← Chapters

အခန်း (၂၄၀)

Vol. 24 Ch. 240

အခန်း (၂၄၀)

Vol. 24 Ch. 240

အခန်း။ ၂၄၀

အလျင်အမြန် ကုသနိုင်စွမ်းရှိတာက ငါလိုအပ်တဲ့ တစ်ခုတည်းသော အရာပဲလေ။

ငါက လူသားမှ မဟုတ်တာ။

ဒါက ငါ့ရဲ့ အားသာချက်တွေထဲက တစ်ခုပေါ့။

သို့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ရွှီရန်မှာမူ သတိကြီးစွာထား၍ တိုက်ခိုက်နေရဆဲပင်။ ထို့ကြောင့်ပင် မီးတောက်နီရောင် အရှိန်အဝါနှင့် ရွှီရန်သည် ခံစစ်အနေအထားသို့ ပြောင်းလဲလိုက်ရတော့သည်။

တစ်ဖက်တွင်မူ မီးခိုးရောင်ကောင်လေး၏ တိုက်ခိုက်မှုများမှာ တစ်စထက်တစ်စ ပိုမိုပြင်းထန်လာကာ အရိုးချင်း ရိုက်ခတ်မိသံများက ကြားရသူတို့၏ နှလုံးသားကို တုန်ယင်သွားစေလောက်သည်။ လက်သီးရိပ်များမှာလည်း ရှေ့နောက်မပြတ် ထိတွေ့ယှက်နွယ်နေကြသည်။

"ဖတ် ဖတ် ဖတ်"

"ချွင် ချွင် ချွင်"

"ဘုန်း ဘုန်း ဘုန်း"

သားရဲတိုက်ခိုက်ရေးကွင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများမှာ ကြောက်လန့်တကြားဖြင့် မျက်နှာလွှဲထားကြရသည်။ ၎င်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသော ထိတ်လန့်စရာ မြင်ကွင်းတစ်ခုပင်။

ချန်ကျွင်းမှာမူ ဦးရေခွံများပင် စိမ့်တက်သွားရသည်။ ၎င်းသေချာစွာ မြင်တွေ့လိုက်ရသည်မှာ ရွှီရန်သည် သူ၏ သံမဏိလက်သီးများဖြင့်ပင် ချန်ကျွင်း၏ နတ်ဘုရားသတ်သံချပ်ကာ ကို အကြိမ်ပေါင်း တစ်ထောင်မက ရိုက်ခွဲပစ်နိုင်စွမ်းရှိသည်ဟူသော အချက်ပင်။

သူနှင့် ရွှီရန်ကြားရှိ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဝေးကွာသည်။

ယခုအချိန်၌ ပါရမီရှင်များအကြား ထိပ်တန်းဖြစ်သော သူပင်လျှင် ရွှီရန်ကို ယှဉ်ပြိုင်လိုစိတ် လုံးဝမရှိတော့ချေ။ ဤမျှအထိ ကြီးမားလှသော အင်အားကွာခြားချက်ရှေ့မှောက်၌ နှိုင်းယှဉ်လိုသော စိတ်ကူးတို့မှာ အလုံးစုံ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

စင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်ပါရမီရှင် ဟော့ယွမ်သည် သူ့ကိုယ်သူ လှောင်ပြုံး ပြုံးလိုကမိသည်။ နှာခေါင်းနှင့် ပါးစပ်မှ သွေးများထွက်နေသော ချီမုန့်လီနှင့် နတ်ဘုရားနဂါးအမှတ်အသားပိုင်ရှင် နင်ရွှမ်းတို့မှာလည်း မျက်နှာများ ဖြူလျော်လျက် ခါးသီးစွာ ပြုံးနေကြရှာသည်။

