← Chapters

အရိပ်အမြွက်

Vol. 7 Ch. 65

အရိပ်အမြွက်

Vol. 7 Ch. 65

ဆိုင်းလပ်စ်: (- - )

ဒီငတုံးကတော့ကွာ၊ သူ့ကို လျှော့တွက်မိလိုက်တာပဲ။ ငါ့နားမှာနေတာတောင် ဒီကောင့် IQ က နိမ့်နေတုန်းပဲ။ အိုင်ဗီက အကွက်တွေကို ချက်ချင်းရိပ်မိသွားတော့မှာပေါ့ကွ ငတုံးရ။

သူထင်ထားသည့်အတိုင်းပင် အိုင်ဗီက ဇဝေဇဝါမျက်နှာပေးဖြင့် မေးလာသည်။

"ဒီလောက်တောင်လား။ ဒါပေမဲ့ အရင်တုန်းကလည်း သူ ဒဏ်ရာတွေခဏခဏရဖူးတာပဲ၊ တစ်ခါမှ ဒီလောက်အခြေအနေမဆိုးခဲ့ပါဘူး"

တစ်ကြိမ်လိမ်ဖူးလျှင် နောက်တစ်ကြိမ်လိမ်ရန် လွယ်ကူသွားသည်ဖြစ်ရာ ပါးနပ်သော ဟင်နရီက ချက်ချင်းပင်

"နင်မသိလို့ပါ အိုင်ဗီရယ်၊ အရင်တုန်းကဆို ကပ္ပတိန်က နာကျင်တာတွေကို အမြဲဖုံးကွယ်ထားတာ။ နင့်ကို စိတ်မပူစေချင်လို့လေ"

အိုင်ဗီ အံ့အားသင့်သွားသည်။ သို့သော် သူမ၏အရင်ဘဝက ဖြစ်ရပ်တစ်ခုကို ပြန်သတိရသွားသည်။ တစ်ခါက ဆိုင်းလပ်စ် ဒဏ်ရာဗရပွနဲ့ အဆောက်အအုံထဲ လမ်းလျှောက်ဝင်လာတာကို မြင်သဖြင့် သူမ တိတ်တဆိတ် ချောင်းကြည့်ခဲ့ဖူးသည်။

ထိုစဉ်က ဆိုင်းလပ်စ်သည် သူမကိုမြင်သည်နှင့် ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်ကာ ခါးကိုပင် မတ်မတ်ဆန့်ပြခဲ့သည်။ ထိုအချိန်က သူ ဘာကြောင့် ဟန်ဆောင်နေမှန်း သူမနားမလည်ခဲ့သော်လည်း ယခု ဟင်နရီ၏စကားကို ကြားရမှ အရာအားလုံး ရှင်းလင်းသွားတော့သည်။

ဆိုင်းလပ်စ်ကတော့ အိုင်ဗီက ရယ်မောပြီး ဟင်နရီ၏အလိမ်အညာကို ဖော်ထုတ်လိမ့်မည်ဟု ထင်ထားသော်လည်း အိုင်ဗီက သူ့ကို သနားကရုဏာသက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ဆိုင်းလပ်စ်: (အို) အင် အွန်း

ဟင်နရီ၏အလိမ်အညာ အလုပ်ဖြစ်နေသည်ကို မြင်သောအခါ သူကလည်း အလိုက်သင့်လေး ယိုင်တိယိုင်တိုင် လုပ်ပြလိုက်သည်။ ရုတ်တရက် အိုင်ဗီက သူ့မျက်နှာကို ထိန်းကိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလာသည်။

"ဆိုင်းလပ်စ် ဘာဖြစ်လို့လဲ"

အခွင့်အရေးကို လက်လွှတ်မခံဘဲ သူက အိုင်ဗီ၏ပခုံးပေါ်သို့ မှီချလိုက်ကာ

"ကိုယ် အရမ်းမူးနေလို့" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

"အင်းပါ၊ အင်းပါ။ အရမ်းမလှုပ်နဲ့ဦး‌ နော်။ ဟင်နရီ... ကားကို နည်းနည်းလောက် ဖြည်းဖြည်းမောင်းပေးလို့ ရမလား" အိုင်ဗီပြောလိုက်သည့်စကားကို ကြားလိုက်ရသဖြင့် ဆိုင်းလပ်စ်တစ်ယောက် ရင်ထဲမှာ ကြိတ်ပျော်တော့သည်။

