← Chapters

မင်းကို ချစ်တယ်

Vol. 7 Ch. 66

မင်းကို ချစ်တယ်

Vol. 7 Ch. 66

လွန်ခဲ့သော ဘဝက

"အိုင်ဗီ ထတော့ သမီးလေး။" ဆာဖီနာရဲ့အတင်းအကျပ် လုပ်ချို အသံက အိုင်ဗီ့နားထဲ ပဲ့တင်ထပ်လာသဖြင့် သူမ ဝေဝေဝါးဝါး နိုးလာခဲ့သည်။ စွန့်ပစ်ထားသော ကုန်လှောင်ရုံကြီးကို မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးခုန်သံများ ရပ်တန့်မတတ် ဖြစ်သွားပြီး အတင်းရုန်းကန်တော့သည်။

"ဒါ ဘယ်နေရာလဲ" သူမက ထိတ်လန့်တကြား မေးလိုက်မိသည်။ မိမိကိုယ်ကိုယ် အလွန်စိုးရိမ်ရသော အန္တရာယ်ထဲ ရောက်နေပြီမှန်းလည်း သိလိုက်ပြီ ဖြစ်သည်။

ဆာဖီနာက သူမကို ဂရုမစိုက်ဘဲ ကျော်ခွသွားသည်။ အိုင်ဗီ၏ မျက်လုံးများက သူမနောက်သို့ လိုက်ပါသွားပြီး "ဆာဖီနာ... ကျွန်မ မေးနေတယ်လေ..."

စကားမဆုံးခင်မှာတင် သူမ တောင့်ခဲသွားရသည်။ သူမ၏ ရှေ့တွင် ရာဗင်ခရော့ဖ် မိသားစုဝင်အားလုံး ရှိနေကြသည်။ အိုင်စလာ၊ မက်ဂ်နပ်စ်၊ ဆာဖီနာနှင့် ဒေမီယန်။

"မလုပ်ပါနဲ့ မလုပ်ကြပါနဲ့။"

အိုင်ဗီက နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း သူမ၏ လက်နှင့် ခြေထောက်များကို ကြိုးဖြင့် တင်းတင်းချည်ထားခြင်း ခံထားရသည်။ သူမ၏ ရင်ထဲတွင် ကြောက်စိတ်များ ပြည့်နှက်နေပြီ ဖြစ်သည်။

"ဪ... အိုင်ဗီရယ်၊ နင်က တကယ်ပဲ ငါက နင့်ကို ဆိုင်းလပ်စ်ဆီ ပေးသွားမယ်လို့ ထင်နေတာလား" အိုင်စလာက မေးလိုက်သည်။ သူမရဲ့ အပြစ်ကင်းသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ပြောနေသော အသံက အိုင်ဗီ့ကို ရွံရှာမိစေသည်။

"နင် မေ့နေပြီလား။ ငါက နင့်ရဲ့ စွမ်းအားတွေကို လိုချင်တာလေ။ အဲဒီစွမ်းအားတွေက နင့်ဦးနှောက်ထဲမှာ ပုံဆောင်ခဲအနေနဲ့ ရှိနေတာဆိုတော့ နင့်ခေါင်းခွံကို ခွဲပြီး ထုတ်ယူလိုက်ရုံပဲပေါ့" သူမက အလွန်ပင် ပုံမှန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ဆက်ပြောနေသည်။

အိုင်ဗီက အော်ဟစ်ရင်း နောက်သို့ ဆုတ်လိုက်ကာ

"ငါ့နား မလာနဲ့။ ငါပြောလိုက်မယ်... ငါသာ သေသွားရင် ဆိုင်းလပ်စ်က နင်တို့ကို အကုန်သတ်ပစ်မှာ"

"ဘယ်လိုလုပ် သတ်မှာလဲ။ သူက ငါနဲ့စေ့စပ်ထားတဲ့သူလေ။ နင်က လီယိုနဲ့အတူ ထွက်ပြေးသွားပြီလို့ပဲ ငါက ပြောလိုက်မှာပေါ့"

အိုင်စလာက ဝမ်းသာအားရ ရယ်မောလိုက်သည်။

"ငါက အိုင်စလာအပေါ် ဘာတွေများ မှားခဲ့လို့လဲ။ ငါက နင်တို့ရဲ့ အစ်မအရင်းလေ နင်တို့အားလုံး ဘာလို့ ငါ့ကို ဒီလောက်တောင် မုန်းနေရတာလဲ"