သူတို့သည် သူတို့၏ နောက်ဆုံးဝှက်ဖဲများကို ထုတ်သုံးကာ အကြီးအကျယ် ရင်းနှီးပေးဆပ်ခဲ့ကြသဖြင့် ရွှီရန်ကို ယှဉ်နိုင်မည်ဟု ထင်မှတ်ခဲ့ကြမိသည်။ သို့သော်လည်း နောက်ဆုံးတွင်မူ ပို၍ အနိုင်မခံနိုင်သော ရွှီရန်ကိုသာ တွေ့မြင်လိုက်ရတော့သည်။ သူသည် သူ၏ အစွမ်းအစစ်ကို အကုန်အစင် ထုတ်သုံးရန်ပင် မလိုအပ်ဘဲ သက်တူရွယ်တူ ပါရမီရှင်အားလုံးကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်း ရှိနေသည်။

မဟုတ်သေးပါဘူး…

သူက အသက် ရှစ်နှစ်နဲ့ ခုနစ်လပဲ ရှိသေးတာလေ။

ကျန်တဲ့သူတွေထက် နှစ်နှစ်တိတိတောင် ငယ်တာ။

ဒါက တကယ့်ကို ထိတ်လန့်ဖို့ကောင်းတဲ့ အချက်ပဲ။

သူတို့အားလုံး အသက်ကို ပြင်းပြင်းရှူလိုက်မိသည့် အချိန်မှာပင် ပွဲကြည့်စင်ထက်မှ အံ့ဩတုန်လှုပ်သံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

တိုက်ပွဲ၏ အခြေအနေသည် မျက်စိတစ်မှိတ်အတွင်း ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မီးတောက်နီရောင်နှင့် ရွှီရန်သည် ပိုမိုသာလွန်သော ကျွမ်းကျင်မှုများနှင့်အတူ ကျဆင်းလာသော လက်သီးမိုးများအကြားမှ မြွေဟောက်တစ်ကောင်ကဲ့သို့ လျင်မြန်လှသော လက်သီးချက်များဖြင့် သံမဏိအကာအရံကြီးကို ထိုးဖောက်သွားသည်။ ဤမြင်ကွင်းမှာ ယင်ကောင်က ရထားလုံးကို တားဆီးသကဲ့သို့ထင်မှတ်ရသော်လည်း ၎င်းသည် မီးခိုးရောင်ကောင်လေး၏ တိုက်စစ်ကို အတင်းအကျပ် ရပ်တန့်ပစ်လိုက်နိုင်ခဲ့သည်။

ရွှီရန်၏ တိုက်ခိုက်ရေးနည်းစနစ်များမှာ စူးရှပြီး ဆန်းကြယ်လွန်းလှသည်။ ဂူအတွင်းမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်အလား သူ၏ လက်သီးနှစ်ဖက်သည် မီးခိုးရောင်ကောင်လေး၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားပြီး တစ်ဖက်လူကို နောက်သို့ ယိုင်နဲ့သွားစေသည်။

သို့သော်လည်း မီးတောက်နီရောင် လူငယ်လေးသည် အရိပ်တစ်ခုကဲ့သို့ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး သူ၏ သံမဏိလက်သီးများကို စူးရှသော လက်သည်းများအဖြစ် ပြောင်းလဲကာ မီးခိုးရောင်ကောင်လေး၏ လက်မောင်းကို ဖမ်းဆုပ်၍ အောက်သို့ ဆွဲချလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး၏ အင်အားကို စုစည်းကာ တံတောင်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ပြီး မီးခိုးရောင်ကောင်လေး၏ လက်ဖျံရိုးပေါ်သို့ ဖိအားပေးလိုက်တော့သည်။

"ဂျွတ်..."

မီးခိုးရောင်ကောင်လေး၏ အရိုး ကျိုးသွားကာ ကြည့်ရှုနေသူ အားလုံး၏ ဦးရေခွံများ စိမ့်တက်သွားရသည်။ ဤမျှအထိ ရက်စက်ကြမ်းကြုတ်သော နည်းစနစ်များမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး တစ်ကိုယ်လုံး ချမ်းစိမ့်သွားစေလောက်သည်။

သို့သော်လည်း မီးခိုးရောင်ကောင်လေးမှာမူ အလျင်အမြန်ပင် ပြန်လည်သက်သာလာခဲ့သည်။ မီးတောက်နီရောင်နှင့် ရွှီရန်ကလည်း အခွင့်အရေး လုံးဝမပေးဘဲ တောင်ပေါ်မှ ဆင်းလာသော ကျားရဲတစ်ကောင်ကဲ့သို့ နောက်ဆုတ်နေသော မီးခိုးရောင်ကောင်လေးထံသို့ ခုန်အုပ်လိုက်ပြန်သည်။

