← Chapters

အခန်း (၁၁၃၃-၁၁၃၄)

Vol. 114 Ch. 1133-1134

အခန်း (၁၁၃၃-၁၁၃၄)

Vol. 114 Ch. 1133-1134

အခန်း (၁၁၃၃) တန့်ယင်တောင်

ယင်စိန့်ဂိုဏ်းဝင်များ အားလုံး စိတ်လှုပ်ရှားသွားကြပြီး နယဲ့ယွမ်ချန်ကို မကွာတမ်း စိုက်ကြည့်နေကြပါတယ်။

ထိုအကြည့်တွေက သူမကို ဝါးစားတော့မည့်အတိုင်းပင်၊ သူမခန္ဓာကိုယ်ထဲရှိ ထိုဘွဲ့နှင်းသတ်မှတ်ခြင်းကို ထုတ်ယူကြည့်ရှုချင်နေကြသယောင် ရှိပါတယ်။

"ယွမ်ချန်... ဒီဘွဲ့နှင်းသတ်မှတ်ခြင်းက... တကယ်တော့ ဘယ်ကနေ ရောက်လာတာလဲ..."

နယဲ့ချန်းခုန်း က သူ၏ ငွေရောင်ဆံပင်များကို ဘေးသို့ အမှတ်မထင် သပ်ချလိုက်ပြီး လည်ချောင်းထဲမှ ထွက်ပေါ်လာသော အသံမှာ တုန်ရီခြင်း အရိပ်အယောင်လေးပင် ပါဝင်နေပါတယ်။

သဲကန္တာရထဲတွင် လမ်းပျောက်နေသော ခရီးသည်တစ်ဦးက စစ်မှန်သော အိုအေစစ်ကို တွေ့လိုက်ရသည့်တိုင်း ၎င်းမှာ လွတ်မြောက်ရာလမ်းအတွက် တောင့်တမှုပင် ဖြစ်ပါတယ်။

ရှီကျဲက နယဲ့ချန်းခုန်းကို တစ်ချက် စိုက်ကြည့်လိုက်ပြီး

"ဒီလို ပုံစံကြီး မလုပ်ပါနဲ့၊ ယွမ်ချန်ကို လန့်သွားအောင် လုပ်နေတာလား"

ထို့နောက် သူက နယဲ့ယွမ်ချန်ကို ပြုံးပြုံးလေး ကြည့်ကာ

"ယွမ်ချန်လေးရေ... ရှီဘကြီးကို ပြောပြပါဦး မင်းရဲ့ ခန္ဓာကိုယ်ထဲက ဒီဘွဲ့နှင်းသတ်မှတ်ခြင်းက... ဘယ်သူ့လက်ကနေ ရောက်လာတာလဲ"

"ယွမ်ချန်... ငါတို့တွေက မင်းရဲ့ ဦးလေးတွေပါ မင်းကြီးလာတာကို စောင့်ကြည့်ခဲ့ကြတာ ဦးလေးတို့က မင်းကို အမြဲ အလိုလိုက်ခဲ့တာ မင်းသိပါတယ် ဟုတ်တယ်မလား"

ထိုနေရာရှိ အဆင့် ၁ လွတ်လပ်သောမသေမျိုးများက တစ်ယောက်တစ်ပေါက် ဝင်ပြောကြပါတယ်။

နယဲ့ယွမ်ချန် စိတ်ထဲတွင် သက်ပြင်းချနိုင်သွားပါတယ်။

ကြည့်ရသည်မှာ ယင်စိန့်ဂိုဏ်း၏ ဝိညာဥ်နတ်ဘုရားလမ်းစဉ်အပေါ် စွဲလန်းမှုမှာ သူမထင်ထားသကဲ့သို့ပင် ဖြစ်ပြီး ယန်ဟောက်ရန် စိုးရိမ်သကဲ့သို့ ဖြစ်မလာခဲ့ပေ။

"အဖေ၊ ရှီအကြီးအကဲ... သမီးက သခင်လေးနဲ့ တွေ့ပေးဖို့ ခေါ်လာတာပါ အခု ယင်လောကမှာ သခင်လေး တစ်ယောက်တည်းပဲ ဒီလမ်းစဉ်ကို တတ်ကျွမ်းတာပါ သခင်လေး တစ်ယောက်တည်းကပဲ ကျွန်မတို့ကို ဝိညာဥ်နတ်ဘုရားလမ်းစဉ်ထဲ ဝင်ရောက်ခွင့် ပေးနိုင်တာပါ"

နယဲ့ယွမ်ချန်က ပြုံး၍ ပြောပါတယ်။

"မင်းပြောတဲ့ ဒီသခင်လေး ဆိုတာက..."

နယဲ့ချန်းခုန်းနှင့် ရှီကျဲတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမူအရာမှာ အနည်းငယ် လေးနက်သွားပါတယ်။

ယင်လောကတွင် ဝိညာဥ်နတ်ဘုရားလမ်းစဉ်ကို တတ်ကျွမ်းသော လျှို့ဝှက်ဆန်းပြားသည့် ပုဂ္ဂိုလ်တစ်ဦး ရုတ်တရက် ပေါ်လာခြင်းကြောင့် သူတို့ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှု အနည်းငယ် ရှိလာပါတယ်။

ဒီလမ်းစဉ်က သာမန်မဟုတ်ပါဘူး။

သူတို့မျိုးနွယ်မှာ ရှေးယခင်ကတည်းက ဝိညာဥ်နတ်ဘုရား ထာဝရရှင်သန်ခြင်း ဒဏ္ဍာရီ ရှိခဲ့တာပါ။

