← Chapters

အခန်း (၃၅၁)

Vol. 32 Ch. 351

အခန်း (၃၅၁)

Vol. 32 Ch. 351

အပိုင်း (၃၅၁)

​မဟာလော့ ဧကရာဇ်သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်ထဲတွင် စိတ်လှုပ်ရှားမှုအချို့လည်း ရှိနေသည်။ ဤသည်မှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သော်လည်း တစ်ဖက်တွင်လည်း အခွင့်အရေးကောင်းကြီး တစ်ခု မဟုတ်ပါလော။

​ အကယ်၍ အခြားနိုင်ငံများ မကျော်ဖြတ်နိုင်သည့် ဆိုးရွားသော ဆောင်းရာသီကို သူသာ ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့လျှင် နိုင်ငံအချင်းချင်းကြားက ကွာဟချက်မှာ ပိုမို ကျယ်ပြန့်သွားပေလိမ့်မည်။ ထိုအခွင့်အရေးကို အသုံးချကာ နယ်မြေချဲ့ထွင်ပြီး သူ၏ အင်ပါယာအိမ်မက်ကို အကောင်အထည် ဖော်နိုင်မည်လည်း ဖြစ်သည်။ အမှန်စင်စစ် ယခင်ကလည်း နိုင်ငံအများအပြားမှာ သဘာဝဘေးအန္တရာယ်များကို အခွင့်ကောင်းယူကာ အင်အားတောင့်တင်းလာခဲ့ကြခြင်း ဖြစ်ရာ သူလည်း ထိုသို့လုပ်နိုင်မည်ဟု ယုံကြည်နေသည်။

​ ဤသည်မှာ 'တာအိုဂိုဏ်း' ၏ ရွေးချယ်ခြင်းကို ခံရသူတို့၏ အားသာချက်ပင် ဖြစ်သည်။ တာအိုဂိုဏ်းမှ အကြီးအကဲများနှင့် ပညာရှိများသည် ဘေးဒုက္ခကို ရှောင်ကွင်း၍ ကံကောင်းခြင်းကို ဆောင်ကြဉ်းပေးနိုင်သလို၊ ကံဆိုးခြင်းကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိကြသည်။ ထိုကြောင့် အမြဲတမ်း ခြေတစ်လှမ်းသာနေပြီး အသာစီး ရနေခြင်းပင် ဖြစ်ချေသည်။

​ ထိုအချိန်တွင် သူသည် စိတ်ကူးယဉ်မှုတစ်ခုထဲသို့ နစ်မြောနေမိသည်။ ဤဆောင်းရာသီကုန်ဆုံးသွားလျှင် အိမ်နီးချင်းနိုင်ငံကို စတင်တိုက်ခိုက်ရမလား?

​ "တိုက်နေဖို့တောင် လိုမယ်မထင်ဘူး၊ သူတို့ဘာသာသူတို့ပဲ လာပြီး လက်နက်ချကြလိမ့်မယ်... ဟားဟား"

​ ထိုစဉ် ဘဏ္ဍာရေးဝန်ကြီး ရောက်ရှိလာပြီး ဆောင်းတွင်းအသုံးအဆောင် ပစ္စည်းများ ပြင်ဆင်ထားမှုကို တင်ပြသည်။ မဟာလော့ ဧကရာဇ်က နားထောင်ပြီးနောက် မကျေမနပ်ဖြင့် - "နည်းလွန်းတယ်... ပိုပြင်ဆင်ထားပါ။ များလေ ကောင်းလေပဲ၊ အနည်းဆုံး နှစ်ဆလောက် ဖြစ်ရမယ်"

​ ဘဏ္ဍာရေးဝန်ကြီးမှာ ဆွံ့အသွားပြီး - " ဒါပေမဲ့ အရှင်မင်းကြီး... ဒါက အစွမ်းကုန် စုဆောင်းထားတာပါ။ ကျွန်တော်မျိုးတို့ မဟာလော့နိုင်ငံမှာ ဒီလောက်အထိ ပစ္စည်းတွေ မရှိတော့ပါဘူး"

​ "မရှိရင် သွားဝယ်လေ" ဧကရာဇ်က အမိန့်ပေးလိုက်သည် - "ဘယ်လောက်ပဲ ပေးရပေးရ ဝယ်အောင်ဝယ်ခဲ့၊ များလေ ကောင်းလေပဲ။ မောင်မင်း ဒါကို မလုပ်နိုင်ဘူးဆိုရင် မောင်မင်းရဲ့ အမတ်ဦးထုပ်ကို စွန့်လွှတ်ဖို့သာ ပြင်ထားတော့"