ဟင်နရီကတော့ သူ့ကပ္ပတိန် စိတ်ကြည်နေသည်ကို အဝေးကပင် အာရုံခံမိနေသည်။

"ရပါတယ်၊ ရပါတယ်"

ဆိုင်းလပ်စ်၏ ခေါင်းသိပ်မလှုပ်အောင် အိုင်ဗီက သူမ၏ညာလက်ဖြင့် သူ၏ပါးပြင်ကို ထိန်းပေးထားသည်။ ရုတ်တရက် သူမ၏ခါးကို နွေးထွေးသော လက်တစ်စုံက ရစ်ပတ်လိုက်သည်ကို ခံစားလိုက်ရပြီး သူမ၏ဂုတ်ပိုးနားတွင် နွေးထွေးသော အသက်ရှူသံများကို ခံစားလိုက်ရသည်။

"ကိုယ် အရမ်းမူးနေလို့။ မင်းကို ခဏလောက် ဖက်ထားပါရစေ"

ဆိုင်းလပ်စ်၏ ရှတတနှင့် နူးညံ့သောအသံကြောင့် အိုင်ဗီ၏ နှလုံးခုန်သံများ မြန်လာရသည်။ သူ့လက်မှ နွေးထွေးမှုက အဝတ်အစားပါးလေးကို ဖောက်ထွက်ပြီး အိုင်ဗီ၏ရင်ကို လောင်မြိုက်စေသလိုပင်။

စစ်တပ်နယ်မြေသို့ သွားရသောလမ်းမှာ အလွန်ရှည်လျားလှသည်။ အနည်းဆုံးတော့ နွေးထွေးသော အပူပေးစက်နှင့်အတူ ရှိနေသည့် အိုင်ဗီအတွက်တော့ ထိုသို့ပင်။

သူမသည် အသက်ရှူနှုန်းကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေသော်လည်း အချည်းနှီးသာ ဖြစ်သည်။ ဆိုင်းလပ်စ်၏လက်က... အမှတ်မထင် လှုပ်ရှားနေမိသဖြင့် သူမ ညည်းသံမထွက်အောင် နှုတ်ခမ်းကို တင်းတင်းစေ့ထားရသည်။

ဒါက ဘယ်လိုတောင် ချိုမြိန်လိုက်တဲ့ နှိပ်စက်မှုလဲ။ သူမ သူ့ကို နမ်းချင်စိတ်မှလွဲ၍ ဘာမှမရှိတော့ပေ။

သတိထားစမ်း အိုင်ဗီ သူက ဒဏ်ရာရထားတာလေ... အိုး... ဘုရားသခင်...

အဆိုးဆုံးမှာ အိုင်ဗီတစ်ယောက် သူမ၏ ခန္ဓာကိုယ်တစ်နေရာ၌ အပူရှိန်များ စုပြုံလာသည်ကို ခံစားနေရခြင်းဖြစ်သည်။ သေစမ်း... ငါ စိတ်တွေ လှုပ်ရှားနေပြီပဲ။

နင် ဘယ်လောက်တောင် တောင်းတနေတာလဲ အိုင်ဗီ သူက ဒဏ်ရာရထားတာကို နင်ကတော့... နေဦး...

အိုင်ဗီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ အမှတ်မထင် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သေချာပါသည်၊ ဆိုင်းလပ်စ်မှာလည်း သူမလိုပင် ခံစားနေရဟန်တူ၏။

သူမ ဘာတွေးနေမိသည်ကို သတိပြုမိသွားသောအခါ အိုင်ဗီ၏မျက်နှာ နီမြန်းသွားသည်။

"ကိုယ့်ကို ဂရုမစိုက်ပါနဲ့၊ မင်းနားမှာ ရှိနေရင် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လို့ပါ"

ဆိုင်းလပ်စ်၏ ရှတတအသံကြောင့် အိုင်ဗီ ရေငတ်လာသလိုမျိုး ခံစားလိုက်ရသည်။

သူမ တံတွေးကို မျိုချလိုက်ပြီး နှလုံးခုန်သံ တဒိတ်ဒိတ်နှင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏နားရွက်များမှ အပူရှိန်များ ထွက်နေသည်ကို ခံစားနေရသည်။

