အခန်း (၃၆၁-၃၆၂)
Vol. 37 Ch. 361-362
အခန်း (၃၆၁) ရမ္မက်တို့ လွှမ်းမိုးသောည (*)
သတိပေးချက် - ဤအခန်းတွင် လူကြီး အခန်းကဏ္ဍများ ပါဝင်သဖြင့် အချို့ အခန်းများကို ဖြတ်တောက်လိုက်ပါသည်။ အခန်း အပြည့်အစုံအား Novel Soul Facebook Page တွင် ဖတ်ရှုနိုင်ပါသည်။
"မင်း ထင်တဲ့အတိုင်းပါပဲ။ ငါ့ကို ဝိညာဉ်နက်ဂိုဏ်းက ခေါ်သွားခဲ့ပြီး ငါက သူတို့ရဲ့ တပည့်ဖြစ်လာခဲ့တယ်။ အခုအချိန်မှာတော့ ငါက သူတို့ရဲ့ ထိပ်တန်းတပည့်လိုမျိုး ဖြစ်နေပြီ။ ဒါကြောင့် သားရဲခန်းမကလူတွေ မင်းရဲ့နန်းတော်ထဲမှာ ရှိနေတုန်း ငါ သူတို့နဲ့ မတွေ့ချင်တာ၊ အဲဒါက မင်းနဲ့ မင်းရဲ့နိုင်ငံအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်လို့ပဲ" လုံချန်းက ဆိုသည်။
"မ... မင်းက သူတို့ရဲ့ ထိပ်တန်းတပည့် ဖြစ်သွားတာလား" ကျိရှန်းက အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။
"အေး... ပုံပြင်ကတော့ အရှည်ကြီးပဲ၊ ဒါပေမဲ့ အဲဒီမှာ နေရတာလည်း မဆိုးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီတာဝန်ကြောင့် ငါ ဂိုဏ်းထဲကနေ ထွက်လာခွင့်ရခဲ့တာ။ ငါက ဝိညာဉ်နက်ဂိုဏ်း အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ လာတာပါ။ ငါ့အဖွဲ့က မြောက်ပိုင်း လအင်ပါယာမှာ ရှိနေတယ်၊ ငါက ဒီကို ခိုးထွက်လာတာ" လုံချန်းက အဆုံးသတ်ပြောကြားလိုက်သည်။
"အံသြစရာပဲ၊ မင်းက အဲဒီလို အစွမ်းထက်တဲ့ဂိုဏ်းရဲ့ ထိပ်တန်းတပည့် ဖြစ်သွားတာပေါ့၊ ဒါပေမဲ့ အဲဒါက မိစ္ဆာဂိုဏ်း မဟုတ်ဘူးလား။ အဖြူရောင်ဂိုဏ်းတွေ အားလုံးက မင်းရဲ့ ရန်သူတွေ ဖြစ်ကုန်မှာပေါ့။ မြောက်ပိုင်း လအင်ပါယာကို တခြားဂိုဏ်းတွေ အများကြီး လာနေကြတယ်လို့ ကျိချွမ်းဆီက ကြားတယ်။ တစ်ဖွဲ့ကတော့ ရောက်တောင် ရောက်နေပြီ၊ အဲဒါ အစွမ်းထက်ဓားဂိုဏ်းပဲ။ အဲဒီကို မသွားပါနဲ့ဦး။ သူတို့အားလုံးက မင်းကို သတ်ကြလိမ့်မယ်" ကျိရှန်းက စိုးရိမ်တကြီး သတိပေးသည်။
"အေး... ငါ ဒီကိုလာတုန်းက သူတို့ကို ဖြတ်လာခဲ့သေးတယ်။ သူတို့က တကယ်ပဲ အစွမ်းထက်ပုံရပါတယ်၊ ဒါပေမဲ့ ငါ အဆင်ပြေမှာပါ။ ဒီတာဝန်မှာ ငါ့ရဲ့ လွတ်လပ်ခွင့်နဲ့ ပိုကြီးမားတဲ့ ရည်မှန်းချက်တွေအတွက် သေချာပေါက် ပြီးမြောက်အောင် လုပ်ရမယ့် အရာတစ်ခု ရှိနေတယ်" လုံချန်းက သူတို့ကို ပြောပြသည်။
