← Chapters

အခန်း (၁၁၄၇-၁၁၄၈)

Vol. 115 Ch. 1147-1148

အခန်း (၁၁၄၇-၁၁၄၈)

Vol. 115 Ch. 1147-1148

အခန်း (၁၁၄၇) တစ်ကွက်လောက် ကစားကြမလား

"မင်းက ဒီလောက်တောင် သိချင်နေတာလား ဒီကောင်းကင်ဓားဌာနက ဓားကျင့်ကြံသူတွေက မင်းကို မပြောပြကြဘူးလား ဘာလို့ ဒီမှာ ငါ့ကို စောင့်ဖမ်းနေကြတာလဲဆိုတာ"

" မင်း မအံ့ဩဘူးလား၊ ငါက ဝိညာဉ်ခွဲဖြာခြင်းအဆင့် လေးတင်ကို ဘာလို့ ဒီလောက်တောင် တန်ဖိုးထားပြီး... အဆင့် ၁၊ အဆင့် ၂ လွတ်လပ်သောမသေမျိုးတွေအထိ ကိုယ်တိုင်ကိုယ်ကျ လာနေကြရတာလဲ "

ဖန့်ချန်က ရယ်မောရင်း ပြောလိုက်သည်။

နဂါးစားဘုရင်နှင့် ဖန့်ချန်တို့ သိကျွမ်းနေသည်ကို မြင်သောအခါ လူတိုင်းမှာ အနည်းငယ် အံ့အားသင့်သွားကြပြီး ဖန့်ချန်မှာ မည်သူမည်ဝါဖြစ်ကြောင်း အကဲခတ်နေကြစဉ် ဖန့်ချန်၏ စကားကို ကြားလိုက်ရသဖြင့် အားလုံး၏ မျက်နှာများမှာ တောင့်တင်းသွားကာ ကျောရိုးထဲမှ စိမ့်တက်သွားပြီး ဦးရေပြားများပင် ထုံကျဥ်သွားသလို ခံစားလိုက်ရသည်။

အဆင့် ၁ လွတ်လပ်သောမသေမျိုး အဆင့် ၂ လွတ်လပ်သောမသေမျိုး

သူတို့၏ အကြည့်များမှာ ကောင်းကင်ပေါ်ရှိ ဓားကျင့်ကြံသူတစ်အုပ်ထံသို့ အလိုအလျောက် ရောက်ရှိသွားကြသည်။

"ကောင်းကင်ဓားဌာနက ဓားကျင့်ကြံသူတွေက မာန်မာနကြီးကြတယ်၊ ငါသာ သွားမေးရင် သူတို့ရဲ့ လှောင်ပြောင်မှုကို ခံရမှာပဲ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အရှက်အကွဲခံရမှာလဲ"

နဂါးစားဘုရင်က ပြုံးလိုက်သည်

"မင်း ဒီနေ့ ပေါ်လာပြီဆိုတော့ မင်း ပြေးလို့မလွတ်တော့တာ သေချာသွားပြီ ငါ့ရဲ့ မွေးစားသားသာ သိရင် သေချာပေါက် ဝမ်းနည်းလိမ့်မယ်"

" ရှကျီ က မင်းရဲ့ မွေးစားသား မဟုတ်တော့ဘူး၊ သူ့ကို ဆွဲမထည့်နဲ့ ဒီနေ့က ငါနဲ့ ကောင်းကင်ဓားဌာနကြားက ကိစ္စပဲ၊ မင်းကတော့ ဘေးကနေ ပွဲကြည့်ရုံပဲ ကြည့်နေလိုက်ပါ"

ဖန့်ချန်က ရယ်မောလိုက်သည်။

ကောင်းကင်ဓားဌာန...

လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

သူတို့မှာ ကောင်းကင်ဓားဌာန ဆိုသည်ကို တစ်ခါမှ မကြားဖူးကြချေ။

ကျုံးကျိုးနယ်မြေကြီးပေါ်မှာ လောကထဲကို တစ်ခါမှ ခြေမချဖူးတဲ့ ဒီလိုမျိုး ပုန်းကွယ်နေတဲ့ ဂိုဏ်းတစ်ခု တကယ်ပဲ ရှိနေတာလား

လူတိုင်း၏ ရင်ထဲတွင် အေးခဲသွားကြသည်။

သူတို့မှာ ကျင့်ကြံခြင်းလောက၏ ထိပ်တန်းပုဂ္ဂိုလ်များဟု သတ်မှတ်၍ ရသော်လည်း ဤကောင်းကင်ဓားဌာနအကြောင်းကိုမူ လုံးဝ မသိရှိကြချေ...

"ဖန့်ချန် ဝိညာဉ်သုတ်သင်ရေးဌာန ရဲ့ ထာဝရကောင်းကင်ဘုရင် က မင်းလား ဒီကနေ မြန်မြန် ထွက်သွားတော့"

ဖန့်ချန်၏ ဘေးနားရှိ မသေမျိုးအိုကြီး၏ မျက်လုံးများမှာ အလွန်လေးနက်သွားပြီး အလိုအလျောက် ရှေ့သို့ တစ်လှမ်းတက်ကာ သူ၏ ခန္ဓာကိုယ်ဖြင့် ဖန့်ချန်နှင့် နဂါးစားဘုရင်ကြားတွင် ကာကွယ်ပေးလိုက်သည်။

"ဪ... ဆရာကြီးကလည်း ဝိညာဉ်သုတ်သင်ရေးဌာနက ကျင့်ကြံသူ ဖြစ်နေတာကိုး"