သူမ၏ဦးနှောက်ထဲတွင် မေးခွန်းများ ပိုမိုပြည့်နှက်လာသည်။

ဆိုင်းလပ်စ်က ငါ့ကို မချစ်တော့ဘူးလို့ ပြောခဲ့တာ မဟုတ်လား။ ဒါဆို ဘာလို့ သူက... အား ငါ ဘယ်လိုမှ အာရုံစိုက်လို့ မရတော့ဘူး။

"မင်း ဘာမှ မပြောချင်တော့ဘူးလား” ဆိုင်းလပ်စ်က မေးလိုက်သည်။ ဆွဲဆောင်မှုရှိပြီး သာယာသော သူ၏အသံက အိုင်ဗီ၏နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူမ၏ အရေပြားနှင့် ကျန်ရှိနေသော ကျိုးကြောင်းဆင်ခြင်ဉာဏ်လေးကိုပါ လောင်မြိုက်သွားစေသည်။

"ဟို... ကျွန်မ ကူညီပေးရမလား" အိုင်ဗီက လွှတ်ခနဲ ပြောလိုက်မိသည်။ ဆိုင်းလပ်စ် တောင့်ခဲသွားသလို အိုင်ဗီကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ကျိန်ဆဲနေမိသည်။

မိုက်လိုက်တာ မိုက်လိုက်တာ နင်က ဘာကို ကူညီမှာလဲ… အား… မတွေးနဲ့တော့ တော်တော့

အိုင်ဗီတစ်ယောက် ရှက်လွန်း၍ သေချင်စိတ်ပေါက်နေစဉ်မှာပင် ဆိုင်းလပ်စ်၏ ခပ်တိုးတိုးရယ်သံကို ကြားလိုက်ရသဖြင့် မြေကြီးသာ ဟသွားလျှင် ငုပ်လျှိုးသွားချင်မိတော့သည်။

"မင်းက ဘယ်လိုမျိုး ကူညီပေးနိုင်မှာလဲ" ဆိုင်းလပ်စ်က သူမကို လွှတ်ပေးရန် အစီအစဉ်မရှိဘဲ မေးလိုက်သည်။

အိုင်ဗီက စကားလမ်းကြောင်းလွှဲရန် "ချောကလက် စားချင်လား" ဟု မေးလိုက်သည်။

"ရတာပေါ့။ မင်း ချောကလက်အရသာ ကြိုက်မှန်း ကိုယ်မသိခဲ့ဘူး"

ဆိုင်းလပ်စ်က သူမ၏ခါးနားက လက်ဖြင့် အဝိုင်းလေးများဆွဲရင်း စနောက်လိုက်သည်။

အိုင်ဗီ: (အမလေးလေး)

မဟုတ်ဘူး အဲဒါကို ဆိုလိုတာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကမ္ဘာမြေကြီးရယ် ကျွန်မကို သနားရင် အခုပဲ ဟပေးလိုက်ပါတော့။

သူမအနေဖြင့် အရိပ်အမြွက်တွေကို နားမလည်သလို ဟန်ဆောင်ကာ သူမ၏ စွမ်းအင်သိုလှောင်ခန်းထဲမှ ချောကလက်တစ်တောင့်ကို ထုတ်ပေးလိုက်သည်။

ချောကလက်မစားရသည်မှာ ကြာလှပြီဖြစ်သည်။ နောက်ဆုံးစားခဲ့သည်မှာ အရင်ဘဝက ဖခင်ဖြစ်သူ အနစ်နာမခံရခင် အချိန်ကပင် ဖြစ်သည်။

ချောကလက်ကို စားလိုက်သောအခါ သူမ၏မျက်နှာတွင် ခါးသက်သော အရိပ်အယောင်လေး ဖြစ်သွားသည်။ ချိုမြိန်လှသော အရသာကြောင့် သူမ မျက်လုံးလေးမှိတ်ကာ အရသာခံနေမိသည်။