"မင်း အဲဒီလို ပြောမှတော့... ဒါပေမဲ့ ငါကတော့ မင်းကို ပြန်မသွားဖို့ အကြံပေးချင်တုန်းပဲ" ကျိရှန်းက ထပ်ပြောသည်။
"စိတ်မပူပါနဲ့။ ငါ ပြန်မသွားသေးပါဘူး... အနည်းဆုံးတော့ ဒီညပေါ့" လုံချန်းက ပြုံးလျက် ဆိုသည်။
"ဟဲဟဲ... အဲဒါ ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်ဘက်က အခန်းက သူတို့အခန်းပဲ။ မင်းတို့ အဲဒီမှာ လွတ်လွတ်လပ်လပ် ရှိနိုင်ပါတယ်။ အသံတွေအတွက်လည်း စိတ်မပူနဲ့၊ နံရံတွေက တော်တော် ခိုင်ခံ့တယ်" ကျိရှန်းက လုံချန်းကို ကြည့်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ။ အဲဒါကို နောက်မှ ငါ စမ်းသပ်ကြည့်ရသေးတာပေါ့" လုံချန်းက ဆိုကာ မင်ယုနှင့် ကျီချန်းတို့၏ လက်များကို ဆွဲ၍ အခန်းထဲမှ ထွက်လာခဲ့ပြီး ဘေးခန်းသို့ ဝင်လိုက်ကြသည်။
"ကဲ... ငါ့ကို ဝိညာဉ်နက်ဂိုဏ်းက ဖမ်းသွားပြီးနောက် မင်းတို့ ဘာတွေဖြစ်ခဲ့လဲ။ ငါ့ကိုကယ်ဖို့ ဝိညာဉ်နက်ဂိုဏ်းအထိ လာဖို့ စီစဉ်နေကြတယ်လို့ ကြားတယ်" လုံချန်းက စိတ်ဝင်တစား မေးလိုက်သည်။
"ဒါပေါ့... ငါတို့ နင့်ကို ကယ်ရမှာပေါ့" မင်ယုက ဆိုသည်။
သူမသည် ဤနေရာသို့ မည်သို့ရောက်လာပုံ၊ ဧကရာဇ်ထံမှ သတင်းရရန် မည်မျှ ကြိုးစားခဲ့ရပုံနှင့် ဝိညာဉ်နက်ဂိုဏ်း၏ တည်နေရာကို သိရန် သားရဲခန်းမသို့ သွားရန် စီစဉ်ခဲ့ပုံ အစရှိသည်တို့ကို ရှင်းပြလေသည်။
"စိတ်ဝင်စားစရာပဲ။ ငါ အသက်ရှင်နေသေးမှန်း နင်တို့ ဘယ်လိုသိလဲ။ ကံကြမ္မာကြောင့်လား" လုံချန်းက သိလျက်နှင့် ပြုံးကာ မေးလိုက်သည်။
"ဟုတ်တယ်။ နင်က ငါ့ရဲ့ ကံကြမ္မာပဲ။ ငါ့ထက် အရင် နင် သေလို့မရဘူး" မင်ယုက နူးညံ့သောအပြုံးဖြင့် လုံချန်းဘေးတွင် ထိုင်ရင်း ပြောလိုက်သည်။
"နင်လည်း ငါ့ထက် အရင် သေလို့မရဘူး" လုံချန်းက သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ ဆိုလိုက်ပြီးနောက် သူမကို ပွေ့ဖက်၍ ဆွဲယူလိုက်သည်။
သူ၏ နှုတ်ခမ်းများသည် သူမ၏ နှုတ်ခမ်းများဆီသို့ လမ်းကြောင်းရှာတွေ့သွားပြီး မက်မောစွာ စတင်နမ်းရှုပ်ကြတော့သည်။ ကျီချင်းသည် ထိုနေရာတွင် ရပ်နေသော်လည်း မင်ယုအပေါ် မနာလိုဖြစ်ခြင်း မရှိပေ။ လုံချန်း ပြန်ရောက်လာသည့်အတွက် အလွန်ဝမ်းသာနေသဖြင့် မနာလိုစိတ်ဖြင့် အချိန်မဖြုန်းလိုတော့ပေ။
...