ဖန့်ချန် နားလည်သွားသည်။

ကြည့်ရသည်မှာ ဤတစ်ကြိမ် ထျန်းယောင်နိုင်ငံ၏ လှုပ်ရှားမှုတွင် ခေါင်းဆောင်မရှိသည့် အခြေအနေမျိုး၌ပင် ဝိညာဉ်သုတ်သင်ရေးဌာနမှ ကျင့်ကြံသူ အတော်များများမှာ မိမိတို့အလိုအလျောက် ဤနေရာသို့ ရောက်ရှိလာကြပုံရသည်။

"ဝိညာဉ်သုတ်သင်ရေးဌာနက အလုပ်မလုပ်တာ ကြာပြီ၊ တစ်ခုခု အကြီးအကျယ် ပြောင်းလဲသွားတာ သေချာတယ် ငါ ဒီကို လာတာက တစ်ခုခု သဲလွန်စ ရနိုင်မလားဆိုတာ ကြည့်ဖို့ပဲ"

မသေမျိုးအိုကြီးက ဝိညာဉ်ဖြင့် စကားကမ်းလှမ်းလိုက်သည်

"ငါ့ရဲ့ သက်တမ်းက ကုန်ခါနီးပြီ၊ အသက်က မတန်ဖိုးတော့ဘူး၊ ဒါကြောင့်လည်း ဒီနေရာကို အေးအေးဆေးဆေး လာရဲတာ ဒီနေ့ နဂါးစားဘုရင်က ကျုံးကျိုးကို သစ္စာဖောက်လိုက်ပြီဆိုတော့ သူ့ရဲ့ အဆင့်အတန်းက ရှင်းနေပါပြီ သူက ဝိညာဉ်နတ်ဘုရားဂိုဏ်း ရဲ့ ကျင့်ကြံသူပဲ"

"မင်းကတော့ မတူဘူး မင်းရဲ့ နည်းလမ်းတွေက ထူးခြားမှန်း ငါသိတယ် မင်းမှာ ဘာဖဲချပ်တွေ ရှိနေလဲ အခုချက်ချင်း သုံးပြီး ဒီကနေ ထွက်သွားတော့ အလင်းကနေ အမှောင်ထဲကို ကူးပြောင်းပြီးမှ တစ်ဖြည်းဖြည်း ပြန်တိုက်ရမယ်"

(သွေးဝိညာဥ်ကို ဝိညာဥ်နတ်ဘုရားဂိုဏ်း ပြောင်းလိုက်မယ်နော် အဲဲဂိုဏ်းက မူရင်း ဌာနချုပ်မို့ပါ )

နဂါးစားဘုရင်သည် မသေမျိုးအိုကြီး၏ လုပ်ရပ်ကို မြင်သောအခါ စိတ်ထဲမှ တစ်ခုခုကို ခန့်မှန်းမိသွားပြီး မနေနိုင်ဘဲ လက်ခုပ်တီးကာ ပြောလိုက်သည်

"ကြည့်ရတာ ဒီတစ်ခါ ဝိညာဉ်သုတ်သင်ရေးဌာနက ကျင့်ကြံသူတွေ အတော်များများ လာပြီး ပွဲဝင်ကြတာပဲ မင်းတို့ အကုန်လုံး ထွက်လာကြပါလား၊ သေရင်လည်း ရှင်းရှင်းလင်းလင်း သေရတာပေါ့ မဟုတ်ဘူးလား ဘာပဲဖြစ်ဖြစ် ဒီနေ့ ဒီနေရာမှာ ငါတို့လူတွေကလွဲရင် ကျန်တဲ့သူ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မထွက်နိုင်ဘူး"

စကားဆုံးသည်နှင့် ကျင့်ကြံသူ အတော်များများမှာ အမှန်တကယ်ပင် ထွက်လာကြသည်။

ထိုအထဲတွင် အလယ်ပိုင်းသုံးဆင့်နှင့် အထက်ပိုင်းသုံးဆင့် ကျင့်ကြံသူများ ပါဝင်ပြီး သူတို့၏ မျက်လုံးများမှာ အေးစက်ကာ သေမင်းကို မကြောက်သည့် အမူအရာများ ရှိနေကြသည်။

"ဝိညာဉ်သုတ်သင်ရေးဌာန..."

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သဘောပေါက်သွားသည်။

ဒီနေ့ ဝိညာဉ်သုတ်သင်ရေးဌာနက ကျင့်ကြံသူ ရာကျော် ရောက်နေတာဆိုရင် နဂါးစားဘုရင်တို့က...

ဝိညာဉ်နတ်ဘုရားဂိုဏ်းလား

"နဂါးစားဘုရင်... မင်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းကလား အမှန်အတိုင်း ပြောရရင် ငါက မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းအပေါ် ဘာရန်ငြိုးမှ မရှိပါဘူး၊ ဒီနေ့ပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲ ဝင်ပြီး အားလုံးနဲ့အတူ ကျုံးကျိုးကို တိုက်ခိုက်ပါ့မယ် "

ချက်ချင်းပင် တစ်စုံတစ်ယောက်က ဝိညာဉ်နတ်ဘုရားဂိုဏ်းဘက် ကူးပြောင်းကာ ယနေ့ မလွဲမသွေ သေရမည့် ဘေးမှ လွတ်အောင် ကြံဆောင်တော့သည်။

"ငါ့မှာ လူသစ်တွေကို လေ့ကျင့်ပေးဖို့ အချိန်အများကြီး မရှိဘူး၊ ဒါကြောင့် မင်းတို့ရဲ့ တောင်းဆိုမှုကို လောလောဆယ် လက်မခံနိုင်သေးဘူး တကယ်လို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲ ဝင်ချင်တယ်ဆိုရင်တော့ နောက်ဘဝမှ စောစောလာခဲ့ပါ"

