အိုင်ဗီ့ကို အကွက်ဆင်ခြင်း
Vol. 7 Ch. 64
ဆိုင်းလပ်စ်က သူခံစားနေရသော ဝေဒနာကို ဖုံးကွယ်ထားသလိုမျိုး သက်ပြင်းတစ်ချက် ချလိုက်ပြီး
"ဘာမှမဖြစ်ပါဘူး၊ မစ်ရှင်တစ်ခုမှာ ဖြစ်သွားတာပါ"
ဒရိုင်ဘာထိုင်ခုံတွင် ထိုင်နေသော ဟင်နရီမှာမူ - (ဆွံ့အ)
ရှက်တတ်စမ်းပါ ဆိုင်းလပ်စ်ရာ။ အိုင်ဗီကို လိမ်ဖို့အတွက် ဒီလောက်တောင် လူမဆန်ရသလား။
ဟင်နရီတစ်ယောက် အိုင်ဗီသည် သူ၏ အကွက်များလွန်းသော အထက်လူကြီးနှင့် ယှဉ်လျှင် အလွန်ပင် ရိုးအေးလွန်းနေသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
သူ့စိတ်ထဲတွင် အိုင်ဗီကို မနှစ်မြို့သည့်စိတ် အနည်းငယ် ရှိနေသေးသော်လည်း ယခုတော့ သူမကို ပို၍ သနားမိသွားသည်။ အိုင်ဗီ့မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေကို မြင်ရသောအခါ ဟင်နရီတစ်ယောက် သူ့ရည်းစားကိုပင် ရုတ်တရက် လွမ်းမိသွားသည်။
အိုင်ဗီသည် ထိတ်လန့်တုန်လှုပ်နေသော နှလုံးခုန်သံများနှင့်အတူ နောက်ခန်းထဲသို့ ဝင်ထိုင်လိုက်သည်။ ဆိုင်းလပ်စ်က ဘယ်လိုလုပ်ပြီး ဒီလောက်အပြင်းအထန် ဒဏ်ရာရသွားတာလဲ။ သူမ အရင်ဘဝတုန်းက ဆိုင်းလပ်စ်သည် ဒဏ်ရာရခဲလှသူ ဖြစ်သည်။
"အရမ်းနာနေလား"
အိုင်ဗီက အသံတိုးတိုးလေးဖြင့် မေးရင်း သူမ၏လက်က ဒဏ်ရာရှိရာဆီသို့ အလိုအလျောက် ရောက်သွားသည်။
ဆိုင်းလပ်စ်ကတော့ အချော့ခံချင်နေသည့် ကြောင်ကလေးတစ်ကောင်လို အိုင်ဗီ့လက်က သူ့နဖူးနား ရောက်လာမည့်အချိန်ကိုသာ စောင့်နေသည်။ အိုင်ဗီ၏ အေးစက်သော လက်ထိပ်လေးများက ပတ်တီးကို ထိမိသွားသောအခါ သူက နာကျင်သလိုမျိုး တွန့်သွားသည်။
ဟင်နရီ: (စိတ်ညစ်)
ဆက်လုပ်နေလိုက် အ့မှာ ငါသာဆိုရင် အဲဒီပတ်တီးကို အကုန်ခွာချပြီး နင့်အကြောင်း ဖော်ထုတ်ပစ်လိုက်မှာ။
အိုင်ဗီက ထိတ်လန့်တကြား လက်ကို ပြန်ရုတ်လိုက်ပြီး
"ဒါက ဘယ်လိုမစ်ရှင်မျိုးလဲ။ ဘယ်လိုဖြစ်လို့ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာ ရလာရတာလဲ။ ကျွန်မကိုသာ ပြောခဲ့ရင် လာကြိုပေးမှာပေါ့" ဟု မေးသည်ကို သူ မြင်နေရသည်။
ဆိုင်းလပ်စ်က ခေါင်းခါလိုက်ပြီး မျက်နှာတွင် ခါးသီးသော အရိပ်အယောင်လေး ပြလိုက်သော်လည်း မျက်လုံးများကတော့ အိုင်ဗီ့ဆီက မခွာပေ။