ထိုစဉ် မီးခိုးရောင်ကောင်လေး၏ မျက်နှာသည် ခဏတာ ဗလာဖြစ်သွားပြီးနောက် ရုတ်တရက် လက်ကို မြှောက်လိုက်ရာ သူ၏ကျိုးသွားသော လက်မောင်းမှာ အပိုင်းအစပေါင်းများစွာအဖြစ် ကွဲအက်သွားပြီး ရွှီရန်ထံသို့ တရစပ် ပစ်လွှတ်လိုက်တော့သည်။

ရွှီရန် "..."

သူသည် အဆိုပါ အသက်လုတိုက်ကွက်ကို ရှောင်တိမ်းရန်အတွက် လျင်မြန်လှသော ခြေလှမ်းများဖြင့် လှုပ်ရှားလိုက်ရသည်။ မီးခိုးရောင်ကောင်လေးက ထပ်မံအော်ဟစ်လိုက်ပြန်ရာ သူ၏ လက်မောင်းမှာ ရုတ်တရက် ပြန်လည်ရှည်ထွက်လာပြီး ဒေါသထွက်နေသော ကျားတစ်ကောင်အဖြစ် အသွင်ပြောင်းကာ ရှေ့သို့ ပြေးဝင်လာသည်။

ရွှီရန်သည် အဆက်မပြတ် ရှောင်တိမ်းနေသော်လည်း ပိုက်ကွန်တစ်ခုကဲ့သို့ သိပ်သည်းလှသော အပိုင်းအစများမှာ သူ၏ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် လက်မောင်းများကို ထိမှန်သွားသဖြင့် သွေးထွက်သံယို ဒဏ်ရာများ ရရှိသွားခဲ့သည်။ သို့သော်လည်း ထိုဒဏ်ရာများကို ဂရုပြုရန် အချိန်မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် မီးခိုးရောင်ကောင်လေး၏ ရှည်လျားလှသော လက်မောင်းမှာ နဂါးတစ်ကောင်ကဲ့သို့ သူ၏ ပုခုံးကို ကိုက်ခဲထားပြီး ချိတ်များအလား စူးရှသော လက်ချောင်းငါးချောင်းက ရွှီရန်၏ လက်မောင်းတစ်ဖက်ကို ဆွဲဖြဲပစ်ရန် ပစ်မှတ်ထားနေပြီ ဖြစ်သောကြောင့်ပင်။

မီးတောက်နီရောင်နဲ့ ရွှီရန် "..."

ဒီလောက်တောင် မိုက်မဲရလား။

ရွှီရန်က လှောင်ပြုံးပြုံးလိုက်ရင်း ခြေလှမ်းကို ကျစ်ကျစ်ပါအောင် နင်းလိုက်သည်။ ထို့နောက် သူ၏ ညာခြေမှာ ပျံတက်နေသော နဂါးတစ်ကောင်အလား ရုတ်တရက် မြင့်တက်သွားပြီး မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသော ကန်ချက်တစ်ချက်ကို ပစ်သွင်းလိုက်တော့သည်။

မီးခိုးရောင်ကောင်လေးသည် နောက်ထပ်တိုက်ကွက်ကို စတင်ရန် အလုအယက် ကြိုးစားသော်လည်း သူ၏ မေးစေ့ကို ခြေဖျားဖြင့် အားပါပါ အကန်ခံလိုက်ရသဖြင့် လည်ပင်းမှာ လည်ထွက်သွားကာ မတ်တတ်မရပ်နိုင်တော့ဘဲ နောက်သို့ ယိုင်နဲ့သွားရသည်။ သူ၏ ကျောက်သားမျက်နှာတစ်ခုလုံးမှာလည်း အက်ကွဲကြောင်းများစွာ ထင်ကျန်ရစ်ပြီး မည်သည့်အချိန်တွင်မဆို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့မည့်အတိုင်းပင်။