အိုင်ဗီ ဘယ်လိုမှ စဉ်းစားမရပေ။ ငယ်စဉ်ကတည်းကပင် ဤမောင်နှမနှစ်ယောက်သည် သူမကို နှိပ်စက်ခဲ့သည်၊ မုန်းတီးခဲ့သည်၊ အခွင့်အရေးရရင်ရသလို စော်ကားခဲ့ကြသည်။

"ဘာလို့လဲဆိုတော့ နင်က ငါ့အစ်မအရင်း မဟုတ်လို့လေ" အိုင်စလာ၏ အေးစက်လှသော အသံက ကုန်လှောင်ရုံထဲ ပဲ့တင်ထပ်သွားသည်။

"ငါတို့ နင့်ကို စွန့်ပစ်ထားတဲ့ လမ်းကြားထဲမှာ ကောက်ရခဲ့တာ"

"လိမ်နေတာ" အိုင်ဗီက အော်ဟစ်လိုက်သည်။ သူမ၏ နားကိုပင် မယုံနိုင်ဘဲ ခေါင်းကိုသာ တတွင်တွင် ခါနေမိသည်။ သူမသည် မျှော်လင့်ချက်အပြည့်ဖြင့် ဆာဖီနာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ဆာဖီနာက သူမကို သနားကရုဏာသက်သော မျက်လုံးများဖြင့်သာ ကြည့်နေတော့သည်။

သူမ၏ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသလို ခံစားလိုက်ရပြီး ဝေဝါးနေသော အတွေးများမှာလည်း ရှင်းလင်းသွားတော့သည်။

"နင်တို့လို မိစ္ဆာတွေ အဲဒီလိုပဲ ဖြစ်နေဦးတော့ နင်တို့မှာ ငါ့ကို နှိပ်စက်ပိုင်ခွင့် မရှိဘူး ငါက နင်တို့အပေါ် အမြဲတမ်း သစ္စာရှိခဲ့တာ”

ဒေမီယန်နှင့် အိုင်စလာတို့၏ မျက်နှာပေါ်က ရယ်မောပျော်ရွှင်နေသော အမူအရာများကို မြင်လိုက်ရချိန်တွင် အိုင်ဗီ၏ နှလုံးသားမှာ အေးစက်သွားရသည်။ သူတို့တွင် နောင်တဟူ၍ အနည်းငယ်မျှပင် မရှိကြပေ။

"နင်တို့က ငါ့ကို နှိပ်စက်ဖို့ပဲ စဉ်းစားနေတာဆိုရင် ဘာလို့များ ကောက်လာခဲ့သေးလဲ" သူမက ကြိုးများကို ရုန်းကန်ရင်း မေးခွန်းထုတ်လိုက်သည်။

ဆာဖီနာနှင့် မက်ဂ်နပ်စ်တို့၏ မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို မြင်လိုက်ရသော်လည်း သူတို့က ချက်ချင်းပင် ပြန်ဖုံးကွယ်လိုက်ကြသည်။ အိုင်စလာနှင့် ဒေမီယန်မှာလည်း ကျောပေးထားသဖြင့် မမြင်လိုက်ကြပေ။

"နင်က တော်တော်နုံတာပဲ။ ငါတို့မိသားစုက အကျိုးအမြတ် တစ်ခုခု ပြန်ပေးနိုင်မယ့် အညှိုးခံ ပစ္စည်းတစ်ခု လိုချင်လို့ပေါ့။ နင် သိလား အိုင်ဗီ၊ ကမ္ဘာပျက်ကပ်သာ မဖြစ်ခဲ့ရင် ငါတို့ နင့်ကို လူမှောင်ခိုဈေးကွက်မှာ ရောင်းစားလိုက်မှာ" အိုင်စလာက သက်ပြင်းချလိုက်သည်။

မကောင်းဆိုးဝါးတွေ... ငါ မိစ္ဆာတွေနဲ့အတူ နေထိုင်ခဲ့မိတာပဲဟုသာ အိုင်ဗီက တွေးလိုက် တော့သည်။ သူမသာ အချိန်နောက်ပြန်သွားပြီး သူတို့အားလုံးကို သတ်ပစ်နိုင်ရင် သိပ်ကောင်းမှာပဲဟု ဆုတောင်းနေမိသည်။ မဟုတ်သေးဘူး... ငါ ဒီကနေ ထွက်ပြေးမှ ဖြစ်မယ်

"အစ်ကို၊ စတော့လေ။" အိုင်စလာက စိတ်မရှည်တော့ပေ။

အိုင်ဗီက အချိန်ဆွဲလိုသဖြင့် "နေဦး၊ ငါ့မှာ မေးစရာတွေ ကျန်သေးတယ်..."

