← Chapters

အခန်း (၃၄၇)

Vol. 32 Ch. 347

အခန်း (၃၄၇)

Vol. 32 Ch. 347

အပိုင်း (၃၄၇)

​စာမျက်နှာ အနည်းငယ် ကျန်နေသေးသည်ကို တွေ့ရသဖြင့် သူ ဆက်လက်လှန်လှောကြည့်လိုက်သည်။

​ "ဟမ်... ဒါက တေးဂီတ သင်္ကေတတွေ မဟုတ်လား"

​ သူသည် ဇီသာတီးတတ်သူဖြစ်ပြီး အိမ်တွင်လည်း ဇီသာတစ်လက် ဝှက်ထားသည်မှာ ကြာပြီဖြစ်သည်။ သူသည် ဇီသာကို ချက်ချင်း ထုတ်ယူလိုက်ပြီး စာအုပ်ပါ သင်္ကေတများအတိုင်း စတင်တီးခတ်ကြည့်တော့သည်။

​ သာယာနာပျော်ဖွယ်ကောင်းသော်လည်း လွမ်းမောဖွယ်အတိပြီးသော တေးသံစဉ်လေးမှာ လေထုထဲတွင် ပျံ့လွင့်သွားပြီးနောက်၊ ချစ်စဖွယ် လိပ်ပြာနှစ်ကောင် တတွဲတွဲ ပျံဝဲနေသည့် မြင်ကွင်းကို သူ မြင်ယောင်လာမိသည်။ တီးခတ်ရင်းနှင့်ပင် သူသည် ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။

​ သူ၏ ငိုသံကို ကြားသဖြင့် အစေခံလေးမှာ အခန်းထဲသို့ ပြေးဝင်လာရာ လျိုရှန်းဟိုင်၏ မျက်နှာတွင် မျက်ရည်များဖြင့် ရွှဲနစ်နေသည်ကို တွေ့ပြီး ထိတ်လန့်သွားတော့သည်။

​ "သခင်လေး... ဘာဖြစ်လို့လဲဗျ။ ဘာလို့ ငိုနေတာလဲ၊ ကျွန်တော့်ကို မခြောက်ပါနဲ့ဦး"

​ "ဘာမှမဖြစ်ပါဘူး... ငါက... ငါက..." လျိုရှန်းဟိုင်၏ မျက်လုံးများတွင် အဆုံးမဲ့ မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေသည် - "ငါက ငါ့ရဲ့ သေဆုံးသွားတဲ့ ချစ်သူအတွက် ဝမ်းနည်းနေတာပါ"

​ အစေခံလေးမှာ ကြောင်အမ်းသွားပြီး - "..."

​ ‘သခင်လေး ရုပ်ရည်နဲ့…. ကိုယ့်အခြေအနေကိုယ်လည်း သိအောင် လုပ်ပါဦး၊ ဘယ်က ချစ်သူက ရှိလာနိုင်မှာလဲ'

​

​ ထိုအချိန်တွင် ပညာတတ်အများစု၏ အိမ်များတွင်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးတွေ ဖြစ်ပွားနေတော့သည်။

​ ဇာတ်လိုက် လျန့်ရှန်းပါ့၏ ရုပ်ရည်ချောမောမှု၊ တက်ကြွမှုနှင့် တရားမျှတမှုကို မြတ်နိုးမှုများကို ဖတ်ရှုရသောအခါ သူတို့သည် မိမိကိုယ်ကိုယ် ဇာတ်လိုက်နေရာတွင် အစားသွင်းကာ ပါဝင်ခံစားမိကြသည်။ ထို့ပြင် ဇာတ်လိုက်မလေး ကျူးယင်ထိုက်၏ လှပမှု၊ အသိဉာဏ်ရှိမှုနှင့် ဇာတ်လိုက်အပေါ် ထားရှိသည့် အချစ်များကို မြင်ရသောအခါ သူမသည်ပင် သူတို့၏ အချစ်ဦး၊ အချစ်ဆုံးသူ ဖြစ်နေသကဲ့သို့ စွဲလမ်းသွားကြပြန်သည်။

​ သို့သော် ဇာတ်လမ်းက အလှည့်အပြောင်း ဖြစ်သွားပြီးနောက်တွင်မူ...