စစ်မှန်သော နတ်ဘုရား များပင် သက်တမ်း ကန့်သတ်ချက် ရှိသော်လည်း ဝိညာဥ်နတ်ဘုရားများသာလျှင် စစ်မှန်သော ထာဝရရှင်သန်ခြင်းကို ရရှိနိုင်သည်ဟု ပြောစမှတ် ရှိပါတယ်။

သို့သော် ထိုလမ်းကြောင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လုံးဝ ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။

ထိုစဉ်က ဖြစ်ပျက်ခဲ့သော အပြောင်းအလဲမှာ ယင်လောကတင်မကဘဲ နတ်ဘုရားဘုံ ကိုပင် သက်ရောက်မှု ရှိခဲ့ပြီး ထိုအချိန်မှစ၍ တံခါးများ ပိတ်သွားခဲ့ခြင်း ဖြစ်ပါတယ်။

နယဲ့ယွမ်ချန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အမူအရာ ပြောင်းလဲသွားပြီး လူများ၏ နောက်ဘက်သို့ လက်အုပ်ချီ ဦးညွှတ်လိုက်ပါတော့တယ်

"ယွမ်ချန် သခင်လေးကို ဂါရဝပြုပါတယ်"

အားလုံး၏ အကြည့်များ လှုပ်ခတ်သွားပြီး လှည့်ကြည့်လိုက်ကြပါတယ်။

သူတို့သည် ပုံရိပ်တစ်ခုကို မြင်လိုက်ရပါတယ်။

ထိုပုံရိပ်မှာ အနည်းငယ် ပိန်ပါးပြီး အရပ်ရှည်ကာ စိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။

"ကြည့်ရတာ... ထူးထူးခြားခြား မရှိသလိုပဲ "

နယဲ့ချန်းခုန်းနှင့် ရှီကျဲတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်ဝန်းထဲတွင် သံသယများ ပြည့်နှက်နေပါတယ်။

"သခင်လေး... ဒါက ကျမရဲ့ အဖေ နယဲ့ချန်းခုန်းပါ၊ ယင်စိန့်ဂိုဏ်းရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ် ဒါကတော့ အကြီးအကဲ ရှီကျဲပါ၊ ကျန်တဲ့သူတွေကတော့ ကျမရဲ့ ဦးလေးတွေပါ"

နယဲ့ယွမ်ချန်က ဖန့်ချန်၏ အနားသို့ ခပ်သွက်သွက် လျှောက်သွားပြီး မိတ်ဆက်ပေးပါတယ်။

"အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြပါတယ်။

"အားနာစရာ... အားနာစရာပါ"

နယဲ့ချန်းခုန်းနှင့် ကျန်လူများက လက်အုပ်ချီ နှုတ်ဆက်ကြသော်လည်း သူတို့မျက်နှာမှာ ဝေခွဲမရဖြစ်နေကြပါတယ်။

"ဒီ... သခင်လေး ယွမ်ချန်က ပြောတယ် အရှင်က ဝိညာဥ်နတ်ဘုရားလမ်းစဉ်ကို တတ်ကျွမ်းတယ်ဆို၊ သူမဆီက ဘွဲ့နှင်းသတ်မှတ်ခြင်းကလည်း အရှင်ကိုယ်တိုင်ပဲ..."

နယဲ့ချန်းခုန်းက နယဲ့ယွမ်ချန် ပြောသည်ကို ကိုယ်တိုင် အတည်ပြုရန် ကြိုးစားရင်း အသံကို နှိမ့်ကာ သတိထား၍ စကားစလိုက်ပါတယ်။

သို့သော် စကားမဆုံးသေးခင်မှာပင် ပတ်ဝန်းကျင် ဟင်းလင်းပြင်ထဲ၌ မည်းမှောင်သော တိမ်တိုက်များ လိပ်တက်လာသည်ကို တွေ့လိုက်ရပါတယ်။

ဒါတွေက ကံကြမ္မာ တွေပါ။

သာမန် ယင်မိစ္ဆာတွေဆိုလျှင် အသုံးချဖို့ နေနေသာသာ စုပ်ယူဖို့တောင် အချိန်အကြာကြီး ပေးရမှာပါ။

ဒီလို မြင်ကွင်းမျိုးကတော့ ဧရာမ ယင်မိစ္ဆာကြီးတစ်ကောင် ဖြတ်သန်းသွားတဲ့ အခါမှာပဲ ရှိတတ်တာပါ။

နယဲ့ချန်းခုန်းက ချက်ချင်း စကားရပ်လိုက်ပြီး အားလုံးနှင့်အတူ မော့ကြည့်လိုက်ကြရာ သူတို့မျက်လုံးထဲတွင် လေးနက်မှုများ ပေါ်လာပါတယ်။

ဒီယင်မိစ္ဆာကြီးက လမ်းကြုံ ဖြတ်သွားတာလို့ပဲ ထင်ခဲ့တာပါ။

ဒါပေမဲ့ တစ်ဖက်လူက ဖန့်ချန်တို့ကို သတိပြုမိသွားပုံ ရပါတယ်။

ခဏလေးအတွင်းမှာပင် မည်းမှောင်သော တိမ်တိုက်ကြီးက လူများ၏ ဦးခေါင်းထက်မှာ ရပ်တန့်သွားပါတယ်။