"ပါးစပ်ပိတ်ထားစမ်း။" ဒေမီယန်က ဒေါသတကြီး အော်လိုက်သည်

"နင် အချိန်ဆွဲနေတာ ငါတို့ မသိဘူးလို့ ထင်နေတာလား"

သူသည် လက်ထဲတွင် တူတစ်လုံးကို ကိုင်ကာ အိုင်ဗီ့ထံ လျှောက်လာပြီး တွေဝေခြင်းမရှိဘဲ လွှဲရိုက်လိုက်သည်။

ခွပ်

ရိုက်ချက်မှာ သူမ၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်သွားပြီး အိုင်ဗီ၏ ဦးခေါင်းတစ်ခုလုံးတွင် ပြင်းထန်သော နာကျင်မှုများ ပြန့်နှံ့သွားသည်။

"အားးး"

အိုင်ဗီ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး နားထဲတွင်လည်း နာကျင်မှုကြောင့် အူနေတော့သည်။ သူမ၏ ဦးခေါင်းမှာ ကွဲအက်သွားသလို ခံစားလိုက်ရသည်။

ဒေမီယန်က ဆက်လက်တိုက်ခိုက်နေပြီး သူ အဆုံးသတ်လိုက်ချိန်တွင်တော့ အိုင်ဗီမှာ သတိမေ့မြောလုနီးပါး ဖြစ်နေပြီဖြစ်သည်။

အိုင်ဗီ ခံစားနေရသည်မှာ ပြင်းထန်သော နာကျင်မှုနှင့် အမြင်အာရုံကို ဝေဝါးသွားစေသည့် သွေးများသာ ရှိသော်လည်း ရာဗင်ခရော့ဖ် မိသားစုဝင်များကမူ အိုင်ဗီ၏ ဦးခေါင်းခွံ ကွဲအက်သွားပြီး အတွင်း၌ လိမ္မော်ရောင်သန်းနေသော အနီရောင် ပုံဆောင်ခဲလေး တောက်ပနေသည့် မြင်ကွင်းကို ကြည့်နေကြသည်။

ဒေမီယန်က ထိုပုံဆောင်ခဲကို ဆွဲထုတ်လိုက်သည်။ အိုင်ဗီသာ ထူးခြားစွမ်းအားရှင် တစ်ယောက်မဟုတ်လျှင် ယခုအချိန်တွင် အသက်ရှင်နေတော့မည် မဟုတ်ပေ။

အမှန်တကယ်တော့ သူမ၏ အခြေအနေမှာ အတော်ကို ဆိုးရွားလှသည်။ သူမသည် သေခါနီးအခြေအနေသို့ ရောက်နေပြီး ခံစားနေရသော ဝေဒနာများကြောင့် သေခြင်းတရားကိုသာ တောင်းတနေမိသည်။

သူမ သေတော့မည်ဟု ထင်ကာ မျက်လုံးများကိုသာ မှိတ်လိုက်မိသည်။ အိုင်စလာ၏ ပျော်ရွှင်သော ရယ်သံများနှင့် ရာဗင်ခရော့ဖ် မိသားစု၏ ဝမ်းသာအားရ ပြောဆိုသံများကိုလည်း သူမ ကြားနေရသည်။

သို့သော်လည်း အခုတော့... သူမ သေချင်လှပြီ။ ကောင်းကင်ဘုံကသာ သူမအတွက် လက်စားချေပေးပါစေ။

အိုင်ဗီကတော့ ဒါဟာ သူမရဲ့ အဆုံးသတ်လို့ ထင်ထားခဲ့တာဖြစ်သော်လည်း ရင်းနှီးနေသော အသံတစ်ခုက သူမကို ခေါ်လိုက်ပြီး နွေးထွေးလှသော ရင်ခွင်တစ်ခုထဲသို့ ရောက်သွားသည်။

