← Chapters

အခန်း (၁၁၃၇-၁၁၃၈)

Vol. 114 Ch. 1137-1138

အခန်း (၁၁၃၇-၁၁၃၈)

Vol. 114 Ch. 1137-1138

အခန်း (၁၁၃၇) အပြစ်ကို အကျိုးပြုခြင်းဖြင့် ဆေးကြောခြင်း

ချီထျန်းရန်၏ စကားကို ကြားလိုက်ရသောအခါ လျိုရွှမ်၏ မျက်နှာတွင် ချက်ချင်းပင် ဝေခွဲမရသော အမူအရာ ပေါ်လာသည်

"ဌာနမှုး... ခင်ဗျား ဘာကို ဆိုလိုတာလဲ ကျနော်သာ ဖူထူနယ်မြေနဲ့ ဆက်သွယ်မယ့် တံတားကို ဖွင့်ခဲ့မယ်ဆိုရင် တရားသူကြီးဌာနဘက်ကလည်း ချက်ချင်း သိမှာပေါ့ သူတို့လက်ထဲမှာ တရားသူကြီးရဲ့ အကောင်းအဆိုးမှတ်တမ်း ရှိနေတာပဲ၊ ကျနော်တို့ရဲ့ သွားလာမှုတွေက သူတို့မျက်စိကနေ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ"

"မင်းက ပုံမှန်လမ်းကြောင်းကနေ ဖူထူနယ်မြေကို သွားတာ မဟုတ်တာ သေချာတယ်လေ၊ လောကနှစ်ခုကြားမှာ ဘယ်သူမှမသိတဲ့ လမ်းကြားလေးတွေ ရှိနေပါသေးတယ်"

ချီထျန်းရန်က သက်ပြင်းကို ခပ်ဖွဖွချလိုက်သည်

"ဒီနေ့ ငါ မင်းကို ဒီလိုမေးတယ်ဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ အလုံအလောက် ရထားလို့ပဲ၊ မင်း အမှန်အတိုင်းပဲ ပြောပါတော့ အကယ်၍ ကိစ္စက သိပ်မကြီးဘူးဆိုရင် ငါ မင်းအတွက် အသနားခံပေးပါ့မယ်"

"ဌာနမှုး... လျိုရွှမ်က ဖူထူနယ်မြေကို ခိုးသွားခဲ့တယ် ဆိုရင်တောင် ဒါက ကိစ္စကြီးတစ်ခု မဟုတ်ဘူးမလား သူသာ ယင်မိစ္ဆာတွေကို ဒီဘက်ခေါ်မလာခဲ့ရင် ဥပဒေကို ချိုးဖောက်တာ မဟုတ်ပါဘူး"

ကျန်းကောင်းက ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။

လျိုရွှမ်နှင့် သူသည် ချီထျန်းရန်၏ ရင်းနှီးသော လက်အောက်ငယ်သားများ ဖြစ်ကြသည်၊ ယင်ချောင်စီဌာနတွင် အတူတကွ ဒုက္ခခံလာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ရာ ချီထျန်းရန်က ဘာကြောင့် ထိုကဲ့သို့သော ကိစ္စသေးသေးလေးအတွက် လျိုရွှမ်ကို အပြစ်တင်နေရသနည်း ဤအချက်က ကျန်းကောင်းကို နှုတ်ခမ်းမရှိရင် သွားတွေ အေးရသလို (မိတ်ဆွေတစ်ယောက် ဒုက္ခရောက်ရင် ကိုယ်ပါ ဒုက္ခရောက်နိုင်သည်) ခံစားရစေသဖြင့် လျိုရွှမ်အတွက် မနေနိုင်ဘဲ ဝင်ပြောပေးမိခြင်း ဖြစ်သည်။

"ဖူထူနယ်မြေကို ခိုးသွားတာက အရင်တုန်းကတော့ ကိစ္စကြီး မဟုတ်တာ မှန်ပါတယ်၊ ဒါပေမဲ့ အခု ယင်လောကငယ်က အရင်နဲ့ မတူတော့ဘူး"

ချီထျန်းရန်က သက်ပြင်း ထပ်ချလိုက်သည်

"ယင်လောကငယ်က တစ်နေ့ထက်တစ်နေ့ စည်ကားလာသလို ဌာနသစ် သုံးခုလည်း ထပ်တိုးလာတယ်အဲဒီထဲက ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ဇောင်ယင်းဌာနကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က လူ့လောကက ဝိညာဉ်နတ်ဘုရားဂိုဏ်း ကို ရင်ဆိုင်ဖို့ပဲ"

သူက ခဏရပ်ကာ

"ယင်လောကငယ်ထဲမှာတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လက်ကျန်တွေကို အကုန်နီးပါး ရှင်းထုတ်ပြီးပြီ၊ ငါးစာလေးတွေ ကျန်နေရင်တောင် ဘာမှ အရာမရောက်တော့ဘူး ဒါပေမဲ့ ဖူထူနယ်မြေဘက်မှာတော့... ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အင်အားက သစ်ပင်အိုကြီးရဲ့ အမြစ်တွေလိုပဲ နက်နက်ရှိုင်းရှိုင်း ရှိနေတုန်းပဲ"

"ငါ စစ်ဆေးကြည့်ပြီးပြီ လျိုရွှမ်... မင်း ဒီအတောအတွင်း ကိုယ်တိုင် ရာထူးတိုးပေးခဲ့တဲ့ အရာရှိ အရေအတွက်ဟာ ၂,၃၁၉ ယောက် ရှိတယ်"