နံနက်စောစော အချိန်တွင် လုံချန်း၊ မင်ယုနှင့် ကျီချင်းတို့သည် ကုတင်ပေါ်တွင် အဝတ်အစား တစ်စုံတစ်ရာမျှ မရှိဘဲ အိပ်ပျော်နေကြသည်။
လုံချန်းက ပထမဆုံး နိုးလာသူ ဖြစ်သည်။ သူသည် သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အိပ်ပျော်နေသော မိန်းကလေးများ၏ လှပသော မျက်နှာလေးများကို စိုက်ကြည့်နေမိသည်။ သူသည် သူတို့နှစ်ယောက်လုံးကို နူးညံ့စွာ နမ်းရှုပ်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ အဝတ်အစား ဝတ်ဆင်လိုက်သည်။
သူ ပထမဆုံး လုပ်သည့်အလုပ်မှာ ဝိညာဉ်အာရုံကို အသုံးပြုကာ သားရဲခန်းမမှလူများ ရှိမရှိ စစ်ဆေးခြင်း ဖြစ်သော်လည်း မည်သူ့ကိုမျှ မတွေ့တော့ပေ။
'သူတို့ မြောက်ပိုင်း လအင်ပါယာကို ထွက်သွားကြပြီ ထင်တယ်' လုံချန်းက တွေးကာ ဝိညာဉ်အာရုံကို ရပ်လိုက်သည်။ မင်ယုနှင့် ကျီချင်းတို့လည်း နိုးလာကြပြီး အဝတ်အစားများ စတင် ဝတ်ဆင်ကြသည်။
"နင် ပြန်တော့မလို့လား" မင်ယုက မေးလိုက်သည်။
"အေး... ငါ့ရဲ့ အလုပ်တွေကို အပြီးသတ်ဖို့ လိုသေးတယ်။ အလွန်ဆုံး တစ်လလောက်ပဲ ကြာပါလိမ့်မယ်" လုံချန်းက သူတို့ကို ပြောပြသည်။
"နင်တို့ ဒီမှာ ခဏလောက် ထပ်နေသင့်တယ်လို့ ငါ ထင်တယ်။ မြောက်ပိုင်း လအင်ပါယာက ထိပ်တန်းဂိုဏ်းတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အားပြိုင်နေကြတော့ အန္တရာယ် များလိမ့်မယ်။ အလုပ်တွေ အကုန်ပြီးမှ ငါ နင်တို့ကို လာခေါ်မယ်။ ငါပြောသလိုပဲ တစ်လလောက်ပဲ ကြာမှာပါ" လုံချန်းက ဆိုသည်။
"ဒါက အရမ်း အန္တရာယ်များမှာလား" ကျီချန်းက စိုးရိမ်တကြီး မေးလိုက်သည်။
"စိတ်မပူပါနဲ့။ အခြေအနေ မကောင်းရင် ငါ့မှာ ထွက်ပြေးနိုင်တဲ့ စွမ်းရည်တွေ ရှိတာ နင်တို့ သိသားပဲ" သူက ဆိုသည်။
"အဲဒါ ပြီးခဲ့တဲ့ အခေါက်က နင်ပြောခဲ့တဲ့အတိုင်းပဲ မဟုတ်လား။ ဝိညာဉ်နက်ဂိုဏ်းက လူတွေ ဖမ်းမသွားခင်တုန်းကလေ" မင်ယုက သူ့ကို ပြန်ပြောလိုက်သည်။
"အာ... အဲဒါက တခြားစီလေ။ အခုက အခြေအနေချင်း မတူတော့ဘူး။ အဲဒီတုန်းက တိုက်ခိုက်မှု မစခင်ကတည်းက ငါ့ရဲ့ စွမ်းရည်ကို သုံးထားပြီးသား ဖြစ်နေလို့ပါ။ အခုတော့ အဲဒါတွေကို ငါ သတိထားမှာပါ။ နတ်ဘုရားတောင် ငါ့ကို မတားနိုင်တော့ဘူး" လုံချန်းက ပြုံးလျက် ဆိုလိုက်လေတော့သည်။