​ "မှန်လှပါ... မှန်လှပါ အရှင်မင်းကြီး" ဘဏ္ဍာရေးဝန်ကြီးလည်း ထိတ်လန့်တကြားဖြင့် ပြေးထွက်သွားရတော့သည်။

​ သူထွက်သွားသည်နှင့် ဆောင်းတွင်းအသုံးအဆောင်များ စုဆောင်းရန်အတွက် မျိုးနွယ်စုကြီးများ၏ အရင်းအမြစ်များကို ချက်ချင်း စုစည်းစေခဲ့သည်။ ထိုမျိုးနွယ်စုကြီးများတွင် ပစ္စည်းများစွာ ရှိသော်လည်း နေရာအနှံ့ ပျံ့နှံ့နေသဖြင့် သယ်ယူပို့ဆောင်ရန် အချိန်အများကြီး လိုအပ်နေသည်။ မဟာလော့နိုင်ငံအတွက် လက်ရှိ အလိုအပ်ဆုံးအရာမှာ 'အချိန်' ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အိမ်နီးချင်း မဟာရှနိုင်ငံဘက်သို့ မျက်စိကျလာကြတော့သည်။

​

​ မဟာရှနန်းတော်အတွင်း၌...

​ လင်းပိုင်ဖန်သည် မဟာလော့နိုင်ငံမှ ပေးပို့လာသော သံတမန်စာကို ကြည့်ကာ ထူးဆန်းသော အမူအရာဖြင့် - "မဟာလော့က ဘာလို့ ဆောင်းတွင်းပစ္စည်းတွေ ဒီလောက်အများကြီး လိုနေတာလဲ။ သူတို့လည်း ဆိုးရွားတဲ့ ဆောင်းရာသီ လာတော့မယ်ဆိုတာ သိနေကြတာလား"

​ မဟာလော့ ဧကရာဇ်နှင့် အမတ်များတွင် ထိုသို့ ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိနိုင်သော်လည်း သူတို့နောက်ကွယ်တွင် 'တာအိုဂိုဏ်း' ရှိနေသည် မဟုတ်ပါလော။ နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသည့် ထိပ်တန်းအင်အားစုတစ်ခုတွင် ထူးခြားသော နည်းလမ်းအချို့ ရှိနေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

​ လင်းပိုင်ဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဤသည်မှာ ဘာကိုဆိုလိုတာပါလဲ၊ သူ့ဆီကို အလိုအလျောက် ရောက်လာသည့် 'သိုးကြီးတစ်ကောင်' ပဲ မဟုတ်ပါလော။ တစ်ခုခုကို ဖဲ့မယူမိခဲ့ရင် သူ့လိပ်ပြာသူ မလုံသလို ဖြစ်ပေလိမ့်မည်။

​ "ဒီကိစ္စက ညှိနှိုင်းလို့ရပါတယ်။ ငါတို့ မဟာရှနိုင်ငံက မြေကျယ်ပြန့်ပြီး သယံဇာတတွေ ပေါကြွယ်ဝတယ်၊ ပစ္စည်းတွေကလည်း မရှားပါးဘူး" လင်းပိုင်ဖန်က သဘောကျစွာ ရယ်မောလိုက်သည်။

​မဟာလော့ သံတမန်မှာ ဝမ်းသာသွားပြီး - "မဟာရှ ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်"

​ "ဒါပေမဲ့..." လင်းပိုင်ဖန်၏ လေသံက ပြောင်းလဲသွားပြီး - "ဒီစာရင်းထဲက ဈေးနှုန်းတွေကိုတော့ နှစ်ဆတိုးရမယ်။ ဆိုလိုတာက ပေါက်ဈေးရဲ့ နှစ်ဆနဲ့ ဝယ်ရမယ်။ အကယ်၍ မောင်မင်းတို့က ရွှေ၊ ငွေ၊ ကြေး၊ သံ စတဲ့ ပစ္စည်းတွေနဲ့ လဲမယ်ဆိုရင်တော့ အထူးလျှော့ဈေး ပေးမယ်"

​ သံတမန်မှာ တုန်လှုပ်သွားပြီး - "ဗျာ... နှစ်ဆ ဟုတ်လား။ ဒါက..."