ချီထျန်းရန်က ခပ်အေးအေး ပြုံးလိုက်သည်

"ဒီအထဲမှာသာ ဝိညာဉ်နတ်ဘုရားဂိုဏ်းကလူတွေ ပါနေခဲ့ရင် ငါတို့ ယင်ချောင်စီဌာနကတော့ ပြဿနာ အကြီးကြီး တက်ပြီလို့ မင်း မထင်ဘူးလား "

"ဌာနမှုး... ယင်ချောင်စီက ပြန်လည် နိုးထလာဖို့ နေရာအနှံ့မှာ ဌာနခွဲတွေ ထောင်ရမယ်၊ ကျနော်တို့နဲ့ ရင်းနှီးတဲ့ အရာရှိတွေကို ရာထူးတိုးပေးရမယ် ဆိုတာကတော့ ငြင်းစရာ မရှိပါဘူး၊ အရေးကြီးတဲ့ ရာထူးတွေကို တခြားဌာနတွေကိုပဲ အကုန် ပေးထားလို့မှ မရတာ"

လျိုရွှမ်က မျက်မှောင်ကြုတ်ကာ

"ဒါ့အပြင် တခြားဌာနက အရာရှိတွေ လုပ်နေတာတွေကရော ကျနော်နဲ့ ဘာကွာလို့လဲ ဇောင်ယင်းဌာန၊ ဝိညာဉ်သုတ်သင်ရေးဌာန၊ သိုင်းနတ်ဘုရားဌာနတွေမှာဆိုရင် အရင်က သာမန် လေလွင့်ဝိညာဉ်တွေပဲ ဖြစ်ခဲ့တဲ့လူတွေတောင် အခု ရာထူးကြီးတွေ ရနေကြတာပဲ၊ ကြားရသလောက်တော့ တချို့ဆို သာမန် စစ်သားလေးတွေကနေ တက်လာတာတဲ့၊ သူတို့က ဘာတွေ သိမှာမို့လို့လဲ..."

"ပါးစပ်ပိတ်စမ်း "

ချီထျန်းရန်က ရုတ်တရက် ငေါက်လိုက်သည်။

လျိုရွှမ်နှင့် ကျန်းကောင်းတို့၏ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။

"အဲဒီ ဝိညာဉ်တွေက ဖန့်လူကြီးမင်းရဲ့ လူ့လောကက ရင်းနှီးတဲ့လူတွေပဲ၊ သူတို့ အခုလို ရာထူးကြီးကြီး ရနေတာက ဖန့်လူကြီးမင်းရဲ့ ဆန္ဒပဲ"

ချီထျန်းရန်က တည်ငြိမ်စွာ ပြောလိုက်သည်

"မင်းလို အဆင့်နိမ့် အရာရှိတစ်ယောက်က ဝေဖန်စရာ အကြောင်းမရှိဘူး၊ ဒါ့အပြင် သူတို့က နောက်ကြောင်းစင်ကြယ်တဲ့သူတွေ၊ ဒီအချက် တစ်ခုတည်းနဲ့တင် မင်း ရာထူးတိုးပေးတဲ့သူတွေနဲ့ လုံးဝ ကွာခြားသွားပြီ"

လျိုရွှမ်က အနည်းငယ် စိတ်ဆိုးသွားသည်

"ကျနော် ရာထူးတိုးပေးတဲ့သူတွေကရော ဘာဖြစ်လို့ နောက်ကြောင်း မစင်ကြယ်ရမှာလဲ "

"ငါ စစ်ဆေးကြည့်ပြီးပြီ၊ အခုဆိုရင် လူပေါင်း နှစ်ရာကျော်က သူတို့ဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေ ဖြစ်ကြောင်း ဒါမှမဟုတ် လူ့လောကမှာ သူတို့အတွက် အလုပ်လုပ်ပေးခဲ့ကြောင်း ဝန်ခံထားပြီးပြီ၊ တချို့ဆိုရင် ရှေးယခင်ကတည်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းဆီ ခိုလှုံခဲ့တဲ့ အရာရှိဟောင်းတွေပဲ"

ဖန့်ချန်က ခန်းမထဲသို့ လျှောက်ဝင်လာပြီး အဓိကထိုင်ခုံတွင် တိုက်ရိုက်ဝင်ထိုင်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

ချီထျန်းရန် အပါအဝင် သုံးဦးစလုံး မျက်နှာပျက်သွားကြပြီး အမြန်ပင် လက်အုပ်ချီ၍ အလေးပြုလိုက်ကြပါသည်။

လျိုရွှမ်က ထိတ်လန့်တုန်လှုပ်သွားသည်

"ဝိညာဉ်နတ်ဘုရားဂိုဏ်း မဖြစ်နိုင်တာ... သူတို့က..."