နဂါးစားဘုရင်က ရယ်မောလိုက်သည်။

လူအတော်များများမှာ အံ့အားသင့်သွားကြပြီး ဒေါသလည်းထွက်၊ အရှက်လည်း ကွဲသွားကြသည်။

သူတို့ဘက်က အတင်းဝင်ဖို့ ပြောနေတာတောင် တစ်ဖက်က လက်မခံဘူးတဲ့လား

"လီဝူဝမ့်... မင်း ကြည့်နေတာ ဒီလောက်တောင် ကြာပြီ၊ ယွမ်ဟယ် ဆရာကြီး ရှိနေမှာကို ကြောက်နေတုန်းလား စိတ်ချပါ... ဆရာကြီးက ဒီနေ့ ဒီမှာ မရှိပါဘူး"

ဖန့်ချန်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး ဟင်းလင်းပြင်ထဲမှ တစ်နေရာကို ကြည့်ကာ ရယ်မောလိုက်သည်။

လီဝူဝမ့်

သူလည်း ရောက်နေတာလား

နဂါးစားဘုရင်မှာ အနည်းငယ် တုန်လှုပ်သွားသည်။

သိသာသည်မှာ သူသည်လည်း လီဝူဝမ့် ယနေ့ ရောက်နေမည်ကို မသိခဲ့ချေ။

ဤသူမှာ ကောင်းကင်ဓားဌာန၏ အုပ်ချုပ်သူ၊ အဆင့် ၃ ဓားကျင့်ကြံသူ ဖြစ်ပြီး သူ၏ အစွမ်းမှာ ဖန်ဆင်းရှင်ဂြိုဟ်၏ ထိပ်တန်းအဆင့်တွင် ရှိသည်။

ဤနေရာရှိ ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ တာဝန်ခံ စုန့်ကျီလီ မှလွဲ၍ ဖန်ဆင်းရှင်ဂြိုဟ်ပေါ်တွင် လီဝူဝမ့်ကို ယှဉ်နိုင်သူ အလွန်နည်းပါးပေလိမ့်မည်။

"မင်းက ဘာလို့ ရုတ်တရက် ယွမ်ဟယ် လူအိုကြီးအကြောင်းကို ပြောတာလဲ"

လီဝူဝမ့်သည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။

သူ၏ ချောမောသော မျက်နှာသွင်ပြင်ကြောင့် ကျင့်ကြံသူ အတော်များများမှာ မှင်တက်သွားကြသည်။

"တကယ်ကြီး သူပါလား..."

နဂါးစားဘုရင်သည် ထိုဆံပင်ဖြူဖြူကို မြင်သောအခါ လီဝူဝမ့်မှန်း ချက်ချင်း မှတ်မိသွားသည်။

ဖန့်ချန်သည် လီဝူဝမ့်ကို ကြည့်နေသော်လည်း အကြည့်တစ်ဝက်ဖြင့် နဂါးစားဘုရင်၏ တုံ့ပြန်မှုကို အကဲခတ်နေသည်။

သူက လီဝူဝမ့်ကို သိနေတာပဲ။

သာမန် မသေမျိုးဘုရင် တစ်ပါးက ထူးခြားတဲ့ အချက်မရှိဘဲ လီဝူဝမ့်ရဲ့ တည်ရှိမှုကို ဘယ်လိုလုပ် သိနိုင်မှာလဲ

နှမြောစရာ ကောင်းတာက ရှရွှမ်ကျိ ဟာ မေ့လျော့နေတဲ့ အရာတွေ များလွန်းနေတာပဲ၊ မဟုတ်ရင်တော့ တစ်ခုခု လျှို့ဝှက်ချက်တွေကို သိနိုင်ဦးမှာ။

ဘာလို့ နဂါးစားဘုရင်နဲ့ သူဟာ နှစ်ခြမ်း ကွဲသွားရတာလဲ၊ ဘာလို့ ကျန်းဝူနယ်မြေကနေ မြေဝက်ဝံဂြိုဟ် ကို လွှင့်ပစ်ခံလိုက်ရတာလဲ။

"ဌာနမှူး"

ဤနေရာရှိ ဓားကျင့်ကြံသူများသည် အဆင့် ၂ ဓားကျင့်ကြံသူကို ဦးဆောင်ကာ လီဝူဝမ့်ကို ရိုရိုသေသေ လက်အုပ်ချီ ဂါရဝပြုကြသည်။

သူတို့၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

လီဝူဝမ့်က လက်ကို ဝေ့ယမ်းလိုက်ပြီး ဖန့်ချန်ကို တိတ်တဆိတ် စိုက်ကြည့်ကာ

"မင်း ဘာလို့ ရုတ်တရက် ယွမ်ဟယ် အကြောင်း ပြောတာလဲ ငါ သူ့ကို သိမှန်း မင်း ဘယ်လို သိတာလဲ လီချန်စန်း က မင်းကို ပြောပြတာလား "

"ဟုတ်တာပေါ့... မင်းရဲ့ မွေးစားသားက ပြောပြတာလေ၊ မင်းက အရင်တုန်းက ဆရာယွမ်ဟယ် ရဲ့ တပည့်ဖြစ်ဖို့ နီးစပ်ခဲ့တယ်ဆို ဒါပေမဲ့ နှမြောစရာပဲ၊ ဆရာကြီးက မင်းရဲ့ စိတ်ဓာတ်မကောင်းတာကို စောစောစီးစီး မြင်ခဲ့လို့ မင်းကို တပည့်အဖြစ် လက်မခံခဲ့တာတဲ့"