​ သူတို့အားလုံး ရင်ကွဲမတတ် ခံစားရကာ စိတ်နှလုံးများ ကွဲကြေကုန်ကြတော့သည်။ လင်းပိုင်ဖန်သည် အွန်လိုင်းဝတ္ထုများ၏ အရေးအသားအတိုင်း ရေးသားထားသည် မဟုတ်ပါလား။ ဇာတ်လမ်းထဲသို့ စိတ်နှစ်လေလေ၊ နာကျင်ရလေလေပင် ဖြစ်သည်။

​ ထို့ကြောင့် သူတို့သည် ရင်နင့်အောင် အော်ဟစ်ငိုကြွေးကြတော့သည်။

​ "အား... ငါ့အချစ်လေး သေပြီ"

​ "ယင်ထိုက်... ငါ့ရဲ့ ယင်ထိုက်လေး သေသွားပြီ၊ တကယ်ကို သနားစရာ ကောင်းလိုက်တာ"

​ "ယင်ထိုက် သေသွားပြီဆိုတော့ ငါ့နှလုံးသားလည်း သေသွားပြီ။ ဘယ်သူ့ကိုမှ ထပ်မချစ်တော့ဘူး"

​ "ယင်ထိုက်... နောက်ဘဝကျရင် မင်းနောက်ကို ငါ လိုက်ခဲ့မယ်"

​ လူပျိုကြီးများအတွက်တော့ ပြဿနာမရှိသော်လည်း အိမ်ထောင်ကျပြီး သားသမီးရနေသည့် ပညာတတ်အချို့မှာမူ သူတို့၏ ဇနီးများက နားရွက်ဆွဲကာ ဆူပူခြင်းကို ခံရတော့သည်။

​ "ပြောစမ်း... ကျူးယင်ထိုက်ဆိုတာ ဘယ်သူလဲ၊ ဒီမြေခွေးမက ရှင့်ကို ဘယ်လို ပြုစားထားလို့လဲ"

​ "ပါးစပ်ပိတ်ထားစမ်း... မျက်နှာဝါ မကြီး၊ ငါ့ရဲ့ ယင်ထိုက်ကို လာမစော်ကားနဲ့" ဟု ပညာတတ်က ပြန်အော်လေသည်။

​ (မှတ်ချက် - ရှေးခေတ်တရုတ်တွင် အိမ်ထောင်သက်ရင့်ပြီး မှားယွင်းစွာ အသုံးပြုသည့် အလှပြင်ပစ္စည်းများကြောင့် မျက်နှာအိုစာနေသည့် အမျိုးသမီးများကို ခေါ်ဆိုခြင်းဖြစ်သည်)

​ သူ့ဇနီးက ဒေါသချောင်းချောင်းထွက်သွားကာ - "ရှင် တကယ်ကို အသည်းနှလုံးမရှိတဲ့ လူပဲ၊ ကျွန်မ ရှင့်အတွက် တစ်သက်လုံး ထမင်းချက်၊ အဝတ်လျှော်ပေးခဲ့တယ်၊ ကလေးနှစ်ယောက်လည်း မွေးပေးခဲ့တယ်၊ ဒီမိသားစုအတွက်ပဲ မြှုပ်နှံခဲ့တာ။ အခုတော့ အပြင်က မိန်းမတစ်ယောက်အတွက်နဲ့ ကျွန်မကို 'မျက်နှာဝါမကြီး' လို့ ခေါ်ရက်တယ်ပေါ့လေ။ ရှင်နဲ့ ကျွန်မ အပြတ်ပဲ"

​ သူမသည် သူ့ဆီသို့ ပြေးဝင်ပြီး ရိုက်နှက်တော့သည်။ ပညာတတ်မှာလည်း "မရိုက်ပါနဲ့... အပြင်မှာ တကယ် တခြားမိန်းမ မရှိပါဘူး၊ ဒါ အထင်လွဲတာပါ..."

​ "အရင်ဆုံး အရိုက်ခံလိုက်ဦး၊ ပြီးမှ ပြောမယ်"

​ ချက်ချင်းပင် နေရာအနှံ့အပြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ကုန်တော့သည်။ ရလဒ်အနေဖြင့် "လိပ်ပြာချစ်သူ" စာအုပ်သည် ပညာတတ်များကြားတွင် အကြီးအကျယ် နာမည်ကျော်သွားခဲ့သည်။

​ သူတို့သည် ခဏခဏ စုဝေးကာ သေဆုံးသွားသော ချစ်သူကို ရည်စူး၍ "လိပ်ပြာချစ်သူ" သီချင်းကို တီးခတ်ကြပြီး တစ်ဖက်တွင်လည်း မာဝမ်ချိုင်နှင့် မျိုးနွယ်စုကြီးများကို ဝိုင်းဝန်း ဆဲဆိုကြတော့သည်။