"သူတို့က တန့်ယင်တောင် တောင်သခင်လေးက မင်းကို ရာထူးတိုးပေးဖို့ ခိုင်းတဲ့လူတွေလား "

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

လျိုရွှမ်၏ မျက်နှာ ဖြူလျော့သွားသည်၊ သူ၏ လုပ်ရပ်အားလုံးကို တစ်ဖက်လူက သိရှိသွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် သူ နားလည်သွားပြီ ဖြစ်သည်။

"တန့်ယင်တောင် တောင်သခင်လေး အဲဒါက ဘယ်သူမို့လို့လဲ "

ကျန်းကောင်းက ဝေခွဲမရစွာဖြင့် မေးလိုက်သည်။

"ဖန့်လူကြီးမင်း... ခင်ဗျား တန့်ယင်တောင်အကြောင်းကို သိနေတာလား "

လျိုရွှမ်က ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်

"ကျနော် ဖူထူနယ်မြေက တန့်ယင်တောင် တောင်သခင်လေးနဲ့ အဆက်အသွယ် ရှိခဲ့တာ အမှန်ပါ သူက ကျနော့်ကို ယင်သက်တမ်းဒင်္ဂါး အချို့ ပေးပြီး ယင်လောကထဲက လေလွင့်ဝိညာဉ်အချို့နဲ့ ယင်လမ်းစဉ်သမားအချို့ကို စောင့်ရှောက်ပေးဖို့ အကူအညီ တောင်းခဲ့တာပါ"

"ဒါပေမဲ့ တောင်သခင်လေးရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ၊ သူ့အဖေက အဆင့် ၄ မဟာယင်မိစ္ဆာကြီးပဲ၊ နယ်မြေတစ်ခုလုံးကို စိုးမိုးထားတာဆိုတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းစရာ အကြောင်းကို မရှိတာ"

"အဆင့် ၄ မဟာယင်မိစ္ဆာ "

ချီထျန်းရန်နှင့် ကျန်းကောင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်၊ သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေပါသည်။

ထိုသို့သော အစွမ်းထက်သူများ ယင်လောကငယ်ထဲသို့ လွယ်လွယ်ကူကူ ဝင်မလာနိုင်ခြင်းမှာ ကံကောင်းသည်ဟု သူတို့ တွေးမိကြသည်၊ မဟုတ်လျှင် ယင်လောကငယ်၏ အခြေခံသည် ထိုအစွမ်းထက်သူများ၏ ရှေ့တွင် ပြုတ်ထားသော ပဲပြားကဲ့သို့ အလွန်ပင် နုနယ်နေမည် မဟုတ်လား။

"မင်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ နည်းလမ်းတွေကို မသိသေးဘူး"

ဖန့်ချန်က ပြုံးလိုက်သည်

"တကယ်လို့ မင်းပြောသလို တောင်သခင်လေးက ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းဖို့ ဂရုမစိုက်ဘူးဆိုရင် ဘာဖြစ်လို့ မင်းကို ယင်သက်တမ်းဒင်္ဂါးတွေနဲ့ ဝယ်ယူပြီး သူ့လူတွေကို ရာထူးတိုးခိုင်းရတာလဲ အဲဒီလူတွေက ယင်လောကမှာ ရာထူးကြီးကြီး ရသွားရင်တောင် ဖူထူနယ်မြေကို ဘယ်လိုများ သက်ရောက်မှု ရှိနိုင်မှာလဲ သူ့အတွက် ဘာအကျိုးအမြတ် ရှိလို့လဲ "

"ဒါက..."

လျိုရွှမ်၏ မျက်နှာမှာ ကြည့်မကောင်းတော့ပေ၊ သူသည် ဤအချက်ကို လုံးဝ မစဉ်းစားခဲ့မိပေ၊ သို့မဟုတ်... သူသည် ထိုကိစ္စကို နက်နက်နဲနဲ မစဉ်းစားချင်ဘဲ ပိုက်ဆံရရင် ပြီးရော၊ သူ့ဘဝ အဆင်ပြေရင် ပြီးရောဟုသာ တွေးခဲ့ခြင်း ဖြစ်နိုင်သည်။

"မင်း မစဉ်းစားတတ်တာ မဟုတ်ဘူး၊ မင်း မစဉ်းစားချင်တာပဲ၊ သူပေးတဲ့ အကျိုးအမြတ်တွေက အများကြီးပဲလား "

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

"ဖူထူနယ်မြေမှာ စည်းစနစ် မရှိဘူး၊ အဲဒီ မဟာယင်မိစ္ဆာတွေမှာ လက်အောက်ငယ်သားတွေ အများကြီး ရှိတယ်၊ သူတို့က ယင်သက်တမ်းဒင်္ဂါးတွေကို လိုက်လုနိုင်ကြတယ်"

" ကျနော်ကတော့ ယင်လောကငယ်မှာ တစ်နှစ်နေမှ ယင်သက်တမ်းဒင်္ဂါး ရာဂဏန်း ထောင်ဂဏန်းလောက်ပဲ ရတာ ကျင့်ကြံဖို့ သုံးလိုက်ရင် ကျင့်ကြံမှုအဆင့် မကျအောင်နဲ့ အသက်ဆက်ရှင်နိုင်ရုံလောက်ပဲ ရှိတာပါ "

လျိုရွှမ်က ရှုပ်ထွေးသော အမူအရာဖြင့်

"ဖူထူနယ်မြေဘက်ကတော့ မတူဘူး သူတို့က လွယ်ကူတဲ့ နည်းလမ်းတွေနဲ့ ယင်သက်တမ်းဒင်္ဂါးတွေကို အစုလိုက်အပြုံလိုက် ရနိုင်ကြတယ် ကျနော်က သူတို့အတွက် ရာထူးအချို့ပဲ စီစဉ်ပေးရုံနဲ့ ဒီလို အကျိုးအမြတ်တွေ ရနိုင်တာဆိုတော့ လူကြီးမင်းသာ ကျနော့်နေရာမှာဆိုရင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလား "

"မင်း အခုထိ နောင်တမရသေးဘူးပဲ"