ဖန့်ချန်က ရယ်မောလိုက်သည်။

မွေးစားသား လီချန်စန်း

အရင်တုန်းက ဧကရာဇ်စာရင်း ရဲ့ နံပါတ် ၁ ဖြစ်ခဲ့တဲ့ လီချန်စန်းက ဒီလူရဲ့ မွေးစားသားတဲ့လား

လူတိုင်းမှာ လုံးဝ ဆွံ့အသွားကြသည်။

ဤသတင်းမှာ သူတို့ကို ဇဝေဇဝါ ဖြစ်စေသည်။

ဤလောကမှာ ဒီလိုမျိုး ကိစ္စတွေ ရှိနေတာလား

လီဝူဝမ့်က ခဏမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် ရယ်မောလိုက်သည်

"သူ မင်းကို ဒါတွေ ပြောပြဖို့ မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း ဒါကို မသိလို့ပဲ"

"ဟုတ်လား... ဒါဆိုရင် ငါ မေ့သွားတာ ဖြစ်လိမ့်မယ်၊ တခြားတစ်ယောက်ယောက်က ပြောပြတာ နေမှာ စုန့်ကျီလီ လည်း ဖြစ်နိုင်တာပဲ"

ဖန့်ချန်က ဆိုသည်။

"မင်း သိထားတာတွေ တော်တော်များသားပဲအကြောင်းရင်းကို ငါ့ကို ပြောပြနိုင်မလား "

လီဝူဝမ့်က မေးသည်။

နဂါးစားဘုရင်က ထူးဆန်းသော အမူအရာဖြင့်

"လီဌာနမှူး... ခင်ဗျား အကြောင်းရင်းကို သိချင်ရင် သူ့ရဲ့ အသက်သွေးကြောကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ရုံပဲ၊ သူက အကုန်လုံးကို တစ်ခုမကျန် ပြောပြမှာပဲ ခင်ဗျား ဒီလိုမျိုး မေးနေရင်တော့ အဖြေထွက်လာမှာ မဟုတ်ဘူး"

"ပါးစပ်ပိတ်ထား... ဒီလောက် ရိုးရှင်းတဲ့ အချက်ကို မင်းက ငါတို့ကို လာသတိပေးစရာ လိုလို့လား "

ထိုအဆင့် ၂ ဓားကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်ပြီး ဖန့်ချန်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။

ရှေ့တွင်ရှိသော ဤသူသည် နတ်မိစ္ဆာပင်လယ် ထဲတွင် ကောင်းကင်ဓားဌာန၏ အဆင့် ၂ ဓားကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည်။

ဤသတင်း ကောင်းကင်ဓားဌာနသို့ ရောက်ရှိလာစဉ်က ကျန်ရှိနေသော အဆင့် ၂ ဓားကျင့်ကြံသူ လေးဦးစလုံးမှာ သူအပါအဝင် မယုံနိုင်ခဲ့ကြချေ။

သို့သော် အခု လီဝူဝမ့်၏ ရှေ့တွင်ပင် ဤမျှ တည်ငြိမ်နေသည်ကို မြင်သောအခါ သူတို့၏ စိတ်ထဲတွင် သံသယများ ပြန်လည် ပေါ်ပေါက်လာတော့သည်။

"ငါ့လက်အောက်ကလူတွေ မင်းကို မပြောပြကြဘူးလား ဒီကောင်လေးက နတ်မိစ္ဆာပင်လယ်ထဲမှာ အဆင့် ၂ ဓားကျင့်ကြံသူ တစ်ယောက်ကို သတ်ခဲ့တယ်ဆိုတာ အဲဒါကြောင့်လည်း စုန့်ကျီလီက ဒီကိစ္စကို ဖြေရှင်းပေးဖို့ ငါ့ကို အခါခါ လာတောင်းပန်နေရတာပေါ့"

လီဝူဝမ့်က နဂါးစားဘုရင်ကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။

"အဆင့် ၂ ဓားကျင့်ကြံသူကို သတ်ခဲ့တယ် "

နဂါးစားဘုရင်မှာ ခဏမျှ မှင်တက်သွားပြီးနောက် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

သို့သော် လီဝူဝမ့်က နောက်ပြောင်နေခြင်း မဟုတ်မှန်း သေချာသွားသောအခါ သူ၏ အမူအရာမှာ ရုတ်တရက် လေးနက်သွားတော့သည်။

"တစ်ကွက်လောက် ကစားကြမလား"

လီဝူဝမ့်က ဖန့်ချန်ကို လှောင်ပြုံးဖြင့် ကြည့်ကာ မေးလိုက်သည်။

"စစ်တုရင် ကစားမယ်"

ဖန့်ချန် စကားမပြောရသေးခင်မှာပင် လီဝူဝမ့်က အဝေးက တောင်တန်းတစ်ခုကို အသာအယာ ဆုပ်ကိုင်လိုက်ရာ တောင်တန်းကြီးမှာ ဟိန်းဟောက်သံနှင့်အတူ ကြွေကျသွားပြီး ချက်စိ တစ်ခုအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ထဲရှိ ကြီးမားလှသော နတ်ဘုရားစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ချက်ပလ္လင် ပေါ်သို့ ကျရောက်သွားသည်။

ဤမြင်ကွင်းမှာ ဖန့်ချန်ကို အရင်တုန်းက ဆရာယွမ်ဟယ် နှင့် ဖန့်ကျန့်ထျန်း တို့ ချက်ကစားခဲ့ကြသည့် မြင်ကွင်းကို သတိရစေသည်။

"ယွမ်ဟယ် လူအိုကြီးက မင်းကို တော်တော် တန်ဖိုးထားတာပဲ သူ့ရဲ့ ပညာရပ်တွေကိုတောင် မင်းကို သင်ပေးထားပုံရတယ် ငါ ကြည့်ချင်သေးတယ်... မင်းရဲ့ ချက်ကစားတဲ့ အစွမ်းက ဘယ်လောက် မြင့်မလဲဆိုတာ"

လီဝူဝမ့်က ပြုံး၍ ဆိုလိုက်တော့သည်။

အခန်း (၁၁၄၈) နောက်ထပ် နှစ်ကွက်လောက်ဆို မင်း ရှုံးပြီ

"ဒီလို နည်းလမ်းမျိုးကတော့..."

လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားကြသည်။ မသေမျိုးဘုရင် အဆင့်ပင်လျှင် ပေရာကျော်မြင့်သော တောင်တန်းကြီးတစ်ခုကို ဟင်းလင်းပြင်ထဲတွင် ချက်စိတစ်ခုအဖြစ် အသာအယာ ပြောင်းလဲပစ်နိုင်ရန်မှာ မလွယ်ကူလှချေ။

ဒါက သေချာပေါက်... ဂိုဏ်းချုပ်အဆင့် တွေရဲ့ နည်းလမ်းပဲ။

"ဖန့်ချန်က... ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားသွားဦးဆောင်သူ လား သူက ဝိညာဉ်ခွဲဖြာခြင်းအဆင့် ပဲ ရှိသေးတယ်လို့ ငါကြားဖူးတာ..."

ကျင့်ကြံသူအချို့မှာ ဖန့်ချန်၏ နောက်ကြောင်းကို နောက်ဆုံးတွင် သဘောပေါက်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် မှင်တက်ကာ ကြည့်နေကြသည်။

ဟင်လင်းပြင်ထာဝရဓားဂိုဏ်း၏ ဓားသွားဦးဆောင်သူ...

ဒီဘွဲ့အမည်က ကျုံးကျိုးနယ်မြေမှာ တကယ်ကို အလေးအနက်ထားရမယ့် အမည်ဖြစ်ပေမဲ့ ဒီလောက်တင်ပါပဲ။

ဒီနေ့ ဒီနေရာကို ရောက်နေတဲ့ လူသားကျင့်ကြံသူ အတော်များများဟာ ဓားသွားဦးဆောင်သူရဲ့ မျက်နှာကို ငဲ့စရာမလိုတဲ့ အဆင့်တွေဖြစ်ပြီး မျိုးဆက်သစ်လူငယ်တွေလောက်သာ သူ့ကို ကြောက်ရွံ့ကြတာပါ။

ဒီလို မျိုးဆက်သစ် လူငယ်လေးတစ်ယောက်က ဂိုဏ်းချုပ်အဆင့်နဲ့ တိုက်ရိုက် စကားပြောနိုင်ရုံတင်မကဘဲ တစ်ဖက်လူရဲ့ ချက်ကစားဖို့ ဖိတ်ခေါ်ခြင်းကိုပါ ခံရတယ်တဲ့လား

"ခုနက ဒီလူပြောတာတော့ ဖန့်ချန်က နတ်မိစ္ဆာပင်လယ်ထဲမှာ အဆင့် ၂ ဓားကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့တယ်ဆိုပဲ... သူပြောတဲ့ အဆင့် ၂ ဆိုတာ... အဆင့် ၂ လွတ်လပ်သောမသေမျိုး ကို ပြောတာလား "

"ဖြစ်နိုင်တာပဲ... မဟုတ်ဘူးလား "

လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျောရိုးထဲမှ စိမ့်တက်သွားကာ ဖန့်ချန်ကို ကြည့်နေသည့် အကြည့်များမှာ အကြိမ်ကြိမ် ပြောင်းလဲသွားတော့သည်။

အချို့ကတော့ သက်ပြင်းချကာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။

တကယ်လို့ ဖန့်ချန်က ရှေ့ကလူနဲ့ တကယ်ပဲ အားချင်းယှဉ်နိုင်မယ်ဆိုရင် သူတို့ ဒီနေ့ ဒီနေရာမှာ သေစရာ မလိုတော့ဘူး မဟုတ်လား။

"ဘယ်လိုလဲ ချက်မကစားတတ်ဘူးလား ဒါမှမဟုတ် တောင်ကို ချက်စိလုပ်နိုင်တဲ့ နည်းလမ်း မရှိတာလား"

လီဝူဝမ့်က ရယ်မောလိုက်သည်

"ဟိုလူအိုကြီးက ချက်ကစားတာကို သိပ်ကြိုက်တာပဲ၊ မင်းကို တကယ်ပဲ တပည့်အဖြစ် လက်ခံထားတယ်ဆိုရင် ဒီပညာကို မသင်ပေးဘဲ နေမှာမဟုတ်ဘူး"

"သိပ်ပြီးတော့ မကစားဖူးဘူး၊ ဒါပေမဲ့ စမ်းကြည့်လို့တော့ ရတာပေါ့"

ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတက်ကာ ချက်ပလ္လင်ရှေ့သို့ ရောက်သွားသည်။

သူက အဝေးက တောင်တန်းတစ်ခုကို အသာအယာ ဆွဲယူလိုက်ရာ တောင်တန်းကြီးမှာ အမြစ်ကနေ ကျွတ်ထွက်လာပြီး သူ့လက်ထဲရောက်သောအခါ ကြိတ်ဆုံခဲခန့်ရှိသော ချက်စိတစ်ခု ဖြစ်သွားကာ ချက်ပလ္လင်ပေါ်သို့ စိတ်ကြိုက် ချလိုက်တော့သည်။