​ လင်းပိုင်ဖန်က စိတ်မရှည်စွာ လက်ကာပြလိုက်ပြီး - "ငါ့ကို လာပြီး ဈေးမဆစ်နဲ့၊ ငါကိုယ်တော် စိတ်မပါဘူး။ သဘောတူရင် အရောင်းအဝယ် ဖြစ်မယ်၊ သဘောမတူရင် ထွက်သွားတော့"

​

​ မဟာလော့ သံတမန်သည် လင်းပိုင်ဖန်၏ တုံ့ပြန်မှုကို သယ်ဆောင်ကာ ပြန်သွားခဲ့သည်။

​ ထိုသတင်းကို ကြားရသောအခါ မဟာလော့ ဧကရာဇ်မှာ ဒေါသထွက်သွားပြီး - "အဲဒီ မဟာရှ ဧကရာဇ်က တကယ်ပဲ အဲဒီလို ပြောလိုက်တာလား။ အရာအားလုံးကို နှစ်ဆပေးမှ ရမယ်ပေါ့လေ"

​ "ကျွန်တော်မျိုး မလိမ်ဝံ့ပါဘူး။ ဒါက မဟာရှက ပေးလိုက်တဲ့ သံတမန်စာပါ၊ ကြည့်ရှုတော်မူပါ အရှင်မင်းကြီး"

​ စာကို ဖတ်ပြီးနောက် ဧကရာဇ်က ဒေါသတကြီးဖြင့် - "အဲဒီ ခွေးသူတောင်းစား ဧကရာဇ်က အခြေအနေကို အခွင့်ကောင်းယူပြီး ငါတို့ကို လည်စင်းပေးဖို့ စောင့်နေတာပဲ။ ရွံစရာကောင်းလိုက်တာ"

​ အမတ်များအားလုံး စာကို ဖတ်ပြီးနောက် တစ်ခဲနက်ပဲ ကန့်ကွက်ကြသည်။

"အရှင်မင်းကြီး... သူတို့ တောင်းတဲ့ဈေးက မြင့်လွန်းပါတယ်။ ကျွန်တော်မျိုးတို့ကို သိုးဝဝကြီးလို သတ်စားဖို့ လုပ်နေတာပါ"

"သူတို့က အရမ်းလောဘကြီးတာပဲ၊ ဒါကို သဘောမတူနိုင်ပါဘူး"

​ "မဟုတ်ဘူး... ငါတို့ သဘောတူရတယ်" ဟု မဟာလော့ ဧကရာဇ်က ပြောလိုက်သည်။

​ "ဗျာ..." အမတ်များမှာ ကြောင်အသွားကြသည်။ သူတို့က သိုးကောင်လို သတ်စားနေတာကိုတောင် သဘောတူတယ် ဟုတ်လား? အရှင်မင်းကြီး စိတ်များ ဖောက်ပြန်နေပြီလား။

​ မဟာလော့ ဧကရာဇ်က ပြုံးကာ - "အမတ်တို့... လက်ရှိ အရှုံးအမြတ်လေးကိုပဲ မကြည့်ကြနဲ့။ ဆိုးရွားတဲ့ ဆောင်းရာသီက တကမ္ဘာလုံးအတွက် ဘေးအန္တရာယ်ပဲ။ ဒီဘေးကနေ လွတ်အောင် အရင်လုပ်ရမယ်။ ပစ္စည်းတွေသာ မရှိရင် ငါတို့ မဟာလော့နိုင်ငံရဲ့ အင်အားတွေ ပြုန်းတီးကုန်လိမ့်မယ်၊ အဲဒီကျရင် ဒီငွေကြေးလေးကို ဖက်တွယ်နေလို့ ဘာထူးမှာလဲ"

​ "အပြန်အလှန်အားဖြင့်တော့... လုံလောက်တဲ့ ပစ္စည်းမရှိတဲ့ မဟာရှနိုင်ငံက အထိနာလိမ့်မယ်၊ အဲဒီကျမှ ငါတို့က သူတို့ကို ကျော်တက်နိုင်မှာ။ ငွေဆိုတာ ပြန်ရှာလို့ရတယ်၊ လူတွေသာ မရှိတော့ရင် တိုင်းပြည်လည်း ပျက်ပြီ"

​ "အဲဒီ ရွှေ၊ ငွေ၊ ကြေး၊ သံတွေကို သူတို့ဆီ ခဏသွားသိမ်းခိုင်းထားတယ်လို့ပဲ သဘောထားလိုက်။ နောက်မှ ငါတို့ ပြန်ယူမှာပေါ့"

​ "အရှင်မင်းကြီးက တကယ်ပဲ အမြော်အမြင် ကြီးမားလှပါတယ်" အမတ်များက တညီတညွတ်တည်း ချီးကျူးလိုက်ကြသည်။