ချီထျန်းရန်က သက်ပြင်းကို ခပ်ဖွဖွချလိုက်သည်

"ဒီနေရာမှာ အကျိုးအမြတ် နည်းနည်းပဲ ရရင်တောင် မင်းရဲ့ ယင်သက်တမ်း မကုန်မချင်း အသက်ရှင်ဖို့တော့ အာမခံချက် ရှိတယ် ဒါပေမဲ့ ဖူထူနယ်မြေက မဟာယင်မိစ္ဆာတွေနဲ့ ပူးပေါင်းတာက ကျားနဲ့ အတူအိပ်သလိုပဲ သူတို့ လိုချင်တာက ယင်လောက တစ်ခုလုံး ဖြစ်နေလိမ့်မယ်"

"သူတို့က ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ အလကားတော့ ပူးပေါင်းမှာ မဟုတ်ဘူး၊ နှစ်ဖက်စလုံးက... ကိုယ်စီ လိုချင်တာတွေ ရှိကြလို့ပဲ "

"လျိုရွှမ်... အမြန် ဒူးထောက်ပြီး အမှားဝန်ခံစမ်း၊ မင်းက ဒီတစ်ခေါက် ခဏတာ ဝေခွဲမရ ဖြစ်သွားတာပဲ၊ ယင်လောကကို တကယ်ကြီး သစ္စာဖောက်ချင်တာ မဟုတ်ဘူးမလား"

ကျန်းကောင်းက သတိပေးလိုက်သည်။

"ဖန့်လူကြီးမင်း၊ ချီလူကြီးမင်း... ကျနော် မှားသွားပါပြီ၊ ကျနော် လက်ဝဲအရာရှိ ရာထူးကနေ နုတ်ထွက်ပြီး အပြစ်ပေးတာကို ခံယူဖို့ အဆင်သင့်ပါပဲ"

လျိုရွှမ်က အားငယ်စွာဖြင့် သူ၏ စစ်ဝတ်စုံကို ချွတ်လိုက်ပါသည်။

ချီထျန်းရန်က ထိုဝတ်စုံကို လှမ်းယူပြီး ဖန့်ချန်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်

"လူကြီးမင်း... သူ့ကို ဘယ်လို အပြစ်ပေးမလဲ"

"မင်းမှာ အပြစ်ကို အကျိုးပြုခြင်းဖြင့် ဆေးကြောဖို့ အခွင့်အရေး တစ်ခု ရှိတယ်"

ဖန့်ချန်က ခပ်အေးအေး ပြုံးလိုက်သည်။

အပြစ်ကို အကျိုးပြုခြင်းဖြင့် ဆေးကြောရမယ်

လျိုရွှမ် ခဏမျှ မှင်တက်သွားပြီးနောက် မျက်နှာတွင် မျှော်လင့်ချက်များ ချက်ချင်း ပေါ်လာကာ အမြန်ပင် လက်အုပ်ချီလိုက်သည်

"လူကြီးမင်း ခိုင်းသမျှ အကုန် လုပ်ပါ့မယ် "

"အဲဒါမတိုင်ခင် မင်း အရင်ပြောပြရမှာက... အဲဒီတုန်းက ဖူထူနယ်မြေကို သွားတဲ့လမ်းကို မင်း ဘယ်လို ရှာတွေ့ခဲ့တာလဲ ကံကောင်းလို့လား... ဒါမှမဟုတ် တစ်ယောက်ယောက်က ကူညီခဲ့လို့လား "

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

လျိုရွှမ်၏ မျက်နှာတွင် အတိတ်ကို ပြန်စဉ်းစားဟန် ပေါ်လာသည်

"ကျနော် မှတ်မိသလောက်တော့ အဲဒီနေ့က ကျန်းကောင်းက ကျနော့်ကို အရက်သောက်ဖို့ ခေါ်တယ်၊ ယင်မြို့ တစ်မြို့မှာ ရှုခင်းတွေ သာယာပြီး အရက်သောက်လို့ ကောင်းတဲ့ နေရာရှိတယ်လို့ သူပြောတယ်၊ အဲဒီနောက် ကျနော်..."

သူသည် ကျန်းကောင်းကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ပါသည်။

ဘေးနားတွင် ဘာမှမဆိုင်သလို ရပ်နေသော ကျန်းကောင်းသည်လည်း ချက်ချင်းပင် မှင်တက်သွားပါတော့သည်။

အခန်း (၁၁၃၈) မင်းဘိုးအေကြီးရဲ့

ကျန်းကောင်းလား

ချီထျန်းရန် အနည်းငယ် ထိတ်လန့်သွားသည်၊ သူ၏ မျက်နှာသည် တဖြည်းဖြည်း တည်တင်းလာပြီး ကျန်းကောင်းကို စူးစိုက်ကြည့်ကာ မျက်လုံးများက အရောင်အမျိုးမျိုး ပြောင်းလဲနေသည်။

"ဒီကိစ္စက... ကျနော်နဲ့ ဘာမှမဆိုင်ပါဘူး"

ကျန်းကောင်းက ချီထျန်းရန်ကို တစ်ချက်၊ ဖန့်ချန်ကို တစ်ချက် ထိတ်လန့်တကြား ကြည့်လိုက်ရင်း