လီဝူဝမ့်၏ မျက်လုံးများက လှုပ်ရှားသွားပြီး အပြုံးများ ပိုမိုသိသာလာကာ နောက်ထပ် တောင်တန်းတစ်ခုကို ထပ်မံ ဆွဲယူလိုက်ပြန်သည်။

ထိုတောင်တန်းအနီးရှိ ကျင့်ကြံသူများမှာ ချက်စိအထဲ ပါသွားပြီး အသားစုံလုပ်ခံရမှာ ကြောက်သဖြင့် ကစဉ့်ကလျား ထွက်ပြေးကြရသည်။

ထျန်းယောင်နိုင်ငံ၏ မိစ္ဆာစစ်တပ် သိန်းချီမှာလည်း ဤမြင်ကွင်းကို မြင်သောအခါ အံ့ဩတုန်လှုပ်သွားကြသည်။

လူသားဘက်မှာလည်း ဒီနေ့ ဒီလိုမျိုး အင်အားကြီးသူတစ်ယောက် ရောက်နေလိမ့်မယ်လို့ မထင်ထားခဲ့ကြပေ။

ဒီလူက... သိသိသာသာကို ဂိုဏ်းချုပ်အဆင့် တစ်ယောက်ပဲ။

လူသားကျင့်ကြံသူတွေဘက်မှာတော့ အံ့ဩတာထက် ပိုပြီး ဇဝေဇဝါ ဖြစ်နေကြသည်။

စိတ်ထဲမှာ အမျိုးမျိုး ခန့်မှန်းနေကြပေမဲ့ ဖန့်ချန်ဟာ ဂိုဏ်းချုပ်အဆင့်တွေလို နည်းလမ်းမျိုး တကယ်ပဲ ပိုင်ဆိုင်ထားတာကို မြင်လိုက်ရတဲ့အခါ တကယ်ကို ယုံရခက်နေကြသည်။

ဒီနေ့ ရောက်နေတဲ့ လူသားကျင့်ကြံသူ အများစုဟာ မြောက်ဘက်နယ်မြေ ရဲ့ ထိပ်တန်းလူတွေ ဖြစ်ကြပြီး လူကြီးတွေရော၊ လူငယ်တွေရော၊ မသေမျိုး တွေရော ပါဝင်ကြသည်။

တောင်ဘက်၊ အနောက်ဘက်နဲ့ အရှေ့ဘက် နယ်မြေတွေက လာတဲ့လူ အနည်းငယ်လည်း ရှိကြသည်။

"ဒါ... သူက တကယ်ပဲ ဖန့်ချန်လား ငါမှတ်မိသလောက်တော့ အဲဒီနှစ်က ငါနဲ့ သူက ရှေးဟောင်းနတ်ဘုရားလမ်းစဥ် ကို အတူတူ ဝင်ခဲ့ကြတာလေ "

ရွှေရောင်အမြုတေ အဆင့် အထွတ်အထိပ်သို့ ရောက်နေသူတစ်ဦးက ဘေးနားကလူကို ကြောင်တောင်တောင်ဖြင့် ကြည့်ကာ မေးလိုက်သည်။

ဘေးနားကလူက ခေါင်းညိတ်ပြသည်

"သူပါပဲ၊ ငါ မမှားနိုင်ပါဘူး အဲဒီနှစ်က ငါလည်း မင်းနဲ့အတူ ဝင်ခဲ့တာပဲ ငါက ကံကောင်းလို့ ဝိညာဥ်သန္ဓေသား အဆင့်ကို ရောက်သွားပြီး ငါ့မျိုးဆက်တွေထဲမှာ တစ်လှမ်းသာနေပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူကတော့..."

သူ ဆက်မပြောတော့ပေ။

အနီးနားရှိ လူငယ်ကျင့်ကြံသူများမှာလည်း ထပ်တူခံစားလိုက်ရပြီး သူ ပြောချင်သော်လည်း ထုတ်မပြောလိုက်သည့် စကားကို နားလည်လိုက်ကြသည်။

"မင်းတို့က နတ်ဘုရားနန်းတော် တိုက်ပွဲကို မကြုံခဲ့ဖူးဘူး၊ အဲဒီနှစ်က ငါ အဲဒီမှာ ရှိနေခဲ့တယ် ဒီလူရဲ့ ပါးရိုက်တာကိုတောင် ခံခဲ့ရသေးတယ်"

စိတ်ဝိညာဉ်ထွက်ခွာခြင်း အဆင့်ရှိသူတစ်ဦးက ရုတ်တရက် စကားပြောလိုက်သည်။

အနီးနားရှိ လူငယ်ကျင့်ကြံသူများ မှာ အံ့အားသင့်သွားကြသည်။

ဒီလူက မြောက်ဘက်နယ်မြေရဲ့ နာမည်ကြီး ပါရမီရှင်တစ်ယောက် မဟုတ်လား။

အခုတော့ သူက ဖန့်ချန်ရဲ့ ပါးရိုက်တာ ခံခဲ့ရတာကိုပဲ ဂုဏ်ယူစရာ တစ်ခုလို ပြောနေတယ်ပေါ့

အားလုံးက တိုးတိုးတိတ်တိတ် စကားပြောနေကြသော်လည်း မျက်လုံးများကတော့ လက်ရှိ ချက်ကစားပွဲကို လုံးဝ အလွတ်မခံကြပေ။

အချိန်တိုအတွင်းမှာပဲ နှစ်ယောက်သား တစ်ကျော့ပြီးတစ်ကျော့ ကစားလာခဲ့တာ ဆယ်ကွက်ကျော်သွားပြီ ဖြစ်သည်။