"မင်းက တခြားကိစ္စတွေနဲ့တင် စိတ်ပူနေရတာပဲ၊ မင်းရဲ့ အဖိုးတန်တဲ့အချိန်တွေကို ကိုယ်က ဘယ်လိုလုပ်ပြီး တောင်းဆိုရက်မှာလဲ။ ဒီဒဏ်ရာကတော့ ဂရုစိုက်ပေးမယ့်သူသာ ရှိရင် သူ့အလိုလို သက်သာသွားမှာပါ"
အိုင်ဗီမှာ ဝေခွဲမရ ဖြစ်သွားပြီး "ရှင့်အဖွဲ့သားတွေ ရှိနေတာပဲ မဟုတ်လား။ သူတို့ထဲက တစ်ယောက်ယောက်ကို ဂရုစိုက်ခိုင်းပါလား"
ဟင်နရီက ကြားဖြတ်ဝင်ပြောလိုက်သည်။ "ဟုတ်တာပေါ့ ကပ္ပတိန်ရဲ့။ စောစောကသာ ပြောရင် ကျွန်တော် ခင်ဗျားအိမ်ကို 5G အင်တာနက်လို အမြန်ဆုံး ရောက်လာမှာပေါ့"
ဆိုင်းလပ်စ်: (လျှာမရှည်နဲ့)
သူသည် ရင်ထဲက ဒေါသကို ထိန်းချုပ်လိုက်ပြီး နစ်နာခံသူတစ်ယောက်လို ပြုံးပြလိုက်ကာ
"မလိုပါဘူး။ အရင်တုန်းက မင်း ငါ့ကို လာပြုစုတုန်းက မင်းရဲ့ စည်းကမ်းမရှိတဲ့ အနေအထိုင်တွေကြောင့် ငါကပဲ ပန်းကန်တွေ ပြန်ဆေးပြီး အိပ်ခန်းတွေကို ပြန်ရှင်းခဲ့ရတာလေ"
ဟင်နရီ: သစ္စာဖောက်မှုဆိုတာ ကိုယ်နဲ့ နီးစပ်သူတွေဆီကပဲ လာတာပါပဲလား။
သူတို့အပေါ် သားသမီးလို ဂရုစိုက်ခဲ့သော သူ၏ ကပ္ပတိန်သည် အပြစ်ကင်းစင်သော သိုးငယ်လေးကို သူ့အိမ်ထဲ ဆွဲသွင်းရန်အတွက် သူ၏ အားနည်းချက်တွေကို ထုတ်ဖော်ပြောဖို့ ဝန်မလေးခဲ့ပေ။
အိုင်ဗီက သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် ဟင်နရီ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ သူ၏ ကပ္ပတိန် ခင်းနေသော ဒရမ်မာကြီးကို သည်းခံနေရသည့် ဒေါသနှင့် အရှက်ရမှုတို့ ပေါင်းစပ်သွားပြီး သူက အော်ဟစ်လိုက်မိသည်။
"ဘာကြည့်နေတာလဲ။ လူတိုင်းမှာ အားနည်းချက် ရှိတာပဲလေငါက နင့်လိုမျိုး ကပ္ပတိန်ကို လိမ်ပြီး ရိက္ခာတွေ ယူခဲ့တဲ့သူထက်စာရင် အများကြီး တော်သေးတယ်"
ကားထဲတွင် တိတ်ဆိတ်သွားသည်။ လေထုက ငြိမ်သက်သွားပြီး အိုင်ဗီ တစ်ခဏမျှ ဆွံ့အသွားရသည်။ သူမ၏ နှလုံးသားမှာ နာကျင်စွာ ညှစ်ထားသလို ခံစားလိုက်ရပြီး ခေါင်းကို ငုံ့ချလိုက်မိသည်။
"တပ်နယ်မြေကို အပတ် ၅၀ ပတ်ပြေးရမယ်" ဆိုင်းလပ်စ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူ၏ ပုံစံမှာ စောစောက အခိုက်အတန့်လေးအတွင်း ပြသခဲ့သော နူးညံ့မှုများ ပျောက်ကွယ်သွားပြီး အရင်ကကဲ့သို့ အေးစက်သော အရှိန်အဝါ ပြန်ဝင်လာသည်။
"ဒါပေမဲ့..." ဟင်နရီက ပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း ဆိုင်းလပ်စ်က ဖြတ်ပြောလိုက်သည်။ "အပတ် ၆၀"