အခန်း (၃၆၂) ချက်ချင်း အဆင့်တက်ခြင်း ဆေးလုံး
"နင်ပြောတာ မှန်နိုင်ပေမဲ့ အမြဲတမ်း အရန်အစီအစဉ်တစ်ခုတော့ ရှိထားသင့်တယ်" မင်ယုက ဆိုသည်။
"ပထမအစီအစဉ်သာ ကျဆုံးခဲ့ရင် ထွက်ပြေးဖို့ အရန်အစီအစဉ် ၃ ခုလောက် ငါ့မှာ ရှိပါတယ်။ မစိုးရိမ်ပါနဲ့၊ အရင်တုန်းက တောအုပ်ထဲမှာ လန်ကျင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေမျိုးကို ငါကိုယ်တိုင်လည်း တစ်ခါမှ ထပ်ပြီး မကြုံချင်တော့ဘူး" လုံချန်းက ပြောလိုက်သည်။
"ဪ... ဒါနဲ့ ငါ အခုမှ သတိထားမိတယ်၊ နင်တို့နှစ်ယောက်လုံး အဆင့်တက်သွားကြတာပဲ။ မင်ယုက မြေကမ္ဘာ အဆင့် ၆ ကို ရောက်နေပြီ၊ ကျီချင်းလည်း မြေကမ္ဘာအဆင့်ကို တက်သွားပြီလား" လုံချန်းက အံ့အားသင့်စွာ မေးလိုက်သည်။
"အင်း... ငါတို့ ကံကောင်းခဲ့တာပါ။ ဒီကိုလာတုန်းက ချီသလင်းကျောက် အချို့ တွေ့ခဲ့လို့ အဲဒါတွေကို သုံးပြီး အဆင့်တက်ခဲ့တာ" မင်ယုက ပြုံးလျက် ဆိုသည်။
"ချီသလင်းကျောက် ဟုတ်လား။ တကယ် ကံကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် နင်တို့အတွက် ငါ ဝမ်းသာပါတယ်"
"ငါ အခု ပြန်တော့မယ်၊ ဟိုမှာ ဘယ်သူ့ကိုမှ မပြောဘဲ ခိုးထွက်လာတာဆိုတော့လေ။ ငါ နင်တို့ကို ပြန်လာခေါ်မယ်... ဟုတ်ပြီလား" လုံချန်းက မိန်းကလေးနှစ်ဦးကို တစ်ယောက်တစ်လှည့် နမ်းရှုပ်ပြီးနောက် အခန်းထဲမှ ထွက်ကာ ကျိရှန်း၏ အခန်းဘက်သို့ လျှောက်လာခဲ့သည်။
လုံချန်းသည် ကျိရှန်း၏ တံခါးကို ခေါက်ရန် ပြင်နေစဉ်မှာပင် အိမ်ရှေ့မင်းသား ကျိရှန် ရောက်လာပြီး သူ့ကို မြင်သွားသည်။
"မင်းက ဘယ်သူလဲ။ ငါတို့ နန်းတော်ထဲမှာ ဘာလုပ်နေတာလဲ"
"ငါက မင်းသားကျိရှန်းရဲ့ သူငယ်ချင်းပါ။ နာမည်က ဝူချန်း" လုံချန်းက ရှင်းပြရင်း တံခါးကို ခေါက်လိုက်သည်။
"ဪ... မနေ့ညက ငါတို့ ညစာစားပွဲကို နှောင့်ယှက်တဲ့ ဆင်းရဲသား သူငယ်ချင်းလား။ မင်း နန်းတော်ထဲမှာ ဘာလုပ်နေတာလဲ။ ဒါက မင်းလို လူတွေ စိတ်ကြိုက် ဝင်ထွက်သွားလာရမယ့် နေရာမျိုး မဟုတ်ဘူး" အိမ်ရှေ့မင်းသားက လုံချန်းကို ငေါက်ငန်းတော့သည်။
ထိုအချိန်တွင် ကျိရှန်းက တံခါးဖွင့်လိုက်ရာ သူ၏အစ်ကိုနှင့် လုံချန်းတို့ ထိပ်တိုက်တွေ့နေသည်ကို မြင်လိုက်ရသည်။
"ပြဿနာ တစ်ခုခု ရှိလို့လား" ကျိရှန်းက မေးလိုက်သည်။ သူက လုံချန်းကို မေးခြင်းဖြစ်သော်လည်း အိမ်ရှေ့မင်းသားက သူ့ကို မေးသည်ဟု ထင်မှတ်ကာ ဝင်ဖြေသည်။