​ "ဒီလူယုတ်မာတွေသာ ကြားဖြတ်မနှောင့်ယှက်ရင် သူတို့နှစ်ယောက် သေမှာ မဟုတ်ဘူး"

​ "မျိုးနွယ်စုကြီးတွေအားလုံး သေချင်းဆိုးနဲ့ သေသင့်တယ်"

​ "သူတို့သာ ဝင်မပါရင် လျန့်ရှန်းပါ့နဲ့ ကျူးယင်ထိုက် ဘယ်လိုလုပ် သေမလဲ"

​

​ တိုက်တိုက်ဆိုင်ဆိုင်ပင် ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးများထဲတွင် "မာမိသားစု" ဆိုသည်မှာလည်း ရှိနေသည်။ ပို၍ တိုက်ဆိုင်သည်မှာ ထိုမိသားစုတွင်လည်း အလားအလာရှိသော လူငယ်လေးတစ်ဦး၏ အမည်မှာ "မာဝမ်ချိုင်" ဖြစ်နေခြင်းပင်။

​ တစ်နေ့တွင် မာဝမ်ချိုင်သည် လမ်းမပေါ်တွင် လမ်းလျှောက်နေစဉ်...

​ ဖြတ်သွားဖြတ်လာ ပညာတတ်များက သူ့ကို ရွှံ့နွံများဖြင့် ဝိုင်းပေါက်ကြသဖြင့် တစ်ကိုယ်လုံး ပေပွသွားတော့သည်။

​ မာဝမ်ချိုင်က ဒေါသထွက်ကာ "ခင်ဗျားတို့ ဘာလုပ်တာလဲ။ ကျွန်တော် ဘာလုပ်လို့လဲ။ ခင်ဗျားတို့ကို ဘာမှလည်း မစော်ကားဖူးပါဘူး"

​ "မင်း ဘာလုပ်ခဲ့လဲ မင်းအသိဆုံးပါ" ပညာတတ်အုပ်စုက မိဘကို သတ်သည့် ရန်သူကို ကြည့်သကဲ့သို့ မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်နေကြသည်။

​ မာဝမ်ချိုင်မှာ ကြောင်အသွားကာ - "ကျွန်တော် ဘာလုပ်ခဲ့လို့လဲ"

​ "လုပ်ထားပြီးတော့တောင် ဝန်မခံဘူးပေါ့လေ၊ ချစ်သူနှစ်ဦးကို ခွဲခဲ့တာ မင်းပဲ၊ လျန့်ရှန်းပါ့နဲ့ ကျူးယင်ထိုက် သေအောင်လုပ်ခဲ့တာလည်း မင်းပဲ၊ မင်းသာ မရှိရင် သူတို့ ခုချိန်မှာ ပျော်ပျော်ရွှင်ရွှင် နေနေရလောက်ပြီ"

​ မာဝမ်ချိုင်က ပိုပြီး ဇဝေဇဝါ ဖြစ်သွားကာ - "လျန့်ရှန်းပါ့နဲ့ ကျူးယင်ထိုက်က ဘယ်သူတွေလဲ။ သူတို့ သေတာ ရှင်တာနဲ့ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

​ ပညာတတ်များမှာ ဒေါသကြောင့် တုန်ရီနေကြသည် - "မာဝမ်ချိုင်၊ မင်းက တကယ်ကို ကောက်ကျစ်စဉ်းလဲတာပဲ။ ခုထိတောင် ဝန်မခံသေးဘူးလား။ ပညာတတ် အသိုင်းအဝိုင်းရဲ့ အရှက်ပဲ၊ မင်းကို ရိုက်သတ်မှ ရမယ်"

​ "ရိုက်ကြဟေ့၊ ဒီလိုလူမျိုးက အသက်ရှင်နေဖို့ မထိုက်တန်ဘူး"

​ "လျန့်ရှန်းပါ့နဲ့ ကျူးယင်ထိုက်အတွက် လက်စားချေကြစို့"

​ လူတိုင်းက မြေကြီးပေါ်မှ ရွှံ့များဖြင့် ကောက်ပေါက်ကြတော့သည်။ အချို့ဆိုလျှင် အုတ်ခဲများဖြင့်ပင် ထုကြတော့သည်။

​ "မင်းတို့... ခွေးကောင်တွေ၊ ဒီကိစ္စကို မှတ်ထားလိုက်၊ စောင့်နေကြဦး"