ဒါဟာ တော်တော်လေးကို ရိုင်းစိုင်းတဲ့ လုပ်ရပ်ပါ။

နယဲ့ချန်းခုန်းနှင့် ရှီကျဲတို့ မျက်နှာ အေးစက်သွားပါတယ်။

သူတို့ နှစ်ယောက် ယင်လောကကို လာတဲ့အခါ သူတို့ရဲ့ အစွမ်းက အဆင့် ၂ ယင်မိစ္ဆာကြီးတွေနဲ့ အတူတူပါပဲ။

ပြီးတော့ ယင်စိန့်ဂိုဏ်းမှာလည်း ထူးခြားတဲ့ အမွေအနှစ်တွေ ရှိနေပါသေးတယ်။

သူတို့ သုံးနိုင်တဲ့ နည်းလမ်းတွေက သာမန် အောက်ဆင်းသူ တွေထက် အများကြီး ပိုများတာကြောင့် ဒီနေရာမှာ အတန်အသင့် အဆင့်အတန်း ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆထားကြတာပါ။

"လာတဲ့သူက ဘယ်သူလဲ၊ လမ်းကြုံတာဆိုရင်လည်း ထွက်သွားပါ၊ မိတ်ဟောင်းဆွေဟောင်းဆိုရင်လည်း ကိုယ်ထင်ပြပါ၊ အခုလို လုပ်တာက တော်တော်လေး ယဉ်ကျေးမှု မရှိတာပဲ"

ရှီကျဲက အေးစက်စက် ပြောလိုက်ပါတယ်။

"နယဲ့ချန်းခုန်း၊ ရှီကျဲ... ခဏလောက် မတွေ့တာနဲ့ မင်းတို့ရဲ့ အကျင့်က တော်တော်လေး တက်လာတာပဲ၊ စိတ်ဝင်စားဖို့ ကောင်းသားဟ"

မည်းမှောင်သော တိမ်တိုက်ထဲမှ ရယ်သံတစ်ခု ထွက်ပေါ်လာပါတယ်။

အားလုံး ခဏလောက် ကြောင်သွားကြပါတယ်။

တစ်ဖက်လူက အကြီးအကဲ နှစ်ယောက်ရဲ့ နာမည်ကို တန်းစီပြီး ခေါ်လိုက်တာကြောင့် သူတို့နဲ့ ရင်းနှီးတဲ့သူ ဖြစ်ရပါမယ်။

နယဲ့ချန်းခုန်းတို့ နှစ်ယောက်ကတော့ ဒီရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရတဲ့အခါ မျက်နှာပျက်သွားကြပါတယ်။

တစ်ဖက်လူက ဘယ်သူလဲဆိုတာ သူတို့ ခန့်မှန်းမိသွားပါပြီ။

ကံကြမ္မာတွေနဲ့ ဖွဲ့စည်းထားတဲ့ တိမ်မည်းကြီးက တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ဟင်းလင်းပြင်ထဲမှာတော့ မည်းမှောင်နေတဲ့ ယင်မိစ္ဆာ အုပ်စုကြီးကို တွေ့လိုက်ရပါတယ်။

ဒီယင်မိစ္ဆာတွေက ပုံစံအမျိုးမျိုးပါပဲ။

တချို့က ရှင်းရှန် လို စက္ကူရုပ် ပုံစံတွေ၊ တချို့ကတော့ မျက်နှာ စိမ်းပုပ်ပုပ်နဲ့ အစွယ်တွေ ထွက်နေကြပြီး ဒါဟာ ယင်သက်တမ်းတွေကို အလွန်အကျွံ လုယူထားတဲ့အတွက် မိစ္ဆာအသွင် ပြောင်းသွားတာ ဖြစ်ကြောင်း သိသာပါတယ်။

သူတို့ရဲ့ အငွေ့အသက်တွေကတော့ သာမန်ပါပဲ ယင်မိစ္ဆာကြီး အဆင့်ကို မရောက်ကြသေးပါဘူး။

ဒါပေမဲ့ အလယ်မှာတော့ ထူးခြားတဲ့ ယင်မိစ္ဆာ တစ်မျိုး ရှိပါတယ်။

ငှက်ကြီးတစ်ကောင်နဲ့ တူပေမဲ့ ကျောပေါ်မှာတော့ ရထားလုံးတစ်စီး တပ်ဆင်ထားပါတယ်။

ဒီရထားလုံးက အပေါ်က တင်ထားတာ မဟုတ်ဘဲ သူ့ရဲ့ အသားနဲ့ အရိုးတွေကနေ ဖြစ်တည်နေတာပါ။

ဒီငှက်ကြီးရဲ့ အငွေ့အသက်ကတော့ အဆင့် ၁ ယင်မိစ္ဆာကြီး အဆင့်ကို ရောက်နေပါပြီ။

ရထားလုံးထဲမှာတော့ ချောမောတဲ့ မျက်နှာရှိပြီး အေးစက်စက် အကြည့်တွေနဲ့ လူငယ်တစ်ယောက် ထိုင်နေပါတယ်။

သူက နယဲ့ချန်းခုန်းနဲ့ ရှီကျဲတို့ကို ပြုံးပြုံးလေး ကြည့်နေပေမဲ့ သူ့ဆီကနေ ထွက်ပေါ်လာတဲ့ အဆင့် ၂ ယင်မိစ္ဆာကြီးရဲ့ ဖိအား တွေကိုတော့ အလျှော့မပေးဘဲ ထုတ်လွှတ်ထားတာကြောင့် အားလုံး အသက်ရှူရ ခက်ခဲနေကြပါတယ်။