"ရှိတာပေါ့။ ပြဿနာ အကြီးကြီး ရှိတာ။ မင်းရဲ့ ဒီအမှိုက်လို သူငယ်ချင်းက တော်ဝင်နန်းတော်ထဲကို ဝင်လာရဲတယ်ပေါ့လေ။ ရှန်း...မင်း သူ့ကို ခေါ်လာတာလား"
"ဟုတ်တယ်၊ ကျုပ် ခေါ်တာ။ ပြီးတော့ သူ့ကို အမှိုက်လို့ ခေါ်တာကို ရပ်စေချင်တယ်။ သူ့ရဲ့ အဆင့်အတန်းက မနေ့ညက အစ်ကိုကြီး ဖားနေတဲ့သူနဲ့ အဆင့်အတန်း တူတူပဲ။ ဒါကြောင့် ခမည်းတော်နဲ့ အင်ပါယာအတွက် ပြဿနာ မရှာပါနဲ့ဦး" ကျိရှန်းက ကျိရှန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဘယ်သူက ဘယ်သူ့ကို ဖားနေလို့လဲ။ မင်းပြောတာ သခင်လေး ကျိချွမ်းအကြောင်းဆိုရင်တော့ ငါက သူ့ကို ခင်မင်ခွင့် တောင်းရုံပဲ။ သူက သားရဲခန်းမရဲ့ ထိပ်တန်းတပည့်ပဲလေ။ မင်းသူငယ်ချင်းက ဘာမို့လို့ သူ့နဲ့ ယှဉ်ရမှာလဲ"
"အိမ်ရှေ့မင်းသား... လူဆိုတာ တရားမျှတမှု ရှိရမယ်၊ မောက်မာမှုတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ကွယ်မသွားစေနဲ့။ ငါတို့ ဓားတာအိုက သင်ကြားပေးတာက တရားမျှတသူတွေပဲ ဒီကမ္ဘာမှာ ရှင်သန်ခွင့်ရှိတယ် ဆိုတာပဲ" လုံချန်းက ဆိုကာ သူ၏ ပြင်းထန်သော အရှိန်အဝါ အချို့ကို ထုတ်လွှတ်လိုက်သည်။
"မင်း... မင်းက ဘယ်သူလဲ" အိမ်ရှေ့မင်းသားမှာ လုံချန်း၏ စကားနှင့် အရှိန်အဝါကြောင့် အနည်းငယ် ကြောက်လန့်သွားသည်။
"ငါက အစွမ်းထက်ဓားဂိုဏ်းရဲ့ ထိပ်တန်းတပည့် ဝူချန်းပါ။ ငါ ဒီကို ဖြတ်သွားရင်း သူငယ်ချင်းဟောင်း ကျိရှန်းနဲ့ တွေ့ဖို့ ဆုံးဖြတ်ခဲ့တာ။ မင်း ငါ့ကို အမှိုက်လို့ ခေါ်တာကို ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ အစွမ်းထက်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို အမှိုက်လို့ ခေါ်တာကိုတော့ ငါ လက်မခံနိုင်ဘူး။ ဒါက ငါ့ရဲ့ ဂိုဏ်းနဲ့ ငါ့ရဲ့ ညီအစ်ကိုတွေကို စော်ကားတာပဲ။ ငါ ဖြေရှင်းချက် တစ်ခု လိုချင်တယ်။ ငါ့ရဲ့ အကြီးအကဲကို ဒီကိစ္စ အကြောင်းကြားပြီး ဖြေရှင်းချက် လာတောင်းခိုင်းရင် ဘယ်လိုနေမလဲ" လုံချန်းက သူ၏ အရှိန်အဝါကို ထပ်မံ မြှင့်တင်လိုက်သည်။
"ဒါ... ဒါက... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ သခင်လေးချန်း။ ကျွန်တော် မှားသွားတာပါ။ ကျွန်တော်ကသာ အမှိုက်ပါ၊ သခင်လေး မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ" အိမ်ရှေ့မင်းသားမှာ ချက်ချင်းပင် ဒူးထောက်ကာ ခွင့်လွှတ်ရန် တောင်းပန်တော့သည်။ သူ၏ အမှားကြောင့် အင်ပါယာ ထိခိုက်နိုင်သလို သူကိုယ်တိုင်လည်း သေသွားနိုင်ကြောင်း ရိပ်မိသွားသည်။
"နှုတ်က တောင်းပန်ရုံနဲ့ ဒီလောက်ကြီးမားတဲ့ အမှားအတွက် လုံလောက်ပါ့မလား။ မင်းရဲ့ ရိုးသားမှုကို ပြသနိုင်မယ့် တစ်ခုခု ပေးပါ။ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ ထိုက်တန်တဲ့ အရာမျိုးပေါ့" လုံချန်းက အေးစက်စွာ ဆိုသည်။
"ကျွန်တော့်... ကျွန်တော့်မှာ တစ်ခု ရှိပါတယ်။ ဒါက ကျွန်တော့်ရဲ့ ရိုးသားမှုကို အပြည့်အဝ ပြနိုင်ဖို့ လုံလောက်မယ်လို့ မထင်ပေမဲ့ ကျွန်တော့်မှာရှိတဲ့ အဖိုးတန်ဆုံး အရာပါ" ထိုသို့ ဆိုကာ အိမ်ရှေ့မင်းသားသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးလေး တစ်လုံးကို ထုတ်ပေးလိုက်သည်။
လုံချန်းက ထိုဆေးလုံးကို ယူကြည့်လိုက်ရာ အံ့သြသွားသည်။ "ဒါက ချက်ချင်း အဆင့်တက်ဆေလား"
"မှန်ပါတယ် သခင်လေး။ ဒါက ကျွန်တော် တော်တော်လေး ကံကောင်းလို့ ရခဲ့တာပါ။ ဒီဆေးမျိုးကို ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ဆေးပညာရှင် နည်းနည်းလောက်ပဲ ဖော်စပ်နိုင်တာပါ။ ကျွန်တော့်အတွက် အရမ်း အဖိုးတန်ပေမဲ့ သခင်လေးကို ကျွန်တော့်အမှားအတွက် လျော်ကြေးအဖြစ် ပေးအပ်ပါတယ်"
အိမ်ရှေ့မင်းသား၏ မျက်နှာမှာ ရိုးသားဟန် ရှိသော်လည်း စိတ်ထဲတွင်မူ မနက်စောစောစီးစီး ဤကပ်ဘေးကြီးဖြင့် လာတိုးမိသည့် သူ၏ ကံကြမ္မာကို ကျိန်ဆဲနေတော့သည်။ သူက လုံချန်းကို ကျိရှန်းဆီက ပိုက်ဆံလာတောင်းသည့် ဆင်းရဲသား သူငယ်ချင်းဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
'သူက တောင်းရမ်းစားသူ မဟုတ်ဘဲ အစွမ်းထက်ဓားဂိုဏ်းက လူမှန်း ဘယ်သူသိမှာလဲ။ သားရဲခန်းမက ကျိချွမ်းနဲ့ အဆင့်တူတဲ့ ထိပ်တန်းတပည့် ဖြစ်နေတာကိုး' သူက တွေးကာ တုန်လှုပ်နေသည်။
လုံချန်းက ဆေးလုံးကို ကြည့်ရင်း 'ချက်ချင်းအဆင့်တက်ဆေး... မြေကမ္ဘာ အဆင့်ရှိတဲ့ ဆေးပညာရှင်ပဲ ဒီလိုဆေးမျိုးကို ဖော်စပ်နိုင်တာ။ ကံမကောင်းတာက လူတစ်ယောက်ဟာ သူ့တစ်သက်မှာ ဒီဆေးကို တစ်လုံးပဲ သုံးလို့ရတာပဲ။ အဲဒီနောက်ပိုင်း ဘယ်နှစ်လုံးစားစား အာနိသင် မရှိတော့ဘူး' သူ တွေးလိုက်သည်။
'ဒါကို အနာဂတ်အတွက် သိမ်းထားမှပဲ။ အခုချိန်မှာ သုံးတာထက် ငါ့ရဲ့ ကျင့်ကြံဆင့် ပိုမြင့်လာမှ သုံးတာက ပိုပြီး အကျိုးရှိလိမ့်မယ်' လုံချန်းသည် ဆေးလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။
"ကျိရှန်း... ငါ အခု ပြန်တော့မယ်။ နောက်မှ ပြန်ဆုံကြတာပေါ့"
လုံချန်းသည် နန်းတော်မှ ထွက်ခွာခဲ့ပြီး သူ၏ နေဝါးမျိုလင်းယုန်ကို စီးနင်းကာ မြောက်ပိုင်း လအင်ပါယာသို့ ပြန်လာခဲ့သည်။ ခရီးတိုလေးအပြီးတွင် သူသည် သူ၏အဖွဲ့ တည်းခိုရာ တည်းခိုခန်းသို့ ပြန်ရောက်လာခဲ့သည်။
သူ အပေါ်ထပ်သို့ တက်လာသောအခါ မီယောင်က သူမ၏ တံခါးရှေ့တွင် ရပ်နေပြီး သူ့ကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"နင် ဘယ်တွေ သွားနေတာလဲ"
"လမ်းလျှောက်ထွက်တာပါ။ ဘာဖြစ်လို့လဲ"
"လမ်းလျှောက်ထွက်တာ ဟုတ်လား။ အခု အခြေအနေက ဘယ်လောက် အရေးကြီးလဲဆိုတာ နင် သိလား။ နင်က ၂ ရက်တောင် လမ်းလျှောက်နေရအောင် ဒါက ကစားစရာ ထင်နေတာလား" သူမက လုံချန်းကို ငေါက်တော့သည်။
"အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ဦး။ အဲဒီနေရာက အခုချက်ချင်း ပေါ်လာမှာ မဟုတ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် စင်္ကြံလမ်းမှာ ရပ်ပြီး အော်မနေနဲ့။ ပြောစရာရှိရင် အခန်းထဲ လာခဲ့" လုံချန်းက တံခါးဖွင့်ပြီး အထဲဝင်သွားသည်။
မီယောင်လည်း စူးစိုက်ကြည့်လျက် အခန်းထဲ လိုက်ဝင်လာခဲ့သည်။
"နင် ဘယ်ကို သွားခဲ့လဲဆိုတာ ငါ့ကို အမှန်အတိုင်းပြော" သူမက တံခါးပိတ်ရင်း မေးလိုက်သည်။
"ငါ့ချစ်သူနဲ့ သွားတွေ့တာလေ" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။
"နောက်မနေနဲ့၊ နင် တစ်ယောက်တည်း အပြင်မှာ သွားလာနေတာ ဘယ်လောက် အန္တရာယ်များလဲ သိလား။ ဂိုဏ်းတွေ တော်တော်များများ မြို့ထဲ ရောက်နေကြပြီ။ နင်က ငါတို့ရဲ့ တံဆိပ်ကို ကိုင်ထားတဲ့သူ။ နင် သေသွားရင် ငါတို့ အဲဒီထဲကို ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေပါ အကုန် သေသွားလိမ့်မယ်"
"အဲဒါအတွက် စိတ်မပူပါနဲ့။ ငါက အခုချက်ချင်း သေဦးမှာ မဟုတ်ပါဘူး" လုံချန်းက ရေဘူးကို ယူကာ သောက်ရင်း အေးအေးဆေးဆေး ပြန်ဖြေလိုက်လေတော့သည်။