ဒါပေမဲ့ ချက်ကစားနည်းကို သိပ်နားမလည်သူတွေတောင် မြင်နိုင်တာကတော့... ဖန့်ချန်မှာ နည်းစနစ်အချို့ ရှိပေမဲ့ ဆံပင်ဖြူဖြူနဲ့ လူငယ်လေးနဲ့ ယှဉ်ရင်တော့ ၁၈ ထပ်လောက် ကွာခြားနေတာ သိသာလှသည်။

ဒီနေရာက ဓားကျင့်ကြံသူတွေကတော့ ဒါကို မြင်တဲ့အခါ မျက်နှာမှာ လှောင်ပြုံးတွေ ပေါ်လာကြသည်။

ဖန့်ချန်မှာ တစ်ခုခု ထူးခြားတာရှိမယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ သူတို့ရဲ့ ဌာနမှူးနဲ့ ယှဉ်ဖို့နေနေသာသာ၊ သူတို့ထဲက တစ်ယောက်ယောက် ထွက်ကစားရင်တောင် ဖန့်ချန်ကို ချက်ပလ္လင်ပေါ်မှာ အရှုံးကြီးရှုံးအောင် လုပ်နိုင်တယ်လို့ တွေးနေကြသည်။

"ဒီဓားသွားဦးဆောင်သူက ချက်ကစားတာ သိပ်မတော်ဘူး ထင်တယ် "

နဂါးစားဘုရင် ဘေးနားက မသေမျိုးဘုရင်က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။

" ထင်တယ် ဆိုတာကို ဖြုတ်လိုက်စမ်းပါ သူက တကယ်ကို မကစားတတ်တာ ငါကိုယ်တိုင် တက်ကစားရင်တောင် သူ့ထက် အများကြီး ပိုတော်ဦးမယ်"

နဂါးစားဘုရင်က အေးအေးဆေးဆေး ပြောလိုက်သော်လည်း မျက်လုံးထဲတွင် လေးနက်မှု အချို့ ရှိနေသည်။

တစ်ဖက်လူက ချက်ကစားတာ မတော်ပေမဲ့... တောင်တန်းကြီးတစ်ခုကို ချက်စိတစ်ခုအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တာ၊ အဲဒီတောင်ထဲမှာ ဝိညာဉ်ကြော တွေ၊ ဝိညာဉ်စမ်းရေ တွေ၊ ဝိညာဉ်သတ္တု တွေ ရှိနေပါစေ ဂရုမစိုက်ဘဲ လုပ်နိုင်တာမျိုးကတော့... သေချာပေါက် မသေမျိုးဘုရင် အဆင့်ထက် သာလွန်တဲ့ နည်းလမ်းပဲ။

"ဂိုဏ်းချုပ်အဆင့်... ဒါဆို ဒီကောင်လေးက သူ့ရဲ့ ကျင့်ကြံမှုကို အမြဲ ဖုံးကွယ်ထားတာလား အဲဒါဆိုရင် သူက ရှကျီ နဲ့ ဘယ်လိုလုပ်ပြီး သိကျွမ်းခဲ့တာလဲ "

နဂါးစားဘုရင်၏ စိတ်ထဲတွင် အတွေးများ လည်ပတ်နေပြီး တစ်ခုခုကို အရိပ်အမြွက် မိသွားပုံရသည်။

ဖန့်ချန်ကို ကြည့်နေသည့် အကြည့်များမှာ အရင်ကနှင့် မတူတော့ဘဲ သတိကြီးစွာ ထားလာတော့သည်။

ဒီလူဟာ အမှန်တကယ်တော့ မဟာရှနိုင်ငံရဲ့ ဖန့်စစ်သူကြီး မဟုတ်နိုင်ဘူး။

အဲဒီ ဖန့်စစ်သူကြီးက သေတာ ကြာလှပြီ၊ သုံးလောကတောင် တိုက်ပွဲမှာတင် သေခဲ့တာ။

ပြန်လာတဲ့သူက တခြားတစ်ယောက်ပဲ။

သူဟာ ဖန့်ချန်ရဲ့ အချက်အလက်အားလုံးကို လက်ဖဝါးပေါ် တင်ထားသလို သိထားတာပါ။

သူ ငယ်ငယ်က တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအသေးစားလေးတွေအထိ လူလွှတ်ပြီး စုံစမ်းခိုင်းထားတာ။

ဒီသဲလွန်စတွေကို ကြည့်ရင်... သုံးလောကတောင်မှာ ရှုံးနိမ့်ပြီး ပြန်လာပြီးနောက်မှာ နှစ်အတော်ကြာ ပုန်းအောင်းနေခဲ့ပြီးမှ ပြန်ပေါ်လာတဲ့အခါ ချင်းစုန်းစစ်သည်တွေကို အကုန်သတ်ပြီး မဟာရှမြို့တော်ကနေ မောင်းထုတ်ပစ်ခဲ့တာ။

"အဖေ... လူသားတွေက ဘာလို့ ဒီလောက်တောင် ပတ်ချွဲနွယ်ချွဲ လုပ်နေကြတာလဲ၊ ဘာလို့ တိုက်ရိုက် သတ်မပစ်ကြတာလဲ ငါတို့ ဒီမှာ စောင့်နေတာ ဒီလူတစ်ယောက်တည်းကို စောင့်နေတာလား "

မိန်းကလေးတစ်ဦးက ဖောက်ခွဲရေးဘုရင် အနားကို ပျံလာပြီး ဖန့်ချန်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။

သူမရဲ့ ခန္ဓာကိုယ်က သာမန်လူလိုပဲ ဖြစ်ပေမဲ့ ဖောက်ခွဲရေးဘုရင်ကတော့ တောင်ကြီးတစ်လုံးလို ဖြစ်နေတာကြောင့် သူမဟာ ဖောက်ခွဲရေးဘုရင် ဘေးနားမှာ ပိုးမွှားလေးတစ်ကောင်လို ဖြစ်နေသည်။

"တိတ်တိတ်နေ၊ ဒါတွေက ငါတို့နဲ့ မဆိုင်ဘူး၊ အထက်က ကိစ္စတွေပဲ ငါတို့က အမိန့်အတိုင်း လုပ်ရုံပဲ"

ဖောက်ခွဲရေးဘုရင်က ဝိညာဉ်ဖြင့် ပြန်ပြောလိုက်သည်။ အသံမှာ အလွန် တည်ကြည်လှသည်။

"အမိန့်အတိုင်း လုပ်ရုံပဲ..."