"တန့်ယင်တောင် ရဲ့ တောင်သခင်လေး ဖြစ်နေတာကိုး၊ ကျုပ်တို့ နှစ်ယောက် ခုနက ရိုင်းစိုင်းမိတာကို ခွင့်လွှတ်ပေးပါ တောင်သခင်လေး"

နယဲ့ချန်းခုန်းတို့ နှစ်ယောက်က ချက်ချင်းပဲ လက်အုပ်ချီ နှုတ်ဆက်လိုက်ကြပြီး အမူအရာမှာလည်း ရိုသေကိုင်းညွတ်သွားပါတယ်။

တန့်ယင်တောင်

ဖန့်ချန်၏ မျက်လုံးများ လှုပ်ခတ်သွားပါတယ်။

သူသည် ထိုက်ယင်နဂါးမင်း ထံမှ တန့်ယင်တောင် အကြောင်း ကြားဖူးသလို ရှိပါတယ်။

ထိုနေရာမှာလည်း ယင်မိစ္ဆာများ စုဝေးရာ နေရာတစ်ခုပင် ဖြစ်ပါတယ်။

ထို့ပြင် ကျန်းကွမ်မြို့ ထက် အများကြီး ပို၍ အင်အားကြီးမားပြီး ၎င်း၏ လက်အောက်တွင် ကျန်းကွမ်မြို့ကဲ့သို့သော မြို့ပေါင်း တစ်ရာကျော် ရှိပါတယ်။

ပြီးတော့ ဒီတန့်ယင်တောင်ရဲ့ တောင်သခင်ဟာ... အဆင့် ၄ ကျင့်ကြံခြင်း အဆင့် ရှိပုံရပါတယ်။

"သခင်လေး... တန့်ယင်တောင်ရဲ့ အင်အားက အရမ်းကြီးမားတယ်၊ ဒီပတ်ဝန်းကျင် မိုင်တစ်သိန်း အတွင်းမှာတော့... သူတို့က နံပါတ်တစ်ပဲ"

နယဲ့ယွမ်ချန်က တိုးတိုးလေး အသံလွှင့်ပြီး သတိပေးပါတယ်။

သူမမျက်နှာ လေးနက်နေသော်လည်း ယခုအခါ သူမသည် ဝိညာဥ်နတ်ဘုရားလမ်းစဉ်ထဲ ရောက်နေပြီး နောက်ခံရှိလာပြီ ဖြစ်သောကြောင့် အရင်ကဲ့သို့ တန့်ယင်တောင် အမည်ကို ကြားရုံနှင့် ခေါင်းကိုက်သွားတတ်သော ခံစားချက်မျိုးတော့ မရှိတော့ပေ။

"မင်းတို့ အောက်ဆင်းသူ နှစ်ယောက်က တန့်ယင်တောင်မှာ မနေဘဲ ဘာလို့ ဒီလောက် ဝေးတဲ့နေရာကို ရောက်နေရတာလဲ ဒီမှာ ဘာအရောင်းအဝယ်တွေ စောင့်နေလို့လဲ "

တောင်သခင်လေးက ရယ်ကျဲကျဲဖြင့် မေးပါတယ်။

သူတို့ နှစ်ယောက်ကတော့ အမှန်အတိုင်း မပြောဘဲ စကားလွှဲပြီး ဒီကိစ္စကို ကျော်သွားဖို့ ကြိုးစားကြပါတယ်။

ဒီတောင်သခင်လေးက လုပ်စရာရှိတာ သွားလုပ်ပြီး ဒီမှာ ကြာကြာ မနေဖို့ပဲ သူတို့ မျှော်လင့်နေကြတာပါ။

ဒါပေမဲ့ ဒီတောင်သခင်လေးကတော့ တစ်ခုခု ထူးခြားနေတာကို ရိပ်မိပုံရပြီး ထွက်သွားမယ့် အရိပ်အယောင် မရှိပါဘူး။ သူက ပြုံးပြီး ဆက်ပြောပါတယ်

"ငါ ကြားတာကတော့ ဒီနားက ကျန်းကွမ်မြို့မှာ လူကုံထံကြီး တစ်ယောက် ပေါ်နေတယ်ဆိုပဲ ယင်မိစ္ဆာတွေ အများကြီးတောင် သူ့လက်အောက် ဝင်ကုန်ကြတယ်တဲ့ အဖေက ဒီကိစ္စကို သိတော့ ငါ့ကို လွှတ်လိုက်တာ ကျန်းကွမ်မြို့က အဲဒီလူက ဘယ်လိုလူမျိုးလဲဆိုတာ ကြည့်ခိုင်းလိုက်တာ မင်းတို့လည်း... ကျန်းကွမ်မြို့ကို သွားမလို့ မဟုတ်လား "

"ကျန်းကွမ်မြို့ "

နယဲ့ချန်းခုန်းနှင့် ရှီကျဲတို့ မျက်နှာမှာ ဝေခွဲမရ ဖြစ်သွားကြပါတယ်။

ကြည့်ရသည်မှာ သူတို့သည် ကျန်းကွမ်မြို့ တည်ရှိမှုကို မကြားဖူးကြသေးပေ။

နယဲ့ယွမ်ချန်ကတော့ ရင်ထဲမှာ ထိတ်လန့်သွားပါတယ်။ တန့်ယင်တောင်က ကျန်းကွမ်မြို့ အကြောင်းကို သိသွားပြီလား

"အော်... မင်းသမီးလည်း ဒီမှာ ပါတာပဲ ငါ ပြီးခဲ့တဲ့ အခေါက်က ပြောတဲ့ အဆိုပြုချက်ကို အဖေက မင်းကို ပြောပြပြီးပြီလား မင်းတို့ အောက်ဆင်းသူတွေ ဖူထူနယ်မြေမှာ ကောင်းကောင်း နေချင်ရင် ငါတို့လို ယင်မိစ္ဆာတွေကို အားကိုးရမယ် ဆက်ဆံရေး ကောင်းအောင် လုပ်ရုံတင် မဟုတ်ဘူး၊ ဒီဆက်ဆံရေးကိုလည်း ထိန်းသိမ်းရမယ် မဟုတ်လား "

တောင်သခင်လေးက နယဲ့ယွမ်ချန်ကို ရုတ်တရက် မြင်သွားပြီး မျက်လုံးထဲမှာ အပြုံးတွေ ပိုများလာပါတယ်။

"ဘယ်အဆိုပြုချက်လဲ "

နယဲ့ယွမ်ချန် ခဏလောက် ကြောင်သွားပြီး နယဲ့ချန်းခုန်းကို လှည့်ကြည့်လိုက်ပါတယ်။

အခန်း (၁၁၃၄) တော်တော်လေး ရူးသွပ်တာပဲ

နယဲ့ချန်းခုန်းက မျက်နှာတွင် အပြုံးများဖြင့်

"တောင်သခင်လေးရဲ့ အဆိုပြုချက်ကို ကျုပ် စဉ်းစားနေတုန်းပါ နောက်ထပ် အချိန်အနည်းငယ်ကြာရင် တောင်သခင်လေးကို ပြန်အကြောင်းကြားပါ့မယ်"

တောင်သခင်လေး၏ မျက်နှာမှာ ချက်ချင်းပင် တည်သွားပြီး အေးစက်စက် ပြောလိုက်ပါသည်

"မင်းကို အချိန်ပေးခဲ့တာ နှစ်အတော်ကြာပြီ၊ ဘာလို့ စဉ်းစားနေတုန်းလဲ ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်စမ်းပါ ငြင်းမယ်ဆိုရင်တောင် ငါ မင်းကို အပြစ်မတင်ပါဘူး"

"အဖေ... ဘယ်လို အဆိုပြုချက်လဲ"

နယဲ့ယွမ်ချန်၏ အမူအရာ လေးနက်သွားပါသည်။

"အော်... သူက မင်းကိုတောင် မမေးရသေးဘူးလား ကြည့်ရတာ သူက ငါ့အဆိုပြုချက်ကို စိတ်ထဲမထားဘူး ထင်တယ်"

တောင်သခင်လေးက သက်ပြင်းချဟန်ပြုရင်း နယဲ့ယွမ်ချန်ကို ရိုးသားတည်ငြိမ်သော အကြည့်ဖြင့် ကြည့်ကာ

"ငါက မင်းကို ယင်ကြင်ယာတော် အဖြစ် သိမ်းပိုက်ချင်တာ မင်းက အောက်ဆင်းသူ ဖြစ်ပေမဲ့ ပါရမီလည်း မဆိုးဘူး ငါ့ရဲ့ မိန်းမဖြစ်ဖို့ အရည်အချင်းရှိတယ် မင်း ဘယ်လိုသဘောရလဲ "

နယဲ့ယွမ်ချန် ခဏမျှ မှင်တက်သွားပါသည်။

တစ်ဖက်လူက သူမကို ကြံစည်နေခြင်းကိုး။

မအံ့ဩပါတော့ပါဘူး ပြီးခဲ့သည့် ရက်များက နယဲ့ချန်းခုန်းက သူမကို မှာကြားခဲ့သည်၊ ဒီရက်ပိုင်း အောက်မဆင်းဖို့နှင့် အကယ်၍ ဆင်းမည်ဆိုလျှင်လည်း တန့်ယင်တောင်ကို ရှောင်သွားရန် သတိပေးခဲ့ခြင်း ဖြစ်ပါသည်။

အဖြစ်မှန်က ဤသို့ကိုး

ယင်စိန့်ဂိုဏ်းမှ ကျင့်ကြံသူများသည် အခြေခံအားဖြင့် တန့်ယင်တောင် ဝန်းကျင်တွင် လှုပ်ရှားကြသဖြင့် ထိုတောင်သခင်လေး၏ စရိုက်ကို ကောင်းကောင်း သိကြပါသည်။

တစ်ဖက်လူ သဘောကျသွားသည့်သူဆိုလျှင် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ တန့်ယင်တောင်အတွင်းတွင် ရှိနေသရွေ့ လက်လွတ်စတမ်း မရှိခဲ့ပေ။

တခြားနေရာများမှ လာသော အောက်ဆင်းသူ အမျိုးသမီး ကျင့်ကြံသူ အတော်များများလည်း သူ၏ မိန်းမများ ဖြစ်ခဲ့ကြဖူးပါသည်။

နယဲ့ယွမ်ချန်၏ မျက်နှာမှာ တဖြည်းဖြည်း ကြည့်မကောင်း ဖြစ်လာပါသည်။

သူမသည် ဖန့်ချန်၏ ဘေးတွင် ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ရပ်နေမိပါသည်။

"နယဲ့ယွမ်ချန်... ဘာလို့ ငါ့ကို ပြန်မဖြေတာလဲ"

တောင်သခင်လေးက ရယ်ကျဲကျဲဖြင့် မေးရင်း သူ၏ အကြည့်မှာ ဖန့်ချန်ထံသို့ အမှတ်မထင် ရောက်သွားပါသည်။

ဖန့်ချန်၏ အငွေ့အသက်မှာ သာမန် ယင်မိစ္ဆာများနှင့် မတူသည်ကို သူ သတိပြုမိသွားပါသည်။

"ဒီလူကလည်း မင်းတို့ ယင်စိန့်ဂိုဏ်းက ကျင့်ကြံသူပဲလား ငါ တစ်ခါမှ မမြင်ဖူးပါလား၊ မင်းက သူနဲ့ ဒီလောက်တောင် ရင်းနှီးနေတာဆိုတော့ မင်းတို့က အဖော် တွေများ ဖြစ်နေပြီလား "

တောင်သခင်လေးက ပြုံးစစဖြင့် မေးလိုက်ပါသည်။

နယဲ့ချန်းခုန်းနှင့် ရှီကျဲတို့၏ မျက်လုံးများ လှုပ်ခတ်သွားပြီး ဖန့်ချန်ကို တိတ်တဆိတ် အကဲခတ်လိုက်ကြပါသည်။

"တကယ်လို့ ဒီလူက တန့်ယင်တောင်ကိုတောင် မဖြေရှင်းနိုင်ဘူးဆိုရင် သူ ယွမ်ချန်ကို ပေးထားတဲ့ ဘွဲ့နှင်းသတ်မှတ်ခြင်းက ပြဿနာရှိနိုင်တယ် စစ်မှန်တဲ့ ဝိညာဥ်နတ်ဘုရားလမ်းစဉ် မဟုတ်တာလည်း ဖြစ်နိုင်တယ်"

ရှီကျဲက အသံလွှင့်၍ ပြောလိုက်ပါသည်။

နယဲ့ချန်းခုန်းကတော့ ဘာမှပြန်မပြောဘဲ ငြိမ်နေပါသည်။

သူ၏ ထိုသို့သော အမူအရာကြောင့် တောင်သခင်လေးမှာ သူ၏ ခန့်မှန်းချက်ကို ပို၍ ယုံကြည်သွားပုံ ရပါသည်။

သူက ဖန့်ချန်ကို ရယ်ကျဲကျဲဖြင့် ကြည့်ကာ

"နယဲ့ယွမ်ချန်က လူ့လောကမှာ မင်းရဲ့ အဖော်ဖြစ်ပြီး၊ ယင်လောကကို ရောက်လာရင်တော့ ငါ့ရဲ့ ယင်ကြင်ယာတော် ဖြစ်မှာပေါ့ ဒါက ဘာမှ မဆန့်ကျင်ပါဘူး မင်းရော... ဘယ်လို သဘောရလဲ "

"မင်း ကစားတတ်တာပဲ"

ဖန့်ချန်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်ပါသည်။

တောင်သခင်လေး၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အကြည့်များက တဖြည်းဖြည်း ရက်စက်လာကာ

"ဒီလိုဆိုတော့ မင်းက သဘောမတူဘူးပေါ့ နောက်ပိုင်းမှာ ယင်စိန့်ဂိုဏ်း ဖူထူနယ်မြေမှာ ခြေကုပ်ယူစရာ နေရာမရှိတော့မှာကို မကြောက်ဘူးလား ယင်လောကသွားတယ်ဆိုတာ မင်းတို့ရဲ့ အသက်သွေးကြော မဟုတ်လား"

"အော်... မင်းတို့ရဲ့ တန့်ယင်တောင်က ယင်လောကငယ် ရဲ့ ကိစ္စတွေကိုတောင် စွက်ဖက်နိုင်လို့လား"

ဖန့်ချန်က အံ့ဩဟန်ဖြင့် မေးလိုက်ပါသည်။

ယင်လောကငယ်

တောင်သခင်လေး ခဏမျှ ကြောင်သွားပြီးနောက် တဟားဟား ရယ်မောလိုက်ပါသည်

"စွက်ဖက်လို့ မရဘူးလို့ ဘယ်သူပြောလဲ၊ ငါတို့တွေ ယင်လောကငယ်ကို သွားလို့မရပေမဲ့ အဆက်အသွယ်တော့ ရှိပါတယ် ယင်လောကငယ်က ကောင်တွေက တန့်ယင်တောင်ကို မလာနိုင်ဘူးလို့ မင်းထင်နေသလား မင်းတို့ ကျင့်ကြံသူတွေတောင် လူ့လောကကနေ ဒီကို ဆင်းလာနိုင်တာပဲ မဟုတ်လား"

အရင်က မယ်တော်စီ ပြောဖူးသည်မှာ သူ၏ ယင်လောကငယ်တွင် လူရှိသည်ဟု ဆိုပါသည်။

ယခု တောင်သခင်လေး ပြောသည်မှာ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ဖန့်ချန်ကတော့ ထိုသူသည် ယင်လောကငယ်မှ သတင်းရင်းမြစ်အချို့ကို တကယ်ပင် ရရှိထားသည်ဟု ယူဆလိုက်ပါသည်။

ဒီတစ်ခေါက်မှာ ဝိညာဥ်နတ်ဘုရားဂိုဏ်း ကို အမြစ်ပြတ်အောင် သုတ်သင်ရုံတင်မကဘဲ ဒီကိစ္စကိုလည်း တစ်ခါတည်း ရှင်းပစ်ရမည်။

နယ်မြေနှစ်ခုကြားတွင် ဟာကွက်များ ရှိနေသည်။

ထိုဟာကွက်များကို ပိတ်ပစ်လိုက်ပြီး ဖူထူနယ်မြေသို့ သွားရာတံတားကိုလည်း ပိတ်ပစ်ရမည်။

သို့မှသာ နယ်မြေနှစ်ခုကို လုံးဝ ခွဲခြားထားနိုင်မည် ဖြစ်သည်။

"တောင်သခင်လေး... ကျုပ်ကြားတာတော့ အခုတလော ယင်လောကငယ်ရဲ့ အခြေအနေတွေက ပြောင်းလဲနေတယ်ဆို၊ အဲဒီကိစ္စကို တောင်သခင်လေး ဘယ်လို မြင်ပါသလဲ "

ဖန့်ချန်က မေးလိုက်ပါသည်။

"ဟုတ်ပါတယ်၊ ကျုပ်တို့ ယင်စိန့်ဂိုဏ်းက ကျင့်ကြံသူ တော်တော်များများလည်း ယင်လောကငယ်မှာ လှုပ်ရှားရတာ ကန့်သတ်ခံနေရတယ် တောင်သခင်လေးမှာ နည်းလမ်းရှိသလား "

နယဲ့ချန်းခုန်းက ရုတ်တရက် ဝင်ပြောပါသည်။

"ယင်လောကငယ်က ယင်ချောင်စီဌာန ရဲ့ လက်ဝဲဘက် အရာရှိ လျိုရွှမ် ဆိုတာကို မင်းတို့ ကြားဖူးသလား "

တောင်သခင်လေးက အသာအယာ ရယ်မောကာ

"ငါတို့တွေ မိသားစု ဖြစ်သွားပြီဆိုရင် နောက်ပိုင်းမှာ မင်းတို့ ယင်စိန့်ဂိုဏ်းက ဘာအခက်အခဲပဲရှိရှိ လျိုရွှမ်ကို သွားရှာလိုက် ငါ့ရဲ့ အမိန့်လို့သာ ပြော သူက မင်းတို့အတွက် အားလုံး စီစဉ်ပေးလိမ့်မယ်"

"ယင်ချောင်စီဌာန လက်ဝဲအရာရှိ လျိုရွှမ် "

နယဲ့ချန်းခုန်း အံ့ဩသွားပြီး ရှီကျဲနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါသည်။

ဒီလျိုရွှမ်၏ ကျင့်ကြံခြင်းအဆင့်မှာ လူ့လောကတွင် မသေမျိုးဘုရင် အဆင့်နှင့်သာ ညီမျှသော်လည်း ၎င်းမှာ ယင်လောကငယ် ဖြစ်နေပါသည်။

ဤသို့သော တိုက်ခိုက်ရေးစွမ်းအားမှာ အထွတ်အထိပ်ပင် ဖြစ်ပြီး ကြီးမားသော အာဏာကိုလည်း ဆုပ်ကိုင်ထားသူ ဖြစ်ပါသည်။

ဒီအတောအတွင်း ယင်လောကငယ်၏ အခြေအနေမှာ လှုပ်ခတ်နေသော်လည်း ယခုအခါ တည်ငြိမ်စပြုနေပြီ ဖြစ်သည်။

ယင်ချောင်စီဌာနမှာ ယခင်နှင့်မတူဘဲ ဆုတ်ယုတ်မှုမှ ပြန်လည် နိုးထလာနေပြီး အရှိန်အဝါ အလွန်ကြီးမားနေပါသည်။

လက်ဝဲအရာရှိ လျိုရွှမ်၏ အာဏာမှာ ပို၍ ကြီးမားလာရာ သူနှင့် ဆက်သွယ်မှု ရရှိမည်ဆိုလျှင် ယင်စိန့်ဂိုဏ်း ကျင့်ကြံသူများသည် မြို့ငယ်လေးအချို့တွင်သာ ကန့်သတ်မနေတော့ဘဲ ပိုကြီးသော မြို့ကြီးများသို့ သွားနိုင်မည် ရှန်းကျင်းမြို့တွင်ပင် ခြေကုပ်ယူနိုင်မည် ဖြစ်သည်။

"လျိုရွှမ်..."

ဖန့်ချန်က စဉ်းစားမိသွားပါသည်။

တုယွန်းရွှီ က ထိုသူတွင် မသင်္ကာစရာများ ရှိကြောင်း စုံစမ်းတွေ့ရှိထားသော်လည်း သူသည် တန့်ယင်တောင်နှင့် ပတ်သက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဘယ်လိုလဲ ဒါက မင်းတို့ ဂိုဏ်းရဲ့ အရေးကြီးတဲ့ ကိစ္စပဲ ငါက ကျန်းကွမ်မြို့ကို သွားဖို့ လောနေတာ မင်းတို့နဲ့ ဒီမှာ အချိန်အကြာကြီး ဖြုန်းမနေနိုင်ဘူး ပြန်ဖြေတော့"

တောင်သခင်လေးက အေးစက်စက် ပြောလိုက်ပါသည်။

သူ၏ လက်အောက်မှ ငှက်ကြီးမှာလည်း စိတ်မရှည်သကဲ့သို့ ဖြစ်ကာ ပါးစပ်မှ မည်းမှောင်သော မြူခိုးများကို မှုတ်ထုတ်လိုက်ပါသည်။

ထိုမြူခိုးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေါင်း ထောင်သောင်းချီ၍ ပေါ်လာပြီး စူးရှစွာ အော်ဟစ်နေကြပါသည်။

ဒီငှက်က ယင်မိစ္ဆာ ဘယ်လောက်တောင် ဝါးမြိုထားတာလဲ

ရှီကျဲတို့ ရင်ထဲတွင် ထိတ်လန့်သွားကြပါသည်။

ဒီငှက်သည် မူလက လူသားတစ်ဦး ဖြစ်ခဲ့ပြီး ယင်မိစ္ဆာများကို အလွန်အကျွံ ဝါးမြိုခဲ့ရာမှ ဤသို့သော မိစ္ဆာအသွင် ပြောင်းသွားခြင်း ဖြစ်နိုင်သည်ဟုပင် သံသယ ဝင်မိကြပါသည်။

"မင်း ကျန်းကွမ်မြို့ကို ဘာသွားလုပ်မလို့လဲ"

ဖန့်ချန်က မေးလိုက်ပါသည်။

တောင်သခင်လေးက ဖန့်ချန်ကို စေ့စေ့ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်ပါသည်

"ဒါက မင်းမေးရမယ့် ကိစ္စလား"

စကားခဏ ရပ်လိုက်ပြီး

"ငါ စိတ်ပြောင်းသွားပြီ၊ ဒီနှစ်ယောက်စလုံးကို ငါ့ရဲ့ ယင်ကြင်ယာတော်အဖြစ် သိမ်းပိုက်မယ်"

သူက နယဲ့ယွမ်ချန်နှင့် ဖန့်ချန်ကို ညွှန်ပြကာ မိစ္ဆာဆန်စွာ ရယ်မောလိုက်ပါသည်

"အဖော်နှစ်ယောက်စလုံးက ငါ့ကို အတူတူ ပြုစုပေးမယ်ဆိုတာကို တွေးကြည့်ရုံနဲ့တင် တော်တော်လေး ဇိမ်ကျမှာပဲ "

နယဲ့ချန်းခုန်းနှင့် ကျန်လူများ မျက်နှာပျက်ကုန်ကြပါသည်။

"တော်တော်လေး ရူးသွပ်တာပဲ"

ဖန့်ချန်က မနေနိုင်ဘဲ ရေရွတ်လိုက်ပါသည်။

ချက်ချင်းပင် သူ၏ ခြေထောက်အောက်တွင် ရွှမ်ဖျင့် နဂါးနှစ်ကောင် ပေါ်လာပြီး သူ၏ ဝတ်စုံမှာလည်း ငရဲမင်း စစ်ဝတ်စုံအဖြစ် ပြောင်းလဲသွားကာ ရင်ဘတ်နှင့် ပုခုံးနှစ်ဖက်တွင် နဂါးခေါင်းများ ထွက်ပေါ်လာပါသည်။

(ရွှမ်ဖျင့်က နဂါးနဲ့တူတဲ့ သားရဲပါ)

ခဏလေးအတွင်းမှာပင် ဖန့်ချန်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ဖိအားများကြောင့် နယဲ့ချန်းခုန်းနှင့် ကျန်လူများ နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရပါသည်။

အပေါ်မှ ယင်မိစ္ဆာ အုပ်စုကြီးမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ထိုရထားငှက်ကြီးမှာလည်း ဆိုးသွမ်းခြင်း မပြုရဲတော့ဘဲ ပါးစပ်ကို ပိတ်ကာ မြူခိုးများ မမှုတ်ထုတ်ရဲတော့ပေ။

ဓားအလင်းတစ်ချက် လက်ခနဲ ဖြစ်သွားသည်။

ရထားငှက်ကြီးနှင့် တောင်သခင်လေးမှာ နှစ်ပိုင်း ပြတ်သွားပြီး သူတို့ကိုယ်ပေါ်မှ ယင်စွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီးကြားသို့ ပြန်လည် ပျံ့နှံ့သွားပါတော့သည်။

ထိုဓားအလင်း၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများမှာ မရပ်တန့်သေးဘဲ လှိုင်းလုံးများကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားရာ ယင်မိစ္ဆာ အစေခံ တစ်ထောင်ကျော်တို့မှာ ထိုရိုက်ခတ်မှုအတွင်း၌ပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြပါသည်။

ခဏလေးအတွင်းမှာပင် တန့်ယင်တောင် တောင်သခင်လေးနှင့် အဖွဲ့မှာ လုံးဝ ပျောက်ကွယ်သွားပါတော့သည်။

ဒါဟာ လုံးဝ သေဆုံးသွားခြင်း ဖြစ်ပါသည်။

သံသရာထဲသို့ မဝင်နိုင်တော့ဘဲ ကောင်းကင်နှင့် မြေကြီးကြား၌ ပျော်ဝင်သွားခြင်းပင်။

နယဲ့ချန်းခုန်းနှင့် ရှီကျဲတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖန့်ချန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်မိကြပါသည်။

ထိုစဉ် ဖန့်ချန်မှာ ယခင်အတိုင်း ပြန်ဖြစ်နေပြီး သူ၏ကိုယ်ပေါ်တွင် မည်သည့် သတ်ဖြတ်ခြင်း အငွေ့အသက်မှ မရှိတော့ပေ။

သို့သော် ခုနက မြင်ကွင်းမှာ သူတို့နှစ်ဦးကို တကယ်ပင် လန့်သွားစေပါသည်။

တန့်ယင်တောင် တောင်သခင်လေး၏ အစွမ်းမှာ သူတို့ထက် မနိမ့်ပါဘူး။

ဒါကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ...

ရှေ့ကလူက အဆင့် ၃ ကျင့်ကြံသူများလား

"နှစ်ယောက်စလုံး... ဝိညာဥ်နတ်ဘုရားလမ်းစဉ်ကို လိုချင်ကြတာ မဟုတ်လား"

ဖန့်ချန်က သူတို့နှစ်ဦးကို ကြည့်ကာ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်ပါတော့သည်။

All Chapters