← Chapters

အခန်း (၁၁၄၉-၁၁၅၀)

Vol. 115 Ch. 1149-1150

အခန်း (၁၁၄၉-၁၁၅၀)

Vol. 115 Ch. 1149-1150

အခန်း (၁၁၄၉) ချက်ပလ္လင်ကို မှောက်လှန်မည့်သူ

ဖန့်ချန်က ရှေ့ရှိ ချက်ကစားပွဲကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်

"ဟုတ်တယ်၊ နောက်ထပ် နှစ်ကွက်လောက်ဆို ငါ ရှုံးပြီ"

"ဟိုလူအိုကြီးက မင်းကို ချက်ကစားတဲ့ ပညာရပ် တကယ်ပဲ မသင်ပေးခဲ့ဘူးလား "

လီဝူဝမ့်၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် ထူးခြားသော အရောင်အဝါတစ်ခု လက်ခနဲ ဖြစ်သွားသည်။

"ပါးစပ်ဖွင့်လိုက်ရင် လူအိုကြီး၊ ပိတ်လိုက်ရင် လူအိုကြီးနဲ့ မခေါ်စမ်းပါနဲ့ ဆရာယွမ်ဟယ်က ငါ့ကို ချက်ကစားတဲ့ ပညာ တကယ်မသင်ပေးခဲ့တာပါ"

ဖန့်ချန်က လီဝူဝမ့်ကို တစ်ချက်ကြည့်လိုက်ပြီး

"မင်းရဲ့ ချက်ကစားနည်းက ဆရာယွမ်ဟယ် သင်ပေးခဲ့တာလား "

ဖန့်ချန်၏ စကားကို ကြားသောအခါ လီဝူဝမ့်၏ မျက်နှာတွင် သာယာသော အပြုံးတစ်ခု ပေါ်လာပြီး အသာအယာ ခေါင်းညိတ်ပြသည်

"မှန်တယ်၊ ကစားပွဲရဲ့ ပထမပိုင်း ချက်ကစားနည်းတွေကတော့ ဟိုလူအိုကြီးဆီက ရခဲ့တာပေါ့ နောက်ပိုင်းကတော့... ဒီနှစ်တွေမှာ ငါကိုယ်တိုင် ရှာဖွေဖော်ထုတ်ခဲ့တာတွေပဲ၊ သူနဲ့ ဘာမှမဆိုင်တော့ဘူး ဒါပေမဲ့ မင်းကတော့ ဒီပညာကို မရခဲ့ဘူးဆိုတော့ ငါက မင်းကို အထင်ကြီးမိသွားပုံရတယ် မင်းကလည်း... ဒီချက်ပလ္လင်ပေါ်က ချက်စိတစ်ခုထက် မပိုပါဘူး"

"မဖြစ်နိုင်တာ"

ဖန့်ချန်က မျက်မှောင်ကြုတ်ကာ စဥ်းစားနေပြီး လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်

"တစ်ခုခုတော့ လွဲနေပြီ၊ ငါ့ကို ခဏလောက် စဥ်းစားခွင့်ပေးဦး"

"စဥ်းစားလေ၊ ငါ စောင့်နေပါ့မယ်"

လီဝူဝမ့်က ပြုံး၍ ခေါင်းညိတ်ပြသည်။

လူတိုင်းမှာ အသက်ရှူပင် မဝကြတော့ချေ။

ချိုးကျင်းနှင့် ခုံကျင့်တို့က မျက်မှောင်ကြုတ်ကာ ချက်ပလ္လင်ကို ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"သခင်လေးက... တကယ်ပဲ ရှုံးတော့မှာပဲ"

"ဒါက ထွက်ပေါက်မရှိတဲ့ အသေကွက် ဖြစ်နေပြီ"

နှစ်ယောက်စလုံးမှာ ဤပညာရပ်တွင် ကျွမ်းကျင်သူများ မဟုတ်ကြသော်လည်း အနည်းငယ်တော့ နားလည်ထားကြရာ ဤကစားပွဲ၏ လမ်းကြောင်းကို ဘယ်လိုလုပ် မမြင်ဘဲ နေပါ့မလဲ

ဖန့်ချန်၏ အရှုံးက အတည်ဖြစ်နေပြီဖြစ်ရာ ပြန်လှည့်ရန် နည်းလမ်းမရှိတော့ပေ။

"ငါက ချက်စိလည်း မဟုတ်သလို၊ ချက်ကစားတဲ့သူလည်း မဟုတ်ဘူး"

ဖန့်ချန်က ခေါင်းမော့ကာ လီဝူဝမ့်ကို ကြည့်လိုက်သည်။

"မင်း ဘာပြောချင်တာလဲ မင်းက ပွဲပြင်ပကလူ လို့ ပြောချင်တာလား "

လီဝူဝမ့်က ရယ်မောလိုက်သည်

"ဟိုလူအိုကြီးက မင်းကို ရှာတွေ့ထားပြီဆိုမှတော့ မင်းက ပွဲပြင်ပကလူ ဖြစ်လို့မရတော့ဘူး၊ ပိုပြီးတော့တောင် မဖြစ်နိုင်တာက မင်းက သူ့ရဲ့ ပညာအချို့ကို ရထားပြီးသားပဲ၊ နည်းလမ်းတွေကလည်း ထူးခြားနေတာပဲလေ"

"ငါက ပွဲပြင်ပကလူလို့ ဘယ်သူပြောလဲ ငါက ပွဲပြင်ပကလူ ဖြစ်နေရင်တောင် ငါ့ဘာသာငါ ပွဲထဲကို ဝင်လာမှာပဲ"

ဖန့်ချန်က ခေါင်းခါလိုက်သည်

"ငါ ပြောချင်တာက ဒါမဟုတ်ဘူး"

"ဒါဆိုရင် ဘာလဲ..."

"ငါက... ချက်ပလ္လင်ကို မှောက်လှန်မယ့်သူ ဖြစ်ကောင်းဖြစ်နိုင်တယ်"

စကားဆုံးသည်နှင့် ကောင်းကင်ပြင်မှ ဓားအလင်းတစ်ခု ပျံသန်းလာပြီး ဖန့်ချန်၏ လက်ထဲသို့ ရောက်ရှိသွားသည်။

၎င်းမှာ ဓားငယ်လေး ပင် ဖြစ်သည်။

ရှစ်မျက်နှာအရပ် ဓားကျမ်း ပဉ္စမဓား

သာမန်ကာလျှံကာဟု ထင်ရသော ဓားချက်တစ်ချက်က ရှေ့ရှိ ချက်ပလ္လင်ကို ရိုက်ခွဲပစ်လိုက်ရုံတင်မကဘဲ သာမန်မျက်စိဖြင့် မမြင်နိုင်သော ဓားအရှိန်အဝါ များက လီဝူဝမ့်ထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

"ချက်ပလ္လင်ကို... မှောက်လှန်မယ့်သူ "

ရှေ့ရှိ ချက်ပလ္လင် ရိုက်ခွဲခံလိုက်ရသည်ကို မြင်သောအခါ လီဝူဝမ့်မှာ အံ့ဩခြင်း သိပ်မရှိဘဲ ဦးနှောက်ထဲတွင် တစ်ခုခုကိုပင် စဥ်းစားရန် အချိန်ရနေသေးသည်။

သူ့ထံသို့ ဦးတည်လာသော ဓားအရှိန်အဝါကို သူက ဂရုမစိုက်ပေ၊ ဘာကြောင့်လဲဆိုတော့ ဤနေရာတစ်ခုလုံးသည် သူ၏ ဓားနယ်ပယ် ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။

ထင်သည့်အတိုင်းပင် ဓားအရှိန်အဝါက လီဝူဝမ့်ကို ထိုးဖောက်သွားသော်လည်း သူ့ကို မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ခဲ့ချေ။

သူသည် ဤနေရာတွင် ရှိမနေသကဲ့သို့ပင်... ခုနက ဓားအရှိန်အဝါ ထိုးဖောက်သွားသည်မှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသည်။

လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့၏ မျက်လုံးထဲတွင် ခုနက ချက်ပလ္လင် ရိုက်ခွဲခံလိုက်ရသည့် မြင်ကွင်းက ကျန်ရစ်နေဆဲ ဖြစ်သည်။

ချက်ပလ္လင်က တိုက်ရိုက် မှောက်လှန်ခံလိုက်ရပြီလား

"ဒီကောင်က... စည်းကမ်းမရှိလွန်းဘူး မဟုတ်လား"

"ဘယ်မှာ ချက်ကစားနေရင်းနဲ့ ချက်ပလ္လင်ကို တိုက်ရိုက် မှောက်လှန်ပစ်တဲ့လူ ရှိလို့လဲ သူက ငါတို့ မိစ္ဆာတွေလိုများ ဖြစ်နေတာလား "

"ရှက်စရာပဲ၊ ချက်ပလ္လင် မှောက်လှန်တာထက် တိုက်ရိုက် အရှုံးပေးလိုက်တာက ပိုပြီး သိက္ခာရှိဦးမယ် "

ဓားကျင့်ကြံသူအချို့က ဒေါသတကြီး အော်ဟစ်ကြသည်။

ချိုးကျင်းနှင့် ခုံကျင့်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမူအရာက ထူးဆန်းသွားသည်။

သူတို့နှစ်ယောက်စလုံးကလည်း ထိုသခင်လေးက ချက်ပလ္လင်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

"ကစားလို့ မနိုင်တော့တာနဲ့ ချက်ပလ္လင်ကို မှောက်လှန်ပစ်တယ် လူကြမ်းကြီးပဲ..."

နဂါးစားဘုရင်က တိုးတိုးလေး ရေရွတ်လိုက်သည်

"ဓားကျင့်ကြံသူတွေကို လူကြမ်းတွေလို့ ပြောကြတာ မဆန်းပါဘူး၊ ဓားကျင့်ကြံသူတွေနဲ့ ဘာအကျိုးအကြောင်းတွေ ပြောနေဦးမှာလဲ၊ ဘာချက်တွေ ကစားနေဦးမှာလဲ..."

ဘေးနားရှိ မသေမျိုးဘုရင် ဧည့်သည်တော်နှစ်ဦးမှာ ဘာမှဝင်မပြောရဲကြချေ။

သူတို့က ဤကိစ္စကို ဝေဖန်ရန် မဝံ့ရဲကြပေ၊ ဘာပဲဖြစ်ဖြစ် ကောင်းကင်ပေါ်မှာ ရပ်နေတဲ့ ဓားကျင့်ကြံသူတစ်အုပ်က ဒီနေရာရဲ့ အထွတ်အထိပ် အစွမ်းတွေ မဟုတ်ပါလား။

"ဟိုလူအိုကြီးက မင်းကို ချက်ကစားနည်း မသင်ပေးတာက မင်းကို ချက်ပလ္လင်ကို တိုက်ရိုက် မှောက်လှန်ခိုင်းဖို့လား "

လီဝူဝမ့်က ဖန့်ချန်ကို ရုတ်တရက် ကြည့်လိုက်ပြီး မျက်လုံးများက အေးစက်သွားသည်

"မင်းမှာ ချက်ပလ္လင်ကို မှောက်လှန်ဖို့ ဘာအရည်အချင်း ရှိလို့လဲ မင်းရဲ့ ခိုးကြောင်ခိုးဝှက် နည်းလမ်းတွေနဲ့လား "

"အရည်အချင်း ရှိမရှိဆိုတာ မင်းပြောတာနဲ့ မဆိုင်ဘူး ခုနက ငါ့ရဲ့ ဓားအရှိန်အဝါက မင်းကို မထိခိုက်တာက မင်းရဲ့ ဓားနယ်ပယ်ကို ဖြန့်ကျက်ထားလို့လား "

ဖန့်ချန်က ပြုံးလိုက်သည်

"မင်းရဲ့ ဓားနယ်ပယ်မှာ ဘာထူးခြားချက်တွေ ရှိလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား "

"အခုထိ ငါ့ရဲ့ အချက်အလက်တွေကို စုံစမ်းချင်နေတုန်းလား မင်း ဒီနေ့... တကယ်ပဲ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ထင်နေတာလား "

လီဝူဝမ့်က ရယ်မောလိုက်သည်

"မင်းကို ပြောပြလိုက်ပါ့မယ်၊ ငါ့ရဲ့ ဓားနယ်ပယ် အမည်ကတော့ ဝူကျွိ ပဲ"

"ဝူကျွိ လား ဘာကိုမှ မကြောက်တာလား"

ဖန့်ချန်က ထူးဆန်းသော အမူအရာဖြင့်

"ဘယ်သူက ကိုယ့်ဓားနယ်ပယ်ကို ဒီလိုအမည် ပေးမှာလဲ၊ အားမကိုးရသလို မဖြစ်နေဘူးလား "

"အကွာအဝေးရဲ့ ကျွိ ပါ"

လီဝူဝမ့်၏ မျက်နှာက ပျက်သွားသည်

"ငါ မင်းကို ဓားထုတ်ဖို့ အခွင့်အရေး ထပ်ပေးမယ်၊ မင်းသာ ငါ့ကို ထိခိုက်အောင် လုပ်နိုင်ရင် ဒီတိုက်ပွဲမှာ မင်းနိုင်ပြီလို့ သတ်မှတ်ပေးမယ် ဒါပေမဲ့ မင်း ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ခင်မှာ အရင်ဆုံး ငါ့ရဲ့ ဓားနယ်ပယ်ကို ချိုးဖျက်ရလိမ့်မယ်"

"ဒီနေရာမှာ၊ ဒီဖန်ဆင်းရှင်ဂြိုဟ်ပေါ်မှာ စုန့်ကျီလီတောင်မှ ငါ့ရဲ့ ဓားနယ်ပယ်ကို ချိုးဖျက်နိုင်ဖို့ ဘယ်လောက်မှ အခွင့်အရေး မရှိဘူး"

"ဒါဆို ငါ စမ်းကြည့်တာပေါ့"

ဖန့်ချန်က ပြုံးလိုက်သည်။

သူ့ဦးနှောက်ထဲတွင် ရှစ်မျက်နှာအရပ် ဓားကျမ်း၏ နောက်ထပ် ဓားကွက်များကို အကြိမ်ကြိမ် လေ့ကျင့်ထားပြီးသား ဖြစ်သည်။

ထို့ကြောင့် ခုနက ပဉ္စမဓားကို ထုတ်လိုက်စဉ်က အလွန်ကျွမ်းကျင်နေခြင်း ဖြစ်သည်၊ ယနေ့မတိုင်ခင်အထိ ဤဓားကွက်ကို သူတစ်ခါမှ မထုတ်ဖူးခဲ့မှန်း မည်သူမျှ သိနိုင်မည်မဟုတ်ပေ။

လက်ရှိ သူသည် သတ္တမဓားကို ထုတ်ရန် အရည်အချင်း မပြည့်သေးသော်လည်း ဆဋ္ဌမဓားကိုမူ စမ်းကြည့်၍ ရနိုင်သည်။

လီဝူဝမ့်၏ မျက်လုံးထဲတွင် လှောင်ပြုံးတစ်ခု လက်ခနဲ ဖြစ်သွားသည်။

သူသည် အကြွင်းမဲ့ နှိပ်ကွပ်သော အနေအထားဖြင့် ယွမ်ဟယ် လူအိုကြီး ရွေးချယ်ထားသော ဤကောင်လေးကို အနိုင်ယူပြချင်နေသည်။

ဒါမှသာ ယွမ်ဟယ်ရဲ့ အမြင်က မှားကြောင်း၊ သူအရင်က ရွေးချယ်ခဲ့တာတွေက အမှားကြီး မှားနေကြောင်း သက်သေပြနိုင်မှာ ဖြစ်သည်။

တစ်ဖက်လူရဲ့ အစွမ်းက အဆင့် ၂ လောက်ပဲ ရှိတာ၊ ဓားကျင့်ကြံသူချင်း တူနေရင်တောင်၊ ခုနက ဓားကွက်က ထူးခြားနေရင်တောင်မှပေါ့။

ဒီကောင်လေးက ဝူကျွိ ဓားနယ်ပယ်ရဲ့ အခြေခံကို လှုပ်ခတ်နိုင်လိမ့်မယ်လို့ သူ မယုံကြည်ပေ။

ဓားနယ်ပယ်ကို မချိုးဖျက်နိုင်သရွေ့ သူ့ရဲ့ အမွေးတစ်ပင်ကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး

"မင်းလည်း ဓားနယ်ပယ်ကို စုစည်းထားတယ်လို့ ကြားတယ်၊ ဘာလို့... မင်းရဲ့ ဓားနယ်ပယ်ကို ဖြန့်ကျက်ပြီး ငါတို့ ယှဉ်မကြည့်ကြဘူးလဲ "

လီဝူဝမ့်က ရုတ်တရက် ရယ်မောကာ မေးလိုက်သည်။

"လူကို လာနောက်မနေပါနဲ့၊ ငါ့ရဲ့ ကျင့်ကြံမှုက မင်းနဲ့ အလှမ်းဝေးလွန်းပါတယ် မင်းရဲ့ ဓားနယ်ပယ်ကို ချိုးဖျက်ဖို့ဆိုရင် အတူတူ နည်းလမ်းတွေကို သုံးလို့မရဘူး"

ဖန့်ချန်က ရယ်မောရင်း ခေါင်းခါလိုက်သည်။

"ဒါဆိုရင်..."

လီဝူဝမ့် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဖန့်ချန်၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများက ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

ခဏချင်းမှာပင် တစ်ဖက်လူ၏ တည်ရှိမှုကို သူ မခံစားရတော့ပေ၊ သို့သော် မျက်စိဖြင့် ကြည့်သောအခါတွင်မူ တစ်ဖက်လူက မူလနေရာမှာပင် ရပ်နေဆဲ ဖြစ်သည်။

ထို့နောက် ဖန့်ချန်၏ မျက်နှာမှာ တစ်နှစ်ပြီးတစ်နှစ် အိုမင်းရင့်ရော်လာတော့သည်။

နောက်တစ်ခဏတွင် ဓားတစ်ချက် ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး ပြိုကွဲပျက်စီးသွားတော့သည်

ဒါက ချဲ့ကားပြောခြင်း မဟုတ်ပေ၊ လူတိုင်းမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် အက်ကြောင်းများစွာ ပေါ်လာသည်ကို အမှန်တကယ် မြင်လိုက်ရခြင်း ဖြစ်သည်။

ဤနေရာရှိ မြင်ကွင်းမှာ မှန်သားပြင်တစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပြီး အခု ထိုမှန်သားပြင်များက တစ်ခုပြီးတစ်ခု ကွဲအက်ကာ အက်ကြောင်းများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

ဖောင်း

မှန်သားပြင်က လုံးဝ ရိုက်ခွဲခံလိုက်ရပြီး အပိုင်းအစများမှာ ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသည်။

ဤအချိန်တွင် လီဝူဝမ့်၏ ခန္ဓာကိုယ်မှာ ခုနကထက် ပို၍... စစ်မှန်လာသလို ခံစားရသည်။

ဝေါ့

သွေးတစ်လုပ်က လီဝူဝမ့်၏ ပါးစပ်မှ ပန်းထွက်လာသည်။

သူက သူ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ သာမန်ဟု ထင်ရသော ဓားဒဏ်ရာတစ်ခုကြောင့် သူတို့ကဲ့သို့ လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ပင် ပြန်မစေ့နိုင်ဘဲ သွေးများ တရဟော စီးကျနေတော့သည်။

"ဒါက... ဘာနည်းလမ်းလဲ "

"ဒါကတော့ ချက်ပလ္လင်ကို မှောက်လှန်တဲ့ နည်းလမ်းပေါ့"

ဖန့်ချန်၏ အသံမှာ အနည်းငယ် အိုမင်းသွားသည်။

လူတိုင်း သတိထားမိလိုက်သည်မှာ သူ၏ မျက်နှာမှာ လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိသွားပြီး ခုနက လူငယ်လေး၏ ထက်မြက်သော အမူအရာနှင့် လုံးဝ ကွဲပြားသွားတော့သည်။

နောက်ထပ် ဓားတစ်ချက် ထပ်မံ ခုတ်လိုက်ပြန်သည်။

ဖန့်ချန်၏ ကိုယ်ပေါ်တွင် အိုမင်းရင့်ရော်မှု အရှိန်အဝါများ ပိုမို တိုးလာသည်။

လီဝူဝမ့်က ဖန့်ချန်ကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး၊ သိုလှောင်လက်စွပ် လက်ခနဲ ဖြစ်သွားကာ ကွဲအက်နေသော မှန်သားပြင်များမှာ မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။

ခဏချင်းမှာပင် လီဝူဝမ့်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။

သူ ထွက်သွားပြီဖြစ်ရာ ဓားနယ်ပယ်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထို့ကြောင့် ဤဓားချက်မှာ ဖန့်ချန်အတွက် အလဟဿ ဖြစ်သွားပြီး သက်တမ်း အတော်များများ အလကား ကုန်ဆုံးသွားခဲ့ရလေသည်။

အခန်း (၁၁၅၀) တစ်မိခင်တည်းမှ မွေးဖွားသူ

အခင်းဖြစ်ပွားရာနေရာရှိ လေထုမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး အသက်ရှူသံပင် မကြားရတော့ချေ။

လူတိုင်း၏ ခြေဖဝါးအောက်ရှိ မြက်ပင်များမှာလည်း လေနှင့်အတူ လွင့်မြောခြင်းမရှိတော့ဘဲ လေသည်လည်း ရပ်တန့်သွားခဲ့သည်။

"ဟင်... ဟိုဓားကျင့်ကြံသူတွေရော"

တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။

ထိုအခါမှ လူတိုင်း သတိထားမိလိုက်သည်မှာ လီဝူဝမ့်သည် သူကိုယ်တိုင် ထွက်သွားရုံတင်မကဘဲ ခုနက ပေါ်လာသမျှ ဓားကျင့်ကြံသူအားလုံးကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

"နဂါးစားဘုရင်... သူ မင်းတို့ကို ထားခဲ့တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ ကောင်းကင်ဓားဌာနနဲ့ မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကြားက ပူးပေါင်းဆောင်ရွက်မှုက မင်းတို့ ထင်သလောက် မခိုင်မြဲဘူးဆိုတာကို ပြနေတာပဲ"

ဖန့်ချန်က ရှေ့သို့ တစ်လှမ်းတက်ကာ နဂါးစားဘုရင်၏ ရှေ့သို့ ရောက်သွားပြီး သူ၏ ပခုံးကို အသာအယာ ပုတ်လိုက်သည်

"လီဝူဝမ့်က မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ယုံကြည်မှုကို ရဖို့ မထိုက်တန်ပါဘူး၊ တခြား ပူးပေါင်းဆောင်ရွက်မယ့်သူ ပြောင်းရှာတာ ပိုကောင်းလိမ့်မယ်"

နဂါးစားဘုရင်သည် သူ၏ ပခုံးပေါ်မှ နွေးထွေးမှုကို ခံစားလိုက်ရပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ရှုပ်ထွေးသော အမူအရာဖြင့် ဆိုလိုက်သည်

"ဒီလိုမျိုး သွေးခွဲတာက အပိုပဲ ကောင်းကင်ဓားဌာနဆိုတာ စုန့်ကျီလီရဲ့ လက်ရာပဲလေ သူတို့ရဲ့ ဆက်ဆံရေးကတော့ သေချာပေါက် အပြန်အလှန် ယုံကြည်မှု ရှိမှာပဲ၊ မဟုတ်ရင် လီဝူဝမ့်အနေနဲ့ ဒီနေ့ဒီအချိန်မှာ အဆင့် ၃ အထိ ရောက်လာမှာ မဟုတ်ဘူး"

"ဟုတ်လား"

ဖန့်ချန်က ရယ်မောလိုက်သည်

"ဒါဆို ဒီနေ့ ဘယ်သူနိုင်လဲလို့ မင်းထင်လဲ"

"မင်းနိုင်တာပေါ့၊ ဝိညာဉ်သုတ်သင်ရေးဌာန နိုင်သွားပြီ"

နဂါးစားဘုရင်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်

"လီဝူဝမ့်တောင် မင်းရဲ့ ရိုက်ထုတ်တာ ခံလိုက်ရပြီဆိုမှတော့ မြေဝက်ဝံဂြိုဟ်ပေါ်က ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အင်အားက မင်းကို ယှဉ်နိုင်ဖို့ အလှမ်းဝေးသွားပြီ ဒီနေ့ပြီးရင် ငါ လူတွေကို ခေါ်ပြီး မြေဝက်ဝံဂြိုဟ်ကနေ ဆုတ်ခွာသွားပါ့မယ်"

လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မြေဝက်ဝံဂြိုဟ်ကနေ ဆုတ်ခွာမယ်

လူငယ်ကျင့်ကြံသူတစ်ဦးက ဇဝေဇဝါဖြင့်

"မြေဝက်ဝံဂြိုဟ်ဆိုတာ ဘာလဲ"

"ဒါကို ပြောတာလေ... ကျုံးကျိုး၊ တိထျန်း၊ ပေတု ဒီသုံးနေရာ ပေါင်းလိုက်ရင် မြေဝက်ဝံဂြိုဟ် ဖြစ်တာပဲ ဒါပေါ့၊ နတ်မိစ္ဆာပင်လယ်လည်း ပါတာပေါ့"

လူကြီးတစ်ဦးက ရှုပ်ထွေးသော အမူအရာဖြင့် ရှင်းပြလိုက်သည်။

"ဒါဆို သူတို့က ဘယ်ကို ဆုတ်ခွာသွားမှာလဲ"

"အသေးစိတ်ကိုတော့ ငါလည်း မသိဘူး"

"မြေဝက်ဝံဂြိုဟ်ကနေ ဆုတ်ခွာမယ်..."

ဖောက်ခွဲရေးဘုရင်၏ မျက်နှာတွင် ရှုပ်ထွေးသော အရောင်အဝါများ ပေါ်လာသည်။

ဤတစ်ကြိမ် လှုပ်ရှားမှုက အတော်လေး ရုတ်တရက်ဆန်လှပြီး ၎င်းမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ ပုံမှန် အလုပ်လုပ်ပုံနှင့် မကိုက်ညီချေ။

ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ အလုပ်လုပ်ပုံမှာ အမြဲတမ်း နွေဦးမိုးရေစက်များကဲ့သို့ တိတ်တဆိတ်နှင့် အေးအေးဆေးဆေး ရှိလှသည်၊ ယခုကဲ့သို့ အလောတကြီး အုံကြွမှုမျိုး မလုပ်တတ်ပေ။

ယနေ့ပြီးနောက်တွင် ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ လုပ်ဆောင်ပုံ ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားသလဲဆိုတာကို သူ သဘောပေါက်သွားပြီဖြစ်သည်။

ဝိညာဉ်နတ်ဘုရားဂိုဏ်းတောင်မှ မယှဉ်နိုင်သည့် ရန်သူတော်ကြီးတစ်ယောက် ဤနေရာတွင် ပေါ်လာသောကြောင့် ဝိညာဉ်နတ်ဘုရားဂိုဏ်းက အသည်းအသန် ဖြစ်သွားခြင်းပင်။

"ငါက မင်းကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ်လို့ မင်းထင်နေတာလား "

ဖန့်ချန်က ရယ်မောလိုက်သည်

"ငါက မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေရဲ့ စကားကို စာတစ်လုံးတောင် မယုံဘူး လူတွေကိုခေါ်ပြီး ဒီကနေ ဆုတ်ခွာမယ်တဲ့လား သုံးနှစ်သားကလေးကို သွားလိမ်ပါလား"

"မင်း ယုံချင်ယုံ မယုံချင်နေ၊ ဘာပဲဖြစ်ဖြစ် မင်း ငါ့ကို သတ်လို့မရဘူး ငါသေရင် ရှရွှမ်ကျိ လည်း သေမှာပဲ"

နဂါးစားဘုရင်က ရယ်မောလိုက်သည်

"ရှကျီက မင်းရဲ့ ညီအစ်ကို မဟုတ်လား အရင်တုန်းက မင်း ရှရွှမ်ကျိကို တိုက်ခိုက်ခဲ့တာက သူက ဝိညာဉ်နတ်ဘုရားဂိုဏ်းကလူလို့ မင်းထင်နေလို့လေ၊ အခုတော့... သူ့ သေသွားတာ မင်း လက်ပိုက်ကြည့်နေနိုင်ဦးမလား "

"မင်းက သူ့ရဲ့ ဝိညာဉ်ခွဲ တစ်ခုပဲလေ၊ မင်းသေတာနဲ့ သူနဲ့ ဘာဆိုင်လို့လဲ"

ဖန့်ချန်က အေးဆေးပင် ပြန်ပြောလိုက်သည်။

"မင်းက သူ့စကားကို ယုံတာလား အဲဒါဆို ငါက ဘာလို့ မသေမျိုးဘုရင် ဖြစ်နေပြီး သူက ဘာလို့ မဟုတ်ရတာလဲ "

နဂါးစားဘုရင်က ရယ်မောကာ

"ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ဝိညာဉ်နတ်ဘုရားက လက်ဖျားနဲ့ တို့လိုက်လို့ ငါနဲ့သူ ကွဲပြားသွားပြီး လူနှစ်ယောက် ဖြစ်သွားတာလို့ သူ မင်းကို ပြောပြတယ်မလား"

"အခု မင်းရဲ့ ကျင့်ကြံမှုအရဆိုရင် ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ဝိညာဉ်နတ်ဘုရားဆိုတာ ဘယ်လို တည်ရှိမှုမျိုးလဲဆိုတာ မင်း သိသင့်နေပြီ၊ အဲဒီအရှင်သခင်က ငါ့လိုလူကို တိုက်ခိုက်ရလောက်အောင် အဲဒီလောက်တောင် ပျင်းနေပါ့မလား "

လူတိုင်းမှာ နားစွင့်လိုက်ကြသည်။

ထိုနှစ်ယောက်၏ စကားဝိုင်းသည် သေချာပေါက် ဤလောက၏ ကြီးမားလှသော လျှို့ဝှက်ချက်တစ်ခု ဖြစ်ပေလိမ့်မည်

ဖန့်ချန်က လက်ကို ဝေ့ယမ်းလိုက်ပြီး တားမြစ်ချက်တစ်ခု ကို ချလိုက်ကာ အသံနှင့် မြင်ကွင်းကို ဖြတ်တောက်ပစ်လိုက်သည်။

"မင်း ပြောကြည့်ပါဦး၊ မင်း ပြောတာ ငါ့ကို ဆွဲဆောင်နိုင်ရင် မင်းကို ထွက်သွားခွင့်ပေးမယ်"

ဖန့်ချန်က ဆိုသည်။

"ငါနဲ့ ရှရွှမ်ကျိက အမှန်တော့ ငယ်ငယ်ကတည်းက ညီအစ်ကိုတွေပဲ၊ တစ်မိခင်တည်းက မွေးဖွားသူတွေ "

နဂါးစားဘုရင်က အသက်ရှင်ချင်လို့လား၊ ဒါမှမဟုတ် တခြားကြောင့်လား မသိပေမဲ့ ဖန့်ချန်ကို ပို၍ ထူးဆန်းသွားစေသည့် စကားကို စပြောလိုက်တော့သည်။

"တစ်မိခင်တည်းက မွေးဖွားသူ"

ဖန့်ချန်က နဂါးစားဘုရင်ကို အပေါ်အောက် အကဲခတ်လိုက်သည်။

"ဟုတ်တယ်၊ သူက အမေရဲ့ ဗိုက်ထဲမှာကတည်းက သေသွားခဲ့တာ၊ ဒါပေမဲ့ ဝိညာဉ်က ပဋိသန္ဓေ ပြန်မယူဘဲ ငါ့ခန္ဓာကိုယ်ထဲမှာ လာကပ်တွယ်နေခဲ့တာ"

နဂါးစားဘုရင်က ခေါင်းညိတ်လိုက်သည်

"ဒီကိစ္စကို ငါ လူငယ်ဘဝ ဝိညာဉ်ခွဲဖြာခြင်းအဆင့်ကို ရောက်တဲ့အချိန်မှာတင် သိခဲ့တာ"

"ဒါပေမဲ့ အဲဒီတုန်းက သူ့ရဲ့ ဝိညာဉ်ကြွင်းကျန်ကို ခွဲထုတ်ဖို့ ငါ့မှာ နည်းလမ်းမရှိဘူး၊ ဒါကြောင့် ငါ့ကိုယ်ပေါ်မှာပဲ ကပ်တွယ်နေတာကို လွှတ်ထားလိုက်ရတာ"

"နောက်ပိုင်း ငါ ဝိညာဥ်သိုင်းနယ်မြေ မှာ မသေမျိုးဘုရင် ဖြစ်လာတဲ့အခါ ဒီကိစ္စကို တဖြည်းဖြည်း မေ့သွားခဲ့တယ် ဘာပဲဖြစ်ဖြစ် သူကလည်း ငါ့ညီအစ်ကိုပဲလေ၊ ဝိညာဉ်ကြွင်းကျန်တစ်ခု ငါ့ဆီမှာ ကပ်နေတာ ဘာမှမဖြစ်ပါဘူး"

သူက ပြုံးလိုက်သည်

"နောက်ပိုင်းမှာ ငါ မိန်းကလေးတစ်ယောက်နဲ့ တွေ့ပြီး အတူနေဖို့ ဆုံးဖြတ်ခဲ့တယ် ဒါပေမဲ့ သူမရဲ့ နောက်ခံက အတော်လေး ထူးခြားနေတော့ အတားအဆီးအချို့ ကြုံခဲ့ရတယ်၊ လူအတော်များများက ငါ့ကို လိုက်သတ်ကြတယ်၊ အဲဒီထဲမှာ လွတ်လပ်သောမသေမျိုး တစ်ပါးလည်း ပါတာပေါ့"

"ငါ့ရဲ့ ဆွေမျိုးစုကတော့ အဲဒီအတွက်ကြောင့်ပဲ မျိုးပြုတ်သွားခဲ့ရတယ်၊ ငါလည်း ပြေးစရာ နေရာမရှိတော့ဘဲ နောက်ဆုံးအဆင့်အထိ တိုက်ပွဲဝင်ဖို့ပဲ ရှိတော့တယ် "

"အဲဒီတိုက်ပွဲမှာ ငါ သေတော့မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ မထင်မှတ်ဘဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လွတ်လပ်သောမသေမျိုး တစ်ဦးနဲ့ တွေ့ခဲ့တယ် သူက ငါ့ကို ကယ်တင်ခဲ့ရုံတင်မကဘဲ ငါ့ကိုယ်ထဲမှာ တခြားဝိညာဉ်တစ်ခု ရှိနေတာကို မြင်သွားပြီး ဒီအန္တရာယ်ကို ရှင်းထုတ်ပေးခဲ့တာ"

"ရှရွှမ်ကျိ ရှိနေတာက နောင်တစ်ချိန် ငါ လွတ်လပ်သောမသေမျိုး ဖြစ်လာဖို့အတွက် အဟန့်အတား ဖြစ်စေနိုင်တယ်လေ"

"ရှရွှမ်ကျိကတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ဝိညာဉ်နတ်ဘုရားက သူ့ကို ခိုးတိုက်ခဲ့လို့ သူ့ရဲ့ ဝိညာဉ်က နှစ်ခြမ်းကွဲသွားပြီး မင်း ပေါ်လာတာလို့ ပြောတယ်"

ဖန့်ချန်က ရယ်မောလိုက်သည်

"ငါကတော့ သူ့စကားကို ပိုယုံတယ်"

"သူ့အမြင်မှာတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လွတ်လပ်သောမသေမျိုးက ခိုးတိုက်ခဲ့တာလို့ မြင်မှာပေါ့ ဘာလို့လဲဆိုတော့ သူက အရင်တုန်းက တကယ့်အတွေးအခေါ် မရှိခဲ့ဘူး၊ ငါနဲ့ ခွဲထွက်သွားပြီးမှသာ ငါ့ရဲ့ မှတ်ဉာဏ်အချို့ကို ဆက်ခံခဲ့တာလေ"

နဂါးစားဘုရင်က အေးအေးဆေးဆေးပင်

"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါနဲ့ စုန့်ကျီလီက တစ်ဖွဲ့တည်း မဟုတ်ဘူး ငါ ဒီကို အပို့ခံရတာက ငါ့ရဲ့ ရည်ရွယ်ချက်နဲ့ငါပဲ၊ သွေးဝိညာဉ်ဆေးလုံး အတွက် မဟုတ်ဘူး"

"ဟွမ်ချန် သေပြီ၊ ဝမ်ချုန်းစန်း လည်း သေပြီ၊ မင်းက လီဝူဝမ့်ကိုတောင် အနိုင်ယူခဲ့ပြီဆိုတော့... ငါ စကားတစ်ခွန်းလောက် ပြောလိုက်တာနဲ့ မြေဝက်ဝံဂြိုဟ်ပေါ်က ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေ ငါနဲ့အတူ ဆုတ်ခွာသွားလိမ့်မယ်"

"မင်း လိမ်နေတုန်းပဲ ရှရွှမ်ကျိက ဝိညာဉ်ကြွင်းကျန်တစ်ခုပဲ ဆိုရင် အရင်တုန်းက သူ ငါ့လက်ထဲမှာ သေသွားတာကို ဘယ်လိုလုပ်ပြီး ပြန်ရှင်လာနိုင်မှာလဲ"

ဖန့်ချန်က မေးလိုက်သည်။

"အဲဒါကိုတော့ အဲဒီ ထူးခြားသူ ကိုပဲ သွားမေးလိုက်တော့ ရှရွှမ်ကျိက ဒီနှစ်တွေမှာ မြေဝက်ဝံဂြိုဟ်ကို လိုက်လာပြီး မဟာရှမှာ ပုန်းနေတာကို ငါမသိဘူးလို့ မင်းထင်နေတာလား"

"ငါ အရင်တုန်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းသား တစ်ယောက်ကို မင်းတို့ မဟာရှကို လွှတ်ခဲ့သေးတယ် ငါမှတ်မိသလောက် သူ့နာမည်က... ကူလုံစစ်သူကြီး လားပဲ လူမမည်လေး တစ်ယောက်ပါ ငါ အမည်မှားသွားရင်တောင် ငါ မင်းကို လိမ်နေတာ မဟုတ်ဘူး"

နဂါးစားဘုရင်က ဆိုသည်။

ဖန့်ချန်၏ မျက်လုံးများက လှုပ်ရှားသွားသည်။

ကူလုံစစ်သူကြီးက အရင်တုန်းက မဟာရှကို လာခဲ့တာက သူ့အတွက်လို့ ပြောခဲ့တာ။

ဒါပေမဲ့ ဒီနေ့ နဂါးစားဘုရင် ပြောတဲ့စကားတွေက ပိုပြီး လက်တွေ့ကျနေသလိုပဲ။

သူက ရှာရွှမ်ကျိကို သွားကြည့်တာလား၊ ဒါကြောင့်ပဲ သူက ရှကျီကို တပည့်အဖြစ် လက်ခံဖို့ အကွက်ချခဲ့တာလား

"ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေကတော့ တကယ်ကို ပါးစပ်က အမှန်တစ်ဝက်တောင် မပါဘူးပဲ မင်းတို့က အမှားအမှန်ကို ပြောင်းပြန်လှန်ဖို့နဲ့ တခြားသူတွေကို မကောင်းမှုလုပ်ဖို့ တိုက်တွန်းတဲ့နေရာမှာ အတော်ဆုံးပဲ"

ဖန့်ချန်က ရယ်မောလိုက်သည်

"မင်း ပြောတာတွေက အမှန်ပဲလို့ ငါ ယူဆပေးလိုက်မယ် ဒါပေမဲ့ မင်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေကို ခေါ်ပြီး ဆုတ်ခွာသွားမယ်ဆိုတာကိုတော့ ငါ မယုံသေးဘူး တည်နေရာပြောင်းရွှေ့ခြင်း အစီရင် ကို တစ်ခါသုံးဖို့က ကုန်ကျစရိတ် အများကြီး ရှိတယ်လေ မင်းတို့လူတွေက ကြယ်တာရာတွေလို အများကြီးကို ဘယ်လိုလုပ် အကုန် ခေါ်သွားနိုင်မှာလဲ "

"အကုန်လုံးတော့ မဟုတ်ပါဘူး၊ အထက်ပိုင်းသုံးဆင့် တွေပဲပေါ့ အောက်ပိုင်းလေးဆင့်နဲ့ အလယ်ပိုင်းသုံးဆင့်တွေကတော့... မင်းအတွက် အနှောင့်အယှက် ဖြစ်နိုင်လို့လား မင်း တစ်ဖြည်းဖြည်းချင်းပဲ ရှင်းပစ်လိုက်ပေါ့"

နဂါးစားဘုရင်က ရယ်မောလိုက်သည်

"မင်းကို အမှန်အတိုင်း ပြောရရင် ငါတို့ ပူးပေါင်းလို့ ရတယ်လေ ဒီကိစ္စက ပိုကြီးလေလေ စုန့်ကျီလီအတွက် ပိုဒုက္ခရောက်လေလေပဲ၊ ငါ့နောက်ကွယ်က လူကလည်း ပိုပျော်လေပေါ့ ငါတို့ကြားမှာ ရန်သူဖြစ်စရာ မလိုပါဘူး၊ သူငယ်ချင်းလည်း ဖြစ်နိုင်တာပဲ"

"ဒါဆို ဒီလိုလုပ်ရအောင်... နောက်တစ်လကြာလို့ မင်း မြေဝက်ဝံဂြိုဟ်မှာ ရှိနေသေးရင် ငါကိုယ်တိုင် မင်းကို လာရှာမယ်"

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

ထို့နောက် သူက တားမြစ်ချက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

နဂါးစားဘုရင်က ဒါကို မြင်သောအခါ ဘေးနားက ဧည့်သည်တော်နှစ်ဦးကို ခေါ်ပြီး ဟင်းလင်းပြင်ကို ခွဲကာ ထွက်ခွာသွားတော့သည်။

တခြားလူတွေကိုတော့ သူ ခေါ်မသွားခဲ့ပေ။

နဂါးစားဘုရင် ထွက်သွားသည်နှင့် ထျန်းယောင်နိုင်ငံ၏ ဖောက်ခွဲရေးဘုရင်သည် ယနေ့ အခြေအနေမှာ ထိန်းချုပ်မရတော့မှန်း ချက်ချင်း သဘောပေါက်သွားတော့သည်။

မိစ္ဆာစစ်တပ် သိန်းချီမှာလည်း အရင်ကကဲ့သို့ မောက်မာရိုင်းစိုင်းသည့် အရှိန်အဝါများ ပျောက်ကွယ်သွားပြီး အားလုံး ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြတော့သည်။

All Chapters