"ကျနော်လည်း ယင်သက်တမ်းဒင်္ဂါးအချို့ လက်ခံခဲ့တာ ရှိပေမဲ့ အကုန်လုံးက လုပ်ထုံးလုပ်နည်းဘောင်ထဲမှာပဲ ရှိပါတယ်၊ စည်းကျော်တာမျိုး မရှိပါဘူး လျိုရွှမ်နဲ့ ဖူထူနယ်မြေ အဆက်အသွယ်ရှိတာကို ကျနော် လုံးဝ မသိခဲ့ပါဘူး "

လျိုရွှမ်က သံသယဖြစ်ဟန်ဖြင့်

"အဲဒီတုန်းက မင်း ငါ့ကို အရက်သောက်ဖို့ ခေါ်တုန်းက ဘာအကြောင်းပြချက်မှ မပေးခဲ့ဘူး၊ စိတ်ညစ်နေလို့ပါဆိုတာနဲ့ ငါလည်း အများကြီး မစဉ်းစားခဲ့မိတာ အဲဒီနေ့မှာပဲ ဖူထူနယ်မြေကို သွားတဲ့ လမ်းကြားလေးနဲ့ ပျက်စီးနေတဲ့ တံတားတစ်စင်းကို ငါ တွေ့ခဲ့တာပဲ အဲဒီလိုနေရာမျိုးက... ပုံမှန်ဆိုရင် ငါတို့ သွားဖို့နေနေသာသာ ဖြတ်သွားဖို့တောင် မဖြစ်နိုင်တဲ့ နေရာမျိုးလေ"

"ငါက စပ်စုချင်စိတ်နဲ့ အဲဒီတံတားက ဖူထူနယ်မြေကို သွားတာလားဆိုတာ သိချင်လို့ ကူးကြည့်လိုက်တာ တန့်ယင်တောင်ကို ရောက်သွားတော့တာပဲ..."

လျိုရွှမ်၏ မျက်နှာက ပို၍ လေးနက်လာသည်

"အဲဒီနောက် တောင်သခင်လေးနဲ့ တွေ့တယ်၊ အရာအားလုံးက အလိုလို အဆင်ချောသွားသလိုပဲ"

"လျိုရွှမ် ဒါက မင်းကိုယ်တိုင် မှားခဲ့တာ၊ အပြစ်ကို ငါ့ခေါင်းပေါ် လာမပုံနဲ့ "

ကျန်းကောင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်

"ငါက စောစောကမှ မင်းအတွက် အသနားခံပေးခဲ့တာ၊ ငါ တကယ်ပဲ မျက်စိကန်းခဲ့တာပဲ၊ လူမှားပေါင်းမိတယ်"

"ငါက အပြစ်ပုံချနေတာ မဟုတ်ဘူး ငါလုပ်ခဲ့တဲ့ ကိစ္စတွေကို ငါ ဝန်ခံပြီးပြီ ဒါပေမဲ့ ဖန့်လူကြီးမင်းက အသေးစိတ် မေးလာတော့ ငါလည်း အမှန်အတိုင်း တင်ပြရုံပဲ၊ ဖြစ်စဉ်တစ်ခုလုံးက အဲဒီအတိုင်းပဲ "

လျိုရွှမ်က တည်ငြိမ်စွာဖြင့်

"တကယ်လို့ ဒီကိစ္စက မင်းနဲ့ တကယ် ပတ်သက်နေတယ်ဆိုရင်၊ မင်းက ငါ့ကို အသုံးချပြီး မင်းကတော့ အမှောင်ထဲမှာ ပုန်းနေတာလား တကယ်တော့ တန့်ယင်တောင်နဲ့ ပူးပေါင်းနေတဲ့သူက မင်းလား "

"အရာရာတိုင်းမှာ သက်သေရှိရမယ် လူတွေကို ရာထူးတိုးပေးတာက မင်း၊ ယင်သက်တမ်းဒင်္ဂါးတွေ လက်ခံတာက မင်း၊ ငါက ဘယ်လိုလုပ် တန့်ယင်တောင်နဲ့ ပူးပေါင်းရမှာလဲ "

ကျန်းကောင်း၏ မျက်နှာမှာ သံမဏိရောင်ကဲ့သို့ မည်းမှောင်နေသည်။

"ကျန်းကောင်း... မင်း လူ့လောကမှာတုန်းက... ဘယ်အရပ်ကလဲ ဘာဖြစ်လို့ တရားသူကြီးဌာနက မင်းရဲ့ မှတ်တမ်းတွေမှာ ဝေဝေဝါးဝါး ဖြစ်နေရတာလဲ ဟာ့ကူးနယ်မြေ လို့ပဲ ရေးထားပြီး အသေးစိတ်နေရာကို ဘာလို့ မပြောထားတာလဲ "

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

ကျန်းကောင်းက ဖန့်ချန်ကို ကြည့်ကာ လက်အုပ်ချီ၍

"ဒါက ကျနော်ကိုယ်တိုင် တရားသူကြီးဌာနကို ဖျက်ခိုင်းထားတာပါ၊ တစ်စုံတစ်ယောက်ကို ရန်ငြိုးဖွဲ့မိရင် သူတို့က ကျနော့်ရဲ့ လူ့လောကက ဇာတိကို လိုက်လာပြီး ကျနော့်ဆွေမျိုးတွေကို ဒုက္ခပေးမှာ စိုးလို့ပါ ဒီလိုလုပ်တာ ကျနော်တစ်ယောက်တည်း မဟုတ်ပါဘူး"

"ငါကြည့်ရသလောက်တော့ သူက တန့်ယင်တောင်နဲ့ သိပ်ပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းထားတာ မဟုတ်ဘူးပဲ"

ဖန့်ချန်က ချီထျန်းရန်ကို ခေါင်းညိတ်ပြလိုက်သည်။

ကျန်းကောင်း ခဏမျှ မှင်တက်သွားပြီးနောက် မျက်နှာတွင် ဝမ်းသာရိပ်အချို့ ပေါ်လာကာ အမြန်ပင် ပြောလိုက်သည်

"ဖန့်လူကြီးမင်း ပြောတာ မှန်ကန်လှပါတယ်၊ ကျနော် တန့်ယင်တောင်နဲ့ ပူးပေါင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တာပါ"

"မင်းက ဝိညာဉ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီးတော့၊ တန့်ယင်တောင်အတွက် ကံဆိုးသူ တစ်ယောက်ကို ရှာပေးပြီး အခြေအနေကို ဖန်တီးပေးခဲ့တာပဲ အဲဒီလိုလုပ်ခြင်းအားဖြင့် မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လူတွေကို ရာထူးတိုးပေးနိုင်သလို၊ မင်းကိုယ်တိုင်လည်း အမှုကနေ စင်ကြယ်အောင် ရှောင်ထွက်နိုင်တယ်"

"တကယ်လို့ အမှုပေါ်သွားခဲ့ရင်တောင် လျိုရွှမ်အထိပဲ ရောက်မယ် သူ့နောက်က တန့်ယင်တောင်အထိပဲ စုံစမ်းလို့ရမယ်၊ သဲလွန်စက အဲဒီမှာတင် ပြတ်သွားမှာပဲ။"

ဖန့်ချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်

"မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက တကယ်ပဲ ဇွဲကောင်းကြတာပဲ၊ ယင်လောကငယ်ထဲမှာ အခုထိ ပြဿနာရှာဖို့ ကြိုးစားနေတုန်းပဲ"

"အကယ်၍ မင်းသာ မင်းရဲ့ အပေါင်းအဖော် အချို့ကို ဖော်ထုတ်ပေးမယ်ဆိုရင် ဒီတစ်ခေါက်တော့ မင်းအသက်ကို ချမ်းသာပေးမယ် မင်းကို ဖူထူနယ်မြေကိုပဲ နယ်နှင်ဒဏ်ပေးလိုက်မယ် အဲဒီမှာ မင်းဘာသာမင်း အသက်ရှင်မလား၊ သေမလား ဆိုတာကတော့ မင်းကံပေါ့... ဘယ်လိုလဲ "

"ဖန့်လူကြီးမင်း... သက်သေမရှိဘဲနဲ့ ခင်ဗျားက ကျနော့်ကို ဝိညာဉ်နတ်ဘုရားဂိုဏ်းကလို့ ပြောရင် ကျနော်က ဖြစ်သွားရောလား "

ကျန်းကောင်း၏ မျက်လုံးထဲတွင် ရက်စက်သော အလင်းများ ပေါ်လာသည်

"ကျနော်ကလည်း ယင်အရှင်သခင် တစ်ပါးပဲခင်ဗျား အခု ယင်လောကမှာ အာဏာရှိနေတယ် ဆိုပေမဲ့လည်း ကိုယ့်နဲ့ သဘောထားမတိုက်ဆိုင်သူတွေကို ဒီလို ဖိနှိပ်လို့ မရဘူး လူ့ခေါင်းပေါ် သုံးပေအကွာမှာ နတ်ဘုရားတွေ ရှိတယ်၊ ကျနော်တို့ အထက်မှာ ငရဲမင်း စောင့်ကြည့်နေတယ်ဆိုတာ မမေ့နဲ့ "

ချီထျန်းရန်က သက်ပြင်းကို ခပ်ဖွဖွချလိုက်သည်

"အဲဒီနေ့က ဖန့်လူကြီးမင်းက မင်းတို့ကို ဖူထူနယ်မြေကို မခေါ်သွားတာ အကြောင်းရှိတာပေါ့"

ဤနှစ်ဦးစလုံးမှာလည်း ယင်အရှင်သခင် များ ဖြစ်ကြပြီး မသေမျိုးဘုရင် အဆင့် စွမ်းအား ရှိကြသည်။

သူတို့၏ အခြေခံက အနည်းငယ် အားနည်းသဖြင့် ဖူထူနယ်မြေသို့ သွားလျှင်ပင် အဆင့် ၁ မဟာယင်မိစ္ဆာ ချက်ချင်း ဖြစ်မလာနိုင်သော်လည်း၊ ပုံမှန်အားဖြင့် ဆိုလျှင် သူတို့၏ ရာထူးအရ ရာထူး ရရှိရန် လုံလောက်ပါသည်။

သို့သော်လည်း အဲဒီတုန်းက အဓိကဌာနအသီးသီးမှ ဒုက္ခခံဖော် ဒုက္ခခံဖက် အရာရှိများသည် ဘွဲ့ထူး ချီးမြှင့်ခြင်းကို လုံးဝ မခံခဲ့ရပေ။

ယင်းကို ကြည့်ခြင်းအားဖြင့် ဖန့်ချန်သည် ဝိညာဉ်နတ်ဘုရားဂိုဏ်းမှ လူများသည် ၎င်းတို့၏ အနီးအနားအထိ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်ကြောင်းကို ကြိုတင် သိရှိထားခဲ့ခြင်းပင်။

"ဌာနမှုး... ခင်ဗျား ဘာကို ဆိုလိုတာလဲ ကျနော် ခင်ဗျားနဲ့ သိလာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒီနှစ်တွေမှာ ကျနော့်မှာ အောင်မြင်မှု မရှိရင်တောင် ကြိုးစားအားထုတ်မှုတော့ ရှိခဲ့တာပဲ မဟုတ်လား "

ကျန်းကောင်းက ချီထျန်းရန်ကို ကြည့်ကာ

"အခု ဖန့်လူကြီးမင်းက သူ့ရဲ့ နည်းလမ်းတွေနဲ့ ကျနော်နဲ့ လျိုရွှမ်ကို ဖိနှိပ်နေပြီ လျိုရွှမ်ကတော့ ယင်အရှင်သခင် စစ်ဝတ်စုံကို အညံ့ခံ ပေးလိုက်ပေမဲ့ ကျနော်ကတော့ အဲလောက်ထိ မအပါဘူး ဒီရာထူးက ငရဲမင်း ပေးထားတာ၊ ပြန်ယူမယ်ဆိုရင်လည်း ငရဲမင်းကိုယ်တိုင်ပဲ ယူရမယ်"

"ဌာနမှုး... ခင်ဗျားရဲ့ အခု အဆင့်အတန်းအရ ငရဲမင်းကို တွေ့ဖို့ဆိုတာ မခက်ခဲပါဘူး အဲဒီတော့ ငရဲမင်းဆီကို တစ်ခေါက်လောက် သွားပေးပါ ဒီယင်လောကမှာ လူယုတ်မာတွေ ရမ်းကားနေပြီးတော့ ရူးသွပ်နေတဲ့ ခွေးတစ်ကောင်က လူတွေကို လိုက်ကိုက်နေတယ်လို့ တိုင်ပေးပါ "

သူက ဖန့်ချန်ကို မြွေဟောက်ကဲ့သို့ ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"ငါ ငရဲမင်းဆီ သွားတွေ့စရာ မလိုပါဘူး၊ ငရဲမင်းက ဒီမှာတင် ရှိနေတာပဲ၊ မင်းမှာ ပြောစရာရှိရင် သူ့ကိုသာ တိုက်ရိုက်ပြောတော့"

ချီထျန်းရန်က ပြောပြီးသည်နှင့် ခန်းမထဲမှ လက်နောက်ပြန် ဆုတ်ခွာသွားသည်၊ ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ယင်ချီ များက ခန်းမတစ်ခုလုံးကို လေလုံအောင် ပိတ်ဆို့လွှမ်းမိုးလိုက်သည်။

သူသည် ယခုအခါ အဆင့် ၁ နတ်ဘုရားဝိညာဥ် တစ်ပါး ဖြစ်နေပြီ ဖြစ်ရာ၊ သူ၏ နည်းလမ်းများအရ ကျန်းကောင်းနှင့် လျိုရွှမ်တို့သည် အတတ်ပေါင်း တစ်ထောင် ရှိနေပါစေဦးတော့ ထိုနေရာမှ သတင်းတစ်စွန်းတစ်စတောင် အပြင်ကို ပေါက်ကြားအောင် လုပ်နိုင်မည် မဟုတ်ပေ။

ချီထျန်းရန် ထွက်ခွာသွားသည်နှင့် ခန်းမအတွင်းရှိ လေထုမှာ ရုတ်တရက် အေးစက် ခြောက်ကပ်သွားသည်။

လျိုရွှမ်က ချီထျန်းရန်၏ ကျောပြင်ကို မှင်တက်စွာ ကြည့်နေပြီးနောက်၊ ဖန့်ချန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်၊ သူ၏ ဦးနှောက်ထဲတွင် ချီထျန်းရန် ခုနက ပြောသွားသော စကားက ထပ်ခါတလဲလဲ မြည်ဟည်းနေသည်။

ငရဲမင်းက... ဒီမှာတင် ရှိနေတာလား

ဖန့်ချန် ပေါ်လာပြီးနောက် ယင်လောကငယ်တွင် ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုမျိုးစုံနှင့် ယခုအခါ ရှန်ထူချန်း သည် ဖန့်ချန်ရှေ့တွင် အရိုးထဲထိ စွဲနေသော ရိုသေကိုင်းညွတ်မှုကို ပြနေခြင်းများကို သူ ရုတ်တရက် သတိရသွားသည်။

လျိုရွှမ်၏ ခြေထောက်များ ရုတ်တရက် ပျော့ခွေသွားပြီး ဖန့်ချန်ရှေ့တွင် ဗုန်း ခနဲ ဒူးထောက်ကျသွားကာ ခေါင်းကို ကြမ်းပြင်နှင့် ထိကပ်ထားလျက် တုန်ရီနေသော အသံဖြင့်

"အပြစ်ရှိသော အရာရှိ လျိုရွှမ်... ငရဲမင်းကြီးကို ဂါရဝပြုပါတယ်"

"မဖြစ်နိုင်တာ..."

ကျန်းကောင်း၏ မျက်နှာမှာ တရိပ်ရိပ် ပြောင်းလဲနေသည်

"သူက ဘယ်လိုလုပ် ငရဲမင်း ဖြစ်နိုင်မှာလဲ၊ ငရဲမင်းရဲ့ ရုပ်သွင်က..."

"အင်း... မင်း ငရဲမင်းကို တွေ့ဖူးလို့လား ဒါမှမဟုတ် တစ်ယောက်ယောက်က ငရဲမင်းရဲ့ ပုံစံကို မင်းကို ပြောပြထားလို့လား "

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

သူက လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရုံဖြင့် ယင်လောက၏ ငရဲမင်းမျိုးနွယ်စုနှင့် သက်ဆိုင်သော အရာဖြစ်သည့် ကျန်းကောင်း၏ ကိုယ်ပေါ်မှ ယင်အရှင်သခင် စစ်ဝတ်စုံသည် ကျန်းကောင်း၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ကာ ဖန့်ချန်၏ လက်ထဲသို့ အလိုလို ကျရောက်လာသည်။

ကျန်းကောင်း၏ မျက်နှာ ဖြူလျော့သွားပြီး ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားသည် ထိုအချိန်တွင် ချီထျန်းရန် ပြောခဲ့သော စကားများမှာ အမှန်ဖြစ်ကြောင်း သူ အသေအချာ သိသွားပြီ ဖြစ်သည်။

"ဒါကြောင့်ကိုး..."

ကျန်းကောင်းက မိမိကိုယ်ကို လှောင်ပြုံး ပြုံးလိုက်ရင်း

"ဒါကြောင့်လည်း ဒီအတောအတွင်း ယင်လောကမှာ ဒီလောက် ထူးဆန်းတာတွေ ဖြစ်နေတာကိုး၊ ဒါကြောင့်လည်း ယင်လောကက ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ရုတ်တရက် တိုက်ခိုက်တာကိုး"

သူက ဖန့်ချန်ကို စိုက်ကြည့်ကာ

"ငါ မင်းရဲ့ နောက်ခံအကြောင်းစုံကို သိသွားပြီ၊ မင်း ဘယ်ကလာလဲဆိုတာလည်း ငါ သိသွားပြီ ဒီသတင်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းဆီ ပြန်ရောက်သွားပြီ မင်းက ယင်လောကကို အကာအကွယ်အဖြစ် သုံးနေလို့ ငါတို့ရဲ့ အစွမ်းထက် ကျင့်ကြံသူတွေ လက်လှမ်းမမီတာပဲ၊ ဒါပေမဲ့ လူ့လောကမှာတော့ မင်းအတွက် ဘာအကာအကွယ်မှ ရှိတော့မှာ မဟုတ်ဘူး "

"ဟုတ်လား... လူ့လောက ကိုးနယ်မြေ က ဒီလောက် ကျယ်တာ၊ မင်း သတင်းပို့လိုက်ပြီးရင် သူတို့ ဒီကို ရောက်လာဖို့ ဘယ်လောက်တောင် ကြာဦးမလဲ ငါ သိထားသလောက်တော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လူ့လောကမှာ အင်အားကြီးတယ် ဆိုပေမဲ့... တချို့နေရာတွေမှာဆိုရင် သူတို့ဘာသာသူတို့ ဂိုဏ်းခွဲထောင်ပြီး သီးခြားစီ လုပ်နေကြတာလေ.

"မင်းရဲ့ နောက်ကွယ်က ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေက ငါရှိတဲ့ဘက်ကို လာနိုင်မယ့် တည်နေရာ ကူးပြောင်းခြင်း အစီအရင် ကိုတောင် ရှာတွေ့လို့လား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

ကျန်းကောင်း၏ မျက်နှာမှာ သံမဏိရောင် ဖြစ်သွားသည်၊ ဖန့်ချန်၏ စကားက အကွက်ထဲ ကွင်းကွင်းကွက်ကွက် ထိမှန်သွားပုံရသည်။

သူက ခန်းမအပြင်ဘက်ကို ရုတ်တရက် လှည့်ကြည့်ကာ နာကျည်းစွာ ရယ်မောလိုက်ရင်း

"ချီထျန်းရန် ယင်ချောင်စီဌာန အခုလို အခြေအနေမျိုး ရောက်လာတာ ငါလည်း အင်အားစိုက်ထုတ်ပေးခဲ့တာပဲ၊ အဲဒီတုန်းက ဖန့်အရှင်သခင် ကို လုပ်ကြံဖို့ လူတွေကို ငါပဲ စီစဉ်ပြီး ခေါ်လာခဲ့တာ အဲဒါမှ မဟုတ်ရင် အခုအချိန်ထိ တရားသူကြီးဌာနကပဲ ယင်လောကမှာ ဗိုလ်ကျနေဦးမှာ မင်းက သံယောဇဉ် နည်းနည်းလေးတောင် မငဲ့ဘဲနဲ့ ငါ့အတွက် အသနားတောင် မခံပေးချင်ဘူးလား"

" မင်းရဲ့ စရိုက်အရ ဒီကိစ္စကို ကြိုသိနေမှာ အသေအချာပဲ အရင်ကတော့ မင်း မသိချင်ယောင်ဆောင်နေလို့ ရသေးတယ် ဒါပေမဲ့ အခုတော့ ငါ ဒီမှာ သေတာကို မင်း ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား "

"မင်းဘိုးအေကြီးရဲ့......"

ချီထျန်းရန်သည် အပြင်ဘက်တွင် ၄၅ ဒီဂရီ စောင်းလျက် ကောင်းကင်ကို ငေးကြည့်နေရာမှ ထိုစကားကို ကြားသည်နှင့် ခန်းမထဲသို့ ချက်ချင်း ပြေးဝင်လာပြီး မျက်လုံးများ နီရဲလျက် ကျန်းကောင်းကို စိုက်ကြည့်ပါတော့သည်။

All Chapters