လှိုင်းအလျား
Vol. 7 Ch. 70
အိုင်ဗီသည် မျက်တောင်ခတ်လိုက်မိပြီး သူမရှေ့က မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေရသည်။ သို့သော် ယနေ့တွင် ထူးဆန်းသော ဖြစ်ရပ်များစွာ ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သဖြင့် သူမသည် ထိုအရာကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီလေ။ ကျွန်မ ရှင့်ကို ခွင့်လွှတ်ပါတယ်။"
သူမ၏ နူးညံ့သောအသံမှာ ဟင်နရီ၏ နားထဲတွင် တေးသံတစ်ခုလို သာယာနေတော့သည်။ သူသည် ဝမ်းသာအားရ ပြုံးပြလိုက်ပြီး ကားထဲသို့ ဝင်ထိုင်လိုက်သည်။
လမ်းခရီးတွင် ဆိုင်းလပ်စ်က အိုင်ဗီ့နားသို့ တိတ်တဆိတ် တိုးကပ်သွားပြီး သူမ၏လက်ကို ဆုပ်ကိုင်ရန် ကြိုးစားသော်လည်း ယခုတစ်ကြိမ်တွင် အိုင်ဗီက ရုန်းလိုက်သည်။ ကြိုးစားမှုများစွာဖြင့် ဖြိုဖျက်ခဲ့ရသော တံတိုင်းကြီးမှာ ပြန်လည် မြင့်မားလာပြန်ပုံရသည်။
ဆိုင်းလပ်စ် ထိုအရာကို ခံစားမိပြီး ရင်ထဲမှာ ဆို့နင့်သွားရသည်။ သူသည် အိုင်ဗီကို ရင်ခွင်ထဲ ဆွဲသွင်းကာ မေးခွန်းထုတ်ချင်နေမိသည်။
ဘာလို့လဲ ဒီလောက် လှပတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းပြီးမှ ဘာလို့ ရုတ်တရက် အေးစက်ပြီး အလှမ်းဝေးသွားရပြန်တာလဲ။
[သခင်၊ အခုလောလောဆယ်တော့ သူမနဲ့ ဝေးဝေးမှာ နေဖို့ ကျွန်တော် အကြံပြုပါရစေ။] စနစ် ၏ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ဆိုင်းလပ်စ် တုံ့ဆိုင်းသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
'မင်း ဘာကို ဆိုလိုတာလဲ' ဆိုင်းလပ်စ်က ခပ်ထန်စွာ မေးလိုက်ပြီး ဘယ်သူမှမမြင်အောင် ဖုံးကွယ်ထားသော သူ၏ ညာလက်ကို တင်းတင်းဆုပ်လိုက်သည်။
[ဒီမိန်းကလေးရဲ့ လှိုင်းအလျားက ထူးဆန်းနေတယ်။ သူမဆီကနေ သေခြင်းတရား လှိုင်းအလျားတွေ ထွက်ပေါ်နေသလိုပဲ။] စနစ်၏ အသံမှာ ဝေခွဲမရဖြစ်နေသော်လည်း ၎င်းသိသမျှ ဗဟုသုတကို ပြောပြနေသည်။
'သေခြင်းတရား လှိုင်း ဟုတ်လား' ဆိုင်းလပ်စ်က စိတ်ထဲကနေ ပြန်မေးလိုက်ရာ စနစ်က ဆက်လက် ရှင်းပြသည်။
[လူသားတိုင်းမှာ ကိုယ်ပိုင် လှိုင်းအလျားတွေ ရှိကြပါတယ်။ သခင်မှာလည်း ရှိပါတယ်။ တောက်ပပြီး နွေးထွေးတယ်၊ တရားမျှတပြီး ရိုးသားတယ်၊ ကြင်နာပြီး...]
'တော်တော့။ အဓိကအချက်ကိုပဲ ပြောစမ်း။' ဆိုင်းလပ်စ်သည် စနစ်၏ ချီးမွမ်းခန်းများကို စိတ်တိုလာသည်။ သူ၏ စိတ်ထဲတွင် အိုင်ဗီ တစ်ယောက်တည်းသာ ရှိသည်။ ဤအသုံးမကျသော စနစ်ကြောင့် အိုင်ဗီ့ထံ တစ်ခုခု ဖြစ်သွားမည်ကို သူ စိုးရိမ်နေမိသည်။
[ကောင်းပါပြီ။ ကျွန်တော် ပြောချင်တာက ဒီမိန်းကလေးရဲ့ လှိုင်းအလျားက နှောင့်ယှက်ခံထားရပြီး သေခြင်းတရား လှိုင်းအလျားတွေကို ထုတ်လွှတ်နေတာပါ။ နောက်ထပ် ၂၄ နာရီအတွင်းမှာ သူမအနားမှာ ရှိနေတဲ့သူ ဘယ်သူမဆို သေနိုင်ပါတယ်။ သူမကိုယ်တိုင်ကတော့ အန္တရာယ်ရဲ့ ၅၀ ရာခိုင်နှုန်းကိုပဲ ရင်ဆိုင်ရမှာ ဖြစ်ပေမဲ့ သူမအနားမှာ ရှိနေတဲ့သူတွေကတော့ အန္တရာယ်ရဲ့ ၂၀၀ ရာခိုင်နှုန်းကို ရင်ဆိုင်ရမှာပါ။]
ဆိုင်းလပ်စ်၏ နှလုံးခုန်သံ ရပ်တန့်မတတ် ဖြစ်သွားသည်။ သူသည် နောက်ဆုံးစကားကို လျစ်လျူရှုလိုက်ပြီး အိုင်ဗီ ရင်ဆိုင်ရမည့် အန္တရာယ်ကိုသာ အာရုံစိုက်လိုက်သည်။
၅၀ ရာခိုင်နှုန်း သူမသာ တစ်ယောက်တည်းဆိုလျှင် ဘယ်လောက်တောင် ကံဆိုးမှုတွေနဲ့ ရင်ဆိုင်ရမလဲ
'မဖြစ်ဘူး ငါ သူမအနားမှာ နေပြီး ကာကွယ်ပေးရမယ်' သူက တွေးလိုက်သော်လည်း စနစ်မှာ ဆွံ့အသွားရသည်။
ငါ့သခင် သူက သတိပေးချက်ကို လုံးဝ လျစ်လျူရှုလိုက်တာပဲ
[ကျွန်တော် ဘာလို့ အမြဲတမ်း ဒီလို သခင်မျိုးနဲ့ပဲ ဆုံနေရတာလဲ။ သူမက အန္တရာယ်ရှိမှန်း သိရက်နဲ့ ဘာလို့ သူမအနားမှာ နေချင်နေရတာလဲ]
'သူမ ရင်ဆိုင်ရမယ့် အန္တရာယ်ကို လျှော့ချနိုင်မယ့် နည်းလမ်း ရှိလား' ဆိုင်းလပ်စ်က မေးလိုက်ပြီး ကျရောက်တော့မည့် အန္တရာယ်ကို ရှောင်ဖို့ နည်းလမ်းများကို စဉ်းစားနေတော့သည်။
[ကျွန်တော် သိသလောက်တော့ နည်းလမ်းမရှိပါဘူး။ သေခြင်းတရားကို ဘယ်သူက ရှောင်နိုင်မှာလဲ]
ဆိုင်းလပ်စ် တိတ်ဆိတ်သွားသည်။ မှန်ပါတယ် သေခြင်းတရားက လူတစ်ယောက်ရဲ့ ကံကြမ္မာမှာ ပါလာပြီးသားဆိုရင် ဘယ်လို ရှောင်လွှဲလို့ရပါ့မလဲ။ ဒါပေမဲ့...
'မင်း ပြောတာက လှိုင်းအလျားက တမင်တကာ နှောင့်ယှက်ခံထားရတာဆိုတော့ အိုင်ဗီ့ရဲ့ သေဆုံးရမယ့်အချိန်က ဒီနေ့ မဟုတ်ဘူးပေါ့... ဒါဟာ ပြင်ပစွမ်းအားတစ်ခုရဲ့ လက်ချက်ပဲ။ အဲဒီလိုဆိုရင် အိုင်ဗီ အခု သေရမှာက သူမရဲ့ ကံကြမ္မာ မဟုတ်ဘူး။'
[သခင်က ဉာဏ်ကောင်းပါတယ်၊ ဒါပေမဲ့ နောက်ထပ် ယူဆချက်တစ်ခုကိုတော့ ခင်ဗျား လျစ်လျူရှုထားတယ်။ သူမရဲ့ သေဆုံးရမယ့်ရက်က ဒီနေ့ ဖြစ်နေလို့ ပြင်ပစွမ်းအားက သူမရဲ့ လှိုင်းအလျားကို နှောင့်ယှက်လိုက်တာမျိုးဆိုရင်ရော]
ဆိုင်းလပ်စ် တိတ်ဆိတ်သွားသည်။ စစ်စခန်းသို့ သွားရာလမ်းမှာ အလွန်ရှည်လျားလှသည်။ လမ်းခရီးတွင် ပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရသည်။
ပထမဆုံးအနေဖြင့် ထွက်ပြေးလာသော အသက်ရှင်ကျန်ရစ်သူတစ်ဦးကို တိုက်မိလုနီးပါး ဖြစ်ခဲ့သည်။ မတော်တဆမှုကို ရှောင်ရှားရန် ဟင်နရီက ကားကို ဘယ်ဘက်သို့ အတင်းလှည့်လိုက်သဖြင့် အနီးနားရှိ သစ်ပင်တစ်ပင်ကို ဝင်တိုက်မိသွားသည်။
ကား၏ ခိုင်ခံ့မှုကြောင့် ဟင်နရီသည် ကားကို ဆက်လက်မောင်းနှင်နိုင်ခဲ့သည်။
မီတာ ၅၀၀ ခန့် ရောက်သောအခါ အခြားကားတစ်စီးက သူတို့ကားကို ကျော်တက်သွားကာ လမ်းဘေးရှိ ရွှံ့နွံအိုင်ထဲမှ ညစ်ပတ်သော ရေများကို သူတို့ကားပေါ်သို့ စင်သွားစေခဲ့သည်။
ဟင်နရီသည် သူ၏ကံတရားကို ကျိန်ဆဲရင်း ရှေ့မှန်ကို သန့်ရှင်းရေး လုပ်လိုက်ရသည်။
မကြာမီမှာပင် ဆန့်ကျင်ဘက်မှ လာသော ကားတစ်စီးနှင့် တိုက်မိလုနီးပါး ဖြစ်ခဲ့ရပြန်သည်။ ထို့နောက် ဇမ်ဘီအုပ်ကြီးနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး စစ်စခန်းသို့ ရောက်သည့်တိုင်အောင် သူတို့၏ ကံဆိုးမှုများက မကုန်ဆုံးသေးပေ။
ဘီးပေါက်သွားသည်ကို ကြည့်ပြီး ဟင်နရီ အော်လိုက်မိသည်
"ဘာတွေဖြစ်နေတာလဲ။ ဒီနေ့က ငါတို့ သေမယ့်ရက်လား"
အိုင်ဗီသည် အပြစ်ရှိသလို ခံစားရသဖြင့် ဟင်နရီနှင့် ဆိုင်းလပ်စ်တို့ထံမှ ခပ်လှမ်းလှမ်းတွင် နေလိုက်သည်။
သူမ၏ သတိကြီးစွာ လှုပ်ရှားမှုမှာ ဆိုင်းလပ်စ်၏ မြင်ကွင်းကို မရှောင်နိုင်ခဲ့ပါ။ သူသည် သူမအနားသို့ တိုးသွားပြီး သူမကို ပွေ့ချီလိုက်တော့သည်။
"ရှင် ဘာလုပ်တာလဲ။ ကျွန်မကို အောက်ချပေး"
အိုင်ဗီ ထိတ်လန့်သွားပြီး ဝေးဝေးနေရန် ကြိုးစားသော်လည်း ဆိုင်းလပ်စ်က သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားသဖြင့် ရုန်းထွက်ရန် မဖြစ်နိုင်ပေ။
"ဘာမှ မဟုတ်ပါဘူး၊ မင်း ထပ်ပြီး သတိလစ်သွားမှာ စိုးလို့ ချီထားတာ။ သွားကြစို့။"
ထိုသို့ပြောပြီး သူသည် စစ်စခန်းရှိ သူ၏ တိုက်ခန်းဆီသို့ သူမကို ချီပြီး ခေါ်သွားတော့သည်။
သူ့အထက်လူကြီး၏ ဗိုလ်ကျနေသော အမူအရာကို ကြည့်ပြီး ဟင်နရီက ဆိုင်းလပ်စ်ကို လက်မထောင်ပြကာ ချီးကျူးလိုက်သည်။
"ဒီအတိုင်းသာ ဆက်သွားရင် သူတို့ နောက် ၂ ပတ်အတွင်း လက်ထပ်ပြီး ညစာ အတူစားရတော့မှာပဲ။"
"နင် ဘာတွေ လျှောက်ပြောနေတာလဲ" ရင်းနှီးနေသော နူးညံ့သည့် အသံတစ်ခုက သူ့နားထဲသို့ ရောက်လာသဖြင့် သူ၏ ရင့်ကျက်သော အရှိန်အဝါများ ပျောက်ကွယ်သွားသည်။ သူသည် လှည့်ကြည့်လိုက်ပြီး အမီလီယာကို မျက်လုံးမှိတ်ကာ ပြေးဖက်လိုက်တော့သည်။
"မိန်းမရေ ကိုယ် မင်းကို လွမ်းနေတာ"
"မိန်းမ " ကိုးလ်၏ အသံကြောင့် ဟင်နရီ ထိတ်လန့်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ ထိတ်လန့်သွားသည်မှာ ဆိုင်းလပ်စ်ရဲ့အဖွဲ့သားအားလုံး ထိုနေရာတွင် ရှိနေကြပြီး အမီလီယာကတော့ မျက်နှာလွှဲထားတော့သည်။
သူတို့တော့ သွားပြီ
........
အိုင်ဗီ ရုန်းကန်နေသော်လည်း နောက်ဆုံးတွင်တော့ သူမကိုယ်သူမ တစ်မျိုးကြီး ဖြစ်နေသည်ဟု ခံစားရသဖြင့် သေချင်ယောင်ဆောင်နေလိုက်တော့သည်။ ရှက်လွန်း လွန်းလို့ ဘာမှ မလုပ်နိုင်တော့ပေ။
စက္ကူပန်းရနံ့ သင်းသင်းလေးကြောင့် အိုင်ဗီ၏ စိတ်ကြည်လင်သွားပြီး သူမ အမှတ်မထင် ရှူရှိုက်လိုက်မိသည်။ ထိုအချိန်တွင် ဆိုင်းလပ်စ်ဆီမှ လတ်ဆတ်သော သစ်သားရနံ့က သူမကို လွှမ်းမိုးသွားသည်။
ထိုရနံ့က စိတ်ကို အေးချမ်းစေပြီး သူမ၏ နှလုံးသားကို တည်ငြိမ်သွားစေသည်။ သူ့အနားမှာ ရှိနေရင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု ခံစားလိုက်ရသလိုပင်။
တိုက်ခန်းသို့ ရောက်သောအခါ အိုင်ဗီ ပြန်လည်ရုန်းကန်သဖြင့် ဆိုင်းလပ်စ်က သူမကို အောက်သို့ ချပေးလိုက်သည်။ သူသည် ချွေးတစ်စက်ပင် မထွက်ခဲ့ပေ။
"အခုကစပြီး ကိုယ်နဲ့အတူ နေရမယ်" ဆိုင်းလပ်စ်က အမိန့်ပေးလိုက်သဖြင့် အိုင်ဗီ အံ့အားသင့်သွားသည်။ သူမက သူနှင့် ရက် ၂၀ ခန့်သာ နေရမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ ဆိုင်းလပ်စ်၏ စကားက အခြား အဓိပ္ပာယ်တစ်ခုကို ဖော်ဆောင်နေသည်။
"ရှင်..." အိုင်ဗီက ကန့်ကွက်ရန် ပါးစပ်ဟလိုက်သော်လည်း ဆိုင်းလပ်စ်က မျက်နှာခပ်တည်တည်ဖြင့် ကြားဖြတ်ပြောလိုက်သည်။
"အိုင်ဗီ၊ မင်း မသိလို့ပါ မင်း အခု အရမ်း အန္တရာယ်ကြီးတဲ့ အခြေအနေမှာ ရှိနေတာ။ မင်း ကိုယ့်အနားမှာ နေတာက ပိုကောင်းလိမ့်မယ်။"
အိုင်ဗီ၏ နှလုံးခုန်နှုန်း မြန်လာသည်။ သူ တစ်ခုခု သိနေတာလား။ သူလည်း ပြန်လည်မွေးဖွားလာသတာလား
သူမသည် တံတွေးကို မျိုချလိုက်ပြီး သူမ၏ စကတ်စကို လက်ချောင်းလေးများဖြင့် ဆုပ်ကိုင်ထားရင်း စမ်းတဝါးဝါး မေးလိုက်သည်။
"ရှင် ဘာကို ဆိုလိုတာလဲ"