မိန်းကလေးမှာ အံ့ဩသွားသည်

"ငါတို့ ထျန်းယောင်နိုင်ငံက... ဘယ်တုန်းက လူသားတွေနဲ့ ပူးပေါင်းပြီး သူတို့ခိုင်းတာ လုပ်နေရတာလဲ..."

"အစကတည်းကပဲလေ..."

ဖောက်ခွဲရေးဘုရင်ကတော့ ဒီစကားကို အပြင်ထုတ်မပြောခဲ့ပေ။

ချက်ပလ္လင်တစ်ဖက်တွင် လီဝူဝမ့်က ဖန့်ချန် နောက်တစ်ကွက် ချလိုက်တာကို မြင်သောအခါ စဥ်းစားပင် မနေတော့ဘဲ အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။

သူ၏ ချက်စိများမှာ နဂါးကို ဝါးမြိုမည့် အနေအထား ရောက်နေပြီ ဖြစ်သည်။

နောက်ထပ် နှစ်ကွက်လောက်ဆိုလျှင် တစ်ဖက်လူကို ထွက်ပေါက်မရှိအောင် လုပ်ပြီး အမှုန့်ဖြစ်သွားအောင် ချေမှုန်းနိုင်ပြီ ဖြစ်သည်။

"မင်းရဲ့ ချက်ကစားတဲ့ အစွမ်းက ငါ့ရဲ့ ထင်မှတ်ချက်ကို ကျော်လွန်နေတယ်"

လီဝူဝမ့်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ကြောက်သွားပြီလား ကြောက်ရင်တော့ မင်းရဲ့ လူတွေကို ခေါ်ပြီး ချောင်ဖုန်း နယ်မြေကို ပြန်တော့ မြေဝက်ဝံဂြိုဟ်ရဲ့ ကိစ္စထဲကို နောက်ထပ် ဝင်မပါနဲ့တော့ ဓားကျင့်ကြံသူ ဖြစ်နေမှတော့ ဓားကိုပဲ ကောင်းကောင်း လေ့ကျင့်ပါ၊ ဒီလိုကိစ္စတွေထဲ ဝင်ပါတာက ဓားနှလုံးသားကို ညစ်နွမ်းစေပြီး ဓားအရိုးကို ပျက်စီးစေလိမ့်မယ်"

ဖန့်ချန်က ရယ်မောလိုက်ပြီး ကောင်းကင်ဓားဌာနက ဓားကျင့်ကြံသူတစ်အုပ်ကို ကြည့်ကာ

"ဒီလူတွေ တစ်ယောက်ချင်းစီတိုင်းက မင်းနဲ့အတူ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ခွေးတွေ ဖြစ်ခဲ့ကြတာ မဟုတ်လား "

သူက ခေါင်းကို အသာအယာ ခါလိုက်သည်

"ဒီဓားကျင့်ကြံသူ လမ်းစဥ်ကတော့ သူတို့အတွက် လမ်းဆုံးသွားပြီပဲ ဒီနေရာမှာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း မပြောနဲ့ဦး၊ အရင်တုန်းက လင်ယွမ်ဓားဂိုဏ်း က အဆင့်တူ တစ်ယောက်ယောက် ထွက်လာရင်တောင် ဒီလက်အောက်ငယ်သားတွေထက် အနာဂတ် ပိုတောက်ပဦးမယ်"

မိမိတို့ကိုယ်ကို ဖန့်ချန်က စိတ်ကြိုက် စော်ကားနေသည်ကို မြင်သောအခါ ဓားကျင့်ကြံသူတစ်အုပ်မှာ ဒေါသများ ငယ်ထိပ်သို့ ဆောင့်တက်သွားကြပြီး ကိုယ်ပေါ်ရှိ ဓားအရှိန်အဝါ များမှာ လှိုင်းတံပိုးများကဲ့သို့ ထကြွလာတော့သည်။

"စကားတစ်ခွန်းတည်းနဲ့ မင်းတို့က ထိန်းမရအောင် ဒေါသထွက်နေကြပြီလား "

လီဝူဝမ့်က အေးစက်စွာ ပြောလိုက်ပြီး ထိုဓားကျင့်ကြံသူများကို တစ်ချက် ကြည့်လိုက်သည်။

ထိုအခါမှ သူတို့သည် ဖန့်ချန်၏ အကွက်ထဲ ဆင်းမိသွားပြီး လီဝူဝမ့်ကို အရှက်ရစေမိမှန်း သဘောပေါက်သွားကြသည်။

စိတ်ထဲတွင် ပို၍ ဒေါသထွက်သွားကြသော်လည်း ဤတစ်ကြိမ်တွင်တော့ အပြင်သို့ ထုတ်မပြရဲတော့ပေ။

လီဝူဝမ့်က ဖန့်ချန်ကို ထပ်မံ ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ဆိုလိုက်သည်

"နောက်ထပ် နှစ်ကွက်လောက်ဆို... မင်း ရှုံးပြီ"

All Chapters