ဆိုင်းလပ်စ်က ရုတ်တရက်

"ကိုယ့်ကိုလည်း နည်းနည်းလောက် မြည်းခွင့်ပေးပါဦးကွာ" ဟု ပြောလာသည်။

အိုင်ဗီက ခေတ္တရပ်သွားပြီးမှ ခေါင်းခါပြလိုက်သည်။

"မရပါဘူး၊ ရှင်က ချောကလက်အရသာ မကြိုက်ဘူး မဟုတ်လား"

သူမက သူပြောခဲ့သည့်စကားကိုပင် သူပြန်အသုံးချလိုက်ခြင်းဖြစ်သည်။ ဆိုင်းလပ်စ်က စိတ်မဆိုးသည့်အပြင် အိုင်ဗီ့ကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။

"အင် တစ်ယောက်ယောက်ကတော့ အငြိုးထားနေ တော့တာပဲလား"

အိုင်ဗီက နှုတ်ခမ်းလေးစူလိုက်ပြီးမှ ခပ်ဖွဖွ ပြုံးလိုက်သည်။ သူမ၏နှလုံးသားက တဖြည်းဖြည်း အရည်ပျော်လာပြီး အရင်ဘဝက ကိစ္စတွေကို သံသယဝင်လာမိသည်။

ငါက တကယ်ပဲ နိမိတ်မကောင်းတဲ့သူ မဟုတ်ဘူး ထင်တယ် ငါ ရာဗင်ခရော့ဖ် မိသားစုနဲ့ နေပြီး သူတို့ကို ချစ်ခဲ့ပေမဲ့ သူတို့ ဘာမှမဖြစ်ခဲ့ဘူး။ ဆိုင်းလပ်စ်နဲ့ သူ့အဖွဲ့သားတွေနဲ့ အချိန်အနည်းငယ် ဖြတ်သန်းခဲ့တုန်းကလည်း ဘာမှမဖြစ်ခဲ့ဘူးလေ။ ငါကပဲ... အလွန်အကျွံ တွေးနေခဲ့တာများလား

ထိုသို့တွေးလိုက်ရုံနှင့်ပင် သူမ၏စိတ်ထဲ ကြည်လင်သွားသည်။ သူမကိုယ်တိုင် သတ်မှတ်ထားသော စည်းကမ်းများကြောင့် တင်းကျပ်နေသော နှလုံးသားမှာလည်း ထိုအခိုက်အတန့်တွင် လျော့ရဲသွားသလို ခံစားလိုက်ရသည်။

ငါ ပြန်လည်မွေးဖွားလာလို့ ငါ့ရဲ့ နိမိတ်မကောင်းတာတွေ ပျောက်သွားတာများလား အဲဒီလိုသာဆိုရင်...

အိုင်ဗီသည် ဆိုင်းလပ်စ်ကို စိုက်ကြည့်လိုက်ရာ နှလုံးခုန်သံများ မြန်လာသည်။

ငါ သူနဲ့အတူ ရှိနေဖို့ ကြိုးစားကြည့်လို့ ရတာပဲ... ငါချစ်ရတဲ့သူတွေနဲ့ ဝေးဝေးမှာ နေစရာ မလိုတော့ဘူးပေါ့။ ဒီဘဝမှာတော့ သူတို့နဲ့အတူ ပျော်ရွှင်တဲ့ ဇာတ်သိမ်းလေး ပိုင်ဆိုင်ရနိုင်တယ်။

အိုင်ဗီ၏ရင်ထဲက လေးလံမှုများမှာ ထိုအခိုက်အတန့်တွင် ပျောက်ကွယ်သွားသလိုပင်။

သူမသည် အမှတ်မထင် ဆိုင်းလပ်စ်ဘက်သို့ ပိုမှီလိုက်မိသည်။

သူမ၏ သေးငယ်သော လှုပ်ရှားမှုလေးကို ဆိုင်းလပ်စ် သတိထားမိသွားပြီး ဝမ်းသာသွားသည်။

"ဟာ ဒုက္ခပဲ မဖြစ်ဘူး" ဟင်နရီ၏ ထိတ်လန့်တကြား အော်သံကြောင့် ထိုရှားပါးလှသော ပျော်ရွှင်စရာ အခိုက်အတန့်လေးမှာ ပျက်စီးသွားရသည်။ အိုင်ဗီ ညာဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတော့သည်။

All Chapters