ရွှီရန်သည် သူ၏ နက်နဲသော ခြေလှမ်းကို အသုံးပြုလိုက်သည်။

သူ၏ လက်မောင်းများအတွင်းရှိ စွမ်းအင်များမှာ ဒီရေလှိုင်းကဲ့သို့ မြင့်တက်လာပြီး တိုက်ခိုက်မှု အရှိန်အဟုန်နှင့် ပြင်းထန်မှုမှာလည်း ရုတ်တရက် ဆပွားတိုးလာသည်။ လေးလံလှသော တူကြီးများအလား သန်မာလှသည့် လက်မောင်းနှစ်ဖက်ကို အသုံးပြုကာ တောင်ထိပ်နှစ်ခုမှ နားကိုရိုက်ခတ်ခြင်းအနေအထားဖြင့် မီးခိုးရောင်ကောင်လေး၏ ဦးခေါင်းကို ဘေးတစ်ဖက်တစ်ချက်စီမှ အားကုန်လွှဲရိုက်လိုက်တော့သည်။

"ဝုန်း"

ကြည့်နေသူအားလုံးမှာ ထိုရိုက်ချက်က သူတို့၏ ဦးခေါင်းကို တိုက်ရိုက်ထိမှန်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး နားထဲတွင် အသံများ အဆက်မပြတ် မြည်ဟီးသွားတော့သည်။

ထိုရိုက်ချက်ကို တိုက်ရိုက်ခံလိုက်ရသော မီးခိုးရောင်ကောင်လေး၏ ဦးခေါင်းမှာမူ အစိတ်စိတ်အမွှာမွှာ ကြေမွသွားရသည်။

ရွှီရန်က အာရုံစိုက်လိုက်ရင်း အပိုင်းအစများကြားတွင် ထူးဆန်းသော မှန်သားအစအနကို ရှာဖွေသော်လည်း မတွေ့ရပေ။

နောက်တစ်ခဏတွင်မူ သိပ်မဝေးသော နေရာ၌ မီးခိုးရောင်ကောင်လေး၏ ပုံရိပ်မှာ တဖြည်းဖြည်း ပြန်လည်ပေါ်ပေါက်လာသည်။ ၎င်းသည် ရွှီရန်၏ ကိုယ်ပွားစက္ကူရုပ်နှင့် တစ်ပုံစံတည်းပင်။

ရွှီရန် "..."

ဒါ ငါ့ရဲ့ နည်းစနစ်လေ။

တောက်... ဒါက ငါ့ရဲ့ ကိုယ်ပိုင်အတတ်ပညာပဲဥစ္စာ။

ဒီလိုမျိုး နည်းစနစ်တွေကိုပါ ပုံတူကူးလို့ ရတာလား။

ရွှီရန်က လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်ရင်း "ဒီအရာကြီးကို ရပ်လို့ရမလား ငါ့ရဲ့ ဝှက်ဖဲတွေ အကုန်ပေါ်ကုန်ပြီ" ဟု အော်ပြောရင်း ရွှီရန်သည် အဝေးသို့ ခုန်ထွက်လိုက်တော့သည်။

မျက်လုံးကို ပွတ်သပ်ရင်း နိုးထလာသော ချင်ရိဟိုကို ရွှီရန်က လှည့်ကြည့်လိုက်သည်။ ထိုအခါ ချင်ရိဟိုက ခေါင်းညိတ်ပြလျက် "ကျွန်မ... ရပ်လိုက်ပါ့မယ်..." ဟု ပြောကာ မတ်တတ်ရပ်၍ မန္တန်ကို ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်သည်။ သို့သော်လည်း မီးခိုးရောင်ကောင်လေးမှာမူ ရပ်တန့်မည့် အရိပ်အယောင် အလျဉ်းမရှိပေ။ သူသည် ဓားရှည်တစ်လက်ကို စုစည်းလိုက်ရာ မီးခိုးဖြူရောင် အလင်းတန်းတစ်ခုသည် ရွှီရန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

"ဘာကြီးလဲဟ..."