​ မဟာလော့ ဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်ပြီး - "ကြည့်နေလိုက်စမ်းပါ... အဲဒီ ခွေးသူတောင်းစား ဧကရာဇ် မကြာခင် နောင်တရစေရမယ် ဟားဟား"

​ သူသည် လင်းပိုင်ဖန်၏ တောင်းဆိုချက်အားလုံးကို သဘောတူကြောင်း ချက်ချင်း အကြောင်းပြန်လိုက်သည်။ ဤသို့ဖြင့် နိုင်ငံနှစ်ခုကြားတွင် အကြီးအကျယ် ကုန်သွယ်မှုကို စတင်တော့သည်။ မဟာရှနိုင်ငံက စောင်များ၊ ကျောက်မီးသွေးများနှင့် အခြားလိုအပ်ချက်များကို ပို့ဆောင်ပေးပြီး၊ မဟာလော့နိုင်ငံက ရွှေ၊ ငွေ နှင့် သတ္တုများကို ပြန်လည်ပေးပို့သည်။

​ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပင် ချောမွေ့လှသည်။ မဟာလော့ ဧကရာဇ်က ကျေးဇူးတင်သည့်အနေဖြင့် လင်းပိုင်ဖန်ထံ လက်ဆောင်မွန်တစ်ခု ပေးပို့ခဲ့ရာ၊ လင်းပိုင်ဖန်ကလည်း 'ကျောက်စိမ်းခေါင်းအုံး' တစ်ခုကို ပြန်လည်လက်ဆောင်ပေးကာ ကောင်းကောင်း အိပ်စက်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်သည်။

​ ထိုအချိန်တွင် နိုင်ငံနှစ်ခု၏ ထူးခြားသော လှုပ်ရှားမှုများကို အကဲခတ်နေသူများ သတိထားမိသွားကြသည်။

"မဟာလော့က ဘာတွေလုပ်နေတာလဲ။ ဆောင်းတွင်း ရောက်ရုံပဲ ရှိသေးတာကို ဘာလို့ ပစ္စည်းတွေ ဒီလောက်အများကြီး ဝယ်နေရတာလဲ"

"ဟုတ်ပ... မဟာရှရဲ့ မတန်တဲ့ ဈေးကိုတောင် လက်ခံပြီး ဝယ်နေကြတာပဲ"

"လူအပဲ ဒီလိုလုပ်မှာပေါ့"

"ဒါပေမဲ့ မဟာလော့ ဧကရာဇ်က လူအမှ မဟုတ်တာ... သူ့နောက်မှာ 'တာအိုဂိုဏ်း' ရှိနေတယ်လေ"

​ လူတိုင်းကလည်း မအကြပေ။ မဟာလော့ ဧကရာဇ်သည် တာအိုဂိုဏ်း၏ အကူအညီဖြင့် တစ်ခုခုကို ကြိုသိနေကြောင်း ရိပ်မိသွားကြသည်။ ထို့ကြောင့် အခြားနိုင်ငံများနှင့် မျိုးနွယ်စုကြီးများသည်လည်း ဆောင်းတွင်းပစ္စည်းများကို စတင်စုဆောင်းကြတော့ရာ ဈေးကွက်အတွင်း ဈေးနှုန်းများမှာ အဆမတန် တက်လာပြီး ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

​ မဟာလော့ ဧကရာဇ်က ထိုအခြေအနေကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည် - "အခုမှ ပြင်ဆင်နေတာလား၊ နောက်ကျသွားပြီ၊ ဒီဘေးအန္တရာယ်ပြီးရင် ကမ္ဘာ့အခြေအနေက ပြောင်းလဲတော့မယ်။ ငါတို့ မဟာလော့နိုင်ငံ တဟုန်ထိုး တက်လှမ်းရမယ့် အချိန်ပဲ"

​ သူသည် နန်းတော်အပြင်ဘက်သို့ ထွက်လာကာ ကောင်းကင်ယံကို ၄၅ ဒီဂရီ မော့ကြည့်ရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေလိုက်သည်။

​ "မိုးတိမ်တွေ မှောင်လာပြီ... လေပြင်းတွေ တိုက်ခတ်ရမယ့် အချိန်ရောက်ပြီပေါ့"

​ သူ့စကားအဆုံးတွင်ပင် လေပြင်းများ စတင်တိုက်ခတ်လာပြီး ငှက်မွေးများကဲ့သို့ ဖွေးဖွေးလှုပ်နေသော နှင်းပွင့်များမှာလည်း တစ်ဖွဲဖွဲ စတင် ကျဆင်းလာလေတော့သည်။

All Chapters