေးကို ယှဉ်နိုင်မလား"

မိန်းကလေးက ခေါင်းခါပြသည်။ သူမ၏ အမူအရာမှာ အနည်းငယ် နှေးကွေးပုံရပြီး "ခုနက ကျွန်မ စိတ်ကူးထဲမှာ ဆယ်ကြိမ်လောက် တိုက်ခိုက်ကြည့်ပြီးပြီ။ အကြီးအကျယ် ရှုံးတယ်" ဟု ပြောလိုက်သည်။

ကျောင်းအုပ်ကြီး အဘွားအိုက "မဖြစ်နိုင်တာ အကြိမ်တစ်ထောင်လောက် စမ်းကြည့်ရင်ရော သူ့ကို မှန်ကမ္ဘာထဲ ဆွဲသွင်းလိုက်ရင်ကော မရဘူးလား"

မိန်းကလေးက "မရဘူး... သူ့မှာ ဘာဟာကွက်မှ ရှာမတွေ့ဘူး။ အကြိမ်တစ်သောင်းလောက် စမ်းကြည့်ရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး" ဟု ပြန်ဖြေလိုက်သည်။

ထိုအဘွားအိုက အနေရခက်စွာဖြင့် အခြားမိန်းကလေးတစ်ဦးဘက်သို့ လှည့်လိုက်ပြန်သည်။

"မုန့်လီ... မင်းရဲ့ အနုစိတ် ပုံသဏ္ဌာန်မျိုးစုံနဲ့ သူ့ကို ထုံကျဉ်သွားအောင် လုပ်ဖို့ ယုံကြည်မှုရှိလား"

ချီမုန့်လီက မျက်တောင်လေးခတ်ကာ ပြုံးလိုက်ပြီး "ကျွန်မက အဓိက အကူအညီပေးတဲ့စွမ်းရည်တွေပဲ ရှိတာလေ။ ဟိဟိ... ကျွန်မ ဆုံးဖြတ်လိုက်ပြီ။ ကျွန်မရဲ့ ပန်းတိုင်က သူ့ရဲ့ နတ်ဘုရားသတ်အဖွဲ့ ထဲကို ဝင်ဖို့ပဲ ဟိဟိ"

ရွှီရန်က သူ့၏ ရုပ်သေးစစ်သည်တော်ကို ထုတ်ပြလိုက်သည့်အချိန်မှာတင် သူမက ထိုရွေးချယ်ပွဲမှာ ပါဝင်ရသည့် ရည်ရွယ်ချက်ကို ပြောင်းလဲပစ်လိုက်ခြင်းပင်။

"ငါက တစ်ကိုယ်တော် စစ်သည်တော်ဆရာကြီးရဲ့ ဖန်တစ်ယောက်လေ။ အဲဒီဆရာကြီးရဲ့ ဗီဒီယိုတွေကိုဆိုရင် ဘယ်နှစ်ခါကြည့်မိမှန်းတောင် မသိတော့ဘူး။ စက္ကူရုပ်စစ်တပ်ကြီးကို အမိန့်ပေးပြီး ဂြိုဟ်သားစစ်တလင်းမှာ ချေမှုန်းပြခဲ့တဲ့ အခန်းတွေဆိုတာ တကယ့်ကို ရင်ခုန်စရာကြီး။

ဒါပေမဲ့ မထင်မှတ်ထားတာက ငါ့ရဲ့ အိုင်ဒေါက ရွှီရန် ဖြစ်နေတာပဲ။ ဒါက တိုက်ဆိုင်မှုလို့ပဲ ပြောရမလား။ အခုဆိုရင် အိုင်ဒေါရဲ့ အဖွဲ့ထဲဝင်ပြီး ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခွင့်ရဖို့ အခွင့်အရေးက ငါ့ရှေ့တည့်တည့်ကို ရောက်နေပြီ"

ချီမုန့်လီ၏ မျက်ဝန်းများမှာ အရောင်တောက်လာတော့သည်။

အဘွားအို "... မင်း... မင်းကတော့လေ... "

ချီမုန့်လီက တဟီးဟီးရယ်ကာ "မနိုင်ရင် အတူတူပေါင်းလိုက်ပေါ့ ပထမရဖို့ပဲ ယှဉ်ပြိုင်နေရမယ်လို့ ဘယ်သူပြောလဲ နံပါတ်တစ် နတ်ဘုရားသတ်အဖွဲ့ထဲကို ရောက်သွားတာကလည်း ပထမရတာနဲ့ မတူဘူးလား"

အဘွားအို "အင်း... နားထောင်လို့တော့ ကောင်းသားပဲ..."

...

အခြားတစ်ဖက်တွင်လည်း ရှန်ဟိုင်းကျောင်းအုပ်ကြီးက မေးမြန်းနေသည်။

"ပိုင်ဖုန်း... မင်းကော စမ်းမကြည့်ချင်ဘူးလား မင်းရဲ့ လက်ရှစ်ဖက် နတ်သူငယ်က ဝိညာဉ်

ရေးရာ ပါရမီအရိုးအဆစ်လေ သူ့ကို ထိန်းချုပ်နိုင်လောက်မှာပါ..."

ပိုင်ဖုန်းက သူမကိုယ်သူမ လက်ညှိုးထိုးပြရင်း "ကျောင်းအုပ်ကြီး ကျွန်မကို တကယ်ကြီး သွားခိုင်းနေတာလား"

"ကျွန်မကို အခက်တွေ့အောင် လုပ်နေတာလားလို့"

"သူ့ရဲ့ ရုပ်သေးကလည်း ဒီလောက်သန်မာတာ။ သူ့ရဲ့ ကိုယ်ကာယခွန်အားနဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကလည်း အပြတ်အသတ် သာနေတာလေ"

"မေ့မထားပါနဲ့ဦး... ကျူးယွီဟန်နဲ့ ကျန်းလျိုလီတို့က ကိုယ်ဖျောက်အတတ်ကို သုံးပြီး ပါရမီရှင် ၁၀ ယောက်နဲ့ ၁၆ ယောက်ကို အသီးသီး အနိုင်ယူခဲ့တာလေ"

"သူတို့နှစ်ယောက်စလုံးက ကိုယ်ဖျောက်အတတ်ကို သုံးပြီး အင်အားကြီးသူတွေကို အလဲထိုးခဲ့တာ"

"ဒါပေမဲ့ အဲဒီ ကိုယ်ဖျောက်အတတ်ကို သင်ပေးခဲ့တာက ရွှီရန်လေ"

"အဲဒီလို အစွမ်းထက်တဲ့ နတ်ဘုရားအဆင့်အတတ်ကို ရွှီရန်က အခုထိ ထုတ်တောင်မသုံးသေးဘဲ အကြမ်းထည်အင်အားသက်သက်နဲ့ပဲ တိုက်နေတာ"

"ကျွန်မကို သွားတိုက်ခိုင်းတာလား အသေခံခိုင်းတာနဲ့ မတူဘူးလား"

ခဏချင်းမှာပင် လေထုတစ်ခုလုံး အလွန်အမင်း အနေရခက်သွားတော့သည်။

All Chapters