ဟင်နရီသည် ပါးစပ်ကို အတင်းပိတ်ထားလိုက်ပြီး တိတ်ဆိတ်သွားသော အိုင်ဗီ့ကို ကြည့်လိုက်မိသည်။ သူ စကားပြောတာ လွန်သွားမိပြီဟု နောင်တရသွားသည်။
ကားထဲက တင်းမာမှုမှာ အထွတ်အထိပ်သို့ ရောက်နေသည်။ မည်သူမျှ စကားမပြောကြပေ။ ဆိုင်းလပ်စ်မှာ အလွန်ပင် စိတ်တိုနေသည်။ အိုင်ဗီသည် နောက်ထပ် ရက် ၂၀ ခန့်အထိ သူ့အနားမှာ နေလိမ့်မည်ဟု သူ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားခဲ့ခြင်းဖြစ်သည်။
ဒါပေမဲ့ အခုတော့ အိုင်ဗီက သူ့အနားမှာ ဆက်နေပါဦးမလားဟု သူ သံသယဝင်လာမိသည်။ သူ့ကို ပိုပြီး စိတ်ထိခိုက်စေသည်မှာ အိုင်ဗီ့ဆီက ထွက်ပေါ်နေသော ဝမ်းနည်းရိပ်များပင် ဖြစ်သည်။
သူမကို သူကိုယ်တိုင်တောင် မဆူရက်ပါဘဲနှင့် အခုတော့... သူ့လက်အောက်ငယ်သားက သူမကို ဆူပူသွားခဲ့သည်။
နေနှင့်ဦးပေါ့ ဟင်နရီကာ၊ ဒီနေ့ မင်း စကားပြောမှားခဲ့တာကို နောင်တရအောင် မလုပ်နိုင်ရင် ငါဟာ ဆိုင်းလပ်စ် ဘလက်ခ်သော်န် မဟုတ်တော့ဘူး။
မိမိအပေါ် ကျရောက်လာမည့် အန္တရာယ်ကို ရိပ်မိလိုက်သဖြင့် ဟင်နရီသည် ကြောက်လန့်တကြား တုန်ရီသွားပြီး ဖုန်းကို ထုတ်လိုက်သည်။ သူသည် အခြေအနေကို အမီလီယာထံ အမြန်ဆုံး အစီရင်ခံလိုက်ပြီး ဘာလုပ်ရမလဲဟု မေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် အိုင်ဗီ့ဘက်သို့ ခိုးကြည့်လိုက်ပြီး ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။
"တစ်လုံးမှ မဟနဲ့" ဆိုင်းလပ်စ်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သဖြင့် ဟင်နရီမှာ လိပ်ပြာလွင့်မတတ် ကြောက်သွားရသည်။ ကပ္ပတိန် ဒေါသထွက်နေချိန်တွင် ငြိမ်ငြိမ်နေခြင်းကသာ အကောင်းဆုံး အဖြေဖြစ်သည်။
သို့သော်လည်း အခု သူသာ ငြိမ်နေလျှင် စခန်းကို ရောက်သည်နှင့် ဝက်တစ်ကောင်လို အသတ်ခံရတော့မည်ကို သိနေသည်။
"အိုင်ဗီ၊ ငါ တောင်းပန်ပါတယ်" သူက ချက်ချင်းပင် လွှတ်ခနဲ ပြောလိုက်သည်။ ပြောပြီးသည်နှင့် နောက်ကြည့်မှန်မှတစ်ဆင့် ခိုးကြည့်လိုက်ရာ အိုင်ဗီက သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ အိုင်ဗီသည် အမှားများ လုပ်ခဲ့ဖူးသော်လည်း အချိန်အတော်များများတွင် သူမသည် ကြိုးဆွဲခံခဲ့ရခြင်းသာ ဖြစ်သည်။ သူမ၏ တစ်ခုတည်းသော အမှားမှာ ဆိုင်းလပ်စ်ထက် ရာဗင်ခရော့ဖ် မိသားစုကို ပိုချစ်ခဲ့မိခြင်းပင်။
အခုတော့ သူမက သူမ၏ အမှားတွေကို ပြင်ဆင်ဖို့ ကြိုးစားနေပြီဖြစ်ရာ သူက အတိတ်ကကိစ္စတွေကို ပြန်ပြောမနေသင့်ပေ၊ ထို့ကြောင့် သူ အမှန်တကယ်ပင် အားနာသွားမိသည်။
"ငါက... တစ်ခါတလေကျရင် စကားတွေ အများကြီး လျှောက်ပြောမိတတ်လို့ပါ" ဟင်နရီက သက်ပြင်းချရင်း "ငါ နင့်ကို သဘောမကျတာ အမှန်ပဲ ဆိုပေမဲ့၊ နင်က နင့်အမှားတွေကို ပြန်ပြင်နေတယ်ဆိုတာကလည်း မျက်မြင်ပဲလေ။ အတိတ်က ကိစ္စတွေကို ပြန်ဆွဲထုတ်မိတဲ့အတွက် တောင်းပန်ပါတယ်ဟာ"
အိုင်ဗီသည် သူမ၏ နားကိုပင် မယုံနိုင် ဖြစ်သွားသည်။ သူမကို အမှားရှာပြီး စွပ်စွဲတတ်ပြီး တောင်းပန်မည့်အစား ဥပေက္ခာပြုတတ်တဲ့ ဟင်နရီက အခုလို ပြော နေတာလား။
ဟင်နရီသည် သူ့ရည်းစား ပို့လိုက်သော စာကို ကြည့်လိုက်ပြီး တွေဝေသွားကာ နောက်ဆုံးမှာတော့ အားတင်းပြီး ပြောလိုက် တော့သည်။
"ဒါပေမဲ့ နင် အမှားလုပ်ခဲ့တာကတော့ အမှန်ပဲလေ။ ဒါကြောင့် ဒီလိုလုပ်ကြရင် ဘယ်လိုလဲ။ ကပ္ပတိန် ဒဏ်ရာတွေ သခင်းပျောက်တဲ့အထိ နင်က ပြုစုပေးလိုက်လေ။ ဒီလိုနည်းနဲ့ နင် လုပ်ခဲ့တဲ့ အမှားတွေအတွက် ပြန်ပေးဆပ်လို့ ရတာပေါ့"
"ပါးစပ်ပိတ်ထားစမ်း" ဆိုင်းလပ်စ်က ဒေါသတကြီး အော်လိုက်သည် "လျှောက်မပြောနဲ့။ မင်း တပ်နယ်မြေကို အပတ် ၇၀ ပတ်ပြေးရမယ်"
ဟင်နရီတစ်ယောက် ငိုချင်စိတ် ပေါက်သွားသည်။ တွေ့လား သူ့ရည်းစား ပြောပြတဲ့ နည်းလမ်းက လုံးဝ အလုပ်မဖြစ်တဲ့အပြင် အခုတော့ အပြစ်ပေးတာ ပိုတိုးသွားပြီ
အပတ် ၇၀ တောင်လား ဒီအချိန်မှာ သူ သစ်ကုလားအုတ် မဟုတ်ရင်လဲ ကျားသစ်တစ်ကောင်သာ ဖြစ်လိုက်ချင်တော့သည်၊ သို့မဟုတ်လျှင် ထိုအပတ် ၇၀ ကို ပြီးအောင် ပြေးနိုင်မည် မဟုတ်ပေ။
သူ စိတ်ညစ်နေစဉ်မှာပင် ဆိုင်းလပ်စ်ဆီမှ စာတစ်စောင် ရောက်လာသည်။ သူ ဇဝေဇဝါဖြင့် ဖွင့်ကြည့်လိုက်ရာ -
"အပတ် ၄၀ ပဲ ပြေးတော့" ဟူသော စာကို တွေ့လိုက်ရသည်။
ဟင်နရီ: ( အမ် )
ဘာကြီးလဲ ဒီနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်တာလား ငါ့ရည်းစားကတော့ တကယ့် ဉာဏ်ကြီးရှင်ပဲ
"အိုင်ဗီရယ် စဉ်းစားကြည့်ပါဦးဟာ။ ကပ္ပတိန်က တစ်ယောက်တည်း နေတာလေ သူ့မိဘတွေကလည်း အလုပ်တွေနဲ့ မအားကြဘူး။ သူ့ကို ပြုစုပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။ လွန်ခဲ့တဲ့ ၂ နာရီလောက်ကပဲ ကပ္ပတိန်က ခေါင်းတွေ အရမ်းမူးနေလို့ လမ်းတောင် မလျှောက်နိုင်ဘူး ဖြစ်နေတာ"