"အိုင်ဗီ ထပါဦး ကိုယ် တောင်းပန်ပါတယ်! ကိုယ် နောက်ကျသွားလို့ တောင်းပန်ပါတယ်!" ဆိုင်းလပ်စ်၏ အသံက အိုင်ဗီ့နားထဲတွင် ပဲ့တင်ထပ်လာသဖြင့် ရုတ်တရက် သူမ ငိုချင်စိတ် ပေါက်သွားသည်။

သူမ သူ့ကို ဖက်ထားချင်သည်၊ သူမ ခံစားခဲ့ရသမျှ ဒုက္ခတွေကို ပြောပြချင်သည်၊ သူမ ဘယ်လောက်တောင် နာကျင်နေရကြောင်းနှင့် သူ့စကားကို နားမထောင်ခဲ့မိသည့်အတွက် ဘယ်လောက်တောင် နောင်တရနေကြောင်း ပြောပြချင်လှသည်။

သူမ၏ မျက်နှာပေါ်သို့ ကျရောက်လာသော အေးစက်သော ရေစက်လေးအချို့နှင့် သူမကို ထိန်းကိုင်ထားသော တုန်ရီနေသည့် လက်များက ပြောပြနေသည်မှာ... ဆိုင်းလပ်စ် ငိုနေသည်။

အိုင်ဗီ၏ မျက်လုံးထောင့်မှလည်း အေးစက်သော မျက်ရည်များ စီးကျလာသည်ကို ခံစားလိုက်ရသဖြင့်... သူမကိုယ်တိုင်လည်း ငိုနေမိမှန်း သိလိုက်ရသည်။

ယခုတစ်ကြိမ်တွင်တော့ သူတို့နှစ်ဦးထဲမှ တစ်ဦးသည် အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် ငိုကြွေးနေခြင်း ဖြစ်သည်။ သူမ၏ တစ်ခုတည်းသော နောင်တမှာ... ဆိုင်းလပ်စ်ကို 'ရှင့်ကို ချစ်တယ်' လို့ တစ်ခါမျှ မပြောခဲ့ရတာပါ။

တစ်သက်လုံး အတူရှိခဲ့ကြသော်လည်း မိမိတွင် ဤမျှ အချိန်တိုတိုလေးသာ ကျန်တော့မည်ဟု တစ်ခါမျှ မတွေးမိခဲ့။ သူမ သူ့ကို တန်ဖိုးထာခဲ့သင့်သည်... သူ့ကို ငြင်းပယ်ခဲ့မိတာမျိုး မလုပ်ခဲ့သင့်။

သူတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေမျိုးအထိ ရောက်လာခဲ့ကြတာလဲ... နှစ် ၂၀ တိုင်တိုင် အတူရှိခဲ့ကြသော်လည်း သူမနှင့်သူ ဖြတ်သန်းခဲ့ရသည့် ချိုမြိန်သော အခိုက်အတန့်များမှာ ၁၀ ကြိမ်ပင် မပြည့်ခဲ့ပေ။

"မင်းကို ချစ်တယ် အိုင်ဗီ" ဆိုင်းလပ်စ်က သူမ၏နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

ကျွန်မလည်း ရှင့်ကို ချစ်တယ် ဆိုင်းလပ်စ်။ အိုင်ဗီက ပြန်ပြောလိုက်သော်လည်း သူမ၏ အဖြေကတော့ ဆိုင်းလပ်စ်ထံသို့ မရောက်ရှိနိုင်ခဲ့ပေ။

သူမ၏ ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စီးကြောင်းတစ်ခု စီးဝင်လာပြီး နာကျင်မှုများ ပျောက်ကွယ်သွားသည်။ ဆိုင်းလပ်စ် ဘာလုပ်နေသည်ကို သိလိုက်ရသဖြင့် အိုင်ဗီ၏ ရင်ထဲတွင် ထိတ်လန့်သွားရသည်။

သူ၏ အသက်စွမ်းအားနှင့် ဆက်နွှယ်နေသော ကုသခြင်းစွမ်းအားကို သူ ရရှိထားကာ၊ သူ အလိုရှိလျှင် မည်သူ့ကိုမဆို သေခြင်းတရားမှပင် ကယ်တင်နိုင်ကြောင်း သူမကို သူ ပြောပြဖူးသည်။

All Chapters