ရွှီရန် အခြေအနေကို ရိပ်မိလိုက်ပြီဖြစ်သည်။ ဤအရာသည် သူ၏ သေစေနိုင်သော တိုကကွက်ကို အသုံးပြုတော့မည် ဖြစ်ကြောင်း သိရှိလိုက်ခြင်းပင်။ အခက်ခဲဆုံးသော အချက်မှာ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ဘယ်လိုတန်ပြန်ရမလဲဟူသော အချက်ကို သူကိုယ်တိုင်ပင် မသိရှိခြင်းပင်။

ရွှီရန်သည် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ယုံကြည်ခြင်းမျိုးစေ့တစ်ခုကို အလျင်အမြန် စိုက်ပျိုးလိုက်သည်။

နောက်တစ်စက္ကန့်တွင်မူ မီးခိုးရောင်ကောင်လေးက ဓားကို လွှဲလိုက်ပြီ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်နီရောင်နှင့် ရွှီရန်သည် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရတော့သည်။

ဤထူးဆန်းလှသော မြင်ကွင်းကြောင့် ပွဲကြည့်စင်တစ်ခုလုံးရှိ ကျောင်းသား၊ ကျောင်းသူလေးများမှာ မျက်နှာပျက်ကုန်ကြသည်။ ကျောင်းအုပ်ကြီးများနှင့် နည်းပြများသည်လည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် နေရာမှ ထရပ်လိုက်ကြသည်။

"မကောင်းတော့ဘူး ဒါက ဘယ်လိုမျိုး မွေးရာပါ နတ်ဘုရားအတတ်ကြီးလဲ"

"အဝေးကနေတောင် သတ်နိုင်တာလား အနိုင်မခံနိုင်တဲ့ ပါရမီရှင် ရွှီရန်တောင် အပိုင်းပိုင်း အခုတ်ခံလိုက်ရပြီလား"

"ချင်ရိဟို... မင်း... မင်း ဘာလုပ်လိုက်တာလဲ"

ချင်ရိဟိုသည် တုန်တုန်ရင်ရင်ဖြင့် သူမ၏ မန္တန်ကို အမြန်ဆုံး ဖြတ်တောက်လိုက်ရာ မီးခိုးရောင်ကောင်လေးက အမှုန့်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ ပွဲကြည့်စင်ပေါ်ရှိ နည်းပြများမှာလည်း ပျာပျာသလဲ ဖြစ်ကုန်ကြပြီ ဖြစ်သည်။ မြို့တော်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် နည်းပြများမှာ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မတွေးရဲလောက်အောင်ပင် မျက်နှာများ ဖြူလျော်နေကြသည်။

"အဘိုးကြီးချန် အဘိုးကြီးချန် ငါတို့ ဘာလုပ်ကြမလဲ"

"အဲဒီ ထူးဆန်းတဲ့ နတ်ဘုရားအတတ်က ဘယ်သူ အရင်သုံးနိုင်လဲဆိုတာအပေါ် မူတည်ပြီး အသာစီးရတာလား"

"ရွှီရန်ကတော့... သွားပြီလား"

ထိုစဉ် ကျားမလေးက လက်ဝှေ့ယမ်းပြရင်း "မဟုတ်ဘူး... အစ်ကိုရွှီရန်မှာ အသက်ဘေးကနေ လွတ်အောင်လုပ်နိုင်တဲ့ စွမ်းရည်တွေ ရှိတယ်" ဟု ပြောလိုက်သည်။

ကျောင်းအုပ်ကြီး ချန်ချီကလည်း "မစိုးရိမ်ပါနဲ့... မစိုးရိမ်ပါနဲ့။ သူ အသက်ရှင်သေးတယ်..." ဟု အားပေးစကား ပြောလိုက်သည်။

"အခုလိုဖြစ်သွားတာတောင် အသက်ရှင်သေးတယ် ဟုတ်လား"

မြို့တော်ကျောင်းမှ ထိပ်ပြောင်ပြောင် ကျောင်းအုပ်ကြီးမှာမူ ဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်ကာ မေးလိုက်တော့သည်။

All Chapters