​ ခေါင်းတွင် သွေးများထွက်ကာ ပေပွနေသော မာဝမ်ချိုင်သည် အိမ်သို့ ပြေးဝင်သွားပြီးနောက် ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းခိုင်းလိုက်သည်။ အမှန်တရားကို သိရသောအခါ သူသည် အံ့သြဒေါသထွက်လွန်း၍ သွေးပင် အန်မိတော့မတတ် ဖြစ်သွားသည်။

​ "စာအုပ်ထဲက မာဝမ်ချိုင်နဲ့ ငါနဲ့ ဘာဆိုင်လို့လဲ၊ လက်စားချေချင်ရင် အဲဒီ မာဝမ်ချိုင်ဆီ သွားပါလား၊ ငါ့ကို ဘာလို့ လာနှိပ်စက်နေကြတာလဲ"

​ မာဝမ်ချိုင်သည် စဉ်းစားလေလေ၊ မတရားခံရသည်ဟု ခံစားရလေလေပင်။ သူသည် သူတော်စင်တစ်ယောက် မဟုတ်သော်လည်း လူအများအပေါ် အမြဲ ကြင်နာတတ်သူဖြစ်ပြီး ဘယ်သူ့ကိုမှ အဓမ္မ မလုပ်ခဲ့ဖူးပေ။ သို့သော် အခုတော့... မဆီမဆိုင် ဘေးသင့်ရသည်မှာ တကယ်ကို မတရားပေ။

​ "ဒီဝတ္ထုစာအုပ်က ငါ့ကို ဒီလောက်ထိ စော်ကားရဲတယ်ပေါ့၊ လွယ်လွယ်နဲ့တော့ မလွှတ်ပေးနိုင်ဘူး"

​ သူသည် အိမ်က အစေခံများနှင့် အစောင့်များကို ခေါ်ပြီး စာအုပ်ရောင်းသည့်ဆိုင်ကို သွားကာ ရောင်းချခြင်း မပြုရန် သွားရောက် တားဆီးတော့သည်။ သို့သော် နောက်ဆုံးတွင်မူ သူတို့အားလုံး ဗူးသီးတစ်လုံးစာ ဖူးရောင်နေသော ဒဏ်ရာများဖြင့်သာ ပြန်လာခဲ့ရသည်။

​ မတရားမှုကို လက်စားမချေနိုင်သဖြင့် သူ၏ ဒေါသနှင့် နာကျည်းမှုများမှာ ရင်ဘတ်ထဲတွင် စုပုံလာပြီး သွေးတစ်လုတ် အန်လိုက်ရပြန်သည်။

​ "တကယ်ကို... ယုတ္တိမရှိတာပဲ!!!"

​

​ "လိပ်ပြာချစ်သူ" ဝတ္ထုက ပညာတတ်များကြားတွင် နာမည်ကြီးသော်လည်း၊ သာမန်လူတန်းစားများကြားတွင်မူ "ဆံဖြူမလေး" က ပို၍ ရေပန်းစားနေသည်။

​ ပုံပြောသူတစ်ဦးက ဤဇာတ်လမ်းမှာ အလွန်ကောင်းသည်ဟု ခံစားရသဖြင့် စာအုပ်ကို ဝယ်ယူကာ အခန်းဆက်များအလိုက် ပြန်လည်ကာ ပြောပြလေသည်။

​ အောက်မှ နားထောင်နေသည့် ပရိသတ်များမှာ ဆင်းရဲသား လူတန်းစားများ ဖြစ်ကြသည်။ သူတို့သည် အာရုံစိုက်ကာ နားထောင်နေခဲ့ကြသည်။ အကြောင်းမှာ ဇာတ်လမ်းက သူတို့၏ ဘဝအစစ်အမှန်နှင့် အလွန်နီးစပ်နေသောကြောင့် ဖြစ်သည်။

​ ဇာတ်လိုက်မလေး ရှီးအာမှာ သူတို့၏ ပတ်ဝန်းကျင်မှ တစ်စုံတစ်ယောက်၊ သူတို့၏ သမီး၊ သို့မဟုတ် သူတို့၏ ညီမလေး၊ ဘေးအိမ်က ကလေးလေး တစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။

​ ခံစားချက်ထဲသို့ စီးမျောသွားမှုမှာ အလွန်ပင် ပြင်းထန်လှပေသည်။ သူတို့၏ စိတ်ခံစားချက်များမှာ ရှီးအာ၏ ဘဝဇာတ်ကြောင်းနှင့်အတူ လှိုင်းထန်နေတော့သည်။

All Chapters