အခန်း (၁၁၄၃-၁၁၄၄)
Vol. 115 Ch. 1143-1144
အခန်း (၁၁၄၃) ချမ်းသာအတူ ခံစား၊ ဘေးဒုက္ခအတူ ရင်ဆိုင်
"နောက်ဆိုရင် မသေမျိုးဘုရင် အဆင့်အတန်းမျိုးတွေကို ခေါ်မလာနဲ့တော့၊ ဘွဲ့နှင်းခြင်းကို ဖြုန်းတီးရာရောက်တယ်"
"ဟုတ်ကဲ့ပါ "
......
တန့်ယင်တောင်၊ ချန်လင်တိန်သည် လူခေါ်လာပြီး တန့်ယင်တောင်သခင်၏ လက်အောက်ခံဖြစ်သော အဆင့် ၂ အဆင့်မြင့် ယင်မိစ္ဆာတစ်ပါးနှင့် တွေ့ဆုံကာ မိမိစုံစမ်းရရှိထားသော သတင်းများကို မျှဝေလိုက်သည်။
ထို့နောက် သူနှင့်အတူ ထိုနေရာတွင် ကင်းလှည့်နေသော အဆင့် ၁ လူသားမသေမျိုး အချို့ကို ခေါ်ယူလိုက်သည်။
ဤသူများမှာ အောက်ဆင်းသူများ ဖြစ်ကြသဖြင့် သူတို့၏ အငွေ့အသက်မှာ ချန်လင်တိန်နှင့် အနည်းငယ် ကွဲပြားနေသည်။
"မိတ်ဆွေချန်... မင်း ကိုယ်တိုင် ကျန်းကွမ်မြို့ကို တစ်ခေါက် သွားခဲ့တယ်လို့ ကြားတယ်၊ ဘယ်လိုလဲ "
အောက်ဆင်းသူ အချို့၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အချို့ ရှိနေကြသည်။
"ကျန်းကွမ်မြို့ဘက်က ပြဿနာ သိပ်မရှိပါဘူး အဲဒီကောလာဟလတွေက တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ချဲ့ကားထားကြတာ ဖြစ်ပါလိမ့်မယ် "
ချန်လင်တိန်သည် စကားပြောရင်း သူ၏ရှေ့မှ စက္ကူပေါ်တွင် စာအချို့ရေးရန် ပြင်လိုက်သော်လည်း စုတ်တံကို ကိုင်လိုက်သည်နှင့် ကိုယ်တွင်းရှိ ယင်ချီများ မတည်မငြိမ်ဖြစ်ကာ ပြိုကွဲတော့မည့်အလား ခံစားလိုက်ရသည်။
ထိုအခြေအနေကို မြင်သော် သူသည် စုတ်တံကို ပြန်ချလိုက်ပြီး ထိုအောက်ဆင်းသူများကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ချဲ့ကားထားတာလား အင်း... ဒါလည်း ဖြစ်နိုင်တာပဲ၊ အဲဒီကောလာဟလက တကယ်တော့ သိပ်ပြီး မယုံကြည်ရဘူး "
တစ်ယောက်က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။
"ဒါပေမဲ့... ငရဲမင်းအမွေအနှစ် ဆိုတာကလည်း ဖူထူနယ်မြေထဲက ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အရေးကြီးကိစ္စ တစ်ခုပဲလေ အထက်ကလူတွေ ဒါကို ရှာနေတာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ တစ်ခါမှ လက်မလျှော့ခဲ့ကြဘူး "
"လူအင်အား ရုပ်ဝတ္ထုအင်အားတွေ အများကြီး သုံးခဲ့ပေမဲ့ ဘာရလဒ်မှ ထွက်မလာဘူး ငါထင်တာတော့... ငရဲမင်းအမွေအနှစ် ဆိုတာက တကယ်ပဲ မရှိတာများလား "
"ဒီလိုစကားမျိုးကို ဒီမှာပဲ ပြောလို့ရမယ်၊ အပြင်ကို မပေါက်ကြားစေနဲ့ အထက်က လူကြီး တော်တော်များများက ဒီမှာ ငရဲမင်းရဲ့ စစ်မှန်တဲ့အနွယ် ရှိတယ်လို့ အခိုင်အမာ ယုံကြည်နေကြတာ သူတို့ ကြားသွားရင် မင်းကို နယ်စပ်ဒေသတွေကို နယ်နှင်ဒဏ် ပေးခံရဦးမယ် "
"မင်းတို့ကများ ငါ့ကို သွားတိုင်ကြမှာလား ငါတို့ ဒီမှာ နေလာတာ နှစ်ပေါင်း ၈၀၀ ကျော်ပြီပဲ၊ သံယောဇဉ်လည်း ရှိနေပြီ မဟုတ်လား ဟားဟား "
သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ချန်လင်တိန်က တိုးတိုးလေး ရေရွတ်လိုက်သည်
"သံယောဇဉ် ရှိနေတာတော့ အမှန်ပဲ ညီအစ်ကိုတွေ ဖြစ်နေမှတော့... သဘာဝအတိုင်း ချမ်းသာအတူ ခံစား ဘေးဒုက္ခအတူ ရင်ဆိုင် ရမှာပေါ့ "
"ချန်အစ်ကိုက တကယ်ကို သဘောထားကြီးတာပဲ ချန်အစ်ကို စိတ်ချပါ၊ ငါတို့ ညီအစ်ကိုတွေ လူ့လောကကို ပြန်ရောက်ရင် ချန်မျိုးနွယ်စုဆီကို ခဏခဏ သွားလည်ပါ့မယ် "
"အင်း... ငါ့ရဲ့ ချန်မျိုးနွယ်စုဝင်တွေကိုလည်း ကူညီပြီး စောင့်ရှောက်ပေးကြပါဦး "
ချန်လင်တိန်က ခေါင်းညိတ်လိုက်သည်။
"အားနာစရာကြီးဗျာ၊ ချန်မျိုးနွယ်စုဝင်တွေကို ငါတို့က စောင့်ရှောက်ပေးဖို့ မလိုပါဘူး ချန်အစ်ကို့ရဲ့ အဖေသာ ရှိနေသရွေ့တော့ ထင်းရှူးပင်ကြီးလို ခိုင်ခံ့နေမှာပဲ "
"ဒါနဲ့ ပတ်သက်လို့... ငါ ကျန်းကွမ်မြို့က မယ်တော်စီနဲ့ စကားနည်းနည်း ပြောခဲ့တယ် သူမက ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ခိုလှုံချင်တဲ့ ဆန္ဒ ရှိနေသလိုပဲ၊ မင်းတို့လည်း ငါ့ကို ဝိုင်းပြီး အကြံပေးကြဦးမလား "
ချန်လင်တိန်က ပြောလိုက်သည်။
"မယ်တော်စီလား အဲဒီ အရူးမအကြောင်း ငါ ကြားဖူးတယ် မရောင့်ရဲနိုင်တဲ့ မိန်းမတစ်ယောက်လိုပဲ တစ်နေ့လုံး မင်္ဂလာဆောင်ယာဉ်တန်းကြီးနဲ့ ဟိုဟိုဒီဒီ လျှောက်သွားနေတာ "
"ဟုတ်တယ်၊ မျက်စိကျတဲ့ ယောက်ျားကို တွေ့ရင် အတင်းအဓမ္မ ဖမ်းခေါ်သွားတာပဲ၊ ဟားဟား "
"ချန်အစ်ကို... သူမက အဆင့် ၁ အဆင့်မြင့် ယင်မိစ္ဆာလေးပဲလေ ငါ့အမြင်တော့ ဆက်သွယ်ဖို့ မလိုပါဘူး၊ သူမရဲ့ နောက်ကြောင်းကိုလည်း ငါတို့ သေချာမသိဘူးလေ "
"အဆင့် ၁ အဆင့်မြင့် ယင်မိစ္ဆာလေးပဲလား "
ချန်လင်တိန်က မိမိနှင့် ကျင့်ကြံမှုအဆင့် တူညီသော ထိုသုံးယောက်ကို ကြည့်လိုက်သည်
"ငါကလည်း အဆင့် ၁ အဆင့်မြင့် ယင်မိစ္ဆာ တစ်ပါးပါပဲ "
ထိုစကားပြောသူသည် မိမိစကားကြောင့် ချန်လင်တိန်ကို မသိစိတ်ဖြင့် စော်ကားမိသွားမှန်း သတိထားမိသွားကာ အလျင်အမြန်ပင် ပြန်တောင်းပန်ပြီး ချန်လင်တိန်ကို လှောင်ပြောင်ခြင်း မဟုတ်ကြောင်း ရှင်းပြလေသည်။
အခြားတစ်ယောက်က ကြားထဲက ဝင်ဖြန်ဖြေပေးလိုက်သည်
"ချန်အစ်ကိုက အဲဒီ မယ်တော်စီကို အသုံးဝင်မယ့်သူလို့ ယူဆတယ်ဆိုမှတော့ ငါတို့အားလုံး အတူတူ သွားကြည့်ပြီး အကြံပေးကြတာပေါ့ ဘာဖြစ်လဲ"
"ငါလည်း လူအင်အား ပိုရှိသင့်တယ်လို့ ထင်ပါတယ် ယင်သက်တမ်းဒင်္ဂါး အသုံးစရိတ် အနည်းငယ်လောက် ပိုထွက်သွားတာပဲ ရှိမှာပါ "
"ဟုတ်တယ်၊ အခုတလော နေရာအနှံ့မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာသလိုပဲ ငါတို့က ဒီလူအနည်းငယ်ပဲ ရှိတာဆိုတော့ သတင်းစုံစမ်းရတာလည်း သိပ်မလွယ်ဘူး "
"ဒါဆိုရင် ကျန်းကွမ်မြို့ကို အတူတူ တစ်ခေါက် သွားကြတာပေါ့ "
"ချန်အစ်ကို လမ်းပြပေးတာကို အားကိုးရတော့မှာပဲ "
"ပြောစရာမလိုပါဘူး"
......
ကျန်းကွမ်မြို့။
လူသားမသေမျိုး အောက်ဆင်းသူ သုံးဦးစလုံး မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ဘေးနားရှိ ချန်လင်တိန်ကို စူးစိုက်ကြည့်နေကြသည်။
"ချန်လင်တိန်... ဒါလား မင်းပြောတဲ့ ချမ်းသာအတူ ခံစား၊ ဘေးဒုက္ခအတူ ရင်ဆိုင် ဆိုတာလား "
တစ်ယောက်၏ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။
ချန်လင်တိန်က မိမိတို့ကို သစ္စာဖောက်လိမ့်မည်ဟု သူတို့ ဘယ်လိုမှ ထင်မှတ်မထားခဲ့ကြပေ။
ချန်လင်တိန်က အေးဆေးစွာ ပြောလိုက်သည်
"သဘာဝအတိုင်းပဲ ချမ်းသာအတူ ခံစား၊ ဘေးဒုက္ခအတူ ရင်ဆိုင်တာပေါ့ မင်းတို့က ငါ့လို ယင်မိစ္ဆာကို အထင်သေးခဲ့ကြတာ မဟုတ်လား အခု ငါက နတ်ဘုရားဝိညာဥ် စစ်စစ် ဖြစ်နေပြီ မင်းတို့လည်း မကြာခင် ဖြစ်လာတော့မှာပဲ ငါတို့တွေ နောင်လည်း သူငယ်ချင်းတွေ ဖြစ်နေဦးမှာပါ "
ယင်စစ်သည် ဘွဲ့နှင်းခြင်း သုံးခုမှာ ထိုသုံးဦး၏ ကိုယ်ထဲသို့ ရိုက်သွင်းခြင်း ခံလိုက်ရသည်။
သူတို့သည် မသိစိတ်ဖြင့် ဘွဲ့နှင်းခြင်း အားအင်ကို စတင်ခုခံရန် ပြင်လိုက်ကြသည်။
"သခင်လေး... ဒီသုံးယောက်က နောက်ကျောဘက်မှာ ပုန်ကန်မယ့် အစီစဥ်တွေ ပါနေတယ်၊ တိုက်ရိုက် သတ်ပစ်လိုက်တာ ပိုကောင်းမယ် သူတို့ သေသွားရင်လည်း ဝိညာဉ်နတ်ဘုရားဂိုဏ်းက တန့်ယင်တောင်ကို လူအသစ်တွေ ထပ်လွှတ်ဦးမှာပဲ "
ချန်လင်တိန်က လက်အုပ်ချီ၍ ပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် သုံးဦးစလုံး ချက်ချင်းပင် မခုခံတော့ဘဲ ဘွဲ့နှင်းခြင်း အားအင်များကို မိမိတို့၏ ကိုယ်ထဲသို့ စီးဝင်ခွင့်ပြုလိုက်ကြတော့သည်။
မကြာခင်မှာပင် ချန်လင်တိန်သည် ပြုံးရွှင်သော မျက်နှာဖြင့် ထိုသုံးဦးကို ကိုယ်တိုင် ဆွဲထူပေးလိုက်သည်
"သုံးယောက်လုံး... အားနာပါတယ်ဗျာ နောင်ဆိုရင် ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီပဲ၊ စိတ်ထဲ မထားပါနဲ့၊ စိတ်ထဲ မထားပါနဲ့ "
သုံးဦးစလုံး၏ မျက်နှာမှာ သံမဏိကဲ့သို့ ပြာနှမ်းနေပြီး ချန်လင်တိန်ကို လှည့်ပင်မကြည့်ကြချေ။
တစ်ယောက်က ဖန့်ချန်ကို လှမ်းကြည့်ကာ သံသယဖြင့် မေးလိုက်သည်
"ခုနက သုံးခုက နတ်ဘုရားဝိညာဥ် ဘွဲ့နှင်းခြင်းလား ချန်လင်တိန်က ဒါကြောင့်ပဲ ခင်ဗျားစကားကို မြေဝယ်မကျ နားထောင်နေတာလား "
ကျန်နှစ်ယောက်မှာလည်း မူလက သံသယရှိနေသော်လည်း ချန်လင်တိန်၏ အမူအရာကို တွေးကြည့်လိုက်သောအခါ ထိုသံသယများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ချန်လင်တိန်ကဲ့သို့ အဆင့်အတန်းမျိုးရှိသူကပင် ရှေ့ကလူ၏ စကားကို နားထောင်နေပြီး မိမိတို့ သုံးယောက်ကိုပါ ရောင်းစားခဲ့သည်ဆိုလျှင် ခုနက ဘွဲ့နှင်းခြင်းသည် သူတို့၏ အသက်ကို ချုပ်ကိုင်ထားနိုင်သည်မှာ မလွဲဧကန်ပင်။
"မင်းတို့လည်း နတ်ဘုရားဝိညာဥ်လမ်းစဉ် အကြောင်းကို လေ့လာဖူးကြတာပဲ ငါ ခုနက ပြောတဲ့ ချမ်းသာအတူ ခံစား၊ ဘေးဒုက္ခအတူ ရင်ဆိုင် ဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာ မင်းတို့ ရှင်းရှင်းလင်းလင်း သိသင့်တယ် "
ချန်လင်တိန်က အေးစက်စက် ရယ်မောလိုက်ပြီး
"ဒါက မင်းတို့အတွက်တော့ ကောင်းကင်ဘုံက ပေးတဲ့ ဆုလာဘ်ပဲ နောင်တစ်ချိန် လူ့လောကမှာ သေသွားရင်တောင် ယင်လောကကို ရောက်ရင် မင်းတို့ရဲ့ ကျင့်ကြံမှုတွေ ရှိနေဦးမယ်၊ နတ်ဘုရားဝိညာဥ် တစ်ပါး ဖြစ်လာမယ်"
"ငါ အရင်တုန်းကလို လွင့်မျောနေတဲ့ ဝိညာဉ်ဘဝကနေ အခုအခြေအနေထိ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရသလို ဖြစ်မှာ မဟုတ်ဘူး "
"မင်းက လာပြီး နားချစရာ မလိုပါဘူး၊ အကျိုးအမြတ်တွေကို ငါတို့ဘာသာ ငါတို့ တွက်ချက်နိုင်တယ် "
သုံးဦးစလုံးက နှာခေါင်းရှုံ့လိုက်ကြပြီး မျက်လုံးထဲတွင် အကျိုးအမြတ်များကို စတင် တွက်ချက်နေပုံရသည်။
နာရီဝက်ခန့် ကြာပြီးနောက်။
ချန်လင်တိန်နှင့် ထိုသုံးဦးတို့သည် ကျန်းကွမ်မြို့မှ အတူတူ ထွက်ခွာလာခဲ့ကြသည်။
"သုံးယောက်လုံး... ငါ့အပေါ် စိတ်ဆိုးနေတုန်းပဲလား ဒါက မလိုပါဘူးကွာ ငါက မင်းတို့ကို လမ်းမှန် ညွှန်ပြပေးလိုက်တာပါ"
ချန်လင်တိန်က ပြုံး၍ ပြောသည်။
သုံးယောက်စလုံးမှာ ချန်လင်တိန်ကို ပြန်မဖြေချင်ကြပေ။
မိမိတို့ကို သစ္စာဖောက်ခဲ့သည့်အပေါ် ဒေါသမှာ ခဏလေးနှင့် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။
"မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲ ဝင်တာကလည်း ကိုယ့်အတွက်ကိုယ် စဉ်းစားလို့ပဲ မဟုတ်လား ဒါပေမဲ့ ဒီနှစ်တွေမှာ မင်းတို့ အဆင့် ၂ ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးမျိုး မြင်ဖူးလို့လား"
"ငါတို့ ဒီလိုနေရာမှာ နေနေရတာ အဖေလည်း မချစ်၊ အမေလည်း မနမ်းတဲ့ ဘဝတွေပဲ ကောင်းတာဆိုရင် ငါတို့ဆီ ရောက်မလာဘူး အများဆုံးကတော့ ယင်လောကငယ်ထဲမှာ လူတွေ ထည့်ပေးဖို့လောက်ပဲ လုပ်ပေးရတာ ဒါက ငါတို့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို ဖြုန်းတီးနေတာ မဟုတ်ဘူးလား"
ချန်လင်တိန်က ပြုံး၍ ပြောလိုက်သည်။
"နတ်ဘုရားဝိညာဥ် ဖြစ်သွားရင်တော့ အချိန်တွေ မဖြုန်းတီးရတော့ဘူးလား "
တစ်ယောက်က လှောင်ပြုံးဖြင့် မေးလိုက်သည်။
"နတ်ဘုရားဝိညာဥ် ဖြစ်သွားပြီပဲ ယင်သက်တမ်းဒင်္ဂါးတွေသာ အဆက်မပြတ် ရှိနေမယ်ဆိုရင် သက်တမ်းက ထာဝရရှင်သန်ခြင်းနဲ့ ဘာကွာမှာလဲ အချိန်ဆိုတာကလည်း တန်ဖိုးမရှိတော့ဘူးပေါ့။"
ချန်လင်တိန်က ပြောပြသည်။
သုံးဦးစလုံး မှင်တက်သွားကြပြီး ခြေလှမ်းများကို ရပ်ကာ သေချာစဉ်းစားလိုက်ကြသည်။
သူတို့၏ မျက်နှာပေါ်တွင် မကျေနပ်မှုများအစား အံ့ဩဝမ်းသာမှုများ တဖြည်းဖြည်း ပေါ်လာသည်။
သူတို့သည်... နတ်ဘုရားဝိညာဥ်လမ်းစဉ်၏ စစ်မှန်သော အနှစ်သာရကို မေ့လျော့နေခဲ့ကြသည်။
ချန်လင်တိန်၏ သတိပေးမှုကို ကြားလိုက်ရမှ ထိုလမ်းစဉ်သည် ယခု သူတို့ လျှောက်လှမ်းနေသော လမ်းထက် အများကြီး ပို၍ ကောင်းမွန်နေသည်ကို ရုတ်တရက် သတိပြုမိသွားကြသည်
"ချန်အစ်ကို... မင်း ငါတို့ကို တကယ်ပဲ လမ်းမှန် ညွှန်ပြပေးခဲ့တာပဲ "
"ချန်အစ်ကိုက တကယ်ပဲ အပိုမပြောဘူး၊ အမှန်တကယ်ကို ချမ်းသာအတူ ခံစား၊ ဘေးဒုက္ခအတူ ရင်ဆိုင်တာပဲ "
သုံးဦးစလုံး၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ချန်လင်တိန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်
"သခင်လေးရဲ့ လက်အောက်မှာ ငါတို့ နတ်ဘုရားဝိညာဥ် အနည်းငယ်ပဲ ရှိတာ မဟုတ်ဘူး နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ မင်းတို့ စိတ်ထဲမှာ သိလောက်ပြီ မဟုတ်လား "
"သိပြီ၊ သိပြီ နောက်ထပ် ညီအစ်ကိုတွေကို ပိုခေါ်လာပြီး ချမ်းသာအတူ ခံစား ဘေးဒုက္ခအတူ ရင်ဆိုင် ခိုင်းရမယ် "
"မှန်တယ် "
အခန်း (၁၁၄၄) ဦးခေါင်းထက်က ပန်းသုံးပွင့်
တန့်ယင်တောင်၏ ပြဿနာမှာ ယာယီအားဖြင့် ပြေလည်သွားပြီဖြစ်သည်။
ချန်လင်တိန်နှင့် အခြားသူများ ရှိနေသရွေ့ တန့်ယင်တောင် သခင်ကြီးက ကျန်းကွမ်မြို့ကို လက်ဖျားနှင့် ထိရန် ကြံစည်လျှင်ပင် သူတို့က ကြားဝင်ညှိနှိုင်းပေးကြလိမ့်မည်။
"သခင်လေး...သိုင်းနတ်ဘုရားဌာန ရဲ့ အုပ်ချုပ်သူ ရှုကျင်းထော် က သခင်လေးကို တွေ့ချင်နေပါတယ်"
တုယွန်းရွှီသည် ယင်ချောင်စီဌာန သို့ ရောက်လာပြီး ဖန့်ချန်နှင့် ကျန်းယွီရှုတို့ စကားပြောပြီးသည်အထိ စောင့်ကာ သတင်းပို့လိုက်သည်။
"ရှုကျင်းထော်လား "
ဖန့်ချန်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး ကျန်းယွီရှုကို ပြုံး၍ ကြည့်ကာ
"အကြီးကဲကျန်း အတူတူ သွားကြည့်ကြမလား"
"ကောင်းတာပေါ့"
ကျန်းယွီရှုက ပြုံး၍ ခေါင်းညိတ်သည်
"ရှုဌာနမှူး က လုံးဝကွဲပြားခြားနားတဲ့ လမ်းစဉ်တစ်ခုကို သုတေသနလုပ်နေတယ်လို့ ကြားဖူးနေတာ ကြာပြီ ကျုပ်လည်း သွားကြည့်ချင်နေတာ"
သိုင်းနတ်ဘုရားဌာနတွင် ရှောင်းစစ်သူကြီး သည် ရှုကျင်းထော်၏ ဘေးတွင် ရပ်နေပြီး သူ၏ သိုင်းပညာဆိုင်ရာ သိမြင်နားလည်မှုများကို နားထောင်နေသည်။
တစ်ခါတစ်ရံ ခေါင်းညိတ်ပြီး တစ်ခါတစ်ရံတွင်မူ ဝေခွဲမရသည့် ပုံစံမျိုး ဖြစ်နေသည်။
ရုတ်တရက် ရှုကျင်းထော်က ဟင်းလင်းပြင်ထဲသို့ လက်ချောင်းဖြင့် အသာအယာ တို့လိုက်ရာ ဟင်းလင်းပြင်တွင် လှိုင်းတွန့်ကလေးတစ်ခု ပေါ်လာပြီးနောက် အပေါက်ငယ်လေးတစ်ခု ပွင့်ထွက်သွားသည်။
"ရှုဌာနမှူး ဒါက ဟင်းလင်းပြင်ကို သိုင်းပညာနဲ့ ဖောက်ထွက်ခြင်း လား "
ရှောင်းစစ်သူကြီး၏ မျက်နှာက လေးနက်သွားသည်။
"မှန်တယ်"
ရှုကျင်းထော်က ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်
"ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီးရင် ကျင့်ကြံသူတွေ အထက်ဘုံကို တက်လှမ်းသလိုမျိုး ဖြစ်မယ်လို့ ငါထင်ခဲ့တာ ဒါပေမဲ့ မကြာသေးခင်ကမှ ငါသတိပြုမိတာက ငါတို့က ဟိုဘက်ကို သွားတာမဟုတ်ဘဲ ဟိုဘက်က အရာတစ်ခုခုက ဒီဘက်ကို ကူးလာတာပဲ"
"အရာတစ်ခုခုက ကူးလာတာ "
ရှောင်းစစ်သူကြီးက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ရှုကျင်းထော်က လက်ချောင်းကို အသာအယာ လှုပ်ရှားလိုက်ရာ ထိုအပေါက်ငယ်လေးထဲမှ ထူးခြားလွန်းသော အားအင်တစ်ခု တိုးထွက်လာသည်။
၎င်းသည် ဝိညာဉ်စွမ်းအား မဟုတ်သလို ယင်ချီ လည်း မဟုတ်ပေ။
မိုးကြိုးနှင့် ဆင်တူသော်လည်း ဖျက်ဆီးလိုသော အငွေ့အသက်များ ပါဝင်သည့် စွမ်းအင်တစ်ခု ဖြစ်သည်။
သို့သော် ထိုအားအင်မှာ မိုးကြိုးထက် ပို၍ စင်ကြယ်ပြီး ၎င်းတည်ရှိရခြင်း၏ ရည်ရွယ်ချက်မှာ တစ်ခုတည်း
"ဖျက်ဆီးရန်"
သာ ဖြစ်ပုံရသည်။
"မင်း မြင်ရလား "
ရှုကျင်းထော်က ထိုအားအင်ကို ကြည့်နေသည့် အကြည့်မှာ ဖခင်တစ်ဦးက မိမိ၏ ကလေးငယ်ကို ကြည့်နေသည့်အလား နူးညံ့နေသည်။
ရှောင်းစစ်သူကြီးက အကြိမ်အနည်းငယ် ကြည့်ပြီးနောက် သက်ပြင်းချကာ
"ကျွန်တော် မမြင်ရဘူး"
ရှုကျင်းထော်က ခေါင်းညိတ်လိုက်သည်
"မင်း မမြင်ရတာက ဒီဟင်းလင်းပြင်ကို ငါကိုယ်တိုင် ဖောက်ထွက်ခဲ့တာကြောင့် ဖြစ်လိမ့်မယ် တကယ်လို့ မင်းသာ ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်ပြီး ဒီအားအင်ကို ပိုင်ဆိုင်နိုင်ခဲ့ရင် သက်တမ်းကန့်သတ်ချက် ရှိတော့မှာ မဟုတ်ဘူး နတ်ဘုရားစစ်စစ် လမ်းစဉ် ဒါမှမဟုတ် နတ်ဘုရားဝိညာဥ် လမ်းစဉ် တွေထက်လည်း နိမ့်ကျမှာ မဟုတ်ဘူး"
"ဟင်းလင်းပြင်ကို ဘယ်လို ဖောက်ထွက်ရမလဲ "
ရှောင်းစစ်သူကြီးက မေးသည်။
ရှုကျင်းထော်က သက်ပြင်းချလိုက်သည်
"ငါလည်း စမ်းတဝါးဝါး ရှာဖွေနေတုန်းပဲ ငါ ဖောက်ထွက်နိုင်ခဲ့တာက တစ်စိတ်တစ်ပိုင်းက ကိုယ့်ကြိုးစားမှုကြောင့်ဆိုပေမဲ့ အများစုကတော့ ကံကောင်းလို့ ဖြစ်ဖို့များတယ်"
"ဟင်းလင်းပြင်ကို ဖောက်ထွက်ခြင်း..."
ဖန့်ချန်သည် ထိုဟင်းလင်းပြင်ကို ကြည့်ရင်း မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။
ရှုကျင်းထော်သည် အမှန်တကယ်ပင် ထူးခြားသော အာကာသတစ်ခုကို ဖွင့်လိုက်ပုံရသည်။
သို့သော် သူကိုယ်တိုင်ပင် ရှုကျင်းထော် ပြောနေသည့် ထိုအားအင်ကို မမြင်ရချေ။
"သခင်လေး"
နှစ်ယောက်စလုံးက ဖန့်ချန်ကို လက်အုပ်ချီ၍ အလေးပြုကြသည်။
ဖန့်ချန်က ခေါင်းညိတ်ပြပြီး တုယွန်းရွှီနှင့် ကျန်းယွီရှုတို့ကို မေးလိုက်သည်
"မင်းတို့နှစ်ယောက်ရော ရှုဌာနမှူး ဖွင့်ထားတဲ့ ဟင်းလင်းပြင်ကို မြင်ရလား "
နှစ်ယောက်စလုံးက ခေါင်းညိတ်ကြသည်။
"အဲဒီအားအင်ကိုရော မြင်ရလား "
နှစ်ယောက်စလုံးက ခေါင်းခါကြပြန်သည်။
သူတို့လည်း ရှောင်းစစ်သူကြီးကဲ့သို့ပင် ထိုအားအင်ကို မမြင်ရချေ။
"ဒါပေမဲ့... ကျွန်တော် ခံစားလို့တော့ ရတယ်"
တုယွန်းရွှီ၏ မျက်နှာက လေးနက်သွားသည်
"ဒီအားအင်က ဘာအညစ်အကြေးမှ မပါတဲ့ စင်ကြယ်တဲ့ တိုက်ခိုက်ရေးစွမ်းအား တစ်ခုလိုပဲ..."
"သခင်လေး... ကျွန်တော့်မှာ ယူဆချက်တစ်ခု ရှိပါတယ်"
ရှုကျင်းထော်က လက်အုပ်ချီ၍ ပြောသည်။
"ပြောကြည့်ပါဦး"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
ရှုကျင်းထော်က သူဖွင့်ထားသော ဟင်းလင်းပြင်ကို ညွှန်ပြကာ
"ဒီ ဟင်းလင်းပြင်စွမ်းအား နဲ့ ဆက်သွယ်နိုင်တာဟာ သိုင်းပညာလမ်းစဥ်ရဲ့ အစပြုခြင်း ပထမဆုံးအဆင့်ပဲလို့ ကျွန်တော် သံသယရှိတယ် ကျွန်တော်ကလည်း အခုမှ... အစပြုရုံပဲ ရှိသေးတာ"
"အစပြုရုံလေးနဲ့ အဆင့် ၃ လူသားမသေမျိုး တစ်ယောက်ကို အလဲထိုးခဲ့တာလား "
ဖန့်ချန်က ရေရွတ်လိုက်သည်။
အဆင့် ၃ လွတ်လပ်သောမသေမျိုးကို အလဲထိုးခဲ့တာ
ကျန်သူများမှာ ထိုသတင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရသဖြင့် မှင်တက်သွားကာ ရှုကျင်းထော်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။
လူ့လောကက အဆင့် ၃ လွတ်လပ်သောမသေမျိုးဆိုသည်မှာ အဆင့် ၃ အဆင့်မြင့် ယင်မိစ္ဆာနှင့် ညီမျှသည်။
ထိုကဲ့သို့ တည်ရှိမှုမျိုးမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏ နည်းလမ်းများမှာ မည်မျှ အစွမ်းထက်မည်ကို လူတိုင်း ခန့်မှန်းရုံပင် တတ်နိုင်ကြသည်။
မူလက သိုင်းနတ်ဘုရားဌာနကို တည်ထောင်စဥ်က ဝိညာဥ် အချို့မှာ နောက်ကွယ်တွင် ဝိညာဉ်တွေက ကိုယ်ခံပညာ သင်ယူတာ ဘာအသုံးကျမှာလဲ ဆိုပြီး ကွယ်ရာ၌ အတင်းပြောခဲ့ကြသည်။
အကယ်၍ သိုင်းနတ်ဘုရားဌာန အုပ်ချုပ်သူတွင် ဤကဲ့သို့ ကြီးကျယ်သော စစ်တမ်းများ ရှိနေသည်ကိုသာ သူတို့ သိသွားကြလျှင် ထိုစကားများမှာ ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။
"ရှုဌာနမှူး မင်းရဲ့ ဒီယူဆချက်က သက်သေပြဖို့ လိုသေးပေမဲ့ အနည်းဆုံးတော့ ငါတို့ တစ်ခါမှ မမြင်ဖူးတဲ့ လမ်းစဉ်အသစ်တစ်ခုကို မင်း စဖောက်နေပြီပဲ မင်းပြောတဲ့ ဟင်းလင်းပြင်စွမ်းအား ဆိုတာ..."
ဖန့်ချန်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။
"ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီးနောက် ကျွန်တော် ပိုင်ဆိုင်လာတဲ့ ဒီအားအင်ကိုပဲ ပြောတာပါ လောလောဆယ်တော့ ဟင်းလင်းပြင်စွမ်းအား လို့ပဲ အမည်ပေးထားတယ် "
ရှုကျင်းထော်က ပြုံး၍ ပြောသည်
"ဒီရက်ပိုင်းမှာ ကျွန်တော် သတိပြုမိတာက ဒီအားအင်ဟာ ဝိညာဉ် အတွက် အကျိုးကျေးဇူး အများကြီး ရှိတယ် ဝိညာဉ်ကို အဆက်မပြတ် သွေးပေးနိုင်တယ် တစ်ခုတည်းသော ဆိုးကျိုးကတော့ ၎င်းက သက်တမ်းကို ယုတ်လျော့စေပုံရတာပဲ"
"သက်တမ်းကို ယုတ်လျော့စေတယ် "
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သိုင်းသမားတွေ သက်တမ်းတိုတာ မဆန်းတော့ပေ။
ကြည့်ရသည်မှာ သိုင်းသမားတွေ လျှောက်လှမ်းသည့် ထိုလမ်းစဉ်သည် ထာဝရရှင်သန်ခြင်း နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပုံရသည်။
သို့သော် ယင်လောကတွင်မူ... လုံလောက်သော ယင်သက်တမ်းဒင်္ဂါး ရှိနေသရွေ့ သက်တမ်းကို အဆက်မပြတ် ဖြည့်တင်းပေး၍ ရနိုင်သည်။
"သက်တမ်းကိစ္စက ယင်လောကမှာ ဖြေရှင်းရ လွယ်ပါတယ် ဒါအပြင် တခြား ဘာဆိုးကျိုး ရှိသေးလဲ"
ဖန့်ချန်က မေးသည်။
"လောလောဆယ်တော့ မတွေ့သေးပါဘူး"
ရှုကျင်းထော်က ခေါင်းခါပြသည်
"ဒီနေ့ သခင်လေးကို ဖိတ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော် မကြာသေးခင်က ဒီဟင်းလင်းပြင်စွမ်းအားနဲ့ ဝိညာဉ်ကို ကျင့်ကြံရင်း ထူးဆန်းတဲ့ အပြောင်းအလဲ အချို့ ဖြစ်လာလို့ပါ"
"ဘာအပြောင်းအလဲလဲ "
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
ရှုကျင်းထော်က ခေါင်းကို ငုံ့လိုက်ရာ သူ၏ ဦးခေါင်းထက်တွင် ဖုငယ် သုံးခု ထွက်နေသည်ကို အားလုံး တွေ့လိုက်ရသည်။
"ဂျိုထွက်လာတာလား "
ကျန်းယွီရှုက မရယ်ဘဲ မနေနိုင်ပေ။
တုယွန်းရွှီက အနီးကပ် သွားကြည့်ပြီးနောက် ခေါင်းခါလိုက်သည်
"ဘာမှန်း ဝေခွဲလို့ မရဘူး"
"ဦးခေါင်းထက်က ပန်းသုံးပွင့် "
ရှောင်းစစ်သူကြီးက ရုတ်တရက် ပြောလိုက်သည်
" ဒဏ္ဍာရီတွေထဲမှာ ဦးခေါင်းထက်က ပန်းသုံးပွင့် ဆိုတဲ့ အဆင့် ရှိတယ်လို့ ပါဖူးတယ် ဒါပေမဲ့ ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး..."
"ဟုတ်တယ်၊ ကျွန်တော်လည်း ဒါကို ဦးခေါင်းထက်က ပန်းသုံးပွင့် လို့ပဲ ယူဆတယ်"
ရှုကျင်းထော်က ခေါင်းညိတ်ပြီး ဖန့်ချန်ကို လေးနက်စွာ ကြည့်ကာ
"သခင်လေး... ဒီဒဏ္ဍာရီ ရှိနေတာကို ကြည့်ရင် အရင်က လူတွေဟာ ကျွန်တော်နဲ့ တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းခဲ့ဖူးပုံရတယ် ဒါပေမဲ့ ဒီလမ်းစဉ်က အမွေအနှစ် ပြတ်တောက်သွားတာ ဖြစ်နိုင်တယ်"
"ဒါကလည်း မသေချာဘူး"
ဖန့်ချန်က စဉ်းစားနေသည်
"အနည်းဆုံးတော့ အခုထိ ငါတို့ဟာ မင်းနဲ့တူတဲ့ လမ်းစဉ်မျိုး လျှောက်တဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး"
"ဒီဖု သုံးခုက ဦးခေါင်းထက်က ပန်းသုံးပွင့် လည်း ဖြစ်နိုင်သလို တခြားအရာလည်း ဖြစ်နိုင်တယ် သေချာတာ တစ်ခုကတော့ အဲဒါတွေက ဟင်းလင်းပြင်စွမ်းအားနဲ့ ပတ်သက်နေတာပဲ"
"တကယ်ပဲ ပတ်သက်နေတာပါ အခု ကျွန်တော် ဟင်းလင်းပြင်စွမ်းအားကို စုပ်ယူတိုင်း အဲဒီစွမ်းအင်တွေက ဒီဖု သုံးခုထဲကို စီးဝင်သွားကြတယ်"
ရှင်းကျန်းထော်က ပြောသည်။
"ဒါက ကျင့်ကြံသူတွေရဲ့ ရွှေအမြုတေ ကနေ ဝိညာဥ်သန္ဓေသား ဖြစ်လာသလိုမျိုးလား "
တုယွန်းရွှီက မေးသည်။
"ဖြစ်နိုင်သလို၊ မဖြစ်နိုင်တာလည်း ရှိတယ် ရှုဌာနမှူး မင်း နောက်ပိုင်း ကျင့်ကြံတဲ့အခါ အနည်းငယ် နှေးကွေးလိုက်တာ ပိုကောင်းမယ် အနည်းဆုံးတော့ ဒါက မင်းကိုယ်ခန္ဓာအတွက် အန္တရာယ် မရှိဘူးဆိုတာ အရင်သေချာအောင် လုပ်ပါဦး"
ဖန့်ချန်က မှာကြားလိုက်သည်။
"ကျွန်တော် သတိထားပါ့မယ်"
ရှုကျင်းထော်က ခေါင်းညိတ်သည်။
သိုင်းနတ်ဘုရား ဌာနမှ ထွက်ခွာလာပြီးနောက် ဖန့်ချန်သည် ဇောင်ယင်းဌာန သို့ တစ်ယောက်တည်း သွားခဲ့သည်။
"ဝိညာဉ်နတ်ဘုရားဂိုဏ်းက ထည့်ထားတဲ့ သူလျှိုတွေရဲ့ အမည်စာရင်း ပြုစုပြီးပြီလား "
"ပြုစုပြီးပါပြီ လွန်ခဲ့တဲ့ သုံးရက်အထိ စာရင်းအရ စုစုပေါင်း ၉,၃၄၇ ယောက် ရှိပါတယ်"
ရှန်ထူချန်း က ပြောရင်း ဖန့်ချန်အား အမည်စာရင်း တစ်စောင် ပေးလိုက်သည်။
"ငရဲမင်းကြီး... ဒီလူတွေကို ဘယ်လို စီရင်ရမလဲအားလုံးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရမလား "
"အားလုံးကို သတ်ပစ်လိုက် "
ဖန့်ချန်က အမည်စာရင်းကို ရှန်ထူချန်းထံ ပြန်ပေးလိုက်သည်။
"အားလုံးကို သတ်ရမှာလား "
ရှန်ထူချန်းမှာ မှင်တက်သွားသည်
"သူတို့က အကြောင်းအရာ တော်တော်များများကို သိနိုင်သေးတယ်..."
"သူတို့ ဘယ်လောက်ပဲ သိသိ၊ ငါတို့မှာ အဲဒီလူတွေကို စီရင်ဖို့ လုံလောက်တဲ့ လူအင်အား မရှိဘူး လူ့လောကရဲ့ နယ်မြေ ၉ ခုကို ကြည့်လိုက်ရင် ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လက်ပါးစေတွေက မရေမတွက်နိုင်အောင် ရှိနေတယ် အခုလို အခြေအနေမျိုးမှာတော့ နည်းလမ်းအချို့ကို ပြောင်းလဲဖို့ လိုအပ်လာပြီ"
ဖန့်ချန်က ပြုံးလိုက်သည်
"အားလုံးကို သတ်ပစ်လိုက်ရုံပဲ"
"လက်အောက်ငယ်သား နားလည်ပါပြီ"
ရှန်ထူချန